← Chapters

ဆန်းကြယ်နတ်ဘုရားနန်းတော်

Vol. 43 Ch. 587

ဆန်းကြယ်နတ်ဘုရားနန်းတော်

Vol. 43 Ch. 587

နောက်တစ်နေ့ မိုးတောင်မလင်းသေးခင် ကျန်းရီနှင့်အဖွဲ့က နိုးနေကြပြီဖြစ်သည်။

သူတို့က တည်းခိုဆောင်ထဲမှ ထွက်ချိန်၌ နေ့အချိန်ထက်တောင် ပိုစည်ကားနေတာကို တွေ့လိုက်ရသည်။ လမ်းပေါ်၌ လူများပြည့်နေပြီး လူများစွာက ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲ ဝင်လိုခြင်း သို့မဟုတ် ပွဲများသွားရောက် ကြည့်လိုခြင်းကြောင့် မြို့၏မြောက်ဘက် အရပ်ဆီသို့ ထွက်ခွာနေကြပြီဖြစ်သည်။

ကျန်းရီနှင့်အဖွဲ့က ရထားလုံးပျံထဲ ဝင်လိုက်သော်ငြား မြေပြင်ပေါ်တွင် သွားလာရခြင်းက လမ်းပိတ်ဆို့နေသည့် စီးကြောအတိုင်း သွားဖြစ်နေတာပဲဖြစ်သည်။ သူတို့က သိုသိုသိပ်သိပ် နေလွန်းသောကြောင့် မည်သူကမှ သူတို့ကို လှည့်တောင်ကြည့်ချင်မှာ မဟုတ်ပေ။ မြို့ထဲတွင် မဟာမျိုးနွယ်စုများ၏ သခင်လေးများလည်း ရှိလွန်းနေရာ သူတို့က လက်အောက်ငယ်သား များစွာကို ဦးဆောင်လျက် ကောင်းကင်ထဲသို့ ပျံတက်သွားကြသည်။ ထိုကဲ့သို့ အရှိန်အဝါမျိုးဖြင့် ခရီးသွားလာလေရာ သူတို့မလိုချင်လျှင်တောင် လူတိုင်းကသူတို့ကို သတိပြုမိမှာပဲဖြစ်သည်။ တစ်နာရီခန့် ကြာပြီးနောက် သူတို့၏ ရထားလုံးပျံသည် မြို့ပြင်သို့ရောက်သွားပြီး လမ်းထဲတွင် လူများပိတ်ဆို့နေမှုကြောင့် ကျန်းရီက ချီလောင်ကို ကောင်းကင်ထဲပျံသန်းရန် အမိန့်ပေးလိုက်တော့၏။ သူတို့က ခပ်မြင့်မြင့် မပျံသန်းရဲပေ။ အရှိန်လည်း မမြင့်ရဲချေ။ ကျန်သည့်လူများ သိုင်းပညာရှင်များ သူတို့ကို အာရုံစိုက်မိလာမှာကို ရှောင်ရန်အတွက်ဖြစ်၏။

ကောင်းကင်က လင်းထိန်နေပြီဖြစ်ကာ အနီရောင် နေမင်းက မြင့်တက်လာတော့၏။ လတ်ဆတ်သော လေပြေနှင့် တောက်ပမှု နွေးထွေးမှုတို့ကို ဆောင်ယူလာသည်မှာ အလွန်သက်သောင့်သက်သာ ဖြစ်စေ၏။

မိုင်တစ်ရာဟူသည် သာမာန်လူများအတွက် အလွန်ဝေးကွာကောင်း ဝေးကွာနိုင်သော်ငြား သိုင်းပညာရှင်များအတွက်မူ အလွန်တိုတောင်းပေ၏။ ချီလောင်သည် သူတို့မြင်းလှည်း၏ အရှိန်ကို လျှော့ချရန် အကောင်းဆုံး ကြိုးစားနေပြီ ဖြစ်သော်ငြား သူတို့သည် တစ်နာရီအတွင်း သွားလိုသည့်နေရာကို ရောက်သွား၏။

“အမ် ”

မြင်းလှည်းသည် ရှေ့သို့ ခပ်ဖြည်းဖြည်း သွားနေဆဲဖြစ်သော်ငြား ကျန်းရီနှင့် ကျန်သည့်သူများက အံ့သြသွားကုန်၏။

လေးယောက်လုံးက ပုတီးကားလိပ်များကိုဖြတ်လျက် သူတို့အကြည့်က ဧရာမ တောင်ထွတ်ပေါ်တွင် ရှိသော နန်းတော်ဆီ ရောက်သွားသည်။ သူတို့စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်တို့ ထိတ်လန့်တုန်လှုပ်ကုန်၏။

ယင်းက အနက်ရောင်စစ်စစ်သာရှိသော အနက်ရောင် နန်းတော်ကြီးတစ်ခုဖြစ်သည်။ နေရောင်က နန်းတော်ပေါ် ဖြာကျလာချိန်တွင် အလင်းပြန်မှုမရှိပေ။ နေကနန်းတော်၏ အနက်ရောင် နံရံများ စုပ်ယူခံလိုက်ရသည့်ပမာ ဖြစ်နေတော့၏။

နန်းတော်က သုံးရာမီတာလောက် မကြီးပေ။ ခမ်းနားပုံလည်း မပေါ်။ မည်သည့်ချိတ်မှမရှိ စကားလုံးများ ရေထားခြင်းလည်းမရှိပေ။ နန်းတော်သည် ရှန်းဝူတိုင်းပြည်ထဲရှိ အိမ်ရှေ့မင်းသား၏ အိမ်တော်ကဲ့သို့ အရိုးရှင်းဆုံး ဖြစ်နေလေသည်။ သို့သော် ထိုနန်းတော်ကို တစ်ချက်ကြည့်ရုံဖြင့် စိတ်ထဲ၌မမေ့၊ နှလုံးသားကို တုန်လှုပ်စေရန် လုံလောက်နေပြီဖြစ်သည်။

ရှေးခေတ် ဖိအားပေးနိုင်သော အရှိန်အဝါ တည်ရှိမှုက နန်းတော်ထဲမှ ဖြာထွက်နေလေ၏။ နန်းတော်ကို ကြည့်မိသည့်လူတိုင်းက ဧရာမတံခါးပေါ်ရှိ စကားလုံးကြီး သုံးလုံးကြောင့် အလိုလို ဆွဲဆောင်ခံရလေသည်။ ဆန်းကြယ်နတ်ဘုရားနန်းတော်

ထိုစကားလုံးများကို ထွင်းထုထားတာဖြစ်ပြီး ဆိုင်းဘုတ်ပေါ်၌ ရေးထားတာမဟုတ်ပေ။ လက်နက်တစ်ခုဖြင့် ထွင်းထုထားသည့်ပုံ တူနေပြီး တစ်ချက်ကြည့်ရုံဖြင့် ချောမွေ့ကာ သေသပ်သည်။ စကားလုံးများကို ရိုးရိုးရှင်းရှင်း ကြည့်မိလျှင် မျက်စိကို အလွန်ပသာဒဖြစ်စေပြီး သက်သောင့်သက်သာ ရှိ၏။ သို့သော် ကျန်းရီနှင့် ကျန်သည့်သူများကမူ သူတို့ရင်ထဲ၌ မည်သည့်သက်သောင့်သက်သာ ဖြစ်မှုကိုမှ မခံစားရဘဲ သူတို့သွေးများ စတင်ဆူပွက်လာတာကို ခံစားမိပြီး သူတို့ခန္ဓာကိုယ်အတွင်း မဖော်ပြနိုင်သော သတ်ဖြတ်ခြင်းဆန္ဒများ တရိပ်ရိပ်တက်လာတာကို ခံစားလိုက်ရသည်။ ဧရာမ စကားလုံးသုံးလုံးက ကြမ်းတမ်းသည့် အငွေ့အသက် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ကို ခံစားမိပြီး သူတို့၏ စိတ်ဝိညာဉ်ကို ထိခိုက်စေလျက် သွေးဆာလောင်မှုကို ထိန်းချုပ်မရ ဖြစ်စေသည်။

“ရပ်ကြ ”

ကျန်းရီက သတ်ဖြတ်ခြင်းဆန္ဒကို နားလည်သဘောပေါက်ထား၏။ ထိုသတ်ဖြတ်ခြင်း အရှိန်အဝါက သူ့ကိုအမှန်တကယ် မသက်ရောက်ပေ။ သူကယင်းကို မြန်မြန်ဆန်ဆန် တုံပြန်နိုင်ခဲ့၏။ ကျန်းရီက ရထားလုံးပျံသည် ဆန်းကြယ်နတ်ဘုရား နန်းတော်ဆီ ပျံသန်းနေသေးဆဲဖြစ်တာကို သတိပြုမိသည့် အချိန်၌ ချီလောင်နှင့် ကျန်သည့်သူများကို အမြန်နိုးထစေတော့သည်။

ဝှစ်

ချီလောင်သည် ရထားလုံးပျံ ဆင်းသက်ရန်အတွက် ထိန်းချုပ်လိုက်၏။ ဤနေရာက ဆန်းကြယ်နတ်ဘုရား နန်းတော်နှင့် ဆယ်မိုင်ကျော်သာ ကွာဝေးပြီး သူတို့သည် သတိပေးထားသော နယ်စပ်ကို ဖြတ်ကျော်ရန် သိပ်မလိုတော့ပေ။ ဂုဏ်သရေရှိ မျိုးနွယ်မှ သခင်လေးများ သခင်မလေးများက ထိုနေရာကို ရှင်းလင်းထားပြီဖြစ်၏။ ဆန်းကြယ်နတ်ဘုရား နန်းတော်နှင့် ဆယ်မိုင်အကွာသို့ တစ်စုံတစ်ယောက် ချဉ်းကပ်ရဲလျှင် သူတို့အသတ်မခံရသော်ငြား ပြဿနာ ကြီးကြီးမားမားတက်မှာ သေချာနေ၏။

“ဒီဆန်းကြယ်နတ်ဘုရား နန်းတော်က သိပ်ကြောက်ဖို့ကောင်းတာပဲ၊ ဧရာမ စကားလုံး သုံးလုံးကတင် ကျွန်တော်တို့ရဲ့ အသိတရားကို လွတ်သွားစေဖို့ လုံလောက်တယ် ”

ဆင်းသက်လိုက်ပြီးနောက် သူတို့လေးယောက်က တောအုပ်လေးထဲသို့ ဝင်လိုက်ကြသည်။ ကျန်းရီက ထိတ်လန့်နေသေးဆဲဖြစ်ပြီး မတော်တဆမှုများကို ရှောင်ကျဉ်ရန်အတွက် ဆန်းကြယ်နတ်ဘုရား နန်းတော်ကို အားလုံးအား မကြည့်ရန် တားမြစ်ထားလေ၏။ သူကဆန်းကြယ်ဧကရာဇ်ကို စိတ်ထဲကြည်ညိုမိသွားပြီး ရှေးယခင်ထဲက နံပါတ်တစ် ဧကရာဇ်ဟူသော ဘွဲ့အမည်နှင့် ထိုက်တန်သည်ဟု ခံစားမိသည်။ သူသည် ကောင်းကင်သို့ တက်သွားတာ နှစ်ပေါင်း(၇)သိန်းကျော် ကြာခဲ့ပြီဖြစ်သော်ငြား သူချန်ထားရစ်ခဲ့သော စကားလုံး သုံးလုံးကမူ ထိုကဲ့သို့ ဆန်းကြယ်သည့်စွမ်းအား ရှိနေသေးဆဲဖြစ်သည်။

တောအုပ်လေးထဲတွင် ပုန်းနေသည့် လူတစ်စုရှိပြီး ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များလည်းရှိသည်။ ထို့ကြောင့် ကျန်းရီတို့အဖွဲ့ သွင်ပြင်က ရုတ်ရုတ်သဲသဲ မဖြစ်စေပေ။ ကျန်းရီက ကျူးဆွေ့ကို ရှေ့တိုးပြီး နယ်စပ် ဆယ်မိုင်အကွာနား ကပ်ကာ ပုန်းပြီး ကြည့်ရန် နေရာရှာခိုင်းလိုက်၏။

“ဒီဆန်းကြယ်နတ်ဘုရားနန်းတော်က ဒီလောက်သေးတာ လက်နက်တွေ သူတို့ဘယ်လိုများ ယူမလဲ လူတိုင်းက အထဲဝင်ပြီး ကြုံသလို သတ်ကြမှာလား ”

ကျန်းရီက ခေါင်းမော့ပြီးနောက် ဆန်းကြယ်နတ်ဘုရား နန်းတော်ကိုကြည့်ကာ ချီလောင်ကို သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

“ဒါကိုသခင်လေး မသိလောက်ဘူး ”

သူက အသံကူးပြောင်းလျက် ရှင်းပြလိုက်သည်။

“ကျူးမျိုးနွယ်စု သမိုင်းကြောင်းမှာ ရတနာရှာဖို့အတွက် ဝင်သွားတဲ့ မင်းသား၊ မင်းသမီးတချို့ ရှိတယ် တချို့ကတော့ လက်နက်တွေ ရလာတာပေါ့ ဆန်းကြယ်နတ်ဘုရား နန်းတော်က အထဲမှာ မသေးဘူး သီးခြားကမ္ဘာတစ်ခု ရှိနေတာ ဆန်းကြယ်ဧကရာဇ်က အင်မတန်ကျယ်ဝန်းတဲ့ ဆန်းကြယ်လေဟာနယ် နယ်မြေတစ်ခု တည်ဆောက်ခဲ့တယ်လို့ ပြောတာပဲ ဒီလူအရေအတွက် မပြောနဲ့ တစ်သန်းလောက်ဆိုရင်တောင် ဝင်လို့ရသေးတယ် ”

“အော် ”

ကျန်းရီက အနည်းငယ် စိတ်ဝင်စားသွားပြီး မေးလိုက်လေ၏။

“ရတနာရတဲ့လူတွေကရော ဘယ်လိုလဲ သတ်ဖြတ်တာတွေ ရှိလား ”

“ကျွန်တော် သေချာသိတယ် ”

ချီလောင်က ခေါင်းညိတ်ပြီးနောက် အသံပို့လိုက်လေ၏။

“နန်းတော်အတွင်းမှာ သတ်ဖြတ်တာတော့ မရှိဘူး၊ ရတနာရပြီးတဲ့နောက်မှာ သတ်ဖြတ်တာ စတာပဲ ရတနာကောင်းတစ်ခု ရထားပြီး ကောင်းမွန်တဲ့ နောက်ခံမရှိဘူးဆိုရင် မဟာမျိုးနွယ်စုကြီးတွေ လိုက်တာခံရတာလေ၊ ပါးနပ်တဲ့ လူတွေကလည်း ဧကရာဇ်ကိုးပါးရဲ့ မျိုးနွယ်စုဆီ သူတို့ရတနာတွေ ဖြန့်ဖြူးပေးကြတယ်လေ၊ သူတို့က ဧကရာဇ်ကိုးပါးရဲ့ မျိုးနွယ်စု ခပ်မြင့်မြင့် သတ်မှတ်ပေးတာ ခံရပြီး သူတို့အသက် ထိန်းသိမ်းနိုင်ကြတာ ပြီးတော့ သာလွန်လက်နက် အသုံးအဆောင် ရှိနေခဲ့မယ်ဆိုရင် မဟာမျိုးနွယ်စုကိုကူကာ သေချာပေါက် တိုက်ခိုက်ကြမှာပဲ ”

“ရတနာရှာဖို့ကတော့ ဆန်းကြယ်လွန်းတယ် ရတနာရှာဖို့ကတော့ နန်းတော်ထဲက အဆင့်တွေကို ဖြတ်ကျော်ရုံပဲ ဆန်းကြယ်နတ်ဘုရား နန်းတော်မှာ (၁၈)ဆင့်ရှိပြီး ငရဲကြီး(၁၈)ထပ်လို့လည်း လူသိများတယ် အသေးစိတ် အချက်အလက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိဘူး ကျွန်တော် ရထားတဲ့ သတင်းအချက်အလက်က သိပ်မရှိဘူးလေ ဆန်းကြယ်နတ်ဘုရား နန်းတော်က အလွန်အန္တရာယ်များတဲ့ နေရာဆိုတာ သေချာတယ် ဝင်သွားတဲ့လူတိုင်းက တစ်ဝက်လောက် အသက်ရှင်လျက် ပြန်ထွက်လာနိုင်ရင်တောင် ကံကောင်းနေပြီ လက်ဗလာနဲ့ ပြန်လာရတဲ့ လူတွေရှိပြီး ဆန်းကြယ်နတ်ဘုရား နန်းတော်ပွင့်တိုင်း ရတနာဆယ်မျိုးလောက်ပဲ ပေါ်လာတာ ”

ကျွတ်

ကျန်းရီသည် ရတနာ အမဲလိုက်ပွဲက ကြမ်းတမ်းမည်မှန်း မှန်းဆခဲ့ပြီးဖြစ်သော်ငြား ထိုအကြောင်းကိုကြားပြီးနောက် ပင့်သက်ရှိုက်မိသွား၏။ သူကကျွမ်းကျင်သူ များစွာကို ကြည့်လျက် နောက်ဆုံးတွင် အသက်ရှင်နေနိုင်မည့် အကြောင်းကို ကြိုးစားတွေးတောနေလေသည်။

တောင်ခြေ၌ တောအုပ်တစ်အုပ်သည် လူများထူထပ်နေ၏။ ပကတိမျက်လုံးကို အသုံးပြုသည်ကပင် အနည်းဆုံး လူတစ်သောင်းကို ရေတွက်၍ရသည်။ ဤနေရာရှိ တစ်ဝက်ကျော်က ပွဲကြည့်ရန် ရောက်လာတာဖြစ်ပြီး ကျန်သည့်သူများက အသက်အရွယ် အကန့်အသတ်ကြောင့် အထဲသို့ဝင်ရန် အရည်အချင်း မပြည့်မှီကြပေ။

ရတနာရယူခြင်း ပြီးသွားသည်နှင့် အကြမ်းတမ်းဆုံး လုယူမှုကြီးက ရောက်လာတော့မှာပဲဖြစ်သည်။ ရှိနေသည့် မျိုးနွယ်စု အများစုက တစ်နည်းနည်းနှင့် ဧကရာဇ်ကိုးပါး၏ မျိုးနွယ်စုနှင့် အဆက်အသွယ်ရှိသည်။ ဧကရာဇ်ကိုးပါးကို မကြောက်သည့် မဟာမျိုးနွယ်စု အချို့လည်းရှိပြီး လုယူပွဲတွင်လည်း ပါဝင်ဆင်နွှဲကြပေမည်။ မဟာမျိုးနွယ်စု ကိုးခုက ယှဉ်ပြိုင်နေကြပြီး ပူးပေါင်းဆောင်ရွက်နေသော ဆက်ဆံရေး ရှိနေကြောင်း ပြောရန်မလိုပေ။ မျိုးဆက်များကြားရှိ တိုက်ပွဲက မလွှဲမသွေ ဖြစ်မှာပင်။

တိုက်ပွဲစတင်သည်နှင့် ထိုလူများထဲမှ ဆယ်ပုံတစ်ပုံ အသက်ရှင်လျှင်တောင် ချီးကျူးနေရမှာပဲဖြစ်သည်။ ထိုလူများက သာမာန်စစ်သည်များ မဟုတ် အနည်းဆုံး ဗာဂျရာနယ်ပယ် သိုင်းပညာရှင် ရာချီရှိပေ၏။

“သခင်လေး ”

ချီလောင်က ရုတ်တရက် အသံပို့လိုက်သည်က ကျန်းရီကို သတိပြန်ဝင်သွားစေ၏။

“ဆန်းကြယ်နတ်ဘုရား နန်းတော်ရဲ့ ဘေးနံရံမှာ ရတနာစာရင်း ပြထားတယ် ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ပြီး ကြည့်လို့ရတယ် စုစုပေါင်းရတနာ ဆယ်မျိုးရှိပြီး သာလွန်သူတော်ဝင်လက်နက် ဝိညာဉ်ဆေးပင်တွေနဲ့ နတ်ဘုရား လက်နက်တွေတောင် ရှိလောက်တယ် ”

“အမ် ဘာ ”

ကျန်းရီက သူ၏ကောင်းကင်စိတ်အာရုံကို အဆင်အခြင်မဲ့စွာ မထုတ်ဖော်ရဲချေ။ သူ့စိတ်ဝိညာဉ် တည်ရှိမှု ပါဝင်နေသောကြောင့်ဖြစ်သည်။ ထူလုံနှင့် သိုင်းခန်းမဆောင်မှ လူများက သူ၏စိတ်ဝိညာဉ်ကို သိသွားသည်နှင့် အကင်ခံရလောက်သည်။

ဤနေရာတွင် ကောင်းကင်စိတ်အာရုံကို ထုတ်ဖော်ထားသည့်သူ အရေအတွက် များပြားလွန်းသောကြောင့် ချီလောင်၏ ကောင်းကင်စိတ်အာရုံက ကိစ္စမရှိပေ။ သူကအမြန် စစ်ဆေးကြည့်ပြီး ကျန်းရီအား ပြောပြလိုက်၏။

“အဆင့်တစ် နဂါးညှိုးရော်မြက်၊ ဒါကနှစ်တစ်သောင်းမှာ တစ်ခါပဲ ပေါ်ပေါက်လာတဲ့ ဆန်းကြယ်ဝိညာဉ် ဆေးပင်တစ်မျိုးပဲ ဝယ်လို့ရနိုင်တယ်ဆိုပေမဲ့ ရောင်းတဲ့လူ မရှိဘူး အဆင့်နှစ်က ကောင်းကင်ကျူးကျော်ခြင်းလို့ခေါ်တဲ့ လျှို့ဝှက်ကျင့်စဉ် တစ်မျိုးပဲ အစွမ်းထက်တဲ့ လေဟာနယ် နတ်ဘုရားကျင့်စဉ်မျိုး တတိယကတော့ မီးတိမ်သံချပ်ကာ နတ်လက်နက်တစ်မျိုး ဖြစ်နိုင်တယ်၊ ဆန်းကြယ်နတ်ဘုရားနန်းတော် ပွင့်တဲ့အချိန်တိုင်း သာလွန်နတ်ဘုရား လက်နက်တစ်ခု အမြဲတမ်း ပေါ်လာတယ်၊ အဆင့်လေး မီးတိမ်လေ ဟမ် ဒီလိုပစ္စည်းအစုံက ရှိတယ်လား နတ်ဘုရားအတု လက်နက်ဖြစ်လောက်တယ် ”

ချီလောင်၏အသံက ပေါ်ထွက်နေသေးဆဲ ဖြစ်သော်ငြား ကျန်းရီက ကျန်သည့်ရတနာများကို မကြားပေ။ သူ၏စိတ်ထဲ၌ နဂါးညိုးရော်မြက်က ပြည့်နေလေ၏။ နဂါးညှိုးရော်မြက်က ရတနာစာရင်းထဲတွင် ပါမည်ဟု ပြောသည့်အချိန်တွင် လင်းရှီယာ့က လေလုံးထွားနေခဲ့တာ မဟုတ်ပေ။ နံပါတ်တစ် ဖြစ်နေသည့်အကြောင်း ကျန်းရီကြားသည့်အချိန်၌ တွေးတောင်မတွေးရဲတော့ချေ။

သူက အဆင့်များကို ကျော်ဖြတ်ရန် ခွန်အားမရှိပေ။ ဝင်ခဲ့လျှင်တောင် သူမည်ကဲ့သို့ ရနိုင်မည်နည်း။ သူက လုယူခြင်းမှ လွတ်မြောက်နိုင်မည်လော။ ထို့အပြင် ဤနေရာတွင် သေဆုံးမည်ဆိုတာ တစ်ရာရာခိုင်နှုန်း သေချာနေ၏။

“ဟူး ”

ကျန်းရီက သက်ပြင်းချလျက် တွေးတောတာကို ရပ်တန့်ရန် ခေါင်းခါလိုက်တော့သည်။ ပတ်ဝန်းကျင်ကို စစ်ဆေးပြီး ရီသခင်မလေး ပေါ်ပေါက်လာမှာကို စိတ်ရှည်လက်ရှည် စောင့်နေ၏။

***

All Chapters