← Chapters

အစပျိုးခြင်း

Vol. 39 Ch. 574

အစပျိုးခြင်း

Vol. 39 Ch. 574

ရေရွက်သံနှင့် အော်ဟစ်သံက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ထိုစမ်းသပ်သူသည် သူ၏ ဗိုက်ထဲမှ ထူးဆန်းသော ပစ္စည်းနှင့်အတူ လူအရေခွံ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်လှသော ထိုမြင်ကွင်းသည် ကောင်းမင်၏ မျက်စိရှေ့မှောက်တွင် ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ တစ်ဖက်လူ၏ လှုပ်ရှားမှုက အလွန်မြန်ဆန်လွန်းသဖြင့် ကောင်းမင်ပင် သတိပေးချိန် မရလိုက်ပေ။

အော်ဟစ်သံ ရပ်တန့်သွားသောအခါ လူအရေခွံက အေးအေးလူလူပင် ထရပ်လိုက်သည်။ အရေခွံအောက်တွင် အသားစများ၊ မြက်ခြောက်များနှင့် ရွှံ့များ ရှိနေ၏။ မျက်နှာအသစ်တစ်ခု ရရှိသွားသော လူအရေခွံသည် ကောင်းမင်ကို တစ်ချက်ကြည့်ပြီးနောက် အမှောင်ထဲသို့ ပျောက်ကွယ်သွားလေသည်။

“ငါတို့ ကိုယ့်ကိစ္စကိုယ်လုပ်ပြီး ဒီကနေ မြန်မြန်ထွက်ကြမယ်”

ဖူရှုသည် သူကိုယ်တိုင်ပြေးနိုင်သည့် ခြေထောက်များ မရှိသဖြင့် အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။

“အရာရာတိုင်းက အပြင်ကို ထွက်လာကြပြီပဲ”

ကောင်းမင်သည် နောက်သို့လှည့်ကာ အခြားလမ်းတစ်လမ်းကို ရွေးချယ်လိုက်သည်။ သူသည် လမ်းကြားလေးများအတိုင်း တိုးဝင်သွားလိုက်သည်။ ရွာအဝင်ဝနှင့် ၁၀ မီတာခန့် အကွာသို့ ရောက်လာသောအခါ သွေးနံ့နှင့် ပုပ်အဲ့အဲ့အနံ့ဆိုးက သူ့အား လာရောက်ရိုက်ခတ်လာသည်။ ကောင်းမင်သည် နှာခေါင်းကို အုပ်၍ ခြေလှမ်းကို နှေးလိုက်သည်။ သူ အမှောင်ထုထဲတွင် ပုန်းကွယ်လိုက်သည်။

ရွာအဝင်ရှိ ကျောက်တိုင်ကြီးများပေါ်တွင် အသားစများနှင့် သွေးများ ကပ်ငြိနေ၏။ ရှီနတ်ဘုရားငယ် ရှစ်ပါးသည် ထိုကျောက်တိုင်များပေါ်တွင် ချိတ်ဆွဲခံထားရသည်။ သူတို့၏ ခေါင်းများမှာ ပြတ်တောက်နေပြီး ၎င်းတို့နေရာတွင် တိရစ္ဆာန်ခေါင်းများကို အစားထိုး တပ်ဆင်ထားကြသည်။ ထိုပုံစံမှာ အပြစ်သားများက သူတို့၏ အပြစ်များကို ဝန်ခံနေသည့်အလား ပုံဖော်ထားခြင်း ဖြစ်သည်။

“သားသတ်သမား နိုင်သွားတဲ့ပုံပဲ”

ရှီနတ်ဘုရားငယ် သုံးပုံတစ်ပုံခန့် အသတ်ခံလိုက်ရခြင်း ဖြစ်သည်။ ကောင်းမင်သည် သားသတ်သမား၏ ရက်စက်မှုကို အမြင်သစ်တစ်ခုဖြင့် နားလည်သွားသည်။ ထိုအရူးသည် အစွမ်းထက်ရုံသာမက တခြားသူများကို နှိပ်စက်ရသည်ကိုလည်း အလွန်သဘောကျပုံရသည်။

ဖူရှုက စိတ်ရှုပ်ထွေးသွားပြီး မျက်မှောင်ကြုတ်လိုက်သည်။

“သားသတ်သမားက အရင်က ဒီလိုမျိုး မဟုတ်ပါဘူး ၊ သူက ရိုးသားပြီး ကြင်နာတတ်တဲ့သူပါ ၊ ငါ သူ့ကို အသိစိတ်ပင်လယ်ထဲကနေ ရွေးထုတ်ခဲ့တာ ၊ သူက သတ်ဖြတ်တဲ့ကိစ္စတွေမှာ ငါလွှဲအပ်ထားနိုင်တဲ့ တစ်ဦးတည်းသော လူပဲ”

“ကျုပ်က သူ့ထက် ပို ရိုးသားကြင်နာပါတယ်”

သားသတ်သမား ထွက်ခွာသွားပြီဖြစ်ကြောင်း ကောင်းမင် အတည်ပြုလိုက်သည်။ သူ ရှေ့သို့ ဆက်သွားရန် ပြင်လိုက်စဉ် တစ်စုံတစ်ဦးက ကျမ်းစာများ ရွတ်ဖတ်နေသံကို ကြားလိုက်ရသည်။ ၎င်းမှာ ထူးဆန်းသော အသံမျိုး ဖြစ်သည်။ယင်းက စကားစသင်ကာစ ကလေးတစ်ဦး၏ အသံနှင့် ဆင်တူနေသည်။ ကောင်းမင် မျက်လုံးများ မှေးကျဉ်းသွာား၏။သူ ကြည့်လိုက်ရာ အိပ်မက်ချိုးဖျက်မြို့ အပြင်ဘက် မြေလမ်းပေါ်တွင် ရပ်နေသော အဝါရောင်မြွေပါတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းသည် လူသားဝတ်စုံကို ဝတ်ဆင်ထားပြီး လူသားတို့၏ အမူအရာကို အတုယူထားလေသည်။ ၎င်းသည် ခန္ဓာကိုယ်ကို ရှေ့သို့ ကိုင်းညွတ်လျက် ရွတ်ဖတ်နေသော်လည်း အိပ်မက်ချိုးဖျက်မြို့အတွင်းသို့ မဝင်ဝံ့ပေ။

“ဒါ ငါဆီက ပိုက်ဆံတောင်းတဲ့ မြွေပါ မဟုတ်လား”

ရွတ်ဖတ်သံသည် တောရိုင်းမြေတစ်ခုလုံး ပဲ့တင်ထပ်နေသည်။ အမှောင်ထဲတွင် သေးငယ်လှသော မျက်လုံးပေါင်းများစွာ တောက်ပနေကြ၏။

“သူတို့က ရှီနတ်ဘုရားငယ်တွေရဲ့ အလောင်းတွေကို လိုချင်နေကြတာပဲ ၊ မြို့ပြင်က လူတွေအတွက်တော့ ရှီနတ်ဘုရားငယ်တွေက အဖိုးတန်တဲ့ အရင်းအမြစ်တွေပဲ ၊ သူတို့ဆီမှာ ရှီနတ်ဘုရားရဲ့ ကောင်းချီးတွေ ပါဝင်နေတာ ၊ သူတို့ရဲ့ အရေပြားကို ယဇ်ပူဇော်တဲ့နေရာမှာ သုံးလို့ရသလို ကိုယ်တိုင်လည်း ဝတ်လို့ရတယ်”

ထိုကိစ္စများကို ပြောနေစဉ် ဖူရှု၏ မျက်လုံးများတွင် နောင်တရိပ်များ လွှမ်းမိုးနေလေသည်။ သူသည် ‘ပြီးပြည့်စုံသော ဘဝ’ နှင့် ဆင်တူသော ဂိမ်းတစ်ခုကို ဖန်တီးချင်ခဲ့သော်လည်း ထိုဂိမ်းမှာ ယခုတွင် ပုံပျက်ပန်းပျက် ငရဲခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။

ကျောက်တိုင်ပေါ်ရှိ အလောင်းများသည် ရွတ်ဖတ်သံနှင့်အတူ ယိမ်းထိုးနေကြသည်။ အဝင်ဝနှင့် အနီးဆုံးရှိ မြွေပါက ပိုမိုရှည်လျားလာပြီး မတ်လာကာ လူသားတစ်ဦးနှင့် ပိုတူလာတော့သည်။ သူ၏ အဝတ်အစားများပင် အနီရောင်သို့ ပြောင်းလဲသွား၏။

“သူတို့ရဲ့ အလောင်းတွေက တကယ် အသုံးဝင်တာပဲ”

ကောင်းမင်၏ အကြံအစည်ကြောင့် ဖူရှု ထိတ်လန့်သွားသည်။သူ အလျင်အမြန်တားဆီးလိုက်သည်။

“စိတ်လျှော့စမ်းပါဦး ၊ ရှီနတ်ဘုရားဆီကနေ ခိုးယူတာက မြို့ရဲ့ နိယာမတွေကို ချိုးဖောက်တာပဲ ၊ မင်းလည်း အဲ့ဒီမြွေပါတွေလို မြို့ပြင်ကို ကန်ထုတ်ခံချင်လို့လား”

ကောင်းမင်သည် ကျောက်တိုင်များဆီသို့ ချဉ်းကပ်သွားသည်။ ထိုမြွေပါများသည် သူ့ဆီမှ ပိုက်ဆံများကို ခိုးယူခဲ့ဖူးသည်။သူ ကလဲ့စားချေရန် လိုအပ်သည်။ သွေးများက တစက်စက် စီးကျနေ၏။ ပြတ်တောက်နေသော အနီရောင်ကြိုးများက ရှီနတ်ဘုရားငယ်များကို ချည်နှောင်ထားသည်။ မင်္ဂလာလက်ဆောင်များမှာလည်း ရွှံ့လမ်းပေါ်တွင် ပြန့်ကျဲနေလေသည်။အရာအားလုံး ပျက်စီးယိုယွင်းနေသော်လည်း ကောင်းမင်သည် လူများ၏ ရယ်မောသံကို ကြားနေရဆဲ ဖြစ်သည်။ ရှီနတ်ဘုရားငယ်များအတွက်မူ သေဆုံးခြင်းသည် ရှီနတ်ဘုရား၏ ရင်ခွင်ထဲသို့ ပြန်လည်ရောက်ရှိခြင်းသာ ဖြစ်သည်။

“သားသတ်သမားက သူတို့ခေါင်းတွေကို ဘာလို့လဲဖြတ်လိုက်လဲဆိုတာ အံ့ဩစရာမရှိတော့ဘူး ၊ သူတို့က သေတဲ့အချိန်မှာ ရယ်နေကြတာ ဖြစ်ရမယ်”

ကောင်းမင်သည် ရှီနတ်ဘုရားငယ်တစ်ပါးထံသို့ သူ့လက်ကို မြှောက်လိုက်သည်။ ပျော်ရွှင်မှုများ ကိန်းအောင်းနေသော ပြတ်တောက်နေသည့် ကြိုးမျှင်များသည် သွေးနံ့ရသော ငါးမန်းများအလား သူ့နှလုံးသားဆီသို့ တွားဝင်လာကြသည်။

“သူတို့က ပျော်ရွှင်မှုတွေ ထုတ်လွှတ်နေပေမဲ့ အရမ်း ရက်စက်ကြတယ် ၊ သေပြီးတာတောင်မှ အနှောင့်အယှက် ပေးနေတုန်းပဲ”

ကောင်းမင်သည် ထိုပျော်ရွှင်မှုများကို သူ၏ခန္ဓာကိုယ်အတွင်းသို့ အဝင်ခံလိုက်သည်။ သာမန်လူများသည် ထိုပျော်ရွှင်မှု အရှိန်အဝါများထံမှ ထွက်ပြေးရန် မစောင့်ဆိုင်းနိုင်ကြသော်လည်း ကောင်းမင်ကမူ ၎င်းတို့ကို ဆေးဝါးများအဖြစ် သဘောထားသည်။ ပျော်ရွှင်မှု အရှိန်အဝါများက တစ်ခုခုမှားနေပြီဟု နားလည်သွားပြီး ထွက်ပြေးရန် ကြိုးစားသောအခါ ကောင်းမင်၏ လက်အင်္ကျီအတွင်းမှ ယဇ်ပလ္လင်မှာ ပွင့်လာတော့သည်။ သူ့နောက်ကျောတွင် နတ်ဘုရားအရိပ် ထွက်ပေါ်လာသည်။ လက်ရှစ်ဖက်သည် ကြီးမားသော စပါးအုံးမြွေကြီးများအလား ပျော်ရွှင်မှု အရှိန်အဝါများကို ဝါးမြိုလိုက်သည်။ ရှီနတ်ဘုရားငယ် ရှစ်ပါး၏ နှလုံးသားများကိုပင် စားပစ်လိုက်သည်။

ထိုနှလုံးသားများသည် ပျော်ရွှင်မှု၏ မျိုးစေ့များ ဖြစ်သည်။ ၎င်းတို့သည် အသားထဲတွင် အညှောက်ပေါက်လာရမည် ဖြစ်သော်လည်း နတ်ဆိုးနတ်ဘုရားက ၎င်းတို့ကို ရွှေရောင်အရည်များအဖြစ် ကြိတ်ခြေပစ်လိုက်သည်။ ထိုအရည်များက ရုပ်တုအတွင်းသို့ စီးဝင်သွား၏။ အိပ်မက်ချိုးဖျက်မြို့၏ အပြင်ဘက်မှ တစ်စုံတစ်ခုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ ကောင်းကင်ယံတွင် အနီရောင်လျှပ်စီးတစ်ခု ဖြတ်ပြေးသွားသည်။ သားစားကြူးနတ်ဘုရားကမူ ၎င်းကို ဂရုမစိုက်ပေ။သူသည် အားမရသေးသည့်အလား နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်လေသည်။

သားစားကြူးနတ်ဘုရား၏ ဆာလောင်မှုကို ခံစားမိသောအခါ ကောင်းမင်က ပြုံးလိုက်သည်။ သူ့နှလုံးသားထဲမှ နတ်ဘုရားသည် အမည်မသိအကြောင်းတချို့ကြောင့် ဒဏ်ရာအပြင်းအထန် ရထားခြင်း ဖြစ်သည်။ ထိုမှတ်ဉာဏ် အပိုင်းအစများက ပြန်ရမလာသေးပေ။ သို့သော် သူ့နှလုံးသားထဲမှ နတ်ဘုရားမှာ ဒဏ်ရာများ ပြန်လည်သက်သာလာသည်နှင့်အမျှ သူ၏ စိတ်ထဲတွင်လည်း ပုံရိပ်အပိုင်းအစများ ပိုမိုပေါ်ပေါက်လာလေသည်။

ရှီနတ်ဘုရားငယ်များအတွင်းရှိ ကောင်းချီးများကို သားစားကြူးနတ်ဘုရားက စားသုံးလိုက်သည်။ မျက်နှာလေးခုအနက် တစ်ခုက တောက်ပစွာ ပြုံးလိုက်သည်။

“မင်းက အရာအားလုံးနဲ့ လူတိုင်းကို လက်ခံပေးမယ့်ပုံပဲ”

အလောင်းများက ပြာအဖြစ် ပြောင်းလဲသွားကြသည်။သူသည် မြွေပါများအတွက် ဘာမှ ချန်မထားခဲ့ပေ။

“အလောင်းရှစ်လောင်းက ဒဏ်ရာအသေးလေး တစ်ခုကိုပဲ သက်သာစေတာလား ၊ သားစားကြူးနတ်ဘုရား အပြည့်အဝ ပြန်ကောင်းလာဖို့ဆိုရင် ငါ ဒီမြို့ထဲက နတ်ဘုရားတွေအကုန်လုံးကို စားဖို့ လိုလိမ့်မယ်”

ဖူရှုသည် အရာအားလုံးကို မြင်တွေ့လိုက်ရသည်။ သူ့မျက်နှာတွင် နက်ရှိုင်းသော စိုးရိမ်ရိပ်များ ပြည့်နှက်နေသည်။ ကောင်းမင်သည် ကောင်းချီးများကို စားသုံးလိုက်ခြင်းဖြစ်သည်။ယင်းမှာ ကြောက်စရာအကောင်းဆုံး မကောင်းဆိုးဝါး (၁၃) ကောင်ကြားရှိ သွေးထွက်သံယို တိုက်ပွဲကို တရားဝင် စတင်လိုက်ခြင်းပင် ဖြစ်သည်။

အမှန်စင်စစ် သားသတ်သမားသည် ရှီနတ်ဘုရားငယ်များကို သတ်ခဲ့သော်လည်း ရှီနတ်ဘုရား၏ ကောင်းချီးများကို ခိုးယူရန် တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။ ရှီနတ်ဘုရားသည် ရှီနတ်ဘုရားငယ်အသစ်များကို အမြဲတမ်း ပြန်လည်ရွေးချယ်နိုင်သည်။ သို့သော်လည်း ရှီနတ်ဘုရားငယ်များ၏ ကောင်းချီးကို ခိုးယူခြင်းမှာ ရှီနတ်ဘုရား၏ အသားကို ဖဲ့စားလိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ ၎င်းမှာ ဗြောင်ကျကျ စိန်ခေါ်လိုက်ခြင်း ဖြစ်သည်။

“မင်း နိမ့်နိမ့်ချချ နေသင့်တယ် ၊ မသေဆေး ငါတို့ကို သတိမထားမိအောင် နေရမယ် ၊ ငါတို့ ဒီကနေ ထွက်ပြေးဖို့ အခွင့်အရေးတစ်ခု ရှာဖို့လိုတယ်”

ဖူရှုက ကောင်းမင်ကို သတိပေးရန် ကြိုးစားလိုက်သည်။

“အခု ကျုပ်မှာ ပိုကောင်းတဲ့ အကြံတစ်ခု ရှိလာပြီ”

ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ ပျော်ရွှင်မှုကို ခံစားမိလိုက်သည်။

“မသေဆေး ကုမ္ပဏီက မပြောသင့်သူတစ်ယောက်ကို ဖန်တီးဖို့ ဒီနေရာမှာ အရင်းအမြစ်တွေ အများကြီး သွန်ချထားတာ မဟုတ်လား ၊ ကျုပ်က တခြား မကောင်းဆိုးဝါး (၁၂) ကောင်လုံးကို စားပြီး အဲ့ဒီ မပြောသင့်သူဖြစ်လာရင်ကော ဘယ်လိုလဲ”

“မင်းမှာ ဘယ်လောက်တောင် သတ္တိတွေ ရှိနေလဲဆိုတာ မင်းဗိုက်ကို တကယ် ခွဲကြည့်ချင်လိုက်တာကွာ”

ဖူရှုသည် ဆက်လက် သည်းမခံနိုင်တော့ပေ။

“မပြောသင့်သူဆိုတာ ဘာကိုကိုယ်စားပြုလဲ မင်းသိရဲ့လား”

All Chapters