အခန်း (၆၄၆-၆၅၀)
Vol. 33 Ch. 646-650
အခန်း(၆၄၆)
“အကြီးအကဲ”
ရင်းနှီးကျွမ်းဝင်သော ပုံရိပ်ကို မြင်လိုက်ရသည်နှင့် ဝမ်ချောင်က ထိုနေရာသို့ လျှောက်သွားလိုက်ပြီး လူအိုကြီးကို ငုံ့ကိုင်းကာ ဂါရဝပြုလိုက်သည်။ သူ၏မျက်နှာတွင် ရိုးသားမှုနှင့် လေးစားမှုများကို မြင်နိုင်သည်။
မြို့တော်မှာ လူများက အနောက်တောင်ပိုင်းတွင် အောင်ပွဲကြီးကို ရရှိခဲ့သည့် မဟာထန်မှ သူရဲကောင်းကသာ ထိုလူအိုကြီးကို အလွန်လေးစားကြောင်း ပြသနေမှန်း သိသွားကြလျှင် ယုံကြည်နိုင်လောက်မည်မဟုတ်ချေ။
သို့သော် ဝမ်ချောင်ကမူ သူ၏အရှေ့တွင် ထိုလူအိုကြီးက မည်သည့်လူဆီကမဆို ထိုသို့သော လေးစားမှုမျိုးကို လက်ခံရန် ထိုက်တန်ကြောင်း သိထားလေသည်။
ထိုလူအိုကြီးက စုကျန်းချန်ဖြစ်နေလေသည်။ ထိုလူကို မဟာထန်၏ စစ်နတ်ဘုရားဟု လူသိများပြီး ထိုက်ကျုံးခေတ်ကတည်းက တည်ရှိခဲ့သည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးလည်းဖြစ်သည်။ ကျော်ကြားသော ဝမ်ကျုံးစစ်နှင့် ကျန်းရှို့ကွေးကဲ့သို့သော ဗိုလ်ချုပ်ကြီးများကပင် သူ၏အကျိုးပြုမှုများကို မယှဉ်နိုင်သေးချေ။
“မင်းရောက်လာလေပြီပဲ”
စုကျန်းချန်၏ လေသံက နူးညံ့သည်။ သာမာန်လူအိုကြီးတစ်ယောက်၏ လေသံနှင့်သာတူသည်။ မည်သူကမျှလည်း သူက တစ်လောကလုံးကို ကိုင်လှုပ်နိုင်သည့် မဟာထန်၏ စစ်နတ်ဘုရားဖြစ်ကြောင်း သိကြလိမ့်မည် မဟုတ်ချေ။
“ထိုင်ပါ”
စုကျန်းချန်က ခေါင်းပင်မော့မကြည့်ဘဲ ချက်ဘုတ်အခြားတစ်ဖက်ခြမ်းရှိ ထိုင်ခုံကိုပြသည်။
“ဟီး ဟီး ဟီး သိုင်းတူအစ်ကို”
စုကျန်းချန်၏ လက်မောင်းအောက်မှ ချစ်စရာကောင်းသည့် မျက်နှာလေးက ထွက်လာသည်။ ထိုအကောင်လေး၏ မျက်ဝန်းက မျက်ရည်များကဲ့သို့ တောက်ပနေပြီး ထူးဆန်းစွာ လင်းလက်နေသည်။ သူက စုကျန်းချန်၏ မကြာခဏ အဖော်ပြုပေးသော အပေါင်းအဖော် ရှောင်ကျန်းကျန်းဖြစ်သည်။
“လူရမ်းကားလေး”
ဝမ်ချောင်က ချစ်စနိုးဖြင့် စနောက်လိုက်ပြီးနောက် ထိုကလေး၏ ဆံပင်တိုများကို ပွတ်သပ်လိုက်သည်။
ရှောင်ကျန်းကျန်းက အသံကိုတိုးလျပြီးနောက် ခပ်တိုးတိုးသာ လှမ်းပြောသည်။
“သိုင်းတူအစ်ကို ကျွန်တော်ပြောပါရစေဦး ကျွန်တော်က သိုင်းတူအစ်ကို ပြန်လာမှန်းသိတော့ သူဒီနေရာမှာ အကြာကြီး လာထိုင်စောင့်နေတာ”
“စကားပြောတာ တော်လောက်ပြီ”
ခေါင်းပင်မမော့တော့ဘဲ စုကျန်းချန်က လက်ညိုးဆန့်လိုက်လျှက် ရှောင်ကျန်းကျန်း၏ခေါင်းကို ရှုပ်ပွသွားစေလိုက်သည်။
“ပျော်စရာလည်းမကောင်းဘူး။ ဆရာက ဒေါသထွက်သွားပြီ”
ရှောင်ကျန်းကျန်းလေးက လျှာကိုတစ်လစ်လေး ထုတ်လိုက်ပြီးနောက် ခေါင်းကိုပြန်ရုတ်သွားသည်။ ဝမ်ချောင်က စုကျန်းချန်ကို သေသေချာချာကြည့်လိုက်သည်။ သို့သော် သူက စုကျန်းချန်၏ အရှေ့တွင် လျှင်လျှင်မြန်မြန် ဝင်ထိုင်လိုက်သည်။
“ငါနဲ့တစ်ပွဲလောက်ဆော့ပါ”
စုကျန်းချန်က နောက်ဆုံးတွင် ခေါင်းကိုမော့လိုက်ပြီးနောက် သူအရှေ့ရှိ ကရားထဲမှ ချက်စ်အပိုင်းအစများကို ထုတ်လိုက်သည်။ အဝါရောင်မီးအိမ်၏ အလင်းရောင်အောက်တွင် သူ၏မျက်နှာပေါ်ရှိ အမူအရာက ဆက်တိုက် ပြောင်းလဲနေသည်။
“ဟုတ်ကဲ့အကြီးအကဲ”
ဝမ်ချောင်က ပြုံးလိုက်ပြီးနောက် ထိုအပိုင်းအစများကို လှမ်းယူလိုက်သည်။ သို့သော် အတွင်းရှိ အပိုင်းအစများကို မြင်သောအခါ သူ၏အမူအရာက အေးခဲသွားသည်။ အတိတ်တွင် ဝမ်ချောင်က စုကျန်းချန်နှင့် ကစားခဲ့ချိန်တွင် စုကျန်းချန်က အဖြူဘက်မှလာကစားသည်။ ဝမ်ချောင်က အနက်ဘက်မှဖြစ်သည်။ ထို့ကြောင့် အဖြူကအရင်လာသည်။ ဒီတစ်ကြိမ်တွင် စုကျန်းချန်က သူ့ကို အဖြူကရားကို ပေးလာခြင်းဖြစ်သည်။
“အတိတ်မှာမင်းက ဉာဏ်ရည်ပိုင်းဆိုင်ရာမှာ နည်းလမ်းအနည်းငယ်ကိုပဲ ထုတ်သုံးနိုင်တယ်။ ဒါကြောင့် ငါကမင်းကို အမည်းရောင်နဲ့ ကစားစေတာ။ အခုမင်းက အဖြူရောင်ကစားဖို့ တန်သွားပြီ”
စုကျန်းချန်၏ ပေါ့ပါးသောလေသံက လေထုအတွင်း ရစ်ဝဲသွားသည်။
ထိုတခဏတွင် ဝမ်ချောင်က တစ်စုံတစ်ရာကို နားလည်လိုက်သည်။ ညကအေးစိမ့်နေသော်လည်း ဝမ်ချောင်ကမူ သူ၏ရင်ဘက်ထဲသို့ စီးဝင်လာသည့် နွေးထွေးမှုကို ခံစားရလေသည်။
စုကျန်းချန်က အပိုစကားများ မပြောသော်လည်း သံသယဝင်ရန် မလိုလောက်အောင် ဒီနည်းလမ်းကိုသုံးပြီး သူက အသိအမှတ်ပြုကြောင်း ပြသနေခြင်းဖြစ်သည်။ ဝမ်ချောင်က ထိုသို့သော ခံစားချက်မျိုးကိုပင် တစ်ကြိမ်သော်မျှ မခံစားဖူးသေးချေ။
“စရအောင်”
ဝမ်ချောင်က မည်သည့်စကားမျှ မပြောခင် စုကျန်းချန်က ပထမဦးဆုံး အပိုင်းအစတစ်ခုကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
“ဟုတ်ကဲ့”
ဝမ်ချောင်က တည်ငြိမ်သောအပြုံးကို ပေးလိုက်ပြီးနောက် ပထမဦးဆုံး အဖြူရောင်တစ်ခုကို ယူတင်လိုက်သည်။
ထိုဂိမ်းက တစ်ညလုံးနီးပါးကြာသည်။ ထိုသို့ဖြင့် မိုးသောက်မှသာ စုကျန်းချန်၏ ဘေးနားရှိ မီးအိမ်က မီးစာကုန်သွားပြီး အလင်းက မှိတ်တုပ်မှိတ်တုပ်ဖြင့် ကုန်တော့မည့်ပုံစံ ပေါ်လာသည်။
“လုံလောက်ပြီ ငါရှုံးတယ်”
ထိုနောက်ဆုံးအချိန်တွင် စုကျန်းချန်က မေးခွန်းထုတ်ရန် မလိုလောက်အောင် ရှုံးသွားသည်။ သို့တိုင်အောင် စုကျန်းချန်က စိတ်ဓာတ်မကျသွားပေ။ အနှစ်ချုပ်ဆိုရသော် သူက ပုံမှန်မဟုတ်လောက်အောင် ပျော်နေသည်။ သူကအနိုင်ရသွားသူအလား ထင်ရသည်။
“အမတ်တစ်ယောက်က ကြွယ်ဝမှုကို ဆာလောင်လို့ မရသလို ဗိုလ်ချုပ်တစ်ယောက်က သေမှာကို မကြောက်ရဘူး။ ဒီလိုလမ်းကြောင်းလိုက်မှပဲ ဒီတိုင်းပြည်က ဆက်လက်ပြီး ဖွံ့ဖြိုးတိုးတက်လိမ့်မယ်။ ချောင်အာ အနောက်တောင်ပိုင်းက စစ်ပွဲမှာ မင်းက ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်။ မင်းက မဟာထန်ကို အရှက်ရအောင် မလုပ်ခဲ့ဘူး”
စုကျန်းချန်က ပြောနေရင်းမှ ဝမ်ချောင်ကို ကျေးဇူးတင်စိတ်အပြည့်ဖြင့် ကြည့်သည်။
“ဟုတ်ကဲ့အကြီးအကဲ”
ဝမ်ချောင်က ခေါင်းကိုငုံ့လိုက်သည်။ သူ၏နှလုံးသားက လှုပ်ရှားသွားရသည်။ စုကျန်းချန်က စကားနည်းသော အမျိုးသားဖြစ်သည်။ သို့တိုင်အောင် ထိုစကားအနည်းငယ်ကတင် သူ၏ အသိအမှတ်ပြုမှုကို နက်ရှိုင်းစွာ ပိုင်ဆိုင်လိုက်ပြီဖြစ်ကြောင်း သိနားလည်စေသည်။ စုကျန်းချန်က ခုံရုံးကိစ္စများကို ပါဝင်စွက်ဖက်ခဲသည်။ အနည်းနှင့်အများ သူက နယ်စပ်မှ ကိစ္စများကိုသာ အာရုံစိုက်ထားပြီး အင်ပါယာ၏ အရာအားလုံးကို အမတ်များကိုသာ လွှဲအပ်ထားလေ့ရှိသည်။ ထို့ကြောင့် သူ့ထံမှ အသိအမှတ်ပြုခံရသော လူမျိုးက လက်တစ်ဖက်ပင် မပြည့်ချေ။
ထိုသို့သော ချီးကျူးခံရရန်အလို့ငှာ လူပေါင်း မရေမတွက်နိုင်အောင် ခေါင်းမှသွေး ခြေသို့ကျသည်အထိ တိုက်ခိုက်ရန် ဆန္ဒရှိကြသည်။ မည်သည့်တန်ကြေးကိုမဆို ပေးချင်စိတ်ရှိကြလေသည်။
“ငါအရင်ကမင်းကိုပေးထားတဲ့ အဖြူရောင်ကျောက်တုံး ရှိနေသေးလား”
စုကျန်းချန်က ရုတ်တရက်မေးသည်။
“ဒီမှာပါ”
ဝမ်ချောင်က အလျင်စလို သူ၏ဝမ်းဗိုက်အတွင်းဘက်မှ အဖြူရောင် အပိုင်းအစတစ်ခုကို ထုတ်ပြလိုက်သည်။
“ငါ့ကိုပေး”
စုကျန်းချန်က ဝမ်ချောင်၏ လက်ထဲမှ ထိုအဖြူရောင်အပိုင်းအစကို ယူပြီးနောက် တစ်ချက်ခပ်ပေါ့ပေါ့ ပုတ်ကြည့်ပြီးနောက် ပြန်ပေးသည်။
ဝမ်ချောင်က လက်ထဲရှိ အဖြူရောင်အပိုင်းအစကို စစ်ဆေးကြည့်နေချိန်တွင် နားထဲတွင် အသံတစ်သံကို ကြားလိုက်ရသည်။
“မင်းရဲ့ကိုယ်ထဲက သွေးစွမ်းအင်တွေက အရမ်းကြမ်းတမ်းနေတယ်။ ငါတောင်မှ ဒီလိုသွေးမျိုးဆက် ပြဿနာကို ဘာမှမလုပ်နိုင်ဘူး။ ဒါကြောင့် ယာယီအားဖြင့် မင်းကိုကူညီဖိနှိပ်ထားဖို့ပဲ တက်နိုင်တယ်။ ဒါက မင်းရဲ့သွေးကြောတွေနဲ့ တန်ထန်းကို ကာကွယ်ပေးထားလိမ့်မယ်။ ကျန်တဲ့ကိစ္စတွေကတော့ မင်းကိုယ့်ကိုယ်ကိုပဲ မှီခိုရမယ်”
ဝမ်ချောင်က မတုန့်ပြန်နိုင်ခင် လက်သီးဖြင့် ခပ်ဖွဖွ တို့ထိခံလိုက်ရသည်။ ဝမ်ချောင်၏ ညာဘက်ပုခုံးက လက်ဝါးတစ်ချက်၏ ခပ်ပါးပါးရိုက်ချက်ကြောင့် အနည်းငယ်ပင် ထုံထိုင်းသွားရသည်။ သို့သော် တစ်စက္ကန့်သာကြာသည်။ ထို့နောက် လက်ဝါးက လျှင်လျှင်မြန်မြန်ဖြင့် နောက်ပြန်ဆုတ်သွားလေသည်။ သို့သော် ထိုတခဏတွင်ပင် ထူးကဲသောဓားချီတစ်စင်းက မယုံနိုင်စရာကောင်းလောက်အောင် အင်အားကြီးမားသော အရှိန်နှုန်းဖြင့် ဝမ်ချောင်၏ ကိုယ်အတွင်းသို့ ဝင်ရောက်လာသည်။
ထိုဓားချီက ဝမ်ချောင်ယခင်က ခံစားခဲ့ဖူးသော ဓားချီနှင့်မတူညီစွာပင် အလွန်အမင်း စွမ်းအားကြီးမားကာ ထက်ရှနေပြီး ပြင်းထန်သည့် အသက်စွမ်းအားအပြည့် ပါဝင်နေသည်။
ထိုဓားချီက ဝမ်ချောင်၏ကိုယ်ထဲသို့ ဝင်လိုက်လျှင် တခဏတွင်ပင် ချက်ချင်းလိုလို အစိတ်အပိုင်း ထောင်ပေါင်းများစွာကို အက်ကွဲသွားလေပြီး ဝမ်ချောင်၏ ဒန်တန်နှင့် သွေးကြောထဲသို့ခွဲထွက်စီးဆင်းသည်။
“ကျန်းအာ ကျန်းအာ နေထွက်တော့မယ် သွားကြစို့”
သူ၏နားထဲတွင် ထိုအသံကို ကြားလိုက်ရပြီးနောက် ဝမ်ချောင်က ခေါင်းမော့ကြည့်လိုက်သည်။ ထိုအခါ ခုနှစ်နှစ် ရှစ်နှစ်အရွယ်ခန့်ရှိမည့် ကလေးတစ်ယောက်ကို ဦးဆောင်ကာခေါ်သွားလျှက် ပြင်းထန်သည့် လေထုကိုပင် ထုတ်လွှတ်ကာ အင်္ကျီလက်ကိုယမ်းလျှက် ထွက်သွားသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။
“အကြီးအကဲ ကျွန်တော်တို့ဘယ်အချိန် ထပ်တွေ့မှာပါလဲ”
ဝမ်ချောင်က လှမ်းမေးလိုက်သည်။
“အချိန်ကျလာတဲ့အခါ ငါတို့ထပ်တွေ့မှာပါ”
စုကျန်းချန်၏ အသံက လေနှင့်အတူလွင့်လာသည်။ ထိုသို့ဖြင့် လူအိုကြီးတစ်ယောက်နှင့် ကလေးငယ်လေး တစ်ယောက်က အမှောင်ထုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။
ဝမ်ချောင်၏ စိတ်ထဲတွင် ဖော်ပြရန်ခက်ခဲသည့် ခံစားချက်တစ်ခုက ထွက်ပေါ်လာသည်။ သူက ထွက်သွားသော ထိုနှစ်ယောက်ကို ကြည့်နေမိသည်။ ဒီလိုထွက်သွားပြီးသည်နှင့် ထိုနှစ်ယောက်က တိတ်ဆိတ်ငြိမ်သက်သော တစ်နေရာသို့ ဝင်ရောက်သွားပြီး အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တော့မည်ဖြစ်ကြောင်း သိနေသည်။ သူက မည်မျှစောင့်ဆိုင်းနေစေကာမူ တွေ့ရန်အချိန်မတန်သေးဘဲ တစ်ဖက်က တွေ့မည်မဟုတ်ချေ။
ကတိပေးလိုက်ပြီးနောက် ဝမ်ချောင်က အိမ်သို့ လျှင်လျှင်မြန်မြန်ပြန်သည်။ သူက အမေကို ဂါရဝပြုပြီးနောက် အိပ်ယာသို့ဝင်လိုက်သည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် သူက အနားယူခဲခဲ့သည်။ ယခုလို မြို့တော်ကို ပြန်ရောက်ပြီးနောက် အေးအေးဆေးဆေး အနားယူနိုင်လေပြီ။
ဝမ်ချောင်က အိမ်တွင် ကောင်းကောင်းနားနေချိန်တွင် တော်ဝင်နန်းတော်ကမူ ဖျက်ဆီးခံရသော အတွေ့အကြုံမျိုးကို ရနေသည်။ သူတော်စင်ဧကရာဇ်၏ အမိန့်တော်က ရောက်လာလေပြီး ဘာသာရေးရုံးတော်နှင့် အခြားသော ရုံးတော်ခြောက်ခု အပါအဝင် ခုံရုံးမှ အထက်တန်းလွှာများ အားလုံးကို ဆင့်ခေါ်ကာ အနောက်တောင်ပိုင်းက စစ်ပွဲတွင် ပါဝင်ခဲ့သည့် ဗိုလ်ချုပ်တိုင်းအတွက် ဆုလဒ်ကို ဆွေးနွေးခဲ့သည်။
အခြားသော ဗိုလ်ချုပ်ကြီးများအတွက် ဆုလဒ်ချီးမြှင့်ရန် ဆွေးနွေးရာတွင် ပြဿနာမရှိခဲ့ချေ။ ရှန်ယွီကျုံ့ထုံးပင်ဖြစ်စေ၊ ဝမ်ရန်ပင်ဖြစ်စေ၊ ဝမ်ဖူပင်ဖြစ်စေ ပြဿနာမရှိပြန်ချေ။ သို့သော် ဝမ်ချောင်၏ ဆုလဒ်ကမူ ပြဿနာရှိနေသည်။
“ဒါက သံတမန်ကျင့်ဝတ်ကို ဆန့်ကျင်တာဖြစ်နေပြီ။ ဝမ်ကလန်ရဲ့ အငယ်ဆုံးသား ဝမ်ချောင်က ဘာဘွဲဲ့၊ ဘာဂုဏ်ထူးမှ မရရှိသေးဘူး။ သူ့ကိုဆုလဒ် ချီးမြှင့်လို့ ဘယ်ဖြစ်ပါ့မလဲ”
“ဟုတ်တယ် သူက အမတ်တွေ ဗိုလ်ချုပ်တွေပေါတဲ့ ကလန်တစ်ခုကနေ မွေးဖွားလာပေမဲ့လည်း သူကသာမာန် ပြည်သူတစ်ယောက်ပဲ။ သူက အန်းနန်အစိုးရစစ်တပ်မှာ စာရင်းသွင်းထားတာမျိုးတောင် မရှိဘူး။ သူ့ကိုဆုလဒ် ချီးမြှင့်လို့ ဘယ်ဖြစ်ပါ့မလဲ”
ခုံရုံးတွင် ဘာသာရေးရုံးတော်မှ အရာရှိများနှင့် ဘုရင်အိမ်တော်ဝန် လက်အောက်ခံ အဖွဲ့အစည်းမှ အရာရှိများအားလုံးက ထင်မြင်ချက်ကို ပြောဆိုကြသည်။ အချို့သော တော်ဝင်ဆင်ဆာ လူကြီးမင်းများကပင် သဘောတူကြောင်း ထောက်ခံကြသည်။
“တိုင်းပြည်မှာ သူ့ဥပဒေရှိတယ်။ ကလန်တွေမှာလည်း သူတို့ရဲ့ စည်းမျဉ်းတွေနဲ့သူတို့ ရှိတယ်။ ကျွန်တော်တို့က ဝမ်ချောင်ကို ဆုလဒ်ချီးမြှင့်ချင်တယ်ဆိုရင်တောင်မှ ခုံရုံးရဲ့ စည်းမျဉ်းအတိုင်းပဲ လုပ်ဆောင်သင့်ပါတယ်။ ခုံရုံးရဲ့ စည်းမျဉ်းနဲ့ မကိုက်ညီ အဆင့်အတန်းချင်း မသင့်တော်တဲ့ ဆုလဒ်မျိုးကို မချီးမြှင့်သင့်ပါဘူး။ ဒီလိုဆိုရင် ကျွန်တော်တို့က လူတစ်ယောက်တည်းကြောင့် စည်းမျဉ်းတွေကို ဖောက်ဖျက်သလို ဖြစ်သွားပါလိမ့်မယ်”
တော်ဝင်ဆင်ဆာလူကြီးမင်း သွမ့်ချန်းက အေးစက်သော မျက်နှာထားနှင့် နဂါးရစ်ခွေနေသော တိုင်ဘေးနားတွင် ရပ်လျှက် တစ်လောကလုံး ကိုယ်စားပြုပြီး တိုက်ခိုက်ရန်အဆင်သင့် ပြင်နေဟန်ပေါ်သည်။
သူကဝမ်ချောင်နှင့် ဘာအညိုးမျှမရှိချေ။ သို့သော် တော်ဝင်ခုံရုံးက စည်းမျဉ်းများကို ဖောက်ဖျက်ပြီး ဝမ်ချောင်၏ ဆုလဒ်များကို အသားကုန်တိုးမြှင့်ချင်နေသည်။ တော်ဝင်ဆင်ဆာ လူကြီးမင်းတစ်ယောက်အနေနှင့် မည်သည့်အာဏာကိုမျှ ကြောက်ရန်မလိုအပ်ဘဲ ခုံရုံးမှ စည်းမျဉ်းများကို သေသည်အထိ ခုခံပေးရပေမည်။ အထက်မှ အရှင်သခင်ပင်ဖြစ်စေ အောက်ခြေမှ လူများပင်ဖြစ်စေ မည်သူကမျှ ခုံရုံး၏ စည်းမျဉ်းများကို ဖီဆန်ရန်မသင့်ချေ။ ထို့ကြောင့် ဆင်ဆာလူကြီးမင်းများကြားမှ တိုက်ပွဲက ဆက်လက်ပြီး ဖြစ်ပွားနေခဲ့သည်။ မဟာထန်၏ သမိုင်းတောက်လျှောက် မည်သူကမျှ သာမာန်ပြည်သား တစ်ယောက်ကို ထိုသို့များပြားသော ဆုလဒ်များကို ချီးမြှင့်ခဲ့ဖူးခြင်း မရှိခဲ့ချေ။ အနားတွင်ရှိနေသော ဘုရင်ချီကမူ သူ၏အေးစက်သည့် မျက်ဝန်းထဲတွင် ပျော်ရွှင်သည့်ပုံကို ထုတ်ပြနေသည်။
သူက အနောက်တောင်ပိုင်းမှ စစ်ပွဲတွင်ပင် လွန်ကဲစွာ ရှေ့ထွက်ပြခဲ့ပြီဖြစ်လေပြီး သူ့အနေဖြင့် ဒီလိုအခြေအနေမျိုးတွင် ဝင်ရောက်စွက်ဖက်ရန် မသင့်လျော်ချေ။ ထို့ကြောင့်သူက ဘုရင့်အိမ်တော်ဝန် လက်အောက်ခံများနှင့် ဘာသာရေးရုံးတော်မှ လူများနှင့် ဆက်သွယ်လိုက်ကာ လေးစားရသော ထိုတော်ဝင် ဆင်ဆာလူကြီးမင်းများကို အသုံးပြုပြီး ဝမ်ကလန်မှ မျက်စိကြိမ်းမတက် တောက်ပသော ထိုချီလင်းသားကို ဖိနှိပ်နိုင်ရန် ကြိုးစားခဲ့ရသည်။
ဝမ်မျိုးဆက်တောက်လျှောက်လုံး ဝမ်ခမ်းပင်ဖြစ်စေ၊ ဝမ်ရန်ပင်ဖြစ်စေ၊ ဝမ်ဖူပင်ဖြစ်စေ မည်သူမဆို ဘုရင်ချီ၏ မျက်လုံးတွင် အကန့်အသတ်ရှိသော ခွန်အားများကိုသာ ပိုင်ဆိုင်ထားသည်။ သူတို့ကသာ အစစ်အမှန် ထိုမျှလုပ်နိုင်စွမ်းအားရှိလျှင် အထက်တန်းလွှာဘွဲဲ့ ရရှိပြီးသည်မှာ ကြာလောက်ချေပြီ။ သို့သော် ဝမ်ချောင်ကမူ ချွင်းချက်ဖြစ်လာခဲ့သည်။ သူကိုပင် ရန်စွယ်ကြီးဟု ထင်မြင်မိစေသည်။
အသက်(၁၇)နှစ်သာ ရှိသေးသော်လည်း သူက သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကို နိုင်သွားသည်။ ဘုရင်ချီအနေနှင့် သူထံမှ မူးမတ်ကျို့၏ အနံ့ကိုပင်ရနေသည်။
မူးမတ်ကျို့က အာဏာကို လက်ကိုင်ထားသောအခါ ဘုရင်ချီ၏မျိုးဆက်က တောက်လျှောက် မြေထဲထိ ကျွံ့ကျမတက် ဖိနှိပ်ခံခဲ့ရသည်။ မည်သို့ပင်ဆိုစေ ဘုရင်ချီက နောက်ထပ် အလားအလာကောင်းသော ပြိုင်ဘက်ကို ခုံရုံးတွင် ပေါ်မလာစေလိုချေ။
ဝမ်ချောင်က စစ်တပ်ထဲတွင် မည်သည့်အဆင့် ဌာနလက်အောက်ခံမျှ မဟုတ်နေသေးသော ကိစ္စက အကြီးမားဆုံး အားနည်းချက် ဖြစ်သွားသည်။ ခုံရုံးမှစည်းမျဉ်းအရ ဝမ်ချောင်က မည်သည့်စည်းမျဉ်းမျှ စစ်သည်တော်မျှ မဟုတ်သေးသည့်အတွက် တိုက်ပွဲနယ်မြေမှာ သူ၏အကျိုးပြုမှုများကို မှတ်တမ်းမတင်နိုင်ခဲ့ချေ။
ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် ထိုမျှအကျိုးပြုမှု လုပ်ပေးခဲ့သည့်တိုင်အောင် သူက မည်သည့် အမှတ်မျှ ရရှိမည်မဟုတ်ချေ။
“ဟမ့် တော်ဝင်ဆင်ဆာ လူကြီးမင်းသွမ့်ရဲ့ အကျိုးအကြောင်းကို မှီခိုပြီး တွက်ဆမှုအရ ဘာပဲဖြစ်ဖြစ် ဝမ်ချောင်က ဒီလောက်ထိ အကျိုးပြုပေးနိုင်ခဲ့တာပဲ။ ငါတို့က တိတ်တဆိတ်နဲ့ စစ်သည်တော်တွေကို ပျိုးထောင်ထားတဲ့အတွက်နဲ့ အပြစ်မပေးသင့်ဘူးလား။ နောက်ပြီးသူက လက်နက်တွေကိုတောင် ဖန်တီးထုတ်လုပ်ခဲ့သေးတယ်။ ဒါ့အပြင်သူက တိုက်ပွဲနယ်မြေမှာတောင် ဝင်ပြီအမိန့်ပေးခဲ့တော့ သူ့ကို ကြီးလေးတဲ့အပြစ်ကိုတောင် ပေးသင့်သေးတယ်”
ထူးဆန်းသောအသံက ရုတ်တရက် ထွက်လာသည်။ လူတိုင်းက စကားမပြောနိုင်ခင် နောက်ထပ် တော်ဝင်ဆင်ဆာ လူကြီးမင်းတစ်ယောက်က ထိုတော်ဝင်ဆင်ဆာ လူကြီးမင်းသွမ့်၏ အရှေ့သို့ လျှောက်လာသည်။ သူ၏အသံက လှောင်ပြောင်မှုအပြည့်ပါသည်။
“တော်ဝင်ဆင်ဆာ လူကြီးမင်းရန်”
ထိုလူ၏စကားကို ကြားသောအခါ သွမ့်ချန်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ၏အရှေ့တွင် သူ့အား လှောင်ပြောနေသော ထိုလူက သူ၏ယခင် ကြီးကြပ်သူ တော်ဝင်ဆင်ဆာလူကြီးမင်း ရန်ဝေ့ဖြစ်နေသည်။
သူကအခြားသူများက လှောင်ပြောင်ငြင်းဆိုမှုကို ပြန်တုန့်ပြန်ကောင်း တုန့်ပြန်လိမ့်မည်။ သို့သော် တစ်ဖက်သူကမူ တစ်ချိန်က သူ၏ခေါင်းဆောင် ဖြစ်ခဲ့ဖူးသူဖြစ်သည်။
သွမ်ချမ်၏မျက်နှာက ရုတ်တရက် နီရဲသွားသည်။ သို့သော်သူက ချက်ချင်းလိုလို ပြန်ထိန်းလိုက်သည်။ သွမ့်ချမ်က ကိုယ်ကိုမတ်ပြီးနောက်မေးသည်။
“ဘာလို့မဟုတ်ရမှာပါလဲ။ တော်ဝင်ခုံရုံးမှာ သူ့စည်းမျဉ်းရှိသားပဲ။ ဒီစည်းမျဉ်းတွေကို ဖောက်ဖျက်ဖို့အတွက် သူ့ရဲ့ကြီးကြပ်သူက ဘာလို့ဒီလို ကြိုးစားချင်နေရတာလဲ”
“ဟမ့် မင်းဆိုလိုတာက ငါတို့က ဝမ်ချောင်ကိုဖမ်းပြီး ထောင်တောင် ချသင့်သေးတာလား။ ဒီလိုဆိုရင် မင်းကိုယ်တိုင်ကိုယ်ကျ စစ်တပ်ကိုဦးဆောင်ပြီး သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်နဲ့ အခြားတိုင်းတစ်ပါးသား ဧကရာဇ်တိုင်းကို သွားဖမ်းလိုက်ပါ့လား။ ဒီလိုဆိုရင် မဟာထန်ကလည်း ငြိမ်းချမ်းသွားမယ်လေ။ မကောင်းဘူးလား”
အနောက်မှအသံ ထပ်ထွက်လာပြန်သည်။ သွမ့်ချမ်က မတုန့်ပြန်နိုင်ခင် တုန်ယင်သောလက်က ဆန့်ထွက်လာပြီး သူ၏နားရွက်ကို လှမ်းဆွဲသည်။ ထိုသို့ဖြင့် ခပ်ကြမ်းကြမ်း ဆွဲလိမ်လိုက်သည်။
“ ”
ဖြောင့်မတ်မှန်ကန်သော သွမ့်ချမ်ကပင် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ သူ့ကိုပို၍ အံ့အားသင့်စေသော အချက်က နားရွက်လိမ်ဆွဲလိုက်သောလူ၏ သရုပ်မှန်ဖြစ်သည်။
အခန်း(၆၄၇)
“တတိယဦးလေး တတိယဦးလေး”
အနောက်မှလူကို မြင်သောအခါ သွမ့်ချမ်၏မျက်လုံးက ပြူးကျယ်သွားသည်။ သူ၏မျက်နှာတွင် အံ့အားသင့်မှုက ပြည့်နှက်သွားသည်။
“တော်ဝင်ဆင်ဆာလူကြီးမင်းသွမ့်”
“လက်ထောက်တော်ဝင်ဆင်ဆာ လူကြီးမင်းသွမ့်”
သူတို့က အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော တော်ဝင်ဆင်ဆာ လူကြီးမင်းက ဝင်ရောက်လာကြောင်း မြင်သောအခါ ဘေးနှစ်ဖက်လုံးရှိ လူတိုင်း၏မျက်နှာက တည်တင်းသွားပြီး ချက်ချင်းလိုလို ဂါရဝပြုကြသည်။ ထိုသို့ အိုမင်းနေပြီး ပိန်ပါးသော လူအိုကြီးက သူ၏အသက်အရွယ်နှင့် မလိုက်ဘက်အောင် တက်ကြွရွှင်လန်းနေသေးသည်။ ထိုလူက လက်ထောက်တော်ဝင်ဆင်ဆာ လူကြီးမင်း သွမ့်ချောင်ကလွဲပြီး အခြားလူမဟုတ်တော့ချေ။ သို့ရာတွင် သွမ့်ချမ်ကမူ မတူသောခံစားချက်ကို ရလိုက်သည်။
တော်ဝင်ဆင်ဆာလူကြီးမင်း သွမ့်ချောင်က မဟာထန်တွင် သူ၏ဖြောင့်မတ်မှန်ကန်သော အကျင့်စရိုက်ကြောင့် အလွန်ကျော်ကြားသော ပုဂ္ဂိုလ်ကြီးဖြစ်ပြီး သွမ့်ကလန်၏ ခေါင်းဆောင်လည်းဟုတ်သည်။ ပို၍ဆိုးသည်မှာ သူက အမြဲတစေ ဖြောင့်မတ်မှန်ကန်စွာ နေခဲ့ပြီး မည်သည့်ဘက်ကမျှ ဘက်လိုက်ကာ ပြောဆိုပေးခြင်းမျိုး မရှိခဲ့သည့်အတွက် မည်သည့် အရာရှိ အထက်တန်းလွှာကိုမျှ ကြောက်စရာမလိုချေ။ သူက ယခင်အစိုးရ ယခင်ဧကရာဇ် လက်ထပ်ကတည်းက ထိုဧကရာဇ်အတွက်ပင်ဖြစ်စေ အထက်တန်းလွှာများ အတွက်ပင်ဖြစ်စေ အရာရှိများ အတွက်ပင်ဖြစ်စေ အဆင့်အတန်း မြင့်မားလွန်းသော ပုဂ္ဂိုလ်ကစပြီး နိမ့်ကျလွန်းသော လူအထိ ဖြောင့်မတ်မှန်ကန်မှုဖြင့်သာ ထောက်ပံ့ပေးခဲ့သည်။
ဝမ်ချောင်၏အစ်ကို လေးစားကျော်ကြားရသော မူးမတ်ကျို့ကပင် သူ၏ အကဲဖြတ်မှုထဲမျှ ပစ်မှတ်ဖြစ်ခဲ့ဖူးသေးသည်။ လက်ရှိမဟာထန်၏ တော်ဝင်ဆင်ဆာ လူကြီးမင်းများအားလုံးက သွမ့်ချောင်နှင့် ဖော်ပြရန်ခက်ခဲသည့် ဆက်ဆံမှုမျိုးရှိသည်။ ထို့ပြင် သူ့ကြောင့် သွမ့်ကလန်က တော်ဝင်ဆင်ဆာ လူကြီးမင်းများစွာ ပိုင်ဆိုင်ထားသည့် ကလန်တစ်ခု ဖြစ်လာခြင်းလည်းဖြစ်သည်။
ထို့အပြင် သွမ့်ချမ်က သူ၏တတိယဦးလေးကို အလွန်အမင်း လေးစားသောကြောင့်သာ ခုံရုံးသို့ဝင်ရန် ဆုံးဖြတ်ခဲ့ပြီး တော်ဝင်ဆင်ဆာ လူကြီးမင်း ဖြစ်လာစေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် တိကျသေချာသော ဘက်ထောင့်မှကြည့်လျှင် သွမ့်ချောင်က သူ၏ဆရာလည်းဟုတ်သည်။ သွမ့်ချောင်က သူသိထားသမျှ အရာအားလုံးကို သင်ကြားပေးခဲ့သည်။ ခုံရုံးမှ စည်းမျဉ်းတိုင်းကို ထုတ်ပြပေးခဲ့ခြင်းဖြစ်သည်။
သွမ့်ချောင်က ယခင်ဧကရာဇ်က ချီးမြှင့်ခဲ့သော တံဆိပ်ပြားကို ပိုင်ဆိုင်ထားသည့်အတွက် ခုံရုံးသို့ သူကျေနပ်သလို ဝင်နိုင်သည်။ လက်ထောက်တော်ဝင်ဆင်ဆာ လူကြီးမင်းကသာ ထိုသို့သော အခွင့်အရေးမျိုးကို ပိုင်ဆိုင်ထားလေသည်။
“ကောင်စုတ်လေး မင်းက အသုံးချခံရတော့မယ်ဆိုတာ ငါသိနေတယ်။ မင်းက နည်းနည်းလေး သိနေတာနဲ့ ရှေ့ထွက်ပြီး တော်ဝင်ဆင်ဆာ လူကြီးမင်းတစ်ယောက်ပုံစံနဲ့ ကြွားဝါချင်နေတယ်ပေါ့။ မင်းရဲ့သင်ကြားမှုက အရမ်းကို နည်းပါးပြီး အသုံးမဝင်ဘူးဆိုတာ ငါပြောချင်နေတာကြာပြီ။ ဒီတစ်ကြိမ်မှာ သခင်လေးဝမ်ချောင်က အနောက်တောင်ပိုင်းမှာ ဒီလောက် ကြီးလေးတဲ့ အကျိုးပြုမှုကြီးကြောင့်သာ မဟုတ်ရင် အရှင်မင်းကြီးက သူ့ကို ဆုလဒ်ချီးမြှင့်ချင်လိမ့်မယ်။ ဒါကြောင့် မင်းက အခြားလူတွေ အသုံးချတာကို ခံရမယ်ဆိုတာ ငါသိထားပြီးသား။ အခုအဲ့ဒီအတိုင်း မြင်လိုက်ရတာပဲ”
သွမ့်ချောင်၏ ဒေါသက ထွက်ပေါ်လာသည်နှင့် သူ၏ သွမ့်ချမ်၏နားကို ဆွဲလှည့်ထားသောလက်က ပို၍ပြင်းလာပြီးနောက် သွမ့်ချမ်၏ ပါးစပ်မှ အော်သံများကို ထွက်လာစေသည်။ သို့ရာတွင် သွမ့်ချမ်အတွက် အရှက်ကွဲစေဆုံး ကိစ္စက လူတိုင်းက ကြည့်နေကြခြင်းဖြစ်သည်။ သူ၏ လည်ပင်းတစ်ခုလုံးကပင် ရှက်ရွံ့သောကြောင့် နီရဲလာကြသည်။ သို့သော် သွမ့်ချမ်က ပြန်မငြင်းရဲချေ။ အကြီးအကဲများကို လေးစားပေးရန် လိုအပ်သည်။ ဒါက မဟာထန်၏ ယဉ်ကျေးမှုလည်းဖြစ်သည်။ သွမ့်ချမ်က မည်မျှ မကျေမနပ် ဖြစ်နေစေကာမူ ပြန်မငြင်းခဲ့ချေ။ မဟုတ်လျှင် သူက အကြီးအကဲများကို မရိုမသေ ပြုမိသလို ဖြစ်သွားလေပြီး သူကခုံရုံးတွင် ဆက်နေရန် တွေးပင်မတွေးသင့်တော့ချေ။
“ဆင်ဆာလူကြီးမင်း သူ့ကိုလွှတ်လိုက်ပါ သူ့ကိုလွှတ်လိုက်ပါ”
“အကြီးအကဲက ဒီလိုဆက်လိမ်နေရင် တော်ဝင်ဆင်ဆာလူကြီးမင်းသွမ့်ရဲ့ နားက ပြတ်ထွက်သွားတော့မယ်”
“ဟမ့် ဆက်လုပ်ခိုင်းစမ်းပါ။ ငါတို့ကသူ့ကို သင်ခန်းစာပေးလို့ မရပေမဲ့ ဆင်ဆာလူကြီးမင်းအိုကြီးကတော့ သင်ခန်းစာပေးလို့ရတယ်”
ခုံရုံးက ထိုသို့ဖြင့် ပွက်လောရိုက်သွားသည်။ ထိုဆင်ဆာလူကြီးမင်းဘက်ကို အလေးထားသော လူအများစုကမူ ရပ်ကြည့်နေကြပြီး အခြားသူများကမူ ဝင်ရောက်ပြောဆိုပေးကြသည်။ တော်ဝင်ခုံရုံးတွင်လည်း သူ၏စည်းမျဉ်းများရှိသည်။ ထို့ကြောင့် သူတို့က သွမ့်ချမ်ကို ဘာမျှလုပ်၍မရသော်လည်း သွမ့်ချမ်က လုပ်၍ရသည်။
သွမ့်ချောင်က အသက်အရွယ် ကြီးရင့်နေသူဖြစ်သလို လေးစားခံရသူလည်းဖြစ်သည်။ မည်သူကမျှ သူကသူ၏ ဆက်ခံသူကို သွန်သင်နေသော အခြေအနေကို ဝင်မစွက်ဖက်ချင်ကြချေ။
“သွမ့်ချောင် မင်းဘာလုပ်တာလဲ။ ဒါကတော်ဝင်ခုံရုံးနော် မင်းကဒီနေရာကို မင်းရဲ့သွမ့်ကလန်က ဘိုးဘေးခန်းမလို့များ ထင်နေလား။ မင်းဒီနေရာကို လာတဲ့ရည်ရွယ်ချက်က ဒီလိုပွက်လောရိုက်အောင် လုပ်ဖို့လား”
မျက်နှာပြာနှမ်းနေသော ဘုရင်ချီက ဆက်ကြည့်မနေနိုင်တော့ဘဲ ဝင်ပြောသည်။
“ဟုတ်တယ်”
ဘုရင်ချီ၏စကားကို ကြားသောအခါ သွမ့်ချမ်ကလည်း သူရောက်နေသော နေရာကို သတိရသွားပြီးနောက် သွမ့်ချောင်လက်ထဲမှရုန်းသည်။ သူက မျက်နှာနီရဲစွာဖြင့် ပြန်ငြင်းသည်။
“တတိယဦးလေး တော်ဝင်ခုံရုံးမှာလည်း သူ့ရဲ့စည်းမျဉ်းတွေ ရှိပါတယ်။ တော်ဝင်ဆင်ဆာ လူကြီးမင်း တစ်ယောက်အနေနဲ့ ကျွန်တော်တို့က ဒီစည်းမျဉ်းတွေကို လိုက်နာရမယ်။ စည်းမျဉ်းတွေကို ပုဂ္ဂိုလ်ရေးရာ ခံစားချက်ကြောင့် မပြောင်းလဲသင့်ဘူး။ ကောင်းကင်ရဲ့သားတော်က သာမာန်လူတွေအတွက် တူညီတဲ့နည်းလမ်းနဲ့ ပြစ်မှုတွေကို အပြစ်ပေးပါလိမ့်မယ်။ အထက်က အရှင်သခင်ပဲဖြစ်စေ အောက်က နိမ့်ကျတဲ့လူတွေပဲဖြစ်ဖြစ် ခုံရုံးရဲ့အမိန့်တွေကို ဖီဆန်တာနဲ့ ဒါကိုထောက်ပြခံရသင့်ပြီး အမှားအလိုက် အပြစ်ပေးသင့်ပါတယ်။ ဒါက တတိယဦးလေးကပဲ သင်ကြားပေးခဲ့တာမဟုတ်လား”
သွမ့်ချမ်က သူ၏တတိယဦးလေးကို တိုက်ရိုက်စိုက်ကြည့်လိုက်သည်။ သူ၏အကြည့်က ခိုင်မြဲနေကာ မယိမ်းယိုင်ခဲ့ချေ။
တော်ဝင်ဆင်ဆာ လူကြီးမင်းများက ဖြောင့်မတ်မှန်ကန်ရသည်။ သူ၏တတိယဦးလေးကပဲ သူ့ကို ယိမ်းယိုင်အောင် မလုပ်နိုင်လောက်ချေ။
ဖြန်း
သွမ့်ချမ်က ဆက်မပြောနိုင်ခင် ဆင်ဆာလူကြီးမင်းအိုကြီးက သူ့ကိုဖြတ်ရိုက်လိုက်သည်။
“ဆင်ဆာလူကြီးမင်း”
“ဆင်ဆာလူကြီးမင်း”
ပတ်ဝန်းကျင်မှ အော်သံများက ထွက်လာသည်။ ဝမ်ချောင်၏ဘက်မှ အမတ်များလည်းပါသည်။ ဝမ်ချောင်၏ ဦးလေးကြီး ဝမ်ခမ်းက ဘေးဘက်တွင်တောက်လျှောက် ကြည့်နေပြီး မည်သည့်ဘက်ကမျှ ဘက်လိုက်ကာ ဝင်မပြောခဲ့သေးသော် ယခုမူ အံ့အားတကြီး လှမ်းအော်လိုက်သည်။ ဘယ်သူကမျှလည်း ဆင်ဆာလူကြီးမင်းအိုကြီးက ထိုမျှခပ်ကြမ်းကြမ်း တုန့်ပြန်မည်ဟု မထင်ထားချေ။
“တတိယဦးလေး”
သွမ့်ချမ်၏မျက်နှာက နီရဲသွားသည်။ သူက ယောင်ကိုင်းနေသောပါးကို ဆုပ်ကိုင်ထားပြီး အံ့အားတကြီးဖြစ်ကာ မယုံကြည်နိုင်သလို ဖြစ်သွားသည်။
“သွမ့်ချောင် စရိုက်ကြမ်းတမ်းတဲ့ လူအိုကြီး မင်းကမင်းရဲ့ အသက်အရွယ်ကို မေ့နေတာလား။ မင်းက အရင်ဧကရာဇ်က မင်းကိုတံဆိပ်တစ်ခု ချီးမြှင့်ပေးတာနဲ့ပဲ ခုံရုံးမှာ ထင်သလို လာလုပ်လို့ရမယ်လို့ ထင်နေတာ။ တစ်ယောက်ယောက် လာကြစမ်း။ ဒီလူ့ကို ဆွဲခေါ်သွားကြ”
ဘုရင်ချီက ဒေါသထွက်နေလေပြီ။
သူကသွမ့်ချမ်ကို သူ့ကိုယ်စား ဝင်ပြောပေးရန် မနည်းကြိုးစားအားထုတ်ထားရသည်။ နောက်ဆုံးမှသာ တစ်ဖက်က ရပ်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သွမ့်ချောင်က ဒီအခြေအနေကို ဖျက်ဆီးမည့်အရေးကို လက်သင့်မခံနိုင်ချေ။
“ဟမ့် အရှင့်သား ဘုရင်ချီ သွမ့်ကလန်က ကလေးတစ်ယောက်က စကားနားမထောင်လို့ ငါကငါ့ရဲ့ကလန်ကလူကို ငါကိုယ်တိုင် စည်းကမ်းကို နားလည်အောင် သင်ပြပေးနေတာကို မှားတယ်လို့ ထင်တာလား။ အကြီးအကဲတစ်ယောက်အနေနဲ့ ငါကသူတို့ကို သင်ကြားပေးပိုင်ခွင့်ရှိတယ်။ သူတော်စင် ဧကရာဇ်ကတောင်မှ ဒီလိုပြောပိုင်ခွင့် မရှိဘူး။ အရှင့်သားဘုရင်ချီက ငြင်းစရာများရှိသလား”
တော်ဝင်အိမ်တော်စုမှ အဖွဲ့သားတစ်ယောက်နှင့် ရင်ဆိုင်နေရသည့်တိုင်အောင် သွမ့်ချောင်က အကြောက်အလန့် မဲ့သည်။ သူက မဟာထန်၏ ယခင်ဧကရာဇ်မှ အပြစ်တင်မှုကိုပင် မကြောက်လန့်ခဲ့လေရာ ဘုရင်ချီလောက်ကို ကြောက်နေစရာ အကြောင်းမရှိချေ။
“မင်း...”
ဘုရင်ချီက ဒေါသထွက်သွားသည်။ သို့သော်သူက ဘာမျှမပြောနိုင်ပြန်ချေ။
သွမ့်ချောင်က ဘုရင်ချီကို လျစ်လျူရှု့ပြီးနောက် မှင်သက်နေသော သွမ့်ချမ်ကို ပြန်ကြည့်သည်။
“ငါမင်းကို ဘာလို့ရိုက်လဲသိလား”
“မင်းမှာ တော်ဝင်ဆင်ဆာလူကြီးမင်းရဲ့ လမ်းကြောင်းအတွက် လုံလောက်တဲ့ ဗဟုသုတတွေကို ပိုင်ဆိုင်ထားဖို့ လိုအပ်တယ်လို့ ငါပြောထားပြီးသား။ မင်းကအဲ့ဒါကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ ဘယ်ဇစ်မြစ်က ဘယ်လိုအတိုင်းအတာအထိ ရှိတယ်ဆိုတာကို မင်းက နားလည်ထားရုံလောက်ပဲ သိထားခဲ့တာ။ ဒါပေမဲ့ မင်းငါ့ကို မယုံကြည်ခဲ့ဘူး။ ငါအကြံပေးတာကိုလည်း နားမထောင်ခဲ့ဘူး။ အဲ့ဒီအတိုင်းအသင့် ခုံရုံးကို ဝင်ရောက်ခဲ့တယ်။ အခုငါမင်းကို မေးပါရစေဦး။ ခုံရုံးက အရာရှိတိုင်းနဲ့ အထက်တန်းလွှာတိုင်းကို ငါတို့ကဘာလို့ အကဲဖြတ်နိုင်စွမ်း ရှိလဲသိလား။ ဘာလို့ အကဲဖြတ်ရမလဲဆိုတာကို သိလား။ အရှင်မင်းကြီးကိုတောင် ဘာလို့ဝင်ပြီး အကဲဖြတ် အခွင့်ရထားလဲဆိုတာကို သိလား”
“ဒါကတော်ဝင်ခုံရုံးရဲ့ စည်းမျဉ်းတွေကို ကာကွယ်ဖို့လေ”
သွမ့်ချမ်က ယောင်ကိုင်းနေသော ပါးကိုကိုင်လျှက် ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။
“ငါမင်းကို ဒီအဖြေကနေ အချက်သုံးချက်ပဲ ထောက်ပြပေးမယ်။ အထက်တန်းလွှာနဲ့ အရာရှိတွေ အားလုံးက မြင့်မားတဲ့အင်အားကို ပိုင်ဆိုင်ထားတယ်။ သူတို့ရဲ့လှုပ်ရှားမှုတိုင်းကို မရေမတွက်နိုင်သော လူတိုင်းက စောင့်ကြည့်နေကြတယ်။ သူတို့ဆီက ကြုံရာထွက်လာတဲ့ ဆုံးဖြတ်ချက်ကတောင် လူပေါင်းများစွာကို ငတ်သေပြီး အိမ်ခြေရာမဲ့ ဖြစ်သွားစေနိုင်တယ်။ ဒီလိုအာဏာရှိတဲ့ လွှမ်းမိုးမှုကြီးကို ငါတို့ကသေချာပေါက် မျက်စိဒေါက်ထောက် ကြည့်နေဖို့လိုအပ်တယ်။ သူတို့က ဘောင်ကျော်လာတာနဲ့ ငါတို့က အကဲဖြတ်ရမယ်။ ငါတို့က ထောက်ပြရမယ်”
“အရှင်မင်းကြီးလို ကောင်းကင်ရဲ့ ဧကရာဇ်ကတောင် ဘောင်ကျော်လာရင် ငါတို့ကသူ့ကို အကဲဖြတ်ပေးပြီး အရှင်မင်းကြီးကို ဉာဏ်ပညာမြင့်မားတဲ့ ကောင်းကင်ရဲ့ သားတော်ဖြစ်အောင် လမ်းညွှန်ပြသပေးဖို့ လိုအပ်တယ်။ ခုံရုံးရဲ့ စည်းမျဉ်းတွေကို လက်ဆုပ်လက်ကိုင် ထားတယ်ဆိုတာက ဒုတိယအချက်ပဲ။ လောကကို မှန်ကန်အောင်လုပ်ဖို့ တိုင်းပြည်ကို ငြိမ်းချမ်းသာယာအောင် ထားဖို့က ငါတို့ရဲ့ အစစ်အမှန် တာဝန်ပဲ”
“မင်းကဒီအချက်ကို နားမလည်ဘူးဆိုရင် မင်းကအမြဲတမ်း တော်ဝင်ဆင်ဆာ တစ်ယောက်ရဲ့ အဓိပ္ပာယ်ကို နားမလည်တဲ့ အပေါ်ယံရာထူးကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်သပ်သပ်ပဲ ဖြစ်နေလိမ့်မယ်”
“အဲ့ဒီဝမ်ကလန်ရဲ့ အငယ်ဆုံးသားမှာ ဘာဘွဲ့မျှမရှိဘူး။ ဘာအဆင့်မျှလည်း မရှိဘူး။ ဒါကြောင့် တော်ဝင်ခုံရုံးရဲ့ စည်းမျဉ်းအရ သူ့ကိုရာထူးတိုးပေးလို့ မရဘူး။ ငါအိမ်မှာကြားလာတဲ့ အတိုင်းဆိုရင် ခုံရုံးက ဒီကိစ္စကို ဆွေးနွေးနေကြတယ်။ ဒါကြောင့် ဒါကလည်း ခုံရုံးကလူတွေက ထောက်ပြမဲ့ အားနည်းချက် ဖြစ်လာမယ်မှန်း ငါသိနေခဲ့တယ်။ နောက်ပြီး မင်းလိုကောင်မျိုးက ဒီနေရာမှာရှိနေတော့ တစ်ယောက်ယောက်က မင်းကိုအသုံးချမယ်မှန်း ငါသိထားပြီးသား”
“တော်ဝင်ဆင်ဆာ လူကြီးမင်းရဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့ လမ်းစဉ်မှာ အမှားကိုအမှန် ပြင်ရမယ်ဆိုတာပါတယ်။ ဝမ်ကလန်ရဲ့ အငယ်ဆုံးသားကို အပြစ်တင်လိုက်တာက တိုင်းပြည်ကို ဘာအကျိုးအမြတ်မှ မရစေဘူး။ အနှစ်ချုပ်ဆိုရရင် အဲ့ဒီကလေးက ခုံရုံးကိုတောင် အများကြီး အကျိုးပြုပေးခဲ့တာ။ နောက်ပြီးသူက ပြည်နယ်တိုင်းပြည် မဟာထန်တစ်ခုလုံးကို ဒီလောက် အကျိုးပြုပေးထားခဲ့တာကို ဘာလို့ငါတို့က တော်ဝင်ခုံရုံးရဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်နေရဦးမှာလဲ”
“ဆွေ့ရဲ့နောက်ဆုံးနှစ်တွေမှာ လူတိုင်းက ပုလ္လင်ထီးနန်းအတွက် ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြတယ်။ ဒါဆိုရင် အဲ့ဒီဘာလို့ မဟာထန်ရဲ့ ကောင်းဆူက ကျန်တဲ့လူတွေအားလုံးကို နောက်ချန်ထားခဲ့ပြီး အထက်မှာ ရပ်တည်နေနိုင်လဲသိလား။ ဘာလို့လည်းဆိုတော့ ယခုတော်ဝင်ဧကရာဇ် အရှင်မင်းကြီးက အဘက်ဘက်က တိုက်ခိုက်လာခဲ့တဲ့ တိုင်းတစ်ပါးသားရဲ့ ကျူးကျော်မှုတိုင်းကို မောင်းထုတ်ပေးနိုင်ခဲ့လို့ပဲ။ ဒါကြောင့်ပဲ လူအများစုက အရှင်မင်းကြီးကို ထောက်ခံပေးခဲ့ကြတာ”
လက်ထောက်တော်ဝင်ဆင်ဆာ လူကြီးမင်းရဲ့ ပါးစပ်မှထွက်လာသော ထိုစကားလုံးများက ခုံရုံးထဲရှိ လူတိုင်း၏ နားထဲသို့ မိုးကြိုးပစ်ထည့်လိုက်သလိုမျိုး ထုံထိုင်းသွားစေခဲ့သည်။ ခေါင်းမာသော သွမ့်ချမ်ကပင် စွံ့အသွားပြီး ပါးစပ်က အဟောင်းသားဖြစ်သွားသည်။
တော်ဝင်ဆင်ဆာလူကြီးမင်း၏ တာဝန်က တော်ဝင်ခုံရုံးမှ စည်းမျဉ်းများကို ထိန်းသိမ်းထားနိုင်ရန်ဖြစ်သည်။ ထိုအချက်ကသာ သူ၏စိတ်ထဲ အမြဲလွန်ဆွဲနေခဲ့သည်။ သို့သော် သွမ့်ချောင်၏ စကားများကမူ သွမ့်ချမ်က နားလည်ထားသမျှကို ပြောင်းပြန်လှန်ပစ်လိုက်သည်။
ဆင်ဆာလူကြီးမင်းအို၏ မျက်လုံးများက အေးစက်နေသည်။ သူက မှင်သက်နေသော ဆက်ခံသူကို အာရုံမထားတော့ချေ။
“မင်းတို့ကောင်တွေ ဒီကလေးကို ဘယ်လိုထင်ထင် ငါကရုမစိုက်ဘူး။ ငါသွမ့်ချောင်က တော်ဝင်ခုံရုံးက ဆုလဒ်တွေ ချီးမြှင့်ရမယ်လို့ ရိုးရိုးရှင်းရှင်းပဲ ထောက်ပြချင်တယ်။ ဒီကလေးက မဟာထန်အပေါ် အကျိုးပြုမှု အရမ်းများတာကြောင့် ဘယ်လူကမှ ဒီကလေးရဲ့ဆုလဒ်တွေကို ဖယ်ချဖို့ အကောက်မကြံသင့်တဲ့ အဆင့်မျိုးမှာ ရှိသင့်တယ်။ ဘယ်သူကမျှလည်း ဒီကလေးကို အကွက်ချကြံစည်ဖို့ မကြိုးစားသင့်ဘူး။ ငါကစစ်ရေးနဲ့ ဝမ်ကလန်ရဲ့ ဒီကလေးကို ထောက်ခံပေးတယ်။ ဘယ်သူကမျှ ဒီကလေးကို မထောက်ပံ့ဘူးဆိုရင်တောင်မှ မင်းတို့အားလုံး ငြင်းဆန်နေမယ်ဆိုရင်တောင်မှ ငါကတော့ ဒီကလေးဘက်ပဲ”
သူ၏နောက်ဆုံးစကားက အော်သံဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ထို့ပြင် လူတိုင်း၏ နားထဲတွင်ပင် ဟိန်းထွက်သွားသည်။
သူကသာမာန်ခုံရုံးမှ ငြင်းခုံမှုများကို စိတ်မဝင်စားသလို ဂိုဏ်းကဏ္ဍခွဲကာ တိုက်ခိုက်နေကြသော အရေးကိုလည်း အာရုံမစိုက်ချေ။ သို့သော် ထိုကလေး၏ အနာဂတ်ကံကြမ္မာကသာ ကျယ်ပြန့်သွားမည်ဆိုလျှင် ကြီးမားသော အကျိုးပြုမှုကြီးကို ဆက်တိုက် လုပ်ပေးနိုင်ပေလိမ့်မည်။ သူက လက်ရှိအချိန်တွင် မည်သည့် တရားဝင်ရာထူးမျှ မရထားသေးသောကြောင့်သာ သူ့အတွက် ဒုက္ခများစေခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် လောကမှလူတိုင်းကို စိတ်ပျက်စေနိုင်သလို အနောက်တောင်ပိုင်းမှ အန္တရာယ်ကင်းသွားသော ပြည်သူများအတွက်လည်း မတရားရာရောက်သည်။
သူက တော်ဝင်ဆင်ဆာလူကြီးမင်း ရာထူးကို အချိန်အတန်ကြာ ထိန်းသိမ်းထားနိုင်ခဲ့ပြီး မည်သည့်သဲကမျှ မျက်လုံးထဲမဝင်ခဲ့ဖူးချေ။ မည်သူကမျှလည်း ဒီလိုကိစ္စတွင် ဝင်ကာအကွက်ချ ကြံစည်ရဲသော လူတိုင်းကိုလည်း သူကအလွတ်ပေးလိမ့်မည် မဟုတ်ချေ။
“မင်းတို့အားလုံးက တော်ဝင်ခုံရုံးက တန်ဖိုးထားခံရတဲ့ အမတ်တွေပဲ။ ဒီလိုအခြေအနေမျိုးမှာ မင်းတို့ထဲက ဘယ်ကောင်ကမျှ တစ်ကိုယ်ကောင်းဆန်ပြီး ဒီကလေးကို ပြဿနာရှာမှာမဟုတ်ဘူးလို့ ယုံကြည်တယ်။ ဘုရင်ချီ မင်းဘာပြောမလဲ”
တော်ဝင်ဆင်ဆာလူကြီးမင်းအိုကြီးက ဘုရင်ချီကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။
ဘုရင်ချီဟာ ပုံမှန်အားဖြင့် မောက်မာထောင်လွှားကာ မထိလေးစား နေတတ်သူဖြစ်သလို ဆင်ဆာလူကြီးမင်းအိုကြီးကလည်း မည်သည့်အခြေအနေကြောင့်မျှ မယိမ်းယိုင်သော လူမျိုးဖြစ်သည်။ သို့သော် ဒီလိုအခြေအနေမျိုးတွင်ပင် သူက သတိလက်လွှတ် ခေါင်းလှည့်လိုက်မိပြီး ထိုဆင်ဆာလူကြီးမင်း၏ အကြည့်ကို မဆုံနိုင်တော့ချေ။
“အရှင်ကျောင်း”
“အရှင်စုန့်”
“အရှင်လီ”
တော်ဝင်ဆင်ဆာလူကြီးမင်းအို၏ အကြည့်က ရောက်နေကြသော အမတ်များထံ ရောက်သွားလျှက် တစ်ယောက်ပြီးတစ်ယောက် နာမည်ကိုခေါ်သည်။ သို့သော် မည်သူကမှ သူနှင့်အကြည့် မဆုံရဲကြချေ။ အချို့ကမူ မူလက ဝမ်ချောင်ကို ဆုလဒ်ချီးမြှင့်မည့် အရေးတွင် မသေချာဖြစ်နေရာမှ ရုတ်တရက် အသိအမှတ်ပြုသလို ဖြစ်လာကြသည်။
“ဒီလိုဆိုရင် အရှင်မင်းကြီးရဲ့ မြင့်မြတ်တဲ့ ဆုံးဖြတ်မှုကိုပဲ လက်ခံလိုက်ကြရအောင်”
ဆင်ဆာလူကြီးမင်းအိုကြီးက အရာရှိတိုင်းကို လိုက်ကြည့်ပြီးနောက် မည်သူကမျှ မတုန့်ပြန်လာကြောင်း မြင်ရမှသာ သူ၏အမူအရာက ပို၍တည်ကြည်လေးနက်သွားပြီးနောက် လိုက်ကာ၏နောက်မှ ပုံရိပ်ထံ လှမ်းကြည့်လိုက်သည်။ ခန်းမတစ်ခုလိုမျိုး ပဲ့တင်ထပ်သွားစေမည့် လေသံမျိုးဖြင့် လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီးရဲ့ မြင့်မြတ်တဲ့ အဆုံးအဖြတ်ကို တောင်းဆိုပါတယ်”
ထိုအချိန်တွင် အရာရှိတိုင်းက ခေါင်းညိမ့်လိုက်ကြသည်။ ဘုရင်ချီနှင့် ယောင်ကွမ်းရီကပဲ ဂါရဝပြုကြသည်။
လိုက်ကာနောက်မှ တိတ်ဆိတ်မှုက ကြီးစိုးသည်။ သို့သော် အချိန်တစ်ခုကြာပြီးနောက် မြင့်မြတ်ကာ အသရေတင့်ပြီး ကြီးကျယ်ခမ်းနားသည့် အသံတစ်ခုက နေ့လည်ခင်းနေမင်းလို အလွန်အမင်း တောက်ပစွာဖြင့် ခန်းမတစ်ခုလုံးအနှံ့ လွှမ်းခြုံသွားသည်။
“ကျန်းဆုံးဖြတ်လိုက်ပြီ ဝမ်ချောင်ကို အခုကစပြီး သုံးရက်နေရင် ကျင်းပမဲ့ ခုံရုံးရဲ့ညီလာခံကို တက်ရောက်စေ”
အသံကမိုးခြိမ်းသံနှင့်တူသည်။
သူတော်စင်ဧကရာဇ်က အမိန့်ကို ထုတ်ပေးလိုက်သည်နှင့် ထိုအမိန့်တော်က နန်းတွင်း၏ နံရံများကို ကျော်လွန်ပြီး ဝမ်ကလန်၏စံအိမ်ထံသို့ တန်းရောက်သွားသည်။
“အနောက်တောင်ပိုင်းမှာ မင်းလုပ်ခဲ့တဲ့ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေအရ ခုံရုံးက အရေးပါတဲ့ အမတ်တွေကို ထည့်မပြောနဲ့ဦး။ ဘုရင်ချီ ယောင်ကွမ်းရီနဲ့ abbusi တို့တောင်မှ ဝင်ပြောဖို့ အဆင်မပြေကြဘူး။ ငါနဲ့အခြားအရာရှိတွေ အတွက်ကတော့ ဘက်လိုက်သလို ဖြစ်မှာစိုးလို့ ငါတို့ဘာမှဝင်မပြောဖြစ်ခဲ့ကြဘူး။ ဒါကြောင့် တော်ဝင်ဆင်ဆာလူကြီးမင်းတွေရဲ့ ထင်မြင်ချက်ကပဲ အရေးအပါဆုံးဖြစ်ခဲ့တယ်”
“ဒီခုံရုံးရဲ့ ငြင်းခုံဖွယ်မှာ တော်ဝင်ဆင်ဆာလူကြီးမင်း သွမ့်ချောင်ကသာ မထွက်လာခဲ့ရင် အခြေအနေက ဘယ်လောက်ကြီးသွားမလဲဆိုတာ မခန့်မှန်းနိုင်သေးဘူး”
ဝမ်ကလန်၏ စံအိမ်ထဲတွင် ဝမ်ကန်းက ဖြောင့်မတ်စွာထိုင်လျှက် သူ၏တူဖြစ်သူကို ကြည့်လိုက်သည်။ ထိုသူက ရှားရှားပါးပါး ယခုမှ ကြည့်လေလေ ကြည့်ကောင်းလေလေ ဖြစ်လာပြီး သူ၏စိတ်ကို ငြိမ်းချမ်းလာစေသည်။ ယခင်က ဆိုးသွမ်းပြီး ဖြစ်ကတက်ဆန်းနိုင်ကာ ညံ့ဖျင်းနိမ့်ကျပြီး မနာခံသည့် ဝမ်ကလန်၏ ကလေးတစ်ယောက်အဖြစ်မှ ရုတ်တရက် အခြေအနေက ပြောင်းပြန်လှန်သွားပြီး တိုင်းပြည်၏ ထောက်တိုင်ကြီးတစ်ခုဖြစ်သွားပြီး ဝမ်ကလန်၏ ဂုဏ်ယူအားထားရသော မျိုးဆက်ဖြစ်သွားသည်။ ဝမ်ကန်းက ထိုသို့သော အခြေအနေ အပြောင်းအလဲကို ဘယ်သောအခါမှ မတွေးထားခဲ့မိဘူးချေ။
အခန်း(၆၄၈)
ဝမ်ကန်း၏ ဖခင်မျိုးဆက်က တစ်လောကလုံး၏ ချီးကျူးမှုများကို ပျော်ရွှင်ခံစားခဲ့ရသည်။ သူ၏ဖခင်က မဟာထန်၏ အမတ်ကျို့အဖြစ် ချီးကျူးခံခဲ့ရပြီး တစ်ဖက်သူကို သူတော်စင် အမတ်ကြီးဟုပင် ခေါ်ဆိုခဲ့ကြသည်။ ဝမ်ကန်း၏ ဝမ်ရန်တို့၏ မျိုးဆက်တွင် နေကမြစ်ထဲသို့ ဝင်ရောက်သွားသလိုမျိုး သူတို့၏ ဖခင်က မျက်စိကျိန်းမတက် တောက်ပစွာ လုပ်ဆောင်မှုများကို မယှဉ်နိုင်တော့ချေ။
ထိုအခြေအနေက ဝမ်ကန်း၏နှလုံးသားထဲတွင် နက်ရှိုင်းလွန်းသော နာကျင်မှုတစ်ရပ် ဖြစ်နေခဲ့သည်။ သို့တိုင်အောင် လက်ရှိအချိန်တွင် ဝမ်ကလန်က နောက်ဆုံးတွင် ဝမ်ချောင်ကို ပွဲထုတ်ပေးနိုင်ခဲ့သည်။
အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဝမ်ချောင်၏ ခန္ဓာကိုယ်က ကောင်းကင်သို့တိုင် ရောက်ရှိသွားခဲ့သည့် အလင်းတန်းကို ထုတ်လွှတ်ပေးနိုင်ခဲ့သည်။ ဝမ်ကန်းကပင် သူ့ကိုတိုက်ရိုက် မကြည့်ရဲခဲ့သလို မယုံကြည်နိုင်သေးချေ။
အချိန်အတန်ကြာပြီးနောက် ဝမ်ကန်းက နောက်ဆုံးတွင် အသိပြန်ဝင်လာသလို ဖြစ်လာသည်။
“တော်ဝင်ဆင်ဆာလူကြီးမင်းသွမ့်”
ဝမ်ချောင်က သူအိပ်ပျော်နေချိန် အတောအတွင်း ကိစ္စပေါင်းများစွာ ဖြစ်သွားခဲ့မည်ဟု မထင်ထားမိချေ။ ဝမ်ချောင်ကလည်း သူ့ဘက်မှ ခုခံပေးခဲ့သည့် ထိုတော်ဝင်ဆင်ဆာလူကြီးမင်း သွမ့်ချောင်အကြောင်းကို အနည်းငယ်သိထားသည်။
သူက မြို့တော်ရှိ သွမ့်ကလန်မှ ခေါင်းဆောင်ဖြစ်သလို တော်ဝင်ဆင်ဆာလူကြီးမင်းများစွာကို ပိုင်ဆိုင်ထားသည့် ကလန်ကြီးတစ်ခု၏ ခေါင်းဆောင်ဟုလည်း သိထားကြလေသည်။ သူ၏ကျော်ကြားမှုက အလွန်အမင်း မြင့်မားသည်။
ဝမ်ချောင်က မှတ်မိပါသေးသည်။ သူ၏ယခင်ဘဝတွင် သွမ့်ချောင်က လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အနားယူသွားပြီးသည့်တိုင်အောင် အချို့သော ကိစ္စများထဲတွင် ဝင်ရောက်စွက်ဖက်ခြင်းမျိုးပင် မလုပ်ဖြစ်တော့ချေ။ သို့သော် ဒီဘဝတွင်မူ သူကဝမ်ချောင်အတွက် ခုံရုံးသို့ပင် အပြေးလာခဲ့ပြီး ဘုရင်ချီနှင့် အခြားသောအမတ်များနှင့် ငြင်းခုံပေးခဲ့သည်။
“ဒါကြောင့် အချိန်ရှိရင် ဒီတူက သူ့ကိုကိုယ်တိုင်ကိုယ်ကျသွားပြီး ကျေးဇူးတင်လိုက်ပါ့မယ်”
ဝမ်ချောင်ကပြောသည်။
“မလိုဘူး”
ဝမ်ချောင်ကို အံ့သြစေသည်မှာ ဝမ်ကန်းကခေါင်းခါကာ ငြင်းဆန်လာခြင်းဖြစ်သည်။ သူက လက်ဖက်ရည်ကို တစ်ငုံသောက်ပြီးနောက်တွင် တဖြည်းဖြည်းချင်း ပြန်ရှင်းပြသည်။
“တော်ဝင်ဆင်ဆာလူကြီးမင်းက ဖြောင့်မတ်မှန်ကန်တဲ့ အမတ်ပဲ။ ဒါကြောင့်ပဲ သွမ့်ကလန်က တော်ဝင်ဆင်ဆာလူကြီးမင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ကလန်လို့ လူသိများနေတာပေါ့။ အရင်ဧကရာဇ်က သူ့ကို သံမဏိတံဆိပ်ပြားတစ်ခု ချီးမြှင့်ခဲ့တယ်။ ဒါကိုရွှေရောင်တံဆိပ်တော်လို့လည်း သိကြတယ်။ ဒါ့အပြင် တော်ဝင်ဆင်ဆာလူကြီးမင်းအိုကြီးက ကိစ္စတွေကို စည်းမျဉ်းစည်းကမ်းအရပဲ လုပ်ဆောင်ခဲ့ပြီး ဘက်လိုက်ပြီး လုပ်ဆောင်ခဲ့တာမျိုး မရှိဘူး။ ဒီတစ်ကြိမ်က မင်းကိုမျက်နှာသာပေးတယ် ဆိုတာကလည်း တိုင်းပြည်အတွက် အကျိုးကျေးဇူး ရရှိစေခဲ့လို့ပဲ။ ဒါကြောင့်သူက ခုံရုံးကိုဝင်ရောက်ပြီး သူ့ရဲ့ဆက်ခံသူနဲ့တောင် ငြင်းဆိုဆုံးမပေးခဲ့တယ်။ သူကမင်းကို ပြင်းပြင်းထန်ထန် ထောက်ခံပေးပြီး ထောက်ပံ့ပေးခဲ့တယ်”
“မင်းကသာ သူ့ဆီသွားလည်ပြီး ကျေးဇူးတင်လိုက်မယ်ဆို တော်ဝင်ဆင်ဆာလူကြီးမင်းက သူ့ဆက်ခံသူကို ချက်ချင်းလိုလို ပြန်ငြင်းပြီး သူတော်စင်ဧကရာဇ်ကိုတောင် မင်းကို အပြစ်ပေးခိုင်းလိမ့်ဦးမယ်။ မင်းသူနဲ့တွေ့ချင်ရင်တောင်မှ ဒီလိုတော့ မဖြစ်နိုင်ဘူး။ တော်ဝင်ဆင်ဆာလူကြီးမင်းက သူ့ရဲ့ဂိတ်တံခါးကို ပိတ်ထားလိုက်ပြီ။ ဘယ်ဧည့်သည်ကိုမှ လက်မခံတော့ဘူး။ သူကကိုယ်တိုင်က်ိုယ်ကျ ထွက်မလာရင် ဘယ်သူကမှသူ့ကို တွေ့နိုင်မှာမဟုတ်ဘူး”
ဝမ်ကန်းက မုတ်ဆိတ်ကိုပွတ်လျှက် ရယ်သည်။
ဝမ်ချောင်ကလည်း မှင်သက်သွားသည်။ သူ၏နှလုံးသားထဲတွင်လည်း လေးစားမှုများက ပြည့်နှက်လာသည်။
တော်ဝင်ဆင်ဆာလူကြီးမင်းက အလွန်အမင်း ရိုးသားသော အရာရှိတစ်ယောက်ဖြစ်သည်။ ဒီလိုအခြေအနေမျိုးတွင် သူ့ကို ကျေးဇူးတင်ရန်ပင် အားအင်မဲ့ရလေသည်။
“အမျိုးသားတွေကြားက ရင်းနှီးမှုက ချိုမြိန်တဲ့ဝိုင်လိုပဲ။ အမျိုးကောင်းသားတွေကတော့ အရသာမဲ့တဲ့ ရေလိုပေါ့။ ဒီဆင်ဆာလူကြီးမင်းအိုက ဧည့်သည်တွေ့ခွင့် မပြုထားမှတော့ ကျွန်တော် ကျေးဇူးတင်ကြောင်းပြဖို့ စာပဲရေးပို့ပါတော့မယ်”
ဝမ်ချောင်ကပြောသည်။
“အင်း ဒါကလက်ခံနိုင်တယ်”
ဝမ်ကန်းက တခဏခန့် တွေးတောပြီးနောက် ထိုအကြံကို လက်ခံလိုက်သည်။ ခုံရုံးတွင် ဆင်ဆာလူကြီးမင်းအိုကြီးက အကျိုးအကြောင်းများ ထောက်ပြကာ ငြင်းခုံသွားခဲ့ခြင်းဖြစ်သည်။ သူ့ကို ကျေးဇူးတင်ကြောင်း စာပို့ခြင်းအားဖြင့် ဝမ်ချောင်က ထိုစာမှတစ်ဆင့် သူနှင့်ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မည်ဖြစ်ပြီး အချိန်ကာလမဲ့သည့် ရင်းနှီးမှုတစ်ခုကို တည်ဆောက်နိုင်ပေလိမ့်မည်။
“ဟုတ်တယ် အရှင်မင်းကြီးက မင်းကို ဒီနေ့ကစပြီး သုံးရက်နေရင် ကျင်းပမဲ့ ညီလာခံကိုတက်ဖို့ ဆင့်ခေါ်ထားတယ်။ ခုံရုံးက အရာရှိတိုင်း အမတ်တိုင်းကို မျက်မြင်သက်သေအဖြစ်ထားပြီး ဒီပွဲကို ကျင်းပမှာဖြစ်လို့ မင်းသတိလက်လွတ် လုပ်လို့မရဘူး။ မဟုတ်ရင် ဒါက မင်းရမဲ့ဆုအပေါ် သက်ရောက်သွားနိုင်တယ်။ ဒါမှမဟုတ် ဆုရပြီးရင်တောင်မှ အရာရှိတွေရဲ့ အကဲဖြတ်တာကိုခံရပြီး အခြေအနေ ပြောင်းလဲသွားနိုင်သေးတယ်။ ဒီလိုဆိုရင် အနာဂတ် လုပ်ဆောင်မှုတွေအတွက် အကျိုးမဲ့သွားနိုင်တယ်”
ဝမ်ကန်းက တည်တင်းစွာပြောသည်။
ဝမ်ချောင်ရမည့်ဆုက မည်မျှကြီးလေးမည်ဖြစ်ကြောင်း သိနိုင်သည်။ သူတော်စင်ဧကရာဇ် ကိုယ်တိုင်က ဆုကိုချီးမြှင့်မည်ဖြစ်သည်။ ထို့ကြောင့် မတူသော အဆင့်တစ်ခု ရရှိသွားသည်။ ကောင်းကင်၏ သားတော်မှ မျက်နှာသာပေးခံရသော အခြေအနေက အမြင့်ဆုံးရရှိနိုင်သည့် ဂုဏ်အဆင့်အတန်းလည်းဖြစ်သည်။
“ငါမင်းအတွက် လူစီစဉ်သွားပြီ။ အချိန်ကျလာတဲ့အခါ သူကမင်းလုပ်သင့်တာ အားလုံးကို ပြောပြပေးလိမ့်မယ်။ ဒါကြောင့် သူပြောတဲ့အတိုင်း သတိကြီးကြီးထားပြီး လုပ်ရင်ရပြီ။ ဒီကိစ္စကို ပေါ့သေးသေးမမှတ်နဲ့”
“ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်။ ဘုရင်စုန့်က ကျွန်တော်အတွက်လည်း လူကြိုပြီး စီစဉ်ထားပေးပြီးပါပြီ”
ဝမ်ချောင်က ဖျော့တော့စွာပြုံးလျှက် ပြောလိုက်သည်။
ထိုနယ်ပယ်တွင် ဘုရင်စုန့်က ပို၍မြင်နိုင်စွမ်းအားရှိသည်။ သူက မြို့တော်တွင် မရှိသော်လည်း ဝမ်ချောင်အတွက် ကိစ္စပေါင်းများစွာကို စီစဉ်ထားပေးပြီးလေရာ သူကစိုးရိမ်ရန် မလိုအပ်ချေ။
“အိုး ဒါဆိုရင် ပိုကောင်းတာပေါ့”
ဝမ်ကန်း၏မျက်ဝန်းအတွင်း ထူးဆန်းသောအလင်းက လက်သွားလျှက် ခေါင်းညိမ့်ကာ ပြောလိုက်သည်။
သံတမန်ကျင့်ဝတ်များကဲ့သို့ သေးငယ်သော ကိစ္စများက ခုံရုံးမှ ပရိတ်သတ်များ၏ ကြည့်ရှု့မှုအောက်တွင် ရှိနေမည်ဖြစ်လေရာ သူ့အနေဖြင့် ဘုရင်စုန့်၏ ကြိုတင်မဆွေးနွေးနိုင်ခဲ့ချေ။ ဘုရင်စုန့်ကသာ စီစဉ်ထားပြီးဆိုလျှင် အရာအားလုံးက အဆင်ပြေပေလိမ့်မည်။
ဝမ်ကန်းက ဝမ်ကလန်၏ စံအိမ်တော်မှ ခပ်မြန်မြန်ထွက်သွားသည်။
သူထွက်သွားပြီး သိပ်မကြာခင် ဝမ်ချောင်က ဘုရင်စုန့်က ပြောထားပြီးသားဖြစ်သည့် ဘုရင့်အိမ်တော်ဝန် လက်အောက်မှ အရာရှိအိုကြီးတစ်ယောက်ကို ခေါ်လာရန် လူတစ်ယောက်လွှတ်ကာ အမိန့်ထုတ်လိုက်သည်။ နောက်ရက်အနည်းငယ်အတွင်း ဝမ်ချောင်က သူ၏စံအိမ်တော်တွင်သာ တစ်ချိန်လုံးနေပြီး ထိုနေ့အတွက် ဆုလဒ်ရယူရာတွင် လုပ်ဆောင်ရမည့် ဓလေ့ထုံးတမ်းများ အားလုံးကို လေ့လာနေခဲ့သည်။
ဝမ်ချောင်ပြန်လာခဲ့ပြီးနောက် ရက်အနည်းငယ် ကုန်လွန်သွားခဲ့ပြီဖြစ်သော်လည်း မြို့တော်ရှိ အောင်ပွဲခံသော ဖြစ်ရပ်များက ပို၍ပင် ပြင်းထန်လာခဲ့သေးသည်။
လမ်းတိုင်းရှိ လက်ဖက်ရည်စံအိမ်ကြီးများ တည်းခိုအိမ်များတွင် လူတိုင်းက မဟာထန်မှ လူငယ်သူရဲကောင်းအကြောင်း ပြောဆိုနေကြသေးသည်။ ခုံရုံးမှ ငြင်းခုံမှုများနှင့် ဝမ်ကလန်နှင့် ဘုရင်ချီ ယောင်ကလန်တို့ကြားမှ အငြိုးအတေးများကလည်း လူပြောစရာဖြစ်လာသည်။
ဝမ်ချောင်၏ အတိတ်နှင့် ပတ်သတ်သော သတင်းအချက်အလက် အနည်းငယ်ကပင် ပါဝင်လေသည်။ ထို့ပြင် သူက သာမာန်မိန်းကလေးတစ်ယောက်ကို မည်သို့ပိုးပန်းခဲ့သည် စသည့်ကိစ္စများကလည်း ပါဝင်သည်။ သူ၏ ယခင်ကဆိုးရွားသော အတိတ်များက ဝမ်ချောင်က တမင်အချိန်ယူကာ သူ၏ထက်ရှမှုကို ဖုံးကွယ်ထားခြင်းဟု ယူဆနေကြသည်။
ဝမ်ချောင်က သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ မာန်ရှဲ့ကျောင်းမှ ဗိုလ်ချုပ်တိုင်းနှင့် ပြောင်မြောက်စွာ တိုက်ခိုက်ခဲ့သည့် တိုက်ပွဲမှ အခြေအနေအရ သူကမည်မျှ ထူးချွန်ကြောင်း ပြသခဲ့ပြီဖြစ်ပြီး သူ၏လုပ်ဆောင်ခဲ့သည့် အသေးစိတ် အချက်အလက်တိုင်းကိုလည်း တဆင့်စကား တဆင့်နားဖြင့် တစ်မြို့တော်လုံးမှ ပုံပြောသူများက ပြန်လည်ချဲ့ကား ပြောနေကြပြီဖြစ်သည်။
ထိုပုံပြောသူများ၏ ပါးစပ်မှတစ်ဆင့် ဝမ်ချောင်က စစ်သည်တော် တစ်ထောင် တစ်သောင်းကို လက်တစ်ဖက်တည်းဖြင့် တားဆီးနိုင်သည့် ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီး ဖြစ်လာသည်။ သူက ကျောက်သားကိုပင် ရွှေအတိပြီးအောင် လုပ်နိုင်မည်ဟု ဆိုကြသည်။
သို့သော် ဒဏ္ဍာရီများအကြောင်းကို ဆွေးနွေးကြချိန်တွင် လူတိုင်းက အကြောင်းအရာတစ်ခုတည်းသို့သာ ဦးတည်သွားကြသည်။ ထိုအရာက ဝမ်ချောင်၏ ဆုလဒ်ဖြစ်သည်။ မြို့တော်အတွင်းရှိ ပြည်ပသံတမန်များနှင့် ဟူကုန်သည်များကပင် ဆွေးနွေးဝိုင်းထဲသို့ ဝင်ရောက်ခဲ့သည့်တိုင်အောင် သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို မည်သို့သောဆုလဒ် ချီးမြှင့်မည်ဖြစ်ကြောင်း မသိနိုင်ကြသေးချေ။
“ငါသာဆိုရင် သခင်လေးချောင်ကို အရမ်းကို မြောက်များတဲ့ ဆုလဒ်တွေ ချီးမြှင့်လိုက်မှာပဲ။ အနည်းဆုံးသူက ဗိုလ်ချုပ်အဆင့်တော့ ရသင့်တယ်”
“ဟမ့် ဗိုလ်ချုပ်က ဘာဟုတ်သေးလို့လဲ။ ငါ့ရဲ့အမြင်မှာတော့သူက မြင့်မြတ်တဲ့ အထက်တန်းလွှာပဲ ဖြစ်သင့်တာ။ အထက်တန်းလွှာ ဂုဏ်ပုဒ်က လူတိုင်းလက်ခံနိုင်တယ်”
“ဒါပေမဲ့ တော်ဝင်ခုံရုံးက အထက်တန်းလွှာ ဂုဏ်ပုဒ်ကို မချီးမြှင့်တာ ဘယ်လောက်ကြာပြီလဲ။ ဒီတော့ ဒီဘွဲ့ချီးမြှင့်ဖို့က မလွယ်ကူနိုင်ဘူး။ နောက်ပြီး ဘာသာရေးရာ ရုံးတော်က မြို့စားဘွဲ့ချီးမြှင့်ဖို့ အရေးကိုတောင် ခဏခဏပယ်ချနေခဲ့တာ မဟုတ်လား”
“ဟား ဟား ဒါက အချို့လူနည်းစုတွေပေါ့။ ဒါပေမဲ့ သူကတော့ မတူတော့ဘူးလေ။ သခင်လေးဝမ်ရဲ့ အလဲထိုးနိုင်ခဲ့တဲ့ ဖြစ်ရပ်က သာမာန်လူတွေလုပ်နိုင်တဲ့ ဖြစ်ရပ်မျိုးမှမဟုတ်တာ။ သခင်လေးကို အထက်တန်းလွှာဘွဲ့ပဲ ပေးမယ်ဆိုရင်တောင်မှ အရှင်မင်းကြီးက မျက်နှာသာပေးကြောင်း ပြသဖို့ မလုံလောက်သေးဘူး။ ျဟုတ်သားပဲ အရှင်မင်းကြီးက အထက်တန်းလွှာဘွဲ့သာ ပေးမယ်ဆိုရင် ဘာဘွဲ့ဖြစ်လောက်မယ်ထင်လဲ”
“ငါ့ရဲ့အမြင်တော့ အနည်းဆုံး မြို့စားဘွဲ့ပဲ”
“မြို့စားဘွဲ့က ဘယ်လိုများ လုံလောက်မှာလဲ။ အနည်းဆုံး ဒီထက်ပိုအဆင့်မြင့်ရဦးမှာပေါ့။ ခုံရုံးက အရေးကြီးတဲ့ အရာရှိတွေနဲ့ညီတဲ့ ဘွဲ့ထူးဖြစ်ရင်ပိုကောင်းတယ်”
ထိုစကားပြောခန်းများက မြို့တော်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေခဲ့သည်။ မဟာထန် တည်ထောင်ပြီးချိန်ကတည်းက ဆုလဒ်များကို ထိုသို့ ခပ်ကြမ်းကြမ်း ချီးမြှင့်ခဲသည်။ သို့သော် အချိန်ကြာလာသောအခါ အထက်တန်းလွှာဘွဲ့များကို ချီးမြှင့်ရာတွင် ခက်ခဲသထက် ခက်ခဲလာသည်။ လက်ရှိအစိုးရတွင် ထိုဘွဲ့ထူးများကို အလွန်အမင်း ဆင်ခြင်ချင့်ချိန်ပြီးမှသာ ချီးမြှင့်လေ့ရှိကြသည်။ ပထမအဆင့် အရာရှိပေါင်း များစွာက မြို့စားဘွဲ့နှင့်သာ ညီမျှနေသေးသည်။ ထို့ကြောင့် မြို့တော်တွင် ထိုမြို့စားဆိုသောဘွဲ့က မမြင်ရသည့် စည်းဘောင်တစ်ခုကဲ့သို့ ဖြစ်လာသည်။ မြို့စားအောက် အဆင့်ဘွဲ့တိုင်းကို ရလွယ်သော်လည်း အထက်အဆင့် ဘွဲ့များကမူ အလွန်အမင်း ခက်ခဲပြီး ရာစုနှစ်အနည်းငယ် ကျော်လွန်ခဲ့ပြီးသည့်တိုင်အောင် မည်သူမျှ မရရှိတော့သည်အထိ ဖြစ်လာသည်။
ဝမ်ချောင်ကရရှိမည့် ဆုလဒ်နှင့်ပတ်သတ်ပြီး ဆွေးနွေးသောကိစ္စများက ကြီးသထက်ကြီးလာသည်။ သူ့ကို မြို့စားဘွဲ့ပေးရုံက မလုံလောက်ဟု အများကဆိုကြသည်။ သို့သော် ထိုထက်မြင့်သွားလျှင်လည်း မလွယ်ကူနိုင်ကြောင်း အားလုံးက သိနေကြပြန်သည်။ ရုံးတော်ကလည်း မြို့စားဘွဲ့ကိုပင် ငြင်းဆန်ပယ်ချလောက်သည်။
ထိုသို့ဖြင့် မျက်တောင်တစ်ခတ်အတွင်း တစ်ရက်က ကုန်လွန်သွားသည်။ ဝမ်ချောင်က သူတော်စင်ဧကရာဇ်ကို ဝင်တွေ့ရမည့်ရက်က နီးကပ်လာသည်။ မြို့တော်၏ စိတ်လှုပ်ရှားမှုများကလည်း အထွတ်အထိပ်ထိ ရောက်ရှိလာသည်။
ဘုန်း
ဂိတ်တံခါးက ပွင့်သွားပြီး ဝမ်ချောင်က ဝမ်ကလန်၏စံအိမ်ထဲမှထွက်သည်။ သူက တောက်ပနီရဲသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ဦးထုတ်ဆောင်းထားသည်။ လူအုပ်က အောင်ပွဲခံသံအပြည့်ဖြင့် ချက်ချင်းလိုလို အော်ဟစ်ကြသည်။
“ဝမ်ချောင် ဝမ်ချောင် ဝမ်ချောင်”
မြို့တော်ရှိ မရေမတွက်နိုင်သော လူပေါင်းများစွာက ဝမ်ကလန်၏ ဂိတ်အပြင်ဘက်သို့ စုရုံးရောက်ရှိနေကြသည်။ အမျိုးသား၊ အမျိုးသမီး၊ လူအိုကြီး၊ လူငယ်၊ ကုန်သည်၊ အစေခံ စသဖြင့် လူတိုင်းက သူတို့၏မျက်နှာများ နီရဲလာသည်အထိ အသားကုန် အော်ဟစ်ကြသည်။
စိတ်လှုပ်ရှားနေသော လူအုပ်ကို မြင်သောအခါ ဝမ်ကလန်မှ အစေခံများနှင့် ကျွန်များကပင် စိတ်လှုပ်ရှားလာကြသည်။
ဝမ်ကလန်မှ အစေခံများ၊ ကျွန်များနှင့် မတူညီသည်မှာ ပိုင်စစ်လင်၊ ကျောင်းရထုံနှင့် ဟွမ်ချမ်းအာတို့၏ အကြည့်က ဝမ်ချောင်ထံတွင်သာ ရှိနေခြင်းဖြစ်သည်။ မိတ်ဆွေများဖြစ်သည့်အလျောက် ထိုသုံးယောက်က မနက်ပိုင်းအစောကတည်းက ဝမ်ကလန်သို့လာရောက်ကာ ဝမ်ချောင်ကို သူတော်စင်ဧကရာဇ်ထံမှ ဆုလဒ်သွားယူမည့် လမ်းတွင် လိုက်ပါပို့ဆောင်ကြမည်ဖြစ်သည်။
ဒါကသူတို့၏ ပထမဦးဆုံး တွေ့ကြုံခြင်း မဟုတ်သော်လည်း ဝမ်ချောင်၏ ဓားကဲ့သို့ ထက်ရှသည့် မျက်ခုံး၊ တောက်ပသောမျက်ဝန်း၊ ဖြောင့်မတ်မှန်ကန်သောသဏ္ဍန်နှင့် နီရဲနေသောဝတ်စုံတို့ ပေါင်းစပ်ထားသော ပုံစံက သူကအလွန်အမင်း ကျော့ရှင်းကြည့်ကောင်းပြီး ခမ်းနားသောလူအဖြစ် ပို၍မြင်မိသွားသည်။ ထိုသို့ဖြင့် သုံးယောက်လုံး၏ မျက်ဝန်းက တောက်ပသွားကြသည်။
တိုက်ပွဲနယ်မြေတွင်ရှိသော ဝမ်ချောင်နှင့် ယခုကဲ့သို့ နီရဲသော ဝတ်စုံကိုဝတ်ထားသော ဝမ်ချောင်က မတူသော ခံစားချက်မျိုးကိုပေးသည်။ တိုက်ပွဲနယ်မြေမှ ဝမ်ချောင်က ပြိုင်ဘက်ကင်းသည့် စစ်နတ်ဘုရားဖြစ်ပြီး သူတို့ရှေ့ရှိ လက်ရှိဝမ်ချောင်က သူ၏သူရဲကောင်းဆန်မှုကို အပြည့်အဝ ဖုံးကွယ်ထားပြီး သူ၏ထက်ရှသော အသွားကိုလည်း သိမ်းထားသည်။ ဒီနည်းအားဖြင့် သူကပညာတတ် စာသင်သား တစ်ယောက်နှင့်သာ တူတော့သည်။
ခြားနားသော ခံစားချက်ဖြစ်သည့်တိုင်အောင် ဒါကပို၍ပင် ဆွဲဆောင်မှုပြင်းသေးသည်။
ပိုင်စစ်လင်က ဝမ်ချောင်ကိုကြည့်ပြီး မယဉ်ကျေးသော အသုံးအနှုံးဖြင့် သုံးကာပြောလိုက်သည်။
“ဒီလမ်းပေါ်တွေက ကြုံရာကောင်မလေးတွေကို သွားကြည့်မနေနဲ့။ မဟုတ်ရင်တော့ နင့်မျက်လုံးတွေ ဖောက်ထုတ်ခံရလိမ့်မယ်”
ဘန်း
ကျောင်းရထုံက မည်သည့်စကားမျှ မပြောသော်လည်း သူမ၏မျက်နှာက ရေခဲကဲ့သို့ အေးစက်နေသည်။ သူမက အနီရောင်အမွှေးဖွားများပါသော လှံကို တစ်ချက်ယမ်းလိုက်ပြီးနောက် ဝမ်ကလန်၏ ဂိတ်အနားရှိ မြေပြင်ထဲသို့ ခပ်ပြင်းပြင်း ထိုးစိုက်လိုက်သည်။ ထိုသို့ဖြင့် ခလွပ် ခလွပ် အသံများက ထွက်ပေါ်လာသည်။ ထိုနေရာရှိ ကျောက်တုံးများကပင် လေထဲသို့လွင့်ထွက်ကာ အမှုန်များအဖြစ် ပြောင်းလဲသွားသည်။
ဟွမ်ချမ်အာကလည်း တိတ်ဆိတ်နေသည်။ သို့သော် သူမ၏မျက်နှာတွင် မည်သည့်ခံစားချက်ကိုမျှ ဖော်ပြထားခြင်း မရှိသည့်တိုင်အောင် ကျောဘက်တွင်ရှိသော ငွေရောင်ဓားကမူ ထွက်လာတော့မတက် တစီစီအသံကို ထုတ်လွှတ်နေသည်။
“မင်းတို့အားလုံး ရှိနေတာ။ ငါဘယ်သူ့ကို သွားရှုပ်ရဲမှာလဲ”
ဝမ်ချောင်ကရယ်သည်။
“လုံလောက်ပြီချောင်အာ သွားဖို့အချိန်ကျပြီ။ အရှင်မင်းကြီးကို တွေ့ဖို့အရေး နောက်မကျစေနဲ့”
အနောက်မှထွက်လာသော သခင်မဝမ်က ပြုံးလျှက်ပြောလိုက်သည်။ သူမက တစ်ချိန်က မိန်းကလေးတစ်ယောက် ဘဝမှ တက်လာရခြင်းဖြစ်လေရာ ထိုသုံးယောက်၏ အတွေးကို နားလည်လေသည်။
ခြိမ်း
လမ်းဘေးဘက်တွင် ရပ်ထားသော ခမ်းနားသည့် ရထားလုံးကို ဘာသာရေးရုံးတော်မှ လွှတ်လိုက်ခြင်းဖြစ်သည်။ ဝမ်ချောင်က ရထားလုံးထဲသို့ ဝင်လိုက်ပြီးနောက် တော်ဝင်နန်းတော်သို့သွားသော ခရီးလမ်းကစတင်လေပြီ။
(၁၅)မိနစ်ခန့်ကြာပြီးနောက် ဝမ်ချောင်က နောက်ဆုံးတွင် ရောက်သွားသည်။ ဒါကသူ့အနေဖြင့် ပထမဦးဆုံးအကြိမ် နန်းတွင်သို့ ဝင်ရောက်ခြင်းမဟုတ်ချေ။ သို့သော် ခံစားချက်ကမူ ခြားနားနေသည်။
ရွှေရောင်မြို့ရိုးများက မြင့်မားကာ ခမ်းနားလွန်းသည်။ တော်ဝင်စစ်တပ်မှ စစ်သည်တော်များနှင့် နန်းတွင်းအစောင့်များ အားလုံးက မြို့ရိုး၏ အခြေစိုက်စခန်းနားတွင် မားမတ်စွာ ရပ်နေကြသည်။ သူတို့၏ သံချပ်ကာများကလည်း တောက်ပနေကြသည်။ ပုံမှန်နှင့်မတူ ခြားနားသည်မှာ သူတို့၏ ဘယ်ဘက်နှင့်ညာဘက် ပုခုံးများတွင် အောင်ပွဲခံသော အထိန်းအမှတ်အနေဖြင့် အနီရောင်ကြိုးများကို ချည်ထားကြခြင်းဖြစ်သည်။
ရုံးတော်မှ အရာရှိပေါင်းများစွာက ထိုတော်ဝင်စစ်သည်တော်များနှင့် အစောင့်များကြားတွင် ရှိနေသည်။
ထိုမျှခမ်းနားသော လူအုပ်က သာမာန်မဟုတ်ချေ။ လူတိုင်းကလည်း သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို သဘောထားကြီးစွာဖြင့် ဆုလဒ်ပေါင်းများစွာ ချီးမြှင့်တော့မည်မှန်း သိနေကြသည်။ ထိုကြောင့် ယခုလို တခမ်းတနား ကြိုဆိုခြင်းဖြစ်သည်။ ရထားလုံးက အရှေ့ဘက်ဂိတ်ကို ကျော်ဖြတ်ပြီးနောက် အတွင်းဘက်ဂိတ် ကိုးဂိတ်လုံးကို ကျော်ဖြတ်ပြီးမှသာ နောက်ဆုံးတွင် ရပ်တန့်သွားသည်။
ဝမ်ချောင်က ရထားလုံးထဲမှ ဆင်းလိုက်ပြီးနောက် ရွှေရောင်နန်းတော်ဂိတ်က သူ့ကိုကြိုဆိုသည်။ ရုံးတော်မှ အရာရှိနှစ်ယောက်က သွေးနီရောင် တောက်ပသော အခန်းအနားပွဲလာဝတ်စုံကို ဝတ်ဆင်ထားလျှက် ဘယ်ညာတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြသည်။ သူတို့ခေါင်းကို အနည်းငယ် ငုံ့နေကြသည်။
သူတို့က စိုးရိမ်စိတ် ကင်းမဲ့စွာဖြင့် ရှိနေသော်လည်း ဝမ်ချောင်ကမူ ထိုနှစ်ယောက်ကသူ့ကို ထောက်လှမ်းနေကြောင်း သိနိုင်သည်။ ဘုရင်စုန့်က ပြောသည်မှာ မှန်ကန်သည်။ ဝမ်ချောင်က ပြုံးရုံသာပြုံးလိုက်ပြီး မည်သည့်စကားမျှ မဆိုတော့ချေ။
မျက်လုံးပေါင်းများစွာက သူ့ကိုကြည့်နေကြသည်။ ဒီအခမ်းအနားပွဲတွင် သူ၏ခြေလှမ်းတိုင်း လှုပ်ရှားမှုတိုင်းက မျက်စိဒေါက်ထောက် အကြည့်ခံနေရမည်ဖြစ်သည်။ အနည်းငယ်သော သံတမန်ရေးရာကိစ္စတွင် မှားယွင်းသွားသော အခြေအနေကပင် မှတ်သားခံရပြီး နောက်ပိုင်းတွင် အကဲဖြတ်ခံရဦးမည်ဖြစ်သည်။
ဒီလို ပထမဦးဆုံး တွေ့ဆုံမှုတွင် အရာရှိပေါင်းများစွာက ထိုအချက်ကို မသိထားကြဘဲ ရုံးတော်၏ တိုက်ခိုက်ခံရပြီးနောက် နောက်ဆုံးတွင် အဆုံးသတ်သွားကြရသည်။
ဝမ်ချောင်ကမူ ဘုရင့်အိမ်တော်ဝန် လက်အောက်ခံ အရာရှိအိုကြီး တစ်ယောက်ထံမှ အရာအားလုံးကို သင်ကြားလေ့လာပြီးသားဖြစ်လေရာ ထိုအချက်အလက်များကို ကရုစိုက်ရန် မလိုအပ်ချေ။
အခန်း(၆၄၉)
ရုတ်တရက် နန်းတွင်၏ အနောက်တံခါးဘက်မှ စူးရှသောအော်သံ ထွက်ပေါ်လာသည်။
“သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို ရှေ့တော်မှောက် ဝင်ရောက်ခစားဖို့ အမိန့်ထုတ်လိုက်တယ်”
ဝုန်း
ဂိတ်တံခါးကြီးက ဝုန်းကနဲ ပွင့်သွားချိန်တွင် အလံများကလည်း ပြေသွားသည်။ အနီရောင်အမွှေးပွများပါသည့် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် တော်ဝင်အစောင့်များက ဂိတ်ဝမှစတင်ပြီး နန်းတွင်း အတွင်းပိုင်းအထိ တောက်လျှောက်စီတန်းလျှက် လမ်းဖယ်ပေးထားကြသည်။
တစ်ချက်ကြည့်ရုံဖြင့် ထိုအစောင့်များ၏ အတန်းရှည်က မည်မျှအထိ ရှည်နေမည်ဖြစ်ကြာင်း ဝမ်ချောင်ကပင် ပြောနိုင်သည်။
ခလွပ်
ကြာပွတ်မှ ကွဲအက်သံနှင့်အတူ ပိုးသားဝတ်စုံကို ဝတ်ဆင်ထားသည့် အဖြူရောင်ဆံပင်နှင့် မိန်းမဆိုးက ကျောက်စိမ်းဖြူ တော်ဝင်လှေကားထစ် အရင်းနားတွင်ရပ်လျှက် စူးရှစွာလှမ်းအော်သည်။
“ဝမ်ချောင်က အရှင်မင်းကြီးကို ခစားဖို့ရောက်ရှိလာပါပြီ”
ဂိတ်မှစတင်ပြီး နန်းတွင်းအနက်ရှိုင်းဆုံးနေရာထိ ထိုစူးရှသောအသံက ဆက်တိုက် ဝင်ရောက်သွားသည်။ ထို့နောက် အတွင်းမှာလည်း နောက်ထပ်ဆက်တိုက် အော်ဟစ်သံများကို ကြားရပြန်သည်။
ဝမ်ချောင်က သူ၏အခမ်းအနားဝတ်စုံနှင့် ဦးထုတ်ကို သပ်ရပ်အောင် ပြင်ဆင်လိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် တော်ဝင်အစောင့်များကို ကျော်ဖြတ်ကာ ဝင်ရောက်သွားသည်။ သူ၏ခြေလှမ်းများက သေချာတိုင်းထားသလိုမျိုး မကျယ်လွန်းသလို မကျဉ်းလွန်းချေ။ ထို့ပြင် အလျှင်လည်းမမြန်လွန်းသလို မနှေးကွေးလွန်းခဲ့ချေ။ သူ၏ကျောကလည်း ဖြောင့်မတ်နေပြီး ယုံကြည်မှုအပြည့်ရှိနေကြောင်း သိသာသည်။ ထိုအပြုအမူက ဝမ်ချောင်အတွက် ပစ်ချက်ကင်းလွန်းနေခဲ့သည်။
“ဒီကောင်လေး... တစ်ယောက်ယောက်က သူ့ကို သေချာပေါက် သင်ကြားပေးထားတာပဲ”
ဝမ်ချောင်က မမြင်နိုင်သော တစ်နေရာတွင် ဘုရင့်အိမ်တော်ဝန် လက်အောက်မှ အရာရှိအချို့က လှမ်းကြည့်နေကြသည်။ သူတို့က အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကြပြီး မြင့်မားသော နန်းတွင်ခန်းမတစ်ခုတွင် ရပ်လျှက် မျက်လုံးများမှေးကျဉ်းလျှက် ကြည့်နေကြသည်။
ဝမ်ချောင်က ထွက်သွားပြီးသည့် အချိန်မှစတင်ပြီး သူတို့က တောက်လျှောက် ကြည့်နေကြခြင်းဖြစ်သည်။ သူတို့က သီးသန့်ပန်းချီဆရာများကိုပင် ငှားရမ်းထားကာ သူ၏လှုပ်ရှားမှု အပြုအမူ အမူအရာတိုင်းကို ရေးဆွဲခိုင်းထားသေးသည်။
ဒီနေရာတွင် လူများရှိရှိမရှိရှိ ဝမ်ချောင်၏ အပြုအမူ လှုပ်ရှားမှုများက ပစ်ချက်ကင်းပြီး အမှားကိုရှာရန်ခက်ခဲသည်။ တစ်စုံတစ်ယောက်က သူ့ကို မသင်ကြားပေးလျှင် ထူးဆန်းနေပေတော့မည်။
“အလျင်လိုစရာမရှိဘူး။ နောက်ဆုံးအချိန်မှာ သူက ပြဿနာတစ်ခုကို သေချာပေါက် တွေ့ဦးမှာပဲ။ ဘာပဲဖြစ်ဖြစ် အရာအားလုံးက စီစဉ်ထားပြီးသားလေ”
အခြားသော အရာရှိတစ်ယောက်က နှာခေါင်းရှုံ့လိုက်ပြီးနောက် လမ်းကြောင်း၏ အတွင်းဆုံးအပိုင်းတွင်ရှိသည့် ထိုက်ကျိနန်းဆောင်အတွင်းသို့ လှည့်ကြည့်လိုက်သည်။
တော်ဝင်နန်းတွင်းတွင် လူတိုင်းက တည်ကြည်လေးနက်စွာဖြင့် ရှိနေကြပြီး အိန္ဒြေမပျက်ရှိနေကြသည်။ ဝမ်ချောင်က တော်ဝင်အစောင့်များ ခြံရံလျှက် တစ်နာရီနီးပါး လမ်းလျှောက်သွားပြီးမှ အဆုံးနားတွင်ရှိသည့် နဂါးရစ်ခွေနေသော ရေကန်ရှိရာနေရာနားသို့ ရောက်ရှိသွားလေသည်။
ခေါင်းကိုလှည့်ကြည့်လိုက်သောအခါ တော်ဝင်လှေကားထစ်ကို မြင်လိုက်ရသည်။ အထပ်က တစ်ထောင်ကျော်သည်။ တစ်ထစ်ချင်းစီတိုင်းကို ကျောက်စိမ်းဖြူသားဖြင့် လုပ်ထားခြင်းဖြစ်သည်။ ထိုလမ်း၏ ဘေးတစ်ဖက် တစ်ချက်စီတွင်လည်း ရွှေရောင်သံချပ်ကာအပြည့် ဝတ်ဆင်ထားသော အစောင့်များက စီတန်းကာ ရပ်နေကြပြီး တစ်ယောက်ချင်းစီတိုင်းက အင်အားကြီးမားလွန်းသော အရှိန်အဝါကို လွှတ်ထုတ်ပေးနေခဲ့သည်။
သူတို့၏ လက်များက ရွှေရောင်ဆေဘာဓားများကို တင်ထားပြီး သူတို့၏ အကြည့်များကမူ ရှေ့တည့်တည့်သို့သာ ရောက်နေခဲ့သည်။ မည်သည့်အရှိန်ဖြင့် တိုက်ခိုက်လာစေကာမူ အချိန်မရွေး တုန့်ပြန်န်ိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ သူတို့အရှေ့တွင် လာရပ်သော မည်သူ့အတွက်မျှလည်း သူတို့က လမ်းဖယ်ပေးမည်မဟုတ်ချေ။
ထိုရွှေရောင်အစောင့်များက နန်းတွင်း၏ လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်နေသည်။ သူတို့အားလုံးက အလွန်အမင်း ခိုင်မာသည့် စိတ်ဓာတ်စွမ်းအားကို ပိုင်ဆိုင်ထားကြသလို တိုက်ခိုက်ရေးစွမ်းအားကလည်း မြင့်မားလေသည်။ အားအနည်းဆုံးလူကပင် ထိုလူများ၏ အရှိန်အဝါ အခင်းအကျင်းကြောင့် ထိတ်လန့်သွားကြရလေသည်။
ဝမ်ချောင်က ထိုလူများကို တစ်ချက်ကြည့်ပြီးနောက် ပြုံးပြီးမှသာ လှေကားထစ်များပေါ်သို့တက်သည်။ ထိုသို့ဖြင့် တော်ဝင်ရွှေရောင် အစောင့်များ၏ဘေးမှ ဖြတ်လျှောက်ခဲ့သည်။
ဝမ်ချောင်က အလောင်းတောင်ပေါ် ကျော်ဖြတ်ခြင်းကို အတွေ့အကြုံရပြီးသားဖြစ်သလို အနောက်တောင်ပိုင်းမှ သွေးပင်လယ်ကိုလည်း အတွေ့အကြုံ ရပြီးသားဖြစ်သည်။ ထိုတိုက်ပွဲနယ်မြေတွင် မြှင့်တင်ခဲ့သော သူ၏စိတ်အခြေအနေကြောင့် ဒီရွှေရောင်အစောင့်များက သူ့အပေါ် မသက်ရောက်စေတော့ချေ။ အချို့လူများဆိုလျှင် သူတို့ထံမှ ထုတ်လွှတ်နေသော မမြင်ရသည့် အရှိန်အဝါများကြောင့် ထိုလူများက မတော်တဆ ရွှေရောင်ဆေဘာဓားများကို ကိုင်ဆောင်မှု လွတ်ကင်းသွားပြီး သူ့ကိုတိုက်ခိုက်လိုက်မည်ဟု ထင်မိလောက်လေသည်။
လှေကားထစ် အထပ်တစ်ရာစီ တက်ပြီးချိန်တိုင်း ကျန်းနှစ်ဆယ်ကျော်ခန့်ရှည်သည့် စင်မြင့်ငယ်လေးကို ကျော်ဖြတ်ရသည်။ ထိုစင်မြင့်ငယ်လေး တစ်စုချင်းစီတိုင်းတွင်လည်း အခမ်းအနားကို တက်ရောက်နေကြသည့် စစ်ဘက်ရေးရာ အရာရှိများနှင့် ပြည်တွင်းရေးရာ အရာရှိများ ရှိနေကြပြီး အဆင့်ပို၍မြင့်မားလသည့် အရာရှိများကမူ မြင့်မားသော အဆင့်များတွင် ရောက်နေကြပြီဖြစ်သည်။ အားလုံးက တည်ကြည်လေးနက်သော မျက်နှာထားများကို ကိုင်ဆွဲထားကြသည်။
“ဒါက ဝမ်ကလန်ရဲ့သားလား”
ထိုသို့စင်မြင့်မြင့်များပေါ်မှ ကြည့်နေကြသည့် အရာရှိများကလည်း သွေးနီရောင် အခမ်းအနားဝတ်စုံကို ဝတ်ဆင်ထားကြပြီး ဝမ်ချောင်ကို လှမ်းကြည့်ကြသည်။ အများစုကမူ ဝမ်ချောင်၏ နာမည်ကို ရင်းနှီးပြီးသားဖြစ်သည်။ သို့သော် ယခုမှသာသူ့ကို မျက်ဝါးထင်ထင် မြင်ဖူးခြင်းလည်းဖြစ်သည်။
“သူက သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းတို့ကို အနိုင်ရခဲ့တာ အံ့ဩစရာမရှိဘူးပဲ။ သူက ယောက်ျားတွေထဲက နဂါးတစ်ကောင်ပဲ။ သူ့ရဲ့ လေးစားစရာကောင်းတဲ့ အပြုအမူ အမူအကျင့်ကို ကြည့်ရုံနဲ့တင် တော်တန်ရုံ မျိုးဆက်တွေနဲ့ မြို့တော်က လူရမ်းကားတွေလောက်က မယှဉ်နိုင်တဲ့အဆင့်ပဲ”
ဝမ်ချောင်က အပေါ်သို့ဆက်တိုက် တက်နေခြင်းကို မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာက စောင့်ကြည့်နေခဲ့သည်။ ထိုလူပေါင်းများစွာထဲတွင် ဝမ်ချောင်ကို သဘောကျသူဖြစ်စေ မကျသူဖြစ်စေ ပါဝင်သော်လည်း ဝမ်ချောင်၏ အမူအကျင့်များတွင် အမှားမရှိသည့်အပြင် မည်သူကမျှလည်း တော်တန်ရုံ မယဉ်နိုင်ကြောင်း နားလည်နေကြလေသည်။ သူက အလွန်ထူးချွန်သော ပုဂ္ဂိုလ်ဖြစ်နေသည်။
“ချောင်အာ မင်းရဲ့ဦးလေးကြီးက မင်းအတွက် ဂုဏ်ယူပါတယ်”
လူအုပ်ထဲမှ ဝမ်ကန်းက မုတ်ဆိတ်ကို ပွတ်သပ်ပြီးနောက် ပြောသည်။ သူ၏မျက်နှာက အလွန်တောက်ပနေသည်။ သူက မနက်အစောကတည်းက ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဝမ်ကလန်သို့ မသွားတော့ဘဲ တော်ဝင်နန်းတွင်းသို့ တိုက်ရိုက် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
အနိုင်ရလာသော ဝမ်ချောင်က သူတော်စင်ဧကရာဇ်ကို လာရောက်တွေ့ဆုံသော ကိစ္စက နန်းတွင်၏ အခမ်းအနားဆုံး အစဉ်အလာပွဲကြီးလည်း ဖြစ်နေသေးလေသည်။ ထို့ကြောင့်သူက ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်တွေ့လိုလေသည်။
တော်ဝင်လှေကားထစ်များ၏ အပေါ်သို့ ရောက်သောအခါ ဝမ်ချောင်ကို တစ်ချိန်ထဲလိုလို စိုက်ကြည့်နေသည့် စူးရှပြင်းထန်သည့် အကြည့်နှစ်စုံကို ခံစားလိုက်ရသည်။
“ဟွန် မင်းပဲ အပျော်စောမနေနဲ့”
စင်မြင့်ပေါ်မှ သံချပ်ကာအပြည့် ဝတ်ဆင်ထားသည့် ထုံလော့မဟာဗိုလ်ချုပ်ကြီး abusiက လှေကားထစ်အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏အကြည့်က ဝမ်ချောင်ပေါ်သို့ စူးရှစွာ သက်ရောက်သွားသည်။ သူ၏မျက်ဝန်းထဲတွင်ပင် နှင်းမုန်တိုင်းထန်နေသည့်အလား ထင်ရသည်။
ခဲ့ရှု့ဟန်ပင်ဖြစ်စေ ကောင်းရှန်းကျစ်ပင်ဖြစ်စေ သူတို့နှင့် မတူညီသည်မှာ abusiက မည်သည့်နယ်မြေကိုမျှ တရားဝင်အုပ်ချုပ်နေခြင်း မရှိသလို သူ၏လွှမ်းမိုးနိုင်စွမ်းအားကလည်း ထိုလောက် အင်အားမကြီးချေ။ သို့ရာတွင် ထုံလော့လက်ရွေးစင် မြင်းတပ်၏ ခေါင်းဆောင်တစ်ယောက်အနေနှင့် သူ့တွင်လည်း ကိုယ်ပိုင်အင်အားကို ပိုင်ဆိုင်ထားသေးလေသည်။
သိုင်းပညာအရာတွင် abusiက မဟာဗိုလ်ချုပ်ကြီးတစ်ယောက်အဖြစ် အရည်အသွေး ပြည့်မှီလေသည်။ ထို့ကြောင့် ခဲ့ရှု့ဟန်နှင့် ကောင်းရှန်းကျစ်တို့နှင့် ယှဉ်နိုင်သည်။
ယခင်တစ်ခေါက် မတော်တဆမှုတွင် ဝမ်ချောင်၏ မှတ်တမ်းစာလွှာက တစ်လောကလုံး၏ ဟူတိုင်းကို ရည်ရွယ်ထားခြင်းဖြစ်ခဲ့သည်။ abusiကိုယ်တိုင်ကလည်း ဟူက မဟာဗိုလ်ချုပ်တစ်ယောက် ဖြစ်လေရာ သူ၏အကြံများအတွက်ကြောင့် ကိုယ်စားပြုအရာရှိ မဖြစ်ခင် ဒူးထောက်ဖိအားပေးခံခဲ့ရသည်။
သူ၏အငယ်ဆုံးသား အာပုထုံက ဝမ်ချောင်ကို စိန်ခေါ်ခဲ့ပြီး လမ်းလွှဲဓားစံအိမ်အလံအောက်တွင် တွဲလောင်း အဆွဲခံထားရသည်။ ဒါက ပြင်းထန်သည့် အရှက်ခွဲခံရသည့် ကိစ္စဖြစ်သည်။
ထိုမတော်တဆမှု ကိစ္စနှစ်ခုပြီးနောက် သူကဝမ်ချောင်ကို အငြိုးအတေးမထားဘဲ မဖြစ်နိုင်တော့ချေ။
အာပုစစ်က ဝမ်ချောင်ကို သဘောကျစက်ဆုပ်နေခြင်း မဟုတ်ဘဲ သူ၏ထင်မြင်ချက်ကတင် ဝမ်ချောင်ဟာ ဆူးခလုတ်တစ်ခု ဖြစ်လာနိုင်သည်ဟု ခံစားမိနေခြင်းဖြစ်သည်။ ထို့အပြင် အခြားသော တစ်ဖက်တွင်လည်း ဘုရင်ချီလီရို့က အနီရောင်နဂါးဝတ်စုံကို ရွှေရောင်အနားကွပ်ထားသော ဝတ်စုံကို ဝတ်ဆင်လျှက် အေးစက်ကာ မည်းမှောင်သော မျက်နှာထားမျိုးဖြင့် ကြည့်နေသည်။
ဝမ်ချောင်က တော်ဝင်လှေကားထစ်သို့ တက်လာကတည်းက သူကအနီးကပ် စောင့်ကြည့်နေခြင်းဖြစ်သည်။ ဘုရင်ချီနှင့် ပထမဦးဆုံးအကြိမ် ဝမ်ချောင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခြင်းဖြစ်သော်လည်း ဘုရင်ချီအနေဖြင့် ဝမ်ချောင်ကို အရိုးထဲထိမုန်းအောင် လုံလောက်နေခဲ့ပြီးသားဖြစ်သည်။
ဘုရင်ချီနှင့် ဘုရင်စုန့်တို့က မဟာထန်၏ တော်ဝင်ကလန်နှစ်ခုမှ အင်အားကြီးသော ပြိုင်ဘက်များဖြစ်ပြီး ခုံရုံးမှ အင်အားကြီး အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုလေသည်။ ဘုရင်ချီကမူ များလှစွာသော နည်းလမ်းများကို အသုံးပြုကာ ဘုရင်စုန့်ကို ကိုင်တွယ်ခဲ့သည်။ သို့သော် ဝမ်ချောင်နှင့် ဝမ်ကလန်က အရာအားလုံးကို ပျက်စီးစေခဲ့သည်။
ကျယ်ပြောသော ကြိုးကြာနန်းဆောင်တွင်လည်း တစ်ကြိမ်၊ ကိုယ်လုပ်တော် ထိုက်ကျန်းတွင်လည်း ဒုတိယတစ်ကြိမ် ယခုဝမ်ချောင်က အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် မှင်သက်ဖွယ်ကောင်းလောက်အောင် တောက်ပသွားခဲ့ပြန်သည်။ သူ၏အနိုင်က အင်အားကြီးမားလှသော သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းလို လူမျိုးကို အောင်နိုင်ပြီးမှ ရရှိလာခြင်းဖြစ်လေရာ ဘုရင်ချီအနေဖြင့် နောက်ကျောကို ဓားဖြင့် စောင့်ထိုးလိုက်သလို ခံစားရသည်။ သူ့အတွက် အိပ်ပျော်ရန် ခက်ခဲသလို စားလည်မဝင်နိုင်တော့ချေ။
ဝမ်ချောင်က လက်ရှိအချိန်တွင် လူတိုင်း၏ အာရုံစိုက်မှုအောက်တွင် ရှိနေလေပြီး လူတိုင်းက စောင့်ကြည့်နေသောကြောင့်သာ မဟုတ်လျှင် ဘုရင်ချီက မည်သည့်တန်ကြေးကို ပေးရစေကာမူ သူ့ကိုသတ်ရန် ကြိုးစားပေလိမ့်မည်။
“ကောင်လေး ငါမင်းကိုနည်းနည်းတော့ မောက်မာခိုင်းထားလိုက်ဦးမယ်။ ဒါပေမဲ့ သိပ်မကြာပါဘူး”
ဘုရင်ချီက စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
လူအုပ်က မည်သို့တွေးနေစေကာမူ သူတို့၏အတွေးများက ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဝမ်ချောင်အတွက် မသက်ရောက်တော့ချေ။ ဒီနေ့တွင်သူက အဓိကပုဂ္ဂိုလ်ဖြစ်နေသည်။ နန်းတွင်းတွင်ဖြစ်စေ၊ မြို့တော်တွင်ဖြစ်စေ၊ အခြားသောတိုင်းပြည်များတွင်ဖြစ်စေ လူတိုင်းကသူ့ကို စောင့်ကြည့်နေကြသည်။
ခြေလှမ်းရာကျော် လှမ်းပြီးနောက် ဝမ်ချောင်က လျှင်မြန်စွာဖြင့် စောင့်ကြည့်မျှော်စင် တစ်ခုပေါ်သို့ ရောက်သွားသည်။ သူကဘုရင်စုန့်ဘက်မှ အခြားသော အင်အားကြီးအရာရှိများနှင့် သူ၏ဦးလေးကိုလည်း မြင်လိုက်သည်။ သို့သော် ယုံကြည်မှုရှိစွာဖြင့် ဆက်တက်သည်။
နောက်ထပ် စောင့်ကြည့်စင်မြင့်တစ်ခုကို ကျော်ဖြတ်ပြီးနောက် နဂါးဝတ်စုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း လူတစ်ယောက်ကို မြင်လိုက်ရသည်။ ဝမ်ချောင်က စူးရှသောအကြည့်ကို ပြင်းထန်စွာ ခံစားလိုက်ရသည်။ ထိုအကြည့်က အထင်သေးမှုနှင့် မုန်းတီးမှုများကို သယ်ဆောင်ထားပြီး ပိုင်ရှင်က သူ့ကိုမည်မျှပင် အရှင်လတ်လတ် ဝါးမြိုချင်ကြောင်း သိထားလေသည်။
ဒါကဘုရင်ချီလီရို့ ဖြစ်လောက်တယ်။
ဝမ်ချောင်အနေဖြင့် ထိုမျှမြင့်မားသော အဆင့်အတန်းမျိုးတွင် သူ့ကိုမုန်းတီးနေသူက မည်သူဖြစ်ကြောင်း တန်းသိလိုက်သည်။ ထိုလူက သံသယဝင်ရန် မလိုလောက်အောင် ဘုရင်ချီလီရို့ဖြစ်သည်။
ဝမ်ကလန်က ဘုရင်စုန့်နှင့် ဆက်ဆံရေးကောင်းပြီး ဘုရင်ချီ၏ တိုးတက်မှုကို ဖျက်ဆီးနိုင်ရန် လောင်စာထည့်ပေးသလို ဖြစ်ခဲ့သော်လည်း ဒီဘဝတွင်ဖြစ်စေ ယခင်ဘဝတွင်ဖြစ်စေ ဝမ်ချောင်က ဘုရင်ချီကို ပထမဦးဆုံးအကြိမ် အနီးကပ် မြင်ဖူးခြင်းဖြစ်နေသည်။
တော်ဝင်အိမ်ထောင်စုမှ ကျော်ကြားသော အဖွဲ့ဝင်တစ်ယောက်၏ အာရုံစိုက်ခံရသည့်အတွက် ဝမ်ချောင်က မကြောက်လန့်ဘဲ ယုံကြည်မှုရှိစွာပင် ရှေ့ဆက်သွားသည်။
မျိုးမစစ်ကောင်
ဝမ်ချောင်ကသူ့ကို လျစ်လျူရှု့သွားကြောင်း မြင်သောအခါ ဘုရင်ချီကသူ၏ အမျက်ဒေါသကို မထိန်းချုပ်နိုင်တော့ချေ။ သူ၏သတ်ဖြတ်လိုစိတ်က ဖောင်းကြွကာ ထွက်ပေါ်လာသည်။
ရန်လိုသော အကြည့်ပေါင်းများစွာက ဝမ်ချောင်၏ ခြေလှမ်းတိုင်းနှင့်အတူ ကပ်ပါသွားသည်။ ထုံလော့ မဟာဗိုလ်ချုပ် အာပုစစ်ကလည်း ဘုရင်ချီ၏ အရာရှိများထဲမှ တစ်ယောက်ဖြစ်သည်။ ထို့အပြင် အခြားသော အမျိုးမျိုးသော ဆင်ဆာလူကြီးမင်းပေါင်း များစွာက လိုက်ကြည့်နေကြသည်။ ဝမ်ချောင်က လျှင်မြန်စွာဖြင့် တစ်ထစ်ချင်းစီ ကျော်ဖြတ်နေသည်။ သူက ဖြေးညှင်းစွာဖြင့် တော်ဝင်လှေကားထစ်၏ထိပ်သို့ ဦးတည်နေခဲ့သည်။ ခြေလှမ်းအနည်းငယ်သာ ကျန်တော့သောအချိန်တွင် ဘာသာရေးရာ ခုံရုံးမှ အရာရှိများနှင့် ဘုရင်ခံလက်အောက်မှ ခုံရုံးအရာရှိများက သူ့ကိုအသင့် စောင့်နေကြောင်း မြင်လိုက်ရလေသည်။
အရာရှိတစ်ယောက်ဆိုလျှင် ရွှေရောင်အနားကွပ်များပါသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက အထွတ်အမြတ် အမိန့်တော်ကို ကိုင်ဆောင်လျှက် ကျယ်လောင်စွာ အော်လိုက်သည်။
“ဝမ်ချောင် ရှေ့ထွက်ပြီး အမိန့်တော်ကို လက်ခံပါ”
ထိုအချိန်တွင် ဘုရင့်အိမ်တော်ဝန် လက်အောက်ခံနှင့် ရုံးတော်မှ အရာရှိနှစ်ယောက်က ဝမ်ချောင်ကိုကြည့်သော အကြည့်က အေးစက်ကြောင်း မသိထားလောက်ချေ။
“ဒီနိမ့်ကျတဲ့လူက အမိန့်တော်ကို လက်ခံပါတယ်”
ဝတ်စုံကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ဝမ်ချောင်က ရှေ့တက်လှမ်းကာ ဂါရဝပြုလိုက်သည်။
“ဝမ်ချောင် ဒူးထောက်ပြီး အမိန့်တော်ကိုလက်ခံပါ”
ဘုရင့်အိမ်တော်ဝန် လက်အောက်ခံမှ အရာရှိတစ်ယောက်ကပြောသည်။
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူအရင်တစ်ခေါက် သူတော်စင်ဧကရာဇ်ကို လာရောက်တွေ့ဆုံခြင်းနဲ့ မတူညီသည်မှာ ယခုအခမ်းအနားက အလွန်အမင်း ရှုပ်ထွေးလွန်းနေလေသည်။ သူ့ကဲ့သို့ သာမာန်ပြည်သားတစ်ယောက်က မည်သည့်ဘွဲ့ထူး ရာထူးကိုမျှ မပိုင်ဆိုင်ထားလေရာ ထုံးတမ်းစဉ်လာအတိုင်း ပြုမူသင့်လေသည်။
ဒီကြည့်ရှု့နေကြသော လူများအတွင်းတွင်လည်း အထွတ်အမြတ် အမိန့်တော်က နှစ်ခုမှ သုံးခုအထိ ရရှိနေနိုင်လောက်လေရာ သူက အမိန့်တော်တစ်ခုချင်းစီတိုင်းက ဒူးထောက်ကာ လက်ခံသင့်လေသည်။
ဘုရင်စုန့်ဘက်မှ အရာရှိအိုကြီးက သူ့ကိုရှင်းရှင်းလင်းလင်း ရှင်းပြထားပြီးသားဖြစ်သည်။ အနည်းငယ် ငြင်းဆန်ခြင်းကပင် ကောင်းကင်အရှိန်အဝါကို အံ့တုနေကြောင်း သံသယဝင်သွားစေလောက်လေသည်။ ထိုသို့ပြန်ပုန်ကန်နေသလို ခံစားသွားသည်နှင့် အပြစ်က ကပ်ပါလာတော့မည်ဖြစ်ပြီး ထိုသူ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းကလည်း အဆုံးသတ်သွားမည်ဖြစ်ကာ ကောင်းကင်၏ အပြစ်ပေးမှုကို ခံရတော့မည်ဖြစ်သည်။ ဒါက ကစားပွဲမဟုတ်ချေ။
သို့သော် ဝမ်ချောင်ကမူ ထိုသို့ ချိန်ရွယ်လွယ်သည့်လူမျိုး မဟုတ်ပေ။
စွစ်
ဝမ်ချောင်က ဝတ်ရုံကိုမြှောက်လိုက်ပြီးနောက် ဒူးထောက်ရန် ပြင်ဆင်လိုက်သည်။ ထိုအခိုက် စူးရှစွာ စောင့်ကြည့်နေသော အကြည့်နှစ်ခုတွင် တစ်ခုက ဘုရင်ချီ၏ မျက်ဝန်းဖြစ်ပြီး သူကတောက်ပကာ လင်းလက်လာသည်။
ဝမ်ချောင်က မူးမတ်ကျို့ရဲ့ ဆက်ခံသူဖြစ်တော့ရော ဘာဖြစ်လဲ။ သူက အနောက်တောင်ပိုင်းက သူရဲကောင်းဖြစ်တော့ရော ဘာဖြစ်လဲ။
သူက မရင့်ကျက် အတွေ့အကြုံမရှိတဲ့ ကောင်လေးတစ်ယောက်ပဲ။ ဒီလိုသေးငယ်တဲ့ အကြံအစည်ကိုတောင် အလွယ်တကူ ကျသွားသေးတယ်။ အဆုံးမှာမင်းက ငယ်ပါသေးတယ်။
ဘုရင်ချီက ဝမ်ချောင်၏ နောက်ကျောကိုကြည့်ပြီး မျက်ဝန်းတစ်ဖက်က ကော့တက်သွားသည်။
“မင်းက သာ့လွန်ရော့ကျန်းနဲ့ ဟော်ရှု့ဟွေ့ခမ်းကို အလဲထိုးနိုင်ခဲ့တဲ့ ပါရမီရှင်ဖြစ်တော့ရော ဘာဖြစ်လဲ”
ဒီနေ့တွင် သူတော်စင်ဧကရာဇ်က သူ့ကို ဆုလဒ်ချီးမြှင့်မည်ဖြစ်သည်။ သို့သော်သူက ထိုသို့ကျရှုံးသွားလျှင်ပင် နောက်တစ်ခါ မျက်နှာသာပေးခံရတော့မည် မဟုတ်ချေ။
ထိုအခိုက် မည်သည့်အရာရှိကမဆို တစ်စုံတစ်ရာကို သတိထားမိလိုက်ကြသည်။ အချိန်ကပင် ရပ်တန့်သွားသည်ဟု ခံစားလိုက်ရသည်။ ဝမ်ချောင်က ဒူးထောက်တော့မည့် အချိန်တွင်
“တစ်ခုခုမှားနေတယ်”
ထူးဆန်းသော ခံစားချက်က သူ၏စိတ်အတွင်းသို့ ဝင်ရောက်လာသည်။ အရာအားလုံးက ပုံမှန်ဖြစ်သည်ဟု ထင်ရသော်လည်း ဝမ်ချောင်ကမူ စိတ်လေးလံလာသည်။ ပတ်ဝန်းကျင်၏ လေထုက ပြောင်းလဲသွားသည်။
ပြဿနာရှိနေတယ်။
ပြဿနာက ဘာဖြစ်တာဟု သူမပြောနိုင်သော်လည်း ဝမ်ချောင်၏ စစ်သည်တော် မသိစိတ်က သူဒီအခမ်းအနားပွဲတွင် ခြေလှမ်းအရွေး မှားတော့မည်ဟု ခံစားလိုက်ရလေသည်။
အခန်း(၆၅၀)
ဘုရင်စုန့်က သူ့ကို ထွက်မလာခင်ကတည်းက သတိကြီးကြီးထားရန် ဝမ်ချောင်ကို သတိပေးထားပြီးသားဖြစ်သည်။ ဘုရင်ချီက သူကဒီထုံးတမ်းစဉ်လာများကို မရင်းနှီးသောအချက်ကို အခွင့်ကောင်းယူပြီး ပြဿနာရှာပေလိမ့်မည်။ ဒီဖြစ်စဉ်တောက်လျှောက် ဝမ်ချောင်အနေဖြင့် သတိကြီးကြီးထားရန် လိုအပ်နေသည်။
ထပ်ပေါင်းဆိုရသော် သူက အရာရှိအိုကြီးက ပြောသမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့ပြီဖြစ်ပြီး ဘာမျှ အကဲဖြတ်ဝေဖန်နိုင်အောင် မချန်ရစ်ထားခဲ့ချေ။ ရုံးတော်မှ အကျော်ကြားဆုံး အရာရှိကပင် ပြဿနာရှာရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ဝမ်ချောင်အတွက် ပြဿနာရှာမိမည် မဟုတ်ဟု သေချာနေခဲ့သည်။ သို့သော် ယခုအခြေအနေအရ သူပင် သတိမထားမိသော အလွန်အမင်း ကြီးလေးသော အပြစ်တစ်ခုက ရှိနေတော့ပေမည်။
သို့ရာတွင် ဒါက သူတော်စင်ဧကရာဇ်၏ ရှေ့တော်မှောက်သို့ ဝင်ရောက်ခစားနေခြင်း ဖြစ်လေရာ ဒီလိုအရေးကြီးသော ပွဲမျိုးတွင် အရာရှိပေါင်းများစွာကလည်း တက်ရောက်နေကြပြီး ဘုရင်ချီက ခေါင်းမာစွာဖြင့် မလွန်ကျူးရဲလောက်ချေ။
ဒါဆိုရင်သူက ဘာလုပ်လောက်လဲ။
ဝမ်ချောင်က သူ၏အရှေ့တွင် ကျန်ရစ်နေသေးသော နောက်ဆုံးသော ကျောက်စိမ်းလှေကားထစ်များကို ကြည့်လိုက်သည်။
ရုတ်တရက် ဝမ်ချောင်က ဝုန်းကနဲ ကိစ္စပေါင်းများစွာကို ပြန်လည်သတိရသွားသည်။ အရာရှိအိုကြီးက တစ်ချိန်ကလည်း အရေအတွက်ကို ထည့်ပြောခဲ့ဖူးသည်။ ကိုးကယန်ခြောက်ထောင့်ဂရမ်ကို ကိုယ်စားပြုပြီး အရာအားလုံး၏ ပြည့်စုံခြင်းကို ဖော်ပြနိုင်လေသည်။ ကိုးဆိုသည်မှာ ပြိုင်ဘက်ကင်းကိုလည်း ကိုယ်စားပြုနိုင်သေးသလို အဆင့်မြင့် အရှင်သခင်၏ကိုး ဧကရာဇ်ကို ကိုယ်စားပြုသော လက်သည်းငါးချောင်းပါသည့် နဂါးကို ကိုယ်စားပြုသည်။
ယခုလို သံတမန်ပွဲများနှင့် အခမ်းအနားပွဲတိုင်းတွင် ကိုးနှင့်ငါးက တားမြစ်ထားသော ကိစ္စကြီးဖြစ်နေသည်။ ထိုအရာနှင့် ပတ်သတ်သော အရာရာတိုင်းကို အလွန်ကရုစိုက်ရန် လိုအပ်လေပြီး သတိမထားမိသည်နှင့် အလွယ်တကူ ရန်စမိနိုင်သော ကိစ္စကြီးမျိုး ဖြစ်သွားနိုင်သေးလေသည်။
ဝမ်ချောင်၏အကြည့်က ချက်ချင်းလိုလို သူဆက်သွားရမည့် လှေကားထစ်များကို ရေတွက်မိသွားသည်။
တစ် နှစ် သုံး လေး ငါး... ကိုးသို့ရောက်သောအခါ သူက နားလည်သွားပြီး မျက်နှာက ဖြူဖျော့သွားသည်။ ဒီမျိုးမစစ်တွေကတော့
ဝမ်ချောင်က ရုံးတော်နှင့် ဘုရင့်အိမ်တော်မှ လက်အောက်ခံ အရာရှိများကို တစ်ချက်ကြည့်လိုက်ချိန်တွင် သူ၏မျက်ဝန်းတွင် ထက်ရှသောအလင်းက လက်သွားသည်။
ထိုက်ကျိနန်းဆောင်အရှေ့ ကျောက်စိမ်းဖြူ တော်ဝင်လှေကားထစ်ဟာ အစစ်အမှန် နဂါးလမ်းကြောင်းလို့ လူသိများသည့် မဆင့်ခေါ်ခံရသမျှ ထိပ်ဆုံးထပ်သို့ တက်ရောက်ခွင့်မရှိချေ။ သာမာန်အရပ်သား တစ်ယောက်ကဲ့သို့ မည်သည့်ရာထူးလည်း မရှိဘဲ မည်သည့် အဆင့်အတန်းကိုမျှ မပိုင်ဆိုင်ထားသည့် လူတစ်ယောက်အနေဖြင့် ယခုလို အခြေအနေမျိုးကို မှားယွင်းသွားလျှင် အလွန်ကြီးလေးသော ပြစ်မှုကြီးကို ကျူးလွန်လိုက်ခြင်းဖြစ်သည်။
အစစ်အမှန် နဂါးအရေအတွက်က ကိုးဖြစ်ပြီး ရှေ့လှေကားထစ် ကိုးထစ်ကို ထိ၍မရချေ။
ထိုအရာရှိများက တမင်တကာ အမိန့်တော်ကို ဖတ်ချိန်တွင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်ကာ ရပ်နေကြသည်။ သူကသာ သတိမထားမိလျှင် ထိုကိုးထစ်မြောက်ကို တက်လှမ်းမည်ဟု ဒူးထောက်လိုက်နိုင်သည်။ ထိုသို့ဆိုလျှင် နဂါးကို ရန်စမိသွားပေလိမ့်မည်။
ဒီလိုအခမ်းအနားပွဲတိုင်းတွင် ဒါက အပြင်းထန်ဆုံး မလေးစားမှုဖြစ်သည်။
ဘုရင်ချီ...
ဝမ်ချောင်၏ စိတ်အတွင်း အတွေးတစ်ခု ဝင်လာသည်နှင့် သူကချက်ချင်းလိုလို နားလည်လိုက်သည်။ ဝမ်ချောင်အနေဖြင့် ထိုအရာရှိများက အောင်မြင်သွားလျှင် ဘာဖြစ်လာမှန်း မသိထားချေ။ သို့သော် အနည်းငယ်သော မရိုမသေမှုကတင် ဘုရင်ချီကသူ့ကို ကိုင်တွယ်ရ လွယ်ကူသွားစေနိုင်သည်။
အတိတ်တွင် ဝမ်ချောင်က သူတော်စင်ဧကရာဇ်က သူ့ကို ဆုချီးမြှင့်ရန် မကြိုးစားခဲ့ချေ။ ဘုရင်ချီက ဆုချီးမြှင့်ချိန်တွင် ဘာကိုမျှ ကရုမစိုက်ခဲ့ရချေ။ အကြောင်းမူကား ဘုရင်ချီက သူ၏လမ်းတွင် ပိတ်နေခဲ့သည့်တိုင်အောင် ဝမ်ကလန်အနေဖြင့် ကိုင်ဆွဲထားသော အာဏာကြောင့် ဘာကိုမျှ ကြောက်လန့်ရန် မလိုအပ်သောကြောင့်ဖြစ်သည်။ သို့သော် ဒီတခဏတွင် ဝမ်ချောင်ကိုယ်တိုင်က သူ၏အိမ်မက်နှင့် ဆန္ဒများကို သတိထားမိပြီး လုံလောက်သော အဆင့်အတန်းကို ပိုင်ဆိုင်ရန် လိုအပ်နေသည်။ သို့မှသာ ဒီလောကရှိ လူများကို ကယ်တင်နိုင်ပေလိမ့်မည်။
ထိုအတွေးများက သူ၏ခေါင်းအတွင်းသို့ တောက်လျှောက် တိုးဝင်လာသည်။ ဝမ်ချောင်က ခပ်မြန်မြန် ဆုံးဖြတ်ချက် ချလိုက်သည်။ သူက ဒူးထောက်လျှက်မှ သူ၏ဝတ်ရုံက ရုတ်တရက် တုန်ခါသွားလေပြီး ခြေလှမ်းအနည်းငယ် တိတ်တဆိတ် နောက်ဆုတ်လိုက်သည်။
ခွပ်
သူ၏ဒူးက ဆယ်ထစ်မြောက် လှေကားထစ်၏ အောက်ခြေသို့ ကျသွားသည်။
“ဝမ်ချောင်က အမိန့်တော်ကို လက်ခံပါတယ်”
ဝမ်ချောင်က လက်နှစ်ဖက်လုံးကို လေထဲသို့ မြှောက်လိုက်လျှက် နန်းတော်သို့ မော့ကြည့်ကာ အော်ဟစ်လိုက်ချိန်တွင် သူ၏အသံက နန်းတွင်းတစ်ခုလုံး ဟိန်းထွက်သွားသည်။
ဝှစ်
အရာရှိတိုင်းက မျက်လုံးပြူးကာ ဖြူဖျော့သွားကြသည်။ ဆံပင်တစ်မွှေးမျှင်စာ သေးငယ်သော အမှားကတင် လီထောင်ကျော် အပြစ်ပေးခံရရန် ထိုက်တန်လေသည်။ ဝမ်ချောင်ကမူ သူတို့၏ အကြံအစည်ကို အောင်မြင်ရန် ခြေတစ်လှမ်းသာ လိုအပ်ခဲ့သည်။ သို့သော် သူတို့က စိတ်ဓာတ်ကျစေသော ကိစ္စက ဝမ်ချောင်က တစ်စုံတစ်ရာကို သတိထားမိသွားခြင်း ရှိမရှိ သူတို့က မပြောနိုင်ခြင်းဖြစ်သည်။ သို့မဟုတ် ဒါကတိုက်ဆိုင်မှုလည်း ဖြစ်လောက်သေးသည်။
နောက်မှကြည့်နေသည့် ဘုရင်ချီက ကြောင်သွားပြီးနောက် သူ့မျက်နှာကို ဖြတ်ရိုက်လိုက်သလို လုပ်လိုက်သည့် ဝမ်ချောင်ကို ကြည့်လိုက်သည်။ သို့သော် သူ၏အမူအရာကမူ ချက်ချင်းလိုလို အေးခဲကာ ကြမ်းတမ်းခက်ထန်သွားသည်။
ဒီမျိုးမစစ်ကောင်
ငါအားလုံး ကြိုတင်ပြင်ဆင်ထားတာ မဟုတ်ဘူးလား။ ဘာလို့ဒီလို အချက်က ပေါ်လာရတာလဲ။
သူ၏မျက်နှာတွင်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် အပြုံးက တဖြည်းဖြည်းချင်း တောက်ပလာလျှက် ဝမ်ချောင်က ထောင်ချောက်အတွင်း ကျသွားမည့်အရေးကို စောင့်နေခဲ့ခြင်းဖြစ်သည်။ သူက ထိုအကြည့်ဖြင့်သာ သတ်နိုင်မည်ဆိုလျှင် လှေကားထစ်အပေါ်ဘက်တွင် ရပ်နေကြသော အရာရှိတိုင်းက သူတို့၏ ခန္ဓာကိုယ်ကို မြားထောင်ပေါင်းများစွာပင် ထိုးဖောက်ခံရပြီးလောက်လေပြီ။ သူတို့၏ ခေါင်းကပင် မြေပြင်သို့ ကျသွားလောက်ပြီး မရေမတွက်နိုင်အောင် သေသွားပြီးလောက်လေပြီ။
“အရှင်လျို”
အပေါ်မှ ဘာအသံမျှ မကြားရတော့သောအခါ ဝမ်ချောင်က ခေါင်းမော့လျှက် မော့ကြည့်လိုက်သည်။ သူတို့၏ အကြည့်နှင့် ရင်ဆိုင်ရချိန်တွင် အရာရှိများအားလုံးက အသိပြန်ဝင်သွားကြသည်။
“ကောင်းကင်ရဲ့ ဆန္ဒကိုလက်ခံပြီး ဧကရာဇ်ရဲ့ အမိန့်ကိုကြေညာမယ်..”
“ဝမ်မျိုးဆက်က အငယ်ဆုံးသား ဝမ်ချောင်က ကိုယ်ပိုင်လက်နက်တွေကို ဖန်တီးထောက်ပံ့ပြီး သာ့လွန်ရော့ကျန်း၊ ခဲ့လော့ဖုန်း၊ ဟော်ရှု့ဟွေ့ခမ်းတို့ကို အနောက်တောင်ပိုင်းက စစ်ပွဲမှာ အလဲထိုး အနိုင်ရယူနိုင်ခဲ့တယ်။ မာန်ရှဲ့ယွီစန်းစစ်တပ်က အနောက်တောင်ပိုင်းကို ကျူးကျော်တဲ့ ကိစ္စမှာ သူတို့ကို အရှုံးကြီးရှုံးသွားအောင် ကိုင်ဆောင်နိုင်ခြင်းအားဖြင့် သူတို့က မဟာထန်အပေါ် အကျိုးပြုမှု မြောက်များစွာ လုပ်ဆောင်ပေးခဲ့တယ်။ တိုင်းပြည်ကိုလည်း အများကြီး အထောက်အပံ့ ပြုနိုင်ပေးခဲ့တယ်။ အနောက်တောင်ပိုင်းက ပြည်သူတစ်သန်းကျော်ကို ကာကွယ်ပေးခဲ့တယ်။ ဒါကြောင့် သူက နန်းတွင်းကို ဆင့်ခေါ်ခံရပြီး နတ်ဘုရားစိတ်ဆန္ဒအရ ဆုလဒ်ချီးမြှင့်ခံရဖို့ စောင့်ဆိုင်းရမှာဖြစ်တယ်”
ရုံးတော်မှ အရာရှိတစ်ယောက်က ဖြူဖျော့သော မျက်နှာထားဖြင့် အမိန့်တော်ကို ခပ်မြန်မြန် ဖတ်ပြသည်။ သူက သူ့ကိုယ်သူ ကောင်းကောင်းထိန်းချုပ်နိုင်သည့်အတွက် မျက်နှာတွင် မည်သည့် အမူအရာမျှ မပြသထားချေ။
“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”
ဝမ်ချောင်က အရာရှိအိုကြီးက သင်ကြားပေးသည့်အတိုင်း ကျောကိုတဖြောင့်တည်းထားကာ ထိုအရာရှိများကို မျက်နှာမူပြီး တစ်ချက်ဂါရဝပြုလိုက်သည်။
“သခင်လေးဝမ် အမိန့်တော်က သုံးခုရှိတယ်။ ဒါကပထမဦးဆုံးတစ်ခုပဲ။ သေချာကရုစိုက်ပြီး ထိန်းသိမ်းပါ”
“ကျေးဇူးအများကြီးတင်ပါတယ်”
ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်သည်။ သူ၏အကြည့်က ထိုလူများပေါ်သို့ ရောက်သွားပြီးနောက် အမိန့်တော်ကို မတ်တပ်ထရပ်ကာ လက်ခံလိုက်သည်။
သို့သော် သူ၏ဖျော့တော့သော အပြုံးကတင် ထိုအရာရှိများကို အထိတ်တလန့် ဖြစ်သွားစေလေပြီ။ ထို(၁၇)နှစ်အရွယ် ကောင်လေးက သူတို့၏ အကြံအစည်များကို မြင်နိုင်နေသလို ဖြစ်နေသည်။
ထူးဆန်းသော ခံစားချက်ဖြစ်သည်။ သူတို့က ဝမ်ချောင်ထက် အသက်အများကြီး ကြီးသည်။ သို့သော် ထိုအပြုံးကတင် သူ၏နှလုံးသားကို ယိမ်းယိုင်သွားစေသည်။
“သခင်လေးဝမ် အရှင်မင်းကြီးက ကြွချီလာပါ့လိမ့်မယ်။ ဒါကြောင့် ဆင့်ခေါ်ခံရဖို့ စောင့်နေပါ”
ထိုစကားများကို ပြောပြီးနောက် ထိုအရာရှိများက အလျင်စလိုဖြင့် ထွက်ခွာသွားကြသည်။ သူတို့က ဒီနေရာတွင် ဆက်မနေရဲကြချေ။
သို့သော် ထိုက်ကျိနန်းဆောင်ထဲမှ စိတ်အခြေအနေများကမူ ပို၍တက်ကြွလာကြသည်။ လူအများစုကမူ မျှော်လင့်စောင့်စားမှု အပြည့်ဖြင့် စောင့်ကြည့်နေကြသည်။ ဝမ်ချောင်က ပထမဦးဆုံးအကြိမ် သူတော်စင် ဧကရာဇ်ထံမှ အမိန့်ကို လက်ခံရရှိခြင်းဖြစ်သည်။ ထို့ကြောင့် ကိစ္စတစ်ခုလုံးကို သူက နားမလည်ထားလောက်ချေ။ သို့သော် အရာရှိအိုများကမူ ဖြစ်စဉ်တစ်ခုလုံးကို နားလည်နေကြသည်။
ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည့်အတွက် ရရှိမည့်ဆုလဒ်က သေချာပေါက် များပြားပေလိမ့်မည်။ ယခုဖြစ်သွားသော အခြေအနေအရတင် အမိန့်တော်က သုံးခုကိုပင် ဆိုလိုက်သေးလေသည်။
ပထမဦးဆုံး အမိန့်တော်က သူတော်စင်ဧကရာဇ်က အမိန့်တော်ကို ကြေညာရန် ရည်ရွယ်ချက်ဖြစ်ပြီး သူတော်စင် ဧကရာဇ်က သူ၏ရည်ရွယ်ချက်ကို လောကကို ဖော်ပြခြင်းလည်းဖြစ်သည်။
ဒုတိယမြောက် အမိန့်တော်ကသာ ဆုလဒ်၏ အစစ်အမှန် အကြောင်းအရာများ ပါဝင်ပေလိမ့်မည်။ သို့သော် ယခုအခြေအနေအထိ မည်သူကမျှ ထိုအမိန့်တော်၏ အကြောင်းတရားများကို မသိနိုင်သေးေျ။
“အနောက်တောင်ပိုင်းက အနိုင်က သေးငယ်တဲ့ကိစ္စ မဟုတ်ဘူး။ မာန်ရှဲ့ယွီစန်းစစ်တပ်က စစ်သည် လေးသိန်းတောင် ရှုံးသွားတယ်။ မဟာထန်ထက် အများကြီးဆုံးရှုံးသွားခဲ့တာပဲ။ ဒီလောက် အံ့ဩစရာကောင်းတဲ့ လုပ်ဆောင်မှုကို တစ်လောကလုံးက စောင့်ကြည့်နေကြတဲ့ အခြေအနေမျိုးမှာ သူက ဘယ်လိုရလဒ်မျိုးကို ရရှိမယ်လို့ ထင်ကြလဲ”
“သေချာပေါက် ငွေထည် ရွှေထည်တွေလောက် မရိုးရှင်းလောက်တော့ဘူး။ အနောက်တောင်ပိုင်းကို ခုခံနိုင်ဖို့အတွက် ဝမ်ကလန်က ရွှေထည်သန်းပေါင်းများစွာကိုတောင် အသုံးပြုခဲ့တာ။ ခံစားချက်ကြောင့်ပဲဖြစ်ဖြစ် အကြောင်းပြချက်တွေကြောင့်ပဲဖြစ်ဖြစ် အရှင်မင်းကြီးက သူ့ကို လျော်ကြေးပြန်ပေးသင့်တယ်။ ဒါပေမဲ့ ဘယ်လိုဆုလဒ်မျိုးလဲ ဆိုတာကိုပဲ သိချင်စိတ် ပြင်းပြနေတာ”
“မဟာထန်က အထက်တန်းလွှာ ဘွဲ့ထူးတွေ မချီးမြှင့်တာ တော်တော်ကြာခဲ့ပြီ။ ရုံးတော်ကလည်း တစ်ချိန်လုံး ခေါင်းမာနေခဲ့ကြတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက ဒီတစ်ကြိမ် ချွင်းချက်ထားမယ်လို့ ထင်တာပဲ။ ဒီတစ်ကြိမ်က မူးမတ်ဘွဲ့လား၊ မြို့စားဘွဲ့လား။ ဒါပေမဲ့ ပထမအဆင့် အရာရှိတွေက မြို့စားဘွဲ့အဖြစ်ပဲ သတ်မှတ်ခံရတာ မဟုတ်လား။ သူကဒီလောက်ငယ်သေးတာ။ ဝမ်ချောင်က မြို့စားတစ်ယောက် ဖြစ်လာနိုင်ပါ့မလား”
“ပြောကြတာကသူက ဗိုလ်ချုပ်ကြီးတောင် ဖြစ်နိုင်တယ်ဆိုပဲ။ ဒါပေမဲ့ ဝမ်ချောင်က စစ်တပ်ထဲကို တစ်ခါမျှ မဝင်ဖူးဘူး။ ခွန်းဝူလေ့ကျင့်ရေးစခန်းကလည်း စစ်တပ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲဖြစ်ပေမဲ့လည်း သူက စစ်တပ်ထဲမှာ ဘာရာထူးမှ ရှိထားတာမဟုတ်ဘူး။ နောက်ပြီး သူက စာရင်းလည်း မသွင်းထားဘူး။ ဒီလို ရုတ်တရက်ကြီး အရမ်းကြီး ရာထူးတိုးပေးလိုက်မယ်ဆိုရင် အရှင်မင်းကြီးက လက်မခံနိုင်လောက်ဘူးလို့ ထင်တယ်”
အရာရှိများကလည်း ခပ်တိုးတိုး ဆွေးနွေးနေကြသည်။ ထိုအထဲတွင်လည်း ဝမ်ချောင်၏ ဦးလေးကြီး ဝမ်ကန်းလည်းပါသည်။
“ချောင်အာ ဒီနေ့ကစတင်ပြီး မင်းက ကောင်းကင်ကို တက်လှမ်းနိုင်တော့မယ်”
ဝမ်ကန်းက ကျောက်စိမ်းလှေကားထစ်များ၏ ထိပ်ကိုကြည့်လျှက် ကရုတစိုက် ဝမ်ချောင်ကို စိတ်လှုပ်ရှားစွာကြည့်သည်။ သူကလည်း ဧကရာဇ်က ချီးမြှင့်မည့် ဆုလဒ်အကြောင်းကို သိချင်စိတ် ပြင်းပြနေလေသည်။ သို့သော် ဝမ်ကန်းအနေဖြင့် တစ်ဖက်သူက ရရှိမည့် ဆုလဒ်များက မနည်းပါးနိုင်ကြောင်း သိနေလေသည်။
အချိန်က ဖြေးညှင်းစွာဖြင့် ကုန်ဆုံးသွားသည်။ ဝမ်ချောင်က အမိန့်တော်ကို ခပ်တင်းတင်း ဆုပ်ကိုင်လျှက် ထိုနေရာတွင် တိတ်တဆိတ်သာ ရပ်နေသည်။
တစ်စက္ကန့်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာညောင်းသည်ဟု ထင်ရပြီးနောက် ဝမ်ချောင်က ရုတ်တရက် ခြေလှမ်းသံကို ကြားလိုက်ရသည်။ သို့သော် သူ၏မျက်စိရှေ့တွင် မည်သည့်အရာကိုမျှ မမြင်ရသေးချေ။
ခြေလှမ်းသံများက မနှေးလွန်းသလို မမြန်လွန်းချေ။ တစ်လှမ်းချင်းစီတိုင်းက ယုံကြည်မှုအပြည့်ပါပြီး ခပ်အေးအေးသာဖြစ်သည်။ ခြေလှမ်းသံများက ချဉ်းကပ်လာပြီးနောက် ဝမ်ချောင်က ရုတ်တရက် ကြီးမားသော ရွှေလှိုင်းဒဏ်ကို ခံလိုက်ရပြီး ကောင်းကင်သို့ ထိုးတက်သွားကာ သူ့ကို တစ်ပါတည်း သယ်ဆောင်သွားတော့မလို ခံစားလိုက်ရသည်။
ဝုန်း
ထိုက်ကျိနန်းဆောင် တစ်ခုလုံးနှင့် တော်ဝင်လှေကားထစ် တစ်ခုလုံးက လှုပ်ခါသွားသည်ဟု ခံစားလိုက်ရသည်။
ဘယ်လောက်တောင် အင်အားပြင်းထန်တဲ့ စွမ်းအားတွေလဲ။
ဝမ်ချောင်က မျက်တောင်တဖြတ်ဖြတ်ခတ်လျှက် ကြည့်လိုက်သည်။
ထိုက်ကျိနန်းဆောင်က တော်ဝင်နန်းတော်၏ အလယ်ဗဟိုနေရာတွင်ရှိပြီး မဟာထန်၏ အချက်အချာနေရာဖြစ်သည်။ သာမာန်အားဖြင့် ဒီအရာရှိ အဆောက်အဦးက အလွန်အမင်း ခိုင်မာလွန်းလှရာ ပုံမှန်အားဖြင့် မယိမ်းယိုင်နိုင်ချေ။ သူတော်စင်ဧကရာဇ်ကဲ့သို့ ဒီကုန်းမြေတွင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်ကြီးကလည်း ရှိနေသေးလေရာ မည်သူကမျှ ဒီနေရာကို မကိုင်လှုပ်နိုင်လောက်ချေ။ ထို့ပြင် အရာရှိပေါင်း များစွာကလည်း စောင့်ကြပ်နေကြသေးလေသည်။ ထို့ကြောင့် သံသယဝင်ရန် မလိုလောက်အောင် ဒါက ထင်ယောင်ထင်မှား ဖြစ်ပေလိမ့်မည်။
သို့သော် ထိုကဲ့သို့သော လှုပ်ခါနိုင်အောင် လုပ်နိုင်သောသူ၏ ကျင့်ကြံခြင်းအဆင့်ကလည်း အလွန်မြင့်မားပေလိမ့်မည်။
ဝမ်ချောင်က ခေါင်းမော့လိုက်သောအခါ အနည်းငယ်ဝပြီး မိန်းမဆိုးဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ တစ်ဖက်သူ၏ ခြေလှမ်းများက ခပ်အေးအေးနိုင်သလို ခိုင်မာသည်။
“သခင်လေးဝမ် ကျွန်တော်တို့ ထပ်တွေ့ကြပြီ”
ထိုမိန်းမဆိုးက လက်ထဲတွင် အမိန့်တော်ကို ကိုင်ဆောင်ထားလျှက် ဝမ်ချောင်ကို တောက်ပစွာ ပြုံးပြသည်။ သူက maidreya မိုက်ထရီရာဗုဒ္ဓ ရယ်ပြုံးတော်မူသလို ထင်ရသည်။ သူ၏ကိုယ်က နွေးထွေးကာ ချစ်မြတ်နိုးမှု အပြည့်ပါသော အရှိန်အဝါကို လွှတ်ထုတ်နေသည်။
“မိန်းမဆိုးကောင်း”
ဝမ်ချောင်က မျက်လုံးပြူးသွားသည်။ သူက တစ်ဖက်သူဟာ သူယခင်တစ်ခေါက် မတော်တဆမှုတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်တွေ့ဆုံခဲ့သည့် မိန်းမဆိုးဖြစ်ကြောင်း သိလိုက်သည်။ ထို့အပြင် ဝမ်ချောင်ကိုယ်တိုင်ကလည်း မြေကမာ္ဘကိုတောင် တုန်လှုပ်စေလောက်သည့် အတွင်းခုံရုံးမှ စီစဉ်ညွှန်ကြားသူ မိန်းမဆိုးခေါင်းဆောင် ကောင်းလီရှီအကြောင်းကို ကြားဖူးလေသည်။
လက်ရှိမင်းသားငါးလီဟန်၏ အနီးကပ်ခစားသော မိန်းမဆိုးလီကျန်းကျုံးကို အနာဂတ်မှ အမတ်လောင်းဟု သိထားကြသော်လည်း ကောင်းလီရှီကမူ ခေတ်ကာလ ကုန်လွန်လာခဲ့သည်နှင့်အမျှ မယိမ်းယိုင်သော အာဏာကို ကိုင်ဆောင်ထားသည့် အရာရှိကြီးတစ်ယောက်ဖြစ်သည်။
ဗဟိုပြင်ကျယ်က မင်းဆက်တိုင်းနီးပါး ထိုကျော်ကြားမှုကို သူက ထိန်းသိမ်းနိုင်ခဲ့သည်။
ကောင်းလီရှီက မျိုးရိုးနာမည်ကောင်းကို မွေးကတည်းက ပိုင်ဆိုင်ခဲ့ခြင်း မဟုတ်ပေ။ သူ၏မွေးနာမည်က ဖုန်းယွမ်ယွီဖြစ်သည်။ လက်ရှိအချိန်တွင် လူအနည်းစုကသာ ထိုနာမည်ကို သိတော့သည်။ ယခင်ဧကရာဇ်က သူ့ကို ကောင်းမျိုးရိုးနာမည် ချီးမြှင့်လိုက်သည်။ ဒီနည်းအားဖြင့် သူက ကောင်းလီရှီဖြစ်လာသည်။
ကောင်းလီရှီက သူတော်စင်ဧကရာဇ် ကြီးပြင်းရန် အဖော်ပြုလာပေးခဲ့သူဖြစ်သည်။ သူက ထိုဧကရာဇ်ကိုသာ အနီးကပ် ခစားနေခဲ့ပြီး ဘယ်သောအခါမှ မစွန့်ပစ်ခဲ့သလို အနားမှလည်း မထွက်ခွာခဲ့ချေ။
သူ၏ယခင်ဘဝတွင် ဝမ်ချောင်ကလည်း သူတော်စင်ဧကရာဇ်က သေဆုံးသွားခဲ့သောအခါ မိန်းမဆိုးကောင်းက ဝမ်းနည်းစရာကောင်းသည့် သတင်းကိုကြားပြီး ဝမ်းနည်းလွန်းသဖြင့် သွေးအန်ကာ သေသွားသည်ဟု သိခဲ့ရသေးသည်။ ထိုသို့ဖြင့် မင်းအဆက်ဆက် ခေတ်အဆက်ဆက် ကုန်လွန်သွားခဲ့သည့်တိုင်အောင် သူကဲ့သို့သော ထူးခြားသည့်လူက တစ်ယောက်တည်းသာ ရှိသည်။
ဝမ်ချောင်က ထိုသတင်းကို ကြားသောအခါ ထိုလူအိုကြီးကို အလွန်အမင်း လေးစားမိခဲ့လေသည်။