သူ့ကိုတားကြ
Vol. 43 Ch. 589
“ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲမှာ ရတနာရှာဖွေတာက ဘယ်လောက်ကြာမလဲ ”
ကျန်းရီက စိတ်တည်ငြိမ်အောင် သူ့ကိုယ်သူ ဖိအားပေးလိုက်တော့သည်။ ရီချန်းနောက်သို့လိုက်ရန် ဆန်းကြယ်နတ်ဘုရား နန်းတော်သို့ သွားခြင်းက လုံးဝမဖြစ်နိုင်ပေ။ သူကထိုမျှ စိတ်လိုက်မာန်ပါ မလုပ်နိုင်ပေ။ နန်းတော်၌ သိုင်းပညာရှင်များစွာ ပြည့်နေလေ၏။ နန်းတော်ကိုယ်တိုင်က အန္တရာယ် အလွန်များနေပြီဖြစ်ရာ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးတောင် ထိုနေရာတွင် သေသွားနိုင်သည်။ သူ၏ခွန်အား အနည်းအကျဉ်းမျှဖြင့် အထဲသို့ ဝင်သွားပါက သူ့သေတွင်းသူတူးပြီးသား ဖြစ်နေလိမ့်မည်။ ထို့အပြင် ထူလုံနှင့် ဝူနီတို့က အထဲတွင်ရှိနေတာ သေချာ၏။ ထို့ကြောင့် ထောင်ချောက်အတွင်း လျှောက်သွားတာပဲ ဖြစ်နေမည်။ သူမသွားနိုင်သောကြောင့် ရွေးချယ်စရာမရှိဘဲ ရီချန်းသွားတာကိုသာ စောင့်ရတော့မှာပဲဖြစ်သည်။ သို့သော် ချီလောင်၏အဖြေက သူ့ကို အေးစိမ့်သွားစေတော့သည်။
“သခင်လေး အစောဆုံးက နှစ်လသုံးလ ကြာပြီးရင် အချိန်နည်းနည်း ပိုလိုမယ်ဆိုရင် တစ်နှစ်လောက်ကြာပြီးမှ ထွက်လာမှာ လူတိုင်းက ဆန်းကြယ်နတ်ဘုရားနန်းတော် ပျောက်သွားမှ ထွက်လာကြတာလေ ”
“တစ်နှစ်လား ”
ကျန်းရီက ခါးသီးသွားတော့သည်။ ဤနေရာတွင် သူတစ်နှစ် စောင့်ဆိုင်းနေရတော့မည်လော။ သခင်လေးဖေးထျန်း သိုင်းခန်းမနှင့် ထူမျိုးနွယ်စုတို့က သူ့ကိုအပိုင်းပိုင်း ခုတ်ပြီးလောက်ပြီ မဟုတ်လော။
“ငါအထဲကို သွားသင့်လား ထွက်သွားသင့်လား ”
သူ၏စိတ်က လျှင်မြန်စွာ တွေးခေါ်နေလေ၏။ ဤနေရာတွင် ကြာမြင့်စွာ မနေနိုင်ချေ။ ထို့ကြောင့် သူသည်ရီချန်းကို ရှာရန်အတွက် ဆန်းကြယ်နတ်ဘုရား နန်းတော်သို့ သွားလျှင်သွား မဟုတ်လျှင် အရှေ့ပိုင်း တော်ဝင်နယ်မြေဆီ မသွားခင် ပန်းရဉ်နယ်မြေမှ ထွက်သွားရမည်ဖြစ်သည်။ ရွေးချယ်မှု နှစ်ခုထဲမှ တစ်ခုကိုသာ ရွေးရမည်။
“သွားကြမယ် ပန်းရဉ်နယ်မြေကို သွားရအောင် ”
သူစိတ်ပြင်ဆင်ပြီးသွားသည်။ အနက်ရောင်အလင်းဖြင့် တောက်ပနေသော ဆန်းကြယ်နတ်ဘုရား နန်းတော်ကိုကြည့်ပြီး သူကတွန့်ဆုတ်စွာ လှည့်လိုက်လေ၏။ သူကမစွန့်စားနိုင် အလွယ်တကူ အသေမခံနိုင်ပေ။ ကျန်းရှောင်နူ၊ ယွင်ဖေး၊ ချမ်ဝမ်ကွမ်၊ ဖုန်းလန်နှင့် အဖွဲ့ကိုယ်စား တွေးပေးရပေမည်။
“အမ် ”
ကျူးဆွေ့နှင့် ကျန်သည့်သူများက စိတ်မပါဘဲ ဆန်းကြယ်နတ်ဘုရား နန်းတော်ကို တစ်ချက်ချောင်းကြည့်ခဲ့သည်။ ဆန်းကြယ်နတ်ဘုရား နန်းတော်က နှစ်တစ်ထောင်လျှင် တစ်ကြိမ်သာ ပေါ်ပေါက်လာတတ်သာဖြစ်သည်။ အထဲသို့ဝင်ခြင်းက ကြီးမြတ်သော ဂုဏ်သရေနှင့် အခွင့်အရေးတစ်ခု ဖြစ်ပေ၏။ ချီလောင်နှင့် ကုလောင်တို့က အသက်ကြီးလွန်းပေ၏။ ကျူးဆွေ့နှင့် ကျန်းရီတို့က မဝင်သွားရဲချေ။
သူတို့က တောအုပ်လေးထဲမှ တိတ်တဆိတ် လျှောက်လာ၏။ သူတို့က ကျယ်ဝန်းသည့် နေရာတစ်ခုကို ရှာတွေ့ပြီး ချီလောင်က ရထားလုံးပျံကို ထုတ်လိုက်ပြီး ကျူးဆွေ့က အရင်ဝင်သွားတော့သည်။ ကျန်းရီ၊ ချီလောင်နှင့် ကုလောင်တို့က ထွက်သွားတော့မည့် အချိန်တွင် တောင်ဘက် ကောင်းကင်ထဲ၌ လေကိုခွင်းသည့် အသံတစ်သံ ပေါ်ထွက်လာလျက် အားလုံး၏ အာရုံစိုက်မှုကို ရသွားတော့သည်။
ဝှစ်
စစ်သည်တစ်စုက ပျံလာလေတော့သည်။ သူတို့အားလုံးက နတ်မြင်းပျံပေါ်တွင် ရှိနေ၏။ လူတစ်ထောင်နီးပါး ရှိနေသည်။ သူတို့ထဲတွင် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်က အနည်းဆုံး အယောက်ငါးဆယ်ရှိပြီး ငါးယောက်က ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များဖြစ်သည်။ အားလုံးက (၇)နှစ်(၈)နှစ်အရွယ် ကလေးတစ်ယောက်နားတွင် ဝိုင်းနေ၏။ ထိုကလေးက ဆန်းကြယ်နတ်ဘုရား နန်းတော်နှင့် မလှမ်းမကမ်းဆီသို့ အကြည့်ရောက်သွားသည်။ သူ၏အကြည့်ထဲ၌ ပြည့်နေသည်မှာ သူ့နားတွင် စိတ်အားထက်သန်မှုတို့ ပြည့်နေပြီး သူ့နားရှိ သိုင်းပညာရှင်များက သတိထားနေပုံပေါ်သည်။
“ဓားဧကရာဇ်ရဲ့မြေးက တကယ်အထင်ကြီးဖို့ ကောင်းတာပဲ ”
ချီလောင်နှင့် ကုလောင်က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ပြောမိသွားသည်။ ဓားဧကရာဇ်၏ အမိန့်အောက်တွင် ရှိသော နတ်မြင်းပျံမျိုးနွယ်စု ရှိနေသည်က အံ့သြစရာမရှိပေ။ ယခု သူ့မြေးရောက်လာရာ သူတို့က လေးစားမှု လုံလောက်အောင် ပြသမှာ သေချာသည်။
“မြန်မြန် အဲ့ဒီမြင်းလှည်းထဲဝင် ”
ကျန်းရီကလည်း ထိုကလေးကို မှတ်မိသည်။ ထိုနေ့က ရွှေတောင်ပံဂဠုန်ကို စီးနေသော ကလေးဖြစ်သည်။ သို့သော် သူ၏အကြည့်က သခင်လေးဘေးရှိ အစောင့်များထဲမှ လူနှစ်ယောက်ဆီ ရောက်သွား၏။ တစ်ယောက်က နတ်မြင်းပျံ အင်ပါယာ၏ အကြီးဆုံး မင်းသားဖေးချီဖြစ်ပြီး နောက်တစ်ယောက်ကမူ ဖေးထျန်းဆိုတာ သိသာနေ၏။ ဖုန်းလန်သည် ထိနေ့က ဖေးထျန်းနှင့် စတင်တိုက်ခိုက်ခဲ့စဉ်က ချီလော့လည်း သူ့ဘေးတွင် ပါနေသည်။
ဖေးထျန်းနှင့် ချီလော့က သူ့ကိုရင်ထဲကနေကို မုန်းတီးနေတာပဲဖြစ်သည်။ သူ၏ဒန်တန်ထဲရှိ ကြယ်ကိုးပွင့်စာလုံးက အလွန်သိသာလွန်းပေသည်။ သူတို့က ကောင်းကင်စိတ်အာရုံ ဖြန့်ကျက်ကြည့်ခဲ့လျှင် ချက်ချင်း ဖော်ထုတ်ခံရမှာ သေချာ၏။ ထို့ကြောင့် ကျန်းရီက ဖြတ်ခနဲလှုပ်ရှားပြီး တက်နိုင်သမျှ ရထားလုံးပျံထဲသို့ ဝင်လိုက်တော့သည်။
ဝှစ်
ချီလောင်နှင့် ကုလောင်တို့က ဘာဖြစ်မှန်း မသိသော်ငြား ကျန်းရီ၏ တုန့်ပြန်မှုက သူတို့ကို ကြောက်လန့်စေသည်။ သူတို့က ရထားလုံးပျံထဲသို့ အမြန်ဝင်ပြီး အနားရှိ တောအုပ်ဆီသို့ သွားလိုက်တော့၏။ သူတို့ငြိမ်ငြိမ်နေလျှင် အဆင်ပြေနေမှာပဲဖြစ်သည်။ လှုပ်ရှားသည်နှင့် နတ်မြင်းပျံတပ်မှ အာရုံစိုက်မှုကိုရပြီး ကောင်းကင်စိတ်အာရုံများစွာက ရထားလုံးပျံဆီ ရောက်သွား၏။ ရင်းနှီးနေသော ကောင်းကင်စိတ်အာရုံ နှစ်ခုက သူ၏ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည့် အချိန်တွင် ကျန်းရီ၏မျက်နှာက ချက်ချင်းပင် နှင်းကဲ့သို့ ဖြူဖျော့သွားတော့သည်။
“ဟား ဟား ဟား ”
ဖေးထျန်း၏ ကောင်းကင်စိတ်အာရုံသည် ကျန်းရီကို ရှာတွေ့သွားပြီးနောက် သူအံ့သြဆွံ့အနေလေသည်။ သို့သော် မကြာမီ၌ မကောင်းဆိုးဝါးဆန်ဆန် ရယ်မောတော့သည်။ သူ၏မျက်ဝန်းထဲ၌ ပျော်ရွှင်မှု ရှုံ့ချမှုတို့ ပြည့်နေလေတော့သည်။
တစ်ချိန်ထဲတွင် ဓားဧကရာဇ်ရဲ့မြေးက လူနှစ်ယောက်ကိုခေါ်ပြီး ခပ်ဖျော့ဖျော့ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲသို့ဝင်ပြီး ပျောက်ကွယ်သွားတော့သည်။ ဖေးထျန်းက မရပ်မနား ရယ်မောလိုက်၏။ သူက ရထားလုံးပျံကို လက်ညှိုးထိုးပြီး ဒေါသတကြီး အော်လိုက်တော့၏။
“ကောင်စုတ်လေး ကောင်းကင်မှာ လမ်းတစ်ခုရှိတယ်၊ ဒါပေမဲ့ မင်းအဲ ဒီကို မသွားနိုင်ဘူး သေခြင်းတရား ငရဲပဲရှိတယ်၊ မင်းက ဖောက်ဝင်ဖို့ ရွေးချယ်ခဲ့တာပဲ ချူလော့ စစ်သူကြီးလျို့ အဲဒီကောင်ကို ငါ့အတွက် သတ်ပေး၊ ချူဖေးနဲ့ သူ့အဖွဲ့က အဲ ဒီကောင်သတ်တာ ခံလိုက်ရတာ ”
“ကောင်စုတ်လေး သေပေတော့ ”
သူသည် တစ်ယောက်နှင့်တစ်ယောက် ချက်ချင်းမှတ်မိ၏။ ချူလော့က သူ့နားတစ်ဝိုက် သတ်ဖြတ်ခြင်း အရှိန်အဝါတို့ ပေါ်ထွက်လာလျက် ကျန်းရီဆီသို့ အလင်းစီးကြောင်းသဖွယ် ပစ်ထုတ်လိုက်တော့သည်။ ဖေးချီဘေးရှိ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးက သူ့ကိုကြည့်လိုက်သည်။ ဖေးချီက အေးတိအေးစက် အော်ပြောလိုက်၏။
“သူ့ကိုအရင်ထိန်း ”
ဝှစ် ဝှစ်
သံချပ်ကာ အပြည့်အစုံဖြင့် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ဦးက သူတို့အရှိန်အဝါကို ထုတ်ဖော်လျက် ချီလော့နောက်သို့ လိုက်သွားကြတော့သည်။ အရှိန်အဝါ များစွာက ထိုနေရာရှိ လူတစ်ရာကျော်ကို ဖိနှိပ်ထားနိုင်ရာ သူတို့က သတိဝင်ကြပြီး နေရာအနှံ့ ထွက်ပြေးကြတော့၏။
“အား ”
ကြောက်လန့်မှုကြောင့် ကျူးဆွေ့၏ခြေထောက်များ ပျော့ခွေသွားသည်။ အစွမ်းထက်သော အရှိန်အဝါ သုံးခုက ရထားလုံးပျံကို ပစ်မှတ်ထားနေတာဖြစ်၏။ ချူလော့က အပြာရောင် လေစီးကြောင်း ထုတ်ဖော်ပြီး ရထားလုံးပျံကို ကြမ်းတမ်းသော အရှိန်အဝါဖြင့် ဖျက်ဆီးပစ်လိုက်တော့သည်။ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်သုံးဦးက တိုက်ခိုက်ရာ ကျူးဆွေ့သည် သေခြင်းတရား အငွေ့အသက်ကို ရနေပြီဖြစ်သည်။
“ငါဘာလုပ်သင့်လဲ ”
သေရေးရှင်ရေး အခြေအနေ၌ ကျန်းရီသည် မကြောက်လန့်ရုံသာမက အခြေအနေကို ဖြေရှင်းရန် နည်းလမ်းများကို စဉ်းစားဖို့ ဦးနှောက်ကို သွက်သွက်လေး လှုပ်ရှားနေသည်။
တစ်စက္ကန့်အတွင်း အကြံတစ်ရာက သူ့စိတ်ထဲ ပေါ်လာလေသည်။ ချက်ချင်းပင်သူက ဆုံးဖြတ်ချက်တစ်ခု ချမှတ်လိုက်တော့၏။ သူ့မျက်လုံးထဲတွင် သွေးရူးသွေးတမ်းနိုင်သော အကြည့်တစ်ခုက ပေါ်လာပြီး ကောင်းကင်ဧကရာဇ် နန်းတော်က လက်ထဲ၌ ပေါ်လာတော့သည်။ အဖြူရောင် အလင်းတန်းဖြင့် ကျူးဆွေ့နှင့် ကျန်သည့်သူနှစ်ဦးသည် ဧကရီနန်းတော်ထဲ ဝင်သွားလေ၏။ ပြီးနောက် ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင် အလင်းတန်းဖြင့် တောက်ပလာပြီးနောက် ထိုနေရာတွင်ပင် ပျောက်ကွယ်သွားတော့သည်။
ဖုန်း
ချီလော့၏ တိုက်ခိုက်မှုက နီးကပ်လွန်းနေပြီး အစွမ်းထက်သော အတွင်းအားတိုက်ကွက်က ရထားလုံးပျံကို အပိုင်းပိုင်းအစစ ဖြစ်သွားစေသည်။ သို့သော် ကျန်းရီနှင့် သူ့အဖွဲ့က ရထားလုံးပျံထဲတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။
“သူ့ကိုတားကြ ”
ချူလော့က ကောင်းကင်စိတ်အာရုံကို ဆန့်ထုတ်လျက် အမူအရာ ချက်ချင်းပြောင်းလိုက်တော့သည်။ ဆန်းကြယ်နတ်ဘုရား နန်းတော်၏ ဂိတ်ဝကိုကြည့်ပြီး သူကအော်ဟစ်လိုက်တော့၏။ ခန္ဓာကိုယ်က အရိပ်အသွင် ပြောင်းလဲသွားပြီး ဆန်းကြယ်နတ်ဘုရား နန်းတော်ဆီသို့ ပျံသန်းသွားတော့သည်။ သူ့လက်ထဲတွင် အပြာရောင်အလင်း တောက်ပလာသော်ငြား မတိုက်ခိုက်ခဲ့ပေ။ သူ့ရှေ့တွင် ဆန်းကြယ်နတ်ဘုရား နန်းတော်က ရှိနေ၏။ ဆန်းကြယ်နတ်ဘုရား နန်းတော်ကို တိုက်ခိုက်ရဲသည့် မည်သူမဆို မျိုးနွယ်စုကိုးခု၏ အမဲလိုက်ခြင်း ခံရမည်ဟု ဧကရာဇ်ကိုးပါးက ကြေညာချက် ထုတ်ထားခဲ့သည်။
ဘီး
ဆန်းကြယ်နတ်ဘုရား နန်းတော်ဂိတ်၏ အပြင်ဘက် လေဟာနယ်က အနည်းငယ် လှုပ်သွားကာ ကျန်းရီ၏ ခန္ဓာကိုယ်က သိပ်သည်းသွားတော့သည်။ တွေဝေမနေဘဲ သူကဖြတ်ခနဲ လှုပ်ရှားသွားလျက် ဂိတ်ထဲသို့ တစ်ဟုန်ထိုး ဝင်သွားသည်။ ဂိတ်၏တလက်လက် တောက်ပနေသော အရောင်ထဲ၌ ပျောက်ကွယ်သွားတော့၏။
ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်သုံးဦးက ပူးပေါင်းတိုက်ခိုက်ပြီး ဖေးချီ၏ တပ်ဖွဲ့ထဲတွင် နောက်ထပ် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်နှစ်ဦး ရှိနေသည်။ ဖေးမျိုးနွယ်စုနှင့် ရင်းနှီးသည့် မျိုးနွယ်စုများလည်း ရှိနေ၏။ ကျန်းရီက ပြေးစရာမြေ မရှိပေ။ သူ့အသက်ကို ထိန်းထားချင်လျှင် တစ်ခုတည်းသောနည်းလမ်းက ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲသို့ ပြေးဝင်ရန်သာဖြစ်သည်။ သူက ထိုနေရာတွင် သေကာင်းသေနိုင်သော်ငြား အနည်းဆုံး မျှော်လင့်ချက် ရှိပေ၏။
“မင်းသားကြီး သခင်လေး ”
ချူလော့က အသက်သုံးဆယ် ကျော်နေပြီဖြစ်ရာ ကျန်သည့် ကောင်းကင်ဧကရာဇ် သိုင်းပညာနှစ်ဦးလည်း အသက်ကြီးနေပြီဖြစ်သည်။ သူတို့က ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲ မဝင်နိုင်ကြချေ။ ထို့ကြောင့် ဆုံးဖြတ်ချရန် မင်းသားကြီးနှင့် ဖေးထျန်းတို့ကို လှည့်ကြည့်လိုက်တော့သည်။
“အစ်ကိုကြီး ”
ဖေးချီ၏ တည်ရှိမှုဖြင့် ဖေးချီက တာဝန်မယူနိုင်ပေ။ ထို့ကြောင့်သူက လှည့်ကြည့်လိုက်တော့၏။
“ဖေးထူ ”
ဖေးချီက တွေဝေမနေဘဲ အော်လိုက်လေ၏။ အသက်နှစ်ဆယ်အရွယ် စစ်သူကြီးတစ်ဦးက ပေါ်လာတော့၏။ ထိုလူက အလွန်သန်မာခြင်း မရှိပေ။ ဗာဂျရာနယ်ပယ် ပထမအဆင့်တွင်သာမဟုတ် ဒုတိယအဆင့်တွင်သာ ရှိ၏။ သူကထွက်လာပြီးနောက် လက်သီးဆုပ်မိုးလိုက်သည်။
“အကြီးဆုံးမင်းသား ဖေးထူ ဒီရောက်နေပါပြီ ”
ဖေးချီ၏အကြည့်က အေးစက်သွားလျက် နက်ရှိုင်းသောအသံဖြင့် အော်လိုက်လေသည်။
“လူနှစ်ယောက်ခေါ်သွားပြီး သခင်လေးကျန်းကို အဲ့ဒီလူကို သတ်ဖို့ပြောလိုက် နန်းတော်ထဲက သခင်လေးတွေ သခင်မလေးတွေကိုလည်း အဲ့ဒီလူကိုသတ်ဖို့ ကူညီပေးဖို့ ပြောလိုက်အုံး ငါဖေးချီက သူတို့ကို အကြွေးတစ်ခု တင်သွားပြီ ”
“နားလည်ပါပြီ ”
ထိုလူငယ်က လက်သီးဆုပ်လျက် ပြန်ဖြေလိုက်တော့သည်။ လက်ဝှေ့ယမ်းလျက် အသက်သုံးဆယ်အောက် ဗာဂျရာနယ်ပယ် သိုင်းပညာရှင် နှစ်ဦးကိုခေါ်ပြီး အလင်းစီးကြောင်းအဖြစ် ပြောင်းလဲသွားကာ ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲသို့ ဝင်သွားတော့သည်။
ထျန်း
အစောပိုင်းက မြင်ကွင်းက မရေမတွက်နိုင်သည့် သိုင်းပညာရှင်များနှင့် အောက်တွင်စောင့်ကြည့်နေသော မျိုးနွယ်စုများ၏ အစောင့်များကို မွှေနှောက်သွားနိုင်သည်။ လူများစွာက ကျန်းရီနှင့် အဖွဲ့အကြောင်း လိုက်လံမေးမြန်းကြပြီး နတ်မြင်းပျံနယ်မြေ၌ မည်သူကများ ဖေးချီကို ရန်စရဲသည့် သတ္တိရှိကြောင်း သိချင်နေကြသည်။ သို့သော် သူတို့က အတင်းပြောချင်စိတ်သာ ရှိကြသည်။ အမှန်တကယ်တွင် မည်သူကမှ စိတ်အနှောင့်အယှက် ဖြစ်ခံမနေကြပေ။ ကျန်းရီက သေလူတစ်ယောက် ဖြစ်နေပြီမှန်း လူတိုင်းသိကြ၏။ သူသည် နတ်မြင်းပျံနယ်မြေ၌ နတ်မြင်းပျံ မျိုးနွယ်စုကို ရာရာစစ ရန်စရဲခဲ့သည်။ သူက မျိုးနွယ်စုကြီး တစ်ခု၏ မျိုးဆက်မဟုတ်ခဲ့လျှင် သူကကံဆိုးမိုးမှောင် ကျမှာပဲဖြစ်သည်။
***