အခန်း (၆၃၁-၆၃၅)
Vol. 32 Ch. 631-635
အခန်း(၆၃၁)
“မီးတောက်က မာန်ရှဲ့ကျောင်းစစ်တပ် အနောက်ဘက်ပိုင်းကပဲ”
တောင်ထိပ်ပေါ်မှ သိန်းငှက်အိုကြီးက အဝေးမှ မြောက်တက်လာသော မီးခိုးလုံးကြီးကို ကြည့်လိုက်သည်။ ဒါကသူ့အတွက် အံ့အားသင့်စရာ ကောင်းလွန်းနေသည်။ သိန်းငှက်အိုကြီးအနေဖြင့် ဝမ်ချောင်ကသူ့ကို အော်ခိုင်းသော အချက်ပြသံက ထိုအတွက်ကြောင့်ဟု မထင်ထားမိချေ။
“ဟား ဟား ဟား လီစစ်ယဲ့ ခင်ဗျားငါ့ကို စိတ်မပျက်စေမှန်း ငါသိနေတယ်”
ဝမ်ချောင်က သဘောတကျ အော်ရယ်လိုက်သည်။ သူ၏တောက်ပသော မျက်ဝန်းများက အဝေးသို့ကြည့်သည်။ သူ၏မျက်ခုံးကြားမှ တိမ်မည်းများကပင် လွင့်စင်သွားလေပြီ။
တိုက်ပွဲ၏ အရေးကြီးဆုံးအချိန်က ရောက်လာလေပြီ။ မျှော်လင့်ထားသည့်အတိုင်း လီစစ်ယဲ့က တောင်ပေါ်ဒေသတွင် ကပ်ဘေးဖြန့်သော ကိစ္စကို လုပ်နိုင်ပြီးနောက် အောင်မြင်စွာဖြင့် ပိုးသားအိတ်ထဲမှ နောက်ဆုံးအမိန့်အတိုင်း လုပ်နိုင်ခဲ့သည်။
သူက အနောက်တောင်ပိုင်း စစ်ပွဲသို့ ရောက်လာလေပြီ။ မြို့တော်မှ ထွက်လာသော အချိန်ကတည်းက ဝမ်ချောင်အနေဖြင့် မဟာထန်က ဒီစစ်ပွဲတွင်နိုင်ရန် အလွန်ခက်ခဲကြောင်း သိထားခဲ့သည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်တပ်ကို အနိုင်ယူနိုင်ရန်အလို့ငှာ သူက ဒီအခွင့်အရေးကိုသာ ဆုပ်ကိုင်ရတော့ပေမည်။
တိဗက်တောင်ပေါ်တွင် ကပ်ဘေးက ပျံ့နေပြီး ကျွဲ၊ နွားများ သိုးများ၏ အလောင်းများက မြေပေါ်တွင် ဖုံးလွှမ်းနေသည်။ ယခုအခြေအနေမျိုးတွင် မာန်ရှဲ့ကျောင်း၏ ရိက္ခာကို အောင်မြင်စွာ လောင်ကျွမ်းလိုက်နိုင်ပြန်သည်။
မာန်ရှဲ့ယွီစန်း စစ်တပ်ကို ထောက်ပံ့ပေးနေသော ရိက္ခာကို ဖျက်ဆီးလိုက်နိုင်သည့် အခြေအနေမျိုးနှင့်ဆိုလျှင် သူတို့တွင် ရှိသမျှ ရိက္ခာတိုင်း ကုန်သွားပေလိမ့်မည်။ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က တိဗက်များကို မာန်ရှဲ့ကျောင်းရိက္ခာကို စားခိုင်းနိုင်သည့်တိုင်အောင် ယခုအခါ ထိုအကြံအစည်ကိုလည်း သုံး၍မရတော့ချေ။ အကြောင်းမူကား ဘာမျှမရှိတော့သောကြောင့်ဖြစ်သည်။
“ခဲ့လော့ဖုန်း အခုခင်ဗျား ရွေးချယ်ရမဲ့အလှည့်ပဲ”
ဝမ်ချောင်က ရထားလုံးပေါ်မှ ဘုရင်တစ်ပါး၏ ပုံရိပ်ကို လှမ်းငုံ့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းက တောက်ပလာသည်။
“မျိုးမစစ်ကောင်”
ခဲ့လော့ဖုန်းက အလွန်ဒေါသထွက်နေသည်။ အ့ဟိုင်မှ အရှင်သခင်က ဝမ်ချောင်က မျှော်လင့်ထားသည်ထက် ပို၍ဒေါသထွက်နေသည်။ ထိုအနောက်ဘက်တွင် သိုလှောင်ထားသော ရိက္ခာတိုင်းက စစ်သည်သိန်းကျော်ကို ကျွေးနိုင်ရန် လုံလောက်ရုံသာမကလေဘဲ ခဲ့လော့ဖုန်း၏ ကြာရှည်သော မျှော်လင့်ချက် အိမ်မက်များလည်း ဖြစ်နေသည်။
ထိုရိက္ခာများ မရှိလျှင် တိုက်ပွဲက နိုင်နိုင်ရှုံးရှုံး ဒီတိုက်ပွဲပြီးသည်နှင့် ခဲ့လော့ဖုန်းက နောက်ဆုတ်ကို ဆုတ်ရပေလိမ့်မည်။ တိဗက်များကလည်း မာန်ရှဲ့ကျောင်း၏ စစ်တပ်ထက် ပို၍မြန်ဆန်သော အရှိန်နှုန်းဖြင့် နောက်ဆုတ်ကြရပေလိမ့်မည်။
တိဗက်များ၏ ထောက်ပံ့ပေးမှု မရှိတော့သည့်အခါ မာန်ရှဲ့ကျောင်းများက မဟာထန်များ၏ နောက်တစ်သုတ် တိုက်ပွဲကို ရင်ဆိုင်နိုင်တော့မည် မဟုတ်ချေ။
မဟာထန်၏ အနောက်တောင်ဘက်ပိုင်းတွင် ရှိသော ပြည်သူများကလည်း စစ်ပွဲကို ရှောင်ရန်အလို့ငှာ တောင်များ၊ တောအုပ်များတွင် ပုန်းနေကြသည်။ ထို့ကြောင့် သူတို့နှင့်အတူ ရိက္ခာများကို ယူသွားလျှင်ယူသွား သို့မဟုတ်လည်း မြေကြီးထဲတွင် မြုပ်သွားကြပေလိမ့်မည်။
ခဲ့လော့ဖုန်းက ထိုနယ်မြေများမှ ရိက္ခာများကို လိုချင်လျှင်ပင် အချိန်ယူရဦးပေလိမ့်မည်။ ပို၍အရေးကြီးသည်မှာ သူက အဖွဲ့များကို ခွဲရန်လိုအပ်လျှင် မာန်ရှဲ့ကျောင်းအနေဖြင့် မဟာထန်က လုပ်ကြံသတ်ဖြတ်လာသည့်အခါ တစ်သုတ်ပင် ခံနိုင်တော့မည် မဟုတ်ချေ။ ခဲ့လော့ဖုန်းက ဆယ်စုနှစ်ပေါင်းများစွာ မြုပ်နှံထားရသော အိမ်မက်က ချက်ချင်း သုတ်သင်ခံလိုက်ရသည်။
“မင်းကငါ့ရဲ့အိမ်မက်ကို ဖျက်ဆီးရင် ငါကမင်းရဲ့ အန်းနန်အစိုးရစစ်တပ်ကို အရင်ဆုံး ဖျက်ဆီးပြီး မင်းကိုသတ်ရမယ်။ ဒီနေ့ မင်းတို့အားလုံး သေရမယ်”
ခဲ့လော့ဖုန်း၏ တစ်ကိုယ်လုံးက တုန်ယင်နေသည်။ သူက ဒေါသထွက်လွန်းသောကြောင့် စိတ်လွတ်သွားလေပြီ။
မာန်ရှဲ့ကျောင်းက စစ်သည်တော်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့်အချိန်တွင် သူကထိုမျှ ဒေါသမထွက်ခဲ့ချေ။ သို့သော် ကျီများလောင်ကျွမ်းသောကြောင့် ထွက်လာသော မီးခိုးလုံးများကို မြင်ချိန်တွင် သူက အလွန် ဒေါသထွက်လာခဲ့သည်။
ခလွပ်
ခဲ့လော့ဖုန်း၏ ခြေထောက်အောက်မှ စွမ်းအင်များက ပေါက်ထွက်လာသည်။ ရထားလုံးတစ်ခုလုံးက ပြိုလဲကျသွားပြီး ချက်ချင်းလိုလို အက်ကွဲသွားသည်။
ခဲ့လော့ဖုန်း၏ ခန္ဓာကိုယ်က ရထားလုံးပေါ်မှ မြေကြီးပေါ်သို့ ခုန်ဆင်းလာပြီးနောက် ထိုမြေပြင်ကပင် လှုပ်ခါသွားသည်။
ခဲ့လော့ဖုန်း၏ မျက်နှာက ခက်ထန်သော မျက်နှာထားမျိုး ဖြစ်နေပြီး သူ၏သတ်ဖြတ်လိုစိတ်က အကောင်အထည် ပေါ်လာသော သက်ရှိဖြစ်လာတော့မလို သူ၏ခန္ဓာကိုယ်က ပေါက်ထွက်လာတော့မလို ပြင်းထန်စွာဖြင့် ဖြစ်တည်လာသည်။ သူ၏ပတ်ဝန်းကျင်ရှိ အာကာသပြင်ကပင် တွန့်လိမ်ရှုံ့တွလာသည်။ ခဲ့လော့ဖုန်းက ခြေလှမ်းကျဲကြီးများဖြင့် တောင်ပေါ်သို့လှမ်းသည်။ သူ၏ခြေလှမ်းတိုင်းကြောင့် မြေကမ္ဘာက တုန်ယင်လာပြီး တစ်လောကလုံးက သူ၏အလေးချိန်ကို မနည်းတောင့်ခံထားနေရသည်နှင့် တူသည်။
အ့ဟိုင်မှ ဘုရင်က အရှင်သခင် တစ်ပါး၏ ပုံစံအတိုင်း ကျော့ရှင်းကြည့်ကောင်းစွာ ရပ်မနေတော့ချေ။ သူ့တွင် ကျန်ရစ်သမျှက သိပ်သည်းလွန်းသော သတ်ဖြတ်လိုစိတ် ဖြစ်နေသည်။
“ငါ့အတွက် သေလိုက်စမ်းပါ”
ခဲ့လော့ဖုန်းက ချက်ချင်းလိုလို ဝင်ရောက်လာပြီးသည်နှင့် ကောင်းကင်ပေါ်သို့ ဘန်းကနဲ မြည်သံနှင့်အတူ ခုန်တက်လိုက်သည်။ သူက ပြန်ဆင်းသောအခါ ကျန်းတစ်ဆယ်ကျော် အကွာသို့ ရောက်သွားသည်။
ခဲ့လော့ဖုန်းက တောင်ပေါ်သို့ တက်လာသည်နှင့် သူ၏ကိုယ်မှ ရွှေရောင်မီးတောက်များကလည်း မြောက်တက်လာကာ သူ့ကိုပို၍ အင်အားဖြည့်ပေးလာပြီး ရှေ့သို့ဆက်တိုက် ဖိတက်သည်။
ခဲ့လော့ဖုန်းက တောင်ထိပ်သို့တက်သည့် လမ်းတစ်ဝက်တွင် ရွှေရောင်မီးတောက်များက ကြီးမားသော ဆယ်ကျန်းကျော်ခန့်မြင့်သည့် ဗုဒ္ဓရုပ်ပွားတော်ပုံစံကြီး ဖြစ်နေလေပြီ။ ကိုယ်တစ်ဝက်ခန့်က ရွှေသားအတိပြီးပြီ မျက်စိကြိမ်းမတက် တောက်ပသော မီးတောက်များဖြင့် လွှမ်းခြုံထားသေးကာ အခြားသော ခန္ဓာကိုယ် တစ်ပိုင်းကမူ သံမဏိလိုလို ပိန်းပိတ်အောင် မည်းမှောင်နေသည်။ ရွှေရောင်လက်ခြောက်ဘက်နှင့် အမည်းရောင် လက်ခြောက်ဘက်က ခန္ဓာကိုယ်မှ ပေါက်ထွက်လာကာ တောင်ထိပ်ပေါ်သို့ ခြေလှမ်းကြီးများဖြင့် လှမ်းသည်။
ခလွပ် ခလွပ်
ကြီးမားသော ဗုဒ္ဓက ရှေ့သို့တက်လိုက်ချိန်တိုင်း လမ်းတစ်လျှောက်လုံးရှိ ကျောက်သားများက အက်ကွဲရသည်။
“ငါ့ကိုတားတဲ့ကောင်တိုင်း သေရမယ်။ ဝမ်ချောင် မင်းကငါတို့ရဲ့ ကျီတွေကို ဖျက်ဆီးပစ်လိုက်တယ်။ ဒီတော့ အလဲအလှယ်အနေနဲ့ မင်းရဲ့အသက်ကို ငါပြန်ယူမယ်”
ခဲ့လော့ဖုန်း၏ ဒေါသတကြီး ဖြစ်နေသော မိုးခြိမ်းသံကြီးက တိုက်ပွဲနယ်မြေ တစ်ခုလုံး ပျံ့နှံ့သွားသည်။
အနောက်တောင်ပိုင်း၏ တိုက်ပွဲမှ မဟာဗိုလ်ချုပ် သုံးယောက်တွင် ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်က ပထမဦးဆုံး နှစ်ယောက်ဖြစ်ပြီး ခဲ့လော့ဖုန်းက နောက်တစ်ယောက်ဖြစ်သည်။ သူကအမြဲတစေ နောက်တန်းတွင်သာ နေခဲ့သည်။ အစပိုင်းကတည်းက ခဲ့လော့ဖုန်းက အ့ဟိုင်၏ အရှင်သခင်ဖြစ်လေရာ တိုက်ပွဲတွင် ဝင်မပါခဲ့ချေ။ ယခုမူသူက ချီတက်လာလေပြီ။
ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်တို့က အန်းနန်အစိုးရစစ်တပ်ကို ခြိမ်းခြောက်မှု ပေးနိုင်နေပြီဖြစ်လေရာ နောက်ထပ် တစ်ယောက် ထပ်ပေါ်လာသည့်အတွက် လူတိုင်းက ပြင်းထန်သည့် ဖိအားကို ခံစားကြရသည်။
“သခင်လေး မကောင်းတော့ဘူး ကျွန်တော်တို့ သွားရမယ်”
သိန်းငှက်အိုကြီးက ခဲ့လော့ဖုန်းက ပြောင်းလဲထားသော ဗုဒ္ဓပုံစံကြီးဖြင့် တောင်ပေါ်သို့ တက်လာကြောင်းကို မြင်သောအခါ အထိတ်တလန့် ပြောလိုက်သည်။ အဝေးမှတင် အလွန်ပြင်းထန် များပြားသည့် ဖျက်ဆီးခြင်းစွမ်းအားများက ခဲ့လော့ဖုန်း၏ ကိုယ်ထဲမှ ထွက်လာပြီး သူ၏သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်နေကြောင်းကိုလည်း မြင်နိုင်သည်။
ဝမ်ချောင်က မာန်ရှဲ့ကျောင်း၏ ကျီများကို ဖျက်ဆီးခဲ့သည်။ သို့သော် သူက အ့ဟိုင်၏ ဘုရင်မှ သတ်ဖြတ်လိုစိတ်ကိုလည်း ရင်ဆိုင်ရတော့မည်ဖြစ်သည်။
ဝမ်ချောင်က အသက်(၁၇)နှစ်သာ ရှိသေးသော ကောင်လေးဖြစ်သည်။ တစ်စုံတစ်ယောက်က အ့ဟိုင်၏ ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်ကို ရင်ဆိုင်ကာ ပစ်မှတ်ထားခံရကြောင်းကြားလျှင် အံ့သြကြရပေလိမ့်မည်။ သို့သော် ဒီအခြေအနေမျိုးတွင် ဒါက သတင်းကောင်းမဟုတ်ချေ။
“သိန်းငှက်အိုကြီး ဘေးဖယ်နေပါ”
ဝမ်ချောင်က သိန်းငှက်အိုကြီးကို တွန်းလိုက်သည်။ သူ၏မျက်ဝန်းအတွင်း ထူးဆန်းသော အလင်းက လက်လာသည်။
“ကျွန်တော် ဘယ်အချိန်မဆို ထွက်သွားလို့ အဆင်ပြေတယ်။ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး”
ဝမ်ချောင်၏ မျက်ဝန်းထဲတွင် ထူးဆန်းသောအလင်းက လက်လာသည်။ သို့သော် သိန်းငှက်အိုကြီးကမူ သူကဘာကိုဆိုလိုနေကြောင်း မသိချေ။
“ခဲ့လော့ဖုန်း သာ့လွန်ရော့ကျန်း ဟား ဟား ဟား ဟား ခင်ဗျားတို့အားလုံး ရှုံးပြီ။ ဒီလိုအခြေအနေမှာတောင် ခင်ဗျားတို့က နားမလည်ကြသေးဘူးပဲ။ ခင်ဗျားတို့က ဒီတိုက်ပွဲမှာ လုံးဝရှုံးသွားပြီ။ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းက တန်ကြေးကိုပဲ ခံရလိမ့်မယ်”
ဝမ်ချောင်က သဘောတကျရယ်ပြီး ရိက္ခာမရှိတော့သောအခါ ယွီစန်းနှင့် မာန်ရှဲ့ကျောင်းက ပြန်ဆုတ်စရာ နေရာမရှိတော့ချေ။ ထို့ကြောင့် နိုင်လျှင်ပင် ပြဿနာမရှိတော့ချေ။
ဝမ်ချောင်ကလည်း သူတို့က ထိုသို့လုပ်နိုင်မည်ဟုလည်း မထင်ထားချေ။
သာ့လွန်ရော့ကျန်းက ဝမ်ချောင်၏ အသံကြောင့် မျက်နှာဖြူဖျော့သွားသည်။ သူက ဝမ်ချောင်ကသူ့ကို တွန်းပို့နိုင်သော အနေအထားမျိုးကြောင့်လည်း မှင်သက်အံ့သြရလေသည်။ အခြားတစ်ဖက်တွင်လည်း ခဲ့လော့ဖုန်းကမူ ပို၍ပင် ဒေါသထွက်လာပြီး သူ၏ကိုယ်မှ မီးတောက်များက ပို၍တောက်ပသထက် တောက်ပလာသည်။
“သောက်ကျိုးနည်းကောင်စုတ် ငါမင်းရဲ့အသက်ကိုယူမယ်”
ခဲ့လော့ဖုန်းက ရှေ့သို့ခုန်တက်လိုက်ပြီး ခြေလှမ်းကိုမြန်သည်။ သူက တောင်ထိပ်ပေါ်မှ ရပ်နေသော ဝမ်ချောင်၏ ပုံရိပ်ကိုပင် လှမ်းမြင်နိုင်ပြီဖြစ်သည်။ တစ်ဖက်က အကြောက်အလန့်မဲ့စွာပင် ရပ်လျှက် သူ့ကို ကြည့်နေသည်။
“လာစမ်းပါ ခဲ့လော့ဖုန်း ခင်ဗျားကို ငါ့ကိုသတ်ခွင့် ပြုလိုက်မယ်”
ဝမ်ချောင်က ဒေါသတကြီး တိုက်ခတ်နေသော လေပြင်များကြားတွင် ရပ်လျှက် ရှိနေသည်။ လေက သူ၏အင်္ကျီလက်များကို ယမ်းခါစေသည်။ သူ၏မျက်ဝန်းကမူ တောက်ပလျှက်သာ ရှိနေသည်။ ထိုအပြုအမူက ခဲ့လော့ဖုန်းကို လောင်စာထည့်ပေးလိုက်သလို ဖြစ်သွားသည်။
ခဲ့လော့ဖုန်းအနေဖြင့် အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် အသတ်ချင်ဆုံး လူတစ်ယောက်ကို ပြောပြပါဆိုလျှင် ဝမ်ချောင်သာ ဖြစ်ပေလိမ့်မည်။ ခဲ့လော့ဖုန်းက သူ့ကို သာ့လွန်ရော့ကျန်းက သတ်ချင်သော အခြေအနေထက် ပို၍ပင် သတ်ချင်သေးသည်။
“မင်းကသေချင်နေရင်လည်း ဒီဘုရင်က မင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့”
ခဲ့လော့ဖုန်းက တောင်ထိပ်ပေါ်သို့ စူးစိုက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းတွင် ဝမ်ချောင်ကသာ ရှိတော့သည်။ သူက ဝမ်ချောင်ကိုသာ အာရုံစိုက်ထားချိန်တွင် သူ့ကို စောင့်ကြည့်နေသော မျက်ဝန်းနှစ်စုံကို သတိမထားမိချေ။
ဘန်း
ခဲ့လော့ဖုန်းက ရှေ့တက်လိုက်ချိန်တွင် သူ၏ Piatyekaဗုဒ္ဓ၏ လက်ခြောက်ဘက်က ဖြန့်လိုက်ပြီး လေထဲသို့ အရှိန်ယူကာ ခုန်လိုက်ကာ တောင်ထိပ်ပေါ်သို့တက်သည်။
“မကောင်းတော့ဘူး”
“အရှင်မင်းကြီး သတိထား”
သူ၏ဘယ်နှင့်ညာမှ စိုးရိမ်တကြီး အော်သံက ထွက်လာသည်။ ထိုသို့ ထွက်လာသော ရုတ်တရက် အသံက သူ့ကိုပို၍ အံ့သြသွားစေခဲ့သည်။ ပို၍အရေးကြီးသည်မှာ ခဲ့လော့ဖုန်းအနေနှင့် ထိုအသံနှစ်သံက ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်တို့ အသံဖြစ်ကြောင်း သိနေသောကြောင့်ဖြစ်သည်။
ဘာတွေဖြစ်နေတာလဲ။
ထိုအချိန်တွင် ခဲ့လော့ဖုန်း၏စိတ်က ကစဉ့်ကလျား ဖြစ်သွားသည်။
“အရှင်မင်းကြီး ရှောင်ပါ”
ခဲ့လော့ဖုန်းအနေဖြင့် သွမ့်ခဲ့ချွမ်က ထိုမျှအထိ အထိတ်တလန့်ဖြစ်ကာ ပူပန်သော အနေအထားမျိုးကို မမြင်ဖူးချေ။ နေပါဦး သူက ရှန်ယွီကျုံ့ထုံးနဲ့ တိုက်ခိုက်နေတာမဟုတ်လား။
နောက်ပြီး ဟော်ရှု့ဟွေ့ခမ်းကလည်း ဝမ်ရန်နဲ့ တိုက်ခိုက်နေတာမဟုတ်လား။
ဘာတွေဖြစ်နေတာလဲ။
ဘုန်း ဘုန်း
ခဲ့လော့ဖုန်းက မတုန့်ပြန်နိုင်ခင် သူ၏နားထဲတွင် ပေါက်ကွဲသံ နှစ်သံကိုသာ ကြားလိုက်ရသည်။ တချိန်ထဲတွင်ပင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်နှစ်ခုက သူ့ထံသို့ ရောက်ရှိလာသည်။
“မကောင်းတော့ဘူး”
သူကမည်မျှပင် တုန့်ပြန်မှု နှေးကွေးနေစေကာမူ ခဲ့လော့ဖုန်းအနေနှင့် တစ်စုံတစ်ရာက ဖြစ်လာတော့မည်မှန်း သိလိုက်သည်။ သို့သော် သူ့အနေဖြင့် နောက်ကျသွားပြန်သည်။ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က သူ့ကို စောင့်နေသည်မှာ ကြာလှချေပြီ။
“ခဲ့လော့ဖုန်း ငါမင်းကို အတော်စောင့်လိုက်ရတယ်”
“မင်းရဲ့အသက်ကို ချန်ထားခဲ့စမ်းပါ။ နောက်ဆုံးတော့ မင်းဒီအထိတောင် ရောက်လာပြီပဲ”
မြေပြင်က တုန်ခါသွားပြီး တောင်တန်းက ယမ်းခါသွားသည်။ မရေမတွက်နိုင်အောင် အံ့သြနေသော အကြည့်များ၏ အောက်တွင် သူတို့မည်သည့်အချိန်ကမျှ မမျှော်လင့်ထားခဲ့သော ဖြစ်ရပ်တစ်ခုက ဖြစ်လာသည်။
ဒေါသတကြီး လုပ်ကြံသတ်ဖြတ်ချင်သော အခြေအနေမျိုးတွင် ရှိနေခဲ့သည့် ခဲ့လော့ဖုန်းက ဝမ်ရန်က တောင်ထိပ်ပေါ်တွင် ဒီအတိုင်းရပ်နေခြင်းက ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့က ရှိနေသော နေရာကြားသို့ သူ့ကို ဝင်လာစေရန် ငါးစာချထားပေးခြင်းဖြစ်ကြောင်း မသိခဲ့ချေ။
သူ၏နောက်ဆုံးနှင့် အကြမ်းတမ်းဆုံး ပြင်းထန်သည့် တိုက်ပွဲတွင် ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်တို့က ပြင်းထန်စွာ တိုက်ခိုက်နေခဲ့ကြပြီး မည်သူကမျှ ပြစ်ချက်ကို ထုတ်မပြခဲ့ချေ။ ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်ကပင် ဘာကိုမှ ထူးဆန်းကြောင်း သတိမထားမိကြချေ။ သို့သော် ခဲ့လော့ဖုန်းက သူတို့နှစ်ယောက်ကြားသို့ ရောက်ချိန်မှသာ ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့က ရုတ်တရက် ပြိုင်ဘက်များ၏ နောက်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူတို့နှစ်ယောက်လုံးက ချက်ချင်းလိုလို ခဲ့လော့ဖုန်းထံ ဦးတည်သွားကြသည်။
“အရှိန်အဟုန်မြင့် မှင်သက်အံ့သြဖွယ် ရိုက်ချက်”
“ကောင်းကင်ဘုံ နတ်ဘုရားရဲ့ အမျက်ဒေါသ”
တိုက်ပွဲတွင် အရှိန်အဟုန်မြင့် မှင်သက်အံ့သြဖွယ် နတ်ဘုရားနှင့် ဗာဂျရာ နတ်ဘုရားတို့က ရုတ်တရက် ပေါ်လာသောကြောင့် ပို၍ဝရုန်းသုန်းကား ဖြစ်သွားပြန်သည်။ ထို့အပြင် အလွန်ပြင်းထန်သော စွမ်းအင်များကိုလည်း တိုက်ကွက်တိုင်းတွင် ထည့်သွင်းထားလေရာ တိုက်ပွဲက ဝရုန်းသုန်းကား ဖြစ်သွားရသည်။ ဘယ်ဘက်နှင့် ညာဘက်မှ တပြိုင်ထဲလာနေသော အင်အားကြီးမားသည့် တိုက်ကွက်များက ခဲ့လော့ဖုန်းကို အလယ်တွင် ညှပ်ပိတ်ထားစေပြီး အရိုက်ခံရန်သာ စောင့်ရတော့မလို ဖြစ်လာစေသည်။
သူကသာ တစ်ယောက်ချင်းစီ တိုက်ခိုက်ရလျှင် ခဲ့လော့ဖုန်းအနေနှင့် ကြောက်စရာမရှိချေ။ သို့သော် ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က နှစ်ယောက်ပေါင်းလိုက်သော် ခဲ့လော့ဖုန်းက မယှဉ်နိုင်တော့ချေ။
“အား”
ခဲ့လော့ဖုန်း၏ အသားကုန် ကုန်းအော်လိုက်သံက ကောင်းကင်ကိုပင် တသိမ့်သိမ့် တုန်သွားစေသည်။ သွမ့်ခဲ့ချွမ်၊ ဟော်ရှု့ဟွေ့ခမ်းနှင့် မာန်ရှဲ့ကျောင်းမှ စစ်သည်တော်တိုင်းက ကြည့်လိုက်ကြသောအခါ ခဲ့လော့ဖုန်း၏ piatyekaဗုဒ္ဓ စွမ်းအင်ပုံစံကြီးက ကွဲထွက်သွားကြောင်း မြင်လိုက်ရသည်။
အလင်းနှင့် မီးတောက်များ အက်ကွဲသွားသောအခါ ခဲ့လော့ဖုန်း၏ ကိုယ်က လေထဲတွင် ပေါ်လာသည်။ သို့သော်သူက ပြင်းထန်သည့်အားကြောင့် တောင်အောက်သို့ ပြုတ်ကျသွားသည်။
ခွပ်
ခဲ့လော့ဖုန်း၏ကိုယ်က မြေပြင်ကိုမထိခင် သူ၏မျက်လုံးက တင်းကြပ်စွာ ပိတ်သွားပြီဖြစ်သည်။ သူ၏မျက်နှာက ဖြူဖျော့နေသည်။ သွေးများက ပါးစပ်မှ ဆက်တိုက် စီးကျနေသည်။
“အရှင်မင်းကြီး မကောင်းတော့ဘူး အရှင်မင်းကြီး ဒဏ်ရာရသွားပြီ”
“အရှင်မင်းကြီးကိုကယ်ကြ”
ထိုမြင်ကွင်းကို မြင်လိုက်ကြသော မာန်ရှဲ့ကျောင်း စစ်သည်တော်တိုင်းက မှင်သက်ကာ အထိတ်တလန့် ဖြစ်သွားကြသည်။ ခဲ့လော့ဖုန်းက မာန်ရှဲ့ကျောင်း၏ ဘုရင်ဖြစ်သည်။ အ့ဟိုင်မှ ခြောက်ကြောင်ပြည်ထောင်ကို စုစည်းနိုင်ခဲ့သောသူဖြစ်သည်။ မာန်ရှဲ့ကျောင်းတွင်သူက အလွန်အမင်း မြင့်မားသော အဆင့်အတန်းမျိုးကို ပိုင်ဆိုင်ထားသည်။ သူကအလွန် အင်အားကြီးမားသော တည်ရှိမှုတစ်ခု၏ သင်္ကေတဖြစ်သည်။ သူ့ထံမှ စကားလုံးတစ်လုံးကတင် မရေမတွက်နိုင်သော လူများက သူ့အတွက် သေစေလိုစိတ် ရှိစေသည်။
ထို့ကြောင့် ဒီလိုအခြေအနေမျိုးတွင် ခဲ့လော့ဖုန်းက တစ်စုံတစ်ရာ ဖြစ်သွားမည့်အရေးကို သူက မမျှော်လင့်ထားကြချေ။
“ခမည်းတော်”
တောင်ပေါ်မှ ဖုန်းကျားရီ၏ မျက်နှာကလည်း ဖြူဖျော့သွားသည်။ သူ၏တစ်ကိုယ်လုံးကပင် တုန်ယင်သွားသည်။ သူကချက်ချင်း နောက်လှည့်လိုက်ပြီး ခဲ့လော့ဖုန်း ကျသွားသောနေရာသို့ အပြေးသွားသည်။ သူက အခြားအရာတိုင်းကို လျစ်လျူရှု့လိုက်တော့သည်။
အခန်း(၆၃၂)
ဖုန်းကျားရီက သူ၏ခမည်းတော်ကို အလွန်အမင်း လေးစားသည်။ အလွန်အမင်း ချစ်ကြောက်ရိုသေစိတ် ရှိသည်။ သူ၏ခမည်းတော်ကို သူ၏ပန်းတိုင်၊ သူ၏စံပြပုဂ္ဂိုလ်အဖြစ်ပင် သတ်မှတ်ထားခြင်းဖြစ်သည်။ သူ၏ ခမည်းတော် တစ်စုံတစ်ရာ ဖြစ်သွားသည့်အရေးကို သူက လက်သင့်မခံနိုင်ချေ။
“အရှင်မင်းကြီး”
ထိုအချိန်တွင် သွမ့်ခဲ့ချွမ်ကလည်း ဖုန်းကျားရီထက် ပို၍ပင် အထိတ်တလန့်ဖြစ်ကာ ကြောက်လန့်မိသေးသည်။ မာန်ရှဲ့ကျောင်း၏ တစ်ဦးတည်းသော မဟာဗိုလ်ချုပ်အနေနှင့် သွမ့်ခဲ့ချွမ်က အလွန်အမင်း တည်ငြိမ်ကာ ဆုံးဖြတ်ချက် ပြတ်သားသူဖြစ်ပြီး ခံစားချက်များကို ထုတ်ပြခဲသည်။ သို့သော် ခဲ့လော့ဖုန်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသော အခြေအနေက အ့ဟိုင်မှ မဟာဗိုလ်ချုပ်ကိုပင် သူနှင့်မတူသော မျက်နှာထားမျိုးကို ထုတ်ပြမိသွားသည်။ အထိတ်တလန့်ဖြစ်မှု၊ စိုးရိမ်မှု၊ စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲသည့် ကြောက်လန့်မှုမျိုးကို ထုတ်ပြမိသွားသည်။ ထိုအချိန်တွင် သွမ့်ခဲ့ချွမ်အနေဖြင့် ယခင်ကကဲ့သို့ ပုံသဏ္ဍန်မျိုးကို မပိုင်ဆိုင်ထားချေ။
အရှင်မင်းကြီး ကျွန်တော်တို့ရဲ့ အကြီးမားဆုံး ပန်းတိုင်ကိုတောင် မလုပ်ရသေးပါဘူး။ အရှင်မင်းကြီး အဆင်ပြေနေမှဖြစ်ပါမယ်။
သွမ့်ခဲ့ချွမ်ကလည်း ရူးသွပ်လုနီးပါး ဖြစ်သွားလေသည်။
ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်က သခင်နှင့်ကျွန်ဖြစ်သည်။ သို့သော် သွမ့်ခဲ့ချွမ်ကမူ သူတို့က မိတ်ဆွေများလည်း ဖြစ်သလို ညီအစ်ကိုများလည်းဖြစ်ကာ သေဖော်သေဘက် လက်တွဲဖော်များဖြစ်ကြောင်း သိထားကြသည်။ သူတို့က တူညီသော အိမ်မက်ရောက်အောင် အကောင်အထည်ဖော်နေကြခြင်းဖြစ်သည်။
မာန်ရှဲ့ကျောင်းကို သေးငယ်သော တိုင်းပြည်ငယ်ဘေးဘဝမှ တစ်လောကလုံးကို အုပ်စိုးနိုင်သော အဆင့်အတန်းတစ်ခုရောက်ရန် ခဲ့လော့ဖုန်းနှင့် သွမ့်ခဲ့ချွမ်တို့က နှစ်ပေါင်းများစွာ မမောနိုင်၊ မပန်းနိုင် တည်ဆောက်ခဲ့ရသည်။
“အရှင်မင်းကြီး ဘယ်လိုပဲဖြစ်နေဖြစ်နေ အရှင်မင်းကြီး သေချာပေါက် အဆင်ပြေနေစေရပါမယ်”
သွမ့်ခဲ့ချွမ်၏ နှလုံးသားက စိုးရိမ်မှုနှင့် အမျက်ဒေါသများ ပြည့်နှက်လာသည်။
“ဝမ်ရန် ရှန်ယွီကျုံ့ထုံး ငါမင်းတို့ရဲ့ အသက်ကိုယူမယ်”
ဘုန်း
ချက်ချင်းလိုလို ရှန်ယွီကျုံ့ထုံးက သွမ့်ခဲ့ချွမ်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး လွင့်ထွက်သွားရသည်။ အခြားတစ်ဖက်တွင် ဝမ်ရန်ကလည်း ဟော်ရှု့ဟွေ့ခမ်းနှင့် ရင်ဆိုင်နေရပြန်သည်။ ဟော်ရှု့ဟွေ့ခမ်းကြောင့် လွင့်ထွက်သွားရပြန်သည်။ သို့သော် အရာအားလုံးက နောက်ကျသွားပြီဖြစ်သည်။ ဝမ်ချောင်က စီစဉ်ထားသော အကြံအစည်များက အလိုလို ပေါ်သွားလေပြီ။
မာန်ရှဲ့ကျောင်း စစ်သားများ အားလုံးကလည်း ကစဉ့်ကလျားဖြစ်နေကြသည်။ သူတို့၏ အထိတ်တလန့် ဖြစ်နေသော အနေအထားက တိဗက်များကိုပင် စိုးရိမ်လာစေသည်။
“လူတစ်ယောက်ကို ပစ်ဖို့အတွက် အရင်ဆုံး မြင်းကိုပစ်ရတယ်။ နောက်မှ ကျန်တာတွေကို ဖမ်းလို့ရတယ်။ ဒီတော့ အရင်ဆုံး သူတို့ရဲ့ဘုရင်ကို ဖမ်းရမယ်”
ခဲ့လော့ဖုန်း ကျရှုံးသွားသော ကိစ္စက မာန်ရှဲ့ယွီစန်း စစ်တပ်အတွက် ပြင်းထန်သည့် ထိုးနှက်ချက်ကြီး ဖြစ်လာသည်။
“သတ်”
ခဲ့လော့ဖုန်း အောက်သို့ ကျသွားချိန်တွင် တောင်အောက်မှ ကောင်းကင်ကို တုန်ဟီးစေသော အော်သံကြီးက ထွက်လာသည်။ အယောက်တစ်ထောင်နီးပါး ရှိမည့် မြင်းတပ်တစ်တပ်က အေးစက်သော အလင်းရောင် လွှင့်ထုတ်နေသည့် သူတို့၏ ဓားရှည်များကို ယမ်းလျှက် ဖုန်အလုံးလိုက်ကို ချန်ထားရစ်ကာ အပြေးနှင်လာသည်။
သူတို့၏ အရေအတွက်က နည်းသော်လည်း ထိုတစ်ထောင်ကတင် လက်ရှိ အခြေအနေမျိုးတွင် ပို၍ အင်အားကြီးမားသော စစ်တပ်ကြီးထက်ပင် ကြောက်စရာကောင်းသော အရှိန်အဝါမျိုးကို လွှတ်ထုတ်နိုင်နေပြီဖြစ်သည်။
ဦးဆောင်လာသောလူက Ferghanaမြင်းကြီးကို စီးထားသော သန်မာတောင့်တင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူက နှစ်မီတာကျော်ခန့် မြင့်သည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်က ရိုင်းစိုင်းကြမ်းတမ်းသော အရှိန်အဝါမျိုးကို လွှတ်ထုတ်နေကာ ကျောတွင်လွယ်ထားသော ကြီးမားသော ဓားကြီးကပင် မှင်သက်ဖွယ် ကောင်းလွန်းနေသည်။ အဝေးမှပင် သူကထုတ်နေသော ဖိအားက စိတ်ပိုင်းဆိုင်ရာဖိအား ပေးနိုင်စွမ်းရှိသည်။
“လီစစ်ယဲ့ သခင်လေး ဒါကလီစစ်ယဲ့ပဲ”
သိန်းငှက်အိုကြီးက ခြေဖျားထောက်ကြည့်ပြီးနောက် ထိုပုံရိပ်ကို မြင်လိုက်ရသည်။ သူက လီစစ်ယဲ့ကို သိသည်မှာ ကြာပြီဖြစ်လေရာ ချက်ချင်းလိုလို မှတ်မိလိုက်သည်။
“အင်း သူကတကယ်ကို စီစဉ်ထားတဲ့အတိုင်း လုပ်နိုင်တယ်”
ဝမ်ချောင်က တောင်ထိပ်ပေါ်တွင်ရပ်လျှက် အဝေးကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းက တလက်လက် တောက်ပသလို အတွင်းထဲတွင်လည်း ပျော်ရွှင်မှုများကို မြင်နိုင်သည်။
လီစစ်ယဲ့က တိုက်ပွဲနယ်မြေသို့ သိန်းငှက်အိုကြီးက ထင်ထားသည်ထက် စောစီးစွာ ရောက်နေခဲ့ခြင်းဖြစ်သည်။
အနာဂတ်တွင် သူရောက်နိုင်သော အဆင့်နှင့် အလွန်ဝေးကွာနေလောက်သေးသော်လည်း ဒီတိုက်ပွဲတွင် မဟာထန်မှ အနာဂတ်၏ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်က သူ့ကို စိတ်မပျက်စေခဲ့ပေ။
ခြိမ်း
လီစစ်ယဲ့က ဦးဆောင်သော မြင်းတပ်က အလွန်အမင်း လျှင်မြန်စွာ ရွေ့လျားလာခဲ့သည်။ သူတို့က ဝမ်ချောင်၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာသောအခါ အလွန်အမင်း မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ထွက်လာနှင့်ပြီးသားဖြစ်သည်။ လီစစ်ယဲ့အောက်ဘက်တွင် ထူးခြားသော မုန်တိုင်းချီစက်ကွင်း တစ်ခုက သူ့ကို အပြည့်အဝ ထောက်ပံ့ပေးထားပြီး အရှိန်အဟုန်ကို အကန့်အသတ်ထိ တိုးမြှင့်ပေးနိုင်သည်။
ခြိမ်း
မြင်းက ကဆုန်ပေါက်ကာ ပြေးနေသည့်အချိန်တိုင်း အောက်ဘက်ရှိ မြေကြီးက တသိမ့်သိမ့် တုန်နေသည်။ လီစစ်ယဲ့၏ အင်အားအရှိန်နှုန်းဖြင့် အပြေးနှင်လာသော မြင်းတပ်က အကွာအဝေးကို ချုံ့လိုက်နိုင်သည်။ ထို့ကြောင့် ထိုမြင်းတပ်က မြေပြန့်တွင်သာ ပုံမှန်အရှိန်နှုန်းဖြင့် သွားရမည်ဆိုလျှင် မည်မျှမြန်ဆန်နိုင်ကြောင်း သိနိုင်သည်။ ထိုမြင်းတပ်က နှင်လာသော အရှိန်အဟုန်အရ လက်ရွေးစင် အင်အားအကြီးဆုံး စစ်သည်တော်များကသာ ထုတ်ပြနိုင်သော အရှိန်အဟုန်မျိုးလည်း ဖြစ်နေသည်။
လီပေါင်းများစွာ အကွာတွင် ဖြတ်ကနဲ လက်ပြီးသည်နှင့် ချက်ချင်းလိုလို နောက်ထပ် လီပေါင်းများစွာ အကွာသို့ ရောက်လာသည်။ ထိုသို့ဖြင့် လီစစ်ယဲ့၏ မြင်းတပ်က မာန်ရှဲ့ယွီစန်း စစ်တပ်ထံ ဝင်ရောက်လာသည်။
“အား”
ထိုမြင်းတပ်က အလွန်အမင်း ခန္ဓာကိုယ် ကြီးထွားလှသော သားရဲကြီးတစ်ကောင်က သိုးသားတုံးကြီးကို ခုန်အုပ်ကာ ကိုက်ဆွဲလိုက်သလိုမျိုး လေထဲတွင် ကျယ်လောင်သည့် အော်ဟစ်သံများကို ကြီးစိုးသွားစေသည်။ မည်သူကမျှလည်း အရှိန်အဟုန်ဖြင့် အပြေးနှင်လာသော မြင်းတပ်တစ်ထောင်နီးပါး၏ ဒဏ်ကို မတောင့်ခံနိုင်ကြချေ။
မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သားများက ချက်ချင်းလိုလို ချီတက်ရုံသာ ရှိသေးသည်။ သူတို့က လေထဲတွင် လွင့်ထွက်သွားရသည်။ သူတို့က မြေပေါ်သို့ ပြန်မကျခင် ဆေဘာစွမ်းအင်များက ဖြန်ကနဲလက်လျှက် သူတို့ကို အစိတ်စိတ်အပိုင်းပိုင်းဖြစ်အောင် လှီးဖြတ်လိုက်သည်။
အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ပထမဦးဆုံးအကြိမ် ဝု့စ်သံမဏိလက်နက်ကို ထုတ်သုံးသော ထိုစစ်သည်တော် အဖွဲ့က အရှိန်အဟုန်ကို ထုတ်ပြလိုက်နိုင်သည်။
“အား”
လီစစ်ယဲ့၏ မြင်းတပ်က မရပ်တန့်ချေ။ သူတို့က စိတ်ရှိသလို မည်သည့်နေရာမဆို သွားနေလေပြီး ထိုနေရာတိုင်းတွင်လည်း အော်ဟစ်သံများကိုသာ ချန်ထားရစ်ခဲ့သည်။
“ငါ့ကိုတားတဲ့ကောင်တိုင်း သေရမယ်။ သတ်ကြစမ်း”
လီစစ်ယဲ့၏ မျက်ဝန်းအတွင်း သွေးရောင်အလင်းက လက်နေသည်။ သူက ဝမ်ချောင်ကသူ့ကို အထူးတလည် ပေးအပ်ထားသော ကြီးမားသော ဝု့စ်သံမဏိဓားကြီးကို လွှဲယမ်းကာ မာန်ရှဲ့ယွီစန်း စစ်သည်တော်များထံ ပြင်းထန်စွာ ခုန်ဝင်လျှက် သတ်ဖြတ်နေသည်။ သူဒီတိုက်ပွဲကို မည်မျှစောင့်နေရကြောင်း ပြောရန် ခက်ခဲသည်။
သူ့အနေနှင့် သူ၏လက်ခံထားရသော မစ်ရှင်ကို အမြန်အဆုံးသတ်ပြီး တိုက်ပွဲသို့လာကာ ဝမ်ချောင်၏အမိန့်ကို နာခံကာ တိုက်ခိုက်ချင်နေသည်မှာ ကြာလှချေပြီး အဆုံးတွင် လီစစ်ယဲ့က သူ၏ အစောတလျှင်နိုင်မှုကို အတက်နိုင်ဆုံး ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဝမ်ချောင်က အနောက်တောင်ဘက်ပိုင်းတွင် အကြံအစည် ရှိခဲ့သည်။ သူက လီစစ်ယဲ့ကို သူ၏အကြံအတိုင်း ဆောင်ရွက်ရန် လိုအပ်နေလေရာ တိုက်ပွဲနယ်မြေတွင် လီစစ်ယဲ့၏ လုပ်နိုင်စွမ်းအားထက် ထိုနေရာကို ပို၍လိုအပ်နေခဲ့သည်။ ယခုအခါမှသာ လီစစ်ယဲ့အနေဖြင့် သူ၏နှလုံးသားထဲမှ ကြောက်စရာကောင်းသော ဒေါသကို ထုတ်လုပ်နိုင်သွားသည်။
“မဟာထန်ကို ရင်ဆိုင်တဲ့ အပြစ်သားတွေ အားလုံးကို အပြစ်ပေးရမယ်”
လီစစ်ယဲ့၏ မျက်လုံးက နီရဲနေသည်။ သူက အသားကုန် ကုန်းအော်လိုက်ပြီးနောက် သူ၏အရှိန်အဟုန်က ပို၍ပင် မြန်ဆန်သွားကာ အနောက်တွင် ဖုန်အတန်းလိုက်ကိုပင် ချန်ထားရစ်ခဲ့သည်။ သူက မည်သည့်နေရာကိုပင် ဖြတ်သွားစေကာမူ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်သည်တော် ရာကျော်က လေထဲသို့ လွင့်ထွက်လျှက် အလွန်အမင်း ထက်ရှသော ဆေဘာစွမ်းအင် အလင်းတန်းကြောင့် အပိုင်းပိုင်းအစစ ဖြစ်ရသည်။
မြင်းတပ်တစ်ထောင်သာ ရှိသောအဖွဲ့က တောင်ခြေမှ တောင်ထိပ်ပေါ်သို့ တောက်လျှောက်တက်ပြီး မာန်ရှဲ့နှင့် ယွီစန်းစစ်တပ်ကို နှစ်ခြမ်းကွဲသွားအောင် လှီးဖြတ်လိုက်နိုင်သည်။
လီစစ်ယဲ့၏စစ်တပ် ရုတ်တရက် ပေါ်လာပြီး တောင်ပေါ်သို့ ချီတက်လာသော ဖြစ်စဉ်က ဝမ်ချောင် စီစဉ်ထားသော အကွက်လည်းဖြစ်သည်။
“မြင်းတပ်ကို အဆင်သင့်ပြင်ခိုင်းလိုက်”
ဝမ်ချောင်က သူ၏စစ်တပ်ကို လှုပ်ရှားခိုင်းလိုက်သည်။ သူက တောင်အောက်သို့ ငုံ့ကြည့်သောအခါ သူ၏ မျက်ဝန်းက တောက်ပနေသည်။
ခဲ့လော့ဖုန်း၏ ပြင်းပြင်းထန်ထန် ရသွားသော ဒဏ်ရာများက သူ၏ဝှက်ဖဲဖြစ်သည်။ ဒီနည်းအားဖြင့် မာန်ရှဲ့ယွီစန်းစစ်တပ်ကို ကစဉ့်ကလျား ဖြစ်သွားစေလိုက်သည်။ သွမ့်ခဲ့ချွမ်ကပင် ဒီတိုက်ပွဲကို မကိုင်တွယ်နိုင်လောက်တော့လေရာ အခြားသူများဆိုလျှင် ပို၍ဆိုးသည်။ သို့သော် ဝမ်ချောင်အတွက် ဒါက လုံလောက်ရန် လိုနေသေးသည်။
“အသင့်ပြင် သွားကြ”
တောင်အနောက်ဘက်ပိုင်းတွင် ဝမ်ချောင်က ပြင်ဆင်ထားသော ဆယ်ကျန်းကျော်ခန့်ကျယ်သည့် ရေတံခွန်လို အပြည့်ခင်းထားသည့် ဆူးကောက်များကို မာန်ရှဲ့နှင့် ယွီစန်းစစ်တပ်က ရှင်းလင်းထားပြီးလေပြီ။ သို့သော် ယခုအခါ ဝမ်ချောင်၏အမိန့် ရချိန်တွင် ခြေလျှင်တပ်များက အဖော်ပြုပေးထားသည့် လက်မှုပညာသည် ဆယ်ယောက်ထက်မနည်းက ရုတ်တရက် ပေါ်လာသည်။
ထိုအချိန်တွင် မည်သူကမျှလည်း ဒီလိုအခြေအနေမျိုးတွင် ထိုးဆူးကောက်များ လောင်းချကြမည်ဟု မထင်ထားကြချေ။ ထို့အပြင် တစ်ဖက်ကလည်း ဆူးကောက်များကို အောက်သို့ ပစ်ချခြင်းထက် ဆင်ခြေလျောတောက်လျှောက် ဆင်းနိုင်အောင် သံမဏိပြားများကို ခင်းလိုက်ခြင်းဖြစ်သည်။
တစ် နှစ် သုံး
လက်မှုပညာသည်များနှင့် ထိုခြေလျှင်တပ်များက ထိုသံမဏိပြားကြီးပေါ်မှ အောက်သို့ဆင်းကာ တောက်ဘက်ကို ပူးပေါင်းလာသည်။ သူတို့က တိတ်တဆိတ်သာ လှုပ်ရှားကြပြီး ပေါ့ပါးသွက်လက်လွန်းသည်။
အချိန်အနည်းငယ်တည်းနှင့်တင် ထိုဆူးကောက်များတောက်လျှောက် သံမဏိပြားများကို ခင်းပြီးသား ဖြစ်သွားသည်။
ဟီး ဟီး ဟီး ဟီး
ဝမ်ချောင်က ခွာဖြူအရိပ်ပေါ် စီးလျှက် ရှေ့မှဦးဆောင်ကာ တောင်လောက်သို့ဆင်းလျှက် လမ်းကြောင်းဖောက်သည်။
“မြင်းတပ်သမားတွေအားလုံး ငါ့ရဲ့နောက်ကိုလိုက်ပြီး ချီတက်ကြ”
ဝမ်ချောင်က ဓားကိုမြှောက်လိုက်သည်။ သူ၏အသံက မိုးခြိမ်းသံလို ကျယ်လောင်ကာ ပဲ့တင်ထပ်လာသည်။
ခြိမ်း
စက္ကန့်အနည်းငယ်တည်းနှင့်တင် မြင်းတပ်က အောက်သို့ ဒုန်းစိုင်းဆင်းသည်။
ချွင် ချွင် ချွင်
အမှောင်မြင်းသိုး ချီစက်ကွင်း၏ အားဖြည့်ပေးမှုနှင့် တောင်ဆင်ခြေလျော၏ အနေအထား အားဖြည့်ပေးမှုကြောင့် မြင်းတပ်က လျှင်မြန်စွာဖြင့် အောက်သို့ဒုန်းစိုင်း ဆင်းနိုင်ခဲ့သည်။ လီစစ်ယဲ့၏ အင်အားစုမှ မြန်ဆန်နိုင်သော အရှိန်ကိုပင် ကျော်သွားခဲ့သေးသည်။
“သတ်”
ဝမ်ချောင်က ဦးဆောင်သော မဟာထန်၏ မြင်းတပ် ထောင်ကျော်က ဓားများကို ဆွဲယမ်းလျှက် ကစဉ့်ကလျား ဖြစ်နေသော တကွဲတပြားရှိနေသည့် မာန်ရှဲ့ယွီစန်း စစ်သည်တော်များထံ အပြေးနှင်သွားကာ စစ်တပ်ကို နှစ်ခြမ်းကွဲစေပြန်သည်။
“သတ်”
တောင်ထိပ်မှ သိန်းငှက်အိုကြီးကလည်း အချက်ပြ ရထားပြီးသားဖြစ်သည်။ ထို့ကြောင့် သူကလည်း အမ်ိန့်ထုတ်လိုက်သည်။
ဘုန်း
တောင်ထိပ်မှ ကျယ်လောင်သော အရှိန်အဟုန်ဖြင့် ဟိန်းသံကြီးက ထွက်ပေါ်လာသည်။ အန်းနန်အစိုးရ စစ်တပ်မှ ထောင်ပေါင်းများစွာသော စစ်သည်တော်များက ရေကြီးသလို တောင်အောက်သို့ ဒုန်းစိုင်းဆင်းလာသည်။
ထိုအန်တိမ ကြယ်စင်ဝင်္ကပါက မာန်ရှဲ့ယွီစန်း စစ်တပ်ကို ကြောက်လန့်လွန်းသဖြင့် တသိမ့်သိမ့် တုန်စေသည်။ ယခုမူ ထိုဝင်္ကပါကို မည်သူကမျှ အားမဖြည့်ပေးနိုင်တော့ချေ။ သို့တိုင်အောင် ယခုအခြေအနေက သူတို့မျှော်လင့်ထားသော အခြေအနေလည်း မဟုတ်သေးချေ။
အန်းနန်အစိုးရစစ်တပ်က အောက်သို့ ဒုန်းစိုင်းဆင်းနေပြီး သူတို့က ထုတ်ပြနေသော အရှိန်အဟုန်က အကြင်နာကင်းမဲ့ကာ ကြောက်စရာ ကောင်းလွန်းသည်။ မာန်ရှဲ့ယွီစန်း စစ်တပ်က ချက်ချင်းလိုလို ဟာကွက်ပေါင်းများစွာ ပေါ်လာတော့သည်။ စစ်တပ်တစ်ခုလုံးက ဖျက်ဆီးခြင်းခံရသည်။
“အား ငါ့ရဲ့လက်”
“ပြေးပြေး ထန်တွေလာနေပြီ”
“အရှင်မင်းကြီး အရှင်မင်းကြီး အသက်ရှင်ရဲ့လား မသိတော့ဘူး။ ငါတို့တော့ ရှုံးပါပြီ”
“ငါတို့ရှုံးသွားပြီ စစ်တပ်က ရှုံးသွားပြီ။ အားလုံးပဲ ပြေးကြတော့”
မာန်ရှဲ့ယွီစန်း စစ်တပ်က အရှုပ်အထွေးထဲ ရောက်သွားသည်။ တစ်ယောက်ချင်းစီ ခံစားရသော နာကျင်မှုက တဖြည်းဖြည်းချင်း ကြွက်ကြွက်ညံသော ဆူညံသံများကို ဖြစ်လာစေသည်။ ထွက်ပြေးနေကြသော စစ်သည်တော်များက ပြည့်ကြပ်ညှပ်နေသဖြင့်လည်း အောက်သို့ လဲကျပြီး တက်နင်းခံရခြင်း၊ ဘေးဘက်သို့ တွန်းထုတ်ခံရခြင်း သို့မဟုတ် အရှိန်ကြောင့် လွင့်ထွက်သွားရခြင်းမျိုး ဖြစ်နေကြပြီး သေဆုံးနေကြရပြန်သည်။
မာန်ရှဲ့ယွီစန်း စစ်သည်တော် နှစ်သိန်းဆိုသော အရေအတွက်က များပြားလေရာ သူတို့ ခံစားရသောသ ယခုလို ဆုံးရှုံးမှုကလည်း ပို၍ ကြောက်မက်ဖွယ် ကောင်းသွားတော့သည်။
တောင်ထိပ်မှ မည်သည့်အဖွဲ့ကမျှ မတိုက်ခိုက်ကြတော့ချေ။ မည်သည့် စစ်သည်တော်ကမဆို နောက်သို့ ပြန်ဆုတ်ချင်ကြသည်။ သူတို့က သူတို့၏ ခြေထောက်အောက်တွင် သူတို့၏ ရဲဘော်များကိုပင် တက်နင်းသွားကြသေးသည်။
စစ်တပ်၏ အရှုံးက ဆုံးဖြတ်ပြီးသွားသောအခါ မည်သူကမျှ စတေးခံ မဖြစ်လိုကြတော့ချေ။
တောင်ခြေတွင်ရှိသော သာ့လွန်ရော့ကျန်းကလည်း အရှုံးကြောင့် ထွက်ပြေးလာကြသော စစ်သားများကို မြင်ကြသည်။ သူ၏ခန္ဓာကိုယ်က အေးစက်သွားသည်။ သူ၏စိတ်ကမူ စိတ်ရှုပ်ထွေးမှုအပြည့် ဖြစ်သွားလေပြီ။
“မဟုတ်ဘူး မဖြစ်နိုင်ဘူး”
သာ့လွန်ရော့ကျန်း၏ လက်က လက်သီးတင်းတင်း ဆုပ်ထားသည်။ တစ်ကိုယ်လုံးကပင် တဆတ်ဆတ် တုန်နေလေသည်။ သူ၏မျက်လုံးများကလည်း ရူးသွပ်သွားလေသည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်း၏ ငါးသိန်းကျော်သော တပ်ဖွဲ့က အန်းနန်အစိုးရစစ်တပ်မှ တစ်သိန်းရှစ်သောင်းလောက်ထံတွင် ရှုံးသွားသည်။ ထို့ပြင် တစ်ဖက်ကလည်း မည်သည့်တပ်ကူမျှ မရထားချေ။
ယခုလေးတင် အန်းနန်အစိုးရ စစ်တပ်က လဲပြိုကျသော အနေအထားမျိုးတွင် ရှိနေခဲ့ပြီး မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့က နိုင်တော့မည့် အခြေအနေတွင်ဖြစ်သည်။ ယခုမူ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းက အပြတ်ရှင်းခံရလိုက်လေသည်။
အန်းနန်အစိုးရစစ်တပ်က ခုခံရန် လက်လျော့ပြီး တိုက်ခိုက်ရန် တောင်ပေါ်မှ ဒုန်းစိုင်းအပြေး ဆင်းလာသောအခါ ဒါကတစ်ဖက်သတ် သုတ်သင်ခြင်း ဖြစ်သွားသည်။
နှစ်သိန်းကျော်သော မြင်းတပ်ကို ရအောင် နှစ်သုံးဆယ်ကျော် ကြိုးစားအားထုတ်ထားရသည်။ သို့သော် တစ်လသာ ကြာသော ပြင်းထန်သည့် တိုက်ပွဲတွင်... အရာအားလုံးက ဗဟာနတ္ထိဖြစ်သွားသည်။ သာ့လွန်ရော့ကျန်းအတွက် ဒါကစစ်ပွဲသပ်သပ် မဟုတ်ချေ။ ယွီစန်းအင်ပါယာကြီး၏ မဟာဗျူဟာကိုလည်း ကိုယ်စားပြုသည်။ အနောက်တောင်ပိုင်းကို သိမ်းယူပြီးနောက် မဟာထန်ကို သူတို့က လှုပ်ခါနိုင်ပြီး ဗဟိုပြင်ကျယ်ထံ ခြေဆန့်ရန် တစ်လောကလုံးကို အုပ်စိုးမည်ဆိုသော ပန်းတိုင်ကို ထိုးဝင်နိုင်မည်ဖြစ်သည်။ သို့သော် ထိုတိုက်ပွဲက အရှုံးနှင့် အဆုံးသတ်သွားသည်။
ထိုအချိန်တွင် သာ့လွန်ရော့ကျန်းက လက်သင့်မခံနိုင်သော အလွန်အမင်း ပြင်းထန်သည့် တွန့်ဆုတ်သော ခံစားချက်မျိုးကို ရလိုက်သည်။
အခန်း(၆၃၃)
အနောက်တောင်ပိုင်းတွင် ဆယ်စုနှစ်ပေါင်းများစွာ ဦးဆောင်လာပြီးနောက် သာ့လွန်ရော့ကျန်း အနေဖြင့် ကျန်းချုံကျန့်ချုံးထံတွင်ပင် မရှုံးခဲ့ဖူးသလို မာန်ရှဲ့ကျောင်းနှင့် ခဲ့လော့ဖုန်းထံတွင်လည်း မရှုံးခဲ့ဖူးသေးချေ။ သို့သော် အဆုံးတွင် မဟာထန်မှ ဆယ်ကျော်သက်လေးထံတွင် ရှုံးသွားသည်။
သူဆယ်စုနှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့ရသော အောင်မြင်မှုများက ထိုလူငယ်လေးက ကျော်ကြားအောင် လောင်စာဖြည့်ပေးသလို ဖြစ်သွားသည်။ သာ့လွန်ရော့ကျန်းအတွက် ဒီအရှုံးကို လက်သင့်ခံရန် ခက်ခဲသည်။
“မဟုတ်ဘူး အခွင့်အရေး ရှိဦးမှာပဲ။ သေချာပေါက် အခွင့်အရေး ရှိရမယ်”
သာ့လွန်ရော့ကျန်းက လက်သီးကို ခပ်တင်းတင်းဆုပ်သည်။
မာန်ရှဲ့ကျောင်းနှင့် ယွီစန်းက မရှုံးသေးချေ။ ခဲ့လော့ဖုန်းက လဲကျသွားပြီဖြစ်သော်လည်း သူ့တွင် စစ်သားများ ရှိနေသေးသည်။ သူတို့ပေါင်းလိုက်သော အင်အားက မဟာထန်ထက် အပြတ်အသပ် သာသည်။
သူကသာ မာန်ရှဲ့ယွီစန်း စစ်တပ်ကို ပြန်လည်စုစည်းနိုင်မည်ဆိုလျှင်... မဟုတ်သေးဘူး မာန်ရှဲ့ကျောင်းရဲ့ စစ်တပ်က စုစည်းလို့ မရနိုင်တော့ဘူး။ ခဲ့လော့ဖုန်း မရှိရင် အဲ့ဒီစစ်တပ်က ဘယ်လိုတိုက်ခိုက်နိုင်တော့မှာလဲ။
သို့သော် ယွီစန်းတွင် အခွင့်အရေး ရှိသေးသည်။
တိဗက်မြင်းတပ်ကသာ စုစည်းပြီး အစီအစဉ်တကျ ရှိနေလျှင် အန်းနန်အစိုးရစစ်တပ်ကို တောင်ပေါ်မှ ဆင်းလာအောင် မျှားနိုင်မည်ဆိုလျှင် မာန်ရှဲ့ယွီစန်း စစ်တပ်တွင် အခွင့်အရေး ရှိနေပေလိမ့်မည်။ ထိုသို့ဖြင့် အန်းနန်အစိုးရ စစ်တပ်ကို အနိုင်ရနိင်မည်ဖြစ်သည်။
တစ်သောင်းအောက်သာရှိသော မြင်းတပ်က မလုံလောက်ချေ။ သို့သော် တစ်သောင်းအထက်ဆိုလျှင် ပြိုင်ဘက်ကင်းသွားပေလိမ့်မည်။
တိဗက်များက မြင်းတပ်သောင်းကျော် ရှိနေသေးသည်။ သူတို့အားလုံးကို စုစည်းလိုက်ခြင်းဖြင့် တောင်ပေါ်တွင်သာ မတိုက်ခိုက်ရသမျှ သူတို့က နိုင်နိုင်ချေ ရှိသေးသည်။
“ယွီစန်းရဲ့ စစ်သည်တော်တို့ အချက်ပြတွေလွှတ်ပြီး စုစည်းကြ”
“ခရာတွေမှုတ်ကြ”
သာ့လွန်ရော့ကျန်းက သူ၏ မြင်းကို အရှေ့သို့ရောက်အောင် ခပ်ကြမ်းကြမ်း စီးလိုက်လျှက် အမိန့်ကို ထုတ်လိုက်သည်။ တောင်ပေါ်ဒေသမှ လူများဖြစ်သည့်အလျောက် တိဗက်များက ကြမ်းတမ်းသည်။ အမြဲတစေ ဒေါသကြီးကာ တိုက်ခိုက်လိုစိတ် ပြင်းထန်သည့်အလျောက် မာန်ရှဲ့ကျောင်းမှ လူများထက် ပို၍ပင် စည်းကမ်းကို နာခံတတ်ကြသေးသည်။ ထို့ကြောင့် အချိန်အနည်းငယ်ထဲနှင့်တင် သာ့လွန်ရော့ကျန်းက ကစဉ့်ကလျား ထွက်ပြေးနေကြသော တိဗက်မြင်းတပ်ကို သူ့ဘက်သို့ရောက်အောင် စုစည်းလိုက်နိုင်သည်။ သို့သော် သာ့လွန်ရော့ကျန်းက သူ၏တပ်ဖွဲ့ကို ဦးဆောင်ကာ ပြန်လည်တိုက်ခ်ိုက်တော့မည့် အချိန်တွင် သူ၏အိမ်မက်များက အက်ကွဲသွားရပြန်သည်။
“သတ်”
အနောက်ဘက်မှ ကျယ်လောင်သော ဟိန်းသံနှင့်အတူ ဝင်္ကပါက တသိမ့်သိမ့် တုန်သွားသည်။ သာ့လွန်ရော့ကျန်းက ခေါင်းလှည့်လိုက်သောအခါ သူဘယ်သောအခါမျှ မေ့မည်မဟုတ်သော မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းကတင် သူ၏သွေးများကို အေးစက်စေသည်။
အဝေးတွင် သူတို့ရှိရာ နေရာသို့ ချီတက်လာနေသော အလွန်များပြား သိပ်သည်းပြည့်ကြပ်နေသည့် စစ်တပ်ရှိလေသည်။ သူမြင်နိုင်သမျှက အပြေးနှင်လာသော စစ်တပ်မှ လွှင့်ထူနေသော မဟာထန်၏ အလံကြီးဖြစ်သည်။
မဟာထန်ရဲ့ တပ်ကူတွေပဲ။
ထိုအတွေးက ခေါင်းထဲဝင်လာသည်နှင့် သာ့လွန်ရော့ကျန်းက သူ၏အတွေးတိုင်းက အေးခဲသွားပြီဟု ခံစားလိုက်ရသည်။ တချိန်လုံး အချိန်ဆွဲနေခဲ့ပြီးနောက် မဟာထန်၏ တပ်ကူက နောက်ဆုံးတွင် ရောက်လာလေပြီ။
“ပြီးသွားပြီ”
သူ၏မျှော်လင့်ချက်တိုင်းက ဖုန်ဖြစ်သွားလေပြီ။ တောင်ပေါ်တွင် တည်ရှိသော မာန်ရှဲ့ယွီစန်း စစ်တပ်ကလည်း လဲပြိုကျသွားပြီဖြစ်သလို အန်းနန်အစိုးရ စစ်တပ်ကလည်း လိုက်ဖမ်းကာ သတ်ဖြတ်နေသည်။ တောင်ခြေတွင်လည်း သူမြင်နိုင်သမျှက အဝေးမှ ချဉ်းကပ်လာနေသော စစ်တပ် တပ်ကူများ ဖြစ်နေသည်။
အပြင်နှင့်အတွင်းမှ ရန်သူများ ချဉ်းကပ်ချီတက်လာနေသောအခါ သူက အလွန်အမင်း တွန့်ဆုတ်နေသည့်တိုင်အောင် သာ့လွန်ရော့ကျန်းအနေဖြင့် ဒီကိစ္စက အဆုံးသတ်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ သူက မည်မျှပင် အခြေအနေကို ပြောင်းပြန်လှန်နေစေချင်ကာမူ နောက်ကျလွန်းသွားလေပြီ။
“နောက်ဆုတ် နောက်ဆုတ်”
သာ့လွန်ရော့ကျန်းက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ပြီးနောက် ချက်ချင်းလိုလို နောက်ဆုတ်ရန် အမိန့်ထုတ်လိုက်သည်။ ဒီတိုက်ပွဲတွင် သူကလုံးဝ ရှုံးသွားလေပြီ။ ယွီစန်းက ရှုံးသွားသည်။
ပထမဦးဆုံးအကြိမ် သူက မဟာထန်၏ အနောက်တောင်ဘက်ပိုင်းတွင် အလဲထိုးခံလိုက်ရသည်။ သူတစ်ခါမျှပင် မခံစားဖူးသော ပြင်းထန်လွန်းသည့် ဆုံးရှုံးမှုကြီးဖြစ်သည်။
ခြိမ်း
စစ်တပ်တစ်ခုလုံးက လဲပြိုကျသွားသည့်အခါ သာ့လွန်ရော့ကျန်း၏ အမိန့်က မာန်ရှဲ့ကျောင်းနှင့် ယွီစန်း၏ နောက်ဆုံးသော မျှော်လင့်ချက်ကို ဖယ်ရှားလိုက်နိုင်သည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် မာန်ရှဲ့ကျောင်းနှင့် ယွီစန်းဘက်က ပြန်လည်အနိုင်ယူရန် အခွင့်အရေးပင် မရှိတော့ချေ။
တိဗက်မြင်းတပ်က သာ့လွန်ရော့ကျန်း၏ အနောက်မှလိုက်ကာ ကစဉ့်ကလျား ဖြစ်နေသော အခြေအနေကို ဦးတည်ပြီး အဝေးသို့ ပြေးသည်။ အန်းနန်အစိုးရစစ်တပ်နှင့် လီစစ်ယဲ့၏ တစ်ထောင်ဝန်းကျင်ရှိသော ဝု့စ်သံမဏိ မြင်းတပ်ကလည်း အနီးမှကပ်လိုက်သည်။
တိဗက်များက ခေါင်းပင် လှည့်မကြည့်ရဲကြသလို နောက်ပြန်လှည့်ပြီး မဟာထန်၏ တပ်ကူများကို အလဲထိုးမည်ဟုလည်း မတွေးရဲချေ။
ရက်ပေါင်းများစွာကြာအောင် မာန်ရှဲ့ကျောင်း၏ ထမင်းကိုစားပြီးနောက် ထိုတောင်ပေါ်သားများက အလွန်အမင်း အားနည်းနေကြသည်။ သူတို့က ယခင်ကကဲ့သို့ ကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းသော ရဲရင့်ပြတ်သားသည့် စစ်သည်တော်များ မဟုတ်ကြတော့ချေ။
“မဟာမတ်ရဲ့ အမိန့်ကို နာခံကြ။ မြန်မြန်နောက်ဆုတ်ကြ”
စစ်တပ်က ဆက်လက် လဲပြိုကျသထက် လဲပြိုကျနေပြီး မရေမတွက်နိုင်သော တိဗက် စစ်သည်တော်များက အထိတ်တလန့် ထွက်ပြေးကြရသည်။ သူတို့၏ အနောက်မှ ကပ်ပါလာသည်မှာ အော်ညဉ်းသံများ၊ အသားကုန် ကုန်းအော်သံများဖြစ်သည်။ တိုက်ပွဲက အဆုံးသတ်သွားသည်နှင့် လူတိုင်း၏ ပြင်းထန်သည့် ရဲရင့်မှုများကိုလည်း ဆုံးရှုံးလိုက်ကြရသည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းရဲ့ စစ်သည်တော် ၂၉၆၂၂ယောက်ကို သတ်ဖြတ်လိုက်နိုင်ပါပြီ”
“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းရဲ့ စစ်သည်တော် ၉၅၈၄၁ယောက်ကို သတ်ဖြတ်လိုက်နိုင်ပါပြီ”
“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းရဲ့ စစ်သည်တော် ၁၀၉၄၇၇ယောက်ကို သတ်ဖြတ်လိုက်နိုင်ပါပြီ”
“ဂုဏ်ယူပါတယ် အသုံးပြုသူ မာန်ရှဲ့ယွီစန်းရဲ့ စစ်သည်တော် ၁၂၁၄၄၉ယောက်ကို သတ်ဖြတ်လိုက်နိုင်ပါပြီ”
ဝမ်ချောင်၏ နားထဲတွင်လည်း အသံက ဆက်တိုက်ထွက်နေသည်။ တိုက်ပွဲက ဒီအခြေအနေထိ ရောက်လာသည့်အခါ ဝမ်ချောင်အနေဖြင့် ဘာအမိန့်မျှ ထပ်ထုတ်ရန် မလိုအပ်တော့ချေ။ တိုက်ပွဲမှ မည်သည့်ရန်သူကမျှလည်း တိုက်ခိုက်လိုစိတ် မရှိကြတော့ချေ။ ထန်တိုင်းလုပ်ရန်လိုအပ်သမျှက လိုက်သတ်ရန်ဖြစ်သည်။
မရေမတွက်နိုင်သော မာန်ရှဲ့ယွီစန်း စစ်သည်တော်များက လဲပြိုကျကာ သေဆုံးနေကြရသည်။ ဝမ်ချောင်၏ သူ၏မြင်းတပ်ကိုသုံးကာ မာန်ရှဲ့နှင့်ယွီစန်းကို ခွဲခိုင်းခဲ့သော ဗျူဟာက အလုပ်ဖြစ်ပြန်သည်။ စစ်တပ်က ထွက်ပြေးရန် ကြိုးစားနေသော်လည်း စစ်တပ်တစ်ဝက်ခန့်က အရှေ့မှဖြစ်နေသော ကစဉ့်ကလျား အခြေအနေများကြောင့် ထွက်ပြေးရာတွင် မလွတ်မြောက်နိုင်ခဲ့ချေ။ အဆုံးတွင် သူတို့က ရိတ်သိမ်းခံရမည့် စပါးပင်များသာ ဖြစ်သွားသည်။
တိုက်ပွဲနယ်မြေ တစ်ခုလုံး အလောင်းများ ပုံနေသလို သွေးမြစ်များဖြစ်နေပြီး မြေကြီးကို အာဟာရပေးနေသည်။ ထို့ကြောင့် မြင်နိုင်သမျှက လူထွားကြီးများ၏ အလောင်းများ၊ အ့ဟိုင်ဆင်များ၊ စစ်မြင်းများ၊ စစ်သည်တော်များနှင့် အမျိုးမျိုးသော ကွဲအက်နေသော လက်နက် သံချပ်ကာများ ဖြစ်နေသည်။
သို့သော် ထိုအချိန်တွင် ဝမ်ချောင်က သူ၏မြင်းကို တောင်လယ်တွင် ဇာတ်ကြိုးလှမ်းဆွဲလိုက်လျှက် အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူ၏အာရုံက တပ်ကူများထံတွင်ဖြစ်သည်။
“အကြီးအကဲယဲ့ အကြီးအကဲကျောင်း အကြီးအကဲဟူ စုဟန်ရှမ်း ဟွမ်ချမ်းအာ”
ဝမ်ချောင်က ကြောင်သွားသည်။
ထိုစစ်တပ်က မယုံနိုင်အောင် ခမ်းနားကာ အရှိန်အဟုန် ပြင်းထန်ပြီး အရေအတွက် များပြားသော်လည်း ဝမ်ချောင်ကမူ တစ်ချက်ကြည့်ရုံဖြင့် မည်သူများဖြစ်ကြောင်း သိနိုင်သည်။ ထို့ပြင် ရန်သူမဟုတ်ကြောင်းလည်း သိသည်။ လွှင့်ထူထားသော နဂါးအလံက မဟာထန်ကို ကိုယ်စားပြုနေသည့်အပြင် သူက အမျိုးမျိုးသော ကလန်များကို ကိုယ်စားပြုသော အလံများကိုလည်း မြင်နိုင်သည်။ ခွန်းဝူလေ့ကျင့်ရေး စခန်း၏ လမ်းလွဲခြင်း ဓားစံအိမ်၏ အလံကိုပင် မြင်လိုက်ရသေးသည်။
စုဟန်ရှမ်း၊ ဟွမ်ချမ်းအာ၊ စွန်းကျစ်မင်၊ ချန်းကုရမ်၊ ရွှီကမ်း၊ ဖန်းရွှမ်လင်၊ ကျောင်းရထုံ၊ ပိုင်စစ်လင်၊ သခင်လေးဝေ့ စသဖြင့် ရင်းနှီးကျွမ်းဝင်သော မျက်နှာတိုင်းကို သူက မြင်လိုက်ရသည်။ အလွန်အမင်း ရင်းနှီးလွန်းသော မျက်နှာကိုလည်း မြင်လိုက်သေးသည်။
“ညီမလေးလား”
ဝမ်ချောင်က မျက်လုံးပြူးသွားပြီး မယုံနိုင်သလို ဖြစ်သွားကာ ကြီးမားသော သတ္ထုတူကြီး နှစ်လက်ကို လေထဲတွင် လွှဲယမ်းနေသည့် ပိန်ပါးသည့် ခန္ဓာကိုယ်ကို မြင်လိုက်သည်။ လွှဲယမ်းနေသော တူများက သူမ၏ သေးသွယ်သော ခန္ဓာကိုယ်ထက်ပင် ကြီးနေသေးသည်။
“ဘာတွေဖြစ်နေတာလဲ။ ဘာလို့သူက ရောက်လာတာလဲ”
ဝမ်ချောင်ကမူ သူ၏ညီမက ဒီနေရာတွင် ပေါ်လာမည့် အရေးကို လက်သင့်မခံနိုင်တော့ချေ။
သူမက ဝိညာဉ်သွေးကြောတောင်ပေါ်မှာ ရှိနေရမှာ မဟုတ်ဘူးလား။ သူ့ရဲ့ဆရာ မိစာ္ဆဧကရာဇ် အဘိုးကြီးမာန် စစ်ဆေးတာကို ခံနေသင့်တာလေ။
ဘယ်လိုဖြစ်ပြီး ဒီလိုအန္တရာယ်များတဲ့ တိုက်ပွဲနယ်မြေကို လာရတာလဲ။
“ဒီကောင်မလေးကတော့ လွန်သွားပြီ”
ဝမ်ချောင်၏ မျက်လုံးက ကျဉ်းမြောင်းသွားပြီးနောက် သူကကျိန်ဆဲလိုက်သည်။ သူ၏ညီမက နတ်ဘုရားတမျှ ပြင်းထန်သည့် ခွန်အားမျိုးဖြင့် မွေးဖွားလာသော်လည်း သူမက အလွန်ငယ်သေးသည်။ ဒီလိုတိုက်ပွဲနယ်မြေများက ဟာသမဟုတ်ချေ။
“လီစစ်ယဲ့ လူနည်းနည်းခေါ်ပြီး ငါ့ရဲ့နောက်ကိုလိုက်ခဲ့”
ဝမ်ချောင်က သူ၏မြင်းကို တစ်ချက်ကန်လိုက်ပြီးနောက် ချက်ချင်းလိုလို ခွာဖြူအရိပ်ကို အဝေးသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
အနောက်တောင်ပိုင်း၏ စစ်ပွဲက တည်ငြိမ်သွားလေပြီ။ ဒီတိုက်ပွဲကို မည်သည့်အချိန်ကမှ ပြောင်းလဲအောင် မလုပ်နိုင်တော့ချေ။ သာ့လွန်ရော့ကျန်းက ကောင်းကင်ကို အံ့တုနိုင်သော ခွန်အားရှိမည်လည်း မဟုတ်ချေ။ သံမဏိက ပူနေမှသာ ရိုက်၍ရသည်။ မာန်ရှဲ့ယွီစန်း စစ်တပ်ကို လိုက်ဖမ်းနေချိန်တွင် သူတို့တွင် မည်သည့် တိုက်ခိုက်နိုင်စွမ်းအားမျှ မရှိတော့ချေ။
“ငါ့ရဲ့အမိန့်ကို နာခံကြ။ သခင်လေးကို ကာကွယ်စမ်း”
တောင်ပေါ်မှ ဒုန်းစိုင်းပြန်ဆင်းလာသော အသံနှင့်အတူ လီစစ်ယဲ့က သူ၏တပ်ဖွဲ့နှင့် အတူပေါင်းကာ ဝမ်ချောင်ကို အားဖြည့်ပေးလာသည်။ သူအမိန့်ကို ကြားသည်နှင့် သူကချက်ချင်းလိုလို နောက်လှည့်ကာ ဝု့စ်သံမဏိမြင်းတပ်ကို ဦးဆောင်ကာ ဝမ်ချောင်၏ နောက်သို့လိုက်သည်။
ဝမ်ချောင်၏ဘေးသို့ ချက်ချင်းရောက်လာပြီးနောက် အခြားတစ်ဖက်မှ မြို့တော်မှ မရေမတွက်နိုင်အောင် များပြားသော ကလန်များ၏ စစ်သည်တော်များကို ဦးဆောင်လာသည့် ဦးလေးယဲ့၊ ဦးလေးကျောင်းနှင့် အခြားသော လူများကလည်း တိုက်ပွဲနယ်မြေသို့ ဝင်လာသည်။
“သခင်လေးချောင်က သာ့လွန်ရော့ကျန်းနဲ့ ခဲ့လော့ဖုန်းကိုတောင် ရှုံးအောင်လုပ်မယ်လို့ ငါမယုံကြည်နိုင်ဘူး”
“ငါတို့အနောက်တောင်ပိုင်းမှာ နိုင်သွားပြီ။ တကယ်နိုင်သွားပြီ”
“ချီတက်စမ်း ဒီအခွင့်အရေးကို လက်လွှတ်မခံနဲ့။ သခင်လေးချောင်ရဲ့ အင်အားစုနဲ့ပေါင်းပြီး တိဗက်တွေနဲ့ မာန်ရှဲ့ကျောင်းကို လိုက်သတ်ကြစမ်းပါ။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သူတို့တွေ မဟာထန်ကို ထပ်ပြီး ကျူးကျော်ဖို့ အခွင့်အရေးပေးလို့ မရဘူး”
“သတ် သခင်လေးကို ကူညီကြရအောင်”
အဝေးမှ တပ်ကူများကလည်း မာန်ရှဲ့ယွီစန်း စစ်တပ်ကို အမြစ်ဖြတ် ရှင်းလင်းပြီးကြောင်း မြင်သောအခါ အလွန်အားအင် တက်ကြွသွားကြသည်။ မာန်ရှဲ့ယွီစန်း စစ်တပ်က အားမနည်းချေ။ အထူးသဖြင့် ယွီစန်းစစ်တပ်ဖြစ်သည်။ သောင်းကျော်သော မြင်းတပ်က တစ်ချက် ချီတက်လာရုံဖြင့်ပင် သူတို့ကို ဖုန်ဖြစ်အောင် နင်းချေနိုင်စွမ်းရှိသည်။
အတိတ်တွင် သူတို့က ပထမဦးဆုံး ဆွေးနွေးခဲ့ကြပြီး ဒီတိုက်ပွဲတွင် မည်သို့ ဝင်ရောက်ကူညီပေးချင်ကြောင်း စဉ်းစားဆင်ခြင်ခဲ့ကြသည်။ သူတို့က မည်သည့်အချိန်တွင် ပေါ်လာသင့်ကြောင်း ရွေးချယ်ခဲ့ကြသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်နှင့် အန်းနန်အစိုးရစစ်တပ်ကို မည်သို့ကူညီပေးနိုင်မည် ဖြစ်ကြောင်းကိုလည်း တွေးတောခဲ့ကြသည်။
မည်သူကမျှလည်း သူတို့ရောက်လာသည့်အခါ ဒီလိုမြင်ကွင်းမျိုးကို မြင်ရမည်ဟု မထင်ထားကြချေ။
ဝမ်ချောင်နှင့် အန်းနန်အစိုးရစစ်တပ်က သောင်းကျော်သော အင်အားစုလေးနှင့်တင် သူတို့ထက် အဆပေါင်းများစွာ များပြားသော အင်အားစုကြီးကို အလဲထိုးနိုင်ခဲ့သည်။ ထို့ပြင် ယခုအချိန်က လိုက်သတ်နေသော အချိန်ဖြစ်နေသည်။
သူတို့ရောက်လာသော အချိန်တွင် အနောက်တောင်ပိုင်း၏ စစ်ပွဲက အဆုံးသတ်သွားလေပြီ။
မာန်ရှဲ့ယွီစန်း စစ်တပ်မှ အင်အားကြီး ပုဂ္ဂိုလ်များဖြစ်သည့် ဖိအားပေးနိုင်လွန်းသော သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်၊ ခဲ့လော့ဖုန်းတို့ကဲ့သို့သော သူမျိုးကို မဟာထန်က အနိုင်ယူလိုက်နိုင်သည်။ သူတို့အနေဖြင့် ကိုယ်တိုင်မြင်ရသောကြောင့်သာ မဟုတ်လျှင် မယုံနိုင်ကြလောက်ချေ။
“သခင်လေးချောင်က မူးမတ်ကျို့ရဲ့ ဆက်ခံသူမှန်း ပီသပါပေတယ်။ အားလုံးပဲ မြန်မြန် သခင်လေးချောင်ကို အထောက်အပံ့ ပေးကြစမ်း”
အကြီးအကဲယဲ့က စိတ်လှုပ်ရှားစွာ ရယ်နေလေရာ သူ၏မုတ်ဆိတ်မွှေးကပင် တသိမ့်သိမ့် တုန်နေလေပြီ။
ဝမ်ချောင်နှင့် အန်းနန်အစိုးရစစ်တပ်ကို မာန်ရှဲ့ယွီစန်း စစ်တပ်က ပိတ်ဆို့ထားကာ တိုက်ခိုက်နေသည်ဆိုသော လျို့ဝှက်ချက်က ပြဿနာ မဟုတ်တော့ချေ။ အကြီးအကဲယဲ့ကလည်း သူရောက်လာသော အချိန်တွင် မာန်ရှဲ့ယွီစန်း စစ်တပ်က လဲပြိုနေသော မြင်ကွင်းကို မြင်ရမည်ဟု မထင်ထားမိချေ။ သူတို့ယခင် ဆွေးနွေးထားသမျှကလည်း အလဟာသ ဖြစ်သွားသည်။ ဒီတစ်ကြိမ်တွင် သူတို့လိုအပ်သမျှက ထွက်ပြေးနှင့်ပြီး လူများကို လိုက်ဖမ်းရုံသာ ရှိတော့သည်။
ခြိမ်း
စစ်တပ်က တစ်ခုက ရှုံးနိမ့်သွားပြီးသားဖြစ်ပြီး မာန်ရှဲ့ယွီစန်း စစ်တပ်က ယခုအခါ လဲပြိုကျရုံသာ ကျန်တော့သည်။
“အကြီးအကဲယဲ့ အကြီးအကဲကျောင်း ဘာလို့ ရောက်လာကြတာလဲ”
တိုက်ပွဲနယ်မြေ၏ အစွန်းတစ်နေရာတွင် ဝမ်ချောင်က မျက်လုံးနီရဲလျှက် လီစစ်ယဲ့နှင့် အခြားသော ဝု့စ်သံမဏိ လက်နက်များကိုသုံးသော စစ်တပ်ရာကျော်ကို ဦးဆောင်ကာ အကြီးအကဲယဲ့နှင့် အကြီးအကဲကျောင်းထံ သွားသည်။
ထိုအကြီးအကဲနှစ်ယောက်က သူ၏အဘိုး၏ လက်အောက်ငယ်သားဟောင်းများ ဖြစ်ကြသည်။ ဝမ်ချောင်အနေဖြင့် သူတို့ကို ဒီနေရာတွင် မြင်ရမည်ဟု မထင်ထားမိချေ။
“ဟား ဟား ဒါကမူးမတ်ကျို့ရဲ့ အမိန့်ပါပဲ။ အနောက်တောင်ပိုင်းက စစ်ပွဲက အနောက်တောင်ပိုင်းက ပြည်သူသန်းကျော်ရဲ့ အသက်ကို စိုးရိမ်ပူပန်စေတယ်။ မူးမတ်ကျို့က ဒီကိစ္စကို စိတ်ထဲမထားဘဲ ဘယ်လိုနေမှာလဲ”
“သခင်လေးချောင် တကယ်ကို အရွယ်ရောက်လာပြီ။ မူးမတ်ကျို့ကသာ ဒီအခြေအနေကို သိသွားရင် သူတကယ်ကို စိတ်အေးရလောက်တယ်”
စစ်တပ်၏ အလယ်တွင် အကြီးအကဲယဲ့နှင့် အကြီးအကဲကျောင်းတို့က ဝမ်ချောင်ကိုကြည့်ပြီး ပို၍ သဘောကျသထက် သဘောကျလာသည်။ သူ၏တည်ရှိမှုကိုလည်း ပို၍ပင် အားပေးသထက် အားပေးချင်လာသည်။ မူးမတ်ကျို့အပြင် ဝမ်မျိုးဆက်မှ ထိုသို့သော ပါရမီမျိုးကို ထုတ်မပြနိုင်ခဲ့သည်မှာ ကြာလှချေပြီ။
မူးမတ်ကျို့ရဲ့ အကြီးဆုံးသား ဝမ်ကမ်းက ထိုအဆင့်သို့ မရောက်နိုင်ခဲ့ချေ။ ဒုတိယသား ဝမ်ရန်ကလည်း မရောက်နိုင်သေးချေ။ သူ၏မြေး ဝမ်လီ၊ ဝမ်ဖူနှင့် ဝမ်ပေ့တို့ကလည်း လိုအပ်နေကြသည်။ ယခုအခါ မမျှော်လင့်ထားသော အခြေအနေမျိုးတွင် မူလက လူဘော်ကျော့ သခင်လေးဟု ထင်ထားကြသော ဝမ်ချောင်က လူတိုင်း၏ အိမ်မက်နှင့် မျှော်လင့်ချက်များကို ဖြည့်ဆည်းပေးလိုက်နိုင်သည်။
ပို၍တိတိကျကျ ဆိုရသော် သူလုပ်လိုက်သော အခြေအနေမျိုးက လူတိုင်းမျှော်လင့်ထားခြင်းကိုပင် ကျော်လွန်နေပြီဖြစ်သည်။ မူးမတ်ကျို့ကပင် ဒီအသက်အရွယ် ရောက်သည်အထိ ထိုသို့ မလုပ်နိုင်ခဲ့ချေ။
“အို ဟုတ်သားပဲ အကြီးအကဲယဲ့ အကြီးအကဲကျောင်း ကျွန်တော်ရဲ့ ညီမလေးက ဘယ်မှာလဲ”
ဝမ်ချောင်က ချက်ချင်းလိုလို မေးလိုက်သည်။ သူ၏ညီမက ငယ်လွန်းသေးသည်။ တိုက်ပွဲနယ်မြေ၏ အခြေအနေက သူမနှင့် မသင့်တော်ချေ။ သူကသူမကို ပြန်ခေါ်သွားရပေမည်။
ထို့အပြင် သူမကသာ တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင် ဝမ်ချောင်အနေဖြင့် မြို့တော်မှ သူ၏အမေကို မည်သို့ ရှင်းပြရမည်ဖြစ်ကြောင်း မသိတော့ချေ။
“သခင်လေးယောင်အာ ဒီနေရာမှာတင် ရှိတာမဟုတ်လား”
အကြီးအကဲယဲ့ကလည်း ဝမ်ရှောင်းယောင်က ဒီနေရာမှာတင် ရှိနေကြောင်း ပြောပြရန် ခေါင်းလှည့်ကြည့်ပြီးမှ သူမကို မတွေ့ရတော့ချေ။
ဝမ်ချောင်၏ မျက်နှာကမူ ပျက်သွားသည်။
ထိုအကြီးအကဲနှစ်ယောက်၏ အမူအရာကို ကြည့်ရုံဖြင့်ပင် ဝမ်ချောင်ကလည်း သူ၏ညီမငယ်က သူနှင့်မတွေ့အောင် ပုန်းနေပြီဖြစ်ကြောင်း သိလိုက်သည်။ တောင်က ပြင်ကျယ်နှင့် ကွာခြားသည်။ မြင်နိုင်စွမ်းအားကလည်း အကန့်အသတ်ရှိသည်။ ဝမ်ချောင်ကပင် ဒီလိုအခြေအနေမျိုးတွင် စစ်သည်တော် အပြည့်အဝ ရှိနေလေရာ လူတစ်ယောက်ကို လိုက်ရှာရန် ခက်ခဲသည်။ အထူးသဖြင့် သူ၏ညီမက ရည်ရွယ်ချက်ရှိရှိဖြင့် ပုန်းနေခြင်းဖြစ်သည်။
“ဒီကောင်မလေးကတော့ လွန်သွားပြီ”
ဝမ်ချောင်က ဒေါသတကြီးအော်သည်။
အခန်း(၆၃၄)
တိဗက်များက ရှုံးသွားသည်။ မာန်ရှဲ့ကျောင်းကလည်း ရှုံးသွား၏။ အနောက်တောင်ပိုင်းမှ စစ်ပွဲတွင် မဝေခွဲနိုင်စရာ အကြောင်းတရားများ မရှိတော့ချေ။ မဟာထန်က လိုက်ဖမ်းမှုနှင့်အတူ မာန်ရှဲ့ကျောင်း၊ ယွီစန်းစစ်တပ်မှ တစ်သိန်းကိုးသောင်းမှ ကိုးသောင်းဝန်းကျင်အထိ အမြစ်ဖြတ် သုတ်သင်နိုင်ခဲ့သည်။ မာန်ရှဲ့ကျောင်း စစ်သားများက တစ်စုံတစ်ရာကို နားလည်သွားပြီး အရပ်မျက်နှာအနှံ့ခွဲကာ ပြေးကြသည်။
စစ်ပွဲက အပြည့်အဝ အဆုံးမသတ်သေးသော်လည်း တစ်နည်းမဟုတ် တစ်နည်း ဒီတိုင်းအရှုံးဖြင့် အဆုံးသတ်သွားမည်မှာ သေချာသည်။
သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က တိဗက်စစ်တပ်နှင့် တောင်ပေါ်ဒေသသို့ ထွက်ပြေးသွားချိန်တွင် သွမ့်ခဲ့ချွမ်ကမူ သတိမေ့နေသော ခဲ့လော့ဖုန်းနှင့်အတူ အ့ဟိုင်ရှိရာဘက်သို့ ပြေးသည်။ မာန်ရှဲ့ကျောင်း၏ အ့ဟိုင်မှ မဟာဗိုလ်ချုပ်ကမူ သူ၏နောက်မှ တိုက်ပွဲကို မေ့နေခဲ့ဟန်တူသည်။ သူကရုအစိုက်ဆုံးက ခဲ့လော့ဖုန်းသာ ဖြစ်သည်။
သွမ့်ခဲ့ချွမ်က မရပ်တန့်ရဲချေ။ သူက မဟာထန်များကို အခြေအနေကို ပြောင်းလဲမည့် အခွင့်အရေးမျိုး မပေးချင်ချေ။
မာန်ရှဲ့ကျောင်းနှင့် ယွီစန်း၏ မဟာဗိုလ်ချုပ်များ မရှိတော့သောအခါ ကျန်သည့်သူများက ပေါင်းပင်များလိုပင် အရပ်မျက်နှာအနှံ့ ထွက်ပြေးကြရသည်။ သူတို့၏ သတ္တိများကလည်း အက်ကွဲကုန်သည်။
တစ်နာရီခန့် ကြာပြီးနောက် အဆုံးသတ်သွားသည်။ ဝမ်ချောင်၊ လီစစ်ယဲ့၊ အကြီးအကဲယဲ့၊ အကြီးအကဲဟူ၊ သိန်းငှက်အိုကြီး၊ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ အားလုံးက တောင်ပေါ်တွင် ပြန်လည်စုဝေးနေကြသည်။
“ဝူး ဟူး ဟူး ဟူး”
လူတိုင်းက တောင်ပေါ်သို့ ပြန်မရောက်ခင် ဝမ်ချောင်က အော်ငိုသံများကို ကြားရသည်။ အသံက ငယ်ရွယ်ပြီး ရင်းနှီးကျွမ်းဝင်လွန်းသည်။
“ကောင်မလေး မင်းကိုဘယ်သူက ဒီနေရာကို လာခိုင်းလဲ”
“မင်းက ဘယ်နှစ်နှစ် ရှိသေးလို့လဲ။ တိုက်ပွဲနယ်မြေကိုလာပြီး တိုက်ခိုက်တာကို သင်ချင်တယ်ဟုတ်လား။ မင်းဘာများ တွေးနေတာလဲ”
“မင်းကိုဘယ်သူက ဒီသတ္ထုတူတွေ ပေးလိုက်တာလဲ။ အနာဂတ်မှာ ဒီတူတွေကို မကိုင်ရဘူးကြားလား”
ဝေးနေသည့်တိုင်အောင် ဝမ်ချောင်အနေဖြင့် သူ၏ဖခင် ဝမ်ရန်က သွန်သင်ဆုံးမနေသော အသံများကို ကြားရသည်။ ခေါင်းမော့လိုက်သောအခါ ဝမ်ချောင်က အသက် ၁၂နှစ်၊ ၁၃နှစ်အရွယ်ရှိမည့် သံချပ်ကာကို ဝတ်ဆင်ထားပြီး နှစ်ဖက်ခွဲကာ ဆံထုုံးထုံးထားသော ကောင်မလေးကို မြင်လိုက်ရသည်။ သူမက လက်ရှိအချိန်တွင် ဝမ်ရန်နှင့် သူ၏အစ်ကိုကြီး ဝမ်ဖူ၏အရှေ့တွင် ရပ်လျှက်ငိုနေသည်။
ဘေးဘက်တွင် ဝမ်ဖူက တည်ငြိမ်စွာဖြင့် ဝင်ကာအကြံပေးနေသည်။
“ညီမလေး အစ်ကိုကြီးရဲ့ စကားကို နားထောင်ပါ။ ဒီလိုနေရာမျိုးကို မလာသင့်ဘူး”
ထိုညီမလေးက ဝမ်ရှောင်ယောင်ဖြစ်ပြီး လက်ရှိအချိန်တွင် ဝမ်ရန်နှင့် ဝမ်ဖူတို့၏ ဆုံးမခြင်းကို ခံနေရသည်။
“အဖေ အစ်ကိုကြီး သမီးကလာပြီး ကူညီရုံပါ။ သမီးက အရမ်းအင်အားကြီးတာပဲ။ ဆရာကတောင်မှ သမီးကို ချီးကျူးတာ”
ဝမ်ရှောင်ယောင်က နှုတ်ခမ်းကို ဖွင့်လျှက်ညဉ်းသည်။
“မင်းကပြန်ပြောရဲသေးတယ်ပေါ့”
ဝမ်ရန်၏မျက်နှာက ဒေါသကြောင်း ဖြူစုတ်လာသည်။ သူမ၏ဖခင်က ဒေါသထွက်နေကြောင်း မြင်သောအခါ ဝမ်ရှောင်ယောင်က ပါးစပ်ပိတ်လိုက်သည်။
“မင်းက ဆက်တိုက်ပြေးနေချင်မှတော့လည်း ဒီတစ်ကြိမ်မှာ ခက်ခဲကြမ်းတမ်းမှု နည်းနည်းလောက် ခံစားခွင့် ပြုရမှာပေါ့”
ဝမ်ချောင်ကမူ သူ၏ညီမငယ်၏ သနားစရာ အခြေအနေကို လှမ်းကြည့်ပြီး စိတ်ထဲတွင် ရယ်နေမိသည်။ ထိုသို့ဖြင့် သူက ခွာဖြူအရိပ်ကို ဖြေးညှင်းစွာစီးလျှက် တောင်ပေါ်သို့ တက်သည်။ ထိုခေါင်းမာသော ကောင်မလေးက သူ့ကိုမြင်သည်နှင့် အမြဲတစေ ပတ်ပြေးနေလေ့ရှိသည်။ သူ၏ဖခင်နှင့် အစ်ကိုကြီးက မရှိလျှင်ပင် ဝမ်ချောင်က သူမကို သင်ခန်းစာကောင်းကောင်း ပေးရမည်ဖြစ်သည်။
ယခုအခါက အကောင်းဆုံး အချိန်ဖြစ်သည်။ ထိုတဇွတ်ထိုးနိုင်သော ကောင်မလေးက ခက်ခဲကြမ်းတမ်းမှုတွေကို ခံစားရရန် လိုအပ်သည်။
“ညီမလေး”
ဝမ်ချောင်က သူ့ကိုယ်သူ အောင်မြင်စွာဖြင့် ဖိနှိပ်နိုင်ခဲ့သော်လည်း သိန်းငှက်အိုကြီးကမူ အဆူခံနေရသော ဝမ်ရှောင်ယောင်ကို မြင်သောအခါ မနေနိုင်ဘဲ လှမ်းအော်လိုက်သည်။ ထိုအသံကို ကြားသောအခါ ဝမ်ရှောင်ယောင်၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီးနောက် လှည့်ကြည့်လာသည်။
မျက်ရည်များ စိုရွှဲနေသော ဝမ်ရှောင်ယောင်က ဝမ်ချောင်ကို မြင်လိုက်သည်နှင့် ကျောထဲစိမ့်တက်သွားသည်။ သူမက ချက်ချင်းလိုလို ပြေးလာကာ ခွာဖြူအရိပ်ကို လှမ်းဖက်ပြီး ငိုလျှက်တိုင်သည်။
“အစ်ကိုသုံး အဖေနဲ့ အစ်ကိုကြီးတို့က ညီမကို ဆူနေကြတယ်။ မြန်မြန်ကူပြီး ပြောပေးပါဦး”
“မင်းရဲ့အစ်ကိုသုံးဆီက အကူအညီတောင်းလည်း အလကားပဲ။ ဒီနေရာမှာ ဘယ်သူကမှ မင်းရဲ့ကိုယ်စား ဝင်ပြောပေးပိုင်ခွင့် မရှိဘူး”
ဝမ်ရန်က အလွန်ဒေါသထွက်နေသည်။ ဝမ်ရှောင်ယောင်က သူ၏နှလုံးသားထဲတွင် ရှိနေသော ဒေါသ၏ အဆင့်ကိုလည်း မြင်နိုင်လေရာ သီးမတက်ဖြစ်သွားသည်။
ဝမ်ကလန်တွင် အမတ်များ၊ ဗိုလ်ချုပ်များဖြင့် ပြည့်နေသည်။ ဝမ်ရှောင်ယောင်က သမီးလေးဖြစ်ပြီး ၁၂နှစ်သာ ရှိသေးသည်။ သူမက ယောက်ျားလေးများထံမှ တိုက်ခိုက်ရေးကို သင်ကြားချင်ပြီး တိုက်ပွဲနယ်မြေတွင် လာရောက်သတ်ဖြတ် ချင်နေသေးသည်။
ဒီကောင်မလေးက ဘယ်လိုလူမျိုး ဖြစ်ချင်နေတာလဲ။
ဝမ်ရန်က မိသားစု ထုံးတမ်းစဉ်လာအတိုင်း ကြီးပြင်းလာသူဖြစ်ပြီး ဒီလိုအခြေအနေမျိုးကို လက်သင့်မခံနိုင်ချေ။
“ဆရာက သမီးကိုလာခိုင်းတာ။ သမီးက ကူညီနိုင်တယ်လို့ပြောတယ်”
ဝမ်ရှောင်ယောင်က အစ်ကိုသုံးကို မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာလေးက သနားစရာ ကောင်းနေပြီး အပြစ်ကင်းစင်လွန်းကာ အလွန်အမင်း စိတ်ထိခိုက်နေဟန်လည်း ရသည်။
“ငြင်းမနေနဲ့တော့”
ဝမ်ရန်က ဒေါသထွက်နေသေးသည်။ ဝမ်ချောင်ကမူ ထိုရှင်းပြချက်ကြောင့် ခံစားသွားရပြီး အတွေးနက်သွားသည်။ အခြားသူများက မသိလောက်သော်လည်း ဝမ်ချောင်ကမူ သူ၏ညီမငယ်လေး၏ ဆရာကလည်း သူ၏ဆရာဖြစ်သော မိစာ္ဆဧကရာဇ် လူအိုကြီးမာန်ဖြစ်ကြောင်း သိနေသည်။
ဝမ်ချောင်က မျက်မှောင်ကျုံ့လျှက် ညီမဖြစ်သူကိုမေးသည်။
“ဆရာက ညီမလေးကို လာခိုင်းတာလား”
“ဟုတ်တယ် မဟုတ်ရင် သူကညီမကို လွှတ်ပေးမယ်လို့ ထင်လို့လား”
ဝမ်ရှောင်ယောင်က သူ့ကိုကြည့်လျှက် မတရားခံရသော ပုံစံလေးဖြင့် ဆက်ပြောသည်။
ဝမ်ချောင်က သူမကိုကြည့်ပြီးနောက် ဆက်တွေးသည်။ သူ၏ညီမငယ်က လိမ်နေသည်နှင့် မတူချေ။ သူ၏ဆရာ၏ စွမ်းရည်အရ သူမကိုသာ မလွှတ်ချင်လျှင် သူမက မည်သည့်နည်းနှင့်မျှ ထွက်ပြေးလာနိုင်မည်လည်း မဟုတ်ချေ။ ကောင်းကင်ဘုံသို့ တက်မည်ဆိုလျှင်လည်း လွတ်မည်မဟုတ်ချေ။
ဝမ်ချောင်က ခေါင်းကိုလှည့်ပြီးနောက် အဖြေကိုပြောလိုက်သည်။
“အဖေ ဒီကိစ္စကို ထားလိုက်ပါ။ ညီမလေးက ငယ်သေးတာပဲ။ အနာဂတ်မှာ ကျွန်တော် စောင့်ကြည့်လိုက်ပါ့မယ်”
ထူးဆန်းစွာဖြင့်ပင် ဝမ်ချောင်က ပြောလိုက်သည်နှင့် ဝမ်ရန်၏ ပေါက်ကွဲနေသော ဒေါသများက ရုတ်တရက် ငြိမ်းသွားသည်။ သူ၏အသားအရောင်က ထိုစကားကို လက်ခံသလိုမျိုး ပြန်လည်ငြိမ်သက်သွားသည်။ အချိန်တစ်ခု ကြာပြီးသည်နှင့် သူ၏ဒေါသ ခုနှစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က ငြိမ်းသေသွားသည်။
“မင်းရဲ့အစ်ကိုသုံးအတွက်ကြောင့် ဒီတစ်ကြိမ် ဒီအဖေက ခွင့်လွှတ်ပေးလိုက်မယ်။ ဒါပေမဲ့ နောက်တစ်ကြိမ် ထပ်ဖြစ်လို့ကတော့ အဲ့ဒီခြေထောက်တွေကို ရိုက်ချိုးရမယ်”
ဝမ်ရန်က အေးခဲနေသော ရေခဲလွှာတစ်ခုအလား အေးစက်တင်းမာနေသည်။
ထိုစကားများကို ကြားသောအခါ ဝမ်ရှောင်ယောင်က ခေါင်းမော့လျှက် အဖေကိုကြည့်လိုက် အစ်ကိုသုံးကိုကြည့်လိုက် လုပ်သည်။ သူမကလည်း မှင်သက်နေသည်နှင့်တူသည်။
သူမ၏ဖခင်က ထိုသို့ လိုလိုလားလား လက်ခံသော အခြေအနေမျိုးကို မကြုံဖူးသလို အစ်ကိုသုံး၏ စကားများကလည်း ထိုမျှသက်ရောက်မှုရှိကြောင်း မမြင်ဖူးချေ။
“ညီမလေး ဒါမျိုးထပ်မလုပ်နဲ့တော့ လာ မြန်မြန်လာ သွားရအောင်”
ဝမ်ချောင်က လက်ကိုယမ်းပြီးနောက် လှမ်းခေါ်သည်။ သူ၏မျက်နှာ အမူအရာကလည်း ပိုကောင်းသွားသည်။
ဝမ်ချောင်ယောင်၏ အံ့အားသင့်မှုက ပိုဆိုးလာသည်။ သူမအနေဖြင့် ဒီလိုအခြေအနေမျိုးကို တွေ့မိခြင်းက ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ သူမက ချမ်းသာခွင့်ပေးရန် အသနားခံနေရသော ရာဇဝတ်သားတစ်ယောက်လို အဆူခံနေရသည်မှာ ကြာလှချေပြီ။ သို့သော် ယခုမူ ချက်ချင်းလိုလို လွတ်ငြိမ်းခွင့် ရသွားသည်။ မကျေမနပ် တစ်ချက် ရေရွတ်လိုက်ပြီးနောက် သူမက ထွက်သွားသည်။
ညီမဖြစ်သူက ထွက်သွားမှသာ ဝမ်ချောင်က မြင်းပေါ်မှဆင်းပြီး ဝမ်ရန်၏အနားသို့ အလျင်စလိုသွားသည်။
“အဖေ အဖေ့ရဲ့ဒဏ်ရာတွေ ဘယ်လိုနေလဲ”
“လူတစ်ယောက်ကို သတ်ချင်ရင် မြင်းကိုအရင်သတ်ရမယ်။ နောက်မှ ကျန်တာတွေကို ကိုင်တွယ်ရတယ်။ ပထမဦးဆုံး သူတို့ရဲ့ဘုရင်ကို ဖမ်းရတယ်”
ခဲ့လော့ဖုန်းကို ခြုံခိုတိုက်ခိုက်သော အကြံအစည်က ဝမ်ချောင်၏ အကြံအစည်ဖြစ်ပြီး အောင်မြင်ခဲ့ပြီး သို့သော် ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က တန်ကြေးတစ်ခု ပေးဆပ်ခဲ့ရသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် သွမ့်ခဲ့ချွမ်တို့ကလည်း သူတို့၏ ပြိုင်ဘက်များကို နောက်ဆုံး ပြင်းပြင်းထန်ထန် တစ်ချက်တိုက်ခိုက်ခဲ့ကြသေးသည်။
“အဆင်ပြေပါတယ် အရေးကြီးဆုံးကိစ္စက အဖေတို့ အနောက်တောင်ပိုင်းက စစ်ပွဲကို နိုင်သွားတာပဲ”
ဝမ်ရန်က ပြောသည်။ သူ၏မျက်နှာက အနည်းငယ် ဖြူဖျော့နေသော်လည်း သူ၏မျက်နှာ အမူအရာက ကောင်းမွန်နေသေးသည်။
အရှိန်အဟုန်မြှင့် မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါက လူပေါင်းများစွာ၏ ခွန်အားကို စုစည်းထားခြင်းဖြစ်သည်။ ထို့ကြောင့်သူက ဒဏ်ရာရသောအခါ ဝင်္ကပါထဲတွင် ရှိနေသော အခြားသူများထံသို့လည်း ဒဏ်ရာအနည်းငယ် ရရှိသွားစေခဲ့သည်။ ထို့ကြောင့် ဝမ်ရန်၏ ဒဏ်ရာက ခြုံကြည့်ရသော် အလွန်ပြင်းထန်ခြင်း မရှိချေ။ သို့သော် အချိန်တစ်ခုကြာအောင် ကုသရဦးမည်မှာလည်း သေချာနေသည်။
ထိုသတင်းရမှသာ ဝမ်ချောင်က စိတ်အေးသွားသလို သက်ပြင်းရှည်ကြီးကိုချသည်။
“သိန်းငှက်အိုကြီး”
ဝမ်ရန်၏အကြည့်က ဝမ်ချောင်ထံမှတဆင့် သိန်းငှက်အိုကြီး၏ ကိုယ်ပေါ်သို့ ရောက်သွားသည်။
ထိုစကားလုံးက ရုတ်တရက် ထွက်လာခြင်းဖြစ်လေရာ ဝမ်ချောင်နှင့် သိန်းငှက်အိုကြီးတို့ပင် အံ့သြသွားသည်။ သိန်းငှက်အိုကြီးက ဝမ်ချောင်၏ ဘေးနားတွင် ရပ်နေသည်မှာ ကြာလှချေပြီ။ သို့သော် ဝမ်ရန်က ပထမဦးဆုံးအကြိမ် သူ၏နာမည်ကို ခေါ်လိုက်သည်။
“ဟုတ်ကဲ့သခင်”
နဂိုအတိုင်း အကြည့်ပြန်ရွှေ့ပြီးနောက် သိန်းငှက်အိုကြီးက လျှင်မြန်စွာဖြင့် ရှေ့သို့လှမ်းတက်လိုက်ကာ ဝမ်ချောင်၏ ဖခင်ကို တရိုတသေ ဂါရဝပြုလိုက်သည်။
“မင်းက သိန်းငှက်တွေကို လေ့ကျင့်ပေးရာမှာ ကျွမ်းကျင်တယ်။ အခြားငှက်တွေကိုလည်း သတင်းပို့ခိုင်းလို့ ရတယ်ဆိုတာ မှန်လား”
ဝမ်ရန်ကမေးသည်။
“ဟုတ်ကဲ့သခင် သခင်အမိန့်ပေးချင်တာ ရှိလို့ပါလား”
သိန်းငှက်အိုကြီးက လေးစားစွာ မေးလိုက်သည်။
“အနောက်တောင်ပိုင်းက စစ်ပွဲက အဆုံးသတ်သွားပြီ။ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းက ရှုံးသွားတယ်။ လုံလောက်တဲ့ ရိက္ခာတွေမရှိဘဲ သူတို့ပြန်လည် တိုက်ခိုက်နိုင်ဖို့ ခက်ခဲလိမ့်မယ်။ တော်ဝင်ခုံရုံးက ငါတို့ဆီက သတင်းကို စောင့်နေကြတုန်းပဲ။ မင်းရဲ့ငှက်တွေကိုသုံးပြီး မြို့တော်ကို အမြန်ဆုံး သတင်းပို့လိုက်ပါ။ အဲ့ဒီအမတ်တွေက အတော်စိုးရိမ်နေကြလိမ့်မယ်”
ဝမ်ရန်က တင်းမာစွာပြောသည်။ သူ၏ဘေးမှ လူတိုင်းက စတင်တုန့်ပြန်လာကြသည်။
“ဟုတ်သားပဲ အနောက်တောင်ပိုင်းရဲ့ စစ်ပွဲက အရာအားလုံးရဲ့ အစပဲ။ ဒီတော့ လူပေါင်းများစွာက စောင့်ကြည့်နေကြတာ။ အထူးသဖြင့် ဒီလိုအခြေအနေမျိုးမှာ ဒီသတင်းက အလိုအပ်ဆုံးပဲ”
အနောက်တောင်ပိုင်းက စစ်ပွဲတွင် အနိုင်ရသွားသည်ဆိုသော သတင်းက မဟာထန်ကို ကျူးကျော်ရန် ချောင်းနေကြသော တိုင်းတစ်ပါးသား အင်အားစုများကို ကိုင်တွယ်ရာတွင် အသုံးဝင်ပေလိမ့်မည်။ ထိုသတင်းက သူတို့၏ပန်းတိုင်ကို လှုပ်ခါနိုင်သည်။
“မှန်တယ် ငါတို့တွေ ဒီသတင်းကို အမြန်ဆုံး ဖြန့်ရမယ်။ ဒါ့အပြင် ဘုရင်စုန့်ဦးဆောင်တဲ့ တပ်ဖွဲ့က မြို့တော်က ထွက်သွားခဲ့ပြီ။ သူကဒီသတင်းကိုရရင် သေချာပေါက် အားအင်တက်ကြွသွားလိမ့်မယ်”
“အနောက်တောင်ပိုင်းကို တပ်ကူပို့ဖို့အတွက် ဘုရင်စုန့်က အထောက်အပံ့တွေ အများကြီးကို ထုတ်သုံးခဲ့ရတာ။ နောက်ပြီး အများကြီးလည်း ရင်းနှီးထားရတာ။ ဒီသတင်းက သူတို့အတွက် တကယ်သက်ရောက်မှု ရှိလိမ့်မယ်”
အကြီးအကဲယဲ့နှင့် အကြီးအကဲဟူတို့က သဘောတူသည်။ သူတို့က ကိုယ်ပိုင်အမည်များကို ထည့်ပြောလာသည်။
“ဘုရင်စုန့် ဟုတ်လား”
ထိုစကားများက ဝမ်ချောင်ကိုပင် အံ့သြသွားစေခဲ့သည်။ သူက အကြီးအကဲ နှစ်ယောက်ထံမှ မည်သည့်သတင်းကိုမျှ မကြားရသေးချေ။
“သခင်လေးချောင် အနောက်တောင်ပိုင်းက စစ်ပွဲက ဖြစ်ပွားနေခဲ့တာ ကြာပါပြီ တော်ဝင်ခုံရုံးက ဘာလို့ တပ်ကူတွေ မရောက်လာလည်းလို့ သခင်လေး မတွေးမိဘူးလား”
အကြီးအကဲယဲ့က ဝမ်ချောင်ကို ခါးသီးစွာ ပြုံးပြသည်။
“ကျွန်တော်တို့ မြို့တော်က လူတွေကလည်း အင်ပါယာရဲ့ အနောက်တောင်ပိုင်းက ဘေးအန္တရာယ် ရောက်နေတယ်ဆိုတာကိုသိပြီး ရှေ့ပြေးတပ်တွေ စေလွှတ်ဖို့ စီစဉ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့က စစ်သည်တော်တွေ မဟုတ်ကြလို့ ကန့်သတ်ချက် အများကြီး ရှိမနေဘူး။ ဒါပေမဲ့ မထွက်ခွာခင်မှာ ဘုရင်စုန့်က သဘောတူညီမှုတစ်ခု လုပ်ခဲ့တာကို သိခဲ့ရတယ်။ ဒါကြောင့် ကျွန်တော်တို့က အနောက်တောင်ပိုင်းကို တပ်ကူအဖြစ် ရောက်လာတဲ့အချိန်မှာ ဘုရင်စုန့်ကတော့ ကျွန်တော်တို့ရဲ့ နောက်ကနေ အဓိကစစ်တပ်ကို ဦးဆောင်ပြီး လာလိမ့်မယ်”
အကြီးအကဲယဲ့နှင့် အကြီးအကဲဟူက ရှင်းပြသည်။
အနောက်တောင်ပိုင်းမှ စစ်ပွဲက တိုင်းပြည်သုံးခုလုံးနှင့် သက်ဆိုင်နေပြီး ပြည်သူတစ်သန်းကျော်၏ အသက်လည်း ပါဝင်နေသည်။ ထို့ကြောင့် ခုံရုံး၏ အတွင်းအပြင်မှ လူတိုင်းက ဒီစစ်ပွဲကို အလွန်အာရုံစိုက်နေကြသည်။ ထို့ကြောင့် လှုပ်ရှားမှုမရှိရန် ခက်ခဲသည်။
“ဒါပေမဲ့ သခင်လေးချောင်က ဒီလောက်လုပ်နိုင်စွမ်းအားရှိပြီး ကျွန်တော်တို့က မရောက်ရင် မာန်ရှဲ့ယွီစန်း စစ်တပ်ကို အလဲထိုးနိုင်ခဲ့မယ်လို့ မထင်ထားဘူး”
အကြီးအကဲနှစ်ယောက်က ခါးသီးစွာ ပြုံးပြသည်။
ထိုအခြေအနေထိ တွေးကြည့်မိသော် ထိုနှစ်ယောက်လုံးက ယခုအခြေအနေထိ မယုံကြည်နိုင်သေးချေ။ အိမ်မက်ကဲ့သို့ပင် ခံစားနေရသည်။ အရေအတွက် ကွာခြားချက်က ကြီးမားလွန်းသည်။ ပြိုင်ဘက်က သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကဲ့သို့သော ပုဂ္ဂိုလ်မျိုးပင် ပါဝင်နေသည်။ သို့သော် ဝမ်ချောင်ကမူ သူတို့ကို အလဲထိုး အနိုင်ယူနိုင်ခဲ့သည်။ သူတို့ကိုယ်တိုင် မြင်ခဲ့ရသောကြောင့်သာ မဟုတ်လျှင် သူတို့ကို ဒီအထိရောက်ခဲ့ရန်ပင် ယုံရန်ခက်ခဲသည်။
“အကြီးအကဲယဲ့ အကြီးအကဲဟူ ခင်ဗျားတို့က ကျွန်တော့်ကို ချီးကျူးနေကြတာပဲ”
ထိုသို့ပြောပြီးနောက် ဝမ်ချောင်က သိန်းငှက်အိုကြီးကို လှည့်ကြည့်လိုက်သည်။
“သိန်းငှက်အိုကြီး ခင်ဗျားကြားလား”
“ဟုတ်ကဲ့သခင်လေး”
သိန်းငှက်အိုကြီးက ခေါင်းညိမ့်သည်။
ထို့နောက် တခဏခန့် ကြာပြီးနောက် တောင်ထိပ်မှ တဖြတ်ဖြတ် ခတ်သံများကို ကြားရသည်။ သတင်းသယ်ထားသော ပင်ဂွင်း၊ သိန်းငှက်နှင့် အခြားသောငှက်များက မြို့တော်ထံ ထွက်ခွာသွားကြပြီး လျှင်မြန်စွာဖြင့် ကောင်းကင်တွင် ပျောက်ကွယ်သွားကြသည်။ ထိုရက်က တစ်လောကလုံးကို မှင်သက်စေသော ရက်ဖြစ်ခဲ့သည်။
စစ်ပွဲက ပြီးဆုံးသွားသည်။ သို့သော် အနောက်တောင်ပိုင်းမှ အခြေအနေကမူ ငြိမ်သက်ရန် ဝေးကွာလွန်းနေသည်။ များစွာသော စစ်သားများက ရှုံးသွားသော မာန်ရှဲ့ယွီစန်း စစ်တပ်ကို အလဲထိုးရန် လိုက်နေကြသေးပြီး အင်ပါယာ၏ အနောက်တောင်ပိုင်းတွင်လည်း စိုးရိမ်စရာ အခြားသော ကိစ္စများစွာ ရှိနေကြသေးလေရာ ဝမ်ချောင်တို့အနေနှင့် ဆွေးနွေးရန် လိုအပ်နေသည်။
“ဘုရင်စုန့်က အခုအချိန်ထိ မရောက်သေးဘူး။ ဒီတော့ သူမရောက်လာခင်မှာ အနောက်တောင်ပိုင်းကို မာန်ရှဲ့ကျောင်းနဲ့ယွီစန်းတို့က ဆက်လက်ပြီး မတိုက်ခိုက်လာဖို့ စောင့်ကြပ်ကာကွယ်ထားဖို့ လိုအပ်တယ်။ အန်းနန်အစိုးရစစ်တပ်က ပုံမှန်ရှိသင့်တဲ့ အရေအတွက်ထက် ပမာဏ အရမ်းနည်းနေတယ်”
“မဖြစ်နိုင်ဘူး တောင်ပေါ်ဒေသက တိဗက်တွေက တောင်ပေါ်ကို ပြေးသွားကြပြီ။ တိဗက်ရဲ့ တောင်ပေါ်ကိုလည်း သခင်လေးက ကပ်ဘေးပို့ထားတယ်။ မာန်ရှဲ့ကျောင်းရဲ့ ရိက္ခာတွေကိုလည်း သခင်လေးက မီးရှို့ထားပြီးပြီ။ ဒီလိုလုံလောက်တဲ့ ရိက္ခာတွေမရှိဘဲ သူတို့က ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ”
“ယွီစန်းမှာ အင်အားက ရှိနေတုန်းပဲ။ သာ့လွန်ရော့ကျန်းက အနည်းဆုံး မြင်းတပ်တစ်သောင်းကျော် ပိုင်ဆိုင်နေသေးတယ် ဆိုတာကို မမေ့နဲ့။ အရေအတွက် တစ်သောင်းကျော်အောက်က မြင်းတပ်က မလုံလောက် လောက်ဘူး။ တစ်သောင်းကျော်သွားရင်တော့ ပြိုင်ဘက်ကင်းသွားလိမ့်မယ်။ ဒီလိုမြေပြန့် နေရာမျိုးမှာ သူတို့နဲ့ ပက်ပင်းကြုံရင် ဘယ်လိုတိုက်ခိုက်ကြမှာလဲ။ သာ့လွန်ရော့ကျန်းက ကျန်းချုံကျန့်ချုံးလို အင်ပါယာရဲ့ကျားလို့ အမည်တပ်ခံရတဲ့ လူမျိုးနဲ့ယှဉ်နိုင်တယ်ဆိုတာကို မမေ့နဲ့”
“ငါတို့မှာ သခင်လေးရှိတာကို မေ့သွားတာလား။ သာ့လွန်ရော့ကျန်းက သခင်လေးကို သူ့ရဲ့စစ်သည် ငါးသိန်းနဲ့တောင် မနိုင်တာ ဘယ်လိုနိုင်မှာလဲ”
တောင်ထိပ်တွင် အန်းနန်အစိုးရစစ်တပ်မှ ရာထူးမြင့် ဗိုလ်ချုပ်ကြီးတ်ိုင်းက စုစည်းရောက်ရှိနေကြသည်။ စွန်းလျိုယွဲ့၊ လော့ကျီး၊ လင်းဝူရှို့၊ ကျောင်းဟုန်နှင့် ကျောင်းဝူကျန်းတို့ အားလုံးကလည်း ရှိနေကြသည်။ လူတိုင်းက အကြိမ်အနယ် အပြင်းအထန် ဆွေးနွေးငြင်းခုံနေကြသည်။
အခန်း(၆၃၅)
အနောက်တောင်ပိုင်းမှ စစ်ပွဲက အဆုံးသတ်သွားသော်လည်း တက်စွမ်းရှိသမျှ အစီအစဉ်များ ကြိုတင်ချမှတ်ထားရန် လိုအပ်နေသေးလေသည်။ သို့သော် ဝမ်ချောင်အကြောင်း ထည့်ပြောသောအခါ တောင်ထိပ်ရှိ လူတိုင်းက သူ့ကိုသာ လှည့်ကြည့်မိကြတော့သည်။ အနောက်တောင်ပိုင်းမှာ မငြိမ်မသက် ဖြစ်နေသေးသည်။ သွမ့်ခဲ့ချွမ်နှင့် သာ့လွန်ရော့ကျန်းတို့၏ အန္တရာယ်ကလည်း ရှိနေသေးသည်။
လူတစ်ယောက်ကသာ အနောက်တောင်ပိုင်းကို တည်ငြိမ်အောင် လုပ်နိုင်ပြီး လူတိုင်း၏ နှလုံးသားထဲရှိ ပူပန်မှုများကိုလည်း ငြိမ်သက်စေနိုင်ပြီး မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့ တချိန်ထဲတွင် အလဲထိုးနိုင်သောလူ ရှိနေခဲ့မည်ဆိုလျှင် ထိုလူက ဝမ်ရန် သို့မဟုတ် ရှန်ယွီကျုံ့ထုံးလည်း မဟုတ်ဘဲ (၁၇)နှစ်သာလျှင် ရှိသေးသော ဝမ်ချောင်ဟု ဆိုရပေမည်။ ဝမ်ရန်ပင်ဖြစ်စေ ရှန်ယွီကျုံ့ထုံးပင်ဖြစ်စေ ထိုအချက်ကို မငြင်းနိုင်ချေ။
“ဗိုလ်ချုပ်ကြီးတို့ ခင်ဗျားတို့အားလုံး ယဉ်ကျေးလွန်းနေပါပြီ”
ဝမ်ချောင်က မျက်လုံးပြူးသွားသည်။ သူက လူအုပ်၏ အစွန်းနားလေးမှသာ ထိုင်ကာ နားထောင်နေခြင်းဖြစ်သည်။ သို့သော် တိုက်ပွဲ၏ မီးတောက်က သူ့ကို လာလောင်မည်ဟု မထင်ထားမိချေ။ သူ၏အဝတ်ထိ ရောက်လာမည်ဟု မထင်ထားမိချေ။
“ဒါပေမဲ့ ခင်ဗျားတို့အားလုံး စိတ်အေးအေးထားကြပါ။ အရှင်ဘုရင်စုန့် မရောက်ခင်အထိ ကျွန်တော် ဒီနေရာက ထွက်မသွားသေးပါဘူး”
လူတိုင်း၏ မျှော်လင့်ချက်အပြည့် ရှိနေသော မျက်ဝန်းများ၏အောက်တွင် ဝမ်ချောင်က သူဟာ ထိုလူများ၏ စိတ်ထဲတွင် အလွန်မြင့်သော အဆင့်တစ်ခုထိ ရောက်နေပြီဖြစ်ကြောင်း ရုတ်တရက် နားလည်လိုက်သည်။ သူတို့က သူ့ကို အနောက်တောင်ပိုင်းမှ ထောက်တိုင်တစ်ခုအဖြစ် ဆက်ဆံနေကြသည်။
“အံ့သြစရာ ကောင်းလိုက်တာ။ သခင်လေး ဒီမှာရှိရင်ရပြီ”
ဝမ်ချောင်၏ စကားကိုကြားသော ဗိုလ်ချုပ်ကြီးတိုင်းက ပျော်ရွှင်သွားကြသည်။ ဗိုလ်ချုပ်တစ်ယောက်ဆိုလျှင် စိတ်လှုပ်ရှားစွာ အော်ဟစ်သေးသည်။
ဝမ်ချောင်က တစ်စုံတစ်ရာကို ပြောတော့မည့်အချိန်တွင် ရုတ်တရက် သူ၏မျက်လုံးက ပြူးသွားသည်။ ဘယ်သောအခါကမှ မခံစားဖူးသော အန္တရာယ်ကို ခံစားလိုက်ရသည်။ ထိုအန္တရာယ်က အလွန်ပြင်းထန်လွန်းပြီး ဝမ်ချောင်၏ ဦးခေါင်းခွံကိုပင် ပေါက်ကွဲမတက် ခံစားရစေကာ တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ ထိုခံစားချက်က နွေရာသီတွင် ပူပြင်းလွန်းသော အချိန်ကာလတစ်ခုကို ဖြတ်ကျော်ကာ လမ်းလျှောက်နေသလိုဖြစ်ပြီး ရုတ်တရက် ရေခဲဂူထဲသို့ ထိုးကျသွားသလို ခံစားချက်ဖြစ်သည်။
“ဒါကဘာလဲ”
ဝမ်ချောင်က ကြောင်သွားသည်။
ထိုအခိုက် သူ၏နှာခေါင်းနားသို့ နီးကပ်လာနေသော သေဆုံးသည့် ရနံ့ကိုပင် ရလိုက်သည်။
တောင်ပိုင်းနယ်မြေ တစ်ခုလုံးရှိ စစ်ပွဲအတောအတွင်းတွင်ပင် ထိုမျှပြင်းထန်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို မခံစားခဲ့ရချေ။
ဝမ်ချောင်၏စိတ်က ထိုသို့လုပ်လိုက်မိသည့် အချိန်တွင် သူ၏အရှေ့ရှိ အနောက်တောင်ပိုင်းမှ ဗိုလ်ချုပ်ကြီးတိုင်း၏ မျက်ဝန်းက ယခုလေးတင် သူနှင့်အလားသဏ္ဍန်တူသည့် မျက်နှာထားမျိုး ဖြစ်သွားကြသည်။
ဝမ်ချောင်က ချက်ချင်းလိုလို သူ့ကို အုပ်မိုးလာသော အနက်ရောင် အရိပ်တစ်ခုကို အာရုံခံမိလိုက်သည်။ သေဆုံးခြင်းရနံ့က ပိုထူလာသည်။
“မကောင်းတော့ဘူး”
ဝမ်ချောင်၏ မျက်နှာက ဖြူသွားပြီး ချက်ချင်းလိုလို ဘေးဘက်သို့ ခုန်လိုက်သည်။ တစ်စက္ကန့်ခန့် ကြာပြီးနောက် ဝမ်ချောင်က ဘယ်သောအခါကမျှ မမြင်ခဲ့ဖူးသော ပိန်းပိတ်အောင် မည်းမှောင်နေသော မြားတစ်စင်းက သူ၏နားနားမှ ကပ်ကာ ဖြတ်သွားသည်။ ဝမ်ချောင်အနေနှင့် ယခင်က ထိုမျှအထိ နီးကပ်လွန်းသော သေဆုံးခြင်းကို မခံစားခဲ့ဖူးချေ။
ဘုန်း
သူ၏နားနားတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ အချိန်ကပင် ရပ်တန့်သွားပြီဟု ထင်ရသည်။ ဝမ်ချောင်က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ မေ့ရန်ခက်ခဲသော မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။ ထိုအနက်ရောင်မြားက ကျန်းပေါင်းများစွာ အကွာက လော့ကျီး၏ ရင်ဘက်ထဲစိုက်သွားသည်။
လော့ကျီး၏ ပါးစပ်က အဟသာဖြစ်ပြီး သူ၏မျက်ဝန်းက မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေသည်။ သူ၏ပတ်ပတ်လည်တွင်ရှိသော ဗိုလ်ချုပ်ကြီးတိုင်းက မြားကိုအံ့အားတကြီး ကြည့်နေကြသည်။
ရုတ်တရက် ဆန်းလွန်းတယ်။
မည်သူကမျှလည်း ဒီလိုစစ်ပွဲက အဆုံးသတ်သွားချိန်တွင် ဒီလိုအခြေအနေ ပြောင်းလဲသွားမည်ဟု မထင်ထားကြချေ။
“ဘယ်သူလဲ ဘယ်သူရှိနေတာလဲ”
လင်းဝူရှို့က ချက်ချင်းလိုလို လော့ကျီး၏ ဘေးနားသို့ ပြေးသွားပြီး လော့ကျီးကိုဖက်ကာ ခက်ထန်သော မျက်နှာထားမျိုးဖြင့် ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။
ဝမ်ချောင်ကလည်း ခေါင်းလှည့်ကာ မြားလာရာဘက်သို့ ကြည့်လိုက်သည်။ သို့သော် ထိုနေရာက ပြောင်ရှင်းနေသည်။
မဖြစ်နိုင်ဘူး။
ဝမ်ချောင်က ရုတ်တရက် အဝေးသို့ ကြည့်လိုက်သည်။ ထိုနေရာတွင် အနက်ရောင်ပုံရိပ်ကို သူက ဖျော့တော့စွာ မြင်လိုက်ရသည်။ ထို့နောက် သဲလွန်စပင်မရှိဘဲ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“လော့ကျီး”
အနောက်ဘက်မှ ဝမ်းနည်းစွာ အော်ဟစ်ငိုယိုသံများက ထွက်ပေါ်လာသည်။ ဝမ်ချောင်၏ နှလုံးသားကလည်း အေးစက်သွားပြီး ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်သောအခါ အလွန်အမင်း ကို့ယို့ကားယားနိုင်သော မြင်ကွင်းမျိုးကို မြင်လိုက်ရသည်။ စက္ကန့်အနည်းငယ်သာ ကုန်လွန်သေးသော်လည်း လော့ကျီး၏ ခန္ဓာကိုယ်က မှင်ကဲ့သို့ မည်းမှောင်လာပြီး ဘုတ်ပြားတစ်ခုလို တောင့်တင်းလာလေပြီ။
ဝင်သက်တစ်ကြိမ်တည်းနှင့်တင် အာကာသပြင်က အက်ကွဲသွားပြီး တိုက်ပွဲနယ်မြေတွင် သတ္တိအပြည့်ဖြင့် တိုက်ခိုက်ခဲ့သော လော့ကျီးက ယခုလေးတင် အကောင်းအတိုင်း ရှိနေသေးသော လော့ကျီးက မည်းမှောင်သော မြက်ပင်လိုမျိုး ရုပ်ထုတစ်ခုအဖြစ် ပြောင်းလဲသွားကာ တဖြည်းဖြည်းချင်း အစိတ်စိတ်အပိုင်းပိုင်းဖြစ်လျှက် မြေပြင်သို့ ကျဆင်းသွားသည်။
လျို့ဝှက်ဆန်းကြယ်သော စွမ်းအင်၏ လွှမ်းမိုးမှုအောက်တွင် ထိုအမှုန်များကပင် လေတွင်လွင့်သွားသည်။ ရှိနေကြသော အနောက်တောင်ပိုင်းမှ ဗိုလ်ချုပ်ကြီးတိုင်းက အံ့သြသွားကြသည်။ ဝမ်ချောင်ကပင် သူ၏နှလုံးသားက ရေခဲတုံးဖြစ်သွားပြီဟု ခံစားလိုက်ရသည်။ အကြောင်းမူကား ထိုမြားကသူ့ကို ချိန်ရွယ်ခြင်းဖြစ်သည်။ သူကသာ လျှင်မြန်စွာ မတုန့်ပြန်နိုင်ခဲ့လျှင် အန္တရာယ်ကို ခံစားမိပြီး ကြိုတင်ရှောင်ရှားနိုင်ခဲ့ခြင်း မရှိလျှင် ဖုန်ဖြစ်ရမည့်လူက သူဖြစ်သည်။
“မျိုးမစစ် ဘယ်ကောင်က လုပ်တာလဲ”
တစ်တောင်လုံး ဒေါသတကြီး အော်ဟစ်သံများက ပြည့်နှက်လာသည်။ ဗိုလ်ချုပ်ကြီးတိုင်းက တောင်အောက်မှ ပြေးဆင်းကာ မြားပစ်လိုက်သော နေရာကို သွားရှာသည်။ ထိုအနီးအနားတွင် ရှိနေသော ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကလည်း အထိတ်တလန့်ဖြင့် တောင်ပေါ်သို့ တက်လာကြသည်။ အကွာအဝေးမှ စက္ကန့် အနည်းငယ်သာကြာသည်။ ထို့နောက် ရောက်လာကြသည်။
“လော့ကျီး လော့ကျီး”
အလွန်အမင်း စိတ်လှုပ်ရှားကာ ဒေါသအလွန်ထွက်သွားသော ဗိုလ်ချုပ်က လင်းဝူရှို့ဖြစ်သည်။ သူတို့နှစ်ယောက်က အန်းနန်အစိုးရစစ်တပ်တွင် အရင်းနှီးဆုံး မိတ်ဆွေများ ဖြစ်ကြပြီး အနောက်တောင်ပိုင်း စစ်ပွဲတွင် အတူတကွ တိုက်ခိုက်ကာ ရှင်သန်နိုင်ခဲ့သူများ ဖြစ်ကြသည်။ သို့သော် ဒီလိုနေရာမျိုးတွင် လော့ကျီးသေရမည်ဟု မထင်ထားခဲ့ချေ။
“ဘယ်သူလဲ ဘယ်ကောင်လုပ်တာလဲ”
“အရှက်မဲ့လိုက်တာ မာန်ရှဲ့ကျောင်းလား ယွီစန်းလား”
“သူတို့က ပုံမှန်တိုက်ပွဲမှာမနိုင်လို့ ဒီလိုဗျူဟာမျိုးကို လာသုံးတာပဲ”
အနောက်တောင်ပိုင်းမှ ဗိုလ်ချုပ်ကြီးတိုင်းက အလွန်ဒေါသတကြီး ဖြစ်နေကြပြီး လိုက်ရှာကြသည်။ လော့ကျီးတွင် ဖြစ်ပျက်သွားသော ကိစ္စကိုမြင်သော် သူတို့က အလွန်အံ့သြရပြီး ဒေါသထွက်ရသည်။ သူတို့အားလုံးက လော့ကျီးအဆုံးသတ်၏ သက်ရောက်မှုကိုခံရသည်။
“အရှက်မဲ့လိုက်တာ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းက တန်ကြေးတစ်ခု ပေးဆပ်ရမယ်”
မည်သူကမျှ လုပ်ကြံသတ်ဖြတ်သူကို မဖမ်းမိသော်လည်း သံသယဝင်ရန် မလိုလောက်အောင် ထိုလူက မာန်ရှဲ့ကျောင်းမှ မဟုတ်လျှင် ယွီစန်းကသာ ဖြစ်ရပေမည်။ ထိုအချိန်တွင် သူတို့အားလုံးက ထိုအပြစ်သားကို ရှာချင်နေကြသည်။
“သူတို့မဟုတ်ဘူး”
ဝမ်ချောင်က ရုတ်တရက် ပြောလိုက်သည်။ သူ၏မျက်ဝန်းက ရုတ်တရက် မှေးပြီး အေးစက်သောအလင်းက လက်နေသည်။
“သူတို့က အနောက်တောင်ပိုင်းက စစ်ပွဲကို ရှုံးသွားပြီ။ ဗိုလ်ကြီးကိုသတ်တာပဲဖြစ်ဖြစ် ကြုံရာလူကို သတ်တာပဲဖြစ်ဖြစ် ရလဒ်က မပြောင်းနိုင်တော့ဘူး။ သာ့လွန်ရော့ကျန်းက ဒီလိုဗျူဟာမျိုးကို ချမှတ်မဲ့လူမျိုး မဟုတ်ဘူး။ မာန်ရှဲ့ကျောင်းအတွက်ကတော့... ခဲ့လော့ဖုန်းရဲ့ လုံခြုံရေးက မသေချာမချင်း သွမ့်ခဲ့ချွမ်က ဘာကိုမျှ အာရုံစိုက်မှာမဟုတ်ဘူး။ သူကလွဲပြီး ဘယ်သူကမျှ ဒီလိုအရာမျိုးကို မလုပ်နိုင်ဘူး”
“ဒါ့အပြင် ခင်ဗျားတို့ ပတ်ဝန်းကျင်ကိုကြည့်လိုက်။ ကျွန်တော်တို့ရဲ့ စစ်သားတွေက ဒီတစ်တောင်လုံးကို ဖြန့်ကျက်ထားတာ။ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းစစ်တပ်က လုပ်ကြံသတ်ဖြတ်သူတွေက ပုန်းနိုင်ပါ့မလား”
ဝမ်ချောင်၏ မျက်ဝန်းက အလွန်အေးစက်နေသည်။ အလွန်အမင်း အေးစက်နေသည်။
လော့ကျီးက သူ့ကြောင့် သေသွားရခြင်းဖြစ်သည်။ ထိုအချက်ကို ငြင်းဆန်၍မရချေ။ ဝမ်ချောင်အနေဖြင့် စစ်ပွဲ၏ နောက်ဆုံးအချိန်တွင် ဒီလိုအရာမျိုး ဖြစ်လာမည်ဟု ဘယ်သောအခါမျှ မထင်ထားမိချေ။
“ဒါပေမဲ့ သခင်လေး မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းမဟုတ်ရင် ဘယ်သူလုပ်မှာလဲ”
“ဒါ့အပြင် အဲ့ဒီမြားကဘာလဲ။ လူတိုင်းလည်း မြင်လိုက်တာပဲ။ ဒါကရုတ်တရက် လေထဲက ပေါ်လာတာမဟုတ်လား”
မျက်လုံးများနီရဲနေသော ဗိုလ်ချုပ်ကြီးတိုင်းက ဆိုကြသည်။ သူတို့က အလွန်ဒေါသထွက်နေသော်လည်း ဝမ်ချောင်ကို လေးစားစိတ်က စိတ်ထဲတွင် ပြည့်နှက်နေလေရာ မည်သူကမျှ ဆိုးရွားသော စကားလုံးမျိုးဖြင့် မသုံးနှုန်းကြချေ။
“ဘာလို့လဲဆိုတော့ အဲ့ဒီမြားကြောင့်ပဲ အဲ့ဒီမြားက မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းမဟုတ်ဘူးလို့ ပြောတာပေါ့”
ဝမ်ချောင်က ရုတ်တရက် ခြေနှစ်လှမ်းခန့် လှမ်းလိုက်ပြီး ကုန်းလိုက်ကာ မည်းနက်နေသော မြားကို ကောက်ယူလိုက်သည်။ လော့ကျီးကို ထိုးစိုက်သွားခဲ့သော ထိုမြားက မြေပြင်တွင် ထိုးစိုက်နေခြင်းဖြစ်သည်။ မြားခေါင်းက ပျောက်ကွယ်သွားသဖြင့် နောက်မှမြားအရိုးတိုင်သာ ကျန်ခဲ့သည်။ ထို့ကြောင့် အလွန်ထူးဆန်းပြီး ကို့ယို့ကားယားနိုင်သည်။ သူတို့က လော့ကျီး၏ ဆိုးရွားစွာသေဆုံးမှုကို ပြန်တွေးမိသော် အားလုံးက တုန်ယင်သွားသည်။
“ယွီစန်းက ဒီလိုမြားမျိုးကို သွန်းလုပ်နိုင်တဲ့စွမ်းရည် မရှိဘူး။ မာန်ရှဲ့ကျောင်းရဲ့ မြားလုပ်တဲ့အသက်က ဗဟိုပြင်ကျယ်ကလာတာ။ သူတို့ရဲ့ ပေါင်းစပ်စွမ်းရည်က ဒီလိုမြားမျိုးကို ထုတ်လုပ်နိုင်ဖို့ မလုံလောက်ဘူး။ သူတို့မှာ ဒီလိုစွမ်းရည်ရှိရင် သူတို့ဒီနေ့ ဒီလိုမရှုံးဘူး”
ဝမ်ချောင်ကပြောသည်။
သူကလက်ထဲမှမြားကို ကရုတစိုက် စစ်ဆေးသည်။ သူ၏တစ်ဘဝလုံး ဒီလိုမြားမျိုးကို မမြင်ခဲ့ဖူးသေးချေ။ မြားအရိုးတိုင်သာ ကျန်ခဲ့သော်လည်း သေလောက်အောင် ခြောက်ခြားဖွယ်ကောင်းသော စွမ်းအင်က ကျန်ရစ်နေသေးပြီး သဘာဝအလျောက် ဖျက်ဆီးခြင်း စွမ်းအားသပ်သပ် ရှိနေသည်။ ဒီတိုင်းကိုင်ထားရုံဖြင့်ပင် ဝမ်ချောင်က အလွန်အံ့သြရသည်။ ထိုအချက်တင် မဟုတ်သေးချေ။ မြား၏အရိုးတိုင် မြား၏အမြှီးက အလွန်အမင်း ရိုးရှင်းစွာ ကွေးကောက်နေပြီး လောက၏ နိယာမစွမ်းအင်များ ဖြစ်နေသည်နှင့်ပင် တူနေသည်။ ကြီးကျယ်ခမ်းနားဆုံးသော မြို့တော်မှ ပန်းပဲကလန်ကြီးများပင် ထိုသို့သောမြားကို မထုလုပ်နိုင်သေးချေ။ ထိုလက်ရာက အလွန်အမင်း အဆင့်မြင့်လွန်းနေပြီး ဝမ်ချောင်က မြင်ဖူးသမျှသော မြားတိုင်းကို သာလွန်နေသည်။ သာမာန်လူတစ်ယောက်က ဒီလိုအရာကို မဖန်တီးနိုင်ချေ။ ထို့အပြင် သူကမြားအရိုးတိုင်မှ သင်္ကေတကို ကြည့်မိသောအခါ ဝမ်ချောင်၏ နှလုံးသားက တုန်ယင်သွားပြီး စကားကိုရပ်လိုက်သည်။ လူတိုင်းကလည်း တိတ်ဆိတ်သွားကြသည်။
ဝမ်ချောင်၏ သုံးသပ်ချက်က မှန်ကန်နေသည်။ ဒီလိုလက်ရာအရ ဗဟိုပြင်ကျယ်၏ မဟာထန်က အစစ်အမှန် အုပ်စိုးနိုင်စွမ်းရှိသည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းက ဒီလိုကြောက်စရာကောင်းသော မြားမျိုးကိုသာ ဖန်တီးနိုင်လျှင် ထန်များက ဒီနေ့တွင် ကြောက်စရာကောင်းလွန်းသော မဟာဆရာသခင် လေးသည်တော်များကို ရင်ဆိုင်ရပေလိမ့်မည်။
ဗိုလ်ချုပ်တစ်ယောက်က မနေနိုင်ဘဲ ဝင်မေးသည်။
“ဒါပေမဲ့သခင်လေး မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းမဟုတ်ရင် ဘယ်သူဖြစ်နိုင်မှာလဲ”
ဝမ်ချောင်က ပြောသော ငြင်းဆိုမှုက ကျိုးကြောင်းသင့်လျော်သော်လည်း လော့ကျီးအသတ်ခံရသော အချက်ကလည်း ရှင်းလင်းနေသည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းကသာ သူ့ကိုလုပ်ကြံသတ်ဖြတ်ခြင်း မဟုတ်လျှင် အခြားသူများက လုပ်ကြံသတ်ဖြတ်ရန် မဖြစ်နိုင်ချေ။ ဒါက ကျိုးကြောင်းမသင့်လျော်ချေ။
ဝမ်ချောင်က မည်သည့်စကားမျှ မဆိုသော်လည်း သူ၏စိတ်ထဲတွင်မူ သူမြင်လိုက်ရသော ဝေဝါးသည့် ပုံရိပ်ကို မြင်ယောင်သည်။ ထိုလျို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြားက ဒီနယ်မြေ၏ လီတစ်ဆယ်ဝန်းကျင်အတွင်း ရှာမတွေ့ခဲ့ကြောင်း အာမခံနိုင်သည်။ အကြောင်းမူကား လီတစ်ဆယ်ဝန်းကျင် အကျော်အကွာမှ မြားလှမ်းပစ်ရန် ခက်ခဲသောကြောင့်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒီဝန်းကျင်အတွင်းတွင် လာရောက်ပစ်ခတ်မည်ဆိုလျှင် မဟာထန်မှစစ်တပ်က မသိနိုင်စရာ အကြောင်းမရှိချေ။
သို့သော် ထိုမျှဝေးကွာသော အကွာအဝေးနှင့်ဆိုလျှင် ပြိုင်ဘက်၏ ခွန်အားက အလွန်ကြောက်စရာ ကောင်းနေပေလိမ့်မည်။
ဟေ့
ဝမ်ချောင်က အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ထိုကိစ္စကို မတွေးတောတော့ရန် ဆုံးဖြတ်လိုက်သည်။ သာ့လွန်ရော့ကျန်းနဲ့ ခဲ့လော့ချွမ်ကသာ မြားပစ်ခဲ့သောလူ မဟုတ်လျှင် တတိယလူက ရှိနေပေလိမ့်မည်။ ဒါပေမဲ့သူတို့က ဘာလို့ဒီလိုလုပ်တာလဲ။ နောက်ပြီး ဘာလို့ဒီလိုအချိန်ကမှ ရွေးရတာလဲ။ ပို၍အရေးကြီးသည်မှာ... ဘာလို့သူ့ကိုမှ ပစ်ရတာလဲ။
ဝမ်ချောင်က အနောက်တောင်ပိုင်း၏ စစ်ပွဲတစ်ခုလုံးက ထူထည်းသော မြူထုဖြင့် အုပ်ထားသည်ဟု ခံစားလိုက်ရသည်။ ဖြစ်သွားသော ကိစ္စက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့နှင့် မသက်ဆိုင်သော တစ်စုံတစ်ရာ ဖြစ်ရပေမည်။ သူပင် မသိလောက်သေးချေ။
“ဒီကိစ္စကို ကျွန်တော်တာဝန် ထားလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်သူက မြားပစ်ခဲ့လဲဆိုတာကို ကျွန်တော် သေချာပေါက်ရှာမှာပါ”
ဝမ်ချောင်၏လက်က ရုတ်တရက် မြားကိုခပ်တင်းတင်း ဆုပ်ကိုင်လိုက်သည်။
အနောက်တောင်ပိုင်းမှ စစ်ပွဲ၏ အဆုံးသတ်တွင် လော့ကျီးက လျို့ဝှက်ဆန်းကြယ်သော အနက်ရောင်မြားကြောင့် သေသွားသည်။ မည်သူကမျှလည်း ဒီလိုအခြေအနေမျိုးကို မမျှော်လင့်ထားကြချေ။ ထို့ပြင် လူအနည်းစုကသာ ထိုအကြောင်းကို သိကြသည်။ အစိုးရစစ်တပ်၏ စစ်သည်အများစုကမူ ထိုအကြောင်းကို မသိသေးချေ။
အနောက်တောင်ပိုင်း၏ အပြင်ဘက်မှ လူများအတွက်ကမူ ဒီနေ့က မေ့ရန်ခက်ခဲသော ပျော်ရွှင်မှုအောင်ပွဲခံနေ့ရက် ဖြစ်နေသေးသည်။