← Chapters

ကံကောင်းတယ်

Vol. 39 Ch. 585

ကံကောင်းတယ်

Vol. 39 Ch. 585

ဆရာဝန် တည်ဆောက်ထားသော ယုတ္တိဗေဒများမှာ ချက်ချင်းပြိုလဲပျက်စီးသွားသည်။ ကောင်းမင်သည် သူ့နှလုံးသားထဲမှ မိစ္ဆာကို ကိုယ်တိုင် မြင်တွေ့လိုက်ရသည်။ ၎င်းသည် ဖိအားများကြောင့် ဖြစ်ပေါ်လာသည့် အရာမဟုတ်ဘဲ အစစ်အမှန် အသွေးအသားသစ်ကိုင်းကြီး တစ်ခုသာ ဖြစ်သည်။

ကောင်းမင်သည် အရာအားလုံးက အမှားများသာ ဖြစ်သည်ဟု ယုံကြည်ချင်သော်လည်း သူ၏ ရင်ဘတ်အတွင်းမှ နာကျင်မှုမှာ အလွန်ပင်စစ်မှန်လွန်းနေသည်။ ထိုသစ်ကိုင်းသည် ကိုယ်ပိုင်အသိစိတ်နှင့် အတွေးအခေါ်များ ရှိပုံရသည်။ ၎င်း၏ လှုပ်ရှားမှုများသည် ကောင်းမင်၏ နာကျင်မှုကို ခံစားသိရှိနေသည့်အလား နူးညံ့လာလေသည်။ သစ်ရွက်များပေါ်ရှိ အကြောများက သွေးကြောမျှင်များကဲ့သို့ လင်းလက်လာ၏။ ၎င်းသည် ထိုနည်းလမ်းကို အသုံးပြု၍ ကောင်းမင်နှင့် ဆက်သွယ်နေပုံရသည်။

အသွေးနှင့်အသားများ ပဲ့တင်ထပ်သွားသည်။ ကောင်းမင်၏ ခန္ဓာကိုယ်သည် သူ့ဦးနှောက်က သဘောမပေါက်ခင် အဖြေကို ရှာတွေ့သွားခဲ့သည်။ သူတို့သည် အရင်းအမြစ် တစ်ခုတည်းမှ လာကြခြင်းပင်ဖြစ်သည်။ သူ၏ ခုန်ပေါက်နေသော နှလုံးသားမှာ ထပ်ခါတလဲလဲ တုန်ခါနေသည်။ ခွင့်ပြုချက် ရရှိသွားသည့်အလား သစ်ကိုင်းသည် တောရိုင်းပင်ကဲ့သို့ လျင်မြန်စွာ ကြီးထွားလာတော့သည်။ ၎င်းသည် ကောင်းမင်၏ ခန္ဓာကိုယ်ထဲမှ တွားထွက်လာပြီး ကုတင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ ထို့နောက် နံရံများ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများပေါ်သို့ တွားသွားလိုက်ပြီး မျက်နှာကြက်နှင့် ကြမ်းပြင်များထဲသို့ ထိုးဖောက် ဝင်ရောက်သွားတော့သည်။သိပ်သည်းသော အသားနံ့သည် ကောင်းမင်၏ အာရုံကြောများကို လှုံ့ဆော်ပေးနေသည်။သူသည် တစ်စုံတစ်ယောက်က သူ့နာမည်ခေါ်နေသံကို ကြားလိုက်ရသည်။

“ကောင်းမင် ၊ ထစမ်း ၊ မင်း သေသွားရင် ငါဘာဆက်လုပ်ရမှာလဲ”

အခန်းတံခါးမှာ ကန်ဖွင့်ခံလိုက်ရသည်။ သူ့နားထဲရှိ အသံများသည် ဆရာဝန်များနှင့် သူနာပြုများ၏ အော်ဟစ်သံများဖြင့် အစားထိုးခံလိုက်ရသည်။ သူ တံခါးဆီသို့ လှည့်ကြည့်လိုက်သည်။ အပြင်ဘက်မှ အလင်းရောင်သည် မိစ္ဆာသားရဲတွင်းကဲ့သို့ မှောင်မိုက်နေသော အခန်းထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။ အလင်းရောင်က လူတိုင်း၏ ရှေ့မှောက်တွင် အရုပ်ဆိုးအကျည်းတန်မှု အားလုံးကို ဖော်ထုတ်ပြသလိုက်သည်။

ကောင်းမင်၏ မှတ်ဉာဏ်ထဲတွင် သူနာပြုများနှင့် ဆရာဝန်များသည် အလွန်သဘောကောင်းသော လူများ ဖြစ်ကြသည်။ သူတို့သည် အလွန် စိတ်ရှည်ကြသည်။ သူတို့မျက်နှာသည် အမြဲတမ်း ပြုံးရွှင်နေတတ်ကြသည်။ လူနာများကို နှိပ်စက်ညှင်းပန်းသည့် ဖြစ်ရပ်မျိုး လုံးဝမရှိခဲ့ပေ။

သစ်ကိုင်းများ တွားသွား ထွက်လာပြီး ဝန်ထမ်းများ၏ လည်ပင်းများကို ထိုးဖောက်လိုက်သည်။ သူတို့၏ အပြုံးများက ကောင်းမင်၏ မှတ်ဉာဏ်ထဲတွင် အေးခဲသွားတော့သည်။ ဆေးရုံထဲရှိ ကုသမှုများ၊ ဂရုစိုက်မှုများနှင့် နွေးထွေးမှုများမှာ သွေးရောင် လွှမ်းသွားသည်။ နေရာတိုင်းတွင် အော်ဟစ်သံများဖြင့် ပြည့်နှက်နေတော့သည်။

သစ်ကိုင်းများသည် သူ့ကို ချည်နှောင်ထားသည့် ကြိုးများကို ဖြတ်တောက်လိုက်ပြီး ကောင်းမင်ကို အခန်းအပြင်သို့ သယ်ဆောင်သွားသည်။သူသည် ပျော်ရွှင်မှုအားလုံး မည်သို့ ဖျက်ဆီးခံနေရသည်ကို မြင်လိုက်ရသည်။ သူသည် ရုပ်ရှင်ထဲမှ ဗီလိန်တစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သူသည် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုတို့ကို နင်းခြေ၍ အဆင်အခြင်မဲ့စွာ သတ်ဖြတ်နေခြင်းဖြစ်သည်။ ဆေးရုံသည် ပြန်လည်ကျန်းမာလာခြင်းနှင့် ရှင်သန်ခြင်းကို ဆောင်ကြဉ်းပေးသော်လည်း သူကမူ မျှော်လင့်ချက် မျိုးစေ့များကို လွယ်ကူစွာ ချေမှုန်းပစ်လိုက်လေသည်။

သစ်ကိုင်းများ ပြန့်ကားလာသည်နှင့်အမျှ တံခါးများ ပိုမိုပွင့်ဟလာသည်။ ကောင်းမင်သည် ထုံထိုင်းနေသော လူနာများကို မြင်လိုက်ရသည်။ သူတို့သည် တစ်ချိန်က သူတို့ဘဝကို ကိုယ်တိုင် ထိန်းချုပ်နိုင်ခဲ့ပြီး စိတ်ခံစားချက်များ ရှိခဲ့ကြသော်လည်း ယခုမူ ကုသမှု ခံယူပြီးနောက် ရုပ်သေးရုပ်များအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်သည်။ သူတို့တွင် ထာဝရ တည်ရှိနေမည့် ရူးပေါပေါ အပြုံးတစ်ခုတည်းသာ ကျန်ရှိတော့သည်။

လူ့ဘဝဆိုသည်မှာ အဆုံးမရှိသော ပျော်ရွှင်မှုများဖြင့်သာ တည်ဆောက်ထားခြင်း မဟုတ်ပေ။ အမြဲတမ်း ပျော်ရွှင်နေခြင်းသည် ထုံထိုင်းသွားစေနိုင်သည်။ အလွန်အမင်း ပျော်ရွှင်ခြင်းသည်လည်း လူကို သေဆုံးစေနိုင်သည်။ ကောင်းမင်သည် မတူညီသော လူနာများကို လှမ်းမြင်လိုက်ရသည်။ အခန်း ၃၀၁ တွင် ရယ်မောမဆုံး ဖြစ်နေသော ချောမောသည့် လူငယ်တစ်ဦး ရှိနေလေသည်။ သူသည် မိမိကိုယ်ကို ထန်အိမ်တော်၏ သခင်လေးဟု ခေါ်ဆိုနေပြီး ရှီအိမ်တော်၏ သမီးပျိုနှင့် လက်ထပ်တော့မည်ဟု ဆိုနေ၏။ အခန်း ၃၀၂ တွင်မူ ဆံပင်ဖရိုဖရဲနှင့် ပန်းချီဆရာတစ်ဦး ရှိနေသည်။ သူသည် ဟင်းခပ်ယောင်မကို အသုံးပြု၍ နံရံပေါ်တွင် မိန်းကလေးပုံများနှင့် ပန်းပွင့်ပုံများကို ရေးဆွဲနေသည်။ အခန်းတိုင်းတွင် ပျော်ရွှင်ခြင်း ဝိညာဉ်များဖြင့် ပြည့်နှက်နေသည်။ သူတို့၏ ဘဝများသည် ပုံပျက်နေပြီဖြစ်သည်။ သူတို့၏ အိပ်မက်များထဲတွင် သန္ဓေပြောင်းပျော်ရွှင်မှုများသာ ကျန်ရှိတော့သည်။

“ဟားဟား… အားလုံးက အတုတွေပဲ”

သွေးစွန်းနေသော အကိုင်းအခက်များက ကောင်းမင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး သူ့အရေပြားကို ဆွဲဖြဲလိုက်သည်။ အကိုင်းအခက်များသည် အခန်းတိုင်းသို့ ရိုက်ချလိုက်ပြီး လူနာတိုင်း၏ နှလုံးသားကို ထိုးဖောက်လိုက်တော့သည်။

လူနာအားလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည်။ လှပသော အိပ်မက်များထဲသို့ အမြစ်များ တွားဝင်သွားသည်နှင့်အမျှ သူတို့၏ မိုက်မဲသော ပျော်ရွှင်မှုများသည် နာကျင်မှုများဖြင့် အစားထိုးခံလိုက်ရသည်။

နောက်ဆုံးလူနာကို သစ်ကိုင်း ‘စုပ်ယူ’ လိုက်သောအခါ ဆေးရုံ၏ မြေအောက်ထပ်မှ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ယင်းသည် အဆောက်အအုံ၏ အုတ်မြစ်ကြီးတစ်ခုလုံး ဟာလာဟင်းလင်းသည့်အလား ခံစားရသည်။ သူတို့ခေါင်းပေါ်ရှိ မီးသီးများက ယိမ်းထိုးပြီး ပြုတ်ကျလာတော့သည်။ နံရံများ ပြိုကျပျက်စီးကုန်သည်။ ကမ္ဘာတစ်ခုလုံး သွေးရောင် လွှမ်းသွားသောအခါ ကောင်းမင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည် ...

ပျော်ရွှင်ခြင်း ကြိုးမျှင်များ ပြတ်တောက်သွားခဲ့ချေပြီ။ ကောင်းမင်ထံမှ သွေးများ စီးကျနေသည်။ သူ့ဗိုက်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်နေသည်။ သူသည် ရှီနတ်ဘုရားကျောင်း ပထမထပ်ရှိ များစွာ‌သောမင်္ဂလာဖိတ်စာများပေါ်၌ လဲလျောင်းနေလေသည်။

“ကောင်းမင် ၊ မင်း နောက်ဆုံးတော့ နိုးလာပြီပဲ”

ဖူရှုမှာ ကောင်းမင်အောက်တွင် အသားဒိုင်းတစ်ခုအလား လဲလျောင်းပေးထားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ သန္ဓေပြောင်းမှုများ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ယဇ်ပလ္လင်တံခါး ပိတ်သွားပြီး သားစားကြူးနတ်ဘုရားသည်လည်း ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“ကျုပ် သတိလစ်နေတုန်း ဘာတွေ ဖြစ်ခဲ့တာလဲ”

ကောင်းမင်သည် လက်ချောင်းကိုပင် မနည်းလှုပ်ရှားနေရသည်။ သူသည် သူ့ခန္ဓာကိုယ် ပြန်လည် ကောင်းမွန်လာသည်အထိ စိတ်ရှည်ရှည် စောင့်ဆိုင်းနေရုံသာ ရှိတော့သည်။

“မင်း ဘာမှ မသိဘူးလား ၊ အရာအားလုံး မင်းရဲ့ တွက်ချက်မှုထဲမှာ ရှိနေတာလို့ ငါထင်နေတာကွ ၊ ငါ့ရဲ့ ချီးကျူးစကားတွေ အလကား ဖြစ်သွားပြီပဲ”

ဖူရှုက အံ့အားသင့်သွားသည်။

“ရှီနတ်ဘုရားရဲ့ အုတ်မြစ်က ဒီမင်္ဂလာဖိတ်စာတွေပဲ ၊ အဲ့ဒီထဲက တစ်ခုစီတိုင်းက ပျော်ရွှင်မှုတွေ ပြည့်နှက်နေတဲ့ အိပ်မက်ဆိုးတွေကို ကိုယ်စားပြုတာ ၊ခုနတုန်းက မင်း အဲ့ဒီ အိပ်မက်ဆိုးထဲကို စုပ်ယူခံလိုက်ရတာပဲ ၊ ငါမင်းကို နှိုးဖို့ ကြိုးစားပေမဲ့ မရခဲ့ဘူး ၊ မင်းအသိစိတ်က နစ်မြုပ်သွားပြီး ခန္ဓာကိုယ်ကို ထိန်းချုပ်လို့ မရတော့ဘူးလို့ ငါထင်နေတုန်း မင်းရဲ့ အသားထဲကနေ အသားနံ့ထွက်နေတဲ့ သစ်ကိုင်းတွေ ထွက်လာတော့တာပဲ”

“ကျုပ်အသားထဲကနေ ဟုတ်လား”

“ဟုတ်တယ် ၊ အဲ့ဒီအရာတွေက အိပ်မက်ဆိုးရဲ့ အတားအဆီးကို မထိုးဖောက်နိုင်လို့ မင်းရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်မလာနိုင်ဘူး”

ဖူရှုက မျက်မှောင်ကြုတ်လိုက်သည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ ၊ အဲ့ဒီဖိတ်စာတွေက အလယ်အလတ်အဆင့် အိပ်မက်ဆိုးတွေပဲ ၊ မဒမ်ရှီက အဲ့ဒီအိပ်မက်ဆိုးတွေကို သုံးပြီး မင်းရဲ့ အသိစိတ်ကို ပိတ်လှောင်ဖို့ ကြိုးစားခဲ့တာ ၊ သူကိုယ်တိုင် အဲ့ဒါတွေကို မင်းခန္ဓာကိုယ်ထဲ ထည့်ပေးလိုက်သလို ဖြစ်သွားတော့တာပဲ ၊ အဲ့ဒါက သစ်ကိုင်းတွေအတွက် ဝါးမြိုဖို့ အခွင့်ကောင်း ဖြစ်သွားတာ၊ နောက်ဆုံးတော့ မင်းကို ကယ်တင်လိုက်တာပဲ”

ဖိတ်စာကတ်များသည် တွန့်ကြေနေပြီး အနီရောင်များမှာလည်း မှေးမှိန်သွားခဲ့ပြီဖြစ်သည်။ ရှီနတ်ဘုရားကျောင်းမှာလည်း မင်္ဂလာပွဲကျင်းပသည့် နေရာနှင့် မတူတော့ဘဲ အသုဘအိမ်တစ်ခုနှင့် ပိုတူနေလေသည်။

“မင်း ငါ့ကို ဆက်ဖုံးကွယ်ထားတာ ငါအံ့သြမိတယ် ၊ အခုတော့ ရှီနတ်ဘုရားရဲ့ အုတ်မြစ်က ပျက်စီးသွားပြီ ၊ မင်းရဲ့ နတ်ဘုရားက ရှီနတ်ဘုရားရဲ့ နှလုံးသားတစ်ဝက်ကို ခိုးယူသွားပြီ ၊ မင်းရဲ့ အသားသစ်ကိုင်းတွေက ရှီနတ်ဘုရားကျောင်းမှာ သိမ်းဆည်းထားတဲ့ အိပ်မက်ဆိုးတွေကို သိမ်းပိုက်လိုက်ပြီ ၊ အခု ပိုင်ဖုန်းခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ရှီနတ်ဘုရားရဲ့ ပင်မအသိစိတ်ကိုသာ မင်း ဝါးမြိုနိုင်ရင် မင်းက အိပ်မက်ချိုးဖျက်မြို့ရဲ့ ရှီနတ်ဘုရားအသစ် ဖြစ်လာလိမ့်မယ်”

ဖူရှုသည် အလွန်စိတ်လှုပ်ရှားနေသည်။သူသည် ကောင်းမင် ဤမျှအထိ လုပ်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

“အံ့ဩစရာပဲ၊ မင်းရဲ့ စိတ်ပျက်အားငယ်မှုတွေက ပျော်ရွှင်မှုအတွက် သဘာဝ တန်ပြန်ကောင်တာပဲကွ ၊ မင်းရဲ့ မိတ်ဆွေက သူ့ခန္ဓာကိုယ်ကိုသုံးပြီး ရှီနတ်ဘုရားရဲ့ အသိစိတ်ကို ယာယီ ထိန်းချုပ်ထားတယ် ၊ မင်းက အိပ်မက်လွှတ်နည်းစနစ်ကို သင်ယူပြီး ရှီနတ်ဘုရားရဲ့ စည်းမျဉ်းတွေကို လျစ်လျူရှုနိုင်ခဲ့တယ် ၊ နောက်ဆုံးမှာ မင်းက အိပ်မက်ဆိုးတွေကို ဝါးမြိုနိုင်တဲ့ ဝှက်ဖဲတစ်ခုကိုတောင် ထုတ်သုံးလိုက်သေးတယ် ၊ မင်း ငါ့ကို ကယ်ကတည်းက ဒါတွေကို ကြိုစီစဉ်ထားတာလား ၊ ငါကရော မင်းအစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုပဲလား”

ကောင်းမင်က ပြန်မဖြေပေ။ သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို ခံစားလိုက်သည်။

သွေးသစ်ပင်ကြီးသည် အိပ်မက်ချိုးဖျက်မြို့ထဲသို့ တိုက်ရိုက် မဝင်ရောက်နိုင်သေးပေ။ ကောင်းမင်သည် တစ်ချိန်က အသားသစ်သီးကို စားသုံးခဲ့ဖူးသဖြင့် ၎င်းသည် ကောင်းမင်ကို ကြားခံတစ်ခုအဖြစ်သာ အသုံးပြုနိုင်သည်။ အကိုင်းအခက်များက ကောင်းမင်၏ အရေပြားအောက်တွင် ပိတ်မိနေခြင်းဖြစ်သည်။ ၎င်းတို့သည် မင်္ဂလာဖိတ်စာများကို ဝါးမြိုပြီးနောက် ကောင်းမင်၏ ခန္ဓာကိုယ်အတွင်းသို့ ပန်းရောင်အရည်များကို ထိုးသွင်းပေးလိုက်သည်။

ယခင်က ကောင်းမင်ထံတွင် ကံကောင်းမှု အသင့်အတင့် ရှိခဲ့သည်။သို့သော်လည်း ပန်းရောင်အရည်များ သူ့ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့သွားပြီဖြစ်ရာ နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုအပေါ် ခံနိုင်ရည်သည် ပိုမို တိုးတက်လာပြီး သူ၏ကံကောင်းမှုမှာလည်း ပိုမို ကောင်းမွန်လာတော့သည်။ သူ၏ မျက်ခုံးနှစ်ခုကြားတွင် ကြင်နာမှုအငွေ့အသက်များ ပေါ်ထွက်လာသည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယံ၌ လျှပ်စီးတစ်ချက် လက်ခနဲ ဖြစ်သွားသည်။ သွေးမိုးများ ရွာသွန်းလာတော့သည်။ ဖူရှုက ပါးစပ်အဟောင်းသားဖြင့် အော်ဟစ်လိုက်သည်။

“အိပ်မက်ချိုးဖျက်မြို့ထဲက နတ်ဘုရားတစ်ပါး သေဆုံးသွားတာလား”

All Chapters