← Chapters

ဟယ်အာနတ်ဘုရား

Vol. 39 Ch. 579

ဟယ်အာနတ်ဘုရား

Vol. 39 Ch. 579

“ရှူး”

ကောင်းမင်သည် အာရုံစိုက်နားထောင်ရန် မျက်လုံးမှိတ်လိုက်သည်။ သူ၏ အာရုံငါးပါးသည် ပုံမှန်ထက် ပိုမိုထက်မြက်နေသည်။ သူ၏ နားရွက်များ လှုပ်ခတ်သွားပြီး တောအုပ်အတွင်းဘက်မှ အော်ဟစ်ချီးကျူးသံများနှင့် လက်ခုပ်တီးသံများကို ကြားလိုက်ရသည်။

“မင်္ဂလာလှည့်လည်ပွဲအဖွဲ့က ရှေ့မှာတင်ပဲ ၊ ငါတို့ နောက်ဆုံးတော့ သူတို့ကို မှီသွားပြီ”

ဖူရှုသည် ရှီနတ်ဘုရား၏ လူများနှင့် ရင်ဆိုင်ရတော့မည် ဖြစ်သဖြင့် တွန့်ဆုတ်နေသည်။ သူသည် ရှီအိမ်တော် မြေအောက်ခန်းတွင် ပိတ်လှောင်ခံထားရဖူးသူ ဖြစ်ရာ မဒမ်ရှီနှင့် ရှီနတ်ဘုရားကို သဘာဝအလျောက် ကြောက်ရွံ့နေခြင်း ဖြစ်သည်။

“ညလူကြီးမင်းက မဒမ်ရှီနဲ့ လက်ထပ်ဖို့ ရှီဘုရားကျောင်းကို သွားနေတာ ၊ မင်္ဂလာဦးညအတွင်းမှာ ရှီနတ်ဘုရားက အိပ်မက်ဆိုးတွေဆီက ပျော်ရွှင်မှုအရှိန်အဝါတွေကို သိမ်းယူပြီးမှ ပြန်လာလိမ့်မယ်”

ဖူရှုက ၎င်းကို ပြန်စဉ်းစားလိုက်သည်။

“ဒီလိုမျိုး မင်္ဂလာပွဲတွေကို ရှစ်ကြိမ်တောင် လုပ်ခဲ့ပြီးပြီ ၊ တစ်ကြိမ်ပြီးတိုင်းမှာ ရှီနတ်ဘုရားက ပိုအစွမ်းထက်လာတယ် ၊ အခုက ကိုးကြိမ်မြောက်ပဲ ၊ ဒီမင်္ဂလာအခမ်းအနား ပြီးသွားရင်တော့ သူက မပြောသင့်သူတစ်ယောက်ဖြစ်လာဖို့ အခွင့်အရေး အများဆုံးပဲ”

“ရှီနတ်ဘုရားဆိုတာ ခင်ဗျား ဖန်တီးထားတဲ့ မကောင်းဆိုးဝါးတစ်ကောင်ပဲ ၊ မပြောသင့်သူတစ်ယောက် ဖြစ်လာဖို့ဆိုတာ အဲ့လောက်မလွယ်ပါဘူး”

ကောင်းမင်သည် ရှီနတ်ဘုရားကို ရန်စခဲ့ပြီးသား ဖြစ်သည်။ သူသည် ရှီနတ်ဘုရားအား မပြောသင့်သူအဆင့်သို့ ရောက်ရှိခွင့် ပေးမည်မဟုတ်ပေ။

“ရှီနတ်ဘုရားကို အားဖြည့်ပေးတာက ငါနဲ့ ဘာမှမဆိုင်ဘူး ၊မသေဆေးက ဒီအားလုံးရဲ့ နောက်ကွယ်မှာ ရှိနေတာ ၊အခု ငါက မင်းဘက်ကဖြစ်နေပြီ”

ဖူရှုက ကောင်းမင်ကို ပြန်ပြင်ပေးလိုက်သည်။ ကောင်းမင်က ထိုအသေးစိတ်အချက်အလက်များကို ဂရုမစိုက်ဘဲ တောအုပ်ထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားသည်။ မင်္ဂလာပွဲများတွင် အသုံးပြုလေ့ရှိသော အလံများနှင့် စက္ကူများသည် အလောင်းများကြားတွင် ရောယှက်နေလေသည်။

သူတို့သည် ဝက်ဝံများနှင့် မကြုံခဲ့ရပေ။ ကောင်းမင်သည် တတ်နိုင်သမျှ အသံမထွက်အောင် သတိထားလှုပ်ရှားနေသည်။ သစ်ပင်အထပ်ထပ်ကြားတွင် ကြီးမားလှသော အနီရောင်ဘုရားကျောင်းကြီးတစ်ခုကို သူမြင်လိုက်ရသည်။ ဘုရားကျောင်းသည် နှစ်ထပ်ဖြစ်ပြီး အုတ်ခဲများတွင် ရွှေနှင့် ငွေများကို မြှုပ်နှံထားသည်။ အမိုးကို ဖန်သားစများဖြင့် အလှဆင်ထား၏။ ပွင့်နေသော ပြတင်းပေါက်လေးခုမှာ မင်္ဂလာပွဲ၏ ကောင်းချီးလေးပါးကို ကိုယ်စားပြုသည်။ ဧရာမ အမွှေးတိုင်အိုးကြီးထဲတွင် လူသားတို့၏ ကောင်းချီးများ ပါဝင်နေသည်။ အမွှေးတိုင်မှ ထွက်လာသော အခိုးအငွေ့များသည် နဂါးတစ်ကောင်အလား ပျံတက်နေ၏။ ထူးဆန်းသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် ရှီနတ်ဘုရားငယ် ဆယ်ပါးသည် ဘုရားကျောင်းအပြင်ဘက်တွင် စောင့်ဆိုင်းနေကြသည်။ ဝေါယာဉ်ကို ဘေးတစ်ဖက်တွင် ချထားသည်။ လိုက်ကာမှာမူကား ကောင်းမင် ချန်ထားခဲ့သော အရှုပ်အထွေးများကို ပြသရန် နောက်သို့ လှန်ချထားလေသည်။

“ပိုင်ဖုန်း ဒီမှာ မရှိဘူး”

သားစားကြူးနတ်ဘုရားက ရှီနတ်ဘုရားငယ် ရှစ်ပါး၏ နှလုံးသားများကို စားလိုက်ပြီးကတည်းက ကောင်းမင်သည် ရှီနတ်ဘုရားနှင့် ပတ်သက်သမျှ အရာအားလုံးကို မြင်နိုင်စွမ်း ရှိလာသည်။

ဘုရားကျောင်းတံခါးက ပွင့်ဟနေလေသည်။ အမျိုးသမီးတစ်ဦး၏ ရယ်မောသံနှင့် ပိုင်ဖုန်း၏ နာကျင်စွာ ရွတ်ဆိုနေသံကို ကြားနေရသည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုင်ဖုန်း၏ အသံထဲမှ နာကျင်မှုများ ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုများက အစားထိုးဝင်ရောက်လာသည်။

“သူ မလွတ်မြောက်နိုင်ခဲ့ဘူး ၊ သူ အဖမ်းခံရပြီး ရှီဘုရားကျောင်းထဲ ပို့ခံလိုက်ရတာပဲ”

ဖူရှုက စိုးရိမ်နေသည်။

“ငါတို့ ရှီနတ်ဘုရား ပြန်လာတာကို ခွင့်ပြုလို့မရဘူး ၊ သူ ပြန်ရောက်လာတာနဲ့ ငါတို့အားလုံး သေရလိမ့်မယ်”

ကောင်းမင်သည် ယဇ်ပလ္လင်ကို သူ၏ လက်အင်္ကျီအတွင်းတွင် ဝှက်လိုက်သည်။ အိပ်မက်လွှတ်ခြင်းကို သူအသုံးပြုသည့်အခါတိုင်း နာကျင်မှုကြီးစွာ ဖြစ်ပေါ်စေသော်လည်း သူ့တွင် အခြားရွေးချယ်စရာ မရှိပေ။

“ငါ အရင် စတိုက်ပြီး ဒီဝတ်ပြုဓလေ့အခမ်းအနားကို ဖျက်ဆီးမယ်”

ကောင်းမင်သည် တောအုပ်ထဲမှ ထွက်လာသည်နှင့် ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားသည်။ သူသည် သူနှင့် အနီးဆုံးရှိ ရှီနတ်ဘုရားငယ်၏ နှလုံးကို ဓားဖြင့် ထိုးစိုက်လိုက်သည်။ ဓားသွားက အသားထဲသို့ တိုးဝင်သွား၏။ လူဆယ်ယောက်ကို ဒဏ်ရာရအောင် လုပ်မည့်အစား တစ်ယောက်ကို အသေသတ်ခြင်းက ပိုအရေးကြီးကြောင်း ကောင်းမင်နားလည်ထားသည်။ သူသည် အခြားရှီနတ်ဘုရားငယ်များကို မတိုက်ခိုက်ပေ။ ထိုအစား သူ့သားကောင်တစ်ဦးတည်းကိုသာ အစိပ်စိပ်အမွှာမွှာ ဖြစ်သွားအောင် အာရုံစိုက်လိုက်သည်။ အနီရောင်ကြိုးမျှင်များ ပေါ်လာသောအခါ သူသည် ၎င်းတို့အား ယဇ်ပလ္လင်ဆီသို့ ဆွဲခေါ်သွားသည်။ အခြားရှီနတ်ဘုရားငယ်များ မတုံ့ပြန်နိုင်ခင် ထိုအနီရောင်ကြိုးများကို သူဝါးမြိုပစ်လိုက်သည်။

သူ၏ နှလုံးသားထဲမှ နာကျင်မှုမှာ ပေါ့ပါးသွားသည်။ ယင်းက ကောင်းမင်ကို အံ့အားသင့်စေသည်။ သူ ရေနဂါးမင်းနှင့် တိုက်ခိုက်ခဲ့စဉ်က ရေနဂါးမင်းသည် သူ့နှလုံးသားထဲမှ အကြောက်တရားကို နှိုးဆွခဲ့သည်။ အိပ်မက်လွှတ်ခြင်းကို အသုံးပြုခြင်းက ထိုနာကျင်မှုကို ပိုမိုပြင်းထန်စေခဲ့သည်။ သို့သော်လည်း သူရှီနတ်ဘုရားနှင့် တိုက်ခိုက်သောအခါတွင်မူ ရှီနတ်ဘုရား၏ လက်အောက်ခံများဆီမှ ပျော်ရွှင်မှုများသည် ကောင်းမင်၏ နာကျင်မှုကို ကုသပေးနိုင်လေသည်။

“ရှီနတ်ဘုရားက ငါ့အတွက် ဆေးဝါးများလား”

ကောင်းမင်သည် ရှီနတ်ဘုရားငယ် တစ်ပါးလုံးကို စုပ်ယူရန် တစ်မိနစ်ပင် မကြာလိုက်ပေ။ အိပ်မက်လွှတ်ခြင်းကို ရရှိပြီးနောက် သူသည် အရင်ကနှင့် ခြားနားသွားပြီဖြစ်သည်။

“သားသတ်သမားရဲ့ ဓားလား ၊ ဝေါယာဉ်ထဲမှာ ပုန်းနေတာ မင်းပဲကိုး”

ကျားမ မကွဲပြားသော ရှီနတ်ဘုရားငယ်က ကောင်းမင်ကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။

“မင်းတို့ အသက်ရှင်နေသေးတာ တော်တော်ကံကောင်းတာပဲ”

ကောင်းမင်သည် ကျန်ရှိနေသော ရှီနတ်ဘုရားငယ် ကိုးပါးကို ဝေ့ကြည့်လိုက်သည်။ သူတို့အားလုံးသည် သားသတ်သမားနှင့် တိုက်ခိုက်ခဲ့စဉ်က ဒဏ်ရာရရှိထားကြသည်။

“မင်းတို့ရဲ့ ညလူကြီးမင်းကို ငါတွေ့ချင်တယ်”

“သူက မင်းတွေ့ချင်တိုင်း တွေ့လို့ရတဲ့သူ မဟုတ်ဘူးကွ”

သက်ကြီးပိုင်း ရှီနတ်ဘုရားငယ်က ကောင်းမင်၏ ကျောပေါ်မှ ဖူရှုကို မြင်သွားသည်။

“မင်း မဒမ်ရှီဆီက ခိုးခဲ့တာပဲ ၊ တကယ်လို့ မင်းရဲ့ ခြေလက်တွေကို ကိုယ့်ဘာသာ ဖြတ်လိုက်မယ်ဆိုရင် ငါတို့ မင်းကို ခွင့်လွှတ်ကောင်း ခွင့်လွှတ်ပေးနိုင်လိမ့်မယ်”

“ဖာ့ခ်ယူ”

ကောင်းမင်က ကျိန်ဆဲလိုက်ပြီး ယဇ်ပလ္လင်ကို ဖွင့်လိုက်သည်။

သွေးသားနတ်ဘုရား၏ အရိပ် ပေါ်လာသည့်အခိုက်အတန့်တွင် ရှီနတ်ဘုရားငယ်များ၏ ဒဏ်ရာများမှ အနီရောင်ကြိုးများ ပေါက်ကွဲထွက်လာသည်။ ကောင်းမင်နှင့် အနီးဆုံးရှိ နှစ်ဦး၏ခန္ဓာကိုယ် အပေါ်ပိုင်းများ သန္ဓေပြောင်းသွားကြသည်။ သူတို့၏ မျက်နှာများမှာ ညှိုးခြောက်သွားပြီး အသားစများ ပိန်ခြောက်သွားကြသည်။

“ပြန်ပြောင်းစမ်း”

သေးငယ်သော လက်တစ်ဖက်က ထိုရှီနတ်ဘုရားငယ်ကို နောက်သို့ ဆွဲယူလိုက်သည်။ အခြားရှီနတ်ဘုရားငယ်များမှာ အားတက်သွားပြီး ထိုသေးငယ်သော လက်ပိုင်ရှင်၏ ဘေးတွင် ဝိုင်းရံလိုက်ကြသည်။

ကောင်းမင်၏ တိုက်ခိုက်မှု လွဲချော်သွားသည်။ သူသည် သူ့နှလုံးသားထဲမှ နာကျင်မှုကို ဖိနှိပ်ကာ ရန်သူများကို သွေးမျက်လုံးများဖြင့် ကြည့်လိုက်သည်။

ရှီနတ်ဘုရားငယ် ကိုးပါးကြားတွင် အရုပ်များနှင့်တူသော ကလေးငယ်နှစ်ဦး ရပ်နေသည်။ သူတို့သည် အနီရောင်နှင့် အစိမ်းရောင် ပိုးထည်ဝတ်စုံများကို ဝတ်ဆင်ထားသည်။ တစ်ဦးက ပွင့်နေသော ကြာပန်းတစ်ပွင့်ကို ကိုင်ထားပြီး နောက်တစ်ဦးကမူ ကောင်းချီးသေတ္တာတစ်လုံးကို သယ်ဆောင်ထားသည်။

“ဒီနေ့က မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပါ ၊ မင်းက ဘာလို့ ဒီနေရာကို အမင်္ဂလာတွေ သယ်လာရတာလဲ ၊ ငါတို့ထဲက တစ်ယောက်ကိုတောင် သတ်ခဲ့သေးတယ်”

ကလေး၏ အသံသည် ချစ်စဖွယ်ကောင်းပြီး ကြည်လင်နေသည်။ သူတို့သည် အလွန် အန္တရာယ်ကင်းပုံ ရသည်။

“ငါ တောထဲမှာ လူအိုတွေနဲ့ ကလေးအလောင်းတွေကို မမြင်ခဲ့ဘူးဆိုရင်တော့ နောင်တရမိမှာပဲ၊ ဒါပေမဲ့ မင်းတို့လို နတ်ဘုရားအတုတွေကိုတော့ သတ်ပစ်ရမယ်”

ကောင်းမင် အချိန်မဆွဲတော့ဘဲ ရှေ့သို့ ပြေးဝင်လိုက်သည်။ သူသည် အိပ်မက်ဆိုးများ၏ ဝိုင်းရံခံထားရသည်။ ရှီနတ်ဘုရားငယ်များ သူ့အနားသို့ နီးကပ်ကပ်လာသည်နှင့် တိုက်ခိုက်ခံရမည်ဖြစ်သည်။

ကလေးနှစ်ဦးမှာ မကြောက်ရွံ့သွားကြပေ။

“ဒါက ရှီနတ်ဘုရားရဲ့ မင်္ဂလာပွဲအတွက် အရေးကြီးဆုံး အချိန်ပဲ ၊ ကျေးဇူးပြုပြီး ကျွန်ုပ်တို့ကို ကူညီပေးကြပါ”

သူတို့ ဆန္ဒမရှိသော်ငြား အနားရှိ ရှီနတ်ဘုရားငယ်များထံမှ အနီရောင်မျဉ်းများမှာ ထိုကလေးနှစ်ဦးဆီသို့ စုစည်းသွားတော့သည်။

“စည်းလုံးခြင်းက ကျေးဇူးတရားပဲ ၊ ကျေးဇူးတရားက ပျော်ရွှင်မှုပဲ ၊ တကယ်လို့ ငါတို့က လောကကြီးကို ပျော်ရွှင်မှုတွေ ယူလာပေးနိုင်မယ်ဆိုရင် ဘဝရဲ့ ပျော်ရွှင်မှုကို ဘာလို့ လက်မခံနိုင်ရမှာလဲ”

ထိုကလေးနှစ်ဦးက လျင်မြန်စွာ ကြီးထွားလာလေသည်။ သူတို့သည် မင်္ဂလာပွဲများကို ကြီးကြပ်သော ဟယ်အာနတ်ဘုရားများအလား ဖြစ်လာကြသည်။ ကလေးငယ်များသည် ခန့်ညားချောမောသော ဘုန်းကြီးနှစ်ပါးအဖြစ် ပြောင်းလဲသွား၏။ သူတို့တွင် ကြီးမားသော အပြုံးတစ်ခု ရှိနေလေသည်။ သူတို့သည် အစိမ်းရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူတို့၏ ဘယ်ဘက်လက်တွင် ဗုံများကို ကိုင်ကာ ညာဘက်လက်တွင် တုတ်များကို ကိုင်ထားကြသည်။

သားသတ်သမား၏ ဓားသည် ထိုတုတ်များ၏ တားဆီးခြင်း ခံလိုက်ရသည်။ သားစားကြူးနတ်ဘုရားက ထိုဘုန်းကြီးများကို ရိုက်ချလိုက်သည်။ ဘုန်းကြီးများသည် အခြားအိပ်မက်ဆိုး၏ ယုံကြည်မှုနှင့် စွမ်းအားကြောင့် ထိခိုက်ဒဏ်ရာရသွားသောအခါ ကောင်းမင်သည်လည်း နာကျင်မှုကို ခံစားလိုက်ရသည်။ သူသည် သွေးများ အန်ထုတ်လိုက်ရပြီး ဘုန်းကြီးများနှင့်အတူ လွင့်ထွက်သွားသည်။

ကောင်းမင်၏ သွေးများက အဝတ်အစားပေါ်တွင် နီစွေးသွားသည်။ သူသည် အားနည်းသွားသော ဘုန်းကြီးများကို ကြည့်လိုက်သည်။ ဘုန်းကြီးမှာ သူတို့၏နှုတ်ခမ်းမှ သွေးများ စီးကျနေသော်လည်း တောက်ပစွာ ပြုံးနေဆဲပင်။

“နတ်ဘုရားက အရာအားလုံးကို သိတယ် ၊ မင်းရဲ့ နှလုံးသားထဲမှာ ရက်စက်မှုတွေ ရှိနေရင် ဘာတစ်ခုမှ မင်းအလိုကျ ဖြစ်လာမှာ မဟုတ်ဘူး”

“ငါ သူတို့ကို ထိခိုက်အောင်လုပ်ရင် ငါကိုယ်တိုင်လည်း ထိခိုက်မှာလား”

All Chapters