← Chapters

အခန်း (၆၂၆-၆၃၀)

Vol. 32 Ch. 626-630

အခန်း (၆၂၆-၆၃၀)

Vol. 32 Ch. 626-630

အခန်း(၆၂၆)

“ဘယ်သူလဲ မာန်ရှဲ့ကျောင်းရဲ့ မဟာဗိုလ်ချုပ်က ဟာကွက်ရအောင် ဖွင့်ထားပြီးပြီ မဟုတ်ဘူးလား။ ဘာလို့ ငါတို့အခုအချိန်ထိ မကျော်ဖြတ်နိုင်သေးတာလဲ”

တောင်ခြေတွင် ရှိနေသော အဆင့်မြင့် သိုင်းနယ်မြေ အဆင့်ခုနှစ်မှ တိဗက်ဗိုလ်ချုပ်တစ်ယောက်က ရာပေါင်းများစွာသော မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သည်တော်များက တောင်ထိပ်ဝန်းကျင်တွင် ရှင်းလင်းခံလိုက်ရကြောင်း မြင်လိုက်ရသဖြင့် သူ၏မျက်ဝန်းကပင် အေးခဲသွားပြီး သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်လိုက်သည်။

ချွင်

ဓားအိမ်ထဲမှ ထုတ်ထားသော ကြီးမားတောက်ပြောင်နေသည့် ဓားမောက်ရှည်ကြီးက အင်အားကြီးမားသော တိဗက်ဗိုလ်ချုပ်၏ အရှိန်အဝါကို ထုတ်ဖော်ပြသနေသည်။ သူကချက်ချင်းလိုလို တောင်ထိပ်သို့တက်သည်။ အချိန်တစ်ခု ကြာပြီးနောက်...

ဘုန်း

လက်နက်ချင်း ထိခတ်လိုက်မိပြီး ပြင်းထန်သည့် စွမ်းအင်ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ အဆင့်မြင့် သိုင်းနယ်မြေ အဆင့်ခုနှစ်မှ ဗိုလ်ချုပ်က အင်အားကြီးမားသော ကြယ်တာရာစွမ်းအင်အပြည့် လွှမ်းခြုံထားပြီး ပတ်ဝန်းကျင်ရှိ ကြည့်ရှု့သူများ၏ ပူးပေါင်းထောက်ပံ့ပေးမှုကိုလည်း ရယူထားသည်။

သူ၏ခြေထောက်အောက်တွင် ချီစက်ကွင်းတစ်ခုက ပေါ်လာလေပြီး စွမ်းအင်များက အဝါရောင် မြူထုအဖြစ်ပင် ပြောင်းလဲကာ သူ၏ကိုယ်ထဲသို့ ရူးသွပ်စွာဖြင့် တိုးဝင်ကာ အင်အားကို တိုးမြှင့်ပေးနေခဲ့သည်။

မြစ်သားချီစက်ကွင်း

ဗဟိုပြင်ကျယ်မှ လူများနှင့် နှိုင်းယှဉ်သော် တိဗက်များက လောက၏ နိယာမများကို နားလည်ရာတွင် ကောင်းမွန်ခြင်းမရှိချေ။ ထိုဗိုလ်ချုပ်က လောက၏ နိယာမများကို အမိန့်ပေးနိုင်လောက်အောင် လုပ်နိုင်စွမ်းအား မရှိသော်လည်း သူက မြေကြီးထဲမှ စွမ်းအင်များကို စုပ်ယူပြီး ကိုယ်ကို အင်အားမြှင့်နိုင်စွမ်း ရှိသည်။

သို့သော် ထိုမိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော ရိုက်ချက်က တောင်တန်း၏ အင်အားများကိုပင် ကျော်ဖြတ်လိုက်နိုင်သည်။

ခြိမ်း

စွမ်းအင်များ ပေါက်ကွဲသွားချိန်တွင် တောင်တစ်တောင်လုံးနီးပါး လှုပ်ခါသွားသည်။ ဝမ်ချောင်၏ တစ်ကိုယ်လုံးက နီရဲနေပြီး သွေးနီရောင် ဆံပင်များက အနောက်ဘက်တွင် ဖြာကျနေသည်။ သူက ဓားနှစ်လက်ကို အသုံးပြုထားသောကြောင့် တိဗက်ဗိုလ်ချုပ်ကြီး၏ တိုက်ကွက်ကို အားအင်အပြည့်ဖြင့် တားဆီးလိုက်နိုင်သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ

ထိုဗိုလ်ချုပ်၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီး နှလုံးခုန်နှုန်းကပင် မြန်ဆန်သွားသည်။ အထူးသဖြင့် တစ်ဖက်၏ နီရဲနေသော မျက်ဝန်းကို ရင်ဆိုင်ရချိန်တွင် တစ်ကိုယ်လုံး အေးစိမ့်သွားသလို ခံစားလိုက်ရသည်။ သူ၏အင်အားအပြည့်နှင့် ရိုက်ချက်အနောက်တွင် ပြိုင်ဘက်က ဓားနှစ်လက်ဖြင့် တားဆီးလိုက်နိုင်သည့်အပြင် ခြေထောက်ကပင် မြေကြီးတွင် အမြစ်တွယ်နေသလိုမျိုး ခိုင်မာလွန်းနေကြောင်း မြင်လိုက်ရသည်။

ထိုရိုက်ချက်က သံမဏိကိုပင် အက်ကွဲစေနိုင်စွမ်း ရှိသော်လည်း ဝမ်ချောင်၏ ကိုယ်ကမူ တောင်တစ်လုံးအလား တည်ငြိမ်နေသည်။ လှုပ်ပင် မလှုပ်သွားခဲ့သလို စွမ်းအင်များကိုလည်း ကိုင်တွယ်နိုင်စွမ်း ရှိခဲ့သည်။

သူ့ခန္ဓာကိုယ်က ဘာလို့ဒီထောက်ထိ သန်မာတာလဲ။

တိဗက်ဗိုလ်ချုပ်၏ မျက်လုံးက မယုံကြည်နိုင်မှုဖြင့် ပြူးကျယ်သွားသည်။

ဝမ်ချောင်၏ သိုင်းနယ်မြေခွန်အားက အဆင့်မြင့်သိုင်းနယ်မြေ အဆင့်ခုနှစ်ကိုပင် ကျော်နေခြင်း မရှိသေးချေ။ သူနှင့်တန်းတူ ကျင့်ကြံခြင်းအဆင့်တွင် ရှိနေသောလူများကပင် ကိုယ်တွင်းအင်္ဂါများကိုပင် ဒဏ်ရာရသွားစေနိုင်လောက်သေးသည်။ သို့သော် သူကမူ ယခုလိုဖြစ်သွားသည်။

မဟုတ်သေးဘူး မဟုတ်သေးဘူး အဆင့်မြင့်သိုင်းနယ်မြေ အဆင့်ခုနှစ်က သိုင်းပညာရှင်တွေကတောင်မှ သူတို့ရဲ့ ခန္ဓာကိုယ်အားသပ်သပ်နဲ့ ဒီလိုမခုခံနိုင်ဘူးထင်တယ်။ သူက လူသားမဟုတ်တဲ့ သန်မာကြံ့ခိုင်တဲ့ အဆင့်ကို ရောက်နေပြီ။

သို့ရာတွင် ထိုအခြေအနေက တိဗက်မဟာဗိုလ်ချုပ်၏ အံ့အားသင့်စရာကောင်းသော အခြေအနေ၏ အစသာဖြစ်ခဲ့သည်။

လေထဲမှ စက်များလှည့်လိုက်သလို အသံမျိုး ထွက်လာပြီးနောက် ဝမ်ချောင်၏ အနောက်တွင် အလင်းတန်းများက စုဝေးရောက်ရှိလာကာ လက်ခြောက်ဘက်ပါသော ဗာဂျရာအစောင့်အရှောက် ပုံစံကြီး ပေါ်လာသည်။ ဗုဒ္ဓမာန်ထရာ ရွတ်ဆိုသံများကိုလည်း ကြားနေရသေးသည်။

“လက်ခြောက်ဘက် Ksitigrpha ဗာဂျရာအစောင့်အရှောက် ဒါက ငါတို့ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက သိုင်းမဟုတ်ဘူးလား”

တိဗက်ဗိုလ်ချုပ်က ဖိအားများသွားသည်။

တစ်ဖက်သူ၏ အသွေးအသားမှ သန်မာမှုကပင် သူထိပ်တိုက် ရင်ဆိုင်နိုင်သမျှကို တောင့်ခံနိုင်စွမ်းအား ရှိနေထားပြီးသားဖြစ်သည်။ သို့သော် ယွီစန်း၏ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ အဆင့်လွန် သိုင်းကိုပင် တစ်ဖက်က ထုတ်သုံးနိုင်စွမ်း ရှိနေခဲ့သည်။

ဘုန်း

လက်ခြောက်ဘက် Ksitigrpha ဗာဂျရာ အစောင့်အရှောက်၏ ထောက်ပံ့ပေးမှုကြောင့် ဝမ်ချောင်၏ လက်များက အင်အားပြင်းထန်သည့် ရိုက်ချက်များကို ထုတ်လွှတ်လိုက်နိုင်သည်။

ဘုန်း

ထိုရိုက်ချက်နှင့်အတူ တိဗက်ဗိုလ်ချုပ်ကြီးက လွင့်ထွက်သွားပြီး နောက်ပိုင်းတွင် ဖုန်အတန်းလိုက် ချန်ရစ်ထားခဲ့သည်။

“မဖြစ်နိုင်ဘူး”

ထိုလူ၏ မျက်နှာတွင် အံ့အားသင့်မှုကို မြင်နိုင်သည်။ သူက လွင့်ထွက်သွားသည်ဆိုသော အချက်ကို အံ့အားသင့်နေသေးချိန်တွင် သူ့ထံသို့ သွေးရောင်အလင်းက ရုတ်တရက် တိုးဝင်လာသည်။

ဝှစ်

လည်ပင်းမှ နာကျင်မှုနှင့်အတူ သူ၏ခေါင်းက လေထဲလွင့်ထွက်သွားပြီဖြစ်သည်။

မြန်လိုက်တာ

သူ၏မြင်ကွင်းက မမည်းမှောင်သွားခင် ထိုတိဗက်ဗိုလ်ချုပ်က ထိုအချက်ကိုသာ သိလိုက်သည်။

တစ်ဆယ် တစ်ရာ တစ်ထောင်... မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများက ဝမ်ချောင်၏ ပတ်ပတ်လည်တွင် ခေါင်းပြတ်ဖြင့် ဆက်တိုက် လဲကျနေကြသည်။ လူနှင့်မြင်းများ၏ အလောင်းများကလည်း ပတ်ပတ်လည်တွင် တောင်ပုံရာပုံ ရှိနေသေးပြန်သလို လက်နက် အကျိုးအပဲ့များကိုလည်း မြင်နိုင်သည်။ အရာအားလုံးက ထပ်နေကာ အလောင်းတောင်တန်းနှင့် သွေးပင်လယ်ကဲ့သို့ ဖြစ်နေသည်။

ပို၍များပြားသော အလောင်းများက ဝမ်ချောင်၏ ပတ်ပတ်လည်တွင် လဲပြိုကျနေခဲ့သည်။ သို့သော် သူကမူ မောပန်းနွမ်းနယ်မှုကိုလည်း မသိသော စက်ရုပ်တစ်ခုလိုမျိုး ရူးသွပ်စွာဖြင့် တောင်ပေါ်တွင် သတ်ဖြတ်နေသေးသည်။ သူ၏ကိုယ်မှ လွှတ်ထုတ်နေသော သတ်ဖြတ်လိုစိတ်က ပြင်းထန်သထက် ပြင်းထန်လာပြီး အာကာသပြင်ကိုပင် တွန့်လိမ်ရှုံ့တွလာစေခဲ့သည်။

မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများ၏ ကြယ်တာရာစွမ်းအင်များကို ရှောင်ယင်ယန်ဓားက စုပ်ယူနေခဲ့ပြီး မရေမတွက်နိုင်သော စွမ်းအင်အလင်းတန်းများက သွေးမြူအဖြစ် ဝမ်ချောင်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ရှိနေခဲ့ပြီဖြစ်ကာ တဖြည်းဖြည်းချင်း ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လျှက် သူ့ကိုပို၍ အင်အားတိုးမြှင့်ပေးနေခဲ့သည်။

ရှောင်ယင်ယန်သိုင်းက လောက၏ မိစာ္ဆသိုင်းလည်းဖြစ်သည်။ ထိုစွမ်းရည်က စစ်သည်တော် တစ်ယောက်၏ ခွန်အားကို အဆုံးအစမဲ့အောင် အဆင့်မြှင့်တင်ပေးနိုင်သလို လွတ်လွတ်လပ်လပ် အနိုင်ရအောင်လည်း ကူညီပေးနိုင်သည်။

တဖြည်းဖြည်းချင်း မသိလိုက် မသိဘာသာပင် ဝမ်ချောင်က အင်အားကြီးမားကာ ဖိနှိပ်နိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကို သူ၏ကိုယ်မှ စတင်ထုတ်လွှတ်လိုက်သည်။

အစပိုင်းတွင် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားတိုင်းက သူ၏ မမောမပန်းနိုင်သလို ဆက်တိုက် ချီတက်နေသော်လည်း ယခုအချိန်တွင်မူ မည်သူကမျှ ဝမ်ချောင်ကို ပြင်းထန်သည့် ကြောက်လန့်မှု၊ မသက်မသာ ဖြစ်မှုဆိုသော ခံစားချက်များကို ရကြပြီး သူ၏အနားဝန်းကျင်သို့ မကပ်ရဲကြတော့ချေ။ သူတို့၏ ရှေ့တွင်ရပ်နေသောလူက သေမျိုးမဟုတ်ဘဲ မိစာ္ဆနတ်ဆိုး ဖြစ်နေသည်။

“ဘာတွေဖြစ်နေတာလဲ သူကဘာလို့ ဒီလောက်ထိ အင်အားကြီးတာလဲ”

“ဒီလောက်အကြာကြီး တိုက်ခိုက်နေတာတောင် ဘာလို့သူ့ရဲ့ ခန္ဓာကိုယ်ထဲက စွမ်းအင်တွေက အားမနည်းသွားတာလဲ။ ပိုပြီးတော့တောင် အင်အားကြီးမားလာသေးတယ်”

“ဒီကောင်က လူမဖြစ်နိုင်ဘူး။ လူတစ်ယောက်က ဒီလောက်ထိ ကြာကြာမခံနိုင်ဘူး”

“အားလုံးပဲ သတိထားကြပါ။ အနီးမကပ်ကြနဲ့”

“ဘာလို့ဒီလိုဖြစ်တာလဲ။ ငါချဉ်းကပ်လိုက်တာနဲ့ ငါ့ရဲ့တစ်ကိုယ်လုံးက ဆိုးဆိုးရွားရွား တုန်ယင်လာတယ်။ ငါလက်နက်ကိုတောင် ကောင်းကောင်း မထိန်းနိုင်တော့ဘူး”

အစပိုင်းတွင် စစ်သားများကလည်း သူတို့၏ အင်အားအရေအတွက်ပေါ်ကို မူတည်ပြီး ဝမ်ချောင်ကို အလဲထိုးနိုင်မည်ဟု ယုံကြည်ခဲ့ကြသည်။ သို့သော် ယခုမူ ဝမ်ချောင်က အဆင့်မြင့်သိုင်းနယ်မြေ အဆင့်ခုနှစ် သို့မဟုတ် ရှစ်သို့ ရောက်သွားပြန်လေရာ အရာအားလုံးက ကွာခြားသွားလေပြီ။

လူတိုင်းနီးပါးကလည်း ဝမ်ချောင်၏ကိုယ်မှလာသော ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိကြသည်။ ဒါက သူတို့၏နှလုံးကို အချိန်မရွေး ထိုးနိုင်သော ထက်ရှသော ဓားတစ်လက်နှင့်တူသည်။

“ဒီကောင်က... မဟာထန်ရဲ့ စစ်သေနာပတိချုပ်လား”

ဝမ်ချောင်မမြင်နိုင်သော နေရာတွင် ပုံရိပ်တစ်ခုက သူ့ကိုလှမ်းကြည့်ပြီး အေးစက်သောအလင်းကို လွှတ်ထုတ်နေသည်။ ဝမ်ချောင်က ပြင်းထန်စွာ ပြောင်းလဲသွားသည့်တိုင်အောင် ထူမီဆန်းကျက သူ့ကို တစ်ချက်ကြည့်ရုံဖြင့် ဆုံးဖြတ်နိုင်နေသေးသည်။

လဝက်ခန့်နီးပါး ကြာခဲ့သော တိုက်ပွဲတွင် ထိုလူငယ်က အလံအောက်တွင် ရပ်နေပြီး အရာအားလုံးကို ပြောင်းလဲအောင် လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် မာန်ရှဲ့ယွီစန်း၏ စစ်တပ်မှ ဗိုလ်ချုပ်တိုင်းက ထိုလူ၏ ပုံရိပ်ကို စွဲမြဲအောင် မှတ်မိထားကြပြီဖြစ်သည်။

တိဗက်များက မဟာအမတ်က ထိုလူငယ်ကို အရိုးထိအောင် မုန်းတီးကြောင်း သိနေကြသည်။ သူက အန်းနန်အစိုးရစစ်တပ်ကို လွှတ်ပေးရသော အခြေအနေမျိုး ရှိလာမည်ဆိုလျှင်ပင် ဝမ်ချောင်ကို လွတ်မြောက်ခွင့် ပြု၍မရကြောင်း အမိန့်ထုတ်ထားသည်။

“ဟမ့် ငါသာဒီကောင်ကို သတ်နိုင်ရင် တောင်ပေါ်မှာ ငါကအင်အားအကြီးဆုံး စစ်သည်တော် ဖြစ်လာလိမ့်မယ်”

ထူမီဆန်းကျက သူ၏ပုခုံးပေါ် တင်ထားသော ကြီးမားသော သတ္ထုလူထွားကြီးကို ဘေးဘက်သို့ ပစ်လိုက်သည်။

ဝုန်း

ထိုအနက်ရောင် သတ္ထုလူသားကြီးက ပြင်းထန်သည့် အရှိန်အဟုန်အပြည့်ဖြင့် ထူမီဆန်းကျကို အဖော်ပြုကာ တောင်ပေါ်သို့တက်သည်။ သူ၏အနောက်တွင်လည်း နောက်ထပ် သတ္ထုလူထွားကြီးတစ်ယောက်က ပါသေးသည်။ ထိုအနောက်တွင်လည်း နောက်ထပ် သတ္ထုလူသားများ ပါနေပြန်သည်။

“လမ်းဖယ်စမ်း”

တိဗက်ဘာသာစကားဖြင့် ပြောလိုက်သော အသံက တောင်ပေါ်တွင် ပဲ့တင်ထပ်သွားသည်။ တိဗက်တိုင်းက ထိုစကားကို ကြားသောအခါ အော်ဟစ်ကာ လမ်းကြောင်းဖယ်ပေးကြသည်။ မာန်ရှဲ့ကျောင်းမှ စစ်သားများကမူ သူဘာပြောမှန်း မသိကြချေ။

သို့သော် သူတို့က မတုန့်ပြန်နိုင်ခင် ကောင်းကင်က မည်းမှောင်သွားပြီး ကြီးမားသော သတ္ထုလူထွားကြီးများက သတ္ထုလေပြင်းများကို မွှေနှောက်ကာ တောင်ပေါ်သို့ သွေးအလင်းရောင်လက်လျှက် ခုန်ဝင်သွားကြပြီဖြစ်သည်။

ဘုန်း

မြေကြီးက ကျွံကုန်ကြပြီး သင်္ဘောက ပြင်းထန်သည့်အားလှိုင်း ရိုက်ခတ်ခံရသလို လှုပ်ခါသွားသည်။ လူတိုင်းက အံ့အားတကြီး ကြည့်လိုက်ကြသည်။ သတ္ထုလူထွားကြီး နှစ်ယောက်၏ လက်သီးက ဝမ်ချောင်၏ခေါင်းထံ ဦးတည်နေသည်။

ဟစ်

ဝမ်ချောင်က ခေါင်းကိုမော့လိုက်ပြီး ပင့်သက်ရှုထုတ်လိုက်သည်။ သူ၏ တောက်ပနေသော အနီရောင် လက်နှစ်ဖက်လုံးကိုမြှောက်ပြီး သတ္ထုလူထွားကြီးများ၏ လက်ကို တားဆီးလိုက်သည်။ လက်သီးနှစ်ဖက်လုံးက သူ့ကိုထိခိုက်အောင် မလုပ်နိုင်ခဲ့ချေ။

ထိုအချိန်တွင် စစ်သည်တော်တိုင်းက ကြောက်လန့်သွားကြသည်။ သူတို့၏ ကြောက်လန့်မှုက နက်ရှိုင်းသွားကြသည်။

“ဟမ့် ငါ့ရဲ့ဆေဘာကိုယူ”

ထိုအသံကသာ လေထဲတွင် ထွက်လာသည်။ ဝမ်ချောင်က သတ္ထုလူသားနှစ်ယောက်၏ လက်သီးကို တောင့်ခံပြီးနောက် ထူမီဆန်းကျက လူထွားကြီး၏ ကျောပေါ်မှ ခုန်ချလာသည်။

ဘုန်း

ကောင်းကင်ကို ဆေဘာအလင်းက ထိုးခွဲလိုက်ချိန်တွင် ထူမီဆန်းကျက သူ၏ဆေဘာဓားကိုယမ်းကာ ဝမ်ချောင်ကို ခုတ်ချလာပြီးနောက်တွင် ဆေဘာအလင်းတန်းကိုသာ ချန်ရစ်ထားခဲ့သည်။

ဘုန်း

ဝမ်ချောင်၏ ကိုယ်အပြင်ဘက်သို့ သွေးနီရောင် အလင်းတန်းက ပေါက်ထွက်လာသည်။ ထိုအလင်းတန်း၏ အကာအကွယ်နှင့်အတူ ဝမ်ချောင်က ဓားနှစ်လက်လုံးကိုသုံးပြီး ထူမီဆန်းကျ၏ သေစေနိုင်သည့် တိုက်ကွက်ကို တားသည်။

သို့သော် ထူမီဆန်းကျ၏ ဆေဘာဓားထဲတွင် ပါဝင်သော ပြင်းထန်သည့် စွမ်းအားက ဝမ်ချောင်၏လက်နက်ကို မြေပြင်သို့ ကျသွားစေခဲ့သည်။ သူ၏အောက်မှ ကျောက်သားများကပင် ကွဲအက်လာသည်။ တစ်ကိုယ်လုံးကလည်း မြေကြီးသို့ တစ်ဝက်နီပါး ကျွံကျသွားရသည်။

“သေစမ်း မင်းက မသေသေးဘူးလား”

ထူမီဆန်းကျက မြေပြင်သို့ ငုံ့ကြည့်လိုက်သည်။ သူက သတ္ထုလူထွားကြီးနှစ်ယောက်ကိုသုံးကာ ဝမ်ချောင်ကို ထိန်းထားပြီးမှသာ သေစေနိုင်သည့် တိုက်ကွက်ကို သုံးလိုက်ခြင်းဖြစ်သည်။ မမျှော်လင့်ထားစွာဖြင့် ဝမ်ချောင်က ရှင်သန်နိုင်ခဲ့သည်။

စွစ်

ထူမီဆန်းကျက ဆေဘာဓားကို မြှောက်ကိုင်လိုက်ပြီး အခွင့်အရေး ရနေချိန်တွင် ပြင်းထန်သည့် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည်။ သို့သော် သွေးအလင်းတန်းက ရှိနေသည်။ သွေးအလင်းတန်းက ဖြန်ကနဲ လက်ပြီးသည်နှင့် ဝမ်ချောင်က နေရာမှ ပျောက်ကွယ်သွားသည်။ ထိုအချက်က ထူမီဆန်းကျကို အံ့သြသွားစေခဲ့သည်။ သူက မတုန့်ပြန်နိုင်ခင် နားထဲတွင် လေတိုးသံကိုသာ ခပ်ဖျော့ဖျော့ ကြားလိုက်ရသည်။ ထိုအချိန်က မြန်ဆန်လွန်းပြီး ထူမီဆန်းကျကို အံ့သြသွားစေခဲ့သည်။

“မကောင်းတော့ဘူး”

အံ့အားသင့်စရာကောင်းပြီး ထူမီဆန်းကျက ချက်ချင်းလိုလို မတ်တပ်ထရပ်လိုက်ကာ သတ္ထုလူထွားကြီး တစ်ကောင်ပေါ်သို့ ခုန်တက်လိုက်သည်။

ခလွပ်

တချိန်ထဲလိုလို ဓားထိပ်မှ သွေးအစွန်းက ထူမီဆန်းကျ၏ နဂိုနေရာကို လှီးဖြတ်သွားသည်။

ဓားကလွတ်သွားသော်လည်း သတ္ထုလူထွားကြီးများ၏ လက်သီးများက ပြင်းထန်စွာ ထိခတ်သွားမိပြီး လေထဲတွင် လွင့်ထွက်သွားသည်။ ထူမီဆန်းကျကပင် ထိုမြင်ကွင်းကြောင့် မှင်သက်သွားပြီး တစ်ကိုယ်လုံး ကြက်သီးများ ထသွားသည်။ သူကသာ အနည်းငယ် နှေးကွေးလ်ိုက်လျှင် သူ၏လူထွားကြီးများက လှီးဖြတ်ခံရမည်မဟုတ်ဘဲ သူက လှီးဖြတ်ခံရမည်ဖြစ်သည်။

သို့သော် ထိုကိစ္စက မပြီးသေးချေ။ သွေးနီရောင်အလင်းက တဖန် ထူမီဆန်းကျထံ ချဉ်းကပ်လာသည်။

ဘုန်း

ထူမီဆန်းကျက ထိုတိုက်ကွက်ကို ခုခံရုံခုခံပြီးနောက်တွင် နောက်ထပ် သွေးနီရောင် အလင်းတန်းက သူ့ခန္ဓာကိုယ်ကို ကျော်ဖြတ်သွားပြန်သည်။ သို့သော် ဒီတစ်ကြိမ်က အရှေ့မှမဟုတ်ဘဲ အနောက်မှဖြစ်သည်။

သူ သူ သူ ဘယ်လိုဖြစ်ပြီး ဒီလောက်ထိ မြန်နေတာလဲ။

ထူမီဆန်းကျက ကျောင်းစစ်လော့ထက် ပို၍အင်အားကြီးမားသည်။ သာမာန်ဗိုလ်ချုပ်ကြီးများနှင့်လည်း မတူချေ။ သူ၏အဆင့်အရတွင် ဝမ်ချောင်ကသူ့ကို ယှဉ်ပင်မယှဉ်နိုင်ချေ။

သို့သော် ထိုအရှိန်နှုန်းကမူ ထူမီဆန်းကျကပင် မရောက်နိုင်သော အဆင့်ဖြစ်နေသည်။

မြန်တယ်

တအားမြန်တယ် တအားကို မြန်လွန်းတယ်။

တစ်တောင်လုံးက ဝမ်ချောင်က ထုတ်လွှတ်သော ဝေဝါးသော ပုံရိပ်များအောက်တွင် ဖုံးကွယ်သွားပြီဟုပင် ထင်ရသည်။ သွေးအလင်းတန်းက သူ့ကိုဆက်တိုက် ဝိုင်းနေသည်။ သူ၏သတ္ထုလူထွားကြီးများကိုလည်း ဝိုင်းနေသည်။ ထိုအချိန်တွင် ထူမီဆန်းကျအနေဖြင့် ဝမ်ချောင်၏ အရှိန်နှုန်းကို အမှီမလိုက်နိုင်တော့ချေ။ သူက အစစ်အမှန်နှင့် အတုအယောင်ကိုလည်း မခွဲခြားနိုင်တော့ဘဲ တစ်လောကလုံးက ဝမ်ချောင်၏ ဝေဝါးသော ပုံရိပ်များနှင့်သာ ပြည့်နှက်နေပြီဟု ခံစားလိုက်ရသည်။

အခန်း(၆၂၇)

ချွင် ချွင် ချွင်

ထူမီဆန်းကျက သူ၏ခန္ဓာကိုယ်မှ ခွန်အားကို အကန့်အသတ်ထိ တိုးမြှင့်ထားသည်။ လက်ထဲတွင် ကိုင်ထားသော ဓားမောက်ရှည်က ရေလိုတင်းကြပ်သော ခုခံအားကို ထုတ်ဖော်ထားသည်။ သူ၏ သိုင်းကွက် တစ်ကွက်ချင်းစီတိုင်းက သူထုတ်နိုင်သမျှသော စွမ်းအားတိုင်းကို သယ်ဆောင်ထားရသည်။ သို့သော် ဝမ်ချောင်၏ မုန်တိုင်းကဲ့သို့ ရောက်လာသော တိုက်ကွက်များကသူ့ကို လက်သီးထိုးအိတ်လိုမျိုး လုပ်နိုင်စွမ်းအား မဲ့စေသည်။

ဝမ်ချောင်၏ အရှိန်နှုန်းက သူ၏ကျင့်ကြံခြင်းအဆင့်ကို ကျော်လွန်နေခဲ့ပြီး ထူမီဆန်းကျကပင် အမှီမလိုက်နိုင်ခဲ့ချေ။ ဝမ်ချောင်က အဆင့်မြင့် သိုင်းနယ်မြေ အဆင့်ခုနှစ်သို့ အဆင့်တက်ရောက်ပြီးနောက် အဆင့်ရှစ် အကန့်သတ်ထိပင် ရောက်ရှိနေလေရာ သူ၏မြန်ဆန်သော ခြေလှမ်းကွက်များက ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့ပြီး အဆင့်သစ်တစ်ခုသို့ ရောက်သွားသည်။

ထူမီဆန်းကျကမူ ပို၍အံ့သြသထက် အံ့သြလာရပြီး အော်ဟစ်လိုက်သည်။

“တိဗက်စစ်သည်တော်တို့ ငါ့အမိန့်ကို နာခံကြ။ ဒီဝမ်ချောင်က မဟာအမတ်က သတ်ချင်နေတဲ့လူပဲ။ သူကဒီမှာရှိတယ်။ အားလုံးပဲ မြန်မြန်လာပြီး သူ့ကိုသတ်ကြ”

ထူမီဆန်းကျ၏ ထိတ်လန့်တကြားဖြစ်ပြီး ဒေါသထွက်နေသော အသံက တောင်တစ်တောင်လုံးကို ဟိန်းထွက်သွားကာ တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ နာ့ယိဗိုလ်ချုပ်များကို ဆွဲဆောင်ရုံသာ မကလေဘဲ သာ့လွန်ရော့ကျန်းကလည်း သိလိုက်သည်။

“ဝမ်ချောင်”

သာ့လွန်ရော့ကျန်း၏ မျက်ဝန်းများက အေးခဲသွားပြီးနောက် ချက်ချင်းလို အသံလာရာသို့ ကြည့်လိုက်သည်။ ထို့ပြင် သူပြောလိုက်သော ဝမ်ချောင်ဆိုသော စကားက ဂါထာတစ်ခုလိုမျိုး သာ့လွန်ရော့ကျန်းကို ရန်စနိုင်သည်။

သာ့လွန်ရော့ကျန်းက ဒီတိုက်ပွဲ၏ ရလဒ်အတွက် ကရုအစိုက်ဆုံးက ဝမ်ချောင်၏ သေဆုံးခြင်းဖြစ်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်စမ်း အန်းနန်အစိုးရစစ်တပ်ကို လျစ်လျူရှု့လိုက်။ ဝမ်ချောင်ကို ငါ့အတွက် အရင်သတ်ပေးစမ်းပါ။ ဘာပဲဖြစ်ဖြစ် ဒီကောင်ရှင်လို့မရဘူး။ လုံချင်ပါ့နဲ့ စစ်ရန်ရှမ်းရှုံးတို့လည်း အတူသွားကြ”

သာ့လွန်ရော့ကျန်းက တောင်ထိပ်နားမှ သွေးနီရောင် အလင်းတန်းကို ကြည့်လိုက်ပြီး သူ၏မျက်ဝန်းထဲတွင် ပြင်းထန်စွာ သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာသည်။

သာ့လွန်ရော့ကျန်း၏ အမိန့်က တစ်တောင်လုံးကို ကူးစက်သွားသည်။ သူ့အမိန့်နှင့်အတူ တိဗက်စစ်တပ်က ဦးတည်ရာဘက်ပြောင်းသည်။

“မဟာအမတ်က ဝမ်ချောင်ကို သတ်ဖို့အမိန့်ထုတ်လိုက်တယ်”

“စစ်သည်တော်တို့ ငါ့ရဲ့အမိန့်ကို နာခံပြီး အရှေ့တောင်ပိုင်းကို တိုက်ခိုက်ကြ”

ထိုတောင်မှ ပြင်းထန်သည့် ဟိန်းသံကြီးက ထွက်ပေါ်လာသည်။ ကောင်းကင်မှ ငုံ့ကြည့်လိုက်ချိန်တွင် စစ်မြင်းဟီသံများနှင့် များပြားလွန်းလှသော တိဗက်မြင်းတပ်က အမျိုးမျိုးသော နေရာများမှရွေ့ကာ အရှေ့တောင်ပိုင်းသို့ ဦးတည်လာနေကြောင်း မြင်နိုင်မည်ဖြစ်သည်။

“အဲ့ဒီမှာပဲ ဝမ်ချောင်ကိုသတ် ဝမ်ချောင်ကိုသတ်ပြီး တောင်ပေါ်ဒေသရဲ့ အတော်ဆုံး စစ်သည်တော် ဖြစ်လာရအောင်”

စစ်မြင်းများက တောင်ပေါ်သို့ အပြေးနှင်သည်။ တိဗက်ဗိုလ်ချုပ်များက စူးရဲသော အကြည့်များဖြင့် စိုက်ကြည့်နေကြပြီး သူတို့၏ ကိုယ်ပတ်ပတ်လည်တွင်လည်း ပြင်းထန်သည့် စွမ်းအင်မုန်တိုင်းကို ထုတ်လွှတ်လာကြသည်။ သာမာန်စစ်သည်တော်များနှင့် နှိုင်းယှဉ်သော် ယွီစန်း၏ ဗိုလ်ချုပ်ကြီးများက ပို၍ကြောက်စရာကောင်းပြီး ကြမ်းတမ်းလွန်းသည်။

ခြိမ်း

ဆူးချွန်ချီစက်ကွင်းက စတင်ပြန့်ကားလာပြီးနောက်တွင် သံမဏိများကိုပင် အက်ကွဲသံ ထုတ်လွှတ်နိုင်သည်။ တစ်ခုချင်းစီတိုင်းက အဆင့်မြင့် သိုင်းနယ်မြေအဆင့်သို့ ရောက်နေသော ယွီစန်း၏ ဗိုလ်ချုပ်ကြီးများကို ကိုယ်စားပြုနိုင်သည်။

ဟီး ဟီး ဟီး

သူတို့၏ စစ်မြင်းကလည်း ကောင်းကင်ကို တုန်လှုပ်စေသော အော်သံများကိုပြုသည်။ တိဗက်ဗိုလ်ချုပ် ဆယ်ယောက်ကျော်က ဝမ်ချောင်ထံ ဦးတည်နေကြသည်။ သူတို့၏ မျက်ဝန်းထဲတွင်လည်း ကြောက်မက်ဖွယ်ကောင်းသော အလင်းက လက်နေသည်။

မြင်းအော်သံများနှင့်အတူ သူတို့က အပြေးနှင်လာချိန်တွင် မြေပြင်တွင် အပေါက်ကြီးများကို ချန်ထားရစ်ခဲ့သည်။ သူတို့က မချဉ်းကပ်လာနိုင်ခင်ကတည်းက တိဗက်ဗိုလ်ချုပ်များက ပြင်းထန်သည့် သတ်ဖြတ်မှုအောက် ကျရောက်သွားကြသည်။

ဟီး

တိဗက်ဗိုလ်ချုပ်တစ်ယောက်က မြင်းပေါ်မှ လှမ်းခုန်သည့်အချိန်တွင် သွေးနီရောင်အလင်းက ဖြတ်ကနဲ လက်သွားပြီး သူနှင့်မြင်းကို နှစ်ခြမ်းကွဲသွားစေသည်။

ချွင် ချွင် ချွင်

နှစ်ယောက် သုံးယောက် လေးယောက်...

ဗိုလ်ချုပ်ကြီး တစ်ယောက်ပြီးတစ်ယောက်က သေဆုံးနေခဲ့လေသည်။ ထို့ကြောင့် ဝမ်ချောင်၏ အနားသို့ပင် သူတို့က မကပ်နိုင်ခဲ့ချေ။ သူတို့က သေဆုံးသွားပြီးနောက် သူတို့၏ ကိုယ်အတွင်းမှ စွမ်းအင်များက သွေးမြူများအဖြစ် ပြောင်းလဲကာ ဝမ်ချောင်၏ ကိုယ်ထဲသို့ တိုးဝင်သည်။

အချိန်အနည်းငယ်တည်းနှင့်တင် ဝမ်ချောင်၏ ခွန်အားက တဖန်ပြင်းထန်လာပြန်သည်။ အဆင့်မြင့် သိုင်းနယ်မြေ အဆင့်ခုနှစ်မှ အဆင့်ရှစ်သို့ ရောက်သွားပြီးနောက် အဆင့်ကိုးထိရောက်ပြီး အထွဋ်အထိပ်အဆင့်တွင် ရပ်တန့်သွားသည်။

“မကောင်းတော့ဘူး”

ထူမီဆန်းကျ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူကမည်မျှပင် နှေးကွေးနေစေကာမူ သူမည်မျှ ကြီးမားသော အမှားကြီးကို လုပ်လိုက်မိပြီဖြစ်ကြောင်း သိလိုက်သည်။

သူ၏မူလရည်ရွယ်ချက်က ကျွမ်းကျင်ပညာရှင်များကိုပေါင်းကာ ဝမ်ချောင်ကို အတူသုတ်သင်ရန် ဖြစ်သည်။ ဒီနည်းအားဖြင့် ယွီစန်းကို ခြိမ်းခြောက်နိုင်သော အန္တရာယ်ကို ရှင်းလင်းပစ်နိုင်ပြီဖြစ်သည်။

သို့သော် ထူမီဆန်းကျကလည်း ဝမ်ချောင်၏ လက်ရှိ ကျင့်ကြံခြင်းအဆင့် အကြောင်းကို မေ့သွားသည်။ ထို့ကြောင့် တိဗက်ဗိုလ်ချုပ် အများစုက သူ့ကိုမယှဉ်နိုင်ခဲ့ချေ။

အဆင့်အနိမ့်ဆုံး တိဗက်ဗိုလ်ချုပ်တိုင်းက ဝမ်ချောင်အတွက် အားဖြည့်စာသာ ဖြစ်သွားပေလိမ့်မည်။ သူတို့ကျင့်ကြံခြင်း အဆင့်ကြောင့် ဝမ်ချောင်က ပို၍ကြောက်စရာကောင်းလာရုံသာ ရှိတော့သည်။

ဝမ်ချောင်က အဆင့်ခုနှစ်မှ အဆင့်ရှစ်အချိန်တွင် သူ့ကိုပင် ခြိမ်းခြောက်နိုင်လောက်အောင် အင်အားကြီးမားနေပြီဖြစ်ပြီး သူကပင် သေနိုင်သည်ဆိုသော ခံစားချက်မျိုးကို ရနေခဲ့သည်။ ယခု ဝမ်ချောင်က ထိုတိဗက်ဗိုလ်ချုပ်ကြီးများ၏ စွမ်းအင်ကို စုပ်ယူပြီးနောက်...

ထိုအတွေးနှင့်အတူ ထူမီဆန်းကျ၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ ရုတ်တရက် သူ၏နဖူးတွင် ဖျော့တော့သော ဒဏ်ရာတစ်ခု အပ်မျှင်လောက်ပင် ပါးလျသော ဒဏ်ရာတစ်ခုက ရုတ်တရက် ပေါ်လာသည်။ ထိုအရာက တဖြည်းဖြည်းချင်း နှာခေါင်း၊ ပါးစပ်၊ ရင်ဘက်အထိ ဆင်းသွားပြီးနောက် အဆုံးတွင် သူ၏သတ္ထုလူထွားကြီးများနည်းတူ သူကလည်း နှစ်ခြမ်းကွဲသွားသည်။

ငါမထင်ထားဘူး ငါတကယ်ကို သူ့ရဲ့လက်ထဲမှာ သေရတာပဲ။

ထူမီဆန်းကျက မျက်လုံးအပြူးသားဖြစ်နေသည်။ သူ၏တစ်ကိုယ်လုံးက ရေခဲကဲ့သို့ အေးစက်သွားသည်။ ဝမ်ချောင်က မြန်ဆန်လွန်းသည်။ အလွန့်အလွန် မြန်လွန်းသည်။ သူဓားမောက်ရှည်ကို မထုတ်နိုင်ခင် အသတ်ခံလိုက်ရသည်။

ခွပ်

မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာ၏ အောက်တွင် သတ္ထုလူထွားကြီး၏ ပုခုံးပေါ်တွင် ရပ်နေခဲ့သော ထူမီဆန်းကျက အစိတ်စိတ်အပိုင်းပိုင်းအဖြစ် တဖန်ပြောင်းလဲသွားသည်။

သူက သေဆုံးသွားသောအခါ ပတ်ဝန်းကျင်ရှိ သူဆင့်ခေါ်ထားသမျှသော သတ္ထုလူထွားကြီးများနှင့် သတ္ထုလူသားများ အားလုံးက အမှုန့်အဖြစ် ပြောင်းလဲသွားသည်။

“သတ်”

တိဗက်စစ်သားများက တောင်ပေါ်သို့ အော်ဟစ်ကာ ချီတက်လာကြသေးသည်။ သူတို့၏ အင်အားကြီးမားလှသော အားအင်များ၏ အောက်တွင် ဝမ်ချောင်ကို သုတ်သင်နိုင်ရန် မျှော်လင့်သည်။ ထိုအခြေအနေမျိုးတွင် မည်သည့် ဗိုလ်ချုပ်ကြီးကမှ မည်မျှအင်အား ကြီးမားနေစေကာမူ စွမ်းအင်ကုန်ခမ်းကာ သေဆုံးသွားရပေလိမ့်မည်။

ဝမ်ချောင်ကမူ ကွာခြားသည်။

သူက အားအင်အပြည့် ရှိနေသေးပြီး မမောနိုင် မပန်းနိုင်သော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုလိုမျိုး တောင်ပေါ်တွင် ပို၍များပြားသော အလောင်းများကိုသာ ချန်ထားရစ်ခဲ့သည်။ သူ၏လက်တွင် သေဆုံးသော မာန်ရှဲ့နှင့်ယွီစန်း စစ်သားများ၏ ပမာဏက အလွန်များလာသည်။

ထိုသို့ သတ်ဖြတ်နေသော အချိန်အတောအတွင်း ဝမ်ချောင်၏ ခွန်အားက ဆက်တိုက် မြင့်တက်နေသေးသည်။ အဆုံးတွင် မရေမတွက်နိုင်သော ကြောက်လန့်နေသည့် အကြည့်များ၏ အောက်တွင် သူက တော်ဝင်သိုင်းနယ်မြေ အဆင့်သို့ ရောက်သွားသည်။

ငါမရှုံးဘူး ငါရှုံးလို့မရဘူး ဘယ်တော့မှ မရှုံးဘူး။

ဝမ်ချောင်၏ နှလုံးသားထဲမှ အော်ဟစ်သံက ကျယ်သထက် ကျယ်လာသည်။ သူက နာကျင်မှုကို မခံစားနိုင်တော့ချေ။ မရေမတွက်နိုင်သော ဆေဘာဓားများက သူ့ကို ခုတ်ပိုင်းလာသော်လည်း သူက သန်မာသော သံချပ်ကာသီးသန့် သို့မဟုတ် သွေးကြယ်တာရာစွမ်းအင် အကာအကွယ်လွှာ သီးသန့်ဖြင့် ကာကွယ်ထားခဲ့သည်။

၁၅မိနစ် မိနစ်၃၀ မိနစ်၄၅

အချိန်များက တဖြည်းဖြည်းချင်း ကုန်ဆုံးလာနေသလို ဝမ်ချောင်က အပြင်လောကအကြောင်းကို မေ့သွားသည်။ သူကိုယ်တိုင်အကြောင်းကို မေ့သွားသည်။ တိုက်ခိုက်ရန်ကလွဲပြီး အခြားမသိတော့ချေ။

တောင်ပေါ်တွင်ရှိသော အလောင်းများက ပုံသထက် ပုံလာသည်။ အချိန်တစ်ခု ကြာပြီးနောက် ဝမ်ချောင်၏ကိုယ်မှ ခမ်းနားသော စွမ်းအင်များက ချော်ရည်လို ပူပြင်းသော အရှိန်နှုန်းဖြင့် ပေါက်ထွက်လာသည်။

ဘုန်း

ဝမ်ချောင်က စိတ်ထဲမှ ကျယ်လောင်သည့် အသံကို ကြားလိုက်ရသည်။ ထိုအခိုက် လောကတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ ပထမဦးဆုံးအကြိမ် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများ၏ အဆုံးမသတ်နိုင်သော စစ်သည်တော်များက ထိတ်လန့်ကာ ကြောက်လန့်လာကြသည်။

“တော်ဝင်သိုင်းနယ်မြေ သူက တော်ဝင်သိုင်းနယ်မြေကို ရောက်သွားပြီ”

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“ငါတို့က အစစ်အမှန် သိုင်းနယ်မြေအဆင့်က စစ်သားတွေလေ။ ငါတို့ တော်ဝင်သိုင်းနယ်မြေက ကျွမ်းကျင်ပညာရှင်ကို ဘယ်လိုယှဉ်နိုင်မှာလဲ”

“မဟာအမတ်က အမိန့်ထုတ်ထားပြီး နောက်ဆုတ်တဲ့ကောင်တိုင်း ကွပ်မျက်ခံရမယ်။ ငါတို့က တောင်ထိပ်ကို မရောက်ရင်လည်း ကွပ်မျက်ခံရမှာပဲ”

ဝမ်ချောင်၏ ပတ်ပတ်လည်မှ စစ်သည်တော်တိုင်းက သူ့ကို အထိတ်တလန့် အံ့အားသင့်မှုနှင့် ပြည့်နှက်နေသော အကြည့်မျိုးနှင့် ကြည့်ကြသည်။ အချို့ကမူ တုန်ယင်နေလေသည်။

လက်ရှိအချိန်တွင် ဝမ်ချောင်က မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သည် ထောင်ပေါင်းများစွာကို သတ်ဖြတ်သွားသည်။ တစ်ယောက်ချင်းစီတိုင်းက သူက စွမ်းအင်ကုန်ဆုံးပြီး သေတော့မည်ဟု ထင်နေကြသော်လည်း အမှန်တွင် ဝမ်ချောင်က မလဲကျသွားသည့်အပြင် ပို၍ပင် ကြောက်စရာ ကောင်းလာခဲ့ပြီး တော်ဝင်သိုင်းနယ်မြေ အဆင့်သို့ပင် တက်သွားလေသည်။

ဝမ်ချောင်က ထောင်ပေါင်းများစွာသော အလောင်းပုံ၏အလယ်တွင် ရပ်နေသည်။ သူ၏ဆံပင်က လေတွင် လွင့်နေသည်။ လေကဖြတ်တိုက်လာသောအခါ မျက်နှာနှင့်ပင် ကပ်လာသည်။ သို့သော် ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းတမ်းသည့် သွေးဆာသော မျက်ဝန်းတစ်စုံက နီရဲနေလေရာ မကောင်းဆိုးဝါး သားရဲနှင့်ပင် တူနေလေသည်။

ဝမ်ချောင်က တစ်စုံတစ်ယောက်ကို တစ်ချက်ကြည့်ရုံသာ လိုအပ်သည်။ ထိုသို့ကြည့်လိုက်လျှင် ထိုသူက အထိတ်တလန့် အော်မိပေလိမ့်မည်။ မရေမတွက်နိုင်သော ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်က စစ်သည်တော်တိုင်းကို အလန့်တကြား နောက်သို့ဆုတ်စေသည်။

“လမ်းဖယ်စမ်း ငါသူ့ကိုသတ်မယ်”

အထက်မှ အေးစက်သော အသံတစ်သံ ထွက်လာသည်။ အလွန်ကြီးမားသော ပုံရိပ်ကြီးတစ်ခုက ကောင်းကင်မှ ခုန်ဆင်းလာပြီး ဝမ်ချောင်၏ရှေ့သို့ ရောက်လာသည်။

ချွင်

လက်ဆယ်ဘက်ဗောဓိ Sattbaက ပေါ်ထွက်လာသည်။ လက်ဆယ်ဘက်လုံးက ထက်ရှသော ဓားများကို ကိုင်ဆွဲထားပြီး ကောင်းကင်သို့ကျော်အောင် မြှောက်ထားသည်။ ထိုအချိန်တွင် သူက ရွှေရောင်နေလုံး တစ်လုံးလိုမျိုး ပေါ်လာခြင်းဖြစ်သည်။ လက်ဆယ်ဘက်ဗောဓိ Sattbaက သူ၏ခန္ဓာကိုယ်ကို အနည်းငယ် ငုံ့ကိုင်းလိုက်ပြီး ဝမ်ချောင်ကို ငုံ့ကြည့်သည်။ သူ၏ပတ်ဝန်းကျင်ရှိ စွမ်းအင်များက အက်ကွဲလာပြီး နောက်ဆုံးတွင် ကျားငါးကောင်ဗိုလ်ချုပ် လုံချင်ပါ့က ပေါ်လာလေပြီ။

ဘုန်း

သို့သော် မည်သူမျှ မတုန့်ပြန်နိုင်ခင် ဆယ်ကျန်းကျော်ခန့်မြင့်သော ရွှေရောင်ဆေဘာအလင်းက ရုတ်တရက် ကောင်းကင်မှ ဆင်းသက်လာသည်။ အရှိန်နှုန်းနှင့် ခွန်အားတွင် လုံချင်ပါ့က အမြဲတစေ အတော်ဆုံးဖြစ်သည်။ သူက ဝမ်ချောင်ထက် မြင့်ရုံသာရှိသည်။ မနိမ့်ကျနိုင်ချေ။

လုံချင်ပါ့က အလွန်မြန်ဆန်သည်။ သို့သော် ဝမ်ချောင်ကလည်း မနှေးကွေးချေ။ ဝမ်ချောင်က ရုတ်တရက် သူ၏လက်မောင်းများကိုမြှောက်ပြီး လုံချင်ပါ့၏ ဓားသွားကို အသာအယာ ခုခံလိုက်သည်။

ခြိမ်း

တောင်တန်းတစ်ခုလုံးက တုန်လှုပ်သွားပြီး လေထဲသို့ ဖုန်မှုန့်များက မြောက်တက်သွားသည်။ ဆယ်ကျန်းခန့်မြင့်သော အက်ကွဲကြောင်းရာ တစ်ခုက ဗောဓိ Sattbaတွင် ထွက်ပေါ်လာသည်။

ဝမ်ချောင်၏ ပတ်ပတ်လည်ရှိ ကျန်းအနည်းငယ် အကာအဝေးက တည်ငြိမ်နေသည်။ မြေပြင်ကပင် မကျိုးပဲ့သွားခဲ့ချေ။ ဆေဘာစွမ်းအင်က ဖြတ်သန်းသွားခဲ့ခြင်း မရှိသော လက္ခဏာဖြစ်သည်။ လုံချင်ပါ့၏ အင်အားကြီးသော အကွက်ကို ဝမ်ချောင်က တားလိုက်နိုင်သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ။ သူကငါ့ရဲ့ ဗောဓိ Sattbaရဲ့ တိုက်ကွက်ကိုတောင် တားဆီးလိုက်တာလား။

လက်ဆယ်ဘက် ဗောဓိSattbaထဲတွင်ရှိသော လုံချင်ပါ့၏ မျက်လုံးက မှေးကျဉ်းသွားပြီး အံ့အားသင့်မှုက အထင်းသား ပေါ်လာသည်။ ဝမ်ရန်၊ ရှန်ယွီကျုံ့ထုံး၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်နှင့် ခဲ့လော့ဖုန်းတို့ကဲ့သို့သော လက်ရွေးစင် ဗိုလ်ချုပ်မှူးကြီးများကို ဖယ်ထားလိုက်လျှင် စွန်းလျိုယွဲ့ကသာ သူ့ကိုယှဉ်တိုက်နိုင်သည်။

သို့သော် စွန်းလျိုယွဲ့ကပင် သူ၏အင်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်သော ဆေဘာဓားကို မခုခံနိုင်ချေ။ ဝမ်ချောင်လို ဉာဏ်အလွန်ကောင်းပြီး အကွက်ချရာတွင် တော်သော လူငယ်လေးတစ်ယောက်က သူနှင့်ထိုသို့ တိုက်ကွက်ချင်း ဖလှယ်နိုင်သော အဆင့်ထိ ရောက်နေမည်ဟု မထင်ထားမိချေ။

သူကဘယ်လိုသိုင်းကိုတောင် ကျင့်နိုင်တာလဲ။

မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက သိုင်းကို ဘယ်သူကမျှ ယှဉ်နိင်တာမဟုတ်ဘူး။ မဖြစ်နိုင်ဘူး။

လုံချင်ပါ့က အလွန်အမင်း အံ့သြနေသည်။

ဝမ်ချောင်က အချိန်တိုအတွင်း အင်အားတိုးမြှင့်လာသော အခြေအနေကပင် သူနားလည်ထားသော သိုင်းများနှင့် ပတ်သတ်သည့် အချက်များအားလုံးကို ဖယ်ရှားလိုက်ပြီးသားဖြစ်သည်။ မဟာနှင်းတောင်တန်းက လျို့ဝှက်သိုင်းပေါင်းများစွာ ပိုင်ဆိုင်တာ ကျော်ကြားသည့်တိုင်အောင် ထိုသို့ မလုပ်နိုင်ခဲ့ချေ။

“ကောင်စုတ်လေး မင်းက တကယ်ပဲဘာလဲ”

လုံချင်ပါ့က ရုတ်တရက် သူနှင့်မဟာအမတ်တို့က ထိုကောင်လေးကို အထင်သေးမိကြောင်း သိလိုက်သည်။ သူ့ကို ထိုစကားလုံးများကိုသုံးကာ အကဲဖြတ်၍ပင် မရချေ။

ဘုန်း

လုံချင့်ပါ့က ဘာတွေးတွေး ထိုအခြေအနေများက လက်ရှိဝမ်ချောင်နှင့် မသက်ဆိုင်ချေ။ လုံချင်ပါ့က တိုက်ခိုက်ပြီး အချိန်တစ်ခုအတွင်း ဝမ်ချောင်က စတင်ကာ တိုက်ခိုက်လေပြီ။

အခန်း(၆၂၈)

အလင်းဖြတ်ကနဲ လက်သွားပြီးနောက် ဝမ်ချောင်က လက်ဆယ်ဘက် ဗောဓိSattba၏ရှေ့မှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ပတ်ဝန်းကျင်ရှိ မာန်ရှဲ့ယွီစန်း စစ်သားများကမူ သူကမည်သည့်နေရာသို့ ရောက်သွားကြောင်း မတွေ့နိုင်ခင် ဝမ်ချောင်က ဗောဓိSattba၏ ဘေးဘက်တွင် ရုတ်တရက် ပြန်ပေါ်လာသည်။

ဆေဘာကဓားကို ရင်ဆိုင်လိုက်ချိန်တွင် အလင်းဖွားများက လက်လာသည်။ ဝမ်ချောင်၏ ကြောက်စရာ ကောင်းလွန်းသော တိုက်ကွက်ကို ဗောဓိSattba၏ လက်ဆယ်ဘက်ထဲမှ တစ်ဖက်က တားဆီးလိုက်နိုင်သည်။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ လက်ဆယ်ဘက် ဗောဓိsattbaက လျှင်မြန်စွာ တိုက်ခိုက်နိုင်သောကြောင့် ကျော်ကြားသလို တိုက်ခိုက်ခြင်း အရှိန်နှုန်းအနေဖြင့် သူ့ကိုယှဉ်နိုင်သည်က ရှားသည်။ ထပ်ပေါင်းဆိုရသော် မျက်ကွယ်ပြုနေသော နေရာများလည်း မရှိချေ။ လက်ဆယ်ဘက် ရှိနေသေးလေရာ နေရာတိုင်းကို တိုက်ခိုက်နိုင်စွမ်းအား ရှိနေသည်။ အပေါ်အောက်၊ ဘယ်၊ ညာ အားလုံးကို တိုက်ခိုက်နိုင်သည်။

ဝမ်ချောင်က မည်သည့်ဘက်ထောင့်မှ တိုက်ခိုက်နေစေကာမူ လက်ဆယ်ဘက် ဗောဓိsattbaက သူ့ကို တားဆီးနိုင်နေခဲ့သည်။

“မင်းမှာဘယ်လောက် စွမ်းရည်တွေ ရှိဦးမလဲကြည့်မယ်”

လုံချင်ပါ့က ဝမ်ချောင်၏ တိုက်ကွက်တိုင်းကို အောင်မြင်စွာဖြင့် တားဆီးနိုင်ခဲ့သည်။ ကျားငါးကောင် ဗိုလ်ချုပ်များထဲမှ ခေါင်းဆောင်ဖြစ်သူ လုံချင်ပါ့ကလည်း ထိုမဟာထန်မှ လူငယ်ကို ရှုံးမည်ဟု မယုံကြည်ချေ။

ချွင် ချွင် ချွင်

ရွှေရောင်ဗောဓိsattbaက လက်များကို ဓားများလို သူ၏လက်လေးဘက်လုံးကို လှည့်ပတ်နေပြီး ကြောက်စရာကောင်းလွန်းသော တိုက်ကွက်များကို ထုတ်ဖော်နေသည်။

ဘုန်း

လုံချင်ပါ့နှင့် ဝမ်ချောင်တို့က ရုတ်တရက် ပျောက်ကွယ်သွားသည်။ နှစ်ယောက်လုံးက အလျှင်မြန်ဆုံး အရှိန်နှုန်းဖြင့် လှုပ်ရှားလိုက်ကြသေးသည်။ သူတို့က ချန်ထားရစ်ခဲ့သော ဝေဝါးသည့် ပုံရိပ်ယောင်များကသာ ကျန်ရစ်ခဲ့သည်။

ခြိမ်း ခြိမ်း ခြိမ်း

တောင်တန်းတစ်ခုလုံး စွမ်းအင်များက ပျံ့နှံ့သွားပြီး နေရာတိုင်းသို့ ကျောက်တုံးများက လွင့်စင်ကုန်သည်။ ထိုသို့ဖြင့် လေထဲသို့ ဖုန်မှုန့်များက အလုံးလိုက် မြောက်တက်လာသည်။

လုံချင်ပါ့က ပထမဦးဆုံးအကြိမ် လက်ဆယ်ဘက် ဗောဓိsattbaကို ထိုအဆင့်ထိရောက်အောင် ထုတ်သုံးနိုင်ခြင်းဖြစ်သည်။ ဗောဓိsattba၏လက် ဆယ်ဘက်လုံးနှင့် လုံချင်ပါ့၏ ခွန်အားနှင့် ပေါင်းလိုက်ပြီးနောက် တော်ဝင်သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင် ငါးယောက် ခြောက်ယောက်ခန့်က တပြိုင်နက် ဝမ်ချောင်ကို တိုက်ခိုက်နေသလို ဖြစ်သွားသည်။

တောင်ပေါ်ဒေသတွင် လုံချင်ပါ့၏ တိုက်ကွက်များက အဆင့်မြင့်ကြောင်း ကျော်ကြားသည်။ စစ်ရန်ရှမ်းရှုံးပင် ဖြစ်စေ၊ အခြားသော အဖွဲ့များ မည်သည့်ကျွမ်းကျင်ပညာရှင်များကပင်ဖြစ်စေ မယှဉ်နိုင်ကြချေ။ သို့သော် သူ၏ဒီတစ်ကြိမ်မှ ပြိုင်ဘက်က ဝမ်ချောင်ဖြစ်နေသည်။

လုံချင်ပါ့၏ လက်ထဲမှ ဗောဓိsattbaက မြန်ဆန်သော်လည်း ဝမ်ချောင်ကလည်း မနှေးကွေးချေ။ လက်ခြောက်ဘက်သိုင်းက အကန့်အသတ်ထိ ထုတ်သုံးပြီးနောက် သူကိုယ်တိုင်က လက်ခြောက်ဘက်လုံး ပေါက်လာသလို ဖြစ်လာသည်။ ထိုအချိန်တွင် ရှောင်ယင်ယန်ဓားနှင့် သံမဏိဓားက အလွန်မြန်လွန်းသော အရှိန်နှုန်းနှင့် လှုပ်ရှားလာသည်။ ဝမ်ချောင်၏ လက်ခြောက်ဘက်သိုင်းက လုံချင်ပါ့၏ လက်ဆယ်ဘက် ဗောဓိsattbaထက် နိမ့်ကျသော်လည်း လုံချင်ပါ့ကို ရင်ဆိုင်ရန်အတွက် လုံလောက်နေပြီဖြစ်သည်။

ခြိမ်း ခြိမ်း ခြိမ်း

လက်ဆယ်ဘက်လုံးက ထက်ရှသော ဓားများကဲ့သို့ တစ်လက်ချင်းစီတိုင်းက အဆင့်လွန် ကျွမ်းကျင်ပညာရှင် တစ်ယောက်အလား ထင်ရသည်။ သူတို့က အမျိုးမျိုးသော တိုက်ကွက်များကို ထုတ်လွှတ်နေကြပြီး နောက်ဆုံးတွင် စွမ်းအင်သဲလွန်စကိုပင် မချန်ထားရစ်ခဲ့ဘဲ ဝမ်ချောင်ကို ခုတ်ပိုင်းရန် ကြိုးစားသည်။

စစ်ပွဲက အဆုံးနှင့် နီးကပ်လာပြီဖြစ်သည်။ မာန်ရှဲ့ကျောင်းယွီစန်းများက အနိုင်ရလိုစိတ် ပြင်းထန်လာသည်။ ထို့ကြောင့် လုံချင်ပါ့ကလည်း လက်ဆယ်ဘက် ဗောဓိsattbaက အထွဋ်အထိပ် အခြေအနေတွင် ထိန်းထားရင်း ပြင်းထန်သည့် စွမ်းအားများ ထုတ်သုံးနေခြင်းကို သတိမထားတော့ချေ။ ဒီတိုက်ပွဲပြီးနောက် အချိန်တစ်ခုကြာအောင် သူအားနည်းသွားနိုင်သော်လည်း ကရုမစိုက်တော့ချေ။

ဝမ်ချောင်က မဟာအမတ်၏ တပ်ကို သိမ်းရမည့်စာရင်း၏ ထိပ်ဆုံးတွင်ရှိနေသည်။ ထိုအတိုင်းဆိုရသော် လုံချင်ပါ့ကပင် တစ်ဖက်သူကို ဆူးချွန်တစ်ခုအဖြစ် သတ်မှတ်ထားပြီးသားဖြစ်သည်။ ဒါက တိဗက်တောင်ပေါ် ဒေသတစ်ခုလုံးကို တိုက်ခိုက်နိုင်စွမ်းရှိသည်။ အပြင်လူအနည်းစုလောက်ကသာ သိလောက်ကြသော ကပ်ဘေးတစ်ခုက တောင်ပေါ်ဒေသ တစ်ခုလုံးကို ပျံ့နှံ့နေပြီဖြစ်ကြောင်းကို လုံချင်ပါ့က သိထားသည်။

ထိုသို့သော လူမျိုးကို ယွီစန်းအင်ပါယာက လွှတ်ပေးထား၍လည်း မရချေ။

ခြိမ်း ခြိမ်း ခြိမ်း

သူကတိုက်ခိုက်နေလေ ပို၍အံ့သြရလေလေ ဖြစ်လာသည်။ ထိုလူငယ်က သွေးရောင်မျက်ဝန်းဖြင့် သူ့ကို စိုက်ကြည့်နေသည်မှာ ရူးသွပ်နေသည်ဟု ထင်ရသည်။ သို့သော် တစ်ဖက်က ထုတ်ပေးနိုင်စွမ်းအားကလည်း ကြောက်စရာ ကောင်းလွန်းနေသေးသည်။

သူက ရူးသွပ်နေသော အခြေအနေတွင် ရှိနေသော်လည်း စွမ်းရည်ကမူ လုံချင်ပါ့လို ကျွမ်းကျင်ပညာရှင်ကိုပင် နှလုံးသားက အေးစိမ့်စေသည်။ သူက အလွန်အမင်း မြန်ဆန်နေရုံသာ မကလေဘဲ လှုပ်ရှားကွက်တိုင်းကလည်း သေသပ်ပြီး ရိုးရှင်းလျှင်မြန် ချောမွေ့ကာ သပ်ရပ်မှုရှိသည်။ တစ်ကွက်ချင်းစီတိုင်းက ရန်သူကို အလျှင်မြန်ဆုံး အချောမွေ့ဆုံး အသက်ရောက်ဆုံး သတ်ဖြတ်နိုင်သော အကွက်များဖြစ်နေသည်။

“တိုက်ခိုက် ဗိုလ်ချုပ်လုံကို ကူညီပြီး အဲ့ဒီကောင်စုတ်ကို သတ်ပေးရအောင်”

“ရှေ့တက်ကြ ဒီကောင်စုတ်ကိုသတ်ပြီး ဆုလဒ်တွေအများကြီး ရယူရအောင်”

“ဗိုလ်ချုပ်က သူ့ကိုထိန်းထားပေးပြီး ငါတို့ကသူ့ကိုသွားပြီး တိုက်ခိုက်ဖို့ပဲ ရှိတော့တယ်”

လုံချင်ပါ့က ဝမ်ချောင်ကို ထိန်းထားကြောင်း မြင်သောအခါ ပတ်ဝန်းကျင်ရှိ စစ်သားများ အားလုံးက တိုက်ခိုက်ရန် ကြိုးစားလာကြသည်။

ရုတ်တရက် အခြေအနေက ပြောင်းလဲသွားသည်။ နေရာတိုင်းမှ ခြိမ်းခြောက်မှုကို ခံစားမိသလို ဝမ်ချောင်က လုံချင်ပါ့၏ မြင်ကွင်းမှ ချက်ချင်းပျောက်ကွယ်သွားသည်။ လုံချင်ပါ့ကပင် မတုန့်ပြန်နိုင်ခင် တောင်တန်းတစ်ခုလုံးမှ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ရာကျော်သော မာန်ရှဲ့ယွီစန်း စစ်သားများက ရုတ်တရက် လေထဲသို့ လွင့်ထွက်ကုန်ပြီး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ကုန်ကြသည်။

“ ”

ကျားငါးကောင်ဗိုလ်ချုပ်မှ ခေါင်းဆောင်ဖြစ်သော လုံချင်ပါ့ကလည်း ချက်ချင်းလိုလို ထိုမြင်ကွင်းကြောင့် မှင်သက်သွားသည်။ သို့သော် အားလုံးက နောက်ကျသွားလေပြီ။ ကောင်းကင်က တိုက်ပွဲ၏ အော်ဟစ်သံများနှင့် ပြည့်နှက်နေသည်။ အခြေအနေ၏ အမှန်တရားကို မသိသော စစ်သည်တော်များက ဘက်ထောင့်တိုင်းမှ ပြေးလာကာ ဝမ်ချောင်ကို ရန်စနေသေးသည်။

ဝမ်ချောင်က လုံချင်ပါ့ကို လုံးဝစွန့်လွှတ်လိုက်ပြီဖြစ်ပြီး သူ၏ပစ်မှတ်က အခြားသော မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သည်တော်များ ဖြစ်သွားသည်။

ရှောင်ယင်ယန်သိုင်း၏ ထောက်ပံ့ပေးမှုနှင့်အတူ ကျွမ်းကျင်ပိုင်နိုင်သောသိုင်းကို ထုတ်သုံးနေသောကြောင့် သူက ပိုပြီးမြန်ဆန်သော အရှိန်နှုန်းဖြင့် ဝု့စ်သံမဏိဓားကို လွှဲယမ်းလိုက်ချိန်တိုင်း တိုက်ပွဲနယ်မြေ တစ်ခုလုံး၏ ပြိုင်ဘက်ကင်းသွားသည်။

ဝမ်ချောင်၏ ရှောင်ယင်ယန်သိုင်းက သူ့ကို ထောက်ပံ့ပေးနေသောကြောင့် အခြားလူများ၏ စွမ်းအားများကို ဆက်တိုက် စုပ်ယူနိုင်နေလေရာ သူက အကန့်အသတ်မဲ့ ပြိုင်ဘက်ကင်းသူတစ်ယောက် ဖြစ်သွားသည်။

“အား”

အရှေ့တောင်ပိုင်း နယ်မြေတစ်ခုလုံးက ဝမ်ချောင်၏ သတ်ဖြတ်ကွင်းမြေ ဖြစ်သွားသလို အော်ဟစ်သံများကသာ ပြည့်နှက်နေသည်။

လုံချင်ပါ့၏ လက်ဆယ်ဘက် ဗောဓိsattbaက ထိုနေရာသို့ ရောက်လာပြီး ဝမ်ချောင်ကို တိုက်ခိုက်လိုက်သောအခါ တောင်ဘေးဘက် တစ်ခုလုံးက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများ၏ အလောင်းများ ပုံနေလေပြီ။ ထိုထဲတွင် အဆင့်မြင့် သိုင်းနယ်မြေများ ပါဝင်သလို အစစ်အမှန် သိုင်းနယ်မြေများလည်း ပါဝင်နေသည်။ ထိုနေရာတစ်ခုလုံးက သတ်ဖြတ်ခြင်း ကွင်းပြင်တစ်ခုဖြစ်သွားသည်။

“ရွံ့စရာကောင်းတဲ့ကောင် ငါမင်းကိုသတ်မယ်”

ဝမ်ချောင်က ထောင်ပေါင်းများစွာသော စစ်သည်တော်များကို သတ်ဖြတ်ခဲ့ကြောင်း မြင်သောအခါ လုံချင်ပါ့၏ မျက်လုံးထဲတွင် ဒေါသများက ပြည့်နှက်လာပြီး သူ၏ဒေါသက ရင်ဘက်မှ ငယ်ထိပ်အထိ ရောက်သွားသည်။

ဝမ်ချောင်က သူ့အရှေ့တွင် လူများကို သတ်ရဲသည်။ ဒါကသူ့ကို မတည်ရှိသလို သဘောထားလိုက်ခြင်းဖြစ်သည်။ သူက နာ့ယိတော်ဝင်တပ်ရင်းမှ ကျားငါးကောင်၏ ဗိုလ်ချုပ်ဖြစ်လေရာ ထိုသို့ အရှက်ခွဲခြင်းကို လက်မခံနိုင်ချေ။

ဝုန်း

သူ၏တန်ထန်းက သတ္ထုချင်း ထိခတ်သံများဖြင့် တုန်ခါလာသည်။ ဝမ်ချောင်က ချက်ချင်းလိုလို ဒေါသကြယ်တာရာ စွမ်းအင်များဖြင့် လွှမ်းခြုံလျှက် ဗောဓိsattbaက တိတ်ဆိတ်မျက်လုံးကို မြှောက်လိုက်ကာ ပြင်းထန်သည့် တိုက်ကွက်များကို ထုတ်ဖော်လျှက် ယခင်ကထက်ပင် မြန်ဆန်သွားသေးသည်။ သို့သော် လုံချင်ပါ့က ဝမ်ချောင်၏နားသို့ မကပ်နိုင်ခင် တိုးတက်မှုတစ်ခုက ဖြစ်ပေါ်လာပြန်သည်။

သတိပေးချက် အလျဉ်းမရှိဘဲ ရုတ်တရက် ကောင်းကင်မှ မမြင်ရသော ခွန်အားတစ်ခုက ဆင်းသက်လာကာ လုံချင်ပါ့ကို ခြိမ်းကြိုးများလို ရစ်နှောင်လာသည်။ လုံချင်ပါ့က မတုန့်ပြန်နိုင်ခင် သူ၏ခွန်အားက အဆင့်တစ်ခုထိ ကျသွားသည်။ ထိုသို့ အဆင့်တစ်ခုထိ ကျသွားသော အခြေအနေက လုံချင်ပါ့၏ လက်ဆယ်ဘက် ဗောဓိsattbaကို ထိန်းချုပ်နိုင်စွမ်း လွတ်ကင်းသွားပြီး ကြမ်းပြင်သို့ ကျလုနီးပါး ဖြစ်သွားသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ တိုင်းတစ်ပါးသားဗိုလ်ချုပ် ဆယ်ယောက်ကျော်ကို သတ်ဖြတ်ခဲ့ပြီး အောင်မြင်စွာနဲ့ ဗိုလ်ချုပ်များရဲ့ အဆိပ်ချီစက်ကွင်းကို အသက်သွင်းလိုက်နိုင်ပါတယ်”

လုံချင်ပါ့ကမူ ဝမ်ချောင်၏ နားထဲတွင် ကြားနေရသော အေးစက်သည့်အသံကို မကြားနိုင်ချေ။ သို့ရာတွင် သူမြင်နိုင်သမျှက ဝမ်ချောင်ခြေထောက်တွင် ပေါ်လာသော အသစ်စက်စက် ချီစက်ကွင်းတစ်ခုဖြစ်သည်။

ထိုအသစ်စက်စက် ချီစက်ကွင်းက ရွှေရောင်နှင့် အနက်ရောင် ရောပြွန်းနေသည်။ ထိုချီစက်ကွင်းထဲတွင် အမျိုးမျိုးသော လက်နက်များကို မြင်နိုင်သည်။ ထိုအရာများက ဆေဘာ၊ လှံ၊ ဓား၊ ခက်ရင်းခွ၊ ပုဆိန်၊ ဒိုင်းကာတို့ဖြစ်သည်။

ဝုန်း

ချက်ချင်းလိုလို လျို့ဝှက်ဆန်းကြယ်သော ချီစက်ကွင်းက ဝမ်ချောင်၏ ခြေထောက်အောက်မှ ပျံ့နှံ့လာကာ တစ်တောင်လုံးကို လွှမ်းခြုံသွားသည်။

တစ်စုံတစ်ယောက်ကသာ ကောင်းကင်ကို မော့ကြည့်မည်ဆိုလျှင် မရေမတွက်နိုင်အောင် များပြားသော ချီစက်ကွင်းများက တဖြည်းဖြည်းချင်း မှိတ်တုပ်မှိတ်တုပ် ဖြစ်လာသည်။ ထိုအချိန်တွင် သာမာန်စစ်သည်တော်များ၏ ချီစက်ကွင်းများသာ မကလေဘဲ ဗိုလ်ချုပ်များ၏ ချီစက်ကွင်းများကပင် အဆင့်များ ကျလာကြောင်း မြင်ရသည်။

ထိုအခိုက် တောင်ပေါ်ရှိ ဗိုလ်ချုပ်တိုင်း၏ အင်အားက ဆက်တိုက် ကျလာသည်။ လုံချင်ပါ့ကလည်းပါသည်။

ဒါကဘယ်လို ချီစက်ကွင်းလဲ။

လုံချင်ပါ့၏ မျက်နှာက ဖြူဖျော့သွားသည်။ သူ၏ရှင်သန်ခဲ့သော တစ်ဘဝလုံး ထိုကဲ့သို့ ချီစက်ကွင်းမျိုးကို မမြင်ခဲ့ဖူးသေးချေ။

ဒီလောကတွင် ကိုယ်တိုင်အပေါ် အင်အားမြှင့်တင်ပေးနိုင်သော ချီစက်ကွင်း၏ သက်ရောက်မှုများက ရှိလောက်သော်လည်း ဝမ်ချောင်၏ ချီစက်ကွင်းကမူ ကွာခြားနေသည်။ ရန်သူကို အားနည်းစေသော ချီစက်ကွင်းများ ဖြစ်နေသည်။ သာမာန်စစ်သည်တော်များကို အားနည်းအောင် လုပ်နိုင်ခြင်းက ထည့်ပြောရန် မလိုလောက်သေးသော်လည်း ဒီအချိန်တွင် လုံချင်ပါ့ကပင် သက်ရောက်ခံလိုက်ရသည်။

ဗိုလ်ချုပ်များ၏အဆိပ် ချီစက်ကွင်းပေါ်လာသည်နှင့် တိုက်ပွဲတစ်ခုလုံး၏ အခြေအနေက ပြောင်းလဲသွားသည်။

ဘုန်း

ဓားအလင်းတန်းတစ်တန်းက လျှပ်စီးပစ်လိုက်သလိုမျိုး လုံချင်ပါ့ကို ထိမှန်သွားသည်။ အတိတ်တွင် လုံချင်ပါ့က ထိုသိုင်းကွက်ကို အသာအယာ တောင့်ခံနိုင်စွမ်းရှိသည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ သူက အနည်းငယ် နှေးသွားသည်။

ဇွက်

ထက်ရှသောလက်နက်က အသားထဲ ထိုးဝင်သွားသော အသံက ထွက်လာသည်။

လုံချင်ပါ့က ထိုတိုက်ကွက်က သူ၏ကြယ်တာရာစွမ်းအင်ကို ကျော်ဖြတ်လာပြီး သံချပ်ကာကိုဖောက်ကာ နှလုံးသားထဲ ဝင်ရောက်သွားကြောင်းသာ သိလိုက်သည်။

ခွပ်

လုံချင်ပါ့၏ ဓားမြှောင်က ပျော့ခွေကျသွားသည်။ သူ၏ ဓားကိုင်ထားသော လက်ကပင် ဒူးပေါ်ရောက်သွားသည်။ သူ၏စွမ်းအင်များက ထိုမိစာ္ဆဓားကြောင့် ခြောက်ကပ်လာကြောင်း သိနိုင်သည်။

မဟုတ်သေးဘူး မဖြစ်သင့်ဘူး။

သူသေသွားသည့်တိုင်အောင် လုံချင်ပါ့အနေဖြင့် သူက ဝမ်ချောင်ကို သတ်ရန်လာခဲ့သောသူဖြစ်ပြီး သူကသာ သတ်ခံရသောသူ ဖြစ်သွားသည့် အခြေအနေကို နားမလည်နိုင်သေးချေ။ ဗိုလ်ချုပ်များ၏ အဆိပ်ချီစက်ကွင်းက သူ၏အရှိန်အဟုန်ကို ဖျက်ဆီးလိုက်ပြီး သူ့ကိုသေစေခဲ့သည်။

ကျွမ်းကျင်ပညာရှင်များ၏ တိုက်ပွဲက စက္ကန့်အနည်းငယ်တည်းနှင့် အဆုံးသတ်နိုင်သည်။ ဝမ်ချောင်နှင့် လုံချင်ပါ့တို့ ရောက်နေသောအဆင့်တွင် အသေးငယ်ဆုံးသော အရှိန်နှုန်း ကွာခြားမှုကပင် သေစေနိုင်မှုကို ဖြစ်ပေါ်နိုင်စွမ်းရှိသည်။ ဗိုလ်ချုပ်များ၏အဆိပ် ချီစက်ကွင်းက ထိုသို့သော အားနည်းချက်ကို ထုတ်ဖော်နိုင်သည်။

“ဗိုလ်ချုပ်ကြီးသေသွားပြီ”

လုံချင်ပါ့ ကျရှုံးသွားသည်နှင့် သူ၏ဓားကို ခပ်တင်းတင်း ကိုင်ထားသော လက်ကလည်း လွတ်ကျသွားသည်။ စစ်တပ်တစ်ခုလုံးက ကစဉ့်ကလျား ဖြစ်သွားသည်။

လူတိုင်းက ထိုမြင်ကွင်းကြောင့် ကြောင်အသွားကြသည်။

လုံချင်ပါ့က ဒူးထောက်လျှက်သား ရှိနေသောပုံကို လူတိုင်းက မြင်နိုင်ကြသလို မကောင်းဆိုးဝါးလို အနီရောင် ပုံရိပ်ကြီးကိုလည်း မြင်နိုင်ကြသည်။ လူတိုင်း၏ မျက်ဝန်းတွင် ထိတ်လန့်မှုက ကြီးစိုးလာသည်။ သူတို့အရှေ့ရှိ ထိုလူက လူသားမဟုတ်တော့ဘဲ မိစာ္ဆနတ်ဆိုး ဖြစ်နေသည်။

လုံချင်ပါ့က သေမည်ဟု မည်သူကမျှလည်း မမျှော်လင့်ထားခဲ့ချေ။ သို့သော် ထိုအတိုင်း သေသွားခဲ့သည်။

စွစ်

လုံချင်ပါ့၏ခေါင်းကို လည်ပင်းမှ ကွဲထွက်အောင် ဓားရှည်တစ်ချောင်းက လှီးဖြတ်သွားပြီးသည်နှင့် လေထဲသို့ မြောက်တက်သွားသည်။ ထိုသို့ဖြင့် လူအုပ်ကို ပို၍အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများ အားလုံးက အလွန်ကြောက်လန့်သွားကြသည်။

ဝမ်ချောင်က သတ်ဖြတ်ရန် ခက်ခဲသော မကောင်းဆိုးဝါးကြီးကဲ့သို့ ဖြစ်နေသည်။ လူမည်မျှ သေနေစေကာမူ လူမည်မျှ လာနေစေကာမူ လူမည်မျှ တိုက်ခိုက်နေစေကာမူ သူကဘယ်တော့မှ မရှုံးချေ။ ဘယ်တော့မှလည်း မမောပန်းချေ။

“တိုက်ခိုက် တိုက်ခိုက် တိုက်ခိုက်”

“သတ် သတ် သတ်”

ဝမ်ချောင်က တောင်ထိပ်ပေါ်တွင် ဆက်လက်ပြီး တိုက်ခိုက်နေခဲ့သည်။ သူရောက်လာသည့် နေရာတိုင်းရှိ လူတိုင်းက သေရသည်။ မြေပြင်တွင် သွေးအလင်းတန်းက ကျန်ရစ်ထားခဲ့ပြီး ကြောက်စရာကောင်းသော ခြောက်ခြားဖွယ်ကောင်းသော အလောင်းများကသာ ပုံလျှက်ကျန်ခဲ့သည်။ ဆယ်ယောက် အယောက်တစ်ရာ အယောက်တစ်သောင်း

ဝမ်ချောင်၏ သတ်ဖြတ်လိုစိတ် ဆန္ဒက အော်သံများက မွှေနှောက်ပေးနေခဲ့ပြီး တောင်တစ်ခုလုံးတွင် သူရှိနေသော နေရာတိုင်းက သေဆုံးခြင်းနတ်ဘုရားကဲ့သို့ ဖြစ်နေသည်။

ကြာသထက် ကြာလာပြီးနောက်တွင် မရေမတွက်နိုင်အောင် များပြားသော ဟိန်းသံများအားလုံးက ရုတ်တရက် တိတ်ဆိတ်သွားသည်။ လောကတစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ဝမ်ချောင်၏ သွေးရောင်မျက်လုံးက တဖြည်းဖြည်းချင်း ကြည်လင်လာသည်။ သူက အသိစိတ် ပြန်ဝင်လာသည်။ ထိုအချိန်တွင် သူ၏ပတ်ဝန်းကျင်တွင် မည်သူ့ကိုမျှ မတွေ့ရတော့ချေ။ ထိုအခိုက် အေးခဲနေသော မီးတောက်က သူ့ကို တွန်းပို့ပေးနေရာက ရုတ်တရက် သူ၏အင်အားကို ပြန်လည်လျော့ချပေးတော့သည်။ နောက်ဆုံးတွင် ဝမ်ချောင်က အလွန်မောပန်းနွမ်းနယ်သွားသည်။

“ညီငယ်လေး ညီငယ်လေး”

သူ့ကို စိုးရိမ်တကြီး ခေါ်နေသော အသံကို ကြားလိုက်ရသည်။ အသံက အလွန်တိုးသည်။ အလွန်အမင်း ဝေးကွာသော နေရာမှ ခေါ်နေသလို ဖြစ်နေသည်။

အခန်း(၆၂၉)

ဘယ်သူလဲ ဘယ်သူကငါ့ကို ခေါ်နေတာလဲ။

ဝမ်ချောင်၏ မျက်လုံးရှေ့တွင် တစ်စုံတစ်ရာက တလက်လက် ဖြစ်နေသလိုမျိုး ခံစားရသဖြင့် သူကသူ၏ ဓားဖြင့်ထုတ်ကာ ယမ်းလိုက်သည်။

ချွင်

သတ္ထုချင်းထိခတ်သံက ဝမ်ချောင်ကို လန့်နိုးသွားစေပြီး သူ၏မျက်လုံးရှေ့မှ သွေးလောကကို မြင်လိုက်ရစေသည်။

သတ္ထုချင်းထိခတ်သံနှင့် စစ်မြင်းများဟီသံ တိုက်ပွဲ၏ အော်ဟစ်ကြွေးသံများ အားလုံးက သူ၏နားထံ တပြိုင်ထဲ ဝင်လာသည်။

ဝမ်ချောင်က မျက်လုံးကိုဖွင့်လိုက်သည်။ ထိုအခါ စိုးရိမ်တကြီးဖြစ်နေသည့် ငယ်ရွယ်သော ခန့်ညားချောမောသည့် မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

“အစ်ကိုကြီးလား”

ဝမ်ချောင်က မယုံသင်္ကာဖြစ်သော မျက်နှာထားမျိုး ဖြစ်သွားကာ မှင်သက်စွာဖြင့် သူ၏ရှေ့မှ စိုးရိမ်နေသောလူကို ကြည့်သည်။ စိုးရိမ်တကြီးဖြစ်နေပြီး ပူပန်နေသော ထိုလူငယ်က ဝမ်ချောင်၏ အကြီးဆုံးအစ်ကို ဝမ်ဖူဖြစ်သည်။ သူ၏မျက်နှာက အတန်ငယ် ဖြူဖျော့နေသည်။ သူကအလွန် အားနည်းနေဟန်ရသည်။

ထိုတခဏတွင် ဝမ်ချောင်ကလည်း သူ၏လက်ထဲတွင် ကိုင်ထားသော ဓားက အကြီးဆုံးအစ်ကို၏ လက်ထဲမှ ဝု့စ်သံမဏိဓားနှင့် ခပ်တန်းတန်း ထိပ်တိုက်ဆုံနေကြောင်း မြင်ရသည်။ နှစ်ယောက်လုံးက အတင်းအကြပ် ချိန်ရွယ်ထားသော ပုံစံမျိုး ဖြစ်နေခဲ့သည်။ သူ၏အကြီးဆုံးအစ်ကိုကလည်း သွေးများစိုရွှဲနေသည်။ သူက ဒဏ်ရာရထားသည်မှာ သေချာသည်။ သူ၏ထိုသို့သော ဒဏ်ရာများက ဝု့စ်သံမဏိဓားကြောင့် ဖြစ်ထားခြင်း ဖြစ်နေသည်။

“ဒီမှာဘာတွေ ဖြစ်နေတာလဲ”

ဝမ်ချောင်က အံ့သြသွားသည်။ သူက အရှေ့တောင်ပိုင်းတွင် စစ်ချီတက်နေကြောင်း မှတ်မိနေသေးသည်။ သို့သော် ထို့နောက် ဘာမှမသိတော့ချေ။

“ညီငယ်လေး ညီငယ်လေးအခု ဘယ်လိုနေသေးလဲ”

ဝမ်ဖူ၏အသံက ဝမ်ချောင်ကို သတိပြန်ဝင်စေသည်။ သူက အပေါ်ယံတွင် တည်ငြိမ်နေသော်လည်း ဝမ်ဖူ၏ မျက်လုံးများတွင် စိုးရိမ်မှုနှင့် ပူပန်သောကများကို မြင်နိုင်သည်။

“ကျွန်တော် အဆင်ပြေပါတယ်”

ဝမ်ချောင်က အသက်ပြင်းပြင်းရှုသည်။

“အခုဘာဖြစ်သွားလဲ ညီငယ်လေး မှတ်မိသေးလား”

ဝမ်ဖူက သတိထားကာ မေးသည်။ ဝမ်ချောင်က ခေါင်းခါသည်။ သူသွမ့်ခဲ့ချွမ်က ဖန်တီးထားသော ဟာကွက်နေရာသို့ ချီတက်ခဲ့ကြောင်းသာ မှတ်မိတော့သည်။ ထို့နောက်သူ ဘာမှမသိတော့ချေ။ ထို့ပြင် သူ၏အစ်ကိုအရင်းနှင့် တိုက်ခိုက်နေကြောင်းကိုလည်း မသိတော့ချေ။

“ဟူး...”

ဝမ်ဖူက သက်ပြင်းချလိုက်သည်။ သူက စိတ်အေးသွားပုံရသည်။

“အကြီးဆုံးသခင်လေး အဆင်ပြေပါတယ် သူအဆင်ပြေပါတယ်”

အနောက်တွင် သိန်းငှက်အိုကြီးက သက်ပြင်းရှည်ကြီးကိုချသည်။ ဝမ်ချောင်ကလည်း နှစ်ယောက်လုံးမှ သတိထားနေသော မျက်နှာထားမျိုးကို မြင်နိုင်သောအခါ တစ်စုံတစ်ရာကို စတင်ကာ ခန့်မှန်းမိလိုက်သည်။ သို့သော် ဝမ်ချောင်က ချက်ချင်းလိုလို အခြားတစ်ခုကို သတိရသွားပြန်သည်။ အရှေ့တောင်ပိုင်းက ခုခံအားလှိုင်းက

သူက သိန်းငှက်အိုကြီးကို အမိန့်ပေးလိုက်ချိန်က အရှေ့တောင်ပိုင်းက ခုခံရေးအားလှိုင်းက ပြိုကျနှင့်ပြီဖြစ်ကြောင်း သိထားသည်။

“ညီငယ်လေး ခဏစောင့်ပါဦး။ အခုချက်ချင်း ခေါင်းလှည့်မကြည့်ပါနဲ့ဦး”

ဝမ်ဖူက တစ်စုံတစ်ရာကို သတိထားမိပြီး သူ၏မျက်နှာက ချက်ချင်းလိုလို ပြောင်းလဲသွားကာ ဝမ်ချောင်ကို လှမ်းအော်သော်လည်း နောက်ကျသွားသည်။

ဝမ်ချောင်က ချက်ချင်း ခေါင်းလှည့်လိုက်ကာ တိုက်ပွဲနယ်မြေသို့ ကြည့်သည်။ ထိုအခါ သူ၏ တစ်ဘဝလုံး မှတ်မိနေလောက်သော မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။ သူ၏ခြေထောက်ကစပြီး မြေပြင်တိုင်းတွင် အလောင်းများ ပုံနေသည်။ တောင်ထိပ်တစ်ခုလုံး အလောင်းများ ထပ်နေခြင်းဖြစ်သည်။ မြင်းများ၏ အလောင်းများ၊ လူသားများ၏ အလောင်းများ၊ ဆေဘာကျိုး၊ ဓားကျိုးများ၊ စစ်အလံများကို မြင်နိုင်သည်။ သူမြင်နိုင်သမျှက သွေးနီရောင်နယ်မြေနှင့် အလောင်းများ ဖြစ်နေသည်။ ထို့အပြင် ရေတံခွန်လိုမျိုး ဆင်ခြေလျောတောက်လျှောက် စီးကျနေသော သွေးစီးကြောင်းကိုလည်း မြင်နိုင်သည်။

ကျန်းခုနှစ်ရာနှင့် ရှစ်ရာဝန်းကျင် အတွင်းတွင် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများ မရှိတော့ချေ။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများ အားလုံးက အဝေးတွင်သာ သူ့ကိုတိတ်တဆိတ် ကြည့်နေကြသည်။ သူတို့၏ မျက်နှာများက ဖြူဖျော့ကာ သူ့ကိုအလွန် ကြောက်လန့်နေကြသည်။ သူတို့က ငရဲမှတက်လာသော မိစ္ဆာနတ်ဆိုးတစ်ကောင်ကို မြင်ရသလိုမျိုး ကြည့်နေကြခြင်းဖြစ်သည်။

ဝမ်ချောင်က တစ်ချက်လှည့်လိုက်ပြီး သူတု့ိကို ကြည့်ရုံဖြင့်ပင် ထိုရဲရင့်သော စစ်သည်တော်များ အားလုံးက နောက်သို့ ထိတ်လန့်တကြား ဆုတ်ကြသည်။

သူ၏အကြည့်က အရှေ့တောင်ဘက်ပိုင်းသို့ ရောက်သွားသောအခါ ထူမီဆန်းကျ၊ လုံချင်ပါ့နှင့် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့မှ များစွာသော ဗိုလ်ချုပ်ကြီးများ၏ အလောင်းများကို မြင်လိုက်ရသည်။

“ဒါတွေအားလုံးကို ကျွန်တော် လုပ်ခဲ့တာလား”

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်ပြီးနောက် သူ၏နှလုံးသားက မှင်သက်သွားရသည်။

ဒါက သက်ရှိငရဲပဲ။

သူမယုံချင်သည့်တိုင်အောင် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများ အားလုံး၏ သူ့ကိုကြည့်သော အကြည့်နှင့် ကိုယ်ပေါ်တွင်ရှိနေသော ပြင်းထန်သိပ်သည်းသော သွေးရနံ့တို့အရ ဝမ်ချောင်က စတင်ကာ နားလည်လာသည်။

“ညီငယ်လေး အများကြီး မတွေးပါနဲ့။ ဒါကစစ်ပွဲပဲလေ”

ဝမ်ဖူက အနောက်မှ လျှောက်လာပြီးနောက်ပြောသည်။

“ဒီစစ်ပွဲက အဆုံးသတ်ဖို့ လိုနေသေးတယ်”

ဝမ်ဖူက အမှန်ပြင်ပေးသည်။ ဝမ်ချောင်က သူ၏ကိုယ်ပိုင်ခွန်အားကိုသုံးပြီး တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်ခဲ့ကာ အရှေ့တောင်ပိုင်းမှ ခုခံရေးအားလှိုင်းကို ကိုင်တွယ်နိုင်ခဲ့ပြီး မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများ အားလုံးကို နောက်ဆုတ်စေခဲ့သည့်တိုင်အောင် စစ်ပွဲက အဆုံးသတ်ရန် လိုအပ်နေသေးသည်။

အန်တိမကြယ်စင်ဝင်္ကပါ၏ ခုခံမှုအားလှိုင်း နေရာရှစ်ခုလုံးတွင် ဝမ်ချောင်က အရှေ့တောင်ပိုင်းမှ ခုခံရေး အားလှိုင်းတစ်ခုထဲကိုသာ ကိုင်တွယ်နိုင်ခဲ့ခြင်းဖြစ်သည်။ သူက ရူးသွပ်စွာဖြင့် စစ်သည်တော် သောင်းကျော်သတ်ခဲ့သော်လည်း မာန်ရှဲ့ယွီစန်း စစ်သည်တော် နှစ်သိန်းကျော်နှင့်ယှဉ်သော် မလုံလောက်သေးချေ။

အနောက်တောင်ပိုင်း၊ အနောက်မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း ထိုနေရာတိုင်းက ပြင်းထန်စွာ တိုက်ခိုက်နေကြရသေးသည်။

တောင်ထိပ်ပေါ်တွင် သူ၏ဖခင် ဝမ်ရန်၏ အရှိန်အဟုန်မြင့် အံ့သြမှင်သက်ဖွယ် နတ်ဘုရားက ဟော်ရှု့ဟွေ့ခမ်း၏ virocanaဗုဒ္ဓနှင့် တိုက်ခိုက်နေသေးသလို ရှန်ယွီကျုံ့ထုံး၏ ဗာဂျရာနတ်ဘုရားကလည်း သွမ့်ခဲ့ချွမ်၏ ခေါင်းနှစ်လုံး လက်လေးဘက် မိစ္ဆာနတ်ဆိုးကြီးနှင့် တိုက်ခိုက်နေသေးသည်။

မာန်ရှဲ့ယွီစန်း စစ်သားများက အရှေ့တောင်ဘက်ပိုင်းမှ အဝေးသို့ မောင်းထုတ်ခံထားရသည်။ ထို့ကြောင့် သူတို့က အခြားနေရာသို့ သွားကြသည်။

“ညီငယ်လေး လူတိုင်းက ညီငယ်လေးကို လိုအပ်တယ်။ မဟာထန်က ညီငယ်လေးကို လိုနေတုန်းပဲ”

ဝမ်ဖူက ဝမ်ချောင်ကိုကြည့်သည်။ သူ၏မျက်ဝန်းထဲတွင် မျှော်လင့်စောင့်စားမှုက အပြည့်ပါသည်။

သူက သိပ်မကြာခင်ကမှ ကိုမာက နိုးထလာခြင်းဖြစ်သည်။ အမှန်အတိုင်းဆိုရသော် ဝမ်ချောင်က သူ၏စစ်တပ်ကို ဒီအချိန်အထိ ဦးဆောင်နိုင်သော ကိစ္စကတင် သူ့ကိုအလွန် အံ့သြစေခဲ့လေပြီ။

သူတို့က တစ်ဖအေတည်း တစ်မအေတည်းမှ မွေးထားသော်လည်း ဝမ်ဖူက သူ၏ဒီအမြဲ ရူးကြောင်ကြောင် နေတတ်သော တတိယညီက ထိုမျှပြင်းထန်ပြောင်မြောက်သည့် ပါရမီမျိုးကို ထိန်းသိမ်းထားမည်ဟု မထင်ထားမိချေ။ ဗျူဟာအရတွင် ထိုညီငယ်က သူ့ကိုပင် ကျော်နေပြီးသားဖြစ်သည်။

ထိုအချိန်တွင် သူ၏တစ်ဦးတည်းသော ညီငယ်လေးက ဒီအခြေအနေထိရောက်အောင် စစ်တပ်ကို ဦးဆောင်ပေးနိုင်ခဲ့သည်။

“ညီငယ်လေး တိုက်ခိုက်တာဖြစ်ဖြစ် နောက်ဆုတ်တာဖြစ်ဖြစ် ညီငယ်လေးကို ဒီအစ်ကိုကြီးက အပြည့်အဝ ထောက်ပံ့ပေးမယ်။ တိုက်ပွဲမှာရှုံးတာက စစ်သည်တော်တစ်ယောက်ရဲ့ ပြစ်မှုမဟုတ်ဘူး။ ဒီအခြေအနေထိရောက်အောင် ထိန်းထားပေးနိုင်တာကပင် ကောင်းလွန်းနေပြီ။ မာန်ရှဲ့ကျောင်းနဲ့ တိဗက်စစ်သားတွေက အရမ်းများလွန်းတယ်လေ”

ဝမ်ဖူကပြောသည်။

တိုက်ပွဲက အဆုံးမသတ်သေးချေ။ အဆိုးဆုံး အချိန်ကလည်း ဖြစ်မလာသေးချေ။ ထို့ကြောင့် အန်းနန်အစိုးရ စစ်တပ်အနေနှင့် နောက်ဆုတ်ချင်လျှင်လည်း နောက်ဆုတ်ရန် ရွေးချယ်၍ ရသေးသည်။ ဒီနည်းအားဖြင့် လူအင်အား စုဆောင်းပြီမှသာ ပြန်တိုက်ခိုက်နိုင်သေးသည်။

ဝမ်ဖူက သူ၏အာဏာ အားလုံးကို ညီငယ်ကိုသာ လွှဲပြောင်းပေးရန် ဆုံးဖြတ်လိုက်သည်။

“မဟုတ်ဘူး နောက်ဆုတ်လို့မရဘူး။ ဒီစစ်ပွဲမှာ ကျွန်တော်လုံးဝ နောက်မဆုတ်ဘူး”

ဝမ်ချောင်က အစ်ကိုဖြစ်သူ၏ စကားကို ဖြတ်ပြောလိုက်သည်။ အရှေ့တောင်ပိုင်းက မကျိုးပေါက်ခြင်းအားဖြင့် ထိန်းထားနိုင်သေးသည့်အတွက် သူ့တွင် အခွင့်အရေးရှိသည်။

ချွင်

ဝမ်ချောင်က သူ၏ဓားကို သိမ်းပြီးနောက် တောင်ထိပ်ပေါ်သို့ ပြန်တက်သည်။

“သိန်းငှက်အိုကြီး ကျွန်တော်နဲ့လိုက်ခဲ့”

သူ၏စိတ်ထဲတွင် ကံကြမ္မာကျောက်တုံးက သူ့ကိုဆက်တိုက် သတိပေးနေသံကို ကြားနေရသည်။ အန်းနန်အစိုးရ စစ်တပ်၏ လျော့ကျလာသော အရေအတွက်က အန္တရာယ်များသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်လေသည်။ ဒီအတိုင်းသာ ဆက်ကျနေလျှင် ဝမ်ချောင်က သုတ်သင်ခံရပေလိမ့်မည်။ သို့သော် ဝမ်ချောင်ကမူ သူနောက်ဆုတ်မည်ဟုလည်း မမျှော်လင့်ထားချေ။ အန်းနန်အစိုးရစစ်တပ်က နောက်ဆုတ်၍ မရချေ။ မဟာထန်က နောက်ဆုတ်နိုင်စွမ်း မရှိချေ။

အန်းနန်အစိုးရစစ်တပ်က ခြေတစ်လှမ်း နောက်ဆုတ်လိုက်လျှင် ဆွဲထားသောတပ်က ကျသွားပြီး ဗဟိုပြင်ကျယ်တစ်ခုလုံးက ပြိုလဲကျသွားပေလိမ့်မည်။ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ခြင်းက နောက်ထပ်တစ်လှမ်း နောက်ဆုတ်ရန် ဦးဆောင်နေခြင်းဖြစ်သည်။ ထို့ကြောင့် အန်းနန်အစိုးရ စစ်တပ်အနေဖြင့် အနောက်တောင်ပိုင်းမှ လုံခြုံရေးကိုလည်း ထည့်တွက်ရန် မလိုအပ်လောက်တော့ချေ။

သူ၏အစ်ကိုကြီး ဝမ်ဖူကလည်း ဒီတောင်ထိပ်ပေါ်ရှိ မည်သူကမှ နောက်ဆုတ်နိုင်မည် မဟုတ်ကြောင်း သိနေသည်။ ဝမ်ချောင်၏ အမြင်တွင် တိုက်ပွဲက ဝေးကွာလွန်းနေသေးသည်။ အရာအားလုံးကို ပြန်လှည့်ရန် အချိန်ရှိနေသေးသည်။

ဝှစ်

လေတွင် အနက်ရောင်အလံက လွင့်ထူနေသည်။ သိပ်မကြာခင်က ခုတ်ချခံလိုက်ရသည်။ အနေအထားအရ တိဗက်ဓားမောက်ရှည်ဖြင့် ခုတ်ချခံထားရခြင်း ဖြစ်လောက်သည်။ သို့သော် တစ်ဝက်သာကျန်သော ထိုအလံကတင် မဟာထန် အန်းနန်အစိုးရစစ်တပ်ကို ကိုယ်စားပြုကြောင်း သိနေသည်။ ထို့အပြင် ထိုအလံက တစ်နေရာသို့ ရောက်သွားခဲ့ပြီးလောက်သော်လည်း တစ်စုံတစ်ယောက်က ဒီနေရာတွင် ပြန်ထိုးစိုက်ထားသည်။

မည်းမှောင်သော ကောင်းကင်၏အောက်တွင် ဝမ်ချောင်က တောင်ထိပ်ပေါ်တွင်ရပ်လျှက် ပတ်ဝန်းကျင်သို့ ကြည့်သည်။ မြေပြင်တွင် အလောင်းများ ပုံနေသည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများက မဟာထန် စစ်သည်တော်များနှင့် ထိပ်တိုက် ရင်ဆိုင်နေကြသည်။ အရှေ့ဘက်ပိုင်းမှ ကျိုးပေါက်သွားသော ခုခံရေးအားလှိုင်းသို့လည်း ပြန်ဖြည့်ထားနိုင်လေပြီ။

“အစ်ကိုကြီး”

ယခုလေးတင် ဖြစ်ပျက်ခဲ့သော အခြေအနေကို သူမသိသော်လည်း အနည်းနှင့်အများအရ အရှေ့ဘက် ခုခံရေးအားလှိုင်းကို ပြင်ဆင်ထားပြီး ဖြစ်နေသည်။ ရင်းနှီးကျွမ်းဝင်သော စစ်သည်တော်များ၏ အစီအစဉ်တကျ နေရာယူလိုက်သော အခြေအနေက ဝမ်ချောင်ကို မည်သူက ကိုင်တွယ်ပေးခဲ့ကြောင်း နားလည်သည်။ မေးခွန်းမေးရန် မလိုလောက်အောင် အန္တရာယ်အရှိဆုံး အချိန်တွင် သူ၏အကြီးဆုံးအစ်ကိုက ပေါ်လာခဲ့ပြီး လိုအပ်သောနေရာကို ပြန်လည်ဖြည့်ဆည်းရန် စစ်တပ်ကို ဦးဆောင်ပေးခဲ့သည်။

“ပုဆိန်စစ်သည်တော်တွေ နောက်ဆုတ် ဒိုင်းကာသမားတွေ ရှေ့တက်”

“အနောက်ဘက်ကို ငါ့ရဲ့အမိန့်ကိုပို့လိုက်။ ဗိုလ်ချုပ်ကျန်းက လှံစစ်သည်တော်တွေကို ဦးဆောင်ပြီး အနောက်တောင်ဘက်ပိုင်းကို သွားပြီးတိုက်ခိုက်ရမယ်”

“မြောက်ပိုင်းကိုလည်း ငါ့ရဲ့အမိန့်ကိုထုတ်လိုက်။ ဒုတိယနဲ့ တတိယအဖွဲ့ကလူတွေ အရှေ့ဘက် ဘယ်ဘက်ခြမ်းကို ခြေလှမ်းသုံးဆယ်လှမ်းပြီး တိဗက်မြင်းတပ်တွေကို မာန်ရှဲ့ကျောင်း စစ်သားတွေနဲ့ ခွဲလိုက်”

“မြင်းတပ်သမားတွေ အားလုံးကို ချက်ချင်း နောက်ဆုတ်ပြီး တောင်ထိပ်ပေါ်မှာ အမိန့်ကိုစောင့်ဖို့ စုစည်းခိုင်းလိုက်စမ်း”

“လေးသည်တော်တွေက မြှားပမာဏ အမြောက်အများနဲ့ တစ်သုတ်ထဲပေါင်းပြီး ပစ်ကြရမယ်”

“လက်မှုပညာသည်တွေက တောင်ထိပ်မှာ လာစုစည်းပြီး နောက်ထပ် မြှားတစ်သုတ် အမြန်ဆုံး ထုတ်လုပ်နိုင်အောင် ကြိုးစားရမယ်။ သင်္ကေတတွေ ထွင်းထုဖို့ တကယ်မလိုအပ်ဘူး”

“စွန်းလျိုယွဲ့၊ လော့ကျီး၊ ကျောင်းဝူကျန်း၊ လင်းဝူရှို့တို့ကို သူတို့ရဲ့ လက်အောက်ငယ်သားတွေကို ဦးဆောင်ပြီး သူတို့ရဲ့ ပြိုင်ဘက်တွေနဲ့ တိုက်ပွဲကို အမြန်ဆုံး အဆုံးသတ်ခိုင်းလိုက်။ သူတို့ တောင်ဘက်ခြမ်းက ဆင်တွေကို သွားပြီးကိုင်တွယ်ဖို့ လိုအပ်တယ်”

“နံပါတ်ငါးနဲ့ နံပါတ်ခြောက် အဖွဲ့ကလူတွေ အရှေ့တောင်ဘက်ပိုင်းကိုသွား နံပါတ်တစ်ဆယ့်လေးနဲ့ နံပါတ်တစ်ဆယ့်ခုနှစ် အဖွဲ့ကလူတွေကတော့ အနောက်မြောက်ဘက်ပိုင်းကိုသွားလိုက်။ နံပါတ်နှစ်ဆယ့်သုံးနဲ့ နှစ်ဆယ့်ခြောက်အဖွဲ့ကလူတွေ အရှေ့မြောက်ဘက်ပိုင်းကိုသွား။ အန်တိမ ကြယ်စင်ဝင်္ကပါက ပြန်ပြီး ရုတ်သိမ်းလို့ရတယ်။ ဒီတော့ ခုခံရေးအားလှိုင်းတွေအားလုံး နောက်ပြန်ဆုတ်ခဲ့ကြ”

အလံအောက်တွင် ရပ်နေပြီးနောက် ဝမ်ချောင်က အမိန့်တစ်သီတစ်တန်းကို ထုတ်လွှတ်လိုက်သည်။ အရှေ့တောင်ဘက်ပိုင်းနှင့် အရှေ့ပိုင်း ခုခံရေးအားလှိုင်းကို ပြန်လည်ပြင်ဆင်ပြီးသောကြောင့် အန်းနန်အစိုးရ စစ်တပ်နှင့် အန်တိမ ကြယ်စင်ဝင်္ကပါမှ ကြုံဆုံနေရသော ဖိအားက လျော့ကျသွားခဲ့ပြီးသားဖြစ်သည်။

သွမ့်ခဲ့ချွမ်၏ သေစေနိုင်သော ရိုက်ချက်က ဝင်္ကပါကို ပြိုလဲကျသွားစေခဲ့ပြီး စစ်သည်တော်ပေါင်း များစွာကို သေစေခဲ့သည့်တိုင်အောင် တောင်ထိပ်ကိုလည်း ဒုက္ခပေးနိုင်ခဲ့သည်။ ဝမ်ချောင်က ယခုအခါ ဒီဝင်္ကပါကို ပြန်ပြင်ရန် အခွင့်အရေး ရသွားလေပြီ။

အမိန့်က တစ်ခုပြီးတစ်ခု ထွက်လာခဲ့သည့်အပြင် အန်းနန်အစိုးရ စစ်တပ်ကလည်း သူတို့၏ အမြူတေကို ပြန်ရှာတွေ့သွားသလိုမျိုး အစီအစဉ်တကျ ပြန်ဖြစ်သွားသည်။

နောက်ဆုတ်ရန် ရွေးချယ်ပြီး ခုခံရေးအားလှိုင်းကို အားဖြည့်ကာ တောင်ထိပ်ပေါ်တွင် သူ၏အင်အားစုတိုင်းကို စုစည်းလိုက်ခြင်းအားဖြင့် အန်တိမကြယ်စင်ဝင်္ကပါကို ရပ်တန့်ထားနိုင်သည်။ ယခုအခါ ဝင်္ကပါကို အကြိမ်ပေါင်းများစွာ ပြန်ဆုတ်ပြီးနောက် တဖြည်းဖြည်းချင်း အားအင်ပြန်ပြည့်ဝအောင် လုပ်နိုင်လေပြီ။

ထိုသု့ိဖြင့် ယခင်ထက်ပို၍ လျှင်မြန်စွာဖြင့် လှုပ်ရှားနိုင်ပေလိမ့်မည်။

“သေစမ်း ဘယ်လိုဖြစ်နိုင်မှာလဲ”

တောင်ခြေတွင်ရှိသော သာ့လွန်ရော့ကျန်းက ထိုမြင်ကွင်းကြောင့် မျက်နှာဖြူဖျော့သွားသည်။ အ့ဟိုင်၏ မဟာဗိုလ်ချုပ် သွမ့်ခဲ့ချွမ်က ဟော်ရှု့ဟွေ့ခမ်း၏ လက်အောက်မှ မဟုတ်ချေ။ ထို့ကြောင့် ဟော်ရှု့ဟွေ့ခမ်းက သူ့ကို မထိန်းချုပ်နိုင်ပေ။ သဘာဝအလျောက်ပင် သူ၏လုပ်ဆောင်မှုများကိုလည်း မခန့်မှန်းနိုင်သလို ကန့်သတ်၍လည်း မရချေ။

ခပ်ဖျော့ဖျော့ ပြောရသော် သာ့လွန်ရော့ကျန်းကပင် အ့ဟိုင်မဟာဗိုလ်ချုပ်က အလွန်စိတ်ရှည်နိုင်ပြီး ထိုသို့ ဖျက်ဆီးနိုင်စွမ်း အပြည့်ဖြင့် တိုက်ခိုက်နိုင်သည့် အချက်ကိုလည်း အံ့သြခဲ့သေးသည်။ သို့သော် ထိုရိုက်ချက်က အသုံးဝင်ကြောင်း သူကိုယ်တိုင် ဝန်ခံရပေမည်။

ဝမ်ချောင်၏ အန်တိမ ကြယ်စင်ဝင်္ကပါကို ခက်ခက်ခဲခဲဖြင့် ဖျက်ဆီးလိုက်ပြီးနောက် သာ့လွန်ရော့ကျန်းက ဝင်္ကပါ ပြန်လည်စတင်ခွင့် ပြု၍မရတော့ချေ။

အန်တိမကြယ်စင်ဝင်္ကပါ၏ သတ်ဖြတ်နိုင်စွမ်းအားကို အတွေ့အကြုံယူပြီးနောက် သာ့လွန်ရော့ကျန်း အနေဖြင့် တဖန်ပြန်လည် တည်ဆောက်ခြင်းက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့အတွက် မည်သို့သော အဓိပ္ပာယ်ဖြစ်ကြောင်း နားလည်နေကြသည်။

ဒါကသေချာပေါက်ကို အသားကြိတ်စက်ပဲ။

အခန်း(၆၃၀)

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ငါတို့ဘယ်လို တန်ကြေးမျိုးကိုမဆို ပေးရမယ်။ စစ်သည်တော်တိုင်းကို တောင်ထိပ်ကို မတက်နိုင်အောင် တားဆီးကြစမ်း”

“လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့ကိုလွှတ် တိုက်ပွဲကို ကြီးကြပ်သူတွေ အားလုံးကိုလည်း လွှတ်လိုက်။ တန်ကြေးက ဘယ်လောက်ကြီးကြီး ငါတို့ဘယ်လောက် ပေးဆပ်ရပေးဆပ်ရ အဲ့ဒီမျိုးမစစ်ကို ထပ်ပြီး ဝင်္ကပါကို တည်ဆောက်ခွင့် ပြုလို့မရဘူး”

အဆုံးတွင် သာ့လွန်ရော့ကျန်းက အထိတ်တလန့်ဖြင့် အားလုံးကို အမိန့်ပေးလိုက်ရသည်။ သာ့လွန်ရော့ကျန်းအနေဖြင့် အမြဲတစေ ကျော့ရှင်းကြည့်ကောင်းစွာ နေတတ်သော ပညာတတ်တစ်ယောက်အဖြစ် ပုံရိပ်ကိုသာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ မည်သည့်အချိန်က သူနောက်ဆုံး ထိုသို့ ကစဉ့်ကလျားဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် ပြုမူမိကြောင်း မမှတ်မိတော့ချေ။ သို့သော် ယခုလို အရေးအကြီးဆုံးသော အချိန်တွင် ဝမ်ချောင်လို ပြိုင်ဘက်ကို ရင်ဆိုင်နေရသည့်အခါ သူမစိုးရိမ်ရန် ခက်ခဲလာသည်။ ဝမ်ချောင်၏ အဆင့်လို ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်နေရသည့်အခါ အသေးငယ်ဆုံးသော အမှားကတင် အခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်နိုင်သည်။ သာ့လွန်ရော့ကျန်းအနေဖြင့် ဒီလမ်းမှရှုံးရန် မတက်နိုင်ချေ။

မြင်းများက ချက်ချင်းလိုလို အပြေးနှင်သွားကြပြီး နောက်တွင် ဖုန်လုံးကိုသာ ချန်ထားခဲ့ကြသည်။ သာ့လွန်ရော့ကျန်း၏ အမိန့်နှင့်အတူ ယွီစန်းစစ်တပ်တစ်ခုလုံးက တောင်ထိပ်ပေါ်သို့ တက်ကြသည်။ ယခုအချိန်တွင် သံမဏိမြို့ရိုးမှ ခုနှစ်ဆယ်ရာခိုင်နှုန်းခန့်က ဖယ်ရှားပြီးသားဖြစ်သည်။ အန်းနန်အစိုးရစစ်တပ်က မာန်ရှဲ့ယွီစန်း စစ်တပ်ကို ခြိမ်းခြောက်နိုင်ရန် ပမာဏ နည်းလွန်းနေသည်။

“လေးသည်တော်တို့ ပြစ်”

သာ့လွန်ရော့ကျန်းပင်ဖြစ်စေ ခဲ့လော့ဖုန်းပင်ဖြစ်စေ ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဝမ်ချောင်တွင်ရှိသော ထိုလေးသည်တော်များက စစ်တပ်၏ အလယ်ဗဟိုနေရာတွင် ခေါင်းမာစွာ ရှိနေကြသေးပြီး မြှားများကိုသုံးကာ တောင်အောက်သို့ ပစ်ချကြသည်။ ကျန်းရှို့ကျစ်၏ လက်မှုပညာသည်များက ဖန်တီးထားသော အလေးတုံးကြီးများကလည်း ဒီနေရာတွင် အရေးကြီးဆုံးသော ကဏ္ဍမှ ပါဝင်နိုင်ခဲ့သည်။

စွစ် စွစ် စွစ် စွစ် စွစ်

မြှားပမာဏ အမြောက်အများက ကောင်းကင်မှ ကျဆင်းလာပြီး အရှေ့တောင်ပိုင်းမှ မာန်ရှဲ့ယွီစန်း စစ်တပ်ထံ ဦးတည်သည်။ ဝရုန်းသုန်းကားဖြစ်သော အခြေအနေက ပြန့်ကားလာပြီး စစ်တပ်တစ်ခုလုံးကို ကစဉ့်ကလျား ဖြစ်သွားစေသည်။ အဆုံးတွင် မာန်ရှဲ့ယွီစန်း စစ်သည်တော်များ၏ တိုက်ကွက်များကို အောင်မြင်စွာဖြင့် တားဆီးလိုက်နိုင်သည်။ ဒါက အန်းနန်အစိုးရစစ်တပ်အတွက် အကောင်းဆုံး အခွင့်အရေးဖြစ်သည်။

ဘုန်း

တောင်တစ်ခုလုံးက ကျယ်လောင်သော အသံကြီးကို လွှတ်ထုတ်လိုက်ချိန်တွင် အန်းနန်အစိုးရ စစ်တပ်၏ အန်တိမကြယ်စင်ဝင်္ကပါက တဖန်ပြန် အသက်ဝင်လာလေသည်။ ယခင်ထက် အကျယ်အဝန်းကျဉ်းသွားသည့် တိုင်အောင် တောင်ထိပ်တစ်ခုလုံးကို ကာကွယ်နိုင်စွမ်းအား ရှိနေသေးကာ ဝမ်ချောင်၏ ယခင်ဘဝက အလွန်ကျော်ကြားသော သတ်ဖြတ်ခြင်းဝင်္ကပါက သူ၏ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပို၍ပြသလာနိုင်သည်။

မရေမတွက်နိုင်သော မာန်ရှဲ့ကျောင်းနှင့် ယွီစန်း စစ်သည်တော်များ အားလုံးက သေဆုံးကြရသည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းဘက်မှ ဆုံးရှုံးမှုက များပြားသထက် များပြားလာပြီး မဟာထန်ထက် ပြင်းထန်လာသည်။ ကံကြမ္မာကျောက်တုံးမှ သတိပေးသံများကလည်း ဝမ်ချောင်၏စိတ်ထဲ ပေါ်နေခဲ့ရာမှ တဖြည်းဖြည်းချင်း အသံက နှေးသထက် နှေးသွားသည်။ အန်းနန်အစိုးရ စစ်တပ်က မသက်မသာဖြစ်သော အခြေအနေမျိုးတွင် ရှိနေသေးလေသည်။

“သခင်လေး ကျွန်တော်တို့ တကယ်နောက်မဆုတ်တော့ဘူးလား”

တောင်ထိပ်တွင် သိန်းငှက်အိုကြီး၏ မျက်နှာက စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။ အန်းနန်အစိုးရ စစ်တပ်က ကြောက်စရာကောင်းလွန်းသော စွမ်းအားကို ထုတ်ပြနိုင်ခဲ့ပြီး ထန်စစ်သည်တော်တစ်ယောက် သေဆုံးချိန်တိုင်း မာန်ရှဲ့နှင့် ယွီစန်းစစ်သည်တော် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ကိုပါ အပါခေါ်လာနိုင်ခဲ့သည်။

သို့သော် ထိုအခြေအနေက ဆက်ဖြစ်နေလျှင် အကောင်းဆုံးရလဒ်က နှစ်ဖက်လုံး ရှုံးသွားခြင်း ဖြစ်နေလေသည်။ မာန်ရှဲ့ယွီစန်း စစ်တပ်က ပြင်းပြင်းထန်ထန် ဆုံးရှုံးသွားလောက်သော်လည်း အဆုံးတွင် အန်းနန်အစိုးရ စစ်တပ်ကမူ နောက်ဆုံးလူပင် မကျန်လောက်တော့ချေ။

သိန်းငှက်အိုကြီးက သေရမည်ကို မကြောက်ချေ။ အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် သောင်းကျော်နှင့်အတူ သေရမည့် အရေးကိုလည်း နောင်တရစရာ အကြောင်းမရှိချေ။ သို့သော် ဝမ်ချောင်ကမူ ဒီနေရာတွင် မသေသင့်ချေ။ ထိုသို့သေခွင့်လည်း မပြုနိုင်ချေ။

ဝမ်ချောင်က အခြားသော ဗိုလ်ချုပ်ကြီးတိုင်းကို ကျော်လွန်သော အမိန့်ပေးနိုင်သော ပါရမီကို ပြသထားပြီးသားဖြစ်ပြီး အနောက်တောင်ပိုင်း၏ စစ်ပွဲက အကောင်းဆုံးမိတ်ဆက် ဖြစ်နေသည်။

ဝမ်ချောင်က သူဟာ အနောက်တောင်ပိုင်းမှ ကျော်ကြားသော ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းကဲ့သို့ ဗိုလ်ချုပ်မှူးကြီးများ၏ အရှေ့တွင် ကိုယ်ကိုယ်တိုင် သက်သေပြနိုင်ခဲ့ပြီဖြစ်ပြီး စစ်သည်တော် တစ်သိန်းကိုသာ ဦးဆောင်လျှက် စစ်သည်တော် ငါးသိန်းကို ရင်ဆိုင်ခဲ့ကာ ဒီလိုအခြေအနေထိရောက်အောင် ကိုင်တွယ်နိုင်ခဲ့သည်။ သာ့လွန်ရော့ကျန်းကပင် ထိုသို့မလုပ်နိုင်ချေ။

သူ၏စစ်အနုပညာအပေါ် ဖမ်းဆုပ်ထားနိုင်သော စွမ်းရည်သပ်သပ်အရဆိုလျှင် သာ့လွန်ရော့ကျန်းကပင် မယှဉ်နိုင်လောက်ချေ။

အနာဂတ်တွင် ဝမ်ချောင်၏ ပါရမီကသူ့ကို မဟာထန်၏ မျှော်လင့်ချက် ဖြစ်လာစေပြီး တလောကလုံးကို ကြောက်လန့်စေသော တည်ရှိမှု ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာစေပေလိမ့်မည်။

ထို့ကြောင့် မည်သို့ပင်ဆိုစေ သူက ဒီနေရာတွင် သေ၍မရချေ။

သိန်းငှက်အိုကြီးက ခေါင်းကိုငုံ့လိုက်သည်။ သူ၏မျက်ဝန်းထဲ အလင်းရောင် လက်လာသည်။ သူက အင်္ကျီလက်ကို လှုပ်ရှားပြီးနောက် စွမ်းအင်များကို စုစည်းလိုက်သည်။ ဝမ်ချောင်ကသူ့ကို အာရုံစိုက်မနေသောကြောင့် သိန်းငှက်အိုကြီးက ဝမ်ချောင်ကို သတိမေ့အောင်လုပ်ပြီး ပြန်ခေါ်သွားရန် စီစဉ်ထားသည်။ မည်သို့ပင်ဆိုစေ ဝမ်ချောင်က ထွက်ခွာချင်မည်မဟုတ်ချေ။

“ကျွန်တော်တို့ မရှုံးသေးပါဘူး မရှုံးသေးဘူး တိဗက်နဲ့ မာန်ရှဲ့ကျောင်းကလည်း မနိုင်သေးဘူး။ ကျွန်တော်တို့မှာ နိုင်ဖို့အခွင့်အရေးရှိတယ်”

ထိုအသံက သူ၏နားထဲ ဝင်လာသောအခါ သိန်းငှက်အိုကြီးက အလံအောက်တွင် တင်ပြင်ခွေထိုင်နေသော ဝမ်ချောင်ကိုကြည့်ပြီး ကြောင်တောင်တောင် အမူအရာ ဖြစ်သွားသည်။

“သခင်လေး ဘာပြောလိုက်တာလဲ”

တိုက်ပွဲက ဒီအဆင့်ထိ ရောက်ပြီးမှ အန်းနန်အစိုးရစစ်တပ်က နိုင်မည်ဟု သိန်းငှက်အိုကြီးအနေဖြင့် မယုံကြည်နိုင်တော့ချေ။ လှည့်ကွက်တိုင်းကိုလည်း သုံးပြီးလေပြီ။ ကဒ်တိုင်းကိုလည်း ပြပြီးလေပြီ။ အရာအားလုံးက စားပွဲပေါ် ရောက်နေလေရာ သိန်းငှက်အိုကြီးအနေဖြင့် အန်းနန်အစိုးရစစ်တပ်က နိုင်မည့်နေရာကိုပင် ရှာမတွေ့နိုင်ချေ။ သို့သော် ဝမ်ချောင်ကမူ ဘယ်သောအခါမှ မလိမ်တတ်ချေ။ အထူးသဖြင့် ဒီလိုအခြေအနေမျိုးတွင်ဖြစ်သည်။

“ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်။ ကျွန်တော်တို့မှာ သေချာပေါက် အခွင့်အရေး ရှိကိုရှိရမယ်”

ဝမ်ချောင်က ပြောပြီးနောက် တောင်ဘက်ပိုင်းသို့ ကြည့်လိုက်သည်။ သူ၏မျက်ဝန်းက တောက်ပလာသည်။ မဟာထန်က မရှုံးသေးချေ။ ထို့ပြင် အန်းနန်အစိုးရစစ်တပ်ကလည်း မရှုံးသေးချေ။ ဝမ်ချောင်အနေနှင့် အနောက်တောင်ပိုင်းက မျှော်လင့်ချက်ဖြစ်ကြောင်း သိထားသည်။ ဒါက နောက်ဆုံးသော မျှော်လင့်ချက်လည်းဖြစ်သည်။

“ကျွန်တော် အရာအားလုံးကို စီစဉ်လိုက်ပါ့မယ်။ ဒါပေမဲ့ အခုတော့ ခင်ဗျားပေါ် မူတည်သွားပြီ”

ဝမ်ချောင်က တောင်ပိုင်းသို့ ကြည့်ပြီးနောက် သူကိုယ်တိုင်သာကြားသော စကားကိုသာ ပြောလိုက်သည်။

ဝမ်ချောင်က သူ၏အကြံအစည် အားလုံးကို ပိုးသားအိတ်ပေါ်တွင် ရေးသားထားသည်။ သို့သော် ထိုလူက တိုက်ပွဲနယ်မြေသို့ အချိန်မှီ ရောက်မရောက် မသေချာချေ။

“အားလုံးရဲ့ အသက်က ခင်ဗျားရဲ့ လက်ထဲမှာပဲ။ အခု ခင်ဗျားအဲ့ဒီနေရာကို ရောက်ဖို့ပဲ မျှော်လင့်ရတော့မယ်”

ဝမ်ချောင်က ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီးနောက် သူနိုးပြီးကတည်းက ပေးခဲ့သော အမိန့်များထဲတွင် အရေးအကြီးဆုံးသော အမိန့်ကို ပေးလိုက်သည်။

“သိန်းငှက်အိုကြီး အချက်ပြလွှတ်လိုက်”

“အာ”

သိန်းငှက်အိုကြီးက မှင်သက်စွာဖြင့် သူ့ကိုကြည့်ပြီးနောက် ချက်ချင်းမတုန့်ပြန်နိုင်ခဲ့ချေ။

“လွန်ခဲ့တဲ့ သုံးရက်က ကျွန်တော်ခင်ဗျားကို ပြောထားတဲ့ အချက်ပြအကြောင်းကို မေ့နေပြီလား”

ဝမ်ချောင်က ခေါင်းလှည့်ကာ သိန်းငှက်အိုကြီးကိုကြည့်သည်။ သူ၏အမူအရာက တည်တင်းသွားသည်။

ချက်ချင်းလိုလို သိန်းငှက်အိုကြီးက သတိရသွားသည်။ လွန်ခဲ့သော သုံးရက်ခန့်က ဝမ်ချောင်ကသူ့ကို အလွန်အရေးကြီးသော အချက်ပြအကြောင်း ပြောခဲ့သည်။ ထိုအရာက မည်သည့်အတွက်ဖြစ်ကြောင်း မပြောခဲ့သေးချေ။ သိန်းငှက်အိုကြီးအနေဖြင့် ထိုအချက်ပြက ဒီလိုအခြေအနေမျိုးတွင် သုံးရမည်ဟု မထင်ထားမိချေ။ ယခုအချိန်အထိ သိန်းငှက်အိုကြီးအနေဖြင့် ထိုအရာက ဘာကိုဆိုလိုကြောင်း နားမလည်သေးချေ။

ခရွီး

သိန်းငှက်အိုကြီးက တိုက်ပွဲနယ်မြေ တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားစေသော ကျယ်လောင်သည့် အော်ဟစ်သံကြီးကို ပြုလိုက်သည်။ အနက်ရောင် တိမ်စိုင်ထဲမှ အလွန်ကြီးမားသော သိန်းငှက်ကြီးတစ်ကောင်က ပျံသန်းထွက်လာပြီးနောက် ဆက်တိုက် ကျယ်လောင်သော အော်ဟစ်သံများကို ထုတ်လွှတ်လိုက်သည်။ သိန်းငှက်၏ အော်သံကို လီရာကျော်အကွာမှပင် ကြားနိုင်လောက်အောင် ကောင်းကင်တစ်ခုလုံး ဟိန်းထွက်သွားသည်။

“သူဘာလုပ်တာလဲ”

ဝမ်ချောင်၏ ရုတ်တရက် လှုပ်ရှားလိုက်သော အခြေအနေက လူအများစု၏ အာရုံကို ဆွဲဆောင်သွားသည်။ တောင်ခြေမှ ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းတို့က ခေါင်းမော့ကာ ကောင်းကင်ရှိ သိန်းငှက်ကြီးကို ကြည့်သည်။

ပြင်းထန်သည့် တိုက်ပွဲတွင် သိန်းငှက်အော်သံက ရုတ်တရက် ထွက်လာခြင်းက ပုံမှန်မဟုတ်တော့ချေ။ ထိုနှစ်ယောက်လုံးက ဒါကဘာကိုဆိုလိုကြောင်း မသိသော်လည်း သူတို့၏ ဝမ်ချောင်အပေါ် နားလည်ထားသော အခြေအနေအရ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းမှ ဗိုလ်ချုပ်မှူးကြီးတိုင်းက သတိအနေအထား ဖြစ်သွားကြသည်။

သိန်းငှက်အော်သံ ထွက်လာပြီး အချိန်တစ်ခု ကြာသွားသည့်တိုင်အောင် ဘာမှဖြစ်မလာခဲ့ချေ။ အားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ မည်သည့်အရာမှ မပြောင်းလဲသွားခဲ့ချေ။

“သူဘာလုပ်ချင်တာလဲ”

သာ့လွန်ရော့ကျန်းက ကောင်းကင်ရှိ သိန်းငှက်ကြီးကိုကြည့်သည်။ ရုတ်တရက် ပေါ်လာသော သိန်းငှက်က သူ့ကို စိတ်ရှုပ်ထွေးစေသည်။ အခြားတစ်ဖက်တွင် ခဲ့လော့ဖုန်းကလည်း မထူးခြားချေ။

သူကဗျူဟာဆုံးဖြတ်ခြင်းတွင် ဝင်ပါခဲသော်လည်း ဝမ်ကလန်မှ အငယ်ဆုံးသားအပေါ် အမြင်က သာ့လွန်ရော့ကျန်းနည်းတူဖြစ်သည်။ သူဘာကိုပဲ ကြံစည်ကြံစည် အခုအသုံးမဝင်တော့ဘူး။ သူ့မှာ တစ်ချိန်လုံး ဖုံးကွယ်ထားတဲ့ လှည့်ကွက်တွေ ရှိနေဦးမယ်လို့ မထင်ဘူး။

ခဲ့လော့ဖုန်းက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် တောက်ပသော အလင်းက လက်နေသည်။

အနောက်တောင်ပိုင်းမှ စစ်ပွဲက အခြေကျသွားလေပြီ။ သူခဲ့လော့ဖုန်းကလည်း မဟာထန်က ပြိုင်ဘက်မကင်းကြောင်း လူတိုင်းကို သက်သေပြနှင့်ပြီးလေပြီ။ ပေးဆပ်ရသော တန်ကြေးက များပြားလွန်းသော်လည်း မာန်ရှဲ့ကျောင်းနှင့် ယွီစန်းကသာ ဆက်လက်ပြီး မဟာမိတ်အဖြစ် ဆက်ရှိပေးနိုင်မည်ဆိုလျှင် မာန်ရှဲ့ကျောင်းအနေဖြင့် မဟာထန်၏ ပြန်လည်တိုက်ခိုက်မည့် အရေးကို ကာကွယ်ပေးနိုင်ပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ မဟာထန်၏ အနောက်တောင်ပိုင်းကို ရယူခြင်းအားဖြင့် မာန်ရှဲ့ကျောင်းက အ့ဟိုင်တွင် ကန့်သတ်ခံထားရသောဘေးမှ လွတ်မြောက်ပေလိမ့်မည်။ ထို့နောက် ဘုံရန်သူကို ရင်ဆိုင်ရန်အလို့ငှာ ခဲ့လော့ဖုန်းက အခြားသော အင်ပါယာများနှင့် နည်းလမ်းတစ်ခုကို တိုင်ပင်ဆွေးနွေးရပေလိမ့်မည်။

နောက်ဆုံးတွင် မာန်ရှဲ့ကျောင်းက ဆုံးရှုံးမှုအားလုံးကို ပြန်လည်ရရှိမည့်အပြင် ပို၍အင်အား ကြီးမားလာပေလိမ့်မည်။ ထိုသို့ဖြင့် ခဲ့လော့ဖုန်း၏ အနောက်တောင်ဘက်ပိုင်းမှ နေရာက ပို၍မြင့်မားလာပေလိမ့်မည်။ ထိုအတွေးများက ခဲ့လော့ဖုန်း၏ စိတ်ထဲတွင် ကြာရှည်မခံချေ။ အကြောင်းမူကား အနောက်တောင်ပိုင်းမှ သူ၏မျှော်လင့်ချက် ရည်မှန်းချက်များ အားလုံးက ချက်ချင်းလိုလို အက်ကွဲသွားမည် ဖြစ်သောကြောင့်ဖြစ်သည်။

“အရှင်မင်းကြီး မြန်မြန် အဲ့ဒီကို ကြည့်လိုက်ပါဦး”

လူတစ်ယောက်က ချက်ချင်း လှမ်းအော်လိုက်သည်။ ခဲ့လော့ဖုန်းက သတိလက်လွတ် အသံလာရာဘက်သို့ ကြည့်လိုက်သောအခါ မိုးကုတ်စက်ဝိုင်း တည့်တည့်မှ လိမ့်တက်လာသော ကြီးမားသော မီးခိုးလုံးကြီးများကို မြင်လိုက်ရသည်။

တစ် နှစ် သုံး...

အဆုံးတွင် မိုးကုတ်စက်ဝိုင်းတစ်ခုလုံး ကြီးမားသော မီးခိုးလုံးကြီးများက လိမ့်တက်လာပြီး တိုက်ခိုက်သံ၊ အော်ဟစ်သံများကို ကြားလာရသည်။

ထိုအချိန်တွင် ခဲ့လော့ဖုန်းအနေဖြင့် ခြောက်ခြားဖွယ် ကောင်းလွန်းသော ထိုးနှက်ချက်တစ်ခုကို ခံစားလိုက်ရသလို သူ၏မျက်နှာရှိ သွေးများအားလုံးက ခြောက်ကပ်သွားကာ စက္ကူစုတ်လို ဖြစ်သွားသည်။ အနောက်တောင်ပိုင်းမှ အရှင်သခင်ဖြစ်သော သူ့အနေနှင့် အထိတ်တလန့်ဖြစ်သော မျက်နှာထားမျိုး မသက်မသာဖြစ်သော မျက်နှာထားမျိုးကို ပြခဲသည်။

“ကျီးတွေ”

ခဲ့လော့ဖုန်း၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူ၏ခေါင်းထဲ အတွေးတစ်ခုကသာ ဝင်လာသည်။ မီးခိုးများ လိမ့်တက်လာသော ထိုနေရာက မာန်ရှဲ့ကျောင်းမှ ရိက္ခာများ သိုလှောင်ထားသော နေရာဖြစ်သည်။ ထန်များက သူတို့၏ ရိက္ခာများကို မီးမရှို့ရန်အလို့ငှာ ခဲ့လော့ဖုန်းအနေဖြင့် အဝေးတွင် ထားထားပြီး စစ်သည်တော်များကို စောင့်ကြပ်ခိုင်းထားသည်။

တိဗက်များနှင့် မာန်ရှဲ့ကျောင်းက နေ့တိုင်းလိုလို ရိက္ခာပမာဏပေါင်း များစွာကို သုံးစွဲနေရသည်။ အထူးသဖြင့် နောက်ပိုင်းတွင် ခဲ့လော့ဖုန်းအနေဖြင့် တိဗက်များကိုပင် ကျွေးမွေးနေရသေးသည်။ ရိက္ခာပမာဏ အများအပြားကို တိုးမြှင့်ထားရသည့်အပြင် လုပ်သားကိုလည်းသုံးပြီး ကြီးမားသော ကျီများကို တည်ဆောက်ထားခဲ့ရသည်။

ခဲ့လော့ဖုန်းအနေဖြင့် လူနှစ်သိန်းကို ကျွေးမွေးနိုင်ရန် လုံလောက်သော ကျီများကို ထိုသို့ဖြင့် တိုက်ခိုက်ခံရမည်ဟု မထင်ထားမိချေ။ ထိုမျှထူထည်းနေသော မီးခိုးလုံးများအရ မီးတောက်က မသေးနိုင်ချေ။ မီးတောက်နည်းပါးလျှင်မူ ရိက္ခာအနည်းငယ်ကတော့ဖြင့် ကျန်ရစ်ပေလိမ့်မည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ အဲ့ဒီမှာ စောင့်ကြပ်နေတဲ့ စစ်သားတွေက ဘာဖြစ်သွားလဲ”

ခဲ့လော့ဖုန်း၏ မျက်နှာက နီရဲသွားပြီး အံ့ကြိတ်သံဖြင့်ပြောသည်။ သူ့မျက်လုံးသူ မယုံကြည်နိုင်တော့ချေ။ စစ်သည်တော် ငါးသိန်းလုံးက ဒီနေရာတွင် ရှိနေကြောင်း သူရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သို့သော် သူကဘာသတင်းမှ မကြားခဲ့ရချေ။ သို့သော် မည်သည့်အချက်ကမျှ အရေးမကြီးတော့ချေ။ စစ်သည်တော်တိုင်းက တိုက်ပွဲနယ်မြေသို့ ရောက်နေပြီဖြစ်ပြီး တိုက်ပွဲက အထွဋ်အထိပ်တွင် ဖြစ်နေသည်။ ခဲ့လော့ဖုန်းအနေဖြင့် မည်သည့်စစ်သားကိုမှ တပ်ကူအနေဖြင့် စေလွှတ်၍မရပေ။

“ဝမ်ချောင်”

ခဲ့လော့ဖုန်းက တောင်ထိပ်သို့ အံ့ကြိတ်သံဖြင့် အော်ဟစ်ကာ ကြည့်လိုက်သည်။ သူက မည်မျှပင် တုန့်ပြန်မှု နှေးကွေးသောလူ ဖြစ်စေကာမူ ယခုလေးတင် ကြားလိုက်ရသော သိန်းငှက်အော်သံက ထိုရိက္ခာကို မီးရှို့ခိုင်းခြင်းဖြစ်ကြောင်း သိလိုက်သည်။

All Chapters