← Chapters

အခန်း (၆၅၁-၆၅၅)

Vol. 33 Ch. 651-655

အခန်း (၆၅၁-၆၅၅)

Vol. 33 Ch. 651-655

အခန်း(၆၅၁)

“မိန်းမဆိုးကောင်း ဒီကျောင်းသားက လောကဝတ်တွေကို သင်ယူလေ့လာခဲ့ပြီးပါပြီ”

ဝမ်ချောင်က ခပ်မြန်မြန် ခေါင်းလှည့်လိုက်ပြီးနောက် မိန်းမဆိုးကောင်းကို လေးနက်စွာဖြင့် ဂါရဝပြုလိုက်သည်။

မြို့တော်မှ အမျိုးကောင်းသားများ၏ မျိုးဆက်များက ထိုသို့သော သွန်သင်ဆုံးမရေးတွင် တာဝန်ယူထားရသည့် မိန်းမဆိုးများ၏ အကဲဖြတ်မှုကို ခံယူရကြောင်း မည်သူကမျှ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသော်လည်း လူတိုင်းက နားလည်ထားကြပြီးသားဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ မတူတော့ချေ။ တစ်ဖက်သူက သူ၏အရှေ့တွင် ကြောက်စရာကောင်းသော မိန်းမဆိုးတစ်ယောက် ဆိုသည်ထက် ယောက်ျားပီသသော အရာရှိတစ်ယောက်ဟုသာမြင်သည်။ တစ်ဖက်က မိန်းမဆိုး ဟုတ်ဟုတ်မဟုတ်ဟုတ် တိုင်းပြည်ကို ထိုမျှသစ္စာရှိသော လူတစ်ယောက် ဖြစ်သည့်အပြင် အရှင်သခင်ကိုလည်း ထိုမျှသစ္စာရှိသော လူတစ်ယောက်ဖြစ်နေသည်။ ထို့ပြင် တစ်ဖက်သူက လောကကိုလည်း သစ္စာရှိသည်။ ထိုသို့သော လူမျိုးကို လေးစားရန် ထိုက်တန်သည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်အကျဉ်းကျနေချိန်က မိန်းမဆိုးကောင်းက သူ့ကိုကြင်နာစွာ ဆက်ဆံပေးခဲ့လေသည်။

“ဟား ဟား ကျွန်တော်တို့ အရင်တစ်ခေါက် တွေ့ခဲ့တဲ့အချိန်တုန်းက သခင်လေးက ထူးချွန်ပြောင်မြောက်တဲ့ လူတစ်ယောက် ဖြစ်လာမယ်မှန်း ကျွန်တော်သိထားပြီးသား။ ဒီနေ့တစ်ခေါက် ပြန်တွေ့ရတဲ့အချိန်မှာ အရာအားလုံးက မျှော်လင့်ထားတဲ့အတိုင်းပါပဲ။ အနောက်တောင်ပိုင်းက စစ်ပွဲမှာ သခင်လေးက ကြီးမားတဲ့ အကျိုးပြုမှုကြီးကို လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ သခင်လေးက အရှင်မင်းကြီးကို တကယ်ကို စိတ်မပျက်စေခဲ့ပါဘူး”

မိန်းမဆိုးကောင်းက အမိန့်တော်ကို မြှောက်တင်လျှက် ရယ်လိုက်သည်။

အခြားသော မိန်းမဆိုးများနှင့် မတူသည်မှာ မိန်းမဆိုးကောင်းက သူ့ကိုယ်သူ ဒီလူက ဒီနိမ့်ကျသောလူက စသဖြင့် သုံးနှုံးကာပြောခြင်းမရှိဘဲ ကျွန်တော်ဟုသာ သုံးနှုံးသည်။ ဒါက နန်းတွင်းတွင် သူ၏အဆင့်အတန်းက မည်မျှမြင့်မားကြောင်းလည်း သိနိုင်သည်။ ထိုအသုံးအနှုံး တစ်ခုတည်းကတင် ကောင်းကင်၏သားတော်က သူ့ကို မည်မျှမျက်နှာသာ ပေးထားကြောင်း သိနိုင်သည်။

“မိန်းမဆိုးကောင်းက ချီးကျူးလွန်းနေပါပြီ။ ဒီလောကက အန္တရာယ်ကျတဲ့အခါမှ လူတိုင်းက ကိုယ့်တာဝန်ကိုယ် လုပ်ရတာပါပဲ။ ဝမ်ချောင်က ကိုယ့်တာဝန်ကို လုပ်ခဲ့ရုံပါ”

ဝမ်ချောင်က အနည်းငယ် ငုံ့ကိုင်းကာ ဂါရဝပြုလိုက်ပြန်သည်။

“ျ”

ဝမ်ချောင်ကို အံ့အားတကြီးကြည့်ရင်း မိန်းမဆိုးကောင်း၏ မျက်ဝန်းက တောက်ပသွားသည်။

“လောကက အန္တရာယ်ကျတဲ့အခါ လူတိုင်းက ကိုယ့်တာဝန်ကို လုပ်ရတယ်ဟုတ်လား။ စိတ်ဝင်စားစရာပဲ။ သခင်လေးချောင်ရဲ့ အတွေးတွေက သာမာန်လူတွေနဲ့ ကွာခြားလွန်းပါပေတယ်။ အရှင်မင်းကြီးက ကြင်နာပေးရလောက်အောင် ထိုက်တန်ပါပေတယ်”

ဝမ်ချောင်ကလာသော လောကတွင် “လောကက အန္တရာယ်ကျရောက်ရင် လူတိုင်းက ကိုယ့်တာဝန်ကို လုပ်ရတယ်”ဆိုသော စကားကို လူတိုင်းက ရင်းနှီးပြီးသားဖြစ်သည်။ သို့သော် ဒီလောကတွင်မူ မည်သူကမျှ မကြားဖူးသေးသည်မှာ ရှင်းလင်းနေသည်။

မိန်းမဆိုးကောင်းသည်လည်း မကြားဖူးခဲ့ချေ။

“ဝမ်ချောင် အမိန့်တော်ကို လက်ခံပါ”

မိန်းမဆိုးကောင်းက ခေါင်းညိမ့်ပြီးနောက် ဒုတိယမြောက် မြင့်မြတ်သော အမိန့်တော်ကို ဖြေလိုက်သည်။

“ဝမ်ချောင်က အမိန့်တော်ကို လက်ခံပါတယ်”

ထို့နောက် မိန်းမဆိုးကောင်း၏ အသံက တော်ဝင်လှေကားထစ်တောက်လျှောက် ပျံ့နှံ့လာပြီး နန်းတော် တစ်ခုလုံးကိုပင် ကျော်လွန်အောင် လွှမ်းခြုံသွားသည်။ ထိုနန်းတော်ထဲတွင်ရှိသော အစောင့်များပင်ဖြစ်စေ၊ အစေခံများပင်ဖြစ်စေ ဝေးကွာသော ယွီကျန်းနန်းဆောင်မှ လူများပင်ဖြစ်စေ ချက်ချင်းလိုလို နားစွင့်လိုက်ကြပြီး ကရုတစိုက် နားထောင်ကြတော့သည်။

အနောက်တောင်ပိုင်းက စစ်ပွဲက အလွန်အမင်း အရေးကြီးသော စစ်ပွဲဖြစ်ခဲ့သည်။ ထို့အပြင် မဟာထန် တစ်ခုလုံး၏ ကံကြမ္မာနှင့်လည်း သက်ဆိုင်ခဲ့လေသည်။ လူအများကမူ ဝမ်ချောင်က မည်သို့သော ဆုလဒ်များ ရရှိမည်ဖြစ်ကြောင်း သိချင်စိတ် ပြင်းပြနေကြသည်။ သို့သော် မည်သူကမျှလည်း အမိန့်တော်ကို တရားဝင် မကြေညာမချင်း မသိနိုင်ကြချေ။

ဘုရင်ချီ၊ အာပုစစ်၊ သွမ့်ချမ်နှင့် များစွာသော အရာရှိများက အာရုံစိုက်ထားကြသည်။ ဝမ်ကန်းလည်း အပါအဝင်ဖြစ်သည်။ ဝမ်ချောင်ကပင် ချွင်းချက်မရှိချေ။

သူက အလောင်းတောင်များကို ကျော်ဖြတ်ပြီး သွေးပင်လယ်ကို ဖြတ်ကျော်ခဲ့ရသည့်အပြင် သူ၏စိတ်ကလည်း အလွန်အမင်း တည်ငြိမ်မြင့်မားသော အနေအထားသို့ ရောက်ရှိခဲ့ကြပြီးသည့်တိုင်အောင် ဒီဆုလဒ်ချီးမြှင့်သော အခမ်းအနားပွဲက သူ့အတွက် အလွန်အမင်း အရေးကြီးနေသေးသည်။ သူတော်စင်ဧကရာဇ်က သူ့ကို မည်သို့သောဆုလဒ်မျိုး ချီးမြှင့်မည်ဖြစ်ကြောင်း သူကိုယ်တိုင်ပင် မသိထားချေ။

ဒါက သမိုင်းနှင့်လည်း သက်ဆိုင်နေသေးသည်။ အနည်းဆုံး သူ၏ယခင်ဘဝတွင် ထိုသို့သော အဖြစ်အပျက်မျိုးက မဖြစ်ပျက်ခဲ့ဖူးချေ။

“ကောင်းကင်ဘုံရဲ့ဆန္ဒတော်အရ ဧကရာဇ်ရဲ့ အမိန့်တော်ကို ကြေညာမယ်..”

“အနောက်တောင်ပိုင်းက စစ်ပွဲမှာ ဝမ်မျိုးရိုးက ဝမ်ချောင်က မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းကို နှိမ်နှင်းနိုင်ခဲ့ပြီး တိုင်းပြည်ကို အကျိုးပြုခဲ့တယ်။ သူ့ရဲ့ဆုလဒ်တွေကို ရွှေထည်သုံးသန်း၊ ပုလဲတင်းသုံးသောင်း၊ ပိုးထည်လိပ် လေးသိန်းနဲ့ လူငယ်အမတ်ဘွဲ့နဲ့ အမတ်ရာထူးကို ချီးမြှင့်လိုက်တယ်”

ဘုန်း

လူငယ်အမတ်ဆိုသော စကားက ရေကန်ထဲသို့ ကျောက်တုံးကြီးကို ပစ်ချလိုက်သလို ဖြစ်သွားပြီး နန်းတော်တစ်ခုလုံးက အုပ်အော်သောင်းနင်းဖြစ်သွားပြီး စောင့်ကြည့်နေကြသော စင်မြင့်အသီးသီးပေါ်မှ လူများကပင် ပွက်လောရိုက်ကာ ဆွေးနွေးကြတော့သည်။

“အမတ်ဟုတ်လား သူတော်စင်ဧကရာဇ်က သူ့ကို အမတ်ဘွဲ့ပေးလိုက်တယ်”

“သူက (၁၇)နှစ်ပဲ ရှိသေးတာလေ။ အမတ်ဘွဲ့က သူ့အတွက် မကြီးလွန်းနေဘူးလား။ မဟာထန်ရဲ့ သက်တမ်း သုံးရာအတွင်းမှာ ဒီလောက်ငယ်တဲ့ တော်ဝင်အမတ်မျိုး မတွေ့ခဲ့ဖူးသေးဘူး”

“ငါဆိုရင် ဒီရုံးတော်မှ အလုပ်အကျွေးပြုနေခဲ့တာ ဘယ်လောက်တောင်ကြာပြီလဲ။ ငါက တော်ဝင်ခုံရုံးက ရှေးခေတ် ကျမ်းစာပိုဒ်တိုင်းနဲ့ ရင်းနှီးကျွမ်းဝင်ပြီးသား။ ဒါပေမဲ့ ရှေးခေတ်အချိန်ကတည်းက လူငယ်အမတ်ဆိုပြီး ဘွဲ့ထူးချီးမြှင့်တာမျိုးကို မကြားခဲ့ဖူးသေးဘူး။ အရှင်မင်းကြီးက သူ့အတွက် အထူးတလည်ဘွဲ့ ချီးမြှင့်ပေးခဲ့တာပဲ။ ဆိုလိုတာက တစ်လောကလုံးက မရေမတွက်နိုင်တဲ့ လူငယ်တိုင်းနဲ့ယှဉ်ရင် သူတစ်ယောက်တည်းကိုပဲ အမတ်လို့ ထည့်ခေါ်လို့ရသွားပြီ မဟုတ်လား။ ဒါကဘယ်လောက်တောင် အဆင့်မြင့်မားလိုက်သလဲ”

“လူငယ်အမတ်လား လူငယ်အမတ် ရွှေထည်တွေ ပုလဲတွေကို ဘေးဖယ်ထားလိုက်ဦး။ အရှင်မင်းကြီးက သူ့ကို အမတ်ဘွဲ့တောင် ချီးမြှင့်လိုက်တယ်။ ဒီလိုအခြေအနေမျိုးက အရင်က လုံးဝမဖြစ်ပျက်ခဲ့ဖူးဘူး။ ဆိုလိုတာက သူ့ရဲ့အဆင့်က ခုံရုံးက ပထမအဆင့် အရာရှိကိုတောင် ကျော်သွားပြီ”

စောင့်ကြည့်စင်မြင့်အသီးသီးက ပွက်လောရိုက်သွားသည်။ လူတိုင်းက ပျက်ယွင်းသော မျက်နှာထားများဖြင့် အံ့အားတကြီး ဖြစ်နေကြသည်။ လူအများကလည်း သူတော်စင်ဧကရာဇ်က ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် အကျိုးပြုခဲ့သော ကိစ္စကြောင့် ဆုလဒ်ကြီးကြီး ချီးမြှင့်မည်ဖြစ်ကြောင်း သိထားပြီးသားဖြစ်သည်။

သို့သော် ဝမ်ချောင်တွင် မည်သည့်အဆင့် ရာထူးမျှ မပိုင်ဆိုင်ထားချေ။ အကြောင်းမူကား မဟာထန်၏ စစ်တပ်စာရင်းတွင် သူက နာမည်စာရင်းပင် မသွင်းထားဖူးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ယခုလို ရာထူးဆက်တိုးပေးသော အခြေအနေမျိုးတွင် လူအများစုက ဧကရာဇ်ကသူ့ကို မည်မျှ မြင့်မားများပြားသော ဆုလဒ်များ ချီးမြှင့်နိုင်နေစေကာမူ အများဆုံးမှ မြို့စားဘွဲဲ့ထူးလောက် ချီးမြှင့်မည်ဟု ထင်ထားကြသည်။

မည်သူကမျှလည်း သူတော်စင်ဧကရာဇ်က ထိုမျှအထိ ဆုချီးမြှင့်လိမ့်မည်ဟု မထင်ထားမိကြချေ။ ထို့ပြင် ဝမ်ချောင်က အင်ပါယာတွင် မည်သည့်ရာထူးမျှ မရှိထားသောအချက်ကို ဖယ်ရှားလိုက်မည်ဆိုလျှင် သူက ဒီတိုင်း သာမာန်ပြည်သားတစ်ယောက် ဖြစ်နေသေးသည်။ သို့သော် သာမာန်ပြည်သားမှ တောက်လျှောက် အမတ်ဘွဲ့တန်းရသွားသည်။ ထိုသို့သော အဆင့်အတန်းက ခုံရုံးမှလက်ရှိ အရေးပါသော အင်အားကြီးမားသည့် အရာရှိပေါင်းများစွာကိုပင် ကျော်သွားလေပြီ။ သူ၏ဦးလေး ဝမ်ကန်းကပင် ဝမ်ချောင်၏ တောက်ပမှုအောက် ဖိနှိပ်ခံလိုက်ရသည်။

“ဟား ဟား ဟား အမတ်တဲ့လား အမတ် ငါ့ရဲ့ဝမ်ကလန်က နောက်ဆုံးတော့ ဘယ်လောက်တောင် ထူးချွန်ပြောင်မြောက်တဲ့ လူငယ်တစ်ယောက်ကို မွေးထုတ်ပေးလိုက်နိုင်တာလဲ”

ဝမ်ကန်းကမူ သူ၏မုတ်ဆိတ်ကြီးကို အသားကုန်ပွတ်နေသည်။ သူ၏တောက်ပသော မျက်ဝန်းက အလင်းတန်းများ ဖြာထွက်နေသလို နဂိုကပင် စိတ်လှုပ်ရှားမှုကြောင့် ဝတ်ရုံကပင် တုန်ယင်နေသည်။ ဝမ်မျိုးဆက်တွင် (၁၇)နှစ်အရွယ် မျိုးဆက်တစ်ယောက် ပေါ်ထွက်လာလေပြီ။ ထို့ပြင် ဒါကသူ၏ မျိုးဆက်မှ ဖြစ်နေသေးသည်။

မြို့တော်မှ ကလန်တိုင်းတွင် မည်သည့်ကလန်ကမျှ ထိုမျှငယ်သောအမတ်ကို မမွေးထုတ်ပေးနိုင်ခဲ့ချေ။ ဝမ်ကလန်က ထူးခြားစွာ ရပ်တည်နိုင်စွမ်း ရှိနေလေပြီ။

“ချောင်အာ အရမ်းတော်တယ်။ မင်းရဲ့ဦးလေးကြီးက အခေါ်မမှားခဲ့ဘူး။ မင်းကဒီမှာရှိနေလို့ ငါ့ရဲ့ဝမ်ကလန်က အနာဂတ်က ပိုပြီးတောက်ပလာဖို့ပဲ ရှိတော့တယ်”

ဝမ်ကန်း၏ နှလုံးသားက စိတ်လှုပ်ရှားမှုကြောင့် ခုန်လှုပ်လာသည်။

“မျိုးမစစ် လူငယ်အမတ်ဟုတ်လား။ ဘာကိုလူငယ်အမတ်လဲ။ နားမွှေးတောင် မစုံသေးတဲ့ကောင်ကို အရှင်မင်းကြီးက အမတ်ဘွဲ့ ချီးမြှင့်လိုက်တယ်။ မဟာထန်မှာ ဒီလောက်ငယ်တဲ့အမတ် တစ်ခါမျှ မရှိခဲ့ဖူးဘူး။ ဒါက အကျိုးအကြောင်း မသင့်လျော်တာပဲ”

ဝမ်ကန်းနှင့် မတူသည်မှာ ဘုရင်ချီကမူ မနှစ်မြို့လွန်းသဖြင့် မျက်နှာကပင် ပြာနှမ်းလာသည်။

ဝမ်ချောင်က သူ၏အကြံအစည်ကို ကျော်လွှားနိုင်ရုံသာ မကလေဘဲ သူတော်စင်ဧကရာဇ်ကလည်း လူငယ်အမတ်ဆိုပြီး အထူးတလည် ဘွဲ့ထူးနာမည်ပင် သူ့အတွက် ချီးမြှင့်ပေးခဲ့သည်။ ဘုရင်ချီအနေဖြင့် ထိုသို့သော အခြေအနေမျိုးကို မမျှော်လင့်ထားခဲ့ချေ။ ဝမ်ကလန်က ဘုရင်စုန့်နှင့် ပူးပေါင်းလိုက်ချိန်ကတည်းက ကိုင်တွယ်ရ ခက်ခဲနေပြီးသားဖြစ်သည်။ ယခုက ဝမ်ချောင်ကလည်း လူငယ်အမတ်ဘွဲ့ ရလိုက်သောအခါ ကိစ္စများက ပို၍ခက်ခဲသွားပေလိမ့်မည်။ ဘုရင်ချီအနေဖြင့် သူ၏နောက်ကျောကို ဓားဖြင့်လာထောက်သလို ခံစားလိုက်ရသည်။

“သေစမ်း သေလိုက်တော့”

ဘုရင်ချီက လက်သီးကို ခပ်တင်းတင်း ဆုပ်ထားသဖြင့် လက်ဆစ်များကပင် ကွဲအက်သံ ထွက်ပေါ်လာသည်။ သူက အင်္ကျီလက်ကို ခါယမ်းပြီး ထွက်သွားချင်စိတ် ဖြစ်နေလေပြီ။ သို့ရာတွင် အမတ်တိုင်း၊ အရာရှိတိုင်းက သူတော်စင်ဧကရာဇ်က အနောက်တောင်ပိုင်းမှ စစ်ပွဲအတွက် ဆုလဒ်ချီးမြှင့်ကြောင်း ကြည့်နေကြလေသည်။ ခေါင်းအမာဆုံးသော လူကပင် ဒီလိုအခြေအနေမျိုးတွင် သွားမရှုပ်ရဲချေ။ ဒီလိုအခမ်းအနားမျိုးကို သူတော်စင် ဧကရာဇ်၏ မျက်မှောက်တွင် မစွက်ဖက်ရဲချေ။

သို့သော် လူတိုင်းကမူ သူတော်စင်ဧကရာဇ်၏ ဆုလဒ်များက လွန်ကဲလွန်းသည်ဟု ထင်နေကြသည်။

“ဒါ့အပြင် ဝမ်ချောင်က ဉာဏ်ပညာရှိလွန်းတဲ့ လူငယ်တစ်ယောက်ဖြစ်တယ်။ အနောက်တောင်ပိုင်းက စစ်ပွဲမှာ သူလုပ်ဆောင်ချပြခဲ့တဲ့ အကြံအစည်တွေ ဗျူဟာတွေကြောင့် သူက တစ်လောကလုံးရဲ့ စံပြပုဂ္ဂိုလ် ဖြစ်ထိုက်တယ်။ ဒီတော့ သူ့ကိုချွင်းချက်ထားပြီး အလုပ်အကျွေးမြေတစ်ခု ချီးမြှင့်ပေးလိုက်တယ်။ နေရာအတိအကျကို ဘာသာရေးရုံးတော်နဲ့ ဘဏ္ဍာရေးရုံးတော်က အရာရှိတွေ ပူးပေါင်းဆွေးနွေးပြီး နေရာအတိအကျ ချီးမြှင့်မယ်”

ဘုန်း

နောက်ထပ် ကျောက်တုံးကြီးတစ်တုံးက ပစ်ချလိုက်ပြန်ကာ လှိုင်းပေါင်းများစွာ ထွက်လာသည်။ ဝမ်ချောင်က အမတ်ဖြစ်သွားခြင်းကပင် အံ့အားသင့်စရာ ကောင်းနေလေပြီ။ သို့သော် ယခုအခါ ဝမ်ချောင်က တဖန်ထပ်ပြီး ကံကျွေးပြုမြေပင် ထပ်မံလက်ခံရရှိလိုက်ပြန်သည်။ ဒါကလူတိုင်းကို ကြီးမားသည့် ထိုးနှက်ချက်ကြီး လက်ခံလိုက်ရသလို ဖြစ်သွားသည်။

“ကံကျွေးပြုမြေ အရှင်မင်းကြီး အရှင်မင်းကြီးကသူ့ကို ကံကျွေးပြုမြေတောင် ချီးမြှင့်လိုက်တယ်။ ဧကရာဇ်ထိုက်ကျုံး လက်ထပ်ပြီးကတည်းက ဘယ်သူကမျှ ဒီလိုနယ်မြေ ချီးမြှင့်တာမျိုး မရှိခဲ့ဘူး။ ဒါတကယ်ကို အစစ်အမှန် အမတ်ဘွဲ့ ပေးလိုက်တာပဲ။ ဒီကောင်လေးက ဘယ်လောက်တောင် လုပ်နိုင်လို့ ဒီလိုအဆင့်အတန်းမျိုးကို ပိုင်ဆိုင်ရတာလဲ။ ငါတို့ရဲ့ ဘိုးဘေးတွေ လက်ထပ်က ကျင့်သုံးခဲ့တဲ့ စည်းမျဉ်းတွေ အားလုံးကို ကျော်ဖြတ်သွားပြီ”

ဆင်ဆာလူကြီးမင်းအိုကြီးက မထိန်းနိုင်တော့ဘဲ လှမ်းအော်လိုက်သည်။ သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို အမတ်ဘွဲ့ချီးမြှင့်ခြင်းအား လက်ခံနိုင်သည်။ သို့သော် နယ်မြေတစ်ခု ချီးမြှင့်လိုက်ခြင်းကမူ အသေးငယ်ဆုံး နယ်မြေပင် လက်ခံနိုင်စရာ အကြောင်းမရှိချေ။

“ရယ်ချင်စရာပဲ”

ဘုရင်ချီ၏ မျက်နှာကလည်း ရှုံ့မဲ့သွားသည်။ သူ၏အမူအရာကလည်း မနှစ်မြို့ဖွယ် ဖြစ်နေလေသည်။

“(၁၇)နှစ်ပဲရှိနေသေးတဲ့ကောင်လေး မရင့်ကျက်သေးတဲ့အပြင် အတွေ့အကြုံလည်း မရှိသေးဘူး။ ဘာဘွဲ့ထူး ရာထူးမှလည်း မပိုင်ဆိုင်ထားဘူး။ သူ့ကိုအမတ်ဘွဲ့ပေးတာကို ဒီမင်းသားက လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုနယ်မြေတစ်ခု ချီးမြှင့်တာကတော့ လွန်သွားပြီ”

စွစ်

ဘုရင်ချီက ဆက်မကြည့်နိုင်တော့ချေ။ သူက နဂါးဝတ်ရုံကို ခါယမ်းပြီးနောက် ရုတ်တရက် နောက်လှည့်လိုက်ကာ လူအုပ်၏ရှေ့မှ ခပ်ရိုင်းရိုင်း ထွက်သွားလိုက်သည်။ ထိုအခမ်းအနားပွဲက သေးငယ်သော ကိစ္စမဟုတ်ချေ။ ဘုရင်ချီက မစွက်ဖက်ရဲခဲ့ချေ။ ယခုအခါ ဘုရင်ချီက သူ၏ကန့်သတ်ချက်ကို ကျော်လွန်သွားလေပြီ။ သူကဒီနေ့ လာရောက်ကာ အရှက်ခွဲခံရသော နေ့ဖြစ်သွားသည်။ အလုပ်အကျွေးပြုမြေပင် ချီးမြှင့်ခံလိုက်ရခြင်းက သူ၏မျက်နှာကို ပါးနှစ်ချပ်ဆက်တိုက် ဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။

ဘေးပတ်ဝန်းကျင်ရှိလူများက သူ့ကို လှောင်နေသည်ဟုပင် ခံစားနေရသည်။ ထိုလူရမ်းကားအိုကြီး ဝမ်ကန်းကပင် သူ့ကို ရယ်နေလောက်လေသည်။ ထိပ်ဆုံးမှ ဝမ်ချောင်ဆိုလျှင် ပို၍ဆိုးလောက်သည်။ ထို့ကြောင့် ဘုရင်ချီအနေဖြင့် ဒီအခြေအနေကို ဆက်လက်ပြီး မတောင့်ခံနိုင်တော့ချေ။

“အရှင့်သား”

ယောင်ကွမ်းရီက ကြောင်သွားသည်။ သူ၏ဖခင်၏ အကြံပေးချက်အရ သူကဒီနေ့ မသိသာ မထင်ရှားအောင် အနေနိုင်ဆုံးတစ်ယောက် ဖြစ်ခဲ့သည်။ ယောင်ကလန်၏ ဓလေ့ထုံးတမ်း ပြုမူပုံ အကျင့်များအရ ဒါများများစားစား ရှုံးနိမ့်သွားသည်ဟု ဆို၍မရချေ။ ထို့ကြောင့် ယောင်ကလန်အနေဖြင့် လက်မခံနိုင်စရာ မရှိသေးချေ။ သို့သော် ဒီလိုအခြေအနေမျိုးတွင် ဘုရင်ချီက ရုတ်တရက် ထွက်သွားမည်ဟု မထင်ထားမိချေ။

ဒီပွဲတွင် ဝမ်ချောင်တစ်ယောက်တည်းက တက်ရောက်နေခြင်း မဟုတ်ချေ။ ဝမ်ချောင်ကို မျက်နှာသာ ပေးမပေးကို ထည့်တွက်စရာ မလိုလျှင်ပင် ဘုရင်ချီက ထိုသို့ထွက်သွားခဲ့ပါက ကပ်ဘေးစိုက်ပေလိမ့်မည်။

“မြန်မြန် အရှင့်သားကိုတား”

ဝမ်ကွမ်းရီက ဘုရင်ချီကို တားချင်သော်လည်း နောက်ကျသွားသည်။ ဘုရင်ချီက သူ့ထက်ပိုပြီး အင်အားကြီးမားသည်။ ထို့ပြင် အလွန်မာနကြီးကာ မောက်မာထောင်လွှားလေသည်။ သူက တစ်စုံတစ်ရာ လုပ်ချင်လျှင်ပင် မည်သူကမျှ မတားနိုင်လောက်ချေ။

“အရှင့်သား ဘုရင်ချီ ဘယ်နေရာကို သွားမလို့လဲ”

တော်ဝင်လှေကားထစ် ထိပ်ဆုံးထပ်မှ မိုက်ထရီရာဗုဒ္ဓကဲ့သို့ ပြုံးနေသော ရယ်သံတစ်သံနှင့်အတူ မိန်းမဆိုးကောင်းက ပြောလာသည်။

“ခေါင်းမာတဲ့မိန်းမဆိုး ငါ့ကိုလွှတ်ထားစမ်းပါ”

ဘုရင်ချီက လမ်းလျှောက်ရင်း ကျိန်ဆဲလိုက်ကာ ခေါင်းပင်လှည့်မကြည့်တော့ချေ။ သူဟာ တော်ဝင်မျိုးရိုးဖြစ်သည်။ သူကသာ ထွက်သွားချင်လျှင် မည်သူကမျှ သူ့ကို မတားရဲချေ။ သို့သော် သေးငယ်သော သတိပေးချက် အလျဉ်းမရှိဘဲ ကြောက်စရာကောင်းသည့် စွမ်းအင်တစ်ခုက လောကကိုပင် မှေးမှိန်လောက်အောင် ပြင်းထန်သည့် အရှိန်အဝါမျိုးဖြင့် ဘုရင်ချီ၏ ခြေထောက်အောက်မှ ထွက်ပေါ်လာခဲ့သည်။

ဘုရင်ချီကတင် အလွန်အမင်း အင်အားကြီးမားသော ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော် ထိုစွမ်းအင်များက ပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။

“အား”

အော်ဟစ်သံနှင့်အတူ ဘုရင်ချီက ရုတ်တရက် ပြင်းထန်သည့် အရှိန်ကြောင့် လွင့်ထွက်သွားသည်။

အရာအားလုံးက တိတ်ဆိတ်သွားသည်။ လူတိုင်းက ကြောက်လန့်လွန်းသောကြောင့် မှင်သက်သွားလေသည်။

ဝမ်ချောင်ကပင် မိန်းမဆိုးကောင်းကို ကြည့်လိုက်သည်။ ဘယ်လောက်တောင် အင်အားကြီးတဲ့ ကျွမ်းကျင်ပညာရှင်လဲ။

ဝမ်ချောင်က အံ့အားတကြီး မျက်တောင်တဖြတ်ဖြတ် ခတ်လိုက်သည်။ ဘုရင်ချီက မည်မျှအင်အားကြီးမားသော ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သူက သိထားပြီးသားဖြစ်သည်။ အခြားသော တော်ဝင်မင်းသားများနှင့် မတူသည်မှာ ဘုရင်ချီက ငယ်စဉ်ဘဝကတည်းက သိုင်းပညာတွင် ပါရမီပါခဲ့ပြီး သိုင်းရူးဟုပင် ဖော်ပြရန် လုံလောက်ခဲ့သည်။ ထို့ကြောင့် သိုင်းပညာအရ သူက ဘုရင်စုန့်ထက်သာသည်။ ဝမ်ချောင်ကပင် အင်ပါယာသိုင်းနယ်မြေသို့ ရောက်ရှိခဲ့ပြီးသည့်တိုင်အောင် သူ့ကို မယှဉ်နိုင်ခဲ့ချေ။ သို့သော် မိန်းမဆိုးကောင်းကမူ ဘုရင်ချီကို လှုပ်ရှားရန်ပင် မလိုအပ်ဘဲ လွင့်ထွက်သွားအောင် လုပ်လိုက်နိုင်သည်။

ဝမ်ချောင်က ယခုအခါ ပို၍အင်အားကြီးမားလာပြီဖြစ်ပြီး အနီးကပ်မြင်နေရသောကြောင့် သူကပို၍ သတိထားမိသူ ဖြစ်နေသည်။ သို့တိုင်အောင် မိန်းမဆိုးကောင်းက မည်သို့လုပ်လိုက်ကြောင်းကို မမြင်ခဲ့ရချေ။ သို့သော် ကျင့်ကြံခြင်းအဆင့်က သူပင် မယုံနိုင်အောင် ဖြစ်စေလေသည်။

အခန်း(၆၅၂)

သူ၏ယခင်ဘဝတွင် အကဲဖြတ်သူ ရှိခဲ့သည်။ ဘုရင်ချီက တော်ဝင်မင်းသား တစ်ပါးအဖြစ် မွေးဖွားလာခဲ့ပြီး ဧကရာဇ်၏ ဆွေမျိုးတော်ဖြစ်သော်လည်း မည်သည့်တိုင်း မည်သည့်အရာမှ ရှားပါးခဲ့ခြင်း မရှိသည့်အတွက် သူ၏ကျင့်ကြံခြင်းလမ်းကြောင်းက ချောမွေ့ခဲ့သည်။ ထို့ကြောင့် သူက အိမ်မှ ဘယ်သောအခါမှ မထွက်ခွာခဲ့ဖူးသည့်တိုင်အောင် ဘုရင်ချီ၏ ကျင့်ကြံခြင်းအဆင့်က အံ့သြစရာကောင်းလောက်အောင် ကျင့်ကြံသူ အများစုကို ကျော်လွန်လေပြီး လက်ရွေးစင်များထဲသို့ ရောက်စေခဲ့သည်။ သူက ခဲ့ရှု့ဟန်နှင့် ဖူးမန်လင်းချာတို့ကဲ့သို့ ဗိုလ်ချုပ်ကြီးများထက်ပင် အင်အားကြီးမားလောက်သေးသည်။

သို့သော် ကောင်းလီရှီက သူ့ကို လွင့်ထွက်သွားအောင် လုပ်နိုင်သည့်ကိစ္စက မယုံကြည်နိုင်စရာ ကောင်းနေသည်။

ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်သွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း တော်ဝင်ခုံရုံးမှ အကြီးအကဲကြီးဖြစ်သည့် သဘောထားကြီးသော ခပ်ဝဝ မိန်းမဆိုးကြီးက အဆပေါင်းများစွာ အင်အားကြီးမားလာသလို မြင်လိုက်ရသည်။ အံ့အားသင့်စရာ ကောင်းသောအချက်က မိန်းမဆိုးကောင်းက ဘုရင်ချီကို ရိုက်ရဲခြင်းဖြစ်သည်။ ထိုအချက်က အံ့အားသင့်စရာ အကောင်းဆုံးဖြစ်သည်။

“ရူးနေပြီ သူရူးသွားပြီ”

စောင့်ကြည့်စင်မြင့်ပေါ်မှ လူတိုင်းက ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြတော့ချေ။

ဘုရင်ချီက အမြဲတစေ ထိန်းချုပ်ရန် ခက်ခဲခဲ့သည်။ မည်သည့်အထက်တန်းလွှာ မည်သည့် အရာရှိမှလည်း သူ့ကို မရိုက်ရဲခဲ့ချေ။ ဝမ်ကလန်ကဲ့သို့ အင်အားအကြီးမားဆုံး ကလန်ကြီးကပင် ဘုရင်ချီကို မျက်နှာသာပေးရသည်။ မည်သူကမျှလည်း ဘုရင်ချီကို ရိုက်ရဲမည်ဟု မထင်ထားကြချေ။ သို့သော် ကောင်းလီရှီကမူ ဆက်မတွေးဘဲ ချက်ချင်း လွင့်ထွက်အောင် ရိုက်လိုက်နိုင်သည်။

“ဖုန်းယွမ်ယွီ မင်းလုပ်ရဲလား”

ဘုရင်ချီက လှေကားထစ်အောက်ခြေမှတစ်ဆင့် လှမ်းအော်လိုက်သည်။ သူ၏အသံက ကောင်းကင်မှတစ်ဆင့် လှုပ်ခါသွားစေသည်။ သူက မြေပြင်မှ ချက်ချင်း ထရပ်လိုက်ပြီးနောက် သတ်ဖြတ်လိုစိတ် အပြည့်ကို ခန္ဓာကိုယ်မှ ထုတ်ဖော်လိုက်သည်။ သူ၏ သားရဲကဲ့သို့ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းက စူးရှစွာဖြင့် ကောင်းလီရှီကို လှမ်းကြည့်သည်။

ဒီသောက်ကျိုးနည်းကျွန်

ကောင်းကင်အိမ်တော်အတွက် ကျွန်တစ်ယောက်ထက် မပိုသော အမျိုးသားတစ်ယောက်ပင် မဟုတ်သော ထိုကောင်က သူ့ကို တိုက်ခိုက်ရဲခဲ့သည်။ တစ်ဖက်သူကို အကြိမ်တစ်သောင်းမက သတ်သင့်လေသည်။

ဘုရင်ချီ၏ မျက်ဝန်းအတွင် ခက်ထန်သော အလင်းများက တောက်ပလာသည်။ ထိုအကြည့်ကသာ သတ်နိုင်မည်ဆိုလျှင် ကောင်းလီရှီက အကြိမ်ထောင်သောင်းမက သေသွားပြီးလောက်လေပြီ။

“အရှင့်သားဘုရင်ချီ အခမ်းအနားပွဲက မပြီးသေးပါဘူး။ ဒါကို ဘယ်ကိုများ သွားချင်နေတာပါလဲ”

တော်ဝင်လှေကားထစ် ထိပ်ဆုံးတွင် မားမတ်စွာရပ်နေသည့် မိန်းမဆိုးကောင်းက ဘုရင်ချီကို ငုံ့ကြည့်လိုက်သည်။ သူ၏အမူအရာက သွေးရောင်အပြည့် လွွှမ်းနေပြီး မျက်နှာကပင် တောက်ပနေသည်။ သူက ယခင်ကအတိုင်း ဖော်ရွေသော မျက်နှာထားကိုသာ ချိတ်ဆွဲထားသေးပြီး ဘုရင်ချီက သူ၏နာမည်ဟောင်းကို ဒေါသတကြီး အော်ဟစ်နေသံကို မကြားရသည့်အလား ဖြစ်နေသည်။ သူ၏အတွေး အစစ်အမှန်ကို သိရန်ခက်ခဲသွားသည်။

“မင်း ကျွန်ကောင် ကောင်းကင်ရဲ့ အနိမ့်အမြင့် မြေကြီးရဲ့အထူကို မသိတဲ့ကောင်ပဲ။ ငါမင်းကိုသတ်မယ်”

ဘုရင်ချီ၏ သတ်ဖြတ်လိုစိတ်က ပို၍ပင် ပြင်းထန်လာသည်။

ဝေါင်း

သူကပြောလိုက်သည့် တခဏတွင် လေထဲတွင် နဂါးဟိန်းသံများက ထွက်ပေါ်လာပြီး ရွှေရောင်အလင်းတန်းများက ပေါက်ကွဲသွားလေသည်။ ဘုရင်ချီ၏ကိုယ်မှ အလွန်အမင်း ခမ်းနားသော စွမ်းအင်မုန်တိုင်းက မြင့်တက်လာသည်။ အာကာသပြင်ကပင် ပြင်းထန်သည့် ရွှေရောင်နဂါး ပုံရိပ်ကြီးကြောင့် လိမ်တွန့်သွားရသည်။ သူ၏ခေါင်းပေါ်တွင် ကြီးမားသော ရွှေရောင်နဂါးကြီးက ပေါ်ထွက်လာလေပြီး အာကာသပြင်ထဲတွင် ကြီးမားသထက် ကြီးမားလာသည်။ သူ၏ပစ်မှတ်ကမူ ဝေးကွာလွန်းသော နေရာမှ ကောင်းလီရှီဖြစ်သည်။

မင်းက ကောင်းလီရှီဆိုရင် ဘယ်သူက ကရုစိုက်နေမှာလဲ။

မင်းက အတွင်းခုံရုံးက အကြီးအကဲဆိုရင်တောင် ဘယ်သူက ကရုစိုက်မှာလဲ။

သူ့ကို ဒေါသထွက်အောင် လုပ်ကတည်းက သေရန် ထိုက်တန်နေပြီဖြစ်သည်။ အခြားသော နိမ့်ကျသော အကောင်များကလည်း သူ့ကို တစ်စုံတစ်ရာ လုပ်ရဲမည်ဟု မထင်ချေ။ သူကဲ့သို့ အရှိန်အဝါ ကြီးမြတ်သည့် ဘုရင်ချီက တော်ဝင်ကလန်မှ အဖွဲ့သားတစ်ယောက်ဖြစ်သည်။

“အရှင့်သား အရှင့်သား လုပ်လို့မရပါဘူး”

ယောင်ကွမ်းယွီက ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု လွတ်ကင်းတော့မတက် ဖြစ်လာသည်။

ကောင်းလီရှီက ဘယ်သူလဲ။ သူက မိန်းမဆိုးတစ်ယောက်လေ။ နောက်ပြီး ဘုရင်ချီလို တော်ဝင်ကလန်က မြင့်မြတ်တဲ့ မင်းသားတစ်ပါးနဲ့ မယှဉ်နိုင်တဲ့ နိမ့်ကျတဲ့ အဆင့်အတန်းရှိတဲ့လူပဲ။ ဒါပေမဲ့ ဒါက သာမာန် မိန်းမဆိုးဖြစ်မှ အဲ့ဒီလို သုံးနှုန်းလို့ရလိမ့်မယ်။ ဘုရင်ချီကလွဲပြီး တော်ဝင်နန်းတော် အတွင်းခုံရုံးက... မဟုတ်သေးဘူး။ မြို့တော်တစ်ခုလုံးမှာ ဘယ်သူကများ ကောင်းလီရှီကို သာမာန် မိန်းမဆိုးတစ်ယောက်လို ဆက်ဆံရဲလို့လဲ။

သူဟာ သူတော်စင် ဧကရာဇ်၏ အပါးတွင် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ခစားခဲ့သူဖြစ်ပြီး မင်းသားအချင်းချင်း တိုက်ပွဲများကိုလည်း အတွေ့အကြုံ ရှိခဲ့ဖူးသလို ပုလ္လင်သို့ ဆက်ခံအောင်လည်း အကျိုးပြုမှုများစွာ လုပ်ပေးခဲ့သည်။ သူ၏ လုပ်ဆောင်မှုများအရ နန်းတွင်းမှ သူ၏အဆင့်အတန်းက သာမာန် မိန်းမဆိုးဟု သတ်မှတ်၍ မရတော့ချေ။

လူတိုင်းက ဘုရင်ချီနှင့် မိန်းမဆိုးကောင်းက တော်ဝင်နန်းတော်ထဲတွင် ထိပ်တိုက်တွေ့ဆုံတော့မည်ဟု ထင်လိုက်သည့် အချိန်တွင် အခြေအနေက ရုတ်တရက် ပြောင်းသွားသည်။

မြေကမ္ဘာက တုန်ယင်သွားပြီး ရုတ်တရက် နန်းတွင်၏ အနက်ရှိုင်းဆုံး အပိုင်းမှ ခမ်းနားကာ မြင့်မြတ်သည့် အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်နိုင်သည့် စွမ်းအင်များက ထွက်ပေါ်လာကာ ထိုနေရာတစ်ခုလုံးကို ချက်ချင်း လွှမ်းခြုံသွားသည်။

လေပြင်က မွှေနှောက်လာပြီး တိမ်များက စတင်စုစည်းလာလျှက် နေသာသောနေ့ကို မုန်တိုင်းထန်လာစေသည်။ ထိုသို့ဖြင့် အရာအားလုံးက မည်းမှောင်လာသည်။ ဝမ်ချောင်ကပင် ယခင်က ဘယ်သောအခါမျှ မခံစားခဲ့ဖူးသော စွမ်းအားကြီးမားလွန်းသည့် စွမ်းအင်များက ထွက်ပေါ်လာသည်။ ထိုစွမ်းအားများက အရာအားလုံးကို အဆင့်မြင့်မားစွာဖြင့် ထိန်းချုပ်နိုင်စွမ်းအား ရှိနေပြီး ချက်ချင်းလိုလို ရှိနေသောလူတိုင်းက ကန့်သတ်ခံရသည့် မလှုပ်မရှားနိုင်သော အခြေအနေသို့ ဝင်ရောက်သွားသည်။

ထိုစွမ်းအင်၏ ခမ်းနားကာ မြင့်မြတ်မှုက လူတိုင်းကို ထိုစွမ်းအင်၏အရှေ့တွင် ပုရွက်ဆိတ်များကဲ့သို့ နိမ့်ကျသွားသည်ဟု ခံစားသွားရစေသည်။ မိန်းမဆိုးကောင်းနှင့် ဘုရင်ချီကဲ့သို့သော အင်အားကြီးမားလှသော ပုဂ္ဂိုလ်ကြီးများ၏ တောက်ပမှုကပင် ထိုစွမ်းအားကြီးမားသည့် စွမ်းအင်များနှင့် မျက်နှာချင်းဆိုင်သောအခါ မှေးမှိန်သွားရသည်မှာ လမင်းကို ယှဉ်ပြိုင်ရန် ကြိုးစားနေသည့် ပိုးစုန်းကြူးများနှင့်ပင် တူနေသေးသည်။

“ရမ်းကားတယ်”

ထိုက်ကျိနန်းဆောင်၏ အတွင်းပိုင်းမှ အသံတစ်သံ ထွက်လာသည်။ ထိုအသံထွက်လာသည်နှင့် လူတိုင်းက ကျောစိမ့်သွားကြပြီး သူတို့၏ နှလုံးသားကပင် ခြောက်ခြားသွားကြသည်။ မောက်မာထောင်လွှားလွန်းသော ဘုရင်ချီက ထိုက်ကျိနန်းဆောင်၏ အရှေ့တွင် မိန်းမဆိုးကောင်းနှင့် တိုက်ပွဲဝင်ရန် ပြင်ဆင်နေရာမှ ရုတ်တရက် ထိတ်လန့်တကြား မြေပြင်ပေါ်သို့ လဲပြိုကျသွားသည်။ သူက တော်ဝင်လှေကားထစ်၏ ခြေရင်းတွင်သာ ဝပ်တွားခယနိုင်တော့သည်။

“အရှင်မင်းကြီး”

ဘုရင်ချီက ဒူးထောက်ထားသည်။ သူ၏တစ်ကိုယ်လုံးက ကြောင်နှင့်တွေ့သော ကြွက်တစ်ကောင်လို တသိမ့်သိမ့် တုန်နေသည်။ သူက ပုံမှန်အားဖြင့် ထောင်လွှားမောက်မာပြီး အာဏာရှင်သဖွယ် ပြုမူတတ်ကာ ကျေနပ်သလို လုပ်တတ်လေ့ရှိသော်လည်း အရာအားလုံးက လူတိုင်းက သူ့ကို လွှတ်ထားပေးသောကြောင့် ဖြစ်သည်။ သို့သော် သူတော်စင်ဧကရာဇ်၏ အရှေ့တွင် မည်သူကမျှ ထိုသို့မလုပ်ရဲချေ။

သူတော်စင်ဧကရာဇ်က မြင့်မြတ်လွန်းသော ပုဂ္ဂိုလ်ကြီးဖြစ်ပြီး ခုံရုံးထဲရှိ အမတ်တိုင်းကိုလည်း သူတို့၏ ထင်မြင်ချက်ကို ဖော်ထုတ်ပြသခွင့် ပြုထားသည့် သဘောထားမြင့်မြတ်သူ ဖြစ်သည်။ တော်ဝင်ဆင်ဆာ အမတ်ကြီးသွမ့်ချောင်က သွမ့်ချမ်ကို ခုံရုံးထဲသို့ ဝင်ရောက်ကာ ပါးရိုက်ဆုံးမနေသည့်အချိန်တွင်ပင် သူတော်စင် ဧကရာဇ်က ဝင်မပြောခဲ့ချေ။ ထို့ကြောင့် ထိုကိစ္စများက လက်ခံနိုင်သော အတိုင်းအတာတွင်ရှိကြောင်း သိစေခဲ့သည်။

ဒီတစ်လောကလုံးတွင်း မင်းဆက်တောက်လျှောက် သူတော်စင်ဧကရာဇ်ကသာ သူ၏အမတ်များကို ထိုမျှ သည်းခံပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဘုရင်ချီက မြို့တော်ထဲတွင် ရိုင်းစိုင်းနေရဲခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ သူတော်စင်ဧကရာဇ်က သူ့ကို လွှတ်ထားပေးခဲ့လေသည်။

သို့သော် သူတော်စင်ဧကရာဇ်က ဒေါသထွက်လာသည်နှင့် ထိန်းချုပ်ရန် ခက်ခဲသော ဘုရင်ချီကပင် ခေါင်းကိုငုံ့ကာ ဒေါသများကို ဖိနှိပ်ရသည်။

ဘုန်း

မြေကမာ္ဘက တုန်ဟီးသွားသည်။ လူတိုင်းက ထိုက်ကျိနန်းဆောင်ထဲမှ ထွက်လာသော ခြေလှမ်းသံများကို ကြားလိုက်ရသည်။ တစ်လှမ်းချင်းစီတိုင်းက သူတို့၏ နှလုံးသားပေါ် တက်နင်းသလို ဖြစ်စေသည်။

နန်းတွင်းမှ အလွန်ကြီးမားသော အရိပ်ကြီးတစ်ရိပ်က ထွက်ပေါ်လာသည်။ လူတိုင်းက ကြည့်လိုက်သောအခါ တော်ဝင်ဧကရာဇ် ထိပ်ရင်းတွင် ရှင်းရှင်းလင်းလင်း ပေါ်ထွက်လာသည့် ပုဂ္ဂိုလ်တစ်ယောက်ကို မြင်လိုက်ရသည်။

သို့သော် မည်သည့်အသံ လှုပ်ရှားမှုမျှ မရှိတော့ချေ။ ထိုပုဂ္ဂိုလ် ပေါ်လာသည့် တခဏတွင် တစ်လောကလုံး၏ ဗဟိုအချက်အချာနေရာ ဖြစ်သွားသည်။ ကောင်းကင်နှင့်မြေပြင်၊ နေမင်းနှင့်လ၊ တောင်တန်းနှင့် မြစ်ပြင်အရ အားလုံးက သူ့ကိုခစားဝန်းရံရသည်။

သူဟာ တော်ဝင်နန်းတော်၏ ဗဟိုအချက်အချာနေရာတွင် တည်ရှိသည့် နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရသည်။ လေထုကပင် ချက်ချင်းလိုလို တည်တင်းသွားကာ သူ့ကို လေစားပြသလို ဖြစ်သွားလေသည်။

ဘုရင်ချီကမူ ကြမ်းပြင်ကိုသာ မျက်နှာအပ်ထားနိုင်သည်။ သူက အသက်ပင် ကျယ်ကျယ် မရှုရဲတော့ချေ။

“အရှင်မင်းကြီး သက်တော်ရာကျော်ရှည်ပါစေ”

ထိုက်ကျိနန်းဆောင် အရှေ့ရှိ လူတိုင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ အစောင့်များ၊ အမတ်များပါသည်။ ဝမ်ချောင်ကပင် ဒူးထောက်လိုက်သည်။

ထိုအချိန်တွင် အပ်ကျသံပင် ကြားရလောက်တောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။

ယောင်ကွမ်းယွီကလည်း ဒူးထောက်ထားသည်။ သူ၏တစ်ကိုယ်လုံးက ချွေးစေးများ စိုရွှဲနေလေပြီး ဘုရင်ချီက အမြဲတစေ ထိုအတိုင်း ပြုမူတတ်ပြီး ရလဒ်ကို ဘယ်သောအခါမှ မတွေးတတ်ချေ။ အမှန်တိုင်းဆိုရသော် လူအနည်းစုကသာ အကျိုးဆက်ကို တွေးတောအောင် လုပ်နိုင်လေသည်။

သို့သော် လက်ရှိအခြေအနေကမူ မတူညီတော့ချေ။

အနောက်တောင်ပိုင်းမှ ကြီးမားသည့် အနိုင်ပွဲ၏ သတင်းနှင့် သူတော်စင်ဧကရာဇ်၏ ဝမ်ချောင်ကို ဆုလဒ်ချီးမြှင့်လိုသော စိတ်ဆန္ဒကို တစ်လောကလုံးအနှံ့ ကြေညာထားပြီးသားဖြစ်သည်။ ခုံရုံး၏ အတွင်းအပြင် နှစ်ခုလုံး ရုံးတော်ခြောက်ခုမှ အမတ်တိုင်းနှင့် အရေးကြီးသော အရာရှိတိုင်းကလည်း စောင့်ကြည့်နေကြသည်။ ဘုရင်ချီ၏ ထိုသို့လွန်ကျူးသော အပြုအမူက သူတော်စင်ဧကရာဇ်ကို ရန်စလိုက်သလို ဖြစ်သွားသည်။

“လီရို့ မင်းအခုထွက်သွားဖို့ ကြံစည်နေတာလား”

အထက်မှ သူတော်စင်ဧကရာဇ်၏ အသံက ထွက်လာပြီးနောက် ဒေါသနှင့် ပျော်ရွှင်မှုကို ဝေခွဲရခက်သော အသံမျိုးဖြင့် လှမ်းပြောလိုက်သည်။

“ဒီနိမ့်ကျတဲ့လူက မလုပ်ရဲပါဘူး”

ဘုရင်ချီ၏ မျက်နှာက ဖြူဖျော့ပြီး ကြောက်လန့်လွန်းသဖြင့် တုန်ယင်နေလေပြီ။ သူ၏နဖူးမှ ချွေးစေးများကလည်း မြေပြင်သို့တောက်လျှောက် စီးကျနေသည်။ သူ၏တစ်ကိုယ်လုံးက ချက်ချင်း စိုရွှဲသွားသည်။ သူကပုံမှန်အားဖြင့် ခေါင်းမာတတ်သော်လည်း ယခုမူ ကြောက်လန့်နေသော ကြွက်တစ်ကောင်နှင့် မခြားတော့ချေ။

အရာအားလုံးက တိတ်ဆိတ်သွားသည်။ သူတော်စင်ဧကရာဇ်က မည်သည့်စကားကို ဆိုစေကာမူ အခြားသူများက အတက်နိုင်ဆုံး တိတ်ဆိတ်ငြိမ်သက်ရမည်ဖြစ်ပြီး တော်ဝင်နန်းတော်အတွင်းတွင် မြင့်မြတ်သော ဧကရာဇ်၏ အသံကိုသာ ချန်ရစ်စေရမည်ဖြစ်သည်။

ထိုအချိန်တွင် ဝမ်ချောင်က အသက်ရောက် အခံရဆုံးဖြစ်သည်။

သူ၏ယခင်ဘဝတွင် သူတော်စင်ဧကရာဇ်က တစ်လောကလုံး၏ အသန်မာဆုံး ပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခံရပြီး သေဆုံးသွားခဲ့ပြီးသည့်တိုင်အောင် နတ်ဘုရားဖြစ်ရန် အနီးစပ်ဆုံး ပုဂ္ဂိုလ်ကြီးဟုပင် ကျော်ကြားခဲ့သေးသည်။ သို့သော် ဝမ်ချောင်ကမူ ထိုသတင်းများကို ကြားရုံသာ ကြားဖူးသည်။ သူ၏ ယခင်ဘဝတွင် သူတော်စင်ဧကရာဇ်နှင့် တစ်ကြိမ်သော်မျှ မဆုံခဲ့ချေ။

ဝမ်ချောင်က ယခင်တစ်ခေါက်တွင် သူတော်စင်ဧကရာဇ်နှင့် ဆုံတွေ့နိုင်ခဲ့သော်လည်း အလွန်ဝေးကွာသော အကွာအဝေးမှဖြစ်သည်။ ဘယ်သောအခါမျှ အနီးကပ် မမြင်ဖူးခဲ့ချေ။ သူတော်စင်ဧကရာဇ်ကပင် သူ၏ အင်အားကြီးမားသော စွမ်းအားကို ကြွားဝါခြင်းမျိုး မလုပ်ခဲ့သေးချေ။

အင်အားကြီးလိုက်တာ။

ဝမ်ချောင်က ခေါင်းကိုငုံ့လျှက် တွေးလိုက်နိုင်သည်။ သူတော်စင်ဧကရာဇ်က အလွန်အမင်း အင်အားကြီးမားပြီး သူက မျှော်လင့်ထားသည်ထက် စွမ်းအားကြီးမားလွန်းနေခဲ့သည်။ ဝမ်ချောင်၏ ယခင်ဘဝမှ အင်အားကြီးမားဆုံးသော အဆင့်တွင် ရှိလျှင်ပင် သူတော်စင်ဧကရာဇ်၏ အရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုလောက်ချေ။

ထိုအချိန်တွင် ဝမ်ချောင်က ရုတ်တရက် ထိုကပ်ဘေးပြီးနောက် မဟာထန်၏ သူ၏အကြီးအကဲများက အမြဲတစေ သူတော်စင်ဧကရာဇ်အကြောင်း ထည့်ပြောတာ နောင်တရနေကြောင်း နားလည်သွားကြသည်။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဝမ်ချောင်က တိဗက်နှင့် မာန်ရှဲ့ကျောင်း စစ်သည်တစ်သောင်းကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး သူ၏ကျင့်ကြံခြင်းအဆင့်က လျှင်မြန်စွာ တိုးတက်လာခဲ့သည်။ သို့ရာတွင် ဝမ်ချောင်ဘက်မှ ကြည့်လျှင် သူ၏အရှေ့ရှိ သူတော်စင်ဧကရာဇ်ကသာ တစ်လောကလုံးကို ကိုင်ဆွဲထားနိုင်သူဖြစ်သည်။ တစ်ဖက်သူတွင် အကန့်အသတ်ကို ဖော်ပြရန် ခက်ခဲလေသည်။

စစ်သူတော်စင်ဘဝတွင် ရှိနေသော ဝမ်ချောင်ကပင် သူတော်စင်ဧကရာဇ်၏ စွမ်းအား အကန့်အသတ်ထိရောက်အောင် မဖမ်းဆုပ်နိုင်သေးချေ။ ထို့ကြောင့် မည်မျှ အင်အားကြီးမားကြောင်း သိသာလေသည်။

“ဒီလိုဆိုမှတော့ ဆက်ပြီး ဒူးထောက်နေလိုက်”

သူ၏နားထဲသို့ သူတော်စင်ဧကရာဇ်၏ အသံက ဟိန်းထွက်လာသည်။ အသံက မကျယ်လွန်း မတိုးလွန်းသော်လည်း လူတိုင်းက ကြားလိုက်ရလေသည်။

ဘုရင်ချီက ခေါင်းကို ပို၍ငုံ့လိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကပင် ဆက်တိုက် တုန်ယင်လာသည်။ ထိုသို့ တုန်ယင်မှုက မြန်ဆန်လာသည်။

“ဝမ်ချောင်”

သူတော်စင်ဧကရာဇ်က ချက်ချင်းလိုလို ဝမ်ချောင်ကို အကြည့်လွဲကြည့်လိုက်သည်။

“အနောက်တောင်ပိုင်းက စစ်ပွဲမှာ မင်းက ကိုယ်တိုင်ကိုယ်ကျ အကျိုးပြုခဲ့တယ်။ ကိုယ်တိုင်ကိုယ်ကျ ကိုယ့်စိတ်နဲ့ကို စစ်တပ်ကို ဦးဆောင်ပြီး မာန်ရှဲ့နဲ့ယွီစန်း စစ်တပ်ကို အလဲထိုး ရှုံးနိမ့်စေခဲ့တယ်။ မင်းက အင်ပါယာကို ကာကွယ်ပေးခဲ့တာ။ အနောက်တောင်ပိုင်းက ပြည်သူတိုင်းရဲ့ လုံခြုံမှုကို ကာကွယ်ပေးခဲ့တယ်။ ကျန်းက မင်းရဲ့အင်ပါယာပေါ် ရိုးသားစွာ ကျိုးနွံကာကွယ်ပြတဲ့အတွက် အရမ်းကျေနပ်ရတယ်။ ဝမ်မျိုးဆက်က ငါတို့ကျန်းရဲ့ မဟာထန်ကို သစ္စာရှိတဲ့ ကလန်ကြီးတစ်ခုအဖြစ် ကျော်ကြားဖို့ ထိုက်တန်တယ်။ ကျန်းကလည်း မှူးမတ်ကျို့က ဒီလိုဆက်ခံသူမျိုးကို ပိုင်ဆိုင်တဲ့အတွက် အရမ်းကို ပီတိဖြစ်မိတယ်”

ထိုက်ကျိနန်းဆောင် တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ထိုစကားများကို ကြားသောအခါ လူအများစုက မနာလိုသော မျက်နှာထားမျိုး ဖြစ်သွားကြသည်။ သူတော်စင်ဧကရာဇ်၏ စကားများက ဝမ်မျိုးဆက်ကို အလွန်အကျူး ချီးကျူးလွန်းသွားသည်ဟု ထင်နေကြသည်။

ထိုစကားများကတင် အနည်းဆုံး ကလန်တစ်ခု၏ ဆယ်စုနှစ်ပေါင်း များစွာကြာအောင် လုံခြုံစေရန် လုံလောက်နေလေပြီ။ ကလန်က ခေတ်နောက်ပြန်ဆွဲသွားပြီး ဆက်ခံသူများက မထိုက်တန်တော့နိုင်သည့်တိုင်အောင် အနည်းဆုံး သူတို့က အသက်ရှင်နေဦးမည်ဖြစ်သည်။ ဒီအရှိန်အဝါများကို သူတို့က ဆက်လက် မှီကိုး၍ရပေလိမ့်မည်။

“ချောင်အာ မင်းက ငါတို့ရဲ့ဝမ်ကလန်ကို အကျိုးပြုဖို့ မွေးဖွားလာတာပဲ”

ဝမ်ကန်းကမူ ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်နေသည့်အတွက် သူ၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားသည်။ အရာရှိဖြစ်ခဲ့ပြီးသော ဆယ်စုနှစ်များစွာထဲမှ ယခုနေ့ကသာ အပျော်ဆုံးနေ့ ဖြစ်လောက်သည်။

“ချောင်အာက မလုပ်ရဲပါဘူး။ ဒီလိုအဆင့်အတန်းမျိုးကို ဗိုလ်ချုပ်ရှန်ယွီနဲ့ အနောက်တောင်ပိုင်းက စစ်သားတွေက ပိုပြီးထိုက်တန်ပါတယ်။ ဝမ်ချောင်က ကိုယ့်တာဝန်ကို လုပ်ခဲ့ရုံပါပဲ”

ဒူးထောက်နေသော ဝမ်ချောင်က ပြောလိုက်သည်။

အခန်း(၆၅၃)

“အကျိုးပြုတဲ့အခါ ဆုလဒ်ချီးမြှင့်ခံရတယ်။ အမှားရှိရင် အပြစ်ပေးခံရမယ်။ မင်းအနေနဲ့ နိမ့်ချနေဖို့ မလိုဘူး”

သူတော်စင်ဧကရာဇ်၏ အသံက ညဉ်းသံကဲ့သို့သာ ထင်ရသော်လည်း မြေကမာ္ဘကမူ တသိမ့်သိမ့် တုန်သွားသေးသည့်အပြင် နန်းတွင်း၏ ထောင့်တိုင်းမကျန် ပျံ့နှံ့သွားသေးသည်။

“ဝမ်ချောင် မင်းမှာ ဘွဲ့နာမည် မပိုင်ဆိုင်သေးဘူးမလား မှန်လား”

အရာရှိတိုင်းက စတင်ကာ ရေရွတ်ကြပြန်သည်။ လူအများစုကမူ ခေါင်းကိုပင် မော့ကြည့်နေကြပြီဖြစ်သည်။ သူတို့က ထိုက်ကျိနန်းဆောင်၏ အရှေ့တွင် ရပ်နေသော နတ်ဘုရားကဲ့သို့သော ပုံရိပ်ကို ကြည့်နေရင်း တစ်စုံတစ်ရာကို နားလည်လာသလို ဖြစ်လာသည်။

“ဟုတ်ကဲ့ ဒီနိမ့်ကျတဲ့လူက အသက်(၁၇)နှစ်ပဲ ရှိသေးလို့ တော်ဝင်စာမေးပွဲကို ဝင်ဖြေနိုင်သေးတဲ့အတွက် ပညာသင်သားဘွဲ့ထူးနာမည် မပိုင်ဆိုင်သေးပါဘူး။ ဒါကြောင့် ဒီနိမ့်ကျတဲ့လူရဲ့ အကြီးအကဲတွေက ဘွဲ့နာမည် မပေးအပ်သေးတာပါ”

ဝမ်ချောင်က တင်းမာစွာ ပြန်ပြောလိုက်သည်။

မဟာထန်တွင် ဘွဲ့ထူးနာမည်များကို က်ိုယ်ကိုယ်တိုင် ပေး၍မရချေ။ အင်အားကြီးမားပြီး လေးစားခံရသော အကြီးအကဲတစ်ယောက်ကသာ ချီးမြှင့်ပေးရခြင်းဖြစ်သည်။ ထိုသို့ချီးမြှင့်ခံရရန် အတွက်လည်း ထိုးချီးမြှင့်ခံရမည့်လူက ပါရမီကြီးမားစွာ ပိုင်ဆိုင်ထားရန် လိုအပ်သလို ကျော်ကြားမှုတစ်ခုလည်း ပိုင်ဆိုင်ထားရပေမည်။ ရလဒ်အနေဖြင့် အဓိကပုဂ္ဂိုလ် အများစုတွင် ကိုယ်ပိုင်နာမည်ရှိသော်လည်း ဘွဲ့ထူးနာမည်များကို မပိုင်ဆိုင်ကြသေးခြင်းဖြစ်သည်။

သူတော်စင်ဧကရာဇ်က ဝမ်ချောင်၏ အဘိုးမျိုးဆက်မှဖြစ်သည်။ သူက ဝမ်ချောင်၏ အဘိုးကဲ့သို့ အသက်မကြီးသေးဘဲ ငါးဆယ်ကျော်ခန့်သာ ရှိသေးသည့်တိုင်အောင် ဝမ်ချောင်၏ ဦးလေးကြီး ဝမ်ကန်းထက်ပင် အသက်ကြီးနေပြီဖြစ်သည်။ ထိုဘက်ထောင့်မှကြည့်သော် သူက ဝမ်ချောင်၏ အကြီးအကဲအဖြစ် သတ်မှတ်၍ရသည်။

လူအုပ်က ပို၍ပင် ပွက်လောရိုက်လာသည်။ လူအများစုကမူ ဘာဆက်ဖြစ်မည်ဖြစ်ကြောင်း သိနေကြလေသည်။ သို့တိုင်အောင် သူတို့၏သီအိုရီများကို မယုံကြည်ရဲကြချေ။ သို့ရာတွင် ထိုမေးခွန်းများက ကြာကြာမခံဘဲ အဖြေကိုရလိုက်သည်။

“အရမ်းကောင်းတယ် ဒီလိုဆိုမှတော့ ကျန်းကမင်းကို ဘွဲ့ထူးနာမည် ချီးမြှင့်ပေးလိုက်မယ်”

သူတော်စင်ဧကရာဇ်၏ စကားက လူတိုင်း၏နားစည်ကို ပြင်းထန်စွာဖြင့် ထိုးရိုက်လိုက်သည်။ တော်ဝင်လှေကားထစ် အောက်ခြေဆုံးမှ ဘုရင်ချီ၏ သွားများက ခပ်တင်းတင်းကြိတ်ထားသဖြင့် နာကျင်လာသည်။

ဘွဲ့ထူးနာမည်

သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကိုတောင် ဘွဲ့ထူးနာမည် ချီးမြှင့်ပေးချင်နေတာလား။

အတိတ်တွင် ဧကရာဇ်များက အရေးကြီးသော အရာရှိများကို မျိုးရိုးနာမည်များ ချီးမြှင့်ပေးကြသည်။ သို့သော် မည်သူကမျှ အရာရှိတစ်ယောက်အတွက် ဘွဲ့ထူးနာမည် ချီးမြှင့်ပေးခြင်းမျိုး မရှိခဲ့ဖူးသေးချေ။

“အရှင်မင်းကြီးက ဝမ်ချောင်ကို ကောင်းကင်သားတော်ရဲ့ တပည့်အဖြစ် လိုချင်နေတာလား”

ကြည့်ရှု့စင်မြင့်တစ်ခုပေါ်မှ ယောင်ကွမ်းယွီကမူ စိတ်ပျက်မှုများနှင့် ဖိအားများအတွင်း နစ်မြုပ်သွားလေပြီး သူ၏ဖခင်ကိုသူက ဆယ်စုနှစ်ပေါင်းများစွာ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားခဲ့သည်။ ထို့ကြောင့် ယောင်ကွမ်းယွီက အမြဲတစေ ဖြောင့်မတ်မှန်ကန်စွာ တည်ကြည်စိတ်ရှည်သော စရိုက်မျိုးကို ကိုင်ဆွဲကျင့်သုံးနိုင်ခဲ့သည်။ သို့သော် သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို ဘွဲ့ထူးနာမည် ချီးမြှင့်မည်ဆိုကြောင်း သိလိုက်ရချိန်တွင် သူကပင် ထိန်းချုပ်မှု လွတ်ကင်းမတက် ဖြစ်သွားရသည်။

အထက်တန်းလွှာ ဘွဲ့နာမည်၊ ပိုင်နက်နယ်မြေ နောက်ပြီး ဘွဲ့ထူးနာမည်...

ယောင်ကလန်မှ အကျိုးပြုမှုများစွာ လုပ်ခဲ့ပြီးသည့်တိုင်အောင် ကောင်းကင်သားတော်ထံမှ ထိုသို့သော မျက်နှာသာပေးမှု မခံရခဲ့သေးချေ။ သူတော်စင်ဧကရာဇ်က လူငယ်အမတ်ဘွဲ့ထူးကို ဝမ်ချောင်ကို ချီးမြှင့်ခဲ့သောအချက်ကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင် တစ်ဖက်သူကို ဘွဲ့ထူးနာမည် ချီးမြှင့်သော ကိစ္စကမူ ဓလေ့သစ်တစ်ခု ဖြစ်သွားသည်။ ဒါကဘယ်လောက်တောင် ကြီးမြတ်တဲ့ မျက်နှာသာပေးမှုကြီးလဲ။

ယောင်ကွမ်းယွီကပင် ထိုကိစ္စ၏ မြင့်မြတ်မှုကို စိတ်ကူးမယဉ်ရဲလောက်အောင် ဖြစ်ရသည်။

“သူတော်စင်ဧကရာဇ်က သူ့ကို ချမ်းသာခွင့် ရွှေတံဆိပ်တောင် ပေးလောက်တယ်”

ယောင်ကွမ်းယွီ၏ မျက်နှာထားက ဖြူဖျော့သွားသည်။

ဝမ်ချောင်က လှိုင်းလုံးများကို ရင်ဆိုင်ကာ ကြံကြံခံနိုင်ခဲ့ပြီး အရေအတွက်များ အားသာသော အခြေအနေမျိုးတွင်ပင် အားနည်းသည့်ဘက်မှ တိုက်ခိုက်ခဲ့ကာ အရှုံးကို ဖမ်းဆွဲနိုင်ခြင်းဖြင့် အနိုင်ယူနိုင်ခဲ့သည်။ ဒီနည်းအားဖြင့် အနောက်တောင်ပိုင်းမှ ပြည်သူတစ်သန်းနီးပါးကို ကယ်တင်နိုင်ခဲ့သည်။ မဟာထန်၏ သမိုင်းတွင် ထိုသို့သော လုပ်ဆောင်နိုင်ခဲ့သူက မများပြားချေ။ သို့တိုင်အောင် ဝမ်ချောင်က အလွန်အကျူး သာလွန်လွန်းသောလူလည်း မဟုတ်သေးချေ။

မဟာထန်၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်ကဲ့သို့ ကျော်ကြားလှသည့် ထိုက်ကျုံးခေတ်မှ ဗိုလ်ချုပ်ကြီးများနှင့် စစ်နတ်ဘုရား စုကျန်းချန်းတို့က သူရဲကောင်းဆန်စွာ အလဲထိုးအောင်နိုင်မှုများကို ပိုင်ဆိုင်ခဲ့သည့်တိုင်အောင် ဘယ်သောအခါကမျှ ဝမ်ချောင်ကဲ့သို့ အထူးတလည် ချီးမြှင့်မခံရခဲ့ဖူးချေ။ ထို့ကြောင့် ယောင်ကွမ်းယွီအနေဖြင့် သူတော်စင်ဧကရာဇ်က မည်သည့်အတွက်ကြောင့် ဝမ်ချောင်ကို ထိုမျှမျက်နှာသာ ပေးနေကြောင်း နားမလည်နိုင်တော့ချေ။

ချွင်

ရွှေရောင်အလင်းက ဖြတ်ကနဲ လက်လာပြီးနောက် ဓား၏အသံကို ကြားလိုက်ရသည်။ သူတော်စင်ဧကရာဇ်က ကောင်းကင်သားတော်၏ ရွှေရောင်ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်ပြီး ဝမ်ချောင်၏ခေါင်းပေါ် ကျော်အောင်မြှောက်လိုက်သည်။

ခြိမ်း

သူတော်စင်ဧကရာဇ်က ဓားဆွဲထုတ်လိုက်သည့် တခဏတွင် ကောင်းကင်ကပင် ပြန်လည်တုန့်ပြန်လာသည်။ ထိုက်ကျိနန်းဆောင်ကို ဗဟိုပြုပြီး ကောင်းကင်က ရှုပ်ထွေးစွာ မွှေနှောက်ခံလိုက်ရသလို ဖြစ်သွားပြီး မည်းမှောင်နေသော တိမ်စိုင်များက နှစ်ခြမ်းကွဲသွားသည်။ ထိုသို့ဖြင့် ရွှေရောင်အလင်းက အောက်သို့ ဖြာကျလာလျှက် သူတော်စင်ဧကရာဇ် ဝမ်ချောင်နှင့် ခမ်းနားသော ထိုက်ကျိနန်းဆောင်ကို လွှမ်းခြုံတော့သည်။

သူတော်စင်ဧကရာဇ်၏ မြင့်မြတ်သောစွမ်းအင် ဩရှသော ခမ်းနားသည့်အသံက နန်းတွင်း၏ ထောင့်တိုင်းမကျန် ပျံ့နှံ့သွားသည်။

“အနောက်တောင်ပိုင်းရဲ့ စစ်ပွဲက အ့ဟိုင်မှာ စတင်ခဲ့တယ်။ ဒါက မင်းစတင်ခဲ့တဲ့နေရာပဲ။ ခွန်းငှက်က ရေထဲမှာ ပျံသန်းတဲ့အချိန်မှာ ခွန်းငါးပဲဖြစ်တယ်။ ကောင်းကင်ကိုပျံတက်ရင်တော့ ဖန်းငှက်ဖြစ်သွားပြီ။ ကျန်းကမင်းကို ခွန်းဖန်းဆိုတဲ့ ဘွဲ့ထူးနာမည် ချီးမြှင့်လိုက်မယ်။ ကျန်းအနေနဲ့ မင်းက ရေထဲမှာပဲ ကူးခတ်နိုင်ရုံတင်မဟုတ်ဘဲ ခွန်းဖန်းလို ကောင်းကင်နဲ့မြေပြင်အနှံ့ လှည့်လည်သွားလာနိုင်သူဖြစ်ဖို့ မျှော်လင့်တယ်။ ကျန်းကမင်းကို အဆုံးအထိ တိုင်းပြည်ကို သစ္စာရှိတဲ့ လူဖြစ်လာဖို့ မျှော်လင့်တယ်”

သူတော်စင်ဧကရာဇ်၏ စကားက တော်ဝင်နန်းတော်ကိုသာ ပဲ့တင်ထပ်သွားရုံမဟုတ်ဘဲ မြို့တော်ထဲရှိ လူတိုင်း၏ နားအတွင်းသို့ ရောက်သွားစေခဲ့ကြောင်း မည်သူကမျှ မသိထားလောက်ချေ။ ထိုအချိန်တွင် ဝမ်ချောင်၏ ပွဲတော်ကြောင့် စည်ကားနေသော တိုင်းပြည်တစ်ခုလုံးကပင် ငြိမ်သက်သွားသည်။

ခလွပ်

မြို့တော်၏ အနောက်ပိုင်းတစ်နေရာ စားသောက်ဆိုင်ထဲမှ အနက်ရောင်ဝတ်ရုံကိုခြုံလျှက် ထောင့်တစ်နေရာတွင်ထိုင်ကာ ဝိုင်သောက်နေသည့် လူတစ်ယောက်က ရုတ်တရက် လက်ထဲတွင်ကိုင်ထားသော တူကိုချိုးလိုက်မိသည်။ အကြောင်းမူကား သူကထိုစကားကို ကြားလိုက်ရ၍ဖြစ်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် အရှင်မင်းကြီး”

ထိုအချိန်တွင် ဝမ်ချောင်ကမူ အပြင်ဘက်မှ အခြေအနေများကို မသိချေ။ သူတော်စင်ဧကရာဇ်က သူ့ကို ခွန်းဖန်းဆိုသော ဘွဲ့ထူးနာမည် ချီးမြှင့်လိုက်ကြောင့်သာ ကြားလိုက်ရသဖြင့် လေးနက်စွာပင် ဂါရဝပြုလိုက်သည်။

နှစ်ကြိမ်ရှင်သန်ဖူးသော လူတစ်ယောက်အနေနှင့် သူတော်စင်ဧကရာဇ်က ဝမ်ချောင်နှင့် နှစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး နှစ်ကြိမ်လုံးကလည်း ဒီဘဝတွင် ဖြစ်နေသည်။ သို့တိုင်အောင် ဝမ်ချောင်က မဟာထန်မှ ထိုအဆင့်မြင့်မားသော ပုဂ္ဂိုလ်ကြီးကို အလွန်လေးစားသည်။ ဒါကသူ၏စိတ်ရင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ မည်သည့်ခေတ်တွင်မဆို ထိုအဆင့်မြင့်မားသော အရှင်သခင်က တစ်ဘဝလုံး မဟာထန်အတွက်သာ အကျိုးပြုခဲ့ပြီး ရန်သူတိုင်းကို အလဲထိုးကာ သူ၏အာဏာကို ဖြန့်ကျက်လျှက် တိုင်းပြည်အတွက်သာ လုပ်ဆောင်ပေးခဲ့သည်။ ထိုကဲ့သို့သောလူကို ခစားရန် လေးစားပြရန် ထိုက်တန်သည်။

ခြိမ်း

သူတော်စင်ဧကရာဇ်က ရွှေရောင်ဓားကို တဖန်ပြန်သိမ်းလိုက်ချိန်တွင် ရွှေရောင်အလင်းက ဖြတ်ကနဲလက်သွားသည်။ ထိုသို့ဖြင့် ဖြစ်စဉ်တိုင်းက ပျောက်ကွယ်သွားသည်။

“ဝမ်ခွန်းဖန်း”

ထိုအချိန်တွင် ဝမ်ချောင်က နောက်ဆုံးတွင် သူ၏ပထမဦးဆုံးသော ဘွဲ့ထူးနာမည်ကို ပိုင်ဆိုင်လက်ခံ ရရှိလိုက်လေပြီ။ ဒါကို ကောင်းကင်သားတော်ကိုယ်တိုင်က ချီးမြှင့်ပေးခဲ့ခြင်းဖြစ်သည်။ သူက ကောင်းကင်သားတော်၏ တပည့်ဖြစ်လာလေပြီ။

ကောင်းကင်ကိုပင် တုန်လှုပ်စေလောက်သော အောင်ပွဲခံသံများနှင့်အတူ ဝမ်ချောင်၏ အခမ်းအနားပွဲက အဆုံးသတ်လေပြီ။ မဟာထန်၏ မြို့တော်တစ်ခုလုံး အောင်ပွဲခံ လေထုအခြေအနေဖြင့် လွှမ်းခြုံခံရသည်။ သို့ရာတွင် တိဗက်တောင်ပေါ် ဒေသတွင်မူ မတူသော အခြေအနေတစ်ခုက ဖြစ်ပျက်နေသည်။

နယ်မြေတိုင်းတွင် ကျွဲ၊နွား၊သိုးများ၏ အလောင်းပုံများက ပုံနေသည်။ သက်ရှိရိက္ခာများ အားလုံးက သေဆုံးသွားခဲ့သည်မှာ ကြာလှချေပြီ။ သူတို့က သေဆုံးသွားသည့်တိုင်အောင် မျက်လုံးအပြူးသား ဖြစ်နေကြသေးသည်။ နေရာတိုင်းတွင်လည်း ယင်ကောင်များက တဝီဝီဖြစ်နေသလို တိမ်မည်းများကလည်း စုရုံးနေသည်။ အထူးသဖြင့် ထိုအလောင်းကောင်များ နေရာတွင်ဖြစ်သည်။ လင်းတများကပင် ကောင်းကင်တွင် ပျံသန်းနေပြီး ထက်ရှသော လက်သည်းကြီးများကို ဆန့်တန်းလျှက် ထိုအသားများကို ဆွဲရန်ကြံစည်နေကြသည်။

ထိုလင်းတများက အနီးအနားရှိ အိမ်စောင့်ခွေးကြီးကို တစ်ချက်ကြည့်ပြီးနောက် စတင်ကာ သုတ်ချီသွားသည်။ သူ့အတွက် အရသာရှိသော အသားများက လူသားများအတွက် အလွန်အမင်း အန္တရာယ်များလေသည်။ ထိုအသားများနှင့် အနံ့ဆိုးများက လီပေါင်းများစွာ အကွာကိုပင် ရောက်နေလေသည်။ ထို့ကြောင့် ဒီလိုနေရာမျိုးက လူသားများအတွက် မသင့်တော်တော့ချေ။

ထိုသို့သော မြင်ကွင်းမျိုးက ယခင်က တစ်ကြိမ်သော်မျှ မဖြစ်ပျက်ခဲ့ဖူးချေ။ အရှိန်အဝါကြီးမြတ်သော ယွီစန်းအင်ပါယာကြီးက ယခုအခါ အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရသည်။

အနောက်တောင်ပိုင်းက စစ်ပွဲက ပြီးဆုံးသွားသော်လည်း ထိုစစ်ပွဲမှ ဆုံးရှုံးပျက်စီးစေခဲ့သည့် ယွီစန်းအင်ပါယာပေါ် သက်ရောက်မှုက အစသာဖြစ်သေးသည်။

ဝမ်ချောင်က လီစစ်ယဲ့ကို တောင်ပေါ်ဒေသသို့ စေလွှတ်ပြီး ကပ်ဘေးကို ဖြန့်စေခဲ့သည်။ ကပ်ဘေးက ဆက်ပြန့်နေသေးသည်။ နာ့ယိတော်ဝင်တပ်ရင်း၏ နယ်မြေက စတင်ပြီး တော်ဝင်မြို့တော်သို့ ရောက်ရှိသွားလေပြီ။

မဟာမီးတောက်က နေ့ညဆက်တိုက် လောင်ကျွမ်းနိုင်သည်။ နွားနှင့်သိုးများကို မီးရှို့ရာမှ ထွက်လာသော မီးခိုးက ကောင်းကင်ကို တလူလူတက်နေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို ယွီစန်းတော်ဝင်မြို့တော် မဟာအမတ် သာ့လွန်တရင်လင်ကသာ ဖြေရှင်းရန် တွေးတောနိုင်တော့မည်ဖြစ်သည်။

မဟာထန်က သိုးကပ်ဘေးကိုကုသရန် လျို့ဝှက်နည်းလမ်းပေါင်း များစွာကို အသုံးပြုထားပြီး မည်သည့်နည်းနှင့်မဆို ယခုအခြေအနေမျိုးတွင် အပြည့်အဝ ပျောက်ကင်းရန် ကုသရန် မဖြစ်နိုင်နေချေ။ တစ်ခုတည်းသော ကျန်ရစ်သည့်နည်းလမ်းက ပိတ်ဆို့ဟန့်တားခြင်းဖြစ်သည်။ အလောင်းများကို မီးရှို့ခြင်းအားဖြင့် ကပ်ဘေးဆက်မပြန့်အောင် တားဆီးသော ဖြေရှင်းချက်က ယွီစန်း၏ မဟာအမတ် ငါးယောက်လုံးက ထွက်လာသော ဖြေရှင်းချက်ဖြစ်သည်။

တောင်ပေါ်ဒေသကို အနှစ်ချုပ်ကြည့်လိုက်မည်ဆိုလျှင် အနောက်တောင်ပိုင်းက စစ်ပွဲက ယွီစန်းအင်ပါယာကို အထူးတလည် အာရုံစိုက်ကာ ကပ်ဘေးကျစေခဲ့ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ အရာအားလုံးက တိဗက်မြင်းတပ် နှစ်သိန်းကျော်ဟာ တောင်ပေါ်ဒေသ၏ အရှေ့ဘက်ဆုံးအပိုင်းမှ ဆင်းသက်သွားခဲ့သည်မှ စတင်ခဲ့သည်။ အဆုံးတွင် တစ်သောင်းသာ အရှင်လတ်လတ် ပြန်လာနိုင်ခဲ့ပြီး နာ့ယိတော်ဝင်တပ်ရင်းကပင် ပြိုလဲသွားရလေသည်။

စစ်သည်နှစ်သိန်းကျော်၏ သေဆုံးမှုပင်ဖြစ်စေ သိုးကပ်ဘေးကပင်ဖြစ်စေ တောင်ပေါ်ဒေသတစ်ခုလုံး ပျံ့နှံ့သွားလေခဲ့ပြီး အရာအားလုံးကို ထောက်ပြနိုင်သည့် တစ်ခုတည်းသော ဝမ်ချောင်ဆိုသည့် နာမည်ကသာ ကျန်ရစ်ခဲ့သည်။

“သာ့လွန်ရော့ကျန်း မင်းက တကယ်ပဲ ဒီဘုရင်ကို စိတ်ပျက်စေခဲ့တယ်။ ဒီဘုရင်က မင်းရဲ့အင်အားကို ယုံကြည်ခဲ့လို့ ဒီဘုရင်က မင်းကိုတော်ဝင်တပ်ရင်းကို ပေးအပ်ခဲ့ပြီး မင်းသားလေးကို ထောက်ပံ့ခိုင်းခဲ့တာ။ အနောက်တောင်ပိုင်းက စစ်ပွဲမှာ မင်းက မာန်ရှဲ့ကျောင်းနဲ့ မဟာမိတ်ပြုချင်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် ဒီဘုရင်က လက်ခံပေးခဲ့တယ်။ မင်းကလည်း ဒါမှသာ အနိုင်ကိုရယူမယ်လို့ ပြောခဲ့တယ်။ ဒီဘုရင်က အရာအားလုံးကို သဘောတူပေးခဲ့တယ်။ ဒါပေမဲ့ကြည့်စမ်း မင်းအခု ဘာလုပ်ခဲ့သလဲ”

ယွီစန်း၏ တော်ဝင်မြို့တော်တွင် အလင်းများက မည်းမှောင်နေပြီး ဆုတောင်းသံများဖြင့် ရွှေရောင်လှည့်ဘီးကသာ တောက်ပနေတော့သည်။ အနီးအနားတွင် ငါးကြီးအန်ဖက်များက ပြည့်နေပြီး ကြေးနီရောင်အိုးကြီးများဖြင့် မွှေးပျံ့သော မီးခိုးများကို လေထုထဲသို့ လွှတ်ထုတ်နေရသည်။

ထိုမီးခိုးများက နန်းတွင်းတစ်ခုလုံးကို လွှမ်းခြုံနေပြီး လူတိုင်းကို အိမ်မက်ထဲရောက်နေသလို ဝေဝေဝါးဝါး ခံစားရစေသည်။ သို့သော် ထိုမီးခိုးများထဲတွင် ခမ်းနားသော အဖြူရောင်ဝတ်စုံကို ဝတ်ထားပြီး မြေကြီးကို မျက်နှာအပ်ကာ ဒူးထောက်နေသော ပုံရိပ်တစ်ခုကို မြင်နိုင်သေးလေသည်။ အနီးကပ်ကြည့်မည်ဆိုလျှင် တစ်ဖက်သူက နာ့ယိတော်ဝင်တပ်ရင်းမှ မဟာအမတ်ဖြစ်သည့် ဝမ်ချောင်က အလဲထိုးခဲ့သော သာ့လွန်ရော့ကျန်းဖြစ်သည်။

သူက အနောက်တောင်ပိုင်းက စစ်ပွဲတွင် အကြီးကြီးရှုံးသွားခြင်းအားဖြင့် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပျက်စေခဲ့သည်။ ထိုအချိန်တွင် ကပ်ဘေးကလည်း တောင်ပေါ်ဒေသတစ်ခုလုံး ပျံ့နှံ့လာကာ မရေမတွက်နိုင်သော တိဗက်ရိက္ခာပေါင်းများစွာကို ပျက်စီးသွားစေခဲ့ပြီး လူတိုင်းကို ဒုက္ခရောက်သွားစေခဲ့သည်။ သူ၏အံ့အားသင့်မှု ဒေါသများနှင့် ဆန်းပေါ်က သာ့လွန်ရော့ကျန်းကို ဆင့်ခေါ်ရန် မေးခွန်းထုတ်ခဲ့ပြီး အမိန့်ထုတ်ခဲ့ခြင်းဖြစ်သည်။

“အရှင်မင်းကြီး ဒီနိမ့်ကျတဲ့လူမှာ ဘာမှပြောစရာ မရှိတော့ပါဘူး”

ဒူးထောက်နေသော သာ့လွန်ရော့ကျန်းက ကိုယ့်ကိုယ်က်ို ခုခံရန်ပင် မကြိုးစားတော့ချေ။

“မျိုးမစစ်”

ဆန်းပေါ်က ထိုစကားများကြောင့် ပို၍ဒေါသထွက်သွားသည်။ လက်ရွေးစင်မြင်းတပ် နှစ်သိန်းကို ဆုံးရှုံးခဲ့ရပြီး ကပ်ဘေးကလည်း တောင်ပေါ်တွင် ပျံ့နှံ့နေသည်။ သို့သော် သာ့လွန်ရော့ကျန်းက သူ့ကို ပြောစရာမရှိဟု ဆိုနေသည်။ ဆန်းပေါ်က ထိုအခြေအနေကို လက်သင့်မခံနိုင်တော့ချေ။

“လာ သင့်ကိုရာထူးကထုတ်ပြီး ဒီဘုရင်ရဲ့အပြစ်ဒဏ်ကိုခံဖို့ အကျဉ်းချထားလိုက်”

ဆန်းပေါ်၏ ဒေါသသံက ဟိန်းထွက်လာသည်။ ထိုအသံက လီပေါင်းများစွာကပင် ကြားရလောက်သည်။

သာ့လွန်ရော့ကျန်း၏ နှုတ်ခမ်းက ခါးသီးသောအပြုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တော်ဝင်မြို့တော်သို့ လာရောက်လည်ပတ်ခဲ့ပြီးနောက် သူက ယခုလို အဆုံးသတ်မည်မှန်း ခန့်မှန်းထားပြီးသားဖြစ်သည်။

နာ့ယိမဟာအမတ် တစ်ယောက်ဖြစ်ပြီး အနောက်တောင်ပိုင်းက စစ်ပွဲတစ်ခုလုံးကို အုပ်ချုပ်ရန် အမိန့်ပေးခဲ့သည့် စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်သည့်အလျောက် ဒီအရှုံးကို အပြစ်တင်ခံရမည့် အရေးမှ မလွတ်နိုင်ချေ။ မည်သည့်အပြစ်ပေးမှုကိုမဆို သူက ခံရတော့မည်ဖြစ်သည်။

ဒီတိုက်ပွဲရှုံးမယ်မှန်း ငါမသိခဲ့ဘူး။

သူက ဒူးထောက်နေရင်းမှ သာ့လွန်ရော့ကျန်းက မဟာထန်၏အဝေးတွင် ဆုလဒ်ချီးမြှင့်ခံနေရလောက်မည့် လူငယ်တစ်ယောက်ကို တွေးမိသွားသည်။

အနောက်တောင်ပိုင်းမှ မဟာထန်နှင့် ရင်ဆိုင်ခဲ့သော စစ်ပွဲက ရက်ပေါင်းများစွာကြာခဲ့ပြီး သူက နည်းလမ်းပေါင်းစုံ ထုတ်သုံးခဲ့သည်။ သို့သော် အဆုံးတွင် သူကလူငယ်ကို ရှုံးသွားခဲ့ပြီး ပြောစရာစကားပင် မရှိတော့ချေ။ မည်သူကမျှလည်း ဒီလိုအရှုံးကို ကြိုတင်ပြင်ဆင်ရန် လောင်းကြေး မထပ်ဝံကြလောက်ချေ။

ဘန်း

ခန်းမတံခါးကြီးက ပွင့်ထွက်သွားပြီး တော်ဝင်မြို့တော်မှ လေးလံသော ကြေးနီရောင်သံချပ်ကာကို ဝတ်ဆင်ထားသော စစ်သည်တော်များစွာက မီးခိုးကိုကျော်ဖြတ်လာသည်။ ထိုစစ်သည်တော်တိုင်းက အလွန်အင်အားကြီးမားကာ တောင့်တင်းသန်မာကြသည်။ သူတို့၏ ခြေလက်များတွင် အင်အားက အပြည့်ပါသည်။ သူတို့၏ မျက်ဝန်းများဖြင့် တစ်ခန်းလုံးကို စစ်ဆေးခဲ့ပြီးနောက် သာ့လွန်ရော့ကျန်း၏ အနီးအနားသို့ ရောက်လာသည်။

တော်ဝင်မြို့တော်မှ ထိုအစောင့်များက လက်ရွေးစင်များဖြစ်ပြီး ဆန်းပေါ်ကသာ အမိန့်ပေး ထိန်းချုပ်နိုင်သည်။ သူတို့က အလွန်အမင်း အင်အားကြီးမားကြသည်။ ဆန်းပေါ်ကသူတို့ကို လိုအပ်ချိန်တွင်သာလျှင် အမိန့်ထုတ်ပေးနေသည်။ ကျန်သောအချိန်များတွင် သူကဆန္ဒရှိသလို မခိုင်းနိုင်ချေ။

“ခဏနေပါဦး”

ထိုအစောင့်များက သာ့လွန်ရော့ကျန်းထံ ချဉ်းကပ်သွားချိန်တွင် ဆန်းပေါ်၏ အနီးအနားမှ ပုံရိပ်တစ်ခုက ရုတ်တရက် ထလိုက်သည်။

“အရှင်မင်းကြီး ကျွန်တော် မေးမြန်းခွင့်များရှိမလား”

ထိုလူက နေရာမှထလိုက်ကာ လျှောက်လာသည်။ မီးခိုးများက ကွဲအက်သွားပြီးနောက် ထိုလူကို မြင်လိုက်ရသည်။ ထိုလူက ဖြူဖျော့သော မျက်နှာထားမျိုးကို ပိုင်ဆိုင်ထားသည်။ ထိုလူက ထုတ်လုပ်နေသော အရှိန်အဝါက သာ့လွန်ရော့ကျန်းနှင့်တူသည်။ သို့သော် သူကပို၍မြင့်မားကာ ပို၍ဉာဏ်ပညာရှိပြီး စူးရှတောက်ပလေသည်။

ယွီစန်း၏ အင်ပါယာတွင် ထိုကဲ့သို့ ဆန်းပေါ်၏အရှေ့တွင် ခေါင်းမာစွာဖြင့် ခွင့်မပေးဘဲ ဝင်ပြောရဲသူက တစ်ယောက်တည်းသာလျှင်ရှိသည်။ ထိုလူက မဟာအမတ် ငါးယောက်ထဲမှ ခေါင်းဆောင်ဖြစ်သည့် တော်ဝင်မဟာအမတ်မင်း သာ့လွန်တရင်လင်ဖြစ်သည်။

သူက အမတ်ငါးယောက်ကို ဦးဆောင်သော်လည်း သာ့လွန်တရင်လင်က သာ့လွန်ရော့ကျန်းထက်ပင် အသက်ငယ်သည်။ သို့တိုင်အောင် သူကစကားပြောလိုက်သည့်အချိန်တိုင်း ခန်းမထဲရှိလူတိုင်းက လေးစားကြသည်။ အထူးသဖြင့် ဆန်းပေါ်နှင့် သာ့လွန်ရော့ကျန်းဖြစ်သည်။

ယွီစန်းအင်ပါယာတွင် လူတစ်ယောက်တည်းကသာ ထိုသို့သော ဉာဏ်ပညာကို ပိုင်ဆိုင်ထားသည့်အတွက် သူ၏စကားတိုင်းကို ဆန်းပေါ်က လေးစားလေသည်။ ထိုလူက သာ့လွန်တရင်လင်ဖြစ်သည်။

သာ့လုံက အမတ်ချုပ်ကြီးဆိုသည့် လေးစားခံရသော ဘွဲ့အမည်ဖြစ်ပြီး သာ့လွန်ရော့ကျန်းရောက်နိုင်သည့် အဆင့်မျိုးလည်းမဟုတ်သေးချေ။

ယွီစန်းအင်ပါယာ၏ အင်အားဖြင့်ပင် ထိုသို့သော ဘွဲ့ထူးကို သူတစ်ယောက်တည်းကသာ ပိုင်ဆိုင်ထားသည်။ ယွီစန်း၏ မဟာအမတ်ချုပ်ကြီး ဖြစ်လာပြီးနောက် လူတိုင်း၏ လေးစားခံရရန်အတွက် သူက လုံလောက်သော အင်အားကို ထုတ်ပြခဲ့ပြီးလေပြီ။

အခန်း(၆၅၄)

မဟာအမတ်မှာ မေးခွန်းရှိရင်လည်း မေးလိုက်ပါ။

ဆန်းပေါ်က ယခုလေးတင် ဒေါသထွက်နေသော်လည်း ချက်ချင်းလိုလို တစ်ဖက်သူတစ်ယောက်ကြောင့် မျက်နှာထားများက ပြောင်းလဲသွားပြီး ပျော်ရွှင်မှုဖြင့် ပြည့်နှက်သွားသည်။ ထိုစကားများကို ပြောပြီးနောက် ဆန်းပေါ်က အစောင့်နှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက် နောက်ဆုတ်စမ်း”

“ဟုတ်ကဲ့”

ထိုတော်ဝင်မြို့တော်မှ အစောင့်နှစ်ယောက်က ချက်ချင်းလိုလို ခန်းမထဲမှ လျှင်မြန်စွာဖြင့် ထွက်ခွာသွားပြီး တံခါးကိုပင် ပိတ်ပြီးသွားသေးသည်။

“မဟာထန်ရဲ့ သူတော်စင်ဧကရာဇ်က ဝမ်ကလန်ရဲ့ အငယ်ဆုံးသားကို အခုဆုချီးမြှင့်တဲ့ အခမ်းအနားပွဲကို ကျင်းပနေတယ်။ မင်းဒီကိစ္စကို သိလား”

သာ့လုံတရင်လင်၏ အကြည့်က စူးရှသည်။ သူက ခြေနှစ်လှမ်း ရှေ့တိုးလိုက်ပြီးနောက်တွင် သာ့လွန်ရော့ကျန်းကိုကြည့်ကာ အဓိက အကြောင်းအရင်းကို ဆွဲခေါ်လိုက်သည်။

သာ့လွန်ရော့ကျန်းက ထိုသတင်းကြောင့် ကြောင်သွားပြီး ခေါင်းမော့ကြည့်လာသည်။ သာ့လွန်ရော့ကျန်းက သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို ဆုလာဒ်ချီးမြှင့်မည့်အရေးကိုလည်း သိထားလေသည်။ ယွီစန်းအင်ပါယာက ယခုလို ခါးသီးစွာ ခံစားနေရသည်မှာ ထို(၁၇)နှစ်သား ဝမ်ချောင်ကြောင့်ဖြစ်သည်။

ယခုအခါ သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို ဆုလာဒ်ကြီးမားစွာ ချီးမြှင့်တော့မည်ဖြစ်သည်။ ထို့ပြင် ထိုသို့ ချီးမြှင့်လိုက်သည်နှင့် ဝမ်ကလန်မှ ထိုအငယ်ဆုံးသားက မဟာထန်ကို ပို၍သာ အကျိုးပြုမှုများ လုပ်ပေးတော့မည် ဖြစ်လေပြီး ယွီစန်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး ဖြစ်လာပေလိမ့်မည်။

“ဟမ့် အရမ်းကောင်းတယ်။ မင်းကြည့်ရတာ သတိထားမိတဲ့ပုံပဲ။ အနောက်တောင်ပိုင်းက စစ်ပွဲက ပြီးဆုံးသွားပြီ။ နာ့ယိတော်ဝင်တပ်ရင်းက စစ်သည်တော်တွေ ဘယ်လောက်ပဲရှုံးရှုံး ကပ်ဘေးက ဘယ်လောက်ကြီးကြီး ဒါတွေအားလုံးက အတိတ်ဖြစ်သွားပြီ။ စစ်ပွဲမှာ သေဆုံးမှုကတော့ ရှိမှာပဲ။ တန်ကြေးက သေချာပေါက် ပေးဆပ်ရမယ်။ ငါတို့ရဲ့ မဟာထန်နဲ့ ဖြစ်ပွားခဲ့တဲ့ အတိတ်ကစစ်ပွဲမှာ ငါတို့က အရှုံးကြီးရှုံးခဲ့တယ်။ ဒါပေမဲ့ လက်ဗလာနဲ့ မဖြစ်ခဲ့ဘူးပဲ။ အနည်းဆုံး ငါတို့နာမည်တစ်ခုကို သိလိုက်ရတယ်။ ဝမ်ချောင်မဟုတ်လား”

သာ့လုံတရင်လင်က လှောင်ပြုံးပြုံးသည်။ သူ၏အကြည့်က ဆေဘာဓားတစ်လက်ကဲ့သို့ စူးရှလာပြီး အေးစက်သော အလင်းများကို လွှတ်ထုတ်ကာ ခန်းမထဲရှိ မီးခိုးများကိုပင် ကျော်ဖြတ်နိုင်သည်နှင့်တူသည်။

အံ့အားသင့်သော သာ့လွန်ရော့ကျန်းက ချက်ချင်းလိုလို ခေါင်းပြန်ငုံ့လိုက်သည်။

“အနိုင်နဲ့အရှုံးက စစ်သည်တော်ရဲ့ အဖော်ပြုဘက်တွေပဲ။ ငါတို့ဒီနေ့ ဒီတန်ကြေးကို ပေးဆပ်လိုက်ရတယ်။ အနာဂတ်မှာ မဟာထန်က ဗိုလ်ကြီးရဲ့တန်ကြေးကို သေချာပေါက် ပေးဆပ်ရမယ်။ ဒါပေမဲ့ အဲ့ဒီမတိုင်ခင် ဘာလို့မင်းက ငါတို့ကို ဝမ်ချောင်အကြောင်း မပြောပြတာလဲ”

“ရော့ကျန်းက နားလည်ပါပြီ”

မီးခိုးတိမ်စိုင်များထဲမှ သာ့လွန်ရော့ကျန်း၏အသံက ဟိန်းထွက်လာသည်။

“အရှင်မင်းကြီး မဟာအမတ်မင်း အနောက်တောင်ပိုင်းက စစ်ပွဲမှာ ရော့ကျန်းက အင်ပါယာရဲ့ အရှုံးအတွက် သေချာပေါက် သံသယမဝင်လောက်အောင် တာဝန်ယူပေးသူ ဖြစ်သင့်ပါတယ်။ အပြစ်ဒဏ်က ဘာပဲဖြစ်ဖြစ် ဒီအပြစ်ရှိစိတ်အပြည့်နဲ့ အပြစ်သားက သေချာပေါက် အပြစ်ဒဏ်ခံယူမှာပါ။ ဒါပေမဲ့ ဝမ်ကလန်က အငယ်ဆုံးသားအတွက်ကတော့... မဟာအမတ်မင်း ပြောသလိုဆိုရင် သူ့ကို မဟာထန်ရဲ့ သူတော်စင်ဧကရာဇ်က ဆုကြေးမြင့်မားစွာနဲ့ မြှောက်စားလိုက်ရင် အနာဂတ်မှာ ယွီစန်းအတွက် ခြိမ်းခြောက်မှုကြီးပဲ ဖြစ်လာပါလိမ့်မယ်။ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းအား သူ့ရဲ့အပြုအမူ အမူအကျင့်အရ အားလုံးက ယုံကြည်မှုအပြည့်ပါပဲ။ တိုက်ပွဲရဲ့ အပြင်းထန်ဆုံး စိတ်ဓာတ်အကျလောက်ဆုံး အခြေအနေမှာတောင် မဟာထန်ရဲ့ စစ်တပ်က အမြစ်ဖြတ်သုတ်သင်ခံရလုနီးပါး အခြေအနေ ရောက်ခဲ့တာတောင်သူက မထိတ်လန့်တဲ့အပြင် စစ်တပ်ကိုထပ်ပြီး အမိန့်ပေးနိုင်နေတုန်းပါပဲ”

“ဒါ့အပြင် သူ့ရဲ့ဗျူဟာ သူ့ရဲ့အကြံအစည်တွေ အားလုံးက လျို့ဝှက်ဆန်းကြယ်ပြီး အကန့်အသတ် မဲ့နေသလိုမျိုး ခန့်မှန်းဖို့တောင် ခက်ခဲပါတယ်။ ပိုပြီးအရေးကြီးတာက သူက(၁၇)နှစ်ပဲ ရှိသေးပေမဲ့ သူ့ရဲ့မြင်နိုင်စွမ်းအား၊ သူ့ရဲ့နည်းလမ်းတွေက ကြောက်စရာ ကောင်းနေတာပါ။ ဒီသိုးကပ်ဘေးက သူကြံစည်ခဲ့တာပါ”

“သူ့အတွက် (၁၇)နှစ်ထဲနဲ့ ဒီလောက်မြင်နိုင်စွမ်းအားရှိဖို့ ဒီလောက်ဗျူဟာချနိုင်ဖို့ အတွက်ဆိုရင် သူကသာ အရွယ်ရောက်လာရင် တော်ဝင်မြို့တော်ရဲ့ ဒီမတော်တဆဟောင်းကြီးက ဆက်ဖြစ်မှာကိုတောင် စိုးရိမ်ရပါတယ်”

ထိုနောက်ဆုံးစကားက မြေပြင်သို့ ခပ်ကြမ်းကြမ်း ဆောင့်နင်းလိုက်သလိုမျိုး ခန်းမတစ်ခုလုံးကိုပင် ပွက်လောရိုက်သွားစေခဲ့သည်။

မဟာအမတ်ချုပ်ကြီး တဖြစ်လဲ မဟာအမတ်မင်း သာ့လုံတရင်လင်ပင်ဖြစ်စေ၊ ယွီစန်းအင်ပါယာမှ အင်အားအကြီးဆုံး ဆန်းပေါ်ပင်ဖြစ်စေ ထိတ်လန့်အံ့သြသွားကြသည်။ မေးခွန်းစထုတ်ခဲ့သော သာ့လုံတရင်လင်ပင် သာ့လွန်ရော့ကျန်းက ဝမ်ကလန်ရဲ့ အငယ်ဆုံးသားကို ထိုမျှမြင့်မားစွာ ခန့်မှန်းကြမည်ဟု မထင်ထားခဲ့ချေ။ တော်ဝင်မြို့တော်၏ မတော်တဆဟောင်းကို တိဗက်တိုင်းက နားလည်သည်။

ယွီစန်းကို သဘာဝ အကာအကွယ်များက ကာကွယ်ပေးထားသည်။ အလွန်မြင့်မားသော တောင်တန်းများနှင့် ပါးလျသော လေထုအခြေအနေက ယွီစန်း၏ အကြီးမားဆုံး ခုခံအားလှိုင်းဖြစ်သည်။ ဒီနေရာသို့ ဝင်ရောက်လာသည့် ပြည်ပစစ်သည်တော်တိုင်းက ဒီနေရာတွင် သူတို့၏ခွန်အားက အကန့်အသတ်ရှိကြောင်း ရှာဖွေတွေ့ရှိခဲ့ကြသည်။ တိဗက်များကသာ ဒီလောကတွင် ရှင်သန်ကြီးထွားသူများ ဖြစ်သည့်အလျောက် သက်ရောက်မခံရခြင်းဖြစ်သည်။ ရလဒ်အနေဖြင့် တိဗက်များက ကိုယ့်ကိုယ်ကို ကောင်းကင်မှ ရွေးချယ်ခံရသူများဟု ခေါ်ကြသေးသည်။

သို့သော် ယွီစန်းက သမိုင်းတောက်လျှောက် မရှုံးခဲ့ဖူးခြင်း မဟုတ်ခဲ့ချေ။ အနည်းဆုံး ယခင်ရာစုနှစ်ပိုင်း တစ်ခုက ယွီစန်း၏ တော်ဝင်မြို့တော်၏ မြို့ရိုးများက နှစ်ကြိမ်ခန့် ပြန်ပြင်ခဲ့ရသည်။ ပထမဦးဆုံး မတော်တဆမှုကမူ ထန်မှထိုက်ကျုံးခေတ် အတောအတွင်း စစ်နတ်ဘုရား စုကျန်းချန်းကြောင့်ဖြစ်သည်။

ဒုတိယတစ်ကြိမ်ကမူ လွန်ခဲ့သည့် (၂၃)နှစ်ခန့်က မဟာထန်၏ စစ်နတ်ဘုရား ယခုတော်ဝင်မင်းသား၏ အငယ်တန်း အစောင့်အရှောက် ဝမ်ကျုံးစစ်ကြောင့်ဖြစ်သည်။ သူက တော်ဝင်မြို့တော်ထဲသို့ မဝင်ရောက်နိုင်ခဲ့သော်လည်း ဆုံးရှုံးမှုက ကြီးမားစေခဲ့သေးသည်။ ထို့ကြောင့် အရေးပါ အရာရောက်သော အရာရှိတိုင်းကလည်း ထိုအကြောင်းကို သိထားကြပြီး ဆန်းပေါ်အပါအဝင် လူတိုင်းက ယခုလောက်ထိ တော်ဝင်မြို့တော်ကို ဝေးကွာလွန်းသော နေရာသို့ ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။ သူတို့ချန်ထားရစ်ခဲ့သော တော်ဝင်မြို့တော်က လူသူကင်းရှင်းသောမြို့ကြီး ဖြစ်သွားခဲ့ရသည်။

ဝမ်ကျုံးစစ်က လူမရှိတော့သောမြို့ကို မြင်သွားခဲ့မှသာ သူ၏တပ်ဖွဲ့ကိုဆုတ်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုရပ်တန့်ရန် ခက်ခဲသော အသွားတစ်ဖက်ကို မြင်ခဲ့ရသလိုမျိုး အလုံးအရင်းဖြင့် သတ်ဖြတ်ခံခဲ့ရသည့် ကိစ္စကြီးက တောင်ပေါ်ဒေသတစ်ခုလုံးကို အထိတ်တလန့် ဖြစ်စေခဲ့ပြီး တိဗက်တိုင်းက ဝမ်ကျုံးစစ်၏နာမည်ကိုကြားသည်နှင့် အထိတ်တလန့်ဖြစ်ရသည်အထိ ဖြစ်ရသည်။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် နာ့ယိတော်ဝင်တပ်ရင်း တစ်ခုလုံးက ဖြိုလဲခံခဲ့ရသည်။ သို့သော်ဒါက ပြည်တွင်းစစ်သာဖြစ်ခဲ့သည်။ ယွီစန်းက အလားတူ တော်ဝင်တပ်ရင်း လေးခုရှိပြီး တော်ဝင်မြို့တော်ကြီးလည်း ရှိနေသေးသည်။ ထို့အပြင် နာ့ယိတော်ဝင်တပ်ရင်းက ယွီစန်းအင်ပါယာ တစ်ခုလုံးကို လွှမ်းခြုံနိုင်စွမ်း မရှိသေးချေ။ ထို့ကြောင့် နာ့ယိတော်ဝင်တပ်ရင်း၏ ဆုံးရှုံးမှုက တိုင်းပြည်အတွက် မပြောပလောက်သေးချေ။ သို့သော် အစစ်အမှန် ဆုံးရှုံးစေသော ကပ်ဘေးက သိုးကပ်ဘေးဖြစ်သည်။ သို့ရာတွင် သာ့လွန်ရော့ကျန်းက ဝမ်ချောင်ကို ညွှန်းနေသော ကိစ္စအရ ယခင်မတော်တဆ ဟောင်းများကပင် ပြန်ဖြစ်လာနိုင်သည်ဟု ဆိုလိုလေသည်။

ယခင်ဆယ်စုနှစ်ပေါင်း များစွာအတွင်း ဒါက အကြီးဆုံးအမိန့်ကြီးတစ်ခုကို ထုတ်ပြန်ရန် ဖြစ်လာလောက်သည်။ ယွီစန်းအင်ပါယာကို တိုးမြှင့်ကာ ခုခံကာကွယ်နိုင်ရန် နည်းလမ်းပေါင်းများစွာကို အသုံးပြုခဲ့သည်။ မဟာထန်မှ လက်နက်သွန်းလုပ်သည့် နည်းလမ်းများကိုပင် စတင်သင်ယူခဲ့ကြသေးသည်။ ထို့အပြင် သံမဏိနှင့် အရည်အသွေး မြင့်မားသော လက်နက်ပေါင်းများစွာကိုလည်း ဝယ်ယူခဲ့သေးကာ စစ်မြင်းပေါင်းများစွာကိုလည်း သားဖောက်ခဲ့သည်။ လက်ရွေးစင်မြင်းတပ်များကိုလည်း ပျိုးထောင်ပေးခဲ့သည်။ သာ့လွန်ရော့ကျန်း၏ ယခုလို ချဲ့ကားစွာ ချီးကျူးလိုက်ခြင်းက မယုံနိုင်စရာ ကောင်းလွန်းနေသည်။

“မဟာအမတ်မင်း အရှင်မင်းကြီး ဒီအပြစ်ရှိတဲ့ အပြစ်သားက နာ့ယိတော်ဝင်တပ်ရင်းကို ဦးဆောင်ပေးနေချိန်မှာ မဟာထန်က စစ်အမတ် ကျန်းချုံကျန့်ချုံနဲ့ လုံရှီရဲ့ ခဲ့ရှု့ဟန်တို့ အပါအဝင် အခြားအင်အားကြီးမားတဲ့ ပုဂ္ဂိုလ်ပေါင်းများစွာ အရာရှိပေါင်းများစွာ ဗိုလ်ချုပ်ပေါင်းများစွာကို ရင်ဆိုင်ခဲ့ဖူးတာ။ ဒါပေမဲ့ ဘယ်သူကမှ ဒီအပြစ်သားကို ဝမ်ကလန်က အငယ်ဆုံးသားလောက် မခြိမ်းခြောက်နိုင်ခဲ့ပါဘူး။ ဒီနိမ့်ကျတဲ့လူက ဘယ်လိုနည်းနဲ့သုံးရသုံးရ သေချာပေါက် ဝမ်ကလန်ရဲ့ အငယ်ဆုံးသားကို ရှင်းလင်းပစ်မှ ဖြစ်ပါမယ်လို့ အကြံပြုပါရစေ”

သာ့လွန်ရော့ကျန်း၏ နောက်ဆုံးစကားက ရိုးသားမှုအပြည့်ပါသည်။

တော်ဝင်တပ်ရင်း လေးခုမှ ဗိုလ်ချုပ်များနှင့် အမတ်များကပင် တော်ဝင်နန်းတော်ထဲသို့ စိတ်ရှိသလို မဝင်နိုင်ခဲ့ချေ။ သာ့လွန်ရော့ကျန်းကလည်း သူဆန်းပေါ်ကဲ့သို့ မဟာအမတ်မင်းကို သိမ်းသွင်းနိုင်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ကြောင်း နားလည်နေသည်။

“ဒီကိစ္စအတွက်ကတော့ ငါတို့ဘာလုပ်သင့်လဲ ငါသိတယ်”

သာ့လုံတရင်လင်က သာ့လွန်ရော့ကျန်း၏ မျက်လုံးကို စိုက်ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူက မျက်လုံးကို ပြန်မှိတ်လိုက်သည်။ သူ၏ကိုယ်မှ မွှေးပျံ့သောမီးခိုးက ထွက်လာပြီးနောက် သူ၏ပုံရိပ်က ဖျော့တော့ဝေဝါးသွားသည်။ သို့သော် ဉာဏ်ကောင်းလွန်းသော တော်ဝင်အမတ်မင်းကြီးက ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်ကြောင်း သိနိုင်လေသည်။

တော်ဝင်မဟာအမတ်မင်းနှင့် အင်ပါယာ မဟာအမတ်မင်းဆိုသော နာမည်များအရ သူတို့၏ အသိဉာဏ်ကို သိနိုင်သည်။ အချို့သော ကိစ္စများတွင် သူတို့၏ စကားအနည်းငယ်ကတင် မေးခွန်းပေါင်းများစွာကို ဖြေရှင်းရန် လုံလောက်သည်။

“တကယ်ကို နတ်တောင်တန်းပဲ”

ထိုအချိန်တွင် ယွီစန်းအင်ပါယာ တော်ဝင်မြို့တော်က တိတ်ဆိတ်ငြိမ်သက်နေသော်လည်း မဟာထန်၏ အနောက်တောင်ပိုင်းမှ ဝေးကွာလွန်းသော နေရာတွင် တစ်ကိုယ်လုံး လုံခြုံစွာ ဝတ်ဆင်ထားသည့် မျက်နှာရှည်ရှည်နှင့် ပိန်ပါးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လူတစ်ယောက်က တောင်ခြေနေရာတွင် ရပ်နေသည်။ ထိုသက်လတ်ပိုင်းလူက ကျော့ရှင်းကြည့်ကောင်းသော လေထုကို သယ်ဆောင်ထားပြီး ထိုနေရာတွင် ယုံကြည်မှုအပြည့်ဖြင့် ရပ်နေခြင်းဖြစ်သည်။ ထို့အပြင် သူ၏လက်ထဲတွင်လည်း သစ်တော်သီး ပန်းပွင့်ပုံများဖြင့် အလှဆင်ထားသည့် စက္ကူထီးတစ်လက်ကို ကိုင်ထားသည်။

သူ၏မျက်ဝန်းအရှေ့တွင် ဝမ်ချောင်က အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် တစ်သိန်းကို ဦးဆောင်လျှက် မာန်ရှဲ့ကျောင်း ယွီစန်းစစ်တပ် ငါးသိန်းကို ရင်ဆိုင်ခဲ့သော တောင်တန်းကို မြင်ရသည်။

မဟာထန်မှ အနောက်တောင်ပိုင်း ထိုနာမည်မဲ့သောတောင်က ယခုအခါ စစ်ပွဲပြီးနောက် နာမည်တစ်ခု ရလာသည်။ ထိုတောင်ကို နတ်ဘုရားတောင်တန်းဟုခေါ်သည်။ အကြောင်းမူကား အနောက်တောင်ပိုင်းမှ ကံကောင်းမှုများနှင့် ကံကြမ္မာကောင်းကို သယ်ဆောင်ပေးထားသောကြောင့် ဖြစ်သည်။ အနောက်တောင်ပိုင်းက စစ်ပွဲက မယုံနိုင်စရာ ကောင်းလွန်းခဲ့သည်။

စစ်သည်တော် တစ်သိန်းကျော်က စစ်သည်တော် ငါးသိန်းကို ရင်ဆိုင်နိုင်ခဲ့ပြီး လေးသိန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သည်။

တိုက်ပွဲ၏ ရေစီးဆင်းသောအချိန်တွင် ထန်စစ်သည်တော်များက ရေပြတ်သွားခဲ့သည်။ ထိုသို့ဖြင့် တောင်ပေါ်မှပင် ရေတူးထုတ်ခဲ့သည်ဟုဆိုသည်။

သူတို့ကို နတ်ဘုရားကသာ စောင့်ရှောက်ပေးနေခြင်း မဟုတ်လျှင် ရှင်းပြရန် ခက်ခဲသွားပေလိမ့်မည်။ အနောက်တောင်ပိုင်းက ထိုစစ်ပွဲက ဒီတောင်ကိုနတ်တောင်ဖြစ်သွားစေသည်။

ဝမ်ကလန်မှ တောင်ထိပ်ပေါ်တွင် ရပ်နေခဲ့ဖူးသည့် ထိုလူငယ်အတွက်ကမူ သူက ရဲရင့်ပြတ်သားမှုဖြင့် စစ်သည်တော် တစ်သိန်းကိုတောင် ဦးဆောင်လျှက် မာန်ရှဲ့ယွီစန်းကို ဖျော့တော့သော အပြုံးနှင့်အတူ တိုက်ခိုက်ခဲ့ကာ အနောက်တောင်ပိုင်းက ပြည်သူတစ်သန်းနီးပါးကို ကာကွယ်ပေးနိုင်ခဲ့သည်။ ထိုလူကမူ နတ်ဘုရားက ပြန်လည်မွေးဖွားလာသောလူ သို့မဟုတ် နတ်ဘုရား၏ သားတော်ဟုပင် တင်စားကြသည်။ အကြောင်းမူကား အဆင့်မြင့်နတ်မှသာ ထိုသို့လုပ်နိုင်စွမ်း ရှိလောက်သောကြောင့်ဖြစ်သည်။

ထိုတောင်ကို ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်က ဖုံးလွှမ်းထားသည်။ ပြင်းထန်သောတိုက်ပွဲ ပြီးသွားပြီးနောက် အပေါ်ယံမျက်နှာပြင်က မညီတော့ချေ။ စွမ်းအင်များပေါက်ကွဲမှုကြောင့် အမှတ်အသားပေါင်းများစွာ ရှိနေလေပြီး ကြမ်းတမ်းသည့် တိုက်ပွဲ၏ လက္ခဏာကို ပြသခဲ့သည်။ အားလုံးခြုံလိုက်သော် ဒီတောင်တန်းတစ်ခုလုံးတွင် သွေးနီရောင်မြေသားများ ရှိနေလေပြီ။

စိတ်ဓာတ်ကျဖွယ် အကောင်းဆုံးသော အချို့သော နေရာများတွင်ဆိုလျှင် ခရမ်းရောင်သမ်းနေသော ပစ္စည်းများကို မြင်နိုင်သည်။ ထိုထဲတွင် သွေးနှင့်အပိုင်းအစများကိုလည်း မြင်နိုင်သေးလေသည်။

သက်လတ်ပိုင်းလူ၏ မျက်ဝန်းများက တစ်ဝက်သာလျှင် ဖွင့်ထားပြီးနောက် အသက်ပြင်းပြင်းရှုသည်။ ထို့နောက် သူရှုလိုက်ချိန်တွင် ပြင်းထန်သည့် သွေးရနံ့ကို ရှုရှိုက်လိုက်မိသည်။ ထိုလူ၏မျက်နှာတွင် ရှုံ့မဲ့သော အမူအရာမျိုး မမြင်ရချေ။ အနှစ်ချုပ်ဆိုရသော် သူက ယစ်မူးသွားသလို ဖြစ်သွားသည်။

အချို့သောလူများအတွက် စစ်က တက်စွမ်းရှိသမျှ ရှောင်ရှားရမည့် ကပ်ဘေးဖြစ်သည်။ အချို့သော လူများအတွက်မူ စစ်ကသူတို့၏ အားဖြည့်ရာဖြစ်သည်။ စစ်သည်တော်များအတွက် တိုက်ပွဲတွင် ရွတ်ရွတ်ချွန်ချွန် စွမ်းဆောင်ပြနိုင်မည့် ကောင်းကင်ဘုံလည်းဖြစ်သည်။ သူတို့အတွက် အလှပဆုံးသော မြင်ကွင်းလည်း ဖြစ်လောက်သည်။ အသက်များ ဆုံးရှုံးပျောက်ကွယ်သွားသော တခဏက သူတို့၏ လုပ်နိုင်စွမ်းအားကို ဖော်ထုတ်ပြသနိုင်သည်။

သက်လတ်ပိုင်းလူက မျက်လုံးကို အပြည့်အဝမှိတ်လိုက်သည်။ သူက ထိုနတ်ဘုရားတောင်တန်းကို မျက်နှာမူလျှက် နှစ်ဖက်မှ စစ်သည်တော်ပေါင်း များစွာက ရင်ဆိုင်နေမည့်မြင်ကွင်းကို တွေးတောကြည့်ပြီး သူကမျက်နှာတွင် ယစ်မူးဟန်က ပေါ်ပေါက်လာသည်။

“လှလိုက်တာ”

ထိုလူက သက်ပြင်းရှည်ကြီးကိုချသည်။

ဘုရင်စုန့်က အနောက်တောင်ပိုင်းသို့ ရောက်လာပြီးနောက် အခြေအနေက ပြောင်းလဲသွားပြီဖြစ်သည်။ အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော်တိုင်းက ဘုရင်စုန့်နှင့်အတူ ထွက်ခွာသွားခဲ့ပြီး မဟာထန်နှင့် မာန်ရှဲ့ကျောင်း၏ နယ်စပ်ဘက်သို့ ရောက်သွားသည်။ ထိုသို့ဖြင့် နတ်တောင်တန်းက လူသူကင်းရှင်းသွားသည်။

“အရှင် အန်းနန်အစိုးရစစ်တပ်က ဒီနေရာကို ကင်းလှည့်နေနိုင်ပါသေးတယ်။ ကျွန်တော်တို့ မြန်မြန်သွားမှ ဖြစ်ပါမယ်။ မမေ့ပါနဲ့ အရှင်မင်းကြီးက ကျွန်တော်တို့ကို ယုံကြည်လို့ မာန်ရှဲ့ယွီစန်း မဟာမိတ်အဖွဲ့က ရှုံးနိမ့်ရတဲ့ ကိစ္စကို စုံစမ်းခိုင်းလိုက်တာပါ”

ထိုလူ၏ အနီးအနားမှလူက လှမ်းပြောသည်။ ထိုလူက လက်ဖက်မျဉ်းလမ်းတောက်လျှောက် မကြာခဏ ဖြတ်သွားလေ့ရှိသော ကုန်သည်များကဲ့သို့ ဝတ်စုံကိုသာ ဝတ်ဆင်ထားပြီး သူ၏ဝတ်စုံအောက်တွင် ကြွက်သားများက အပြည့်ရှိနေသည်။ သူ၏မျက်ဝန်းများကမူ ပတ်ဝန်းကျင်ကို သတိအနေအထားဖြင့် စောင့်ကြည့်နေခဲ့သည်။ သူ၏ခါးမှ အဖြူရောင်ဝတ်စုံခါးနားတွင် ရစ်ပတ်ထားသည့် အထုတ်ဖြူကြီးကလည်း သူ၏နောက်ခံကို ဖော်ပြနေသည်။

သူက အင်အားကြီးမားသော စစ်သည်တော်တစ်ယောက်ဖြစ်ပြီး သာမာန်လူတစ်ယောက်ပင် မဟုတ်သေးချေ။ ထို့ပြင်သူ၏ ဟန်ပန်အမူအကျင့်များက စစ်သည်တော်ဖြစ်ကြောင်းကို ဖော်ပြနေသည်။

“ဟား ဟား ဟား မင်းကဘာကိုကြောက်တာလဲ။ အနောက်တောင်ပိုင်းက စစ်ပွဲက ပြီးသွားပြီ။ ထန်တွေရဲ့အာရုံက အ့ဟိုင်နယ်စပ်ကို ရောက်သွားပြီ။ တစ်ခုခုသာ ဖြစ်မလာခဲ့ရင် သူတို့ကဒီနေရာကို ပြေးလာပါ့မလား”

ထိုပိန်ပါးသောလူက သူ၏ထီးကိုမြှောက်လျှက် ရယ်သည်။ သူ၏အမူအရာက လွတ်လပ်ပေါ့ပါးနေသည်။

သူ၏အမူအရာအရ သူက အရှေ့မြောက်ပိုင်းမှ gojuryeo ၏ ယွန်း gaesonul လက်အောက်မှ ဘုရင်ရှစ်ပါးထဲမှ တစ်ပါးဖြစ်သည့် ဘုရင် sosurilနှင့်ပင် ဘွဲ့ထူးတူညီသောလူ သို့မဟုတ် ထိိုုထက်ပင် အဆင့်မြင့်လောက်သေးသော ဘုရင် micheom ဖြစ်လေသည်။

အခန်း(၆၅၅)

အရှေ့မြောက်ပိုင်း၏ ရို့ကျိုးနယ်မြေတွင် goguryeo၏ ဘုရင် မိုက်ချွန်းက ကျန်းရှို့ကွေးက သတ်ရမည့် စာရင်းထဲမှ ထိပ်ဆုံးတွင် ရှိနေသော လူတစ်ယောက်လည်းဖြစ်သည်။ ထိုဘုရင် မိုက်ချွန်းက တိုက်ပွဲနယ်မြေတွင် သူနှင့်ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးသည်။

အခြားသော ဘုရင်များနှင့် မတူသည်မှာ ဘုရင်မိုက်ချွန်းတွင် ဓားလေးလက်ပါသည်။ သာမာန်အားဖြင့် သူက ရန်သူများကို တိုက်ခိုက်ရာတွင် ဓားတစ်လက်ကိုသာ သုံးတတ်သည်။ အလုံးအရင်းဖြင့် တိုက်ခိုက်သော တိုက်ပွဲများတွင် သူကဓားနှစ်လက် သုံးပေလိမ့်မည်။ တတိယဓားကမူ ယခုအခြေအနေထိ ထိုဓားဆွဲထုတ်ရလောက်အောင် မည်သူကမျှ တွန်းအားမပေးနိုင်သေးချေ။

ဘုရင်မိုက်ချွန်းက ရက်စက်ကာ သွေးဆာသော သဘာဝကို ပိုင်ဆိုင်ထားပြီး ဓားသျိုဆရာဘုရင် sosurilနှင့် မတူညီစွာပင် ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းအား မရှိချေ။

ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲမျိုးတွင် သူက လူသတ်စက်လိုမျိုး လူသတ်လေလေ ပို၍အင်အားကြီးမားလေလေဖြစ်ပြီး တိုက်ပွဲတွင် ပို၍မွေ့လျော်လေလေဖြစ်သည်။ ကောလဟာလအရ သူက လူသွေးကိုပင်သုံးကာ ဝိုင်ဖောက်တတ်လေ့ ရှိသည်ဟုပင်ဆိုသည်။ ထိုသို့ဖြင့် ဘုရင်မိုက်ချွန်းက ကိုယ့်အသက်ကိုပင် ကရုမစိုက်သောလူဖြစ်သည်။

သူ၏ဘဝတွင် မွေ့လျော်သောကိစ္စက ပြင်းထန်သောတိုက်ပွဲနှင့် တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ဖုံးလွှမ်းနေသည့် ပြင်းထန်သည့် သေဆုံးမှုစွမ်းအင်ရနံ့ဖြစ်သည်။ ဘုရင်မိုက်ချွန်းနာမည်မှ ထိုချွန်းက မြစ်၏ရေကို ဆိုလိုခြင်းမဟုတ်လေဘဲ လောကကို ဆေးကြောမည့် သွေးရေကိုဆိုလိုခြင်းဖြစ်သည်။

အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် မာန်ရှဲ့ယွီစန်း စစ်သည်တော် လေးသိန်းကျော်နှင့် ထန်စစ်သည်မှ စစ်သည်တော် တစ်သိန်းကျော်က ဒီနေရာတွင် သေဆုံးသွားခဲ့သည်။

ဘုရင်မိုက်ချွန်းက ထိုကိစ္စကို ကြားသောအခါ ချက်ချင်းလိုလို ဒီနေရာသို့ လာရောက်စုံစမ်းပါမည်ဟု ပြောလာသည်။

“ဒါ့အပြင် အရှင်မင်းကြီးနဲ့ တာဝန်ကို ငါကမစုံစမ်းနေလို့လား”

မျက်လုံးတစ်ဝက် ဖွင့်လျှက်အနေအထားမျိုးဖြင့် ဘုရင်မိုက်ချွန်းက သူ၏ယစ်မူးနေသော နှာခေါင်းကိုပင် တစ်ချက်ရှုံ့လိုက်ပြီး အနံ့ကိုရှုသည်။ ရုတ်တရက် သူကခုန်လိုက်သည်။ တစ်ဆစ်ဆစ် မြည်သံနှင့်အတူ သူက တစ္ဆေသရဲတစ်ကောင်လိုမျိုး ချက်ချင်းလိုလို ထိုတောင်ထိပ်၏ အရှေ့တောင်ပိုင်း အကျဆုံးနေရာသို့ ရောက်သွားသည်။

“ဟား ဟား ဟား ဘယ်လောက်တောင် ပြင်းထန်တဲ့ သွေးညှီရနံ့လဲ။ ဒီတိုက်ပွဲမှာ သက်ရှိလူရဲ့ သွေးညှီနံ့ကိုတောင် ခံစားလိုက်နိုင်သေးတယ်။ ဒီလူက စိတ်အမှောင်ဖုံးသွားတဲ့အထိ ဆက်တိုက် သတ်ဖြတ်ခဲ့သေးတဲ့ပုံပဲ။ သူလူဘယ်နှစ်ယောက်လောက်တောင် သတ်လိုက်လဲ။ ငါးထောင်လား ခြောက်ထောင်လား မဟုတ်ဘူး တစ်သောင်းတစ်ထောင် အတိအကျပြောရရင် တစ်သောင်းတစ်ထောင်နဲ့ ရှစ်ဆယ့်ခုနှစ်ယောက် ဖြစ်ရမယ်။ ဘယ်လောက်တောင် အင်အားကြီးလိုက်သလဲ”

ဘုရင်မိုက်ချွန်းက ခေါင်းကိုမော့ပြီးနောက် ရူးသွပ်စွာရယ်သည်။

ဝမ်ချောင်ကသာ ထိုနေရာတွင် ရှိနေလျှင် အံ့သြသွားပေလိမ့်မည်။ ထိုဘုရင်မိုက်ချွန်းဆိုသူက အရှေ့တောင်ပိုင်းနယ်မြေ ခုခံအားလှိုင်း ပေါက်ကွဲသွားသော နေရာတွင် သူသတ်ခဲ့သော မာန်ရှဲ့ယွီစန်းစစ်သည်တော် အရေအတွက် အတိအကျကို ပြောနိုင်လေသည်။ တိုက်ပွဲက ပြီးဆုံးသွားသည်မှာ ကြာပြီဖြစ်ပြီး အလောင်းများကလည်း မြုပ်နေလေပြီ။ သို့သော် ဘုရင်မိုက်ချွန်းကမူ လေထဲမှအနံ့ကို ရှုရုံဖြင့် ဝမ်ချောင်ကသတ်ခဲ့သော အရေအတွက်ကို ပြောနိုင်သည်။ ဝမ်ချောင်ကပင် ထိုမျှ အရေအတွက် အတိအကျ မသိလောက်ချေ။

“အရှင် လူတစ်ယောက်တည်းက စစ်သည်တော် တစ်သောင်းကျော်ကို သတ်သွားတယ်လို့ ပြောတာပါလား”

သူ၏ဘေးနားတွင်လည်း ပုံရိပ်တစ်ခုက ခုန်ဝင်လာသည်။ ထိုလူက ပတ်ဝန်းကျင်ကို အလန့်တကြားကြည့်သည်။

“ဟား ဟား ဟား ဒါက ရဲဘော်ကောင်းပဲ။ သူ့မှာ ဖုံးဖိလို့တောင် မရနိုင်တဲ့ မယုံနိုင်စရာကောင်းတဲ့ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်ထားပြီး ပြင်းထန်တဲ့ အတွင်းအားတွေကို ပိုင်ဆိုင်ထားတယ်။ ဒီလူက ပြင်းထန်တဲ့ တိုက်ခိုက်လိုစိတ် သတ်ဖြတ်လိုစိတ်ကိုလည်း ပိုင်ဆိုင်ထားသေးတယ်”

ဘုရင်မိုက်ချွန်းက သူ၏အစောင့်ကို အာရုံမစိုက်ဘဲ ပတ်ဝန်းကျင်ကိုသာကြည့်ပြီး စိတ်လှုပ်ရှားသထက် လှုပ်ရှားလာသည်။

“ဟုတ်တယ် ငါထူးခြားတဲ့ သွေးအနံ့ကိုလည်းရတယ်။ တကယ်ကို စိတ်လွတ်စေတဲ့ သွေးမျိုးပဲ။ ဒါကငါ့ကို လောင်စာထည့်ပေးလိုက်သလိုမျိုး”

ထိုစကားများကို ပြောပြီးနောက် ဘုရင်မိုက်ချွန်းက ရုတ်တရက် ရူးကြောင်ကြောင်ဖြစ်နေရာမှ လန့်နိုးလာသလို ဖြစ်လာပြီးနောက် သူ၏မျက်နှာတွင် စဉ်းစားချင့်ချိန်သော မျက်နှာထားမျိုးက ပေါ်လာသည်။

“မဟာထန်ရဲ့မြို့တော်မှာ ဝမ်မျိုးဆက်တိုင်းရဲ့ သွေးရည်ထဲမှာ ထိန်းမနိုင်သိမ်းမရဖြစ်စေတဲ့ လက္ခဏာ သွေးတွေစီးဆင်းနေတယ်လို့ ကြားဖူးတယ်။ အဲ့ဒီလက္ခဏာက ပြလာတာနဲ့ သူ့ရဲ့သွေးတွေက ဆူပွက်လာလိမ့်မယ်။ အဲ့ဒီပိုင်ရှင်က ရူးသွပ်စွာနဲ့ ရန်သူနဲ့မိတ်ဆွေ မခွဲခြားနိုင်တော့ဘဲ သတ်ဖြတ်မိလိမ့်မယ်။ ဆိုတော့ဒါက အဲ့ဒီလက္ခဏာလား”

ဘုရင်မိုက်ချွန်းက စိတ်လှုပ်ရှားလာသည်။

“ငါကဒီလောက်ထိ ကံကောင်းပြီး ဒီလက္ခဏာကို ခံစားနေရတဲ့ သွေးပိုင်ရှင်ရဲ့ရနံ့ကိုတောင် ရလိမ့်မယ်လို့ မထင်ထားဘူး။ ဘယ်လောက်တောင် သဘောကျစရာ ကောင်းလိုက်သလဲ။ ဒါက အစစ်အမှန် သတ်ဖြတ်သူရဲ့ အစစ်အမှန်သွေးပဲ။ နောက်ပြီး ဒီခွန်အားက လူတစ်သောင်းကျော် သတ်နိုင်တဲ့အထိ ကြာရှည်ခံနိုင်ခဲ့တယ်။ ငါကသာ ဒီသွေးကိုရရင် ဘယ်လောက်ကောင်းလိုက်မလဲ”

“ဒါပေမဲ့ ငါကြားထားတဲ့အတိုင်းဆိုရင် ဒီလက္ခဏာက မျိုးဆက်တိုင်းမှာ မရှိနိုင်ဘဲ မျိုးဆက်တစ်ခုမှာ တစ်ယောက်လောက်ပဲ ပိုင်ဆိုင်တတ်တယ်ဆိုပဲ။ ဝမ်ကလန်ရဲ့ ဒီမျိုးဆက်က ဒီအခြေအနေကို ဆက်ခံသူက ဝမ်ပေ့ သူကလက်ရှိမှာ တော်ဝင်နန်းတွင်းရဲ့ အကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားရတယ်။ ဘယ်လိုဖြစ်ပြီး ဒီလက္ခဏာက ဒီမှာပေါ်လာရတာလဲ”

ဘုရင်မိုက်ချွန်း၏ မျက်လုံးများက မှေးကျဉ်းသွားသည်။ တခဏခန့်ကြာပြီးနောက် သူက တစ်စုံတစ်ရာကို နားလည်သွားသလို ရယ်ပြန်သည်။

“ထူလင်း ဒါကမင်းလာခဲ့တဲ့ နေရာပဲ။ ဝမ်ကလန်ရဲ့ အငယ်ဆုံးသားမှာ ဒီလက္ခဏာရှိတယ်လို့ အရှင်မင်းကြီးကို တင်လျှောက်လိုက်။ မျိုးဆက်တစ်ခုထဲမှာ လူနှစ်ယောက်က ဒီလိုလက္ခဏာပြနေတယ်။ စိတ်ဝင်စားစရာပဲ စိတ်ဝင်စားစရာပဲ”

Goguryeon စစ်သည်တော်မှ ထူလင်းဟုခေါ်သောလူက ကြောင်တောင်တောင်ဖြစ်သွားသည်။ သို့သော် ဘုရင်မိုက်ချွန်းက ဆက်ပြောနေသေးသည်။

“ဒါပေမဲ့ ဒီလက္ခဏာက လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကို ဖောက်ပြားစေပြီး အဲ့ဒီလူကို ရန်သူနဲ့မိတ်ဆွေ မခွဲခြားဘဲ သတ်ဖြတ်စေတယ်လို့ ပြောထားတယ်။ ကြည့်ရတာ ဒီအငယ်ဆုံးသားက ဆက်တိုက်သတ်ဖြတ်ခဲ့ပေမဲ့ မာန်ရှဲ့ကျောင်းနဲ့ တိဗက်စစ်သည်တော်တို့ကိုပဲ သတ်ခဲ့တယ်။ ဒါက မယုံနိုင်စရာကောင်းတဲ့ အချက်ပဲ။ သူက ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအားက အံ့အားသင့်စရာ ကောင်းလောက်အောင် ပိုင်ဆိုင်ထားတယ်”

ဆံပင်တစ်မွှေးစာ အများက လီတစ်ထောင်ကိုပင် သုတ်သင်နိုင်လေသည်။ ထိုလက္ခဏာက စစ်သည်တော်တစ်ယောက်၏ ခွန်အားကို မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားသွားစေသော်လည်း သူ့ကို စိတ်လွတ်သွားစေနိုင်ပြီး လမ်းကိုလွဲသွားစေလေကာ အန်းနန်အစိုးရစစ်တပ်မှ လူပေါင်းများစွာကို သေစေနိုင်စေခဲ့လောက်သည်။ ထို့ပြင် ဓားကလည်း မျက်လုံးမပါလေရာ သတ်ဖြတ်လိုက်သည်နှင့် သူ့ဘက် ကိုယ့်ဘက်မသိဘဲ သတ်ဖြတ်လိုက်ပေလိမ့်မည်။ သို့သော် ဒီတိုက်ပွဲနေရာတွင် ဘုရင်မိုက်ချွန်းက ထန်စစ်သည်၏ သွေးရနံ့ကိုမရချေ။ ထို့ကြောင့် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်လွန်းသော လူတစ်ယောက်ဖြစ်ကြောင်း သေချာသွားသည်။

“ဘယ်လောက်တောင် ဒုက္ခများတဲ့ အကျင့်စရိုက်လဲ”

ဘုရင်မိုက်ချွန်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူက အခက်အခဲကို ရင်ဆိုင်တွေ့ရကြောင်း နားလည်လိုက်လေသည်။

“ဒါကကြိုတင်ကြံစည်ထားတာလဲ မဟုတ်ဘူး။ လူတွေကို ယင်ကောင်တွေလိုတောင် သတ်နိုင်တဲ့မင်းက ဘာလို့ဒီလောက်ထိ ကိုယ့်ကိုယ်ကို ထိန်းချုပ်နေတာလဲ”

ဘုရင်မိုက်ချွန်း၏ မျက်နှာတွင် ငြင်းဆန်ရန်ခက်ခဲသော မနာလိုမှုက ထွက်ပေါ်လာသည်။ သူကသာ ထိုသို့ အင်အားကြီးမားသည့် သွေးမျိုးဆက်စွမ်းအင်ကို ပိုင်ဆိုင်ထားလျှင် ကောင်းကင်ကပင် သူ့ကိုမယှဉ်နိုင်လောက်ချေ။

အား ဒီကောင်လေးက ဒီလောက်အင်အားကြီးမားတဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာတောင် ထိန်းချုပ်ဖို့ ကြိုးစားနေသေးတယ်။ ထိုအချက်က သွေးဆာရက်စက်ကြမ်းတမ်းသော ဘုရင်မိုက်ချွန်းကို စိန်ခေါ်နေသလို ဖြစ်နေလေသည်။

သူက စကားပြောနေရင်းမှ ရုတ်တရက် သူ၏စိတ်က ပျော်ရွှင်မှုအလင်းရောင်ကို မြင်လိုက်ရသလို ဖြစ်သွားသည်။ ဘုရင်မိုက်ချွန်း၏ ပတ်ဝန်းကျင်တွင် အင်အားကြီးမားသည့် စွမ်းအားများက ထွက်ပေါ်လာသည်။ သူ၏အသံက ရုတ်တရက် ရပ်တန့်သွားပြီးနောက် တစ်နေရာသို့ ခေါင်းလှည့်ကာ ရိုက်ချလိုက်သည်။

တောင်ခြေတွင် ကုန်သည်ဝတ်စုံ ဝတ်ထားသော ပုံရိပ်အချို့က တစ်စုံတစ်ရာကို စစ်ဆေးနေသလိုမျိုး ခေါင်းကိုငုံ့ထားသည်။ ထိုအဖွဲ့၏ ခေါင်းဆောင်က တစ်စုံတစ်ရာကို အာရုံခံမိသလိုမျိုး ခေါင်းကိုမော့လိုက်ကာ ဘုရင်မိုက်ချွန်းက ရပ်နေသောနေရာသို့ ကြည့်လိုက်သည်။ သူတို့အကြည့်က ဆုံသွားချိန်တွင် လေထဲတွင် အလင်းတန်းက ပေါက်ဖွားလာသည်။ ထို့နောက်သူက ဘာမျှမဖြစ်သလို ချက်ချင်းလိုလို အကြည့်လွှဲသွားသည်။

“ဟမ့် turksကကောင်တွေ ရောက်လာပြန်ပြီ”

ဘုရင်မိုက်ချွန်းက နှာခေါင်းရှုံ့သည်။ သူတို့က အကွာအဝေးတစ်ခုသာ ခြားနေသော်လည်း ဘုရင်မိုက်ချွန်းက တစ်ဖက်သူ၏ တံဆိပ်ကို ကြည့်လိုက်သည်နှင့် သိနိုင်သည်။

မဟာထန် အရှေ့မြောက်ပိုင်းမှ ရန်ကျိုးနယ်မြေက ရှုပ်ထွေးသော မြေမျက်နှာသွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ တူရကီ၊ khrtans၊ ရှီ၊ မဟာထန်နှင့် goguryeo တို့က ထိုနေရာတွင် ရောပြွန်းနေလေသည်။ ထို့ကြောင့် တိကျသေချာသော ဘက်ထောင့်မှကြည့်လျှင် goguryeoတွင် မဟာထန်တွင် ပြည်ပအင်အားစု သုံးခုကလည်း သဘာဝအလျောက်ပင် မဟာမိတ်ဖြစ်သင့်သည်။ သို့သော် ပုဂ္ဂိုလ်ရေးရာ သီးသန့်အရမူ အားလုံးက ကိုယ့်အမြင်နှင့်ကိုယ် ရှိကြလေသည်။ ဘုရင်မိုက်ချွန်းကလည်း တူညီသော ရှု့ထောင့်မှ ကြည့်နိုင်သည်။

“အရှင့်သား ကျွန်တော်တို့သွားပြီး နှုတ်ဆက်ဖို့ မလိုဘူးလား”

ထူလင်းက လှမ်းမေးလိုက်သည်။

“ဟမ့် သူတို့ကို ဘာနှုတ်ဆက်နေရမှာလဲ။ ဒါ့အပြင် မင်းက သူတို့ကို ယှဉ်နိုင်မယ်လို့ထင်လား”

ဘုရင်မိုက်ချွန်းက တောင်ထိပ်နေရာတွင်ရပ်လျှက် ရှိနေသဖြင့် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်လေသည်။ ဒီနတ်ဘုရားတောင်တန်းသို့ ရောက်နေသည်မှာ တစ်ဖွဲ့တည်းမကပေ။

ဟူ၊ goguryeos၊ turksနှင့် အနောက်ပိုင်းနယ်မြေမှ အာရပ် characelranns တို့ အပါအဝင် တိုင်းပြည်ပေါင်းများစွာမှ အင်အားစုပေါင်း များစွာက အမျိုးမျိုးသော နေရာများတွင် ရုပ်ဖျက်ကာ ရှိနေကြသည်။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် စစ်သည်နှစ်သိန်းဝန်းကျင်လောက်သာ ရှိသောပမာဏက မာန်ရှဲ့ယွီစန်းစစ်သည် ငါးသိန်းကို ရင်ဆိုင်နိုင်ခဲ့ပြီး သူတို့က နိုင်သွားခဲ့သည်။ ထို့ပြင် စစ်သည်လေးသိန်းတို့ကိုလည်း သတ်ဖြတ်နိုင်ခဲ့သေးလေသည်။ ထိုစစ်ပွဲက အနောက်တောင်ပိုင်း တစ်ခုလုံးကိုသာ သက်ရောက်ခြင်းမဟုတ်လေဘဲ မဟာထန်၏ ပြည်နယ်များနှင့် ဆက်ဆံရေးကိုလည်း သက်ရောက်စေလေသည်။

ထိုအင်အားစုများက နယ်စပ်များတွင် ထောက်လှမ်းနေပြီး အချိန်မရွေး ခုန်ဝင်ကာ တိုက်ခိုက်ရန် ကြံစည်ထားခဲ့သည်။ သူတို့က မာန်ရှဲ့ယွီစန်းက အနိုင်ရကြောင်း သိသည်နှင့် ဝင်ရောက်ရန် ကြံစည်ထားခြင်းဖြစ်လေသည်။

မာန်ရှဲ့ကျောင်းနှင့် ယွီစန်းအတွက် ဒီစစ်ပွဲမှအရှုံးက သူတို့က မဟာထန် နယ်စပ်တောင်ပိုင်းကို သိမ်းယူနိုင်ခဲ့သော အခွင့်အရေးကို ဆုံးရှုံးလိုက်ရခြင်းဖြစ်ပြီး အခြားသော နယ်မြေများအတွက်ကမူ သူတို့က အတူပေါင်းကာ မဟာထန်ကို စင်ပေါ်မှဆွဲချမည့်အရေးမှ ဆုံးရှုံးလိုက်ရသည်။

ကင်းခြေများတစ်ကောင်က သေနိုင်သည်။ သို့သော် ဘယ်သောအခါမျှ မလဲကျချေ။ အလားတူစွာပင် မဟာထန်က အင်အားနည်းပါးလာခဲ့ပြီး ယခင်ကလောက် အင်အားကြီးမားခြင်း မရှိတော့သော်လည်း တစ်ဖက်၏ စစ်တပ်က အင်အားကြီးမားပြီး ကြောက်စရာကောင်းနေသေးလေသည်။

“အရှင် yabgက ဒါက jojuryeol”

တူရကီများကဲ့သို့ ရုပ်ဖျက်ထားသော လူများထဲမှ တစ်ယောက်က လှမ်းပြောလိုက်သည်။

“ဒါကဘုရင်မိုက်ချွန်းပဲ”

ဦးဆောင်လာသော တူရကီမှလူက ဆောင့်ကြောင့်ထိုင်ပြီးနောက် ပတ်ဝန်းကျင်ကို စစ်ဆေးသည်။

တူရကီများနှင့် goguryeons က မဟာထန်၏နယ်စပ်တွင်ရှိပြီး မကြာခဏ အချင်းချင်း ဆက်ဆံခဲ့သည်။ ထို့ကြောင့် ဘုရင်မိုက်ချွန်းက သူ၏သတ်ဖြတ်ခြင်းကို ချစ်မြတ်နိုးမှုအတွက် ကျော်ကြားသည်။ သူ၏ခန္ဓာကိုယ်မှ စွမ်းအင်ပေါင်းများစွာကို လီပေါင်းများစွာ အကွာမှပင် မြင်နိုင်သေးလေသည်။

ထပ်ပေါင်းဆိုရသော် goguryeons က ဓားနှစ်လက်သုံးလက်ကို သယ်ဆောင်ထားသေးလေရာ ဝတ်စုံဖြူဖြင့် ပတ်ထားမည်ဆိုလျှင်ပင် သတိထားမိနိုင်သေးလေသည်။ မဟာထန်၏ အပြင်ဘက်မှလူများက ထိုသို့သော အခြေအနေကို သတိထားမိလွယ်သည်။

“သူတို့ကို စိုးရိမ်မနေနဲ့။ အချိန်က အကန့်အသတ်ရှိတယ်။ လူအများကြီး စုဝေးလာတာနဲ့ မဟာထန်ကလည်း ခပ်မြန်မြန် သတိထားမိသွားလိမ့်မယ်”

ဦးဆောင်လာသောလူက ပြောသည်။

ဒါက ရိုးရှင်းသော ကင်းထောက်လှမ်းသော တာဝန်တစ်ခုသာလျှင် ဖြစ်သော်လည်း အရှေ့ပိုင်းတူရကီများက yabgu ကို စေလွှတ်ခဲ့ကြသည်။ ထို့ကြောင့် ဒီအခြေအနေက မည်မျှအရေးကြီးကြောင်း သိနိုင်သည်။

မဟာထန်က အရေအတွက် အပြတ်အသပ်သာသော အခြေအနေမျိုးကို ဦးဆောင်နိုင်ပြီး သာ့လွန်ရော့ကျန်းနှင့် သွမ့်ခဲ့ချွမ်တို့ကို အလဲထိုးနိုင်ခဲ့ပြီး လက်ရွေးစင် စစ်သေနာပတိချုပ်ကို မွေးထုတ်ပေးနိုင်ခဲ့သည်။ မည်သည့်သာမာန် ကင်းထောက်နှင့် သူလျိုများကမှ ဒီလိုအရေးကြီးသော ကိစ္စကို မစုံစမ်းနိုင်လောက်ချေ။ တိုက်ပွဲဝင်အတွေ့အကြုံ လုံလောက်အောင်ရှိပြီး ဉာဏ်ပညာကြီးမြတ်သော လူကသာလျှင် သဲလွန်စများကို ရှာဖွေနိုင်ပေလိမ့်မည်။

ထပ်ပေါင်းဆိုရသော် နောက်ထပ် အရေးကြီးသော ကိစ္စတစ်ခု၏ အဖြေက လိုအပ်နေသေးသည်။ ယခုအချိန်ထိတိုင်အောင် မဟာထန်၏ ပြည်ပအင်အားစုများထဲမှ အရှေ့အနောက် တူရကီများအပါအဝင် မည်သူကမျှ မာန်ရှဲ့ယွီစန်းက မည်သို့ရှုံးသွားကြောင်း မသိကြသေးချေ။

သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်တို့ အားလုံးက လက်ရှိခေတ်တွင် ကျော်ကြားသော ဗိုလ်ချုပ်ကြီးများဖြစ်နေကြသည်။ ထိုသုံးယောက်၏ အမိန့်ပေးမှုအောက်တွင် အပြတ်အသပ် သာနေသော အရေအတွက်ကြောင့် ရှုံးနိမ့်သွားသောကိစ္စက မတွေးတောနိုင်စရာ ဖြစ်လာသည်။

ဒီကိစ္စက လူတိုင်း၏ စိတ်ထဲသို့ နစ်ဝင်နေသည့် နားလည်ရန် ခက်ခဲသည့် ပဟေဠိပုစ္စာတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုအတွက်ကြောင့်လည်း လူပေါင်းများစွာက စစ်ပွဲပြီးသည်နှင့် ချက်ချင်းလိုလို ဝင်ရောက်ကာ စစ်ဆေးခိုင်းကြခြင်းဖြစ်သည်။

“သွားကြစို့”

Yabju က ထိုဘက်ကိုဦးဆောင်လျှက် ခပ်မြန်မြန်ထရပ်ကာ ထွက်ခွာသွားသည်။ သူတို့က အဖွဲ့နှင့်အတူ အခြားတစ်ဖက်သို့ သွားခြင်းဖြစ်သည်။ (၁၅)မိနစ်ခန့် ကြာပြီးနောက် တူရကီအဖွဲ့က တစ်တောင်လုံးကို လှည့်ပတ်လျှောက်သွားပြီးနောက် နောက်ဆုံးတွင် ကြီးမားသော ချတွင်းကြီးရှိရာနေရာသို့ ရောက်သွားသည်။

“ဒါက မာန်ရှဲ့ကျောင်းရဲ့ဘုရင် ခဲ့လော့ဖုန်း ပြင်းပြင်းထန်ထန် သေသွားခဲ့တဲ့နေရာပဲ”

အနက်ရောင်ဝတ်စုံနှင့် yabjuက ထိုနေရာတွင် ဆက်လက်ထိုင်လိုက်သည်။ သူ၏လက်က အစွန်းနားသို့ သပ်လိုက်သည်။ ထို့နောက် ခေါင်းပြန်မော့ပြီး ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်သည်။

သွေးက ဖျက်ဆီးမှုအလွန်ကြီးမားသည်။ ထို့ပြင် ပြင်းထန်စွာ တိုက်ခိုက်ထားသော လက္ခဏာများကိုလည်း မြင်ရသည်။ သာမာန်လူတစ်ယောက်က ထိုကဲ့သို့သော အခြေအနေများကို မလုပ်နိုင်လောက်ချေ။ တူရကီမှ yabju ကဲ့သို့သော လက်ရွေးစင်ကပင် မတူသောအမြင်မျိုးဖြင့် မြင်နိုင်လေသည်။

All Chapters