← Chapters

မြစ်

Vol. 39 Ch. 575

မြစ်

Vol. 39 Ch. 575

ဖူရှုသည် မျက်နှာအမူအရာကို မထိန်းချုပ်နိုင်လောက်အောင် စိုးရိမ်ပူပန်နေလေသည်။ သူသည် နောက်ဆုံးတွင် ကယ်တင်ခြင်းခံလိုက်ရသော်လည်း သူ့အား ကယ်တင်ခဲ့သူမှာ အရူးတစ်ယောက် ဖြစ်နေသည်။

“ငါတို့ ဒါကို သေချာ စီစဉ်ဖို့ လိုတယ် ၊ ငါတို့ရဲ့ အဓိက ပန်းတိုင်က ဒီကနေ လွတ်မြောက်ဖို့ပဲ ၊ ငါတို့ လက်တွေ့ကမ္ဘာကို ပြန်ရောက်တာနဲ့ ငါ့သူငယ်ချင်းတွေကို ဆက်သွယ်ပြီး မသေဆေး ကုမ္ပဏီကို အတူတူ ရင်ဆိုင်လို့ရတယ်”

ဖူရှုသည် ကောင်းမင်ကို နားချရန် အစွမ်းကုန် ကြိုးစားလိုက်သည်။

“ မပြောသင့်သူတွေဆိုတာ လူသားတွေရဲ့ နားလည်နိုင်စွမ်းထက် ကျော်လွန်နေတာ ၊ သူတို့အကြောင်းကိုတောင် ထုတ်ပြောလို့ မရဘူး ၊ အိပ်မက်က ရှင်းလုမြို့ကို ဖျက်ဆီးလုနီးပါး ဖြစ်ခဲ့တာ ၊ မသေဆေးက စမ်းသပ်မှုပေါင်းများစွာ လုပ်ပြီးမှ ခဲရာခဲဆစ် အောင်မြင်ခဲ့တာပဲ ၊ မင်းက ဘာလို့ ကိုယ့်ကိုယ်ကို အောင်မြင်မယ်လို့ ထင်နေရတာလဲ”

“ကျေးဇူးပြုပြီး သတိဝင်စမ်းပါဦး ၊ မင်းအိပ်မက်လွှတ်နည်းလမ်းကို ရထားတာ ခနလေးပဲ ရှိသေးတယ် ၊ ရှီနတ်ဘုရား ရှေ့မှာဆိုရင် မင်းက ကလေးလေးပဲ ရှိသေးတယ် ၊ အိပ်မက်ချိုးဖျက်မြို့ထဲက တခြားနတ်ဘုရားတွေကို စားပစ်နိုင်မယ်လို့ ဘယ်လိုယုံကြည်ချက်မျိုးနဲ့ ပြောနေရတာလဲ”

ဖူရှုတွင် လက်မရှိပေ မဟုတ်ပါက ကောင်းမင်၏လည်ပင်းကို ညှစ်မိမှာ သေချာသည်။

“ကျုပ် မသိဘူး ၊ ဒါပေမဲ့ ကျုပ်ထဲက နတ်ဘုရားက မပြောသင့်သူအဆင့်နဲ့ နီးစပ်နေတယ်လို့ ခံစားနေရတယ် ၊ သူက မပြောသင့်သူဖြစ်လာဖို့အတွက် သုံးလှမ်း… မဟုတ်ဘူး... နှစ်လှမ်းလောက်ပဲ လိုတော့တာ”

ရှီနတ်ဘုရားငယ် ရှစ်ပါး၏ နှလုံးသားများကို စားသုံးပြီးနောက် ကောင်းမင်သည် သားစားကြူးနတ်ဘုရား၏ စွမ်းအားကို ပိုမိုထင်ရှားစွာ ခံစားလာရသည်။

“ကျန်းမင်လီရဲ့ အိပ်မက်လွှတ်နည်းလမ်းက မင်းရဲ့ အိပ်မက်ဆိုးတွေကို လွှတ်ထုတ်ဖို့အတွက်ပဲ ၊ မင်းကို စိတ်ကူးယဉ်ခိုင်းဖို့အတွက် မဟုတ်ဘူး”

ဖူရှုသည် ကောင်းမင်နှင့် ဆက်လက် ငြင်းခုံလိုစိတ် မရှိတော့ပေ။၎င်းမှာ အပိုအလုပ်သာ ဖြစ်သည်။

“ကျုပ် ဆုံးဖြတ်ပြီးပြီ ၊ ခင်ဗျား ဒီနေရာကနေ အသက်ရှင်လျက် ထွက်သွားချင်တယ်ဆိုရင် ရှီနတ်ဘုရားကို ဘယ်လိုအားနည်းအောင် လုပ်ရမလဲဆိုတဲ့ အသုံးဝင်တဲ့ သတင်းအချက်အလက်မျိုး ပေးတာ ပိုကောင်းလိမ့်မယ်”

ကောင်းမင်သည် အလွန် တည်ငြိမ်နေသည်။ အထူးသဖြင့် သူ တစ်စုံတစ်ဦးကို သတ်ဖြတ်ချင်နေချိန်တွင် ပို၍ တည်ငြိမ်နေတတ်သည်။

ဖူရှုက မျက်မှောင်ကြုတ်လိုက်သည်။

“ရှီနတ်ဘုရားက သားသတ်သမားလို ယုံနတ်ဘုရားတွေနဲ့ မတူဘူး ၊ သူ့ရဲ့ ပင်မအသိစိတ်က မသေဆေး ကုမ္ပဏီက ပံ့ပိုးပေးထားတဲ့ အဆုံးမဲ့အိပ်မက်ဆိုးတွေထဲမှာ ပျံ့နှံ့နေတာ ၊ အဲ့ဒါတွေက အိပ်မက်ဆိုးတွေထဲက အာဟာရတွေကို စုပ်ယူဖို့အတွက် ရေကန်မျိုးစုံကို ကျူးကျော်ဝင်ရောက်နေတဲ့ အမြစ်တွေနဲ့ တူတယ် ၊ သူက လုံလောက်တဲ့ ပျော်ရွှင်မှုတွေ ရပြီဆိုတာနဲ့ မဒမ်ရှီနဲ့ မင်္ဂလာဆောင်တဲ့ အခမ်းအနားကို အသုံးပြုပြီး ညလူကြီးမင်းတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို သိမ်းပိုက်ပြီး အိပ်မက်ချိုးဖျက်မြို့တော်ကို ပြန်လာလိမ့်မယ်”

“ဒါဆို ကျုပ်တို့ မဒမ်ရှီကို သတ်လိုက်ရင် ရှီနတ်ဘုရား ပြန်မလာနိုင်တော့ဘူးလို့ ဆိုလိုတာလား”

“အဲ့ဒါက အဲ့ဒီလောက် မရိုးရှင်းဘူး ၊ မဒမ်ရှီအပြင် ဒီမြို့ထဲမှာ ရှီနတ်ဘုရားနဲ့ ဆက်နွှယ်နေတဲ့ အရာတွေ အများကြီး ရှိသေးတယ် ၊ သူက အဲ့ဒီထဲက ကြိုက်တဲ့အရာကို သိမ်းပိုက်လို့ရတယ်”

ဖူရှုက ခေါင်းခါပြသည်။

“ကျန်းမင်လီရဲ့ အကူအညီနဲ့ဆိုရင် မင်း ရှီနတ်ဘုရားကို ဒဏ်ရာအပြင်းအထန်ရအောင် လုပ်နိုင်လိမ့်မယ် ၊ ဒါပေမဲ့ သူ့ကို သတ်ဖို့တော့ မဖြစ်နိုင်ဘူး... မသေဆေးက သူ့ကို ပေးထားတဲ့ အိပ်မက်ဆိုးတွေ အားလုံးကို မင်းမဖျက်ဆီးနိုင်သရွေ့ပေါ့ ၊ မင်းကတော့ တကယ့်ပစ်မှတ်ကို ရွေးတတ်တာပဲ ၊ ဘာလို့လဲဆိုတော့ ရှီနတ်ဘုရားက ဒီမြို့ထဲက နတ်ဘုရား (၁၃) ပါးထဲမှာ ကိုင်တွယ်ရ အခက်ခဲဆုံးမို့လို့ပဲ”

“ကျုပ် ခင်ဗျားကို ကယ်ခဲ့လို့ ရှီနတ်ဘုရားကို ပစ်မှတ်ထားနေတာလို့ကော မစဉ်းစားမိဘူးလား”

ကောင်းမင်က နောက်လှည့်ကြည့်လိုက်ရာ ဖူရှုမှာ ချက်ချင်း ပါးစပ်ပိတ်သွားသည်။

သားစားကြူးနတ်ဘုရား၏ အရိပ်သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ကျမ်းစာရွတ်သံများသည် ကောင်းမင်၏ နားထဲသို့ တိုးဝင်လာသည်။သူ့အား အိပ်မက်ချိုးဖျက်မြို့မှ ထွက်သွားရန် တိုက်တွန်းနေသည့် အသံတစ်ခုလည်း ပါဝင်နေသည်။ ကောင်းမင်သည် ရွာအဝင်ဝသို့ လှမ်းကြည့်လိုက်သည်။လူသားတစ်ဦးအဖြစ်သို့ ကူးပြောင်းလုနီးပါး ဖြစ်နေသော မြွေပါက သူ့ကို အေးစက်စွာ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ၎င်း၏ အဝတ်အစားများသည်လည်း အနီရောင်သို့ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။

“ဖူရှု... ကျုပ် နောက်ထပ် မေးစရာတစ်ခုရှိသေးတယ် ၊ မြို့ပြင်က မကောင်းဆိုးဝါးတွေက ဘာတွေလဲ ၊ သူတို့က မြို့ထဲက သရဲတွေနဲ့ ဘယ်လိုကွာခြားတာလဲ”

“မင်းတို့လို စမ်းသပ်သူတွေ အနက်ရှိုင်းဆုံး အိပ်မက်ဆိုးထဲကို ဝင်လာတဲ့အချိန်မှာ မင်းတို့က သက်ရှိလူသားတွေ ဖြစ်နေလို့ အိပ်မက်ချိုးဖျက်မြို့ထဲမှာ တိုက်ရိုက်ပေါ်လာကြတာ ၊ မြို့ပြင်က ရေသရဲတွေ ၊ မြွေပါတွေ ၊ သားရဲတွေနဲ့ အလောင်းတွေကတော့ မသေဆေးက တခြား အိပ်မက်ဆိုးတွေထဲကနေ ခေါ်လာတဲ့ အရာတွေပဲ ၊ သူတို့က အမျိုးမျိုးသော စိတ်ခံစားမှုတွေ စုစည်းနေတဲ့ အရာတွေပဲ ၊ သူတို့က သေပြီးသား ဖြစ်နေလို့ မြို့ထဲကို အလွယ်တကူ ဝင်လို့မရကြတာပဲ”

ဖူရှုးက အခြေအနေကို ရှင်းပြလိုက်သည်။ကောင်းမင်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

စမ်းသပ်သူ အားလုံးထဲတွင် ကောင်းမင်တစ်ဦးတည်းသာ မြို့ပြင်က အလောင်းပုံကြီးထဲတွင် နိုးထလာခဲ့ခြင်း ဖြစ်သည်။

“ငါက သေပြီးသားလား ၊ ငါက စိတ်ခံစားမှုတွေ ရောနှောစုစည်းနေတဲ့ အရာတစ်ခုလား ၊ မဟုတ်ဘူး... တစ်ခုခုမှားနေတာ ဖြစ်ရမယ်”

ကောင်းမင်သည် စိတ်ထဲမှ တွေးတောနေမိသော်လည်း ထိုအကြောင်းကို ဆက်မပြောတော့ပေ။ သူသည် မင်္ဂလာလှည့်လည်ပွဲအဖွဲ့မှ ကျန်ရစ်ခဲ့သော ပစ္စည်းအချို့ကို ကောက်ယူကာ မြွေပါထံသို့ ပစ်ပေးလိုက်သည်။

“ရော့... ပျော်ရွှင်မှုနဲနဲ မျှပေးလိုက်မယ်”

ရှီနတ်ဘုရားငယ်များကို သတ်ခဲ့သည်မှာ သားသတ်သမား ဖြစ်သော်လည်း အခင်းဖြစ်ပွားရာသို့ ပထမဆုံး ရောက်ရှိလာသူများမှာ မြွေပါများ ဖြစ်ကြသည်။ ကောင်းမင်သည် သူတို့လည်း ဆုလာဘ်အချို့ ရသင့်သည်ဟု တွေးမိသည်။

မြွေပါအချို့သည် ထိုပစ္စည်းများအတွက် ချက်ချင်းပင် လုယက် တိုက်ခိုက်ကုန်ကြသည်။ သို့သော်လည်း အနီရောင်ဝတ်စုံနှင့် ခေါင်းဆောင်မြွေပါကမူ လှုပ်ရှားခြင်း မရှိပေ။ ၎င်း၏ လူသားမျက်လုံးများက ကောင်းမင်ကို စိုက်ကြည့်နေလေသည်။ ထို့နောက် ၎င်းက ကောင်းမင်ကို လက်ဟန်ခြေဟန်ပြလိုက်သည်။ဝမ်းနည်းစွာပင် ကောင်းမင်သည် ဆက်သွယ်ရန် ရည်ရွယ်ချက် မရှိပေ။ သူနောက်သို့လှည့်ကာ ထွက်ခွာလိုက်သည်။

နှလုံးသား ရှစ်ခုကို စားသုံးပြီးနောက် သားစားကြူးနတ်ဘုရား၏ ပျော်ရွှင်မှုအပေါ် အာရုံခံနိုင်စွမ်းမှာ မြင့်တက်လာသည်။ သူ၏ ဆာလောင်မှုများက ကောင်းမင်၏ လမ်းကြောင်းကို လမ်းညွှန်ပေးနေလေသည်။

“သားသတ်သမား လက်ချက်နဲ့ သေကုန်ကြပြီးတော့ မင်္ဂလာလှည့်လည်ပွဲအဖွဲ့က ဘယ်ကို သွားကြတာလဲ”

ကောင်းမင်သည် ရှီအိမ်တော်သို့ ပြန်သွားလိုက်သည်။သူသည် ပစ္စည်းကောင်းတစ်ခုခု ရှိမလားဟု လိုက်ရှာကြည့်ချင်နေခြင်းဖြစ်သည်။ သို့သော်လည်း ရှီအိမ်တော်၏ ဂိတ်တံခါးသည် သွေးများဖြင့် ချိတ်ပိတ်ခံထားရသည်။ နံရံများပေါ်တွင် တိရစ္ဆာန်ဦးနှောက်များ ပေါက်နေပြီး ခြံဝင်းတစ်ခုလုံးတွင်လည်း တိရစ္ဆာန်အော်သံများဖြင့် ပြည့်နှက်နေလေသည်။

“သားသတ်သမားက ရှီအိမ်တော်ထဲကို ဝင်သွားတာလား”

နတ်ဘုရား၏ လမ်းညွှန်မှုအရ ကောင်းမင်သည် ရှီအိမ်တော်ထဲသို့ မဝင်တော့ဘဲ အခြားလမ်းတစ်ခုကို ရွေးချယ်လိုက်သည်။ သူသည် ဖူရှုကို ကျောပိုး၍ မြို့၏ အခြားတစ်ဖက်သို့ လျှောက်သွားလိုက်သည်။ သူသည် အသုဘငွေစက္ကူများပေါ်တွင် နင်းဖြတ်ကာ လမ်းတစ်လျှောက်ကို စိုက်ကြည့်လိုက်သည်။ မြို့၏ အရှေ့တောင်ဘက်ခြမ်းတွင် အပေါက်တစ်ခု ရှိနေသည်။ အနီးနားရှိ အိမ်တော်များမှာလည်း ဟောင်းနွမ်း စုတ်ပြတ်နေလေသည်။ လေထုသည်လည်း ထူးဆန်းစွာ စိုထိုင်းနေ၏။ ကြမ်းပြင်ပေါ်တွင် အသုဘငွေစက္ကူများအပြင် ငါးအကြေးခွံများနှင့် သွေးများလည်း ပြန့်ကျဲနေလေသည်။

“မင်္ဂလာလှည့်လည်ပွဲအဖွဲ့က တခြားလမ်းကနေ မြို့ပြင် ထွက်သွားတာလား”

မြို့ပြင်ဘက်မှ ရေစီးသံကို ကောင်းမင် ကြားလိုက်ရသည်။

“ဒီလမ်းကို မသွားဖို့ ငါအကြံပေးပါရစေ”

ဖူရှုက ကောင်းမင်၏ ပုခုံးပေါ်သို့ မေးတင်လိုက်သည်။

“မြို့ရဲ့ အရှေ့တောင်ဘက်က မြစ်ကြီးနဲ့ နီးတယ် ၊ အဲ့ဒီမှာ ရေနဂါးမင်းတစ်ပါး ရှိနေတာ ၊ အဲ့ဒါက အရမ်း အန္တရာယ်များတယ် ၊ ပုံမှန်ဆိုရင် မြို့သူမြို့သားတွေက နဂါးမင်းကို ပူဇော်ဖို့အတွက် ငယ်ရွယ်တဲ့ ကောင်လေးတွေ၊ကောင်မလေးတွေနဲ့ ကျွဲနွားတွေကို ပြင်ဆင်ပေးကြရတယ် ၊ ဒီလမ်းမှာ ငါးအကြေးခွံတွေပဲရှိပြီး ခြေရာတွေ မရှိတာကို မင်းသတိမထားမိဘူးလား ၊ ဒီလမ်းက လူလျှောက်ဖို့ မဟုတ်ဘဲ ရေနဂါးမင်းကို ယဇ်ပူဇော်ဖို့အတွက်ပဲ”

“ကလေးတွေကို ပစ်မှတ်ထားတဲ့ အကောင်တွေကို အသေသတ်သင့်တယ် ၊ မြို့ထဲကလူတွေက ဘာလို့ ဘာမှမလုပ်ကြတာလဲ”

ကောင်းမင်သည် မြို့ထဲက သရဲများက ရေနဂါးမင်းထက် အစွမ်းမနိမ့်လောက်ဟု တွေးမိသည်။

“သူတို့က ရေထဲမှာဆိုရင် ရေနဂါးမင်းကို မယှဉ်နိုင်ကြဘူးလေ ၊ ပြီးတော့ သူတို့အချင်းချင်း ပူးပေါင်းဖို့ဆိုတာကလည်း မဖြစ်နိုင်ဘူး ၊ နဂါးမင်းကို မတိုက်ခင် သူတို့အချင်းချင်း အရင်သတ်ကုန်ကြမှာ”

ဖူရှုသည် သူဖန်တီးထားသော မြို့အပေါ်တွင် မျှော်လင့်ချက်အကုန်လုံး ဆုံးရှုံးနေပုံရသည်။

ကောင်းမင်သည် ခေတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မြို့ပြင်သို့ ဦးတည်သော ထိုလမ်းအတိုင်း ဆက်လက် လျှောက်သွားလိုက်သည်။ မိနစ်အနည်းငယ် ကြာသောအခါ လမ်းဘေးတွင် ချည်နှောင်ခံထားရသော ကလေးငယ်တစ်ဦးကို ကောင်းမင် တွေ့လိုက်ရသည်။သူသည် ထိုကလေးကို မင်္ဂလာဧည့်ခံပွဲတွင် တွေ့ခဲ့ဖူးသည်။ ကလေးသည် ဧည့်သည်များကို ကြိုဆိုရန် တံခါးဝတွင် ရပ်နေသော ကလေးငယ်များအနက် တစ်ဦး ဖြစ်သည်။

ကောင်းမင်သည် ထိုကလေးကို ကူညီရန် အလျင်အမြန် ပြေးသွားလိုက်သော်လည်း ထိုကလေး၏ ဗိုက်မှာ စားခံထားရပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“လှည့်လည်ပွဲအဖွဲ့က မြစ်ကို ဘေးကင်းကင်း ဖြတ်ကူးဖို့အတွက် ဒီကလေးကို ယဇ်ပူဇော်ခဲ့တာပဲ”

ဖူရှုက သက်ပြင်းချလိုက်သည်။

“ပုံမှန်ဆိုရင် ယဇ်ပူဇော်ခံရတာ တစ်ယောက်တည်း မဟုတ်ဘူး ၊ မြစ်ထဲကို ပစ်ချခံလိုက်ရတဲ့ တခြားကလေးတွေလည်း ရှိဦးမှာပဲ”

All Chapters