← Chapters

အခန်း (၆၃၆-၆၄၀)

Vol. 32 Ch. 636-640

အခန်း (၆၃၆-၆၄၀)

Vol. 32 Ch. 636-640

အခန်း(၆၃၆)

ဖလပ် ဖလပ်

မရေမတွက်နိုင်သော သတင်းပို့ပင်ဂွင်းများက တောင်ပံကို တဖြတ်ဖြတ်ခတ်ကာ ဦးတည်ရာအနှံ့ ပျံသန်းထွက်ခွာသွားပြီး အနောက်တောင်ပိုင်းမှ အနိုင်ရသွားသော သတင်းကို နေရာတိုင်းသို့ ပို့ဆောင်ပေးသည်။

မြို့တော်နှင့် ခုနှစ်လီ၊ ရှစ်လီခန့်အကွာတွင် တောက်ပသော သံချပ်ကာများကို ဝတ်ဆင်ထားသော အစီအစဉ်တကျ ချီတက်နေသော တပ်ကိုမြင်နိုင်သည်။ သူတို့က တရားဝင် လမ်းမမှတဆင့် အနောက်တောင်ပိုင်းသို့ ဦးတည်သည်။ စစ်တပ်၏ အရှေ့ဆုံးတွင် ဦးဆောင်နေသောလူက မြင့်မြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသော သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်ပြီး အဖြူရောင်မြင်းကို စီးထားသည်။ သူက အနောက်တောင်ပိုင်းကို ကြည့်သော အကြည့်ထဲတွင် စိုးရိမ်မှုများကို မြင်နိုင်သည်။ အနောက်တောင်ပိုင်းမှ စစ်ပွဲက တစ်လကျော်နေလေပြီ။ ထို့အပြင် ယခုအခါ နှစ်လနီးပါးပင် ရှိနေခဲ့လေပြီ။

တော်ဝင်ခုံရုံး တစ်ခုလုံးကို မည်သည့်စစ်သားမျှ အငြိမ်မနေနိုင်ကြချေ။ အနောက်တောင်ပိုင်းမှ စစ်ပွဲက နှစ်လတာနီးပါး ကြာရှည်ခဲ့သည်။ သို့သော် အင်အားကြီးမားလှသော အင်ပါယာကပင် နေရာတိုင်းသို့ အရင်းအမြစ်ပေါင်း များစွာကို ထောက်ပံ့ပေးနေရလေရာ အနောက်တောင်ပိုင်းကို ထောက်ပံ့ရန် အချိန်လိုအပ်သည်။ ထို့အပြင် ရိက္ခာများကို ထောက်ပံ့ပေးရန်အတွက်လည်း နေရာတိုင်းမှ စုစည်းရန် လိုအပ်နေသေးပြန်သည်။ ထို့ကြောင့် အချိန်တိုအတွင်း မလောက်ငခဲ့ချေ။

စစ်ဘက်ဆိုင်ရာ ဝန်ထမ်းရေးရာဌာနနှင့် အလုပ်သမားရေးရာ ဌာနတို့က တက်စွမ်းရှိသမျှ ကြိုးစားခဲ့သည့်တိုင်အောင် မလုံလောက်ခဲ့သေးချေ။

ဘုရင်စုန့်ကလည်း လုပ်နိုင်သမျှ အရာအားလုံး လုပ်ပေးခဲ့သည်။ တော်ဝင်စစ်တပ်မှ စစ်သည် သုံးသောင်းကို ရအောင်မနည်း ကြိုးစားခဲ့ရပြီး သူကခေါ်လာနိုင်သော အရေအတွက်က ခုနှစ်သောင်းထိ ရောက်သွားခဲ့သည်။ ထိုလူများ အားလုံးက သေချာလေ့ကျင့်ပေးထားသော စစ်သည်တော်များဖြစ်ပြီး သူက ထိုလူများကို ဦးဆောင်ကာ အနောက်တောင်ပိုင်းသို့ ထွက်လာခဲ့ရသည်။

သို့သော် အမှန်တိုင်းပြောရသော် ဘုရင်စုန့်ကိုယ်တိုင်ကပင် ဒီခုနှစ်သောင်းက အသုံးဝင်နိုင်ခြင်း ရှိမရှိ မသေချာပေ။ မည်သို့ပင်ဆိုစေ မာန်ရှဲ့ယွီစန်း စစ်တပ်က ငါးသိန်းကျော်နေသည်။ သို့ရာတွင် အနောက်တောင်ပိုင်းက ကိစ္စက အလွန်ကြီးမားလွန်းလှလေရာ ဘုရင်စုန့်ကိုယ်တိုင်ပင် သွားရန် ခက်ခဲသည်။ ထို့ပြင် ဒီကိစ္စတွင် ဝမ်ချောင်က ပါနေသေးသည်။

ဘုရင်စုန့်က မည်းမှောင်သော ကောင်းကင်ကို မော့ကြည့်လိုက်ပြီး တိတ်တဆိတ် ပြောလိုက်သည်။

“ဝမ်ချောင် ဒီဘုရင်က လုပ်နိုင်သမျှအားလုံး လုပ်ခဲ့ပြီးပြီ။ မင်းတောင့်ခံထားနိုင်ဖို့ပဲ မျှော်လင့်တယ်။ ငါနောက်မကျဖို့ မျှော်လင့်ရတာပဲ”

ဝမ်ချောင်နှင့် အန်းနန်အစိုးရစစ်တပ်က တောင်တစ်တောင်ပေါ်တွင် တပ်ဆွဲထားပြီး မာန်ရှဲ့ယွီစန်းစစ်တပ်က ဝိုင်းထားကာ အလွန်အမင်း ထိုးဖောက်ရန် ခက်ခဲသော အနေအထားမျိုးတွင် ရှိနေကြောင်း တစ်မြို့တော်လုံးက သိထားပြီးသားဖြစ်သည်။ ကောလဟာလအရ တော်ဝင်ခုံရုံးက ထိုသတင်းကို ရခဲ့ချိန်တွင် ဝမ်ချောင်နှင့် အန်းနန်အစိုးရစစ်တပ်မှ အယောက် တစ်သိန်းရှစ်သောင်းလုံးက သေကုန်ကြပြီဆိုသော သတင်းဆိုးကို ရထားသေးသည်။

ဘုရင်စုန့်က ထိုကောလဟာလကို ငြင်းဆန်ခဲ့သော်လည်း သူ၏ နှလုံးသား နက်ရှိုင်းသော အပိုင်းတွင်မူ ဝမ်ချောင်က သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်၊ ခဲ့လော့ဖုန်းတို့လို ရန်သူမျိုးကို ရင်ဆိုင်ရာတွင် ထိုမျှအချိန်အထိ အချိန်ဆွဲထားပေးရန် ခက်ခဲကြောင်း နားလည်နေသည်။ နောက်ဆုံးရလဒ်က ကံကြမ္မာအထက် ကပ်ဘေးကြီးဖြစ်နေနိုင်သည်။

ဖလပ် ဖလပ်

ရုတ်တရက် ကောင်းကင်မှ တောင်ပံခတ်သံ တဖြတ်ဖြတ်ကို ကြားလိုက်ရသည်။ ဘုရင်စုန့်က သတိလက်လွတ် ခေါင်းမော့ကြည့်လိုက်သောအခါ တောင်ပံကိုဖြန့်ကာ ပျံသန်းလာသော ကြီးမားသော သိန်းငှက်ကြီးတစ်ကောင်က တဖြည်းဖြည်းချင်း သူ၏ရှေ့သို့ ဆင်းသက်လာကြောင်း မြင်လိုက်ရသည်။

“ဘုရင်စုန့်ကို ကာကွယ်ကြ”

ဘေးဘက်မှ အသံထွက်လာသည်။ ထို့နောက် လေးကြိုးဆွဲသံလည်းပါသည်။

“နေဦး”

ဘုရင်စုန့်က ထိုလူများကို တားလိုက်သည်။ တချိန်ထဲတွင်ပင် လက်ကိုဆန့်ကာ ထိုသိန်းငှက်ကို သူ၏လက်ပေါ် ဆင်းသက်ခိုင်းလိုက်သည်။

ထိုသိန်းငှက်က ဝမ်ချောင်၏ဘေးတွင် မကြာခဏ မြင်ရလေ့ရှိသော သိန်းငှက်အိုကြီးဟု ခေါ်သည့်လူက မွေးထားသော အကောင်မျိုးနှင့်တူကြောင်း သတိထားလိုက်မိသောကြောင့် ဖြစ်သည်။ သိန်းငှက်အိုကြီးကလည်း စစ်ဘက်ဆိုင်ရာ ဝန်ထမ်းရေးရာဌာန ရုံးတော်ခွဲမှ အဖွဲ့သားတစ်ယောက် ဖြစ်သည့်အပြင် goguryeol လုပ်ကြံသတ်ဖြတ်သူများနှင့် ဘုရင် sosurilတို့ကို ဖမ်းဆီးမှုတွင် ပါဝင်အားဖြည့် ကူညီပေးနိုင်ခဲ့သောကြောင့် ဘုရင်စုန့်ကသူ့ကို သူနှင့်တစ်ကြိမ် ဆုံခဲ့ဖူးသည်။ ပို၍အရေးကြီးသည်မှာ သိန်းငှက်၏ခြေထောက်တွင် စာပါသည်။

“ဒါကဝမ်ချောင်ဆီက သတင်းပဲ”

ထိုအချိန်တွင် ဘုရင်စုန့်က ထူးခြားသော ခံစားချက်ကို ရလိုက်သည်။ သိန်းငှက်အိုကြီးက ဝမ်ချောင်၏ နောက်လိုက်များထဲမှ တစ်ယောက်ဖြစ်သည်။

“ဖြစ်နိုင်တာက...”

ဘုရင်စုန့်က ချက်ချင်းလိုလို လက်ဆန့်ကာ စာကိုယူလိုက်သည်။

ထို့နောက် တခဏတွင် သူ၏မျက်မှောင်က ချက်ချင်းပြေသွားပြီး ကောင်းကင်ကိုပင် တုန်လှုပ်စေသည့် အော်သံကြီးက ကပ်ပါလာသည်။

“ဟား ဟား ဟား အံ့သြစရာပဲ အံ့သြစရာပဲ”

လူတိုင်းက ကြောင်သွားကြသည်။ အထူးသဖြင့် ဘုရင်စုန့်စံအိမ်မှ လူများဖြစ်သည်။ သူတို့က ဘုရင်စုန့်နှင့် အချိန်အတန်ကြာ အတူနေခဲ့လေရာ သူ့အကြောင်း ကောင်းကောင်း သိထားကြသည်။ ဘုရင်စုန့်အနေဖြင့် ယခုရက်များအတွင်း အိမ်မပျော် စားမဝင်သလို မျက်နှာက အမြဲတစေ စိုးရိမ်မှုဖြင့် ပြည့်နှက်နေလေ့ရှိသည်။ သို့သော် ပထမဦးဆုံးအကြိမ် ဘုရင်စုန့်က ထိုမျှပျော်ရွှင်ကာ ကျေနပ်ပီတိဖြစ်နေခြင်းကို မြင်ရခြင်းဖြစ်သည်။ သူ့ကို အမြဲတစေ ဒုက္ခပေးသော အနက်ရောင် တိမ်မည်းများက ပျောက်ကွယ်သွားပြီနှင့်တူသည်။

“ဝမ်ချောင် မင်းကဒီဘုရင်ကို အံ့သြစရာ အများကြီးပေးတာပဲ”

စာကိုခပ်တင်းတင်း ဆုပ်ကိုင်ပြီးနောက် ဘုရင်စုန့်က ပြင်းပြင်းထန်ထန် ရယ်နေပြီး မျက်နှာကပင် နီရဲလာသည်။ သူ၏မျက်လုံးထဲတွင် အပျော်များက ပြည့်နေသည်။

“မြန်မြန် ဒီဘုရင်ရဲ့ သတင်းကိုပြန်ပို့လိုက်။ တော်ဝင်ခုံရုံးကို ပြောလိုက်စမ်းပါ။ ငါတို့အနောက်တောင်ပိုင်းက စစ်ပွဲကို နိုင်သွားပြီ”

ဘုန်း

သူ၏ထိုစကားက ခုနှစ်သိန်းခန့်ရှိသော စစ်တပ်တစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ လူတိုင်းက မျက်လုံးအပြူးသား ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး မယုံကြည်နိုင်သလို ဖြစ်နေကြသည်။ အနောက်တောင်ပိုင်းသို့ စစ်ချီတက်ရာတွင် လူတိုင်းကလည်း သေဆုံးရန် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သို့သော် ယခုသူတို့ ကြားလိုက်ရသော သတင်းအရ အနောက်တောင်ပိုင်းက နိုင်သွားပြီဟုဆိုသည်။

“မမှားနိုင်ဘူး ဝမ်ရန်နဲ့ အန်းနန်အစိုးရစစ်တပ်ရဲ့ တံဆိပ်က ဒီစာကို အတည်ပြုထားပြီးသား။ အနောက်တောင်ပိုင်းက စစ်ပွဲက မှားစရာအကြောင်း မရှိတော့ဘူး။ ခုံရုံးက အရာရှိတွေ သူတို့စိုးရိမ်တကြီး ဖြစ်နေကြတာ အခုမြန်မြန် အကြောင်းကြားလိုက်စမ်းပါ။ မဟာထန်က ဒီနှစ်လလုံးလုံး ရထားသမျှ သတင်းတွေထဲမှာ အကောင်းဆုံးသတင်းကိုရပြီ”

ထိုသို့ပြောပြီးနောက် ဘုရင်စုန့်က ထပ်ရယ်ပြန်သည်။

ဝမ်ချောင် တကယ်ကိုပဲ သူပဲ။

ဘုရင်စုန့်အနေဖြင့် ထိုမျှကြီးမားသော အံ့အားသင့်စရာကြီးကို လက်ခံရရှိမည်ဟု မထင်ထားမိချေ။

တစ်သိန်းသာရှိသော စစ်တပ်က ငါးသိန်းရှိသော စစ်တပ်ကိုနိုင်ရန် မဖြစ်နိုင်ချေ။ အထူးသဖြင့် သာ့လွန်ရော့ကျန်း၊ ဟော့ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်၊ ခဲ့လော့ဖုန်းတို့ကဲ့သို့ လူမျိုးက ဦးဆောင်နေသော စစ်တပ်ဖြစ်နေသည်။ ထို့ကြောင့်ဒါက အံ့အားသင့်စရာ ကောင်းသည်ဆိုသည်ထက် ပိုလွန်းနေသည်။ ဝမ်ချောင်က မည်သို့လုပ်ခဲ့ကြောင်း သူပင်မစဉ်းစားတတ်ချေ။

သတင်းက အလိမ်အညာမဟုတ်ချေ။ တံဆိပ်က သက်သေပြပြီးသားဖြစ်သည်။ ထပ်ပေါင်းဆိုရသော် ဝမ်ချောင်၏ ကိုယ်ပိုင်လက်မှတ်ပင် ပါသေးသည်။ အခြားလူတိုင်းက လိမ်လောက်သော်လည်း ဝမ်ကမ်းကျစ်နှင့် အန်းနန်အစိုးရစစ်တပ်မှ တံဆိပ်က လိမ်ညာ၍မရချေ။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်သည်တော်တိုင်း အနောက်တောင်ပိုင်းကို မရောက်မချင်း အပြေးနှင်ပြီး ချီတက်ရမယ်။ ငါတို့မြန်မြန်သွားကြရအောင်”

ဘုရင်စုန့်၏ ကျယ်လောင်သော အသံက ကောင်းကင်ကိုပင် ပဲ့တင်ထပ်သွားစေသည်။

စစ်တပ်တစ်ခုလုံးက အလွန်တက်ကြွသွားသည်။ ယခင်ထက်ပင် အဆပေါင်းများစွာ မြန်ဆန်သွားသေးသည်။ စစ်တပ်က ထွက်ခွာသွားသည်နှင့် မရေမတွက်နိုင်သော သတင်းပို့ ပင်ဂွင်းများကလည်း မြို့တော်သို့ ထွက်ခွာပြန်သည်။

မဟာထန်၏မြို့တော်...

တော်ဝင်နန်းတော် အရှေ့မြောက်ဘက်အကျဆုံး ထောင့်တစ်နေရာတွင် ထပ်ခိုးအောက်တွင် ရပ်နေသော ရွှေရောင်ဘရိုကိတ်ကို ဝတ်ဆင်ထားသည့် အစောင့်များရှိသည်။ သူတို့က ရုပ်ထုများနှင့်ပင် တူနေသေးသည်။ သူတို့က နန်းတော်၏ ကောင်းကင်သတင်းပို့များ ဖြစ်ကြသည်။

သူတို့၏ ခိုင်မာသောတာဝန်က အတွင်းမှသတင်းကို ပေးပို့ရန်နှင့် အပြင်မှသတင်းကို လက်ခံရန်ဖြစ်သည်။ အခြားသော အကြောင်းအရာများကမူ သူတို့နှင့် မသက်ဆိုင်ချေ။

ဖလပ် ဖလပ်

ထိုအချိန်တွင် တဖြတ်ဖြတ် အသံများကို ကြားလိုက်ရသဖြင့် လူတိုင်းက မော့ကြည့်လိုက်သောအခါ အဖြူရောင် ပင်ဂွင်းကြီးတစ်ကောင်က ကောင်းကင်တွင် စက်ဝိုင်းပုံသဏ္ဍန် ပျံသန်းပြီးနောက် အနီးအနားရှိ ခေါင်မိုးပေါ်တွင် ရပ်တန့်သွားကြောင်း မြင်လိုက်ရသည်။

“ဒါကဘာလဲ...”

အစောင့်၏ မျက်ဝန်းထဲတွင် သံသယကပေါ်လာသည်။ သူကချက်ချင်း အနားသွားပြီးနောက် ခြေထောက်မှကြိုးကို ဖြေလိုက်သည်။

“ဘုရင်စုန့်ဆီကစာပဲ”

အစောင့်က သတိပြန်ဝင်လာပြီးနောက်တွင် စာကိုဖွင့်ဖတ်လိုက်သည်။ ထို့နောက် စာကိုဖတ်ပြီးသည်နှင့် သူက လဲကျလုနီပါး ဖြစ်သွားသည်။

“အရှင် အရှင် တောင်ပိုင်း အနောက်တောင်ပိုင်းက နိုင်သွားပြီ”

အစောင့်က လက်ထဲတွင် စာကိုကိုင်လျှက် စိတ်လှုပ်ရှားစွာအော်ကာ ပြေးသည်။

ဘုန်း

နန်းတော်တစ်ခုလုံးအနှံ့ ထိုသတင်းက ပျံ့သွားသည်။ လပေါင်းများစွာကြာအောင် အထူးသဖြင့် နှစ်လနီးပါး နန်းတွင်းရှိ အစေခံများ၊ အစောင့်များ၊ မိန်းမဆိုးများ အားလုံးက ထိုစစ်ပွဲအကြောင်းကို သိနေကြသည်။ အင်ပါယာကြီး တစ်ခုလုံး၏ အကြီးမားဆုံး စိုးရိမ်စရာ စစ်ပွဲက အနောက်တောင်ပိုင်း၏ စစ်ပွဲဖြစ်သည်။ မည်သူကမျှလည်း ဒီလိုအခြေအနေမျိုးတွင် နိုင်သွားမည်ဟု မထင်ထားမိချေ။

တော်ဝင်နန်းတော် တစ်ခုလုံး ပျော်ရွှင်စွာဖြင့် အောင်ပွဲခံပွဲများကို ကျင်းပကြသည်။

ဘုရင်စုန့်၏ ပင်ဂွင်းက နန်းတော်ထဲသို့ ဝင်သွားချိန်တွင် အနားသို့ အခြားသော ပင်ဂွင်းတစ်ခုကလည်း ဝမ်မျိုးနွယ်များရှိရာ စံအိမ်တော်ထံသို့သွားသည်။

“ဘာလဲ အနောက်တောင်ပိုင်းက စစ်ပွဲက နိုင်သွားပြီလား”

“ချောင်အာက နိုင်သွားပြီ”

ဝမ်ချောင်၏ ဦးလေးကြီး ဝမ်ကမ်းက ကုလားထိုင်၏လက်ကို ခပ်တင်းတင်းဆုပ်ကိုင်သည်။ သူက ခပ်ကြမ်းကြမ်း ထရပ်လိုက်သည်။ သူ၏မှုတ်ဆိတ်မွှေးများကပင် စိတ်လှုပ်ရှားသောကြောင့် တုန်ယင်သွားသည်။

“သခင် ဒီသတင်းက အတည်ပြုပြီးပါပြီ။ ဘုရင်စုန့်က ပိုထားတဲ့စာမှာလည်း သူ့ရဲ့တံဆိပ်ပါပါတယ်။ သံသယ ဝင်စရာ မရှိပါဘူး”

ဝမ်ကလန်မှအစောင့်က ထပ်ပြီးအတည်ပြုပေးသည်။

“ဟား ဟား အံ့သြစရာပဲ။ အံ့သြစရာပဲ”

ဝမ်ကမ်း၏မျက်လုံးက စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များပင် စိုလာသည်။

ဝမ်မျိုးဆက် သုံးဆက်လုံးက အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ရှိနေခဲ့သည်။ ဝမ်ရန်၊ ဝမ်ဖူနှင့် ဝမ်ချောင်တို့က ရှိနေကြချိန်တွင် မြို့တော်၏ အတွင်းနှင့်အပြင်၊ တော်ဝင်ခုံရုံး အတွင်းနှင့်အပြင်ထဲရှိ လူတိုင်းနီးပါးက အနောက်တောင်ပိုင်း၏ စစ်ပွဲကို အာရုံစိုက်နေကြသည်။ ဝမ်ကမ်းကိုယ်တိုင်ကလည်း အနောက်တောင်ပိုင်း၏ စစ်ပွဲကို အလွန်အာရုံစိုက်နေမိသည်။

ဝမ်ကမ်းအနေဖြင့် ညလယ်ခေါင်တိုင်း အလန့်တကြား နိုးထလာရသော နေ့ရက်ပေါင်းများစွာ ရှိသည်။ ထို့ပြင် သူ့အနေဖြင့် အိပ်ပျော်ရန်ပင် ခက်ခဲခဲ့သည်။ အကြောင်းမူကား အနောက်တောင်ပိုင်းက စစ်ပွဲအကြောင်း တွေးမိချိန်တိုင်း ဝမ်ရန်၊ ဝမ်ဖူနှင့် ဝမ်ချောင်တို့ သေသွားမည်ဟု တွေးမိချိန်တိုင်း သူအလွန်စိုးရိမ် ပူပန်နေရသည်။ သို့သော် သူက ဘာမျှလည်း မလုပ်နိုင်ပြန်ချေ။

တော်ဝင်ခုံရုံးက လက်ရှိအချိန်တွင် ထပ်ထုတ်ပေးနိုင်ရန် စစ်သားများ မလုံလောက်တော့ချေ။ ပို၍အရေးကြီးသည်မှာ တော်ဝင်ခုံရုံးမှ အမတ်တစ်ယောက်ဖြစ်သောသူကပင် ဘာမျှမလုပ်နိုင်ချေ။ ဘုရင်စုန့်က စစ်သည်ခုနှစ်သောင်းကို ဦးဆောင်သွားခြင်းကပင် တော်ဝင်ခုံရုံးက ပို့နိုင်သမျှ အကန့်အသတ် ဖြစ်နေလေပြီ။

ဝမ်ကမ်းအနေဖြင့် ဘုရင်စုန့်ကပင် မရောက်သွားသေးခင် သို့မဟုတ် ထွက်ခွာသွားပြီး သိပ်မကြာခင် သူက အနောက်တောင်ပိုင်း၏ တိုက်ပွဲနယ်မြေသို့ မရောက်ခင် အနောက်တောင်ပိုင်းက နိုင်သွားမည်ဟု မထင်ထားမိချေ။

မဟာထန်၏ စစ်သည်တစ်သိန်းက သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းက ဦးဆောင်သော စစ်သည်ငါးသိန်းကို နိုင်သွားသည်။ ထိုသတင်းက အံ့အားသင့်စရာ ကောင်းလွန်းသည်။ သူကပင် နားဖြင့်ကြားရသောကြောင့်သာ မဟုတ်လျှင် ဝမ်ကမ်းအနေဖြင့် ယုံကြည်လိမ့်မည် မဟုတ်ချေ။ သို့သော် ဝမ်ကမ်းကိုယ်တိုင်ကလည်း ဘုရင်စုန့်က ဒီလိုကိစ္စမျိုးကို မလိမ်ကြောင်း နားလည်နေသည်။

“ချောင်အာ မင်းဒီဦးလေးကို စိတ်မပျက်စေမှန်း ငါသိနေတယ်”

ဝမ်ကမ်းက အလွန်စိတ်လှုပ်ရှားလွန်းသဖြင့် သူ၏နဂိုမြင့်မြတ်သော ပုံစံကိုပင် ထိန်းသိမ်းရန် ခက်ခဲသွားသည်။

“တစ်ယောက်ယောက်လာစမ်း မြန်မြန်ငါ့ကို အရာရှိဝတ်စုံ ဝတ်ပေးကြ။ ငါအခုချက်ချင်း ခုံရုံးကို သွားရမယ်”

“ဟား ဟား ဒီနေ့ ငါတို့မဟာထန်က ခေါင်းမော့ရင်ကော့နိုင်တဲ့ နေ့ရက်ပဲ။ ငါတို့ဝမ်ကလန်က ခေါင်းမော့ ရင်ကော့ထားရမဲ့ရက်ပဲ”

ဝမ်ကမ်း၏ရယ်သံကို စံအိမ်တစ်ခုလုံးကပင် ကြားနိုင်သည်။ စံအိမ်ထဲတွင် ဆယ်စုနှစ်ပေါင်း များစွာကြာအောင် အလုပ်လုပ်နေပြီဖြစ်သော အစေခံအိုကြီးများဆိုလျှင် သူကထိုမျှ ပျော်ရွှင်စွာ ရယ်မောနေပုံကို မမြင်ဖူးခဲ့သေးချေ။

အချိန်တစ်ခုကြာပြီးနောက် ရထားလုံးတစ်စင်းက ဂိတ်ထဲမှ ထွက်ခွာသွားပြီး တော်ဝင်နန်းတော်သို့ သွားသည်။

“မဖြစ်နိုင်ဘူး”

မြို့တော်၏ အခြားတစ်နေရာတွင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာထားမျိုးဖြင့် သက်လတ်ပိုင်း လူတစ်ယောက် ရှိနေသည်။ သူက တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထားပြီး စားပွဲကို ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ကာ စန္ဒကူးစားပွဲကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေသည်။

“အရှင့်သား ဒီသတင်းကို ကောင်းကင် သံတမန်တွေဆီက ရတာပါ။ အနောက်တောင်ပိုင်းက မဟာအောင်ပွဲက တော်ဝင်နန်းတော် တစ်ခုလုံး ပျံ့နေပါပြီ။ သံသယဝင်စရာ မရှိပါဘူး”

အနီးအနားရှိ ဗိုလ်ချုပ်တစ်ယောက်လိုမျိုး ထင်ရသည့် တောင့်တင်းသန်မာသောလူက ညင်သာသော လေသံဖြင့် ပြောသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ သာ့လွန်ရော့ကျန်းက ဘာလဲ။ ခဲ့လော့ဖုန်းကရော ဘာအသုံးကျလဲ။ နောက်ပြီး သွမ့်ခဲ့ချွမ်လည်း ရှိတယ်မဟုတ်လား။ သူတို့အားလုံးက အနောက်တောင်ပိုင်းက ကျော်ကြားတဲ့ ဗိုလ်ချုပ်ကြီးတွေလေ။ နောက်ပြီး သူတို့မှာ စစ်သည်ငါးသိန်းကျော်တောင် ရှိတာမဟုတ်ဘူးလား။ ဘာလို့ ဒီမရင့်ကျက်တဲ့ ကောင်စုတ်ဆီမှာ ရှုံးသွားတာလဲ”

ဘုရင်ချီက ဒေါသအမျက် အချောင်းချောင်းထနေသည်။ သူက အလွန်ဒေါသထွက်လွန်းနေသည်။

သူက အနောက်တောင်ပိုင်းကို မစိုးရိမ်ချေ။ တော်ဝင်ခုံရုံး၏ ကျယ်ပြောမှုနှင့် မဟာထန်၏ ကျယ်ပြောမှုက မဟာထန်နှင့် သာ့လွန်ရော့ကျန်းတို့က လှုပ်ခါနိုင်သော အရာမျိုးမဟုတ်ချေ။ သို့သော် သူက စိုးရိမ်သောအရာက ဝမ်ကလန်မှ သားအဖနှစ်ယောက်က အန်းနန်အစိုးရစစ်တပ်ကို ဦးဆောင်ကာ မာန်ရှဲ့ယွီစန်းစစ်တပ်ကို အလဲထိုး အနိုင်ပိုင်းလိုက်သော အချက်ဖြစ်သည်။

ဝမ်ကလန်တွင် ဘုရင်စုန့်အတွက် အလုပ်လုပ်ပေးနေပြီး သူ့ကို ဆန့်ကျင်နေသည့် အမတ်နှင့် ဗိုလ်ချုပ်ပေါင်းများစွာ ရှိသည်။ သူတို့၏ တပည့်အောက်တွင်ပင် အောင်မြင်မှုများစွာ ရှိထားပြီးလေရာ ဒါကကျားကို တောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။ ထိုသို့ဖြင့် အနာဂတ်တွင် သူကရင်ဆိုင်ရန် ပိုခက်ခဲသွားပေလိမ့်မည်။ အနာဂတ်တွင် သူကဘုရင်စုန့်ကို ကိုင်တွယ်ရန် မဖြစ်နိုင်လောက်တော့ချေ။

“အရှင့်သား ကျွန်တော်တို့ အသေးစိတ် အခြေအနေကို မသိရသေးပါဘူး။ ဒါပေမဲ့ အဲ့ဒီဝမ်ကလန်က ကောင်စုတ်လေးက တော်တော်လေးကို ကြောက်စရာကောင်းတဲ့ စစ်ဗျူဟာစွမ်းရည်ကို ပိုင်ဆိုင်ထားပါတယ်တဲ့။ သာ့လွန်ရော့ကျန်းတောင် သူ့ကို မယှဉ်နိုင်ဘူးလို့ ပြောပါတယ်။ အဲ့ဒီကောင်စုတ်လေးက ကျွန်တော်တို့အတွက် အရမ်းကို အန္တရာယ်များမှာ စိုးရိမ်ရပါတယ်”

ခန်းမထဲတွင် ပိန်ပါးသော လူတစ်ယောက် ဝင်ပြောလိုက်သည်။

ဘန်း

ဘုရင်ချီက ခြေထောက်မြောက်လိုက်ကာ ဘေးနားရှိ စန္ဒကူးခုံကို ဆောင့်ကန်လိုက်ပြီး ထိုဗျူဟာပညာရှင်ကို နှောက်ယှက်လိုက်သည်။

“ဘာကိုအန္တရာယ်လဲ ဘာကိုစစ်ဗျူဟာလဲ။ ၁၇နှစ်ပဲ ရှိနေတဲ့ကောင်က ကောင်းကင်ကို ပြောင်းပြန်လှန်နိုင်မှာလား”

ဘုရင်ချီ၏ ဒေါသက စံအိမ်တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။

ထိုအချိန်တွင် ဘုရင်ချီ၏ စံအိမ်တစ်ခုလုံးက သေလုခြောက်ခြားဖွယ် တင်းကြပ်မှုတွင် ရောက်နေပြီး လူတိုင်းက စကားမပြောရဲကြချေ။ ဗိုလ်ချုပ်နှင့် ဗျူဟာပညာရှင်များကပင် စကားတစ်ခွန်း မဆိုရဲကြချေ။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အခုချက်ချင်း အနောက်တောင်ပိုင်းကို လူလွှတ်ပြီး အသေးစိတ် အချက်အလက်ကို စုံစမ်းကြစမ်း”

ဘုရင်ချီက ထိုအမိန့်ကို အော်ဟစ်လျှက် ထုတ်ပြန်လိုက်သည်။

အခန်း(၆၃၇)

“ဝမ်ပေါ်ဝူမှာ ဒီလိုမြေးမျိုး ရှိနေတာပဲ”

သံရုံး၏ ထောင့်လေးထောင့်မှ အရပ်မျက်နှာတစ်ခုတွင် ယောင်ကလန်မှ သခင်အိုကြီး ယောင်ချုံးက မြေပြင်ကို သူ၏တုတ်ဖြင့်ထောက်လျှက် မတ်တပ်ထရပ်သည်။ အခန်းထဲရှိ လေထုအခြေအနေက ပြောင်းလဲသွားသည်။

ထိုအချိန်တွင် ယောင်ကွမ်းရီက မျက်လုံးမှိတ်ထားသည့်တိုင်အောင် သူ၏ဖခင်၏ အံ့အားသင့်ပြီး စိတ်လှုပ်ရှားနေသော ခံစားချက်ကို ရလိုက်သည်။

မဟာထန်၏ ယခင်အမတ်ချုပ်ကြီး ဖြစ်သည့်အလျောက် သူ၏ဖခင်က မရေမတွက်နိုင်သော မုန်တိုင်းနှင့် ကံကြမ္မာဆိုးများကို အတွေ့အကြုံ ရှိပြီးသားဖြစ်ပြီး မရေမတွက်နိုင်သော လုပ်ကြံသတ်ဖြတ်မှုများမှလည်း ရှင်သန်နိုင်ခဲ့သည်။ မင်းသားများ၏ နောက်ဆုံးစစ်ပွဲတွင် ပုလ္လင်ရရန် နဂါးများက အကြိတ်အနှယ် ရုန်းကန်ကြိုးစားကြရချိန်တွင် သူ၏ဖခင်က အေးစက်မောက်မာစွာ ရှင်သန်ကျန်ရစ်နိုင်ခဲ့သည်။

သို့သော် အနောက်တောင်ပိုင်းမှ စစ်ပွဲ၏ အနိုင်ရသောသတင်းက သူ၏ဖခင်ကို ထိုမျှအထိ ဟန်ချက်ပျက်စေသည်။

“အဖေ အရာအားလုံးက အတင်းအဖျင်းပဲ ရှိပါသေးတယ်။ ဘာသက်သေမှ မရှိပါဘူး။ ဒီတော့ ဒါက ကောလဟာလလည်း ဖြစ်ကောင်းဖြစ်နေနိုင်တာပဲ။ အနောက်တောင်ပိုင်းက ကျွန်တော်တို့ မျှော်လင့်ထားသလို မဖြစ်တာလည်း ဖြစ်လောက်ပါတယ်”

ယောင်ကွမ်းရီက နှစ်သိမ့်ပေးသည်။

“ရီအာ မင်းကခုံရုံးရဲ့ အမတ်တစ်ယောက် ဖြစ်နေပြီ။ နောက်ပြီး နှစ်ပေါင်းများစွာကြာအောင် နယ်စပ်က ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်ခဲ့ပြီးသား။ ဘာလို့အမှန်နဲ့ အမှားကိုတောင် မပြောနိုင်ရတာလဲ”

လူအိုကြီးယောင်က သူ၏တုတ်ကောက်ကို မှီထားပြီးနောက် သားဖြစ်သူကို တစ်ချက်ကြည့်ကာ သူ၏စိတ်ပျက်မှုကို မဖုံးကွယ်တော့ချေ။

“ဒါဆ်ိုရင် အဖေဆိုလိုတာက...”

ယောင်ကွမ်းရီက မသက်မသာပြောသည်။

“အနောက်တောင်ပိုင်းက မဟာထန်ရဲ့ ဂိတ်ပေါက်ပဲ။ ဒီစစ်ပွဲက မဟာထန်၊ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းတို့ အားလုံးကို သက်ရောက်မှုရှိတယ်။ ဒီစစ်ပွဲရဲ့ ကိစ္စက မဟာထန်ရဲ့ အနာဂတ်ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တယ်။ ငါတို့ကသာ အနောက်တောင်ပိုင်းမှာ ရှုံးသွားရင် မဟာထန် ဘာဖြစ်မယ်လို့ထင်လဲ”

“အနောက်ဘက်က တူရကီ khaganates gouryeol အင်ပါယာ khitans နောက်ပြီရှီ အနောက်ပိုင်းနယ်မြေက တိုင်းပြည်အားလုံး ဒါ့အပြင် abbasidcliphade နဲ့ charahsbasinuတို့က ဘယ်လိုတုန့်ပြန်မယ်လို့ထင်လဲ”

ယောင်ကွမ်းရီက သူ၏ဖခင်ကို မှင်သက်စွာဖြင့် ကြည့်လိုက်သည်။ သူကြားလိုက်ရသော စကားကိုပင် သူက လက်ခံရန် ခက်ခဲသွားသည်။

ဘာလို့ သူ့အဖေက ဝမ်ကလန်ဘက်က ရပ်တည်နေတယ်လို့ ခံစားနေရတာလဲ။

“ရီအာ ဒါက အဖေတို့က ဝမ်ကလန်ဘက်က မဟုတ်ပေမဲ့လည်း ဒီကိစ္စက ဝမ်ကလန်နဲ့ မသက်ဆိုင်ဘူး။ မဟာထန်နဲ့ သက်ဆိုင်နေတာ။ ဘာလို့ အဖေတို့ ယောင်ကလန်က အင်ပါယာက မျက်နှာသာပေးတာကို ခံစားနိုင်ပြီး အခုလို အင်အားကြီးထွားနိုင်လဲသိလား။ ဘာလို့ ဘယ်သောအခါမှ ဒုက္ခအပေးမခံရလဲ ဆိုတာကို နားလည်လား။ ဘာလို့လည်းဆိုတော့ အဖေတို့က ဝမ်ကလန်နဲ့ တိုက်ခိုက်နေတဲ့ အတွက်ကြောင့်လည်း မဟုတ်သလို ဘုရင်စုန့်နဲ့ တိုက်ခိုက်နေတဲ့ အတွက်ကြောင့်လည်း မဟုတ်ဘူး။ ဒါက ဘုရင်ချီနဲ့လည်း မသက်ဆိုင်ဘူး။ ဒီအတိုင်း အဖေတို့ရဲ့ ယောင်ကလန်က မဟာထန်ရဲ့ အကျိုးအမြတ်ကို အဖေတို့ရဲ့ နံပါတ်တစ် ဦးစားပေးအနေနဲ့ သတ်မှတ်ထားလို့ပဲ”

“ရီအာ မင်းရဲ့အတွေ့အကြုံတွေ ဒီလောက်များနေတာ အခုတော့ လိုအပ်နေသေးပါလား”

ယောင်ချုံးက သားဖြစ်သူကို စိတ်ပျက်လက်ပျက်ကြည့်သည်။

သူက ဝမ်ကျို့လင်းနှင့် ဘဝတစ်သက်တာ တိုက်ခိုက်ခဲ့သည်။ ဘယ်သောအခါမျှ မရှုံးခဲ့ချေ။ သို့သော် ဆက်ခံသူများအရတွင် သူရှုံးသွားသည်။ ဝမ်ကလန်က အလွန်တိုးတက်လွန်းသောကြောင့် မဟုတ်ဘဲ သူတို့တွင် ဝမ်ချောင်ကို ပိုင်ဆိုင်ထားသောကြောင့် ဖြစ်သည်။ သို့သော် ယောင်ချုံးကမူ သူ၏ယောင်မျိုးဆက်တွင် ရှိနေလေပြီး ဝမ်ချောင်ကို ယှဉ်နိုင်သော အခြားမျိုးဆက်လည်း မရှိသေးပြန်ချေ။ ယောင်ချုံးကမူ သူ၏ယောင်မျိုးဆက်တွင် ဝမ်ချောင်ကို ယှဉ်နိုင်သော မျိုးဆက်ကို ရှာမတွေ့သေးချေ။ ယောင်ကွမ်းရီကပင် မယှဉ်နိုင်လေရာ အခြားသူများဆိုလျှင် ထည့်ပြောရန်ပင် မလိုအပ်တော့ချေ။

ဝမ်ကလန်က ထိုသို့သောလူမျိုးကို မွေးထုတ်ပေးနိုင်မည်ဟု မထင်ထားမိချေ။ သူက ဘဝသက်တမ်း တစ်ဝက်လုံး ဝမ်ကလန်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ နှစ်တစ်ရာကျော် ကြာပြီးနောက် ယောင်ကလန်မှ မျိုးဆက်များက ဝမ်ကလန်ကိုသာ မော့ကြည့်နေရတော့မည့် အရေးကို စိုးရိမ်မိသွားသည်။

သခင်အိုကြီးက သက်ပြင်းကိုချပြီးနောက် ဘာမှမပြောနိုင်တော့ချေ။

“သခင်ကြီး တော်ဝင်ခုံရုံးက သခင်ယောင်ကို ခုံရုံးကိုဝင်ရောက်ဖို့ ခုံရုံးရဲ့ညီလာခံကိုတက်ဖို့ ဖိတ်ကြားလိုက်ပါတယ်”

အပြင်မှအသံတစ်သံ ထွက်လာပြီးနောက် ယောင်ကွမ်းရီကပင် တုန်ယင်သွားကာ ချက်ချင်း လှည့်ကြည့်လိုက်မိသည်။

“ဟား ဟား နိုင်ပြီ သခင်လေးချောင်က တကယ်နိုင်သွားတာပဲ။ ငါတို့ရဲ့ မဟာထန်ကနိုင်ပြီ”

ထိုအချိန်တွင် မြို့တော်၏ မဟာပန်းပဲကလန် လေးခုလုံးမှ အောင်ပွဲခံသံများနှင့် မဟာကလန်ကြီးတိုင်း၏ စံအိမ်တိုင်းတွင် အနီရောင်မီးအိမ်များကို ချိတ်ဆွဲကာ အောင်ပွဲခံကြသည်။ မြို့တော်မှ ဓားပန်းပဲစံအိမ်များ၊ ဓားရောင်းချသော ဆိုင်များကပင် အောင်ပွဲခံသလို အလှဆင်ထားကြသည်။

တော်ဝင်ခုံရုံးမှ သတင်းက ယခုလို ဈေးနေရာမျိုးကို ပျံ့ခဲသော် ယခုအခြေအနေကမူ ကွာခြားသည်။ အနောက်တောင်ပိုင်းက သတင်းက မြို့တော်သို့ ရောက်သည်နှင့် တော်ဝင်ခုံရုံးက ချက်ချင်းလိုလို သတင်းကို ဖြန့်လိုက်သည်။

လွန်ခဲ့သော နှစ်လအတွင်း မြို့တော်က အလွန်ထိတ်လန့်နေရသည်။ နှင်းမုန်တိုင်းထဲတွင် ပြိုလဲကျတော့မည့် ကောင်းကင်ကို ခံစားနေရသလို ဖြစ်နေကြရသည်။ ယခုအခါ အောင်ပွဲခံသတင်းက ပျံ့နှံ့ရန် လိုအပ်လာသည်။

“သခင်လေးချောင် အနောက်တောင်ပိုင်းမှာ အသုံးပြုသွားတဲ့ ပစ္စည်းတွေ လေး၊ မြားနဲ့ ဒူးလေးကြီးတွေ အားလုံးကို ငါတို့က ပြင်ဆင်ပေးတာပဲ။ အနောက်တောင်ပိုင်းက အောင်ပွဲက သေချာသွားတဲ့အခါ တော်ဝင်ခုံရုံးက ငါတို့ကို ဆုလဒ်တွေအများကြီး ချီးမြှင့်လိမ့်မယ်”

မဟာဓားပန်းပဲကလန်လေးခုနှင့် မြို့တော်အတွင်းမှ အခြားသော ပန်းပဲရုံများ၊ လက်နက်ရုံများ အားလုံးက စိတ်လှုပ်ရှားနေကြသည်။

သူတို့က ဝမ်ချောင်အတွက် လက်နက်များ ပြင်ဆင်ပေးသောအခါက ဝမ်ချောင်က အနောက်တောင်ပိုင်းမှ စစ်ပွဲတွင် ထိုပစ္စည်းများကို အသုံးပြုပြီး မာန်ရှဲ့ယွီစန်း စစ်တပ်ကို အလဲထိုးမည်ဟု မထင်ခဲ့ကြချေ။ ယခုအခါ ဝမ်ချောင်က နိုင်သွားသည်။ သူတို့အားလုံးကလည်း သူ့နည်းတူ အောင်ပွဲခံနိုင်မည်ဖြစ်သည်။

“ဘာ အနောက်တောင်ပိုင်းက စစ်ပွဲက နိုင်သွားပြီဟုတ်လား။ အနောက်တောင်ပိုင်းက စစ်ပွဲမှာ ငါတို့တကယ် နိုင်သွားတာလား”

ကလန်ကြီးတစ်ခု၏ စံအိမ်ထဲတွင် ကျော့ရှင်းကြည့်ကောင်းသော ခေါင်းဆောင်တစ်ယောက်က ချက်ချင်းလိုလို နေရာမှထရပ်လိုက်သည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုက အထင်းသား ပေါ်နေသည်။

“အဲ့ဒီဝမ်ကလန်က သခင်လေးချောင်က သာ့လွန်ရော့ကျန်းနဲ့ ခဲ့လော့ဖုန်းကိုတောင် ရှုံးအောင်လုပ်လိုက်နိုင်တာလား”

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး”

အနောက်တောင်ပိုင်းက သတင်းက ကလန်တိုင်းကို မှင်သက်စေသည်။ အထူးသဖြင့် ဝမ်ချောင်လို ကျွမ်းကျင်ပညာရှင်များနှင့် အကြွေးများ ရှိနေသူများဖြစ်သည်။

“ဒါကတကယ်ကို ကြီးမားတဲ့ အောင်ပွဲကြီးပဲ။ အဲ့ဒီအမျိုးကောင်းသားက ဒီလောက်ထိ လုပ်နိုင်စွမ်းအား ရှိမယ်လို့ မထင်ထားမိဘူး”

ထိုအချိန်တွင် ကလန်တိုင်းမှ ခေါင်းဆောင်တိုင်းက ဝမ်ကလန်မှ ကျွမ်းကျင်ပညာရှင်များအတွက် ဝု့စ်သံမဏိဓားများနှင့် လဲလှယ်သွားသော ထိုမျိုးဆက်ကို အလွန်လေးစားမိသွားသည်။

စစ်သည်တစ်သိန်းကိုသုံးပြီး စစ်သည်ငါးသိန်းကို နိုင်သွားရန်အတွက် မလွယ်ကူချေ။ ထို့အပြင် တစ်ဖက်တွင်လည်း အလွန်အင်အားများပြားသော မြင်းတပ်ပမာဏကို ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် ဒီလိုအခြေအနေမျိုးတွင် နိုင်သွားသော ကိစ္စက မယုံနိုင်စရာကောင်းလွန်းသည်။

“ကြည့်ရတာ ငါတို့နဲ့ ဝမ်ကလန်ရဲ့ ဆက်ဆံရေးကို တိုးမြှင့်ဖို့ စဉ်းစားရတော့မယ်။ အဲဒီကောင်လေးနဲ့ ငါတို့နဲ့ ချည်နှောင်ထားမှ ဖြစ်လိမ့်မယ်။ ဒီကိစ္စက ဝု့စ်သံမဏိဓားတွေနဲ့ လဲလှယ်တာထက် ပိုဆိုးတယ်”

တစ်ရက်တွင် မြို့တော်ရှိ မည်သည့်ကလန်မဆို ထိုသို့သော ထူးခြားသည့် ခံစားချက်ကို ရနေကြသည်။

“ဟား ဟား ဟား နိုင်သွားပြီ။ သိုင်းညီငယ်ဝမ်က တကယ်နိုင်သွားတယ်”

“ငါတို့ရဲ့ လမ်းလွဲဓားစံအိမ်က ဒီတစ်ကြိမ်မှာ နာမည်ကြီးအောင် လုပ်လိုက်နိုင်ပြီ”

“သိုင်းညီငယ်ဝမ်က နတ်ဘုရားထက် မပိုတော့ဘူး။ သူနဲ့သာဆိုရင် ငါတို့ရဲ့ ခွန်းဝူလေ့ကျင့်ရေးစခန်းက သေချာပေါက် အခြားလေ့ကျင့်ရေး စခန်းနှစ်ခုကို ကျော်သွားမှာပဲ”

“ဟား ဟား ငါတို့လမ်းလွဲဓားစံအိမ်ကို ထောက်ပံ့ပေးရအောင် သခင်လေးချောင်က ဒါကို တည်ထောင်ခဲ့တာ မဟုတ်လား။ ငါကသူ့ရဲ့တံခါးစောင့် လုပ်ရလည်း အဆင်ပြေတယ်”

အနောက်တောင်ပိုင်းစစ်ပွဲ အောင်မြင်သွားသောသခင်းက ခွန်းဝူလေ့ကျင့်ရေးစခန်းသို့ ရောက်သွားသောအခါ စိတ်လှုပ်ရှားစွာ အော်ဟစ်သော အသံများက ပဲ့တင်ထပ်သွားသည်။ လမ်းလွဲဓားစံအိမ်တွင် ချက်စ်ကစားနေသော ကျောင်းချန်းချုံဆိုလျှင် ချက်စ်ဘုတ်ကိုပင် ဖနောင့်ပေါက်မိလုနီးပါး ဖြစ်သွားသေးလေသည်။ အကြောင်းမူကား သူက အလျင်စလို မတ်တပ်ထရပ်လိုက်သောကြောင့် ဖြစ်သည်။

“ဒါ ဒါက တကယ်လား”

ကျောင်းချန်းချုံက ထိုစကားကိုပြောရန် မနည်းအားယူလိုက်ရသည်။

သူခွန်းဝူလေ့ကျင့်ရေးစခန်းသို့ စဝင်ချိန်ကတည်းက ဝမ်ချောင်က ပါရမီရှိကြောင်း သိထားပြီး တစ်ဖက်သူက ပုံမှန်မဟုတ်လောက်အောင် ဗဟုသုတရှိကြောင်း နားလည်ထားသော်လည်း ကျောင်းချန်းချုံအနေနှင့် ဝမ်ချောင်က ထိုသို့သော လုပ်နိုင်စွမ်းအား ရှိမည်ဟု မတွေးမိခဲ့သည်မှာ သေချာသည်။

သာ့လွန်ရော့ကျန်းနှင့် သွမ့်ခဲ့ချွမ်တို့က ကျောင်းချန်းချုံကိုယ်တိုင်ပင် မတွေးရဲသော လူမျိုးများ ဖြစ်ကြသည်။ ဝမ်ချောင်အနေဖြင့် ဒီလိုကြီးမားသော တိုက်ပွဲမျိုးတွင် ထိုလူများကို အနိုင်ရအောင် လုပ်လိုက်နိုင်သော ကိစ္စက မတွေးရဲစရာကိစ္စဖြစ်သည်။ ထို့ပြင် အရေအတွက်က အပြတ်အသပ်သာသည်။

“မဖြစ်နိုင်ဘူး ဒါကမယုံနိုင်စရာ ကောင်းလွန်းနေတယ်”

ကျောင်းချန်းချုံရင်ဘက်က နိမ့်ချီမြင့်ချီဖြစ်နေပြီး စိတ်ငြိမ်ရန် အလွန်ခက်ခဲသွားသည်။

တစ်မြို့တော်လုံးရှိ အဆင့်အမြင့်မားဆုံးသော အထက်တန်းလွှာကစပြီး အနိမ့်ဆုံး သာမာန်လူများအထိ ထိုအောင်မြင်မှုကြောင့် ပျော်ရွှင်နေကြသည်။ မြို့တော်၏ နေရာတိုင်းမှ အောင်ပွဲခံသံများကို ကြားနိုင်သလို အချို့သူများဆိုလျှင် အောင်ပွဲခံသည့်အပြင် မီးပန်းပင် ဖောက်ကြသေးသည်။

သို့သော် ထိုအချိန်တွင် စိတ်အလှုပ်ရှားဆုံးသော လူများက မြို့တော်မှလူများမဟုတ်ဘဲ တော်ဝင်ခုံရုံးက လူများဖြစ်သည်။

တော်ဝင်နန်းတော်ရဲ့ အနက်ရှိုင်းဆုံးအပိုင်းတွင် ရှိကြသော အရာရှိတိုင်း သိုင်းပညာရှင်တိုင်း တရားရေးရာဌာနမှ လူတိုင်းက ထိုက်ကြည်နန်းဆောင်ထဲတွင် စုဝေးရောက်ရှိနေကြသည်။ အထဲရှိ လေထုက အလွန်နွေးထွေးကာ ပျော်ရွှင်ဖွယ် ဖြစ်နေသည်။

“ဟား ဟား ခုံရုံးက လက်ခံဖူးသမျှထဲမှာ အကောင်းဆုံး သတင်းပဲ။ ဝမ်ကမ်း၊ အမတ်ကျို့မှာ မြေးကောင်းတစ်ယောက် ပိုင်ထားတာပဲ။ မင်းတို့ရဲ့ ဝမ်ကလန်က အင်ပါယာရဲ့ ထောက်တိုင် ပြန်ဖြစ်တော့မှာ သေချာတယ်”

ခုံရုံးတွင် မီးခိုးရောင်ဆံပင်များကို ပိုင်ဆိုင်ထားသော စာပေများကို အကဲဖြတ်ရသည့် တော်ဝင်အရာရှိကြီး တစ်ယောက်ဖြစ်သည့် အသက်(၇၀)၊ (၈၀)အရွယ်ခန့်ရှိသော လူအိုကြီးက ချက်ချင်းလိုလို ဝမ်ကမ်းနှင့် လက်ဆွဲနှုတ်ဆက်သည်။ ဝမ်ကမ်းက ယခုမှ ဝင်လာကာစဖြစ်သော်လည်း လက်ဆွဲနှုတ်ဆက်ခံနေရသည်။

ထိုအကဲဖြတ်အရာရှိကြီးက အလွန်အမင်း အသက်ကြီးနေပြီဖြစ်ပြီး တော်ဝင်ခုံရုံးတွင် ရောက်နေသည်မှာလည်း နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ အဆင့်အတန်းအရဆိုရသော် သူက တော်ဝင်အကဲဖြတ်အရာရှိ သွမ့်ချောင်ထက်ပင် အဆင့်မြင့်သေးသည်။ သို့သော် ဝမ်ချောင်က အနောက်တောင်ပိုင်း၏ စစ်ပွဲကို အနိုင်ရရှိသည်ဆိုသော သတင်းကို ကြားပြီးနောက် သူက အရာရှိဝတ်ရုံကိုပင် ချက်ချင်းဝတ်ကာ ဦးထုပ်ကိုဆောင်းပြီး ညီလာခံကို အပြေးအလွှား လာတတ်ခြင်းဖြစ်သည်။

ဝမ်ချောင်က အသက်(၁၇)နှစ်သား အရွယ်သာ ရှိသေးသည်။ သို့သော် ထိုအရာရှိအိုကြီးကမူ အင်ပါယာ၏ ထောက်တိုင်ဟုပင် ဖော်ပြလိုက်လေပြီ။ မည်သည့်သာမာန်လူကမျှ ထိုသို့သော ဂုဏ်သိက္ခာ အဆင့်အတန်းမျိုးကို မပိုင်ဆိုင်ကြချေ။ သို့သော် မည်သည့် အရာရှိများကလည်း အပြစ်မရှာနိုင်ကြချေ။

အနောက်တောင်ပိုင်းမှ စစ်ပွဲက အလွန်အမင်း မယုံနိုင်စရာ ကောင်းလွန်းနေခဲ့သည်။ ကြားထားသော သတင်းများအရဆိုလျှင် မဟာထန်က စစ်သည်တစ်သိန်းခြောက်သောင်းကို ရှုံးထားပြီးသားဖြစ်သည်။ ထို့အပြင် လီကျန်းရီက ဦးဆောင်ခေါ်သွားသော တပ်ကူများက ခြုံခိုတိုက်ခိုက် ခံခဲ့ရသည့်အတွက် သူတို့၏ ဆုံးရှုံးမှုက တစ်သိန်းရှစ်သောင်းမှ တစ်သိန်းကိုးသောင်းအထိ ရှိနေနိုင်သေးသည်။

သို့သော် မာန်ရှဲ့ယွီစန်းမှ ဆုံးရှုံးမှုများပါ ပေါင်းထည့်လိုက်သော် မဟာထန်ထက် နှစ်ဆခန့်နီးပါးထိ ရှိနေပြီး လေးသိန်းကျော်နေနိုင်သေးသည်။ ထပ်ပေါင်းဆိုရသော် ယွီစန်းတွင် ကျော်ကြားသောမြင်းတပ် ရှိနေသေးသည်။ ထို့ကြောင့် ထိုအနိုင်ပွဲက တစ်လောကလုံးကို လှုပ်ခါနိုင်စွမ်း ရှိနေခဲ့သည်။ တွေးကြည့်ရုံဖြင့်ပင် ထိုအကဲဖြတ် အရာရှိဟောင်း၏ နှလုံးသားမှ ပျော်ရွှင်မှုကို ခံစားမိနိုင်သည်။

“တော်ဝင်အကဲဖြတ်အရာရှိကြီးရဲ့ ချီကျူးမှုက လွန်ကဲလွန်းနေပါပြီ”

ဝမ်ကမ်းက အလျင်စလို ပြန်ပြောသည်။

“လွန်ကဲတယ် ဘာကိုလွန်ကဲရမှာလဲ။ ဝမ်ကမ်းက မင်းရဲ့ဝမ်ကလန်က မဟာထန်အတွက် အကြီးကြီး လုပ်ပေးလိုက်နိုင်တာပဲ။ ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းက ဆုံးရှုံးသွားတဲ့ စစ်သားတွေ နောက်ထပ် ဆယ်စုနှစ် အနည်းငယ်အတွင်း အနောက်တောင်ပိုင်းကို မကျူးကျော်နိုင်တော့ဘူး”

ဝမ်ကမ်းက ထိုသို့ပြောပြီးချိန်တွင် အမှုထမ်းရေးရာဌာနမှ အရာရှိများက သူ့ကိုဝိုင်းလာသည်။

“ဟုတ်တယ် ဒီနေ့ ဝမ်ကလန်က မဟာထန်အတွက် အထူးချွန် အပြောင်မြောက်ဆုံး အစေခံဖြစ်ကြောင်း သက်သေပြလိုက်နိုင်တာပဲ။ နောက်ပြီး လုပ်ဆောင်ပေးနိုင်သမျှ ကြိုးစားအားထုတ်မှုတိုင်းအတွက် ဆုလဒ်က လိုက်ပါလာမယ်။ အရှင်ဝမ်အနေနဲ့ နှိမ့်ချနေဖို့ မလိုပါဘူး”

“အသေအချာပဲ သခင်လေးဝမ် အနောက်တောင်ပိုင်းကနေ ပြန်လာတာနဲ့ အရှင်မင်းကြီးက သခင်လေးဝမ်ကို သေချာပေါက် ဆုလဒ်အများကြီး ချီးမြှင့်လိမ့်မယ်။ ဝမ်ကလန်က ဒီလိုချီလင်းသားတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ မဟာထန်အတွက် ကံကောင်းမှုပါပဲ”

“သခင်လေးချောင်က မူးမတ်တစ်ယောက်က ပိုင်ဆိုင်သင့်တဲ့ အရည်အချင်းမျိုးကိုတောင် ပိုင်ဆိုင်နေပြီ”

ရိက္ခာရေးရာဌာနမှ အရာရှိများ၊ ဝန်ထမ်းရေးရာဌာနမှ အရာရှိများ၊ စစ်ဘက်ရေးရာဆိုင်ရာ အမှုထမ်းရေးရာဌာနနှင့် အလုပ်သမားရေးရာဌာနမှ အရာရှိများ အားလုံးအပြင် ခုံရုံးမှ အခြားသော အထက်တန်းလွှာများ အားလုံးက လာရောက်ကာ ဝမ်ကမ်းကို ချီးကျူးစကား ပြောကြသည်။

ထိုအထက်တန်းလွှာများ အားလုံးက စိတ်လှုပ်ရှား တက်ကြွနေကြသည်။ ပုံမှန်အားဖြင့် ဒီလိုညီလာခံမျိုးတွင် အထက်တန်းလွှာ တစ်ဝက်လောက်သာ တက်လောက်ကြသော်လည်း ဒီနေ့တွင်မူ အနောက်တောင်ပိုင်းမှ အနိုင်ရကြောင်း ကြားသည်နှင့် ပထမတန်းစား အထက်တန်းလွှာတိုင်းက ရောက်လာကြသည်။

“အရှင်ဝမ် မင်းမှာအချိန်ရှိရင် ငါ့ရဲ့စံအိမ်တော်ကိုလာပြီး ပွဲလေးတက်ဖို့ တောင်းပန်ပါတယ်။ အထူးသဖြင့် သခင်လေးဝမ်အတွက် ကျင်းပပေးတာပါပဲ။ အရှင်ဝမ်က သခင်လေးဝမ်ကိုလည်း ခေါ်လာပေးရမယ်”

“ဟုတ်တယ် ဟုတ်တယ် သခင်လေးဝမ်လာသမျှ ငါတို့ရဲ့ မူးမတ်ကျောင်းစံအိမ်တော်ကလည်း အချိန်စာရင်း အသင့်ပြင်ပြီး သူ့ကိုစောင့်နေမှာပဲ”

“သခင်လေးဝမ်က (၁၇)နှစ်ပဲ ရှိသေးတယ်လို့ကြားတယ်။ ဒါပေမဲ့ ဒါက အရွယ်ရောက်တဲ့ အသက်ကို ကျော်သွားပြီ။ ဒီတော့ လက်ထပ်ပွဲကို စဉ်းစားရမဲ့အချိန်ပဲ။ ဖြစ်ချင်တော့ ငါ့မှာလည်း ရုပ်ရည်လည်းလှ၊ အကျင့်စရိုက်လည်းကောင်းတဲ့ သမီးတစ်ယောက် ရှိနေတယ်။ အရှင်ဝမ်အနေနဲ့ အောင်သွယ်တော်များ မလုပ်ချင်ဘူးလား။ ငါတို့ရဲ့ ဝမ်ကလန်နဲ့ ကျန်းကလန်က ချင်းနဲ့ကျင်း ဖြစ်သွားနိုင်တာပဲ”

“မူးမတ်ကျန်း ဒါကမသင့်တော်ဘူး ဖြစ်ချင်တော့ ငါ့မှာလည်း ဒီလိုအရည်အချင်း ပြည့်မှီတဲ့ သမီးတစ်ယောက် ရှိနေသေးတယ်”

ဝမ်ကမ်းက အရာရှိများ၏ အဝိုင်းခံလိုက်ရသည်။ သူ၏မျက်နှာက ပျော်ရွှင်မှုကြောင့်ပင် နီရဲလာသည်။ သူက ခဏခဏရယ်နေရပြီး ပါးစပ်ကပိတ်ရန် ခက်ခဲလာသည်။ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ခုံရုံးအတွင်း သူ၏အဆင့်မြင့်အောင် ကြိုးစားခဲ့ပြီးနောက် ဒီနေ့က အပျော်ရွှင်ရဆုံးနေ့ ဖြစ်ရလောက်သည်။

ခုံရုံးတစ်ခုလုံးတွင် ဝမ်ကမ်းနှင့် ဝမ်ကလန်က မေးခွန်းထုတ်ရန် မလိုလောက်အောင် အဓိကပုဂ္ဂိုလ်များ ဖြစ်သွားကြသည်။ သူတို့က မဟာထန်၏ အမတ်ချုပ်ကြီးကိုပင် ကျော်သွားသည်။ ဒီနေ့က သူတို့ဝမ်မျိုးဆက်အတွက်သာ ဖြစ်တည်နေသော နေ့ရက်တစ်ခုကဲ့သို့ ဖြစ်သွားသည်။

အခန်း(၆၃၈)

“မျိုးမစစ် ဒီဘုရင်က ဒေါသထွက်နေတာကွ”

ရစ်ခွေနေသော နဂါးတစ်ကောင်ပုံစံ အလှဆင်ထားသော တိုင်နားတွင် ရပ်နေသည့် ဘုရင်ချီက အံ့ကိုကြိတ်သည်။ သူ၏လက်သီးကလည်း အက်ကွဲတော့မတက် ခပ်တင်းတင်း ဆုပ်ထားသည်။ သူ၏မျက်နှာကမူ ဖြူဖျော့နေပြီး အလွန်တင်းမာနေသည်။

သူကဝမ်ကမ်း၏ သားနားနေသော မျက်နှာကိုမြင်ရန် စိတ်အခြေအနေ မကောင်းနေချေ။ သို့သော် ဒီနေ့မှာ အနောက်တောင်ပိုင်း၏ အောင်ပွဲခံကျင်းပသော ရက်ဖြစ်နေလေသည်။ မဟာထန်၏ တော်ဝင်မင်းသားဖြစ်သော သူ့အနေဖြင့် တက်ရန်လိုအပ်သည်။

အခြားတစ်ဖက်တွင် ထန်းလော့မဟာဗိုလ်ချုပ် အာပုစစ်ကလည်း စိတ်အချဉ်ပေါက်နေသော မျက်နှာထားမျိုး ဖြစ်နေသည်။ သူက နယ်ပယ်ဗိုလ်ချုပ် မတော်တဆ ကိစ္စတွင် ဝမ်ချောင်ကသူ့ကို အတိုက်အခံ လုပ်ခဲ့သော ကိစ္စကို မမေ့သေးချေ။ ထပ်ပေါင်းဆိုရသော် ဝမ်ချောင်က သူ၏သား အာပုထုံးကိုပင် ခွန်းဝူလေ့ကျင့်ရေးစခန်း အလံဖြင့်တွဲကာ ချည်နှောင်ခဲ့ဖူးသေးသည်။ ထိုအခြေအနေကသူ့ကို အလွန်အရှက်ရစေခဲ့သည်။

သို့သော် ဘုရင်ချီကဲ့သို့ မဟာထန်၏ တော်ဝင်မင်းသားကပင် ဘာမျှမပြောနိုင်လေရာ သူကဘာမျှ မပြောနိုင်တော့ချေ။

“သေစမ်း ငါမင်းကိုအခု မောက်မာခွင့် ပြုထားလိုက်ဦးမယ်။ မင်းတို့ဒီလမ်းအတိုင်း ဘယ်လောက်ကြာကြာ လျှောက်နိုင်မလဲကြည့်မယ်”

ခန်းမထဲတွင် ဘုရင်ချီဘက်မှ အမတ်များက ဘုရင်ချီဘက်မှရှိပြီး ဝမ်ကလန်နှင့် စုန့်ကို အတိုက်အခံလုပ်သော အမတ်များကမူ မသက်မသာဖြစ်နေကြသည်။ သို့သော် သူတို့က မည်မျှပင် မသက်မသာ ဖြစ်နေစေကာမူ ပါးစပ်ကိုသာ ပိတ်ထားနိုင်သည်။ စကားတစ်ခွန်းမျှ ဝင်မပြောရဲကြချေ။

ဘုန်း

ထိုက်ကြည်နန်းတော်အတွင်းရှိ အမတ်များအားလုံးကို ရုတ်တရက်မြည်လာသော ခေါင်းလောင်းသံက ဆွဲဆောင်သွားသည်။

“အမှုထမ်းတို့ အားလုံးပဲ ဘုရင့်အမိန့်တော်ကို နားထောင်ကြ”

မြင့်မားလွန်းလှသော စင်မြင့်အထက် ပုတီးစေ့လိုက်ကာများ၏ အနောက်တွင် ခမ်းနားထည်ဝါသော သူတော်စင် ဧကရာဇ်၏ အသံကို ကြားလိုက်ရသည်။

“ဘုရင်စုန့်က အနောက်တောင်ပိုင်းကို ရောက်တဲ့အခါ ဝမ်ချောင်က အနည်းငယ်တောင် နှောင့်နှေးကျန့်ကြာခြင်း မရှိဘဲ မြို့တော်ကို ပြန်လာရမယ်”

“ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ”

အရာရှိတိုင်း အထက်တန်းလွှာတိုင်းက ချက်ချင်း ဒူးထောက်ကြသည်။ ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။

ဘုန်း

သူတော်စင်ဧကရာဇ်၏ အမ်ိန့်က အင်ပါယာ တစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။ အနှေးကွေးဆုံး လူကပင် အနောက်တောင်ပိုင်းမှ အောင်ပွဲအကြောင်း သိနေကြပြီဖြစ်သည်။ ဝမ်ချောင်၏ ကြီးမားသော အောင်မြင်တိုးတက်မှုကြီးကြောင့် သူတော်စင်ဧကရာဇ်က သူ့ကိုမြို့တော်သို့ ပြန်လာခိုင်းပြီး ဆုလဒ်ပေါင်းများစွာ ချီမြှင့်မည်မှာ သေချာသည်။

ထိုတခဏကစတင်ပြီး ဝမ်မျိုးဆက်က အထက်တန်းလွှာဆိုသော စကားလုံးကို ကျော်လွန်သွားလေပြီ။

သခင်အိုကြီး ဝမ်ပြီးနောက် ဝမ်ကလန်က အင်ပါယာ၏ ထောက်တိုင်ပြန်ဖြစ်ဦးတော့ပေမည်။

“အစ်ကိုကြီး ငါတို့ ရွေးချယ်မှု မှန်ကန်ခဲ့တယ်”

ယွီကျန်းနန်းဆောင်ထဲရှိ စုဝေးပွဲပြီးနောက် ယွီကျန်းနန်းဆောင်ထဲတွင် ကြင်ယာတော်ထိုက်ကျန်းက သူမ၏ အိပ်ယာပေါ်တွင်ထိုင်လျှက် ငြိမ်းချမ်းမှုနှင့် သန့်စင်သော သံစဉ်ဆိုသော အရာကို ရေးသားထားသည့် ပိုးသားလေးကို ချလိုက်သည်။ သက်ပြင်းရှည်ကြီးကိုချသည်။ သူမ၏ အမူအရာက အလွန်စိတ်အေးသွားဟန်ရသည်။

စုဝေးပွဲက ပြီးဆုံးကာစဖြစ်သည်။ သို့သော် သူမက သူတော်စင်ဧကရာဇ်၏ ဝမ်ချောင်အတွက် အကြံကို သိလိုက်ပြီးလေပြီ။

“ဟား ဟား တကယ်ကိုပဲ ငါရန်ကျောင်းက ဒီလောက်ထူးခြားတဲ့ သွေးသောက်ညီငယ် ပိုင်ဆိုင်ထားမယ်လို့ ဘယ်သူကများ ထင်မှာလဲ။ သာ့လွန်ရော့ကျန်းနဲ့ ခဲ့လော့ဖုန်းလို ကျော်ကြားတဲ့ ဗိုလ်ချုပ်ကြီးတွေတောင် ရှုံးသွားတယ်။ ညီမလေး ဒီလိုသွေးသောက်ညီငယ်မျိုး ရှိတဲ့အတွက် ငါတို့ရဲ့ နန်းတွင်းက အဆင့်အတန်းကလည်း ထိုက်တောင်ကြီးကို မြင့်မားတော့မှာ သေချာတယ်”

ရန်ကျောင်းက လက်ကိုနောက်ပစ်လျှက် ဂုဏ်ယူစွာဖြင့် ကြင်ယာတော်ထိုက်ကျန်းကို ကြည့်သည်။

အနောက်တောင်ပိုင်းမှ အနိုင်၏လွှမ်းမိုးမှုက မြို့တော်ကို ကန့်သတ်မထားခဲ့ချေ။ မြို့တော်တစ်ခုလုံးက လှုပ်လှုပ်ရှားရှား ဖြစ်နေချိန်တွင် မရေမတွက်နိုင်သော သတင်းပို့ ပင်ဂွင်းများကလည်း မဟာထန်၏ နယ်စပ်တိုင်းကို သတင်းပို့ပြီးသားဖြစ်သည်။ မဟာထန်၏ အနောက်ဘက်နယ်စပ် လုံရှီး...

“ဘာ အနောက်တောင်ပိုင်း နယ်စပ်က နိုင်သွားပြီဟုတ်လား။ ခဲ့လော့ဖုန်းက ရှုံးသွားတယ်ပေါ့”

အနောက်ဘက်အကျဆုံး အပိုင်းတွင် အလွန်ကြီးမားသည့် လုံရှီး၏ ထယ်ဟုအမည်ရသော မြို့ကြီးတွင် မဟာထန်၏ ထယ်အမည်ရသော စစ်တပ်မှ မဟာဗိုလ်ချုပ်ဖြစ်သည့် အလွန်ခန့်ညားချောမောသော ပုံရိပ်က မြို့ရိုးနံရံပေါ်တွင် လှံထိပ်ကို ထောင်ထားသလို ပုံစံမျိုးဖြင့် ထက်ရှစွာ ရပ်နေသည်။ သူနဲ့မျက်နှာချင်းဆိုင်တွင် ရှိနေသောလူများက မဆုံးနိုင်သော တိဗက်မြင်းတပ်ဖြစ်သည်။

အရှေ့တွင် ထိုက်တောင်ရှိနေလျှင်ပင် ကရုမစိုက်သော ခဲ့ရှု့ဟန်လို လူမျိုးကပင် ထိုသတင်းရသောအခါ အံ့သြရသည်။

သူကမှတ်မိသည်မှာ မှန်ကန်လေသည်။ သွမ့်ခဲ့ချွမ်နှင့် ခဲ့လော့ဖုန်းတို့က အနောက်တောင်ပိုင်းမှ အလွန်အမင်း အင်အားကြီးမားသော ပုဂ္ဂိုလ်ကြီးများဖြစ်ပြီး ယခင်အန်းနန်၏ ကာကွယ်ရေးဗိုလ်ချုပ် ကျန်းချုံကျန့်ချုံးဖြစ်သည့် ယခုလက်ရှိ စစ်အမတ်နှင့်ပင် ရင်ဆိုင်ကာ ယှဉ်နိုင်ခဲ့သည်။ ခဲ့ရှု့ဟန်အနေဖြင့် ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းတို့နဲ့ တစ်ကြိမ်သော်မျှ ထိပ်တိုက် ရင်မဆိုင်ခဲ့ဖူးသေးသော်လည်း သာ့လွန်ရော့ကျန်းက ကျန်းချုံကျန့်ချုံးနှင့် ရင်ဆိုင်နိုင်ကတည်းက တစ်ဖက်လူလို အင်ပါယာ၏ကျားကို စိန်ခေါ်နိုင်လေရာ ထိုလူကလည်း အချို့နယ်ပယ်များတွင် သာလွန်ကြောင်း သေချာနေလေသည်။

ကျန်းချုံကျန့်ချုံးကဲ့သို့သော လူမျိုးကပင် အနောက်တောင်ပိုင်းတွင် ပြိုင်ဘက်ကင်းနေရာမှ တော်ဝင်ခုံရုံးသို့ ဝင်ရောက်ရန် နည်းလမ်းပေါင်းများစွာကို သုံးခဲ့ပြီး စစ်အမတ်အဖြစ် ပြောင်းလဲတာဝန်ယူခဲ့ကတည်းက သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်း၏ လုပ်နိုင်စွမ်းရည်ကို မျှော်မှန်းကြည့်၍ ရသည်။ သို့သော် အနောက်တောင်ပိုင်းက နိုင်သွားသည်။

ထို့အပြင် ထိုနေရာတွင် ကျန်းချုံကျန့်ချုံးလည်း မရှိသလို အခြားတော်ဝင်မဟာဗိုလ်ချုပ် တစ်ယောက်မျှလည်း ရှိမနေခဲ့ချေ။ ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့က ဒီအတိုင်း အဆင့်တစ် ဗိုလ်ချုပ်ကြီးမျှသာ ဖြစ်နေသေးသည်။ ထန်က မာန်ရှဲ့ယွီစန်းစစ်တပ်ကို အပြတ်အသပ် ကွာနေသော အင်အားနှင့်ပင် နိုင်သွားသည်။ ခဲ့ရှု့ဟန်အနေဖြင့် ထိုသို့သော အခြေအနေမျိုးကိုပင် မတွေးရဲခဲ့ဖူးချေ။

“အဲ့ဒီကောင်စုတ်လေးက တကယ်ကို လေးစားစရာကောင်းတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားတာလား။ ဒီသတင်းက အတည်ပြုပြီးပြီလား။ အခြားတပ်ကူတွေမရောက်တာ သေချာလား”

ခဲ့ရှု့ဟန်က စာကိုခပ်တင်းတင်း ဆုပ်ကိုင်လျှက် မျက်လုံးက တွန့်နေသည်။

သူက ထိုစာကို ကိုင်ထားသည်မှာ ကြာလှချေပြီ။ သို့သော် ထိုသတင်းကို ယုံရန်ခက်ခဲနေသည်။ ထိုကောင်စုတ်လေးက နယ်ပယ်ဒေသဆိုင်ရာ အုပ်ချုပ်သူအရာရှိများ၏ မတော်တဆမှု အတွင်းတွင် ပြဿနာအလွန် ရှာထားပြီး သူ့ကိုလည်း လူသိရှင်ကြား ရှုံ့ချထားသောသူ ဖြစ်သည်။ သို့သော် တစ်ဖက်သူအတွက် ထိုသို့ လုပ်နိုင်စွမ်းအား ရှိနေသောအချက်က ရယ်စရာကောင်းလွန်းသည်။

“မဟာဗိုလ်ချုပ် ဒီကိစ္စကို ထပ်ခါတလဲလဲ အတည်ပြုပြီးပါပြီ။ ကျွန်တော်တို့ မဟုတ်ပါဘူး။ တူညီတဲ့သတင်းကို အခြားနယ်စပ်က ကာကွယ်ရေးဗိုလ်ချုပ်နဲ့ မဟာဗိုလ်ချုပ်တွေဆီကိုလည်း ပို့ထားပါတယ်။ ဝမ်ကလန်ရဲ့ အငယ်ဆုံးသား ဝမ်ချောင်က အနောက်တောင်ပိုင်းက တောင်တန်းတစ်ခုပေါ်မှာ ခြေကုပ်ရယူနိုင်ခဲ့ပြီး စစ်သည်တစ်သိန်းတည်းကိုသုံးလို့ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်တို့က ဦးဆောင်သော စစ်သည်ငါးသိန်းကို ရင်ဆိုင်ခဲ့တာပါ။ အဆုံးမှာ သူမမျှော်လင့်ထားဘဲ အားလုံးကို အမြစ်ဖြတ် သုတ်သင်နိုင်ခဲ့တယ်။ စစ်သည်လေးသိန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့တယ်။ ဒီကိစ္စက မယုံနိုင်စရာကို ကောင်းလွန်းလှပါတယ်”

“သာ့လွန်ရော့ကျန်းက တောင်ပေါ်ဒေသက နာ့ယိတော်ဝင်တပ်ရင်းဆီကို ပြန်ဆုတ်သွားပါပြီ။ ခဲ့လော့ဖုန်းကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလို့ အ့ဟိုင်ကို ပြန်ခေါ်သွားခံရပါတယ်။ သူသေသလား ရှင်သလား မသိရပါဘူး”

အနီးအနားတွင် ထယ်စစ်တပ်မှ ကင်းထောက်ဗိုလ်ချုပ်ကြီးက ဂါရဝပြုလျှက်ပြောသည်။ သူ၏ခေါင်းက အသားကုန် ငုံ့ထားသည်။

ခဲ့ရှု့ဟန်က မည်သည့်စကားမျှ မပြောချေ။ သို့သော် သူ၏မျက်လုံးက ပို၍တွန့်သွားသည်။ သူမနေနိုင်တော့ဘဲ ထိုမျှ လေးစားဖွယ်ကောင်းသော စစ်မှတ်တမ်းကြီးကြောင့် စိတ်လှုပ်ရှားသွားရသည်။

သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်တို့က လက်ရှိခေတ်တွင် ကျော်ကြားသော ဗိုလ်ချုပ်ကြီးများ ဖြစ်သည်။ wetadra ခွန်းလုံနှင့် တုစုန့်မန့်ဖော်ကျယ်တို့က သူ့ကိုဆွဲထားသောကြောင့် သူ၏ မဟာထယ်က တောင်ပိုင်းသို့ ချီတက်လာရသောကြောင့်သာ မဟုတ်လျှင် သူကခုခံရာတွင် မည်သည့်ပြဿနာမျှ မရှိလောက်ချေ။ သို့သော် ထိုလူများကို ရှုံးအောင်လုပ်ရန်အတွက်မူကား ခဲ့ရှု့ဟန်အနေဖြင့် ယုံကြည်မှု မရှိတော့ချေ။

မဟာဗိုလ်ချုပ်အဆင့်သို့ ဝင်ရောက်နိုင်ခဲ့သော လူတိုင်းက တူညီသောစွမ်းရည်များရှိသည်။ အများစုက ပြောင်မြောက်သော စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ ထို့ကြောင့် အလဲထိုးရန် ခက်ခဲသည်။

“ဒီလောကက တကယ်ကို ပါရမီရှင်အသစ်တွေ မွေးထုတ်ပေးနေတာပဲ။ ငါတောင်မှ ငါတို့ရဲ့ မဟာထန်က ဒီလိုပြိုင်ဘက်ကင်းတဲ့ စစ်သေနာပတိချုပ်တစ်ယောက်ကို မွေးထုတ်ပေးနိုင်မယ်လို့ မထင်ထားဘူး။ ခဲ့ရှု့ ဒါကမဟာထန်အတွက် ကံကောင်းမှုပါ”

အနောက်မှ ခြေလှမ်းသံအချို့နှင့်အတူ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်က ချဉ်းကပ်လာပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါကလည်း ဆင်းသက်လာသည်။

“အရှင်”

သံချပ်ကာအပြည့် ဝတ်ဆင်ထားသော အိမ်ရှေ့စံမင်းသား၏ အငယ်တန်း အစောင့်အရှောက် မဟာထန်၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်ကို မြင်လိုက်ချိန်တွင် ခဲ့ရှု့ဟန်က အလျင်စလို ခေါင်းငုံ့လိုက်သည်။ သူက လုံရှီး၏ ထယ်စစ်တပ်မှ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်ဖြစ်ပြီး အဆင့်အတန်း အလွန်မြင့်မားသော်လည်း ခဲ့ရှု့ဟန်အနေဖြင့် ဝမ်ကျုံးစစ်၏ လက်အောက်ငယ်သားဟုသာ အမြဲတစေ သတ်မှတ်ထားသည်။ ဝမ်ကျုံးစစ်ကသာ သူအလေးစားဆုံး လူလည်းဖြစ်သည်။

“အရှင်”

အခြားသူများကလည်း ချက်ချင်းလိုလို ဂါရဝပြုလိုက်ကြသည်။

“အင်း”

ဝမ်ကျုံးစစ်က လက်ယမ်းပြသည်။ နေ့ရက်ပေါင်းများစွာ ပြင်းထန်စွာ တိုက်ပွဲဆင်နွဲနေရသောကြောင့် သူ၏မျက်နှာတွင် နွမ်းနယ်မှုများက ရှိနေသည်။ သို့သော် သူ၏မျက်လုံးကမူ တောက်ပကာ စူးရှနေသည်။ မည်သူမဆို ထိုမျက်လုံးထဲတွင် လေးစားမှုနှင့် အလုပ်အကျွေးပြုလိုစိတ်ကို ခံစားမိနိုင်သည်။

အမှန်အတိုင်းဆိုရသော် တစ်လောကလုံးရှိ လူအနည်းစုလောက်ကသာ ဝမ်ကျုံးစစ်ရှေ့တွင်ရပ်ပြီး သူနှင့် တိုက်ခိုက်ရဲလောက်သည်။

ယွီစန်းက ဗိုလ်ချုပ်များ၏ဘုရင်ကိုသာ မစေလွှတ်ခဲ့လျှင် wetadra ခွန်းလုံကသာ ရောက်မလာခဲ့လျှင် ထိုလူကသာ ဝမ်ကျုံးစစ်နှင့် တိုက်ခိုက်ဖူးသော ယခင်အတွေ့အကြုံ မရှိခဲ့ဖူးလျှင် မည်သူကမျှ သူ့ကို ရပ်တန့်နိုင်မည်မဟုတ်ချေ။

“ခဲ့ရှု့ မင်းမသိတာ ဖြစ်လောက်တယ်။ မြို့တော်ရဲ့ အနောက်ဘက်ပိုင်းက တစ္ဆေသစ်ပင် အရပ်ဒေသမှာတုန်းက အဲ့ဒီကလေးက စစ်နတ်ဘုရားဟောင်း စုကျန်းချန်းကို ချက်စ်ကစားပွဲမှာ နိုင်သွားတယ်”

ဝမ်ကျုံးစစ်ကပြောသည်။

“ဘာ”

စုကျန်းချန်း၏ နာမည်ကို ကြားသောအခါ ခဲ့ရှု့ဟန်၏ တစ်ကိုယ်လုံးက အံ့အားသင့်မှုကြောင့် တုန်ယင်သွားသည်။ သူက ခေါင်းကိုပင် ခပ်ပြင်းပြင်း မော့မိသွားသည်။

ဒဏ္ဍာရန်လာ စစ်နတ်ဘုရား စုကျန်းချန်းက အင်ပါယာ၏ ထိုက်ကျုံးခေတ်တွင် အကျော်ကြားဆုံးဖြစ်သည်။ ထိုလူက မဟာထန်တွင် လူတိုင်းထက်မြင့်သော အဆင့်အတန်းမျိုးဖြစ်ပြီး ဝမ်ကျုံးစစ်ကိုပင် ကျော်သည်။ သို့သော် ကောလဟာလအရ ထိုလူက သေသွားပြီဖြစ်သည်။

ဝမ်ကလန်မှ ထိုကောင်စုတ်လေးကမူ ချက်စ်ကစားပွဲတွင် တစ်ဖက်သူကို နိုင်သည်ဟု ဆိုလာသည်။

ဘယ်လိုဖြစ်နိုင်မှာလဲ

ခဲ့ရှု့ဟန်၏ အံ့သြမှုက မသေးချေ။

မဟာထန်တစ်ခုလုံးတွင် အင်အားအကြီးဆုံးဟု ကျော်ကြားသောလူက အိမ်ရှေ့စံ၏ အငယ်တန်း အစောင့်အရှောက် ဝမ်ကျုံးစစ်မဟုတ်ဘဲ ဒဏ္ဍာရီလာ စစ်နတ်ဘုရား စုကျန်းချန်းဖြစ်သည်။ ထိုအမျိုးသားနှင့် ပတ်သတ်ပြီး အရာအားလုံးက လျို့ဝှက်ဆန်းကြယ်မှု ဒဏ္ဍာရီလာများဖြင့် ဖုံးလွှမ်းနေသည်။

ထယ်ကြီးစစ်တပ်မှ မဟာဗိုလ်ချုပ် ခဲ့ရှု့ဟန်ကပင် ထိုစစ်နတ်ဘုရားဟောင်းကို အလွန်အမင်း လေးစားသည်။

မဟာထန်၏ များစွာသော ဗိုလ်ချုပ်ထဲမှ မည်သူကမဆို ထိုအကြီးအကဲ ဟောင်းကြီး၏ အရှေ့တွင် ရပ်နေခွင့် မရှိကြပေ။ ဝမ်ကျုံးစစ်ပင် ထိုသို့ရပ်နေရန် အရည်အချင်း မပြည့်မှီချေ။ ထိုသို့ဖြင့် သူ၏အဆင့်အတန်းကို သိနားလည်လောက်သည်။

သို့ရာတွင် ဝမ်ကျုံးစစ်ကမူ ဝမ်ချောင်က တစ်ချိန်က ထိုပုဂ္ဂိုလ်ကြီးကို ချက်စ်ကစားပွဲတွင် နိုင်သွားသည်ဟု ဆိုသည်။

ခဲ့ရှု့ဟန်က မယုံကြည်သောကြောင့် မဟုတ်ဘဲ ယုံကြည်ရန်ပင် မသင့်လျော်သောကြောင့် ဖြစ်သည်။

စစ်အနုပညာက ချက်စ်ကစားပွဲနှင့် ပတ်သတ်သည်။ စစ်အနုပညာကို နားလည်ထားသော မည်သည့် ဗိုလ်ချုပ်မဆို ထိုအကြောင်းကိုသိသည်။ ဆိုလိုသည်မှာ ထိုကောင်စုတ်လေးက စစ်အနုပညာအရာတွင် စုကျန်းချန်းကိုပင် ကျော်လွန်သည်ဟု ဆိုနိုင်သည်။

ဘယ်လိုဖြစ်နိုင်မှာလဲ

ခဲ့ရှု့ဟန်က မယုံကြည်နိုင်တော့ချေ။

“ငါလည်းအသေးစိတ် မသိပေမဲ့ ဒီကိစ္စကို လူအနည်းငယ်လောက်ပဲ နားလည်ထားတာ။ ဒါပေမဲ့ စီနီယာစုက အသက်ရှင်နေတုန်းပဲ။ ဒါ့အပြင် ဝမ်ကလန်က အဲ့ဒီကောင်လေးက သူ့ကို တစ္ဆေသစ်ပင် အရပ်ဒေသမှာ နိုင်သွားတယ်။ ဒါက ငြင်းလို့မရတဲ့အချက်ပဲ။ ငါနန်းတွင်းက တူညီတဲ့ သတင်းကို ရထားတာ”

ဝမ်ကျုံးစစ်ကပြောသည်။

ခဲ့ရှု့ဟန်က တိတ်ဆိတ်သွားသည်။ သူက အခြားသူတစ်ယောက်ကပြောသော စကားဆိုလျှင် မယုံကြည်လောက်သော်လည်း ဝမ်ကျုံးစစ်ကပြောသော စကား ဖြစ်နေသည့်အတွက် လက်ခံရတော့ပေမည်။

ဝုန်း

ရုတ်တရက် မြေကမာ္ဘက တုန်ယင်သွားသည်။ ကျယ်လောင်သော ဆူညံသံက လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။

“သူတို့ နောက်ဆုတ်နေကြပြီ။ တိဗက်တွေ နောက်ဆုတ်နေကြပြီ”

လူတစ်ယောက်က မျှော်စင်ပေါ်မှ လှမ်းအော်သည်။ ခဲ့ရှု့ဟန်နှင့် ဝမ်ကျုံးစစ်တို့က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ တိဗက်တောင်ပေါ်ဒေသမှ တိဗက်တောင်ပေါ်သား ထောင်လွှားသော ပုဂ္ဂိုလ်ကြီးက ယခုအခါ တိဗက်တောင်ပေါ်မှ ပြည့်ကြပ်ညှပ်နေသော ပုဂ္ဂိုလ်ကြီးများက ဖုန်မှုန့်များ အလုံးလုံးဖြင့် အလွှမ်းမိုးခံထားရပြီး သူတို့၏ ခြင်္သေ့ဖြူက မာနတကြီး ရှိနေသည့် အလံမျိုးဖြင့် ဝှေ့ယမ်းနေသလိုမျိုး အလံကို ယမ်းခါစေကာ နောက်ပြန်ဆုတ်နေသည်ကို မြင်လိုက်ရသည်။

အလံများ၏ အောက်တွင်လည်း မရေမတွက်နိုင်သော တိဗက်မြင်းတပ်များက ရုတ်တရက် အနောက်ဘက်သို့ ဦးတည်နေကြသည်။ သူတို့အားလုံးက တောင်ပေါ်ဒေသသို့ ပြန်ဆုတ်ခွာနေကြသည်။

“ရား”

တောင်ပေါ်မှ အောင်ပွဲခံသံများ ထွက်လာသလို ထယ်ကြီးစစ်တပ်မှ စစ်သည်တော်များက အောင်ပွဲခံကြသည်။ ကြာရှည်စွာ တိုက်ခိုက်နေပြီး နေ့ရက်တိုင်းလိုလို ပြင်းထန်သော တိုက်ပွဲများကို တောင့်ခံနေပြီးနောက် အဆုံးတွင် wetadra ခွန်းလုံနှင့် တုစုန့်မန့်ဖော်ကျယ်တို့၏ လက်အောက်မှ တိဗက်မြင်းတပ်က နောက်ဆုတ်သွားလေပြီ။

ခဲ့ရှု့ဟန်နှင့် ဝမ်ကျုံးစစ်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

Wetadra ခွန်းလုံနှင့် တုစုန့်မန့်ဖော်ကျယ်တို့က နောက်ဆုတ်သွားမှုနှင့်အတူ ခဲ့ရှု့ဟန်နှင့် ဝမ်ကျုံးစစ်တို့က တော်ဝင်ခုံရုံးမှ စာပို့စရာပင် မလိုဘဲ အနောက်တောင်ပိုင်းက စစ်ပွဲက သေချာပေါက် နိုင်သွားကြောင်း ပို၍ သေချာသွားကြသည်။

ဗျူဟာအရ ရှုံးသွားသည်။ ထို့ကြောင့် လုံရှီးမှ တိုက်ပွဲက အဓိပ္ပာယ်မရှိတော့ချေ။ မဟာထန်က နိုင်သွားလေပြီ။

“မျိုးမစစ်ကောင်”

ချီးရှီကာကွယ်ရေး ဌာနချုပ်ထဲတွင် ဒေါသတကြီး အော်သံများ အဆောက်အဦးတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

“(၁၇)နှစ်ပဲ ရှိသေးတဲ့ကောင်လေးက ဘာလို့ဒီလောက်ထိ လုပ်နေတာလဲ။ ပြန်စစ်စမ်း ပြန်စစ်စမ်း ထပ်စစ်စမ်း”

အခြားသော ဗိုလ်ချုပ်ကြီးများနှင့် မတူသည်မှာ ချီးရှီကာကွယ်ရေး ဗိုလ်ချုပ်ဖူးမန်လင်ချားက ဝမ်ချောင်ဟာ သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းကို အနိုင်ယူနိုင်ပြီး အနောက်တောင်ပိုင်းက စစ်ပွဲတွင် နိုင်သွားကြောင်း ကြားသောအခါ ဒေါသတကြီး ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။ ချီးရှီတွင် ထူးခြားသော အဆင့်အတန်း ရှိသည်။ ကမ်းစူနှင့် ချင်းဟိုင်ကို ကန့်သတ်ထားပြီး တူရကီနှင့် ယွီစန်းကြားတွင် မားမတ်စွာ ရပ်တည်လျှက် မဟာထန်၏ အဓိကအချက်အချာ ဗဟိုနယ်မြေနှင့် အန်းရှီ၏ ခံတပ်များကြားတွင် အရေးပါသော လမ်းကြားတစ်ခုနေရာတွင် ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် မည်သို့သော စစ်ပွဲက ဖြစ်ပွားစေကာမူ ဖူးမန်လင်ချားက သူ၏နေရာမှ ထွက်ခွာရခဲသည်။ သို့သော် သူကထိုစစ်ပွဲများကို အာရုံမစိုက်ဟု မဆိုလိုချေ။

အခန်း(၆၃၉)

နယ်ပယ်ဒေသဆိုင်ရာ ဗိုလ်ချုပ်များနှင့် ပတ်သတ်သော မတော်တဆမှုတွင် ဝမ်ချောင်က ဟူနှင့်ဟန်ကြားမှ ကွာခြားချက်ကို ရေးသားပြုစုထားသည့် မှတ်တမ်းလွှာကို တင်ပြပေးခဲ့ပြီး ခပ်ကြမ်းကြမ်း အကဲဖြတ်ခဲ့သော ကိစ္စက မဟာထန်၏ ဟူအပေါ် အလွန်အကျိုးအမြတ်ရစေသော ကမ်းလှမ်းချက်ကို ပျက်စီးစေခဲ့သည်။ ဖုမန်လင်ချားက ဟူမှကာကွယ်ရေးဗိုလ်ချုပ် ဖြစ်လေရာ ထိုကိစ္စနှင့် ပတ်သတ်ပြီး နက်ရှိုင်းသောအငြိုး ထားထားသည်။

သူ၏ယခင်ဒေါသအရ သူက ဝမ်ချောင်၏ ကွပ်မျက်မှုကိုပင် မှတ်တမ်းစာလွှာ တင်သွားထားလေသည်။

ဖုမန်လင်ချားက ထိုသို့သော သတင်းမျိုးကို ရလိမ့်မည်ဟုလည်း မထင်ထားချေ။ ဖုမန်းလင်ချားဘက်မှ ကြည့်လျှင် ထိုကောင်လေးက ရှည်စရာပင်မလိုသော ကောင်လေးတစ်ယောက်သာဖြစ်ပြီး သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းတို့က ဦးဆောင်ကာ စုစည်းထားသော စစ်တပ်ကို အလဲထိုးနိုင်ခဲ့ကာ စစ်သည်လေးသိန်းကျော်ကို သတ်ဖြတ်ခဲ့လျှက် အောင်မြင်မှုရရှိသွားခဲ့သော အချက်က မယုံကြည်နိုင်စရာ ဖြစ်သည်။ ထိုသတင်းကသာ မှန်ကန်လျှင် ထိုကောင်လေးက ကိုင်တွယ်ရန် အလွန်အမင်း ခက်ခဲသွားပေလိမ့်မည်။

ထိုသို့သော လူမျိုးက တော်ဝင်ခုံရုံးတွင် ပေါ်လာခြင်းက နယ်စပ်မှ ဟူဗိုလ်ချုပ်များအတွက် သတင်းဆိုးဖြစ်သည်။ ဖုမန်လင်ချားအနေဖြင့် ထိုသတင်းနှင့်ပတ်သတ်ပြီး ပြောစရာမရှိပေ။

“ကင်းထောက်တွေ စေလွှတ်လိုက်။ အနောက်တောင်ပိုင်းကို သွားစမ်း။ ငါအဲ့ဒီမှာ ဘာဖြစ်နေလဲ သိချင်တယ်။ နားနောက်က အမွှေးတောင်မစုံသေးတဲ့ ဒီလိုကောင်စုတ်က ဒီလိုစွမ်းအင်မျိုး ရှိမယ်လို့ ငါမယုံဘူး”

ဖုမန်လင်ချား၏ အသံက ကာကွယ်ရေး ဌာနချုပ်တစ်ခုလုံး ဟိန်းထွက်သွားသည်။

အန်းရှီနှင့် ပေ့ထန်းကာကွယ်ရေး စစ်တပ်စခန်း လေးခု၏ အတွင်းဘက် အလွန်ကျသော မြောက်ပိုင်းတစ်နေရာတွင် ကောင်းရှန်းကျစ်၊ အန်းစစ်ရွှမ်း... တို့ကဲ့သို့ မဟာထန်မှ နယ်စပ်နေရာကို ခြေကုပ်ဆွဲထားနိုင်သည့် ဗိုလ်ချုပ်မှူးကြီးများအတွက် ထိုနေ့က မေ့ရန်ခက်ခဲသော နေ့တစ်ရက် ဖြစ်လာသည်။

အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှ တူရကီနှင့် khaganates တို့ကဲ့သို့ အင်အားစုကြီးများ အနောက်ပိုင်း နယ်မြေများမှ charahspasinu abbasiate caliphate goguryeo khidans နှင့် ရှီတို့ကဲ့သို့သော အင်အားကြီး တိုင်းပြည်ကြီးများစွာက မဟာထန်ကို မျက်စိဒေါက်ထောက် ကြည့်နေပြီး မဟာထန်၏ နယ်စပ်များတွင်လည်း သူတို့၏ စောင့်ကြပ်သော စစ်သည်တော်များကို တိုးမြှင့်ပေးထားသော ကာလတွင် မဟာထန်၏ အလွန်အမင်း အန္တရာယ်များသော အနေအထားသို့ ရောက်ရှိနေခဲ့လေသည်။ ထို့ကြောင့် ထိုနေရာတိုင်းတွင် ဦးစွာကျရှုံးသွားနိုင်သော နေရာက အနောက်တောင်ပိုင်း ဖြစ်နေသည်။

“ချန်းချင် ငါတို့ တော်ဝင်အကျဉ်းထောင်က ထွက်လာတဲ့ အဲ့ဒီ ဝမ်ကလန်က ကောင်စုတ်လေးကို အထင်သေးမိသွားပြီ”

အန်းရှီကာကွယ်ရေး ဌာနချုပ်ထဲတွင် ခန့်ညားချောမောသည့် မုတ်ဆိတ်နှင့် ကျော့ရှင်းကြည့်ကောင်းသော လူကြီးတစ်ယောက်က စန္ဒကူးသား လက်တင်ကုလားထိုင်ပေါ်တွင် မှင်သက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်လျှက် ထိုင်နေသည်။ သူ၏လက်တစ်ဖက်က လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ စာရွက်တစ်ခုကို ကိုင်ထားသည်။

“စစ်သည် တစ်သိန်းရှစ်သောင်းနဲ့ စစ်သည် ငါးသိန်းခြောက်သောင်းကို ယှဉ်တာ သူက လေးသိန်းကျော်ကို သတ်နိုင်ခဲ့တယ်။ ဒါ့အပြင် သာ့လွန်ရော့ကျန်းကိုတောင် ရှုံးအောင် လုပ်နိုင်ခဲ့တယ်။ ငါတကယ်ကို တွေးတောင် မတွေးကြည့်နိုင်ဘူး။ (၁၇)နှစ်ပဲ ရှိသေးတဲ့ကောင်လေးက ဘာလို့ဒီလောက်ထိ လုပ်နိုင်တာလဲ”

ကောင်းရှန်းကျစ်၏ မျက်နှာချင်းဆိုင်တွင် အရပ်ပုပုနှင့် ရုပ်ဆိုးဆိုး အသားမည်းမည်း လူတစ်ယောက်က မြေပြင်ပေါ်တွင် ပျော့ခွေစွာ ထိုင်နေသည်။ သူ၏ကျောက ကုန်းနေပြီး လက်ကလည်း မေးစေ့ကို ထောက်ထားကာ အတွေးနက်နေသလို ထင်ရသည်။

ထိုလူက ဆိုးယုတ်သောသွင်ပြင် ကြောက်မက်ဖွယ်ကောင်းသော ပုံစံရှိနေသော်လည်း ထိုခါးကုန်းကုန်းနှင့် အသားမည်းမည်းနှင့်လူက ပုံမှန်မဟုတ်လောက်အောင် ဉာဏ်ကောင်းပြီး မြင်နိုင်စွမ်းအား စူးရှသည်။

ကောင်းရှန်းကျစ်က အန်းရှီ၏ တပ်ရင်းလေးခုကို အမိန့်ပေးသော တော်ဝင်မဟာ ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး abbasidcalipha charahspasinu ကို ရင်ဆိုင်နေခဲ့သူဖြစ်သည်။ အန်းရှီတွင် သူ့ရှေ့တွင် ထိုသို့ သတိလက်လွတ် နေရဲသောသူက တစ်ယောက်တည်းသာလျှင်ရှိသည်။ ထိုလူက ဖုန်းချန်းချင်ဖြစ်သည်။

နယ်ပယ်ဒေသဆိုင်ရာ ဗိုလ်ချုပ်များ၏ မတော်တဆမှုတွင် ဟန်နှင့်ဟူကို ထောက်ပံ့ပေးရန်အတွက် မှတ်တမ်း တင်ပြခဲ့ပြီး ကောင်းရှန်းကျစ်ကို ဒေါသထွက်စေခဲ့သည်။ သို့ရာတွင် သူမမျှော်လင့်ထားသည်မှာ အနောက်တောင်ပိုင်းမှ ကိစ္စကို လူပိန်းဟု ထင်ထားကြသော ရှင်နိုင်မည်ဟုပင် မတွေးထားခဲ့ဖူးသည့် ဟန်မှ ကောင်စုတ်လေးက ဖြေရှင်းလိုက်နိုင်သည်။

ထပ်ပေါင်းဆိုရသော် သာ့လွန်ရော့ကျန်းနှင့် ခဲ့လော့ဖုန်းကို အနိုင်ရခဲ့ပြီး စစ်သည်လေးသိန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့သော ကိစ္စက ကောင်းရှန်းကျစ်ကဲ့သို့ အန်းရှီ၏ အမိန့်ပေး ဗိုလ်ချုပ်ကြီးကပင် မလုပ်နိုင်သော အရာမျိုးဖြစ်သည်။ ထို့ပြင် သူ့အနေဖြင့် အိမ်မက်တောင် မမက်ဖူးလောက်ချေ။

ကောင်းရှန်းကျစ်၏ အမြင်တွင် နယ်ပယ်ဒေသဆိုင်ရာ ဗိုလ်ချုပ်များ၏ မတော်တဆမှုက ဒီအခြေအနေနှင့် မတူသော ကိစ္စတစ်ခု ဖြစ်သွားလေပြီ။

သူဘယ်လိုလုပ်ခဲ့လဲတော့ မသိပေမဲ့ ဒီကိစ္စကတော့ သေချာနေတယ်။

“မဟာထန်မှာ နောက်ထပ် တော်ဝင်မဟာဗိုလ်ချုပ်တစ်ယောက် ထပ်ရတော့မယ်”

ကောင်းရှန်းကျစ်က ကျုံးဝါးသည်။ ထိုစကားများက ဖုန်းချန်းရီ၏ တစ်ကိုယ်လုံးကို တုန်ယင်သွားစေပြီး ပါးစပ်ကပင် အဟောင်းသား ဖြစ်သွားစေလျှက် သူ၏ အရာရှိကို ကြည့်လိုက်သည်။

အနောက်တောင်ပိုင်းက ကြီးမားသော အောင်ပွဲက သာမာန်သေးနုပ်သော ကိစ္စမျိုး မဟုတ်တော့သည့်အတွက် တော်ဝင်ခုံရုံးက ဝမ်ချောင်ကို များပြားသော ဆုလဒ်များ ချီးမြင့်မည်မှာ သေချာနေသော်လည်း ကောင်းရှန်းကျစ်က ဝမ်ချောင်ကို တော်ဝင်မဟာဗိုလ်ချုပ်အဆင့်ထိ မြင့်လိုက်မည်ဟု မထင်ထားမိချေ။

အဲ့ဒီကောင်စုတ်လေးက ဘယ်နှစ်နှစ် ရှိသေးလို့လဲ။

မဟာထန်ကို သူတော်စင် ဧကရာဇ်ခေတ်တွင် တည်ထောင်ပြီးကတည်းက (၁၇)နှစ်သာ ရှိသေးသော မဟာဗိုလ်ချုပ်တစ်ယောက်မျှ မပေါ်ထွက်လာခဲ့ဖူးသေးချေ။ ကောင်းရှန်းကျစ်က အသက်သုံးဆယ် အရွယ်တွင် မဟာဗိုလ်ချုပ် ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ကောင်းရှန်းကျစ်၏ လုပ်နိုင်စွမ်းအားကပင် မြင့်မားလွန်းနေခဲ့လေသည်။ မည်သို့ပင်ဆိုစေ ယခင်တစ်ခေါက် မတော်တဆမှုတွင် သူတို့က ထိပ်တိုက်တွေ့ခဲ့သည်။

ဖုန်းချန်းချီက ကြမ်းပြင်ပေါ်တွင် မှင်သက်စွာ ထိုင်နေပြီးနောက် စကားပင် မပြောနိုင်တော့ချေ။

ပေ့ထန်း ကာကွယ်ရေး ဗိုလ်ချုပ်ထဲတွင်လည်း နာမည်ကြီးနေသော ထောက်ခံ ခံထားရသည့် ဒုကာကွယ်ရေးဗိုလ်ချုပ်နှင့် သဲ့ဖာသို ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှမ်းတို့က မရေမတွက်နိုင်သော သူလျိုများကို အနောက်တောင်ပိုင်းသို့ စေလွှတ်သည်။

အမျိုးမျိုးသော နယ်စပ်မှ ကာကွယ်ရေးဌာနချုပ်များတွင်လည်း အနောက်တောင်ပိုင်း၏ အောင်ပွဲကို ကြားသည်နှင့် ထိုသို့စေလွှတ်ခံရသည်။ သို့သော် အသက်ရောက်ခံရဆုံးက ပေ့ထင်းဖြစ်သည်။

နယ်စပ်မှ ထိုအခြေအနေက ဖြစ်ပွားနေချိန်တွင် အရှေ့ဘက်နှင့် အနောက်ဘက် တူရကီ thanages နှင့် သူတို့ပေါင်းထားသော အင်အားကလည်း ငါးသိန်းမှ ခြောက်သိန်းဝန်းကျင် အတွင်းတွင် ရှိနေလေရာ ပေ့ထင်းက ထိုကြားညပ်နေသည်။ ထို့ကြောင့် အပြင်ပိုင်း ကြည့်ရုံဖြင့်ပင် ပေ့ထင်းကာကွယ်ရေး ဌာနချုပ်၏ အခြေအနေကို သိနိုင်လေသည်။

နေ့ရက်တိုင်းလိုလို ပေ့ထင်းကာကွယ်ရေး စစ်တပ်မှ စစ်သည်တော်တိုင်းက တိုက်ပွဲအတွက် အသင့်ပြင်ထားရသည်။ သူတို့က ပြင်းထန်သည့် တိုက်ပွဲထဲသို့ ပစ်သွင်းထားရသည်။

သို့သော် အနောက်တောင်ပိုင်းမှ တိုက်ပွဲ အောင်ပွဲခံသတင်းက ရောက်လာသောအခါ တူရကီမြင်းတပ်က တစ်ညတည်းနှင့် ပြန်ဆင်းသွားသော ဒီရေလိုဖြစ်သွားသည်။ သူတို့က ပုန်းနေခြင်းလည်း မဟုတ်သလို သူတို့၏ ဆံပင်မွှေးကိုပင် မမြင်နိုင်တော့အောင် နောက်ဆုတ်သွားခြင်းဖြစ်သည်။ လီထောင်ကျော် ဆက်သွားကြည့်မည်ဆိုလျှင်ပင် သူတို့ကို မမြင်ရတော့ချေ။

“မဖြစ်နိုင်ဘူး ဘာလို့သူက သာ့လွန်ရော့ကျန်းနဲ့ ခဲ့လော့ဖုန်းကို တချိန်ထဲမှာ အနိုင်ရနိုင်မှာလဲ။ ကျန်းချုံကျန့်ချုံးက သူ့ရဲ့ ဆယ်နှစ်တာကာလ ကြိုးစားခဲ့တာတောင် မအောင်နိုင်ခဲ့ဘူးမဟုတ်လား”

ခမ်းနားသော ခန်းမထဲတွင် ပိတ်ထားသော တင်းကြပ်နေသည့် တံခါး၏အနောက်တွင် အန်းစစ်ရွှမ်းက ထိုစာကို ခပ်တင်းတင်းကိုင်လျှက် စကားပင် မပြောနိုင်အောင် ဖြစ်နေသည်။ အချိန်အတန်ကြာမှသာ သူက မယုံကြည်နိုင်ကြောင်း ကျုံးဝါးသည်။ အဖြစ်အပျက်က မယုံကြည်စရာ ကောင်းလွန်းသည်။ ထို့အပြင် ရုတ်တရက် ဆန်လွန်းသည်။

“ဒီကောင်စုတ်လေးက ခဲ့လော့ဖုန်းနဲ့ သာ့လွန်ရော့ကျန်းကို နိုင်သွားတာလား”

မဟာထန်၏ အရှေ့မြောက်ဘက်အကျဆုံး ယိုကျိုးနယ်မြေ အန်းတုံးကာကွယ်ရေး ဌာနချုပ်အတွင်းတွင် ရှိနေသော ကျန်းရှို့ကွေးက ထိုသတင်းရချိန်တွင် အံ့အားတကြီး ဖြစ်သွားရသေးသည်။

မဟာဗိုလ်ချုပ် တစ်ယောက်ဖြစ်သလို အင်ပါယာမှ ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်ဖြစ်ပြီး လက်ရှိ အန်းတုံးကာကွယ်ရေး ဌာနချုပ်မှ ကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသည့် ကျန်းရှို့ကွေးအနေနှင့် တိုက်ပွဲတွင်လည်း အကျိုးပြုမှုများကို ရှည်လျားသော စာရင်းဖြင့်ပင် ဖော်ပြနိုင်လောက်အောင် လုပ်ဆောင်ခဲ့သည်။

မဟာထန်မှ သူ့ကို ကျော်လွန်သော လူတစ်ယောက်ကို ပြပါဆိုလျှင် မဟာထန်၏ စစ်နတ်ဘုရား လက်ရှိ အိမ်ရှေ့မင်းသား၏ အငယ်တန်း အစောင့်အရှောက် ဝမ်ကျုံးစစ်သာလျှင်ရှိသည်။

ဝမ်ကျုံးစစ်အရှေ့တွင်ပင် ကျန်းရှို့ကွေးက တန်းတူရပ်နိုင်သည်။ သူက ယဉ်ကျေးပြနေစရာပင် မလိုအပ်ချေ။ မည်သို့ပင်ဆိုစေ သူ၏ဘဝသက်တမ်း အောင်မြင်တိုးတက်မှုများက ဝမ်ကျုံးစစ်ထက် နိမ့်ကျစရာ အကြောင်းမရှိချေ။

ယိုကျိုးနယ်မြေတွင် အင်အားစုပေါင်းများစွာ အင်အားဆွဲထားကြသည်။ ရှီ khitans turks နှင့် goguryeo တို့ကလည်း ပါဝင်နေသေးလေရာ အင်အားစုက အလွန်များသည်။ သူကလွဲပြီး မည်သည့် မဟာထန်က လူကမျှ ဒီနေရာတွင် မရပ်နေနိုင်လောက်ချေ။

ခဲ့ရှု့ဟန်ဖြစ်စေ၊ ကောင်းရှန်းကျစ်ပင်ဖြစ်စေ၊ အန်းစစ်ရွွှမ်းပင်ဖြစ်စေ သူတို့၏ ပိုင်နက်နယ်မြေ အသီးသီးတွင် အောင်မြင်စွာ တပ်ဆွဲထားနိုင်သော်လည်း အန်းတုံးတို့သာ ရွှေ့ခံရမည်ဆိုလျှင် သူတို့ကလည်း အခြေအနေကို ထိန်းချုပ်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် ကျန်းရှို့ကွေးက တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့သည်။ ထိုအချက်ကတင် သူက မဟာထန်တွင် နံပါတ်နှစ် အတော်ဆုံးလူအဖြစ် သတ်မှတ်ထားနိုင်သောကြောင့်လည်း ဖြစ်သည်။

သို့သော် အနောက်တောင်ပိုင်းမှ အောင်မြင်သွားသော စစ်ပွဲကိစ္စက သူ့ကိုအံ့သြစေကာ တုန်လှုပ်စေခဲ့သည်။

အနောက်တောင်ပိုင်းက စစ်ပွဲကို အောင်မြင်စေခဲ့သောလူက ဝမ်ရန်လည်းမဟုတ်သလို ရှန်ယွီကျုံ့ထုံးလည်း မဟုတ်ပေ။ ထို့ပြင် ခဲ့ရှု့ဟန်၏ ထယ်စစ်တပ်ကြီးလည်း မဟုတ်ဘဲ တော်ဝင်ခုံရုံးမှ လွှတ်ပေးလိုက်သည့် တပ်ကူများလည်း မဟုတ်ပြန်ချေ။ ဒီအတိုင်း မည်သူကမျှ ထူးထူးခြားခြား မသတ်မှတ်ထားခဲ့ကြသည်။ ဝမ်ကလန်မှ (၁၇)နှစ်သားလေး ဖြစ်နေသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ကျန်းရှို့ကွေးအနေဖြင့် မဖြစ်နိုင်သလို ခံစားနေရသေးသည်။ အားလုံးက အိမ်မက်ဟုသာ ခံစားနေရသည်။

သူ၏တစ်ဘဝလုံး မဟာထန်၏ နယ်မြေများပေါ်တွင် မြုပ်နှံထားခဲ့သည်။ သို့သော် ဒီလိုအခြေအနေမျိုးက ဖြစ်လာရသည်။ ယွီစန်းနှင့် မာန်ရှဲ့ကျောင်းမှ စစ်သည်ငါးသိန်းက စက္ကူဖြင့် လုပ်ထားခြင်းမဟုတ်ချေ။

ထို့ပြင် ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းကလည်း ရှိသေးသည်။ သို့သော် သူတို့နှစ်ယောက်က ကောင်လေးတစ်ယောက်ထံတွင် ရှုံးသွားသည်။

သူ၏ဉာဏ်ပညာများနှင့် အတွေ့အကြုံများနှင့်ပင် ကျန်းရှို့ကွေးအနေဖြင့် ထိုမျှများပြားသော စစ်သည်ငါးသိန်းကို ခဲ့လော့ဖုန်းနှင့် သာ့လွန်ရော့ကျန်းတို့၏ ဦးဆောင်မှုအောက်တွင် ရှိနေမည်ဆိုပါက အနိုင်ရနိုင်မည် မဟုတ်ပေ။ ထို့ပြင် အနိုင်ရနိုင်ရန်ပင် မမျှော်လင့်ရဲချေ။ သို့သော် ကောင်ငယ်လေးတစ်ယောက်ထံ သူတို့က ရှုံးသွားသည်။

ဆိုလိုသည်မှာ သူတို့က အင်အားနည်းလွန်းနေခြင်း သို့မဟုတ် ထိုကောင်ငယ်လေးက အင်အားများလွန်းနေသောကြောင့် ဖြစ်လောက်သည်။

သူမသိတဲ့ ဘာတွေများ ဖြစ်သွားတာလဲ။

“မြန်မြန်လာစမ်း အနောက်တောင်ပိုင်းက စစ်ပွဲအကြောင်း အသေးစိတ် စုံစမ်းပေးစမ်း”

ကျန်းရှို့ကွေးက ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။ တခဏခန့် ကြာပြီးနောက် ရိုကျိုးမှ မြင်းတပ်တစ်ရာကျော်က အန်းတုံကာကွယ်ရေး ဌာနချုပ်မှ ထွက်ခွာပြီး တောင်ပိုင်းသို့ အပြေးနှင်သည်။

ယွီစန်း goguryeo အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှ တူရကီ khaganates abbasidcaliphate charahspacinu တို့ အားလုံးကလည်း အနောက်တောင်ပိုင်းက နိုင်သွားသော သတင်းကို ရကြသည်။ ထိုကိစ္စက မဟာထန်၏ နယ်စပ်ကို လှုပ်ခါသွားစေသည်။

ပြည်ပမှ ကျူးကျော်မည့် အင်အားစုတိုင်းက နယ်စပ်မှ ပြန်ဆင်းသွားသော ဒီရေများလို ဆုတ်ခွာသွားကြသည်။

ထိုသို့ဖြင့် တလောကလုံးအတွက် ကောင်းကင်ကိုပင် လှုပ်ခါစေပြီး မြေကြီးကိုပင် တသိမ့်သိမ့်တုန်စေသော သတင်းများဖြစ်သွားစေခဲ့လေသည်။

တော်ဝင်ခုံရုံးတွင် ဖြစ်ပျက်သွားသော ကိစ္စများနှင့် နယ်စပ်ကိစ္စများကိုမူ အနောက်တောင်ပိုင်းမှ လူများက မသိကြချေ။ အားလုံးက စစ်ပွဲပြီးသွားသောကြောင့် ငြိမ်သက်နေကြသည်။ စခန်းထဲတွင် လူများက နေ့ရက်တိုင်းလိုလို သူတို့က ပြန်လည်တိုက်ခိုက် သင့်မသင့်နှင့် မာန်ရှဲ့ကျောင်း သို့မဟုတ် ယွီစန်းတို့ထံ ကျူးကျော် သင့်မသင့် ဆွေးနွေးနေကြသည်။ ဝမ်ချောင်အတွက်ကမူ ထိုမေးခွန်းများ အားလုံးကို ဘေးဖယ်ထားသည်။

အနောက်တောင်ပိုင်းက စစ်ပွဲက အဆုံးသတ်သွားပြီ ဖြစ်သည်။ သူ၏တာဝန်က ပြီးသွားလေပြီ။

ဝမ်ချောင်၏ အမြင်တွင် စစ်ပွဲတစ်ကြိမ် ပြီးသွားသည်နှင့် သူ၏စစ်တပ်အပေါ်မှ အာဏာအားလုံးကို ပြန်လွှဲအပ်သင့်လေပြီး လက်ရှိအချိန်တွင် အနောက်တောင်ပိုင်းမှ အစစ်အမှန် ဗိုလ်ချုပ်များက ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ရန်တို့ဖြစ်သည်။ တိတိကျကျဆိုရသော် ရှန်ယွီကျုံ့ထုံး တစ်ယောက်တည်းသာလျှင် ဖြစ်သည်။

ဗိုလ်ချုပ်ကြီးများ အတွက်ကမူ အန္တရာယ်များသော အခြေအနေများတွင် အမိန့်ပေးရန် အဆင်ပြေသော်လည်း တိုက်ပွဲက ပြီးဆုံးသွားသည်နှင့် အခြားသူ၏ နယ်ပယ်ကို မကျော်သင့်တော့ချေ။ ထို့ကြောင့် သူက ဝင်ရောက်ကာ ဆုံးဖြတ်ပေးသော ကိစ္စကလည်း မသင့်တော်တော့ချေ။ မည်သို့ပင်ဆိုစေ သူကလည်း လုပ်ဆောင်နိုင်စွမ်းအား မရှိသော လူတစ်ယောက်လည်း မဟုတ်တော့ချေ။ အနောက်တောင်ပိုင်းက စစ်ပွဲက ရှန်ယွီကျုံ့ထုံး၏ လက်အောက်တွင်သာ ရှိနေသေးသည်။ မည်သို့ပင်ဆိုစေ တစ်ဖက်သူက အန်းနန်ကာကွယ်ရေး ဗိုလ်ချုပ်ဖြစ်သည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ ကံကြမ္မာပြိုင်ပွဲ အင်ပါယာရဲ့ လွမ်းချင်းကို ပြီးမြောက်သွားပြီ။ မာန်ရှဲ့ယွီစန်း စစ်တပ်က စစ်သည်လေးသိန်းနှစ်သောင်းကို သတ်ဖြတ်နိုင်ခဲ့တဲ့အတွက် အသုံးပြုသူက အောင်မြင်စွာနဲ့ အင်ပါယာရဲ့ အနောက်တောင်ပိုင်းက ကံကြမ္မာကို ပြောင်းလဲလိုက်နိုင်ပါပြီ”

ဝမ်ချောင်က တောင်တန်း၏ ထိပ်အစွန်းတစ်ခုပေါ်တွင် တင်ပြင်ခွေထိုင်နေသည်။ ကံကြမ္မာကျောက်တုံး၏ အသံကလည်း သူ၏နားထဲတွင် ထွက်ပေါ်လာသည်။ အလင်းရောင် ဖြတ်ကနဲ လက်သွားပြီးသည်နှင့် မရေမတွက်နိုင်သော ပုံရိပ်များက သူ၏မျက်စိရှေ့တွင် ပေါ်လာသည်။

သူ၏နားထဲတွင် အရေးတကြီး အပြေးနှင်လာသော မြင်းခွာသံများက ထွက်လာပြီးသည်နှင့် အနောက်တောင်ပိုင်းမှ စစ်ပွဲမြင်ကွင်းတစ်ခုလုံးက ပြန်ထွက်ပေါ်လာသလို ဖြစ်လာသည်။ ဝမ်ချောင်က မြို့တော်မှ ထွက်လာခဲ့ပြီး မာန်ရှဲ့ယွီစန်းစစ်တပ်ကို အနိုင်ယူလိုက်သည့် ကိစ္စတိုင်းက သူ၏အရှေ့တွင် ပြန်ပေါ်လာသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ ကံကြမ္မာကို ထိန်းချုပ်သူဆိုတဲ့ ဘွဲ့ထူးအသစ်ကို လက်ခံရရှိသွားပါပြီ။ အသုံးပြုသူရဲ့ ရှင်သန်နိုင်စွမ်းရည် လောကရဲ့ အခြေအနေကို ပြောင်းလဲနိုင်စွမ်းရည် ကံကြမ္မာကို အုပ်စိုးနိုင်စွမ်းရည်က တိုးတက်လာပါပြီ”

အွန်း

ကံကြမ္မာကျောက်တုံးက ပြောလိုက်ပြီးသည်နှင့် တောင်ထိပ်ပေါ် လေပွေက ထိုးမွှေလာကာ မရေမတွက်နိုင်သော ပုံရိပ်ပေါင်းများစွာက ပေါ်လာသည်။ သို့သော် ဝမ်ချောင်သာ မြင်ရခြင်းဖြစ်သည်။

ဘုန်း

တချိန်ထဲတွင်ပင် ဒေါသတကြီး စီးဝင်လာသော မမြင်ရသည့် စွမ်းအင်များက အာကာသနှင့် အချိန်၏ အနက်ရှိုင်းဆုံး အပိုင်းမှ ကျော်ဖြတ်ပြီး ဝမ်ချောင်၏ကိုယ်ထဲသို့ တိုးဝင်သည်။ ထိုစွမ်းအင်က အေးစက်သလို ရင်ထဲတွင်ပင် ပူပြင်းသည်။ ဖျက်ဆီးခြင်းစွမ်းအားမျိုး ပေါင်းစပ်နေသည်။

“အား”

ဝမ်ချောင်က သူ၏ကိုယ်ထဲသို့ ဝင်ရောက်လာည့် ပြင်းထန်သော နာကျင်မှုကြောင့် ခပ်တိုးတိုး ညဉ်းလိုက်မိသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝမ်ချောင်၏ကိုယ်က ယခင်ထက် အဆပေါင်းများစွာ သန်မာသွားသည်။

အခန်း(၆၄၀)

ဝမ်ချောင်၏ အုတ်မြစ်အရိုးက နဂါးအရိုးအဆင့်ထိ ရောက်ရှိနေနှင့်ပြီးသားဖြစ်ပြီး ဒါကလည်း ရေနဂါးအရိုးမှာ အခြေခံအကျဆုံးအဆင့်သာ ရှိနေသေးသည်။ သို့သော် ထိုအချိန်တွင်မူ ဝမ်ချောင်၏ အုတ်မြစ်အရိုးက ရေနဂါးအရိုး၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားလေပြီ။ ပို၍အရေးကြီးသည်မှာ ဝမ်ချောင်က သူ၏ကိုယ်က ထိုအုတ်မြစ်အရိုးမှ တိုးတက်မှုအပြင် အခြားသော နည်းလမ်းများမှလည်း တိုးတက်သွားကြောင်း မြင်လိုက်ရသည်။

လောက၏ ချမှတ်ပေးထားသော ကံကြမ္မာကို ခုခံနိုင်စွမ်းရည်နှင့် ကံကြမ္မာကို အုပ်စိုးနိုင်စွမ်းရည်ကို ပိုင်ဆိုင်သွားသည်ဟုဆိုသော အချက်ကို သူကပြန်တွေးမိသွားသည်။

“ဒါကဘာလဲ”

ဝမ်ချောင်က အံ့သြနေသေးသည်။ သူက ရမည့်ဆုလဒ်များအကြောင်းကို သိထားပြီးသော်လည်း ထိုဘွဲ့နာမည်များအကြောင်းက်ို မသိသေးချေ။ ထို့ပြင် မည်သည့်နေရာက တိုးတက်မှုရှိကြောင်းလည်း နားမလည်သေးချေ။

“ဂုဏ်ယူပါတယ် အသုံးပြုသူ အသုံးပြုသူက ကံကြမ္မာကို ထိန်းချုပ်သူဆိုတဲ့ ဘွဲ့နာမည်ကို ရရှိသွားပါပြီ။ ဆုလဒ်အသစ် အစုံလိုက် ပွင့်သွားပါပြီ”

ဝမ်ချောင်က အသိပြန်မဝင်ခင် နောက်ထပ် စိတ်ထဲတွင် နောက်ထပ် အပြောင်းအလဲက ဖြစ်လာပြန်သည်။ ရွှေရောင်အလင်းက ပြင်းထန်စွာ လင်းလက်လာပြီးသည်နှင့် ဝမ်ချောင်၏အရှေ့တွင် ခေါင်းစဉ်ဆုလဒ် နှစ်ခုက ပေါ်လာသည်။ တစ်ခုကသိုင်းကို ကိုယ်စားပြုပြီး အခြားတစ်ခုက အင်အားကို ကိုယ်စားပြုသည်။

အောင်မြင်ပြီ။

လှုပ်ရှားခွင့်များနှင့် သိုင်းများအပြင် ကံကြမ္မာ၏ အင်အားအပေါ် ပြောင်းလဲနိုင်သော စွမ်းအင်များလည်း ပါဝင်လာသည်။

သူ၏အရှေ့တွင် လဲလှယ်နိုင်သော ဆုလဒ်များ၏ စာရင်းက ပေါ်လာသည်။

ဝမ်ချောင်က စိတ်ထဲတွင် အလွန်ပျော်ရွှင်သွားသည်။

“အနောက်တောင်ပိုင်းက စစ်ပွဲက အဆုံးသတ်သွားပြီ။ အသုံးပြုသူက မာန်ရှဲ့ယွီစန်း စစ်သည်တော် လေးသိန်းနှစ်သောင်းကို သတ်ဖြတ်နိုင်တဲ့အတွက် ကံကြမ္မာစွမ်းအင် ၂၁၀၀ကို ဆုလဒ်အဖြစ် လက်ခံရရှိပါမယ်။ အန်းနန်အစိုးရစစ်တပ်က စစ်သည်ခြောက်သောင်း သေသွားတဲ့အတွက် အမှတ် ၂၉၀ ပြန်နှုတ်မယ်။ ဒီတော့ အသုံးပြုသူက အမှတ်ပေါင်း ၁၈၁၀မှတ်ကို ရရှိပါတယ်”

“ဒါ့အပြင် ကံကြမ္မာပြိုင်ပွဲကို ပြီးမြောက်အောင်မြင်တဲ့အတွက် အသုံးပြုသူက အပိုကံကြမ္မာစွမ်းအင်အမှတ် ၆၀၀ကို ရရှိပါမယ်။ အားလုံးပေါင်းအနေနဲ့ အသုံးပြုသူက ကံကြမ္မာစွမ်းအင် ၂၄၁၀မှတ်ကို ရရှိထားပါတယ်”

ဝမ်ချောင်၏ စိတ်ထဲတွင် ထိုအသံထွက်ပေါ်လာပြီးသည်နှင့် သူ၏တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူ၏စိတ်ကပင် မူးဝေသွားသည်။

“၂၄၁၀ ဟုတ်လား”

ဝမ်ချောင်က ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူပင် မယုံကြည်နိုင်တော့ချေ။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် သူက မာန်ရှဲ့ယွီစန်းစစ်တပ်ကို အနိုင်ရရန်သာ အာရုံစိုက်ထားသည်။ ထို့ကြောင့် ဆုလဒ်အကြောင်းကို မတွေးခဲ့ဖူးချေ။

ဝမ်ချောင်အနေဖြင့် သူရသောဆုက ထိုမျှအထိ မြင့်မားနေမည်ဟုလည်း မထင်ထားမိချေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ဝမ်ချောင်က မှင်သက်စွာ ထိုင်နေမိသည်။ သူ၏အတွေးများကို စုစည်းရန် အချိန်တစ်ခု ယူရသည်။ သို့သော် သူကထိုအတွေး ဝင်လာသည်နှင့် အနောက်တောင်ပိုင်းက စစ်ပွဲတွင် မာန်ရှဲ့ယွီစန်း၏ စစ်သည်တစ်သိန်းကျော်တိုင်းကို သူက သတ်ပြီးချိန်တိုင်း ကံကြမ္မာစွမ်းအင် ငါးဆယ်မှတ်ကို ဆုလဒ်ရရှိနိုင်ကြောင်း သိထားသည်။

ဒီစစ်ပွဲတွင်သူက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းမှ စစ်သည် လေးသိန်းနှစ်သောင်းကို သတ်ဖြတ်နိုင်ခဲ့သည်။ ကံကြမ္မာကျောက်တုံးက ထိုမျှအထိ အမှတ်ပေါင်းများစွာ ပေးလိမ့်မည်ဟု မထင်ထားမိချေ။ မယုံကြည်နိုင်စရာကောင်းသော အမှတ်များ ဖြစ်နေခဲ့သည်။

ဒါကသူပြန်လည် မွေးဖွားပြီးနောက် ရရှိဖူးသမျှထဲတွင် မှင်သက်ဖွယ်အကောင်းဆုံး ဆုလဒ်ပမာဏဟု ဆိုရမည်ဖြစ်သည်။ သို့သော် သူက အနောက်တောင်ပိုင်းက မဟာထန်နှင့် ဗဟိုပြင်ကျယ်ပေါ် သက်ရောက်နိုင်သော အခြေအနေကို ပြန်တွေးမိပြီးနောက်တွင် သူရင်းခဲ့ရသော အချိန်တွေကို ပြန်တွေးမိပြီးနောက်တွင် စိတ်အေးသွားသည်။

“ငါတကယ်ကို မယုံနိုင်ဘူး”

ဝမ်ချောင်က ရေရွတ်လိုက်သည်။ ထိုအချိန်တွင် သူရုတ်တရက် ကံကြမ္မာပြိုင်ပွဲ၏ အဓိပ္ပာယ်ကို နားလည်သွားသည်။ သူကိုင်တွယ်ရမည့် ထိုတာဝန်၏ အရင်းအနှီးက ကြီးလေလေ သူရမည့်ဆုက များလေလေဟုဆိုလိုသည်။

ကံကြမ္မာစွမ်းအင် အမှတ်၂၁၄၀ဆိုသည်မှာ သူ့ကို ကိစ္စပေါင်းများစွာ လုပ်နိုင်စေသည်။

လျှပ် လျှပ်

ဝမ်ချောင်က အတွေးနက်နေစဉ် ရုတ်တရက် ခြေသံများကို ကြားလိုက်ရသည်။ မျက်လုံးကို ဖွင့်လိုက်သောအခါ အလျင်စလို ရောက်လာသော သိန်းငှက်အိုကြီးကို မြင်လိုက်ရသည်။ တစ်ဖက်သူက ပုခုံးပေါ်တွင် သတင်းပို့ပင်ဂွင်းကို ကိုင်ထားသည်။ ထို့နောက် စာကိုပေးလာသည်။

“သခင်လေး စာပါ သူ့ဆီကပါ”

သိန်းငှက်အိုကြီး၏ အသံက အလွန်နူးညံ့နေသည်။

ဝမ်ချောင်က သိန်းငှက်အိုကြီးထံမှစာကို မျက်နှာသေဖြင့် ယူလိုက်သည်။ ထို့နောက် တစ်ချက်ကြည့်ပြီးနောက် ခပ်မြန်မြန်ပြန်ပြောသည်။

“ကျွန်တော်တို့ကလွဲပြီး ဘယ်သူကမှ ဒီကိစ္စကို သိခွင့်မရှိဘူး။ ကာကွယ်ရေးဗိုလ်ချုပ်ပဲဖြစ်ဖြစ် ကျွန်တော်ရဲ့ အဖေပဲဖြစ်ဖြစ်”

ဝမ်ချောင်က ခပ်တင်းတင်း အမိန့်ထုတ်သည်။

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါတယ်”

သိန်းငှက်အိုကြီးက ချက်ချင်းလိုလို ခေါင်းညိမ့်ပြီး ထွက်ခွာသွားသည်။

သိန်းငှက်အိုကြီး ထွက်ခွာသွားပြီး မည်သူမျှ မရှိတော့မှ ဝမ်ချောင်က စာကိုဖွင့်ဖတ်သည်။ စာကို ကြာရှည်စွာ ပျောက်ဆုံးနေခဲ့သည့် အထီးကျန်ဝံပုလွေက ပို့ထားခြင်းဖြစ်ပြီး စာသားအနည်းငယ်သာ ပါသည်။

“အထီးကျန်ဝံပုလွေက ဂါရဝပြုပါတယ်။ အရှင့်ရဲ့ လက်အောက်ငယ်သားက လုံခြုံပါတယ်။ သခင်လေး မစိုးရိမ်ရအောင်လည်း သခင်လေးရဲ့ မျှော်လင့်ချက်အတိုင်း လုပ်နိုင်ပါတယ်။ တာဝန်ကလည်း ပြီးမြောက်အောင်မြင်သွားပါပြီ။ သခင်လေး ဆင့်ခေါ်မဲ့အချိန်ကိုပဲ အသင့်စောင့်နေပါတယ်”

စာအောက်ခြေတွင် အထီးကျန်ဝံပုလွေ၏ သီးသန့်တံဆိပ်ပါသည်။

စာကိုဖတ်ပြီးနောက် ဝမ်ချောင်က လက်ကိုဆုပ်လိုက်ချိန်တွင် စာက အမှုန့်ဖြစ်သွားသည်။ ထို့နောက် မတ်တပ်ပြန်ရပ်ပြီး ဝမ်ချောင်က တောင်အောက်သို့ဆင်းသည်။

“လီစစ်ယဲ့ ကျွန်တော်ရဲ့နောက်ကို လိုက်ခဲ့ပါ”

ဝမ်ချောင်က အဝေးသို့ လှမ်းအော်လိုက်သည်။

“ဟုတ်ကဲ့သခင်လေး”

လီစစ်ယဲ့က ချက်ချင်းလိုလို ဖားကာနာမြင်းပေါ်သို့ ခုန်တက်လိုက်ပြီး လျှပ်စီးလက်သလို ချက်ချင်းလိုလို ရောက်လာသည်။

အနောက်တောင်ပိုင်း စစ်ပွဲတွင် လီစစ်ယဲ့က ဦးဆောင်သော မြင်းတပ်တစ်ထောင်က ကြီးမားသော အကျိုးအမြတ် ပြုနိုင်ခဲ့သည်။ ပို၍ဆိုးသည်မှာ အနာဂတ်၏ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ဖြစ်သော လီစစ်ယဲ့က မဟာထန်ကို သစ္စာရှိပြီးသားဖြစ်သည်။ လက်ရှိအချိန်တွင် ဝမ်ချောင်ကသူ့ကို အယုံကြည်ဆုံး လက်အောက်ငယ်သားအဖြစ် သတ်မှတ်ထားသည်။

“သိန်းငှက်အိုကြီး အဖေနဲ့ ကာကွယ်ရေးဗိုလ်ချုပ်ကို ကျွန်တော်က စစ်သည်တော်အချို့ကိုခေါ်ပြီး လူတွေကို ငြိမ်သက်အောင် ကင်းလှည့်ကြည့်မယ်လို့ ပြောလိုက်ပါ။ ဒီလိုနည်းအားဖြင့် ကျွန်တော်က အချို့ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို လုပ်နိုင်လိမ့်မယ်။ တစ်ခုခုဖြစ်လာခဲ့ရင် ကျွန်တော်ကို သတင်းပို့ ပင်ဂွင်းနဲ့ ဆက်သွယ်လိုက်ပါ။ ကျွန်တော်ချက်ချင်း ပြန်လာခဲ့မယ်”

ဝမ်ချောင်ကပြောသည်။

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”

သိန်းငှက်အိုကြီးက အဝေးမှ လှမ်းတုန့်ပြန်ပြီးနောက် သူ၏မျက်ဝန်းတွင် စူးရှသော အလင်းက လက်လာသည်။ နောက်ထပ် စကားတစ်ခွန်း မဆိုတော့ချေ။ ဝမ်ချောင်က လီစစ်ယဲ့ကိုခေါ်ကာ အခြားသော လက်ရွေးစင်မြင်းတပ်ဝင် အချို့နဲ့ ထွက်ခွာသွားသည်။

အနောက်တောင်ပိုင်းကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ကာကွယ်ထားပြီး လူတိုင်းကိုလည်း စုစည်းထားသည်။ မာန်ရှဲ့ကျောင်းနှင့် ယွီစန်း၏ နယ်စပ်နေရာကို သတင်းပို့ပင်ဂွင်းများနှင့် သိန်းငှက်တိုင်းက ဆက်တိုက် စောင့်ကြည့်နေသည်။ အချို့သော ပြည်သားများကလည်း စောင့်ကြည့်နေရာယူထားသေးသည်။

နယ်စပ်မှ အသေးငယ်ဆုံးသော လှုပ်ရှားမှုကတင် အန်းနန်အစိုးရ စစ်တပ်တစ်ခုလုံးကို အချက်ပေးမည်ဖြစ်သည်။

အရာအားလုံးကို စီစဉ်ထားမှုနှင့်အတူ အန်းနန်အစိုးရစစ်တပ်က ကိုယ်ပိုင်လည်ပတ်မှုစနစ်ကို ဆောင်ရွက်ထားသည့်အတွက် ဝမ်ချောင်က စိုးရိမ်စရာအကြောင်း မရှိတော့ချေ။

ဝမ်ချောင်က တောင်ပေါ်မှဆင်းကာ အရှေ့တောင်ဘက်ပိုင်းသို့ ဦးတည်သည်။ သူက မြို့ပေါင်း ရာပေါင်းများစွာကို ကျော်ဖြတ်သွားသည်။ အတိတ်တွင် ထိုအရာများက အလွန်စည်ကားသိုက်မြိုက်သော် ယခုမူ ကန္တာရကဲ့သို့ ဖြစ်နေသည်။

အနောက်တောင်ပိုင်းက စစ်ပွဲက နှစ်လသာလျှင် ကြာခဲ့သော်လည်း ထိုနေရာတွင်နေထိုင်သော လူတစ်သန်း နီးပါးပေါ် ပြင်းထန်သည့် သက်ရောက်မှုကြီး ဖြစ်နေခဲ့ပြီး နေရာတိုင်းပေါ် ထိတ်လန့်မှုများ ကြီးစိုးစေခဲ့သည်။ ကျေးဇူးတင်စရာ ကောင်းသည်မှာ စစ်ပွဲက အဆုံးသတ်သွားပြီဖြစ်ပြီး အနိုင်ရရှိခဲ့သည်။ လူတိုင်းကလည်း ရှင်သန်နိုင်ခဲ့သည်။ ထို့ကြောင့် တဖြည်းဖြည်းချင်း ကိုယ့်နေရာကိုယ်ပြန်ရန် ကြိုးစားနေကြလေပြီ။

“ဒါတွေအားလုံး နဂိုအတိုင်း ပြန်ဖြစ်ဖို့ သိပ်မကြာတော့ပါဘူး”

ဝမ်ချောင်က သူ၏ခွာဖြူအရိပ်ကို မြို့တစ်မြို့၏ လမ်းပေါ်တွင်ရပ်လျှက် ပတ်ဝန်းကျင်သို့ကြည့်သည်။

“ဟိုက်ရား”

နှစ်ရက်ခန့်ကြာပြီးနောက် ဝမ်ချောင်က သေးငယ်ကာ လူရှင်းသော မြို့လေး၏ မြို့ရိုးကို ကျော်ဖြတ်လိုက်ကာ ရပ်တန့်လိုက်သည်။

“ခင်ဗျားတို့အားလုံး ဒီမှာနေခဲ့ကြပါ။ လီစစ်ယဲ့ပဲ ကျွန်တော်ရဲ့နောက်ကိုလိုက်ခဲ့”

ဝမ်ချောင်က အစောင့်များကို အပြင်တွင် ချန်ထားခဲ့ပြီးနောက် လီစစ်ယဲ့နှင့်အတူ မြို့ထဲသို့ဝင်သည်။

မြို့ရိုးက မီးလောင်ခံထားရသော အမှတ်အသားရာများဖြင့် မည်းနှက်နေသည်။ အချို့သော နေရာများက ပြိုကျနေလေပြီ။ ဝမ်ချောင်နှင့် အန်းနန်အစိုးရစစ်တပ်က မာန်ရှဲ့ယွီစန်းစစ်တပ်ကို ရင်ဆိုင်နိုင်ခဲ့ပြီး သူတို့က သူတို့ကြောင့် ဖြစ်စေခဲ့သော ဆုံးရှုံးမှုက အကန့်အသတ်ရှိသော်လည်း အနောက်တောင်ပိုင်းမှ ပြည်သူများအပေါ် သက်ရောက်မှုမရှိဟု မဆိုလိုချေ။

ထွက်ပြေးသွားသော မာန်ရှဲ့ယွီစန်း စစ်သားများဖြစ်စေ၊ မထွက်ပြေးခင်က တိုက်ပွဲအခြေအနေများကြောင့်ပင် ဖြစ်စေ ဒီမြို့အခြေအနေက ရွာများအပေါ် သက်ရောက်မှုများစွာ ရှိသွားခဲ့သည်။

“တိဗက်မြင်းတပ်ရဲ့ အဖွဲ့ငယ်တစ်ခုက ဒီနေရာကနေ သေချာပေါက် ဖြတ်သန်းသွားလိမ့်မယ်”

ဝမ်ချောင်၏အနောက်မှ လီစစ်ယဲ့က ဒီအပျက်အစီးများကို ကြည့်ပြီးပြောသည်။

ဝမ်ချောင်က ကင်းလှည့်မည်ဟု ဆိုထားသော်လည်း လီစစ်ယဲ့ကမူ ထိုသို့ မခံစားရချေ။ ဝမ်ချောင်၏ ပန်းတိုင်းက ရှိထားပြီးသား ဖြစ်လောက်သည်။ သို့သော် အမှန်တိုင်းဆိုရသော် လီစစ်ယဲ့ကိုယ်တိုင်လည်း ဝမ်ချောင်က ဘာလုပ်ချင်မှန်း မသိချေ။

“အသိုက်က ပျက်သွားတဲ့အချိန်မှာ ဘယ်ဥမှ အကောင်းတိုင်းမကျန်နိုင်ဘူး။ ကံကောင်းစွာနဲ့ ကျွန်တော်တို့ နိုင်ခဲ့တယ်”

ဝမ်ချောင်က လေးနက်စွာ သက်ပြင်းချသည်။

သူကသာ ဒီစစ်ပွဲတွင် မပါဝင်ခဲ့လျှင် ဘာဖြစ်လာမည်မှန်း သူကိုယ်တိုင်သိသည်။ ထိုအလှည့်အပြောင်းက မြို့တစ်မြို့ နှစ်မြို့ ပျက်စီးရုံနှင့် မလုံလောက်ချေ။

“ဒီနေရာပဲ”

စကားပြောနေရင်းမှ ဝမ်ချောင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ပျက်စီးယိုယွင်းနေသော အခန်းတစ်ခုရှေ့သို့ သွားသည်။ အခန်း၏ နံရံများက မည်းမှောင်နေပြီး ကုလားထိုင်များ၊ စားပွဲများ၊ ပစ္စည်းများ အားလုံးကလည်း ကြမ်းပြင်ပေါ်တွင် လဲပြိုနေကာ ပန်းအိုးများနှင့် ဒယ်အိုးများကလည်း မွစာကျဲနေသည်။ အခန်းထဲမှ နံရံနားကပ်ထားသော မီးဖိုကဆိုလျှင် အစိတ်စိတ်အပိုင်းပိုင်း ရိုက်ခွဲခံထားရသေးသည်။

“အပြင်မှာ စောင့်နေခဲ့ပါ။ ကျွန်တော် ခင်ဗျားကို လိုအပ်ရင် လှမ်းခေါ်လိုက်မယ်”

ဝမ်ချောင်ကပြောသည်။

“ဟုတ်ကဲ့သခင်လေး”

လီစစ်ယဲ့က ခေါင်းညိမ့်သည်။ အနောက်တောင်ပိုင်းက စစ်ပွဲပြီးနောက် လီစစ်ယဲ့၏ ဝမ်ချောင်အပေါ် အပြုအမူက ခေါင်းမာသော မနာခံမှုမှ စိတ်ရင်းဖြင့် သစ္စာရှိသော ပုံစံသို့ ပြောင်းသွားသည်။ ဝမ်ချောင်က မည်သည့်စကားကို ပြောစေကာမူ သူကငြင်းစရာ မရှိချေ။

ဝမ်ချောင်က ခေါင်းညိမ့်ပြီး အထဲသို့ဝင်သွားသည်။ အခန်းကလည်း ရှင်းနေသည်။ သို့သော် ဝမ်ချောင်ကမူ အခန်းသို့ကြည့်ပြီးနောက် ခြေကို သုံးကြိမ်တိုင်တိုင် ခြေထောက်ပေါက်သည်။

“သခင်လေးလား”

မြေပြင်မှ အသံထွက်လာသည်။

“ကျွန်တော်ပါ အထီးကျန်ဝံပုလွေ တံခါးဖွင့်လိုက်”

ဝမ်ချောင်က ခပ်တိုးတိုး ပြန်ပြောသည်။

စက်သံအချို့ကို ကြားလိုက်ရပြီးနောက် တခဏခန့်ကြာပြီးသည်နှင့် ဝမ်ချောင်၏ အရှေ့မှ ကြမ်းပြင်ဘုတ်ပြားက တစ်ဖက်သို့ရွှေ့သွားကာ အပေါက်တစ်ပေါက် ပေါ်လာသည်။ အောက်တွင် လှေကားများလည်း ရှိနေသည်။ အားလုံးက အမှောင်ထုကို ဦးတည်နေသည်။ ဝမ်ချောင်က အဝတ်ကို အနည်းငယ် မပြီးသည်နှင့် အထဲသို့ ဆင်းသွားလိုက်သည်။

ခလွပ်

မည်းမှောင်သုန်မှုန်နေသော အခန်းထဲတွင် မီးတောက်မှ ယိမ်းယိုင်သံကို ကြားနိုင်သည်။ တဖြည်းဖြည်းချင်း ဝမ်ချောင်၏ရှေ့တွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းက တောက်ပလာသည်။

“သခင်လေး”

အထီးကျန်ဝံပုလွေအသံက သြရှနေသည်။ သူ၏ဆံပင်များကလည်း ရှုပ်ပွနေပြီး ဝါကျင့်ကျင့် အသားအရောင် ပုံပန်းသွင်ပြင်က ဝမ်ချောင်ကို ထိတ်လန့်စေသည်။ အဝေးမှကြည့်နေသည့်တိုင်အောင် တစ်ဖက်မှ သွေးညှီနံ့ကိုရသည်။

“အထီးကျန်ဝံပုလွေ ဘာဖြစ်တာလဲ”

အံ့သြသွားသော ဝမ်ချောင်က အနားသွားလိုက်သည်။

“အဟွတ် သခင်လေး စိတ်အေးအေးထားပါ။ ဒီလူတွေက ကျွန်တော်တို့ကို သတ်ချင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က ကံကောင်းခဲ့တယ်။ ကျွန်တော် မသေနိုင်ပါဘူး”

အထီးကျန်ဝံပုလွေက ခေါင်းမော့ပြီးနောက် အကျည်းတန်သော အပြုံးကိုပြုံးသည်။ သူ၏သွားဖြူဖြူများက အမှောင်ထုအတွင်း တောက်ပလွန်းနေသည်။

“ကိုယ့်ကိုယ်ကို ဖိအားမပေးပါနဲ့”

ဝမ်ချောင်က သူ့ကိုကြည့်ပြီးနောက် ရုတ်တရက် လက်ညိုးတစ်ချောင်းဖြင့် အထီးကျန်ဝံပုလွေ၏ ရှန်းကျုံးအမှတ်ကို ဖိလိုက်သည်။ သူက အားနည်းလွန်းနေသော အထီးကျန်ဝံပုလွေကို ကုလားထိုင်ပေါ်သို့ တွဲခိုပေးပြီးနောက် ဖယောင်းဂျပ်ဖြင့် ထုတ်ထားသော ဆေးလုံးတစ်လုံးကိုထုတ်ပြီး ပါးစပ်ထဲသို့ ထည့်ပေးသည်။

“ဒီဆေးက ခင်ဗျားရဲ့ဒဏ်ရာတွေကို ကုပေးနိုင်တယ်။ ခင်ဗျားပြန်ကောင်းလာလိမ့်မယ်”

မီးရောင်မှ အလင်းဖြင့် ဝမ်ချောင်က အထီးကျန်ဝံပုလွေ၏ ကိုယ်ပေါ်မှ ဓားနှင့်ဆေဘာ၏ ဒဏ်ရာများကို မြင်နိုင်သည်။

“အဟွတ် ကျေးဇူးတင်ပါတယ် သခင်လေး”

အထီးကျန်ဝံပုလွေက ဆေးကိုမြိုချလိုက်သည်။ ဒါက ဝမ်ချောင်က နန်းတော်မှရထားသော နတ်ဆေးဖြစ်သည်။ ထိုသို့ဖြင့် သူ၏ပုံပန်းသွင်ပြင်က တဖြည်းဖြည်းချင်း ကောင်းမွန်လာသည်။ သူက ယခင်လို ဆိုးရွားသော ပုံပန်းသွင်ပြင် မရှိတော့ချေ။ သူ၏အသားအရောင်ကလည်း သွေးရောင်ပြန်လွှမ်းလာသည်။

“ခင်ဗျားဘယ်လို လွတ်မြောက်လာခဲ့တာလဲ။ ခင်ဗျားကို လိုက်ဖမ်းတဲ့လူတွေက ဘယ်သူတွေလဲသိလား”

ဝမ်ချောင်ကမေးသည်။ အထီးကျန်ဝံပုလွေက ခါးသီးစွာပြုံးပြီးနောက် လွတ်မြောက်ခဲ့ပုံ အသေးစိတ် အချက်အလက်ကို ပြောပြသည်။ အထီးကျန်ဝံပုလွေက ကျန်းကဲမြို့တွင် အချိန်အတန်ကြာ ပုန်းနေပြီးမှသာ လွတ်မြောက်ရန် အခွင့်အရေး ရခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အနက်ရောင်ဝတ်ရုံဖြင့် လူများက သူ့ကိုတချိန်လုံး လိုက်ရှာနေခဲ့ကြသည်။

အထီးကျန်ဝံပုလွေက သူတို့၏ ဓားချက်အောက်တွင် သေမလို ဖြစ်ခဲ့သည်။ ချီးကျူးစရာကောင်းသည်မှာ ကျန်းချန်းချုံက နောက်ဆုံးတွင် နိုးထလာခဲ့ပြီး သူတို့နှစ်ယောက်က အောင်မြင်စွာဖြင့် လွတ်မြောက်ခဲ့သည်။

“ခင်ဗျားက ဒီအနက်ရောင်ဝတ်စုံနဲ့ ဘယ်သူ့ကိုမျှ မဖမ်းမိခဲ့ဘူးလား”

ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။

“မဟုတ်ဘူး သူတို့က အသေခံစစ်သားတွေပဲ။ သူတို့က ရှုံးတာနဲ့ ဒါမှမဟုတ် ဖမ်းမိတာနဲ့ သူတို့ပါးစပ်ထဲမှာ ရှိထားပြီးသားဆေးကိုကိုက်ပြီး သေသွားကြတာ။ ကျွန်တော်သူတို့ရဲ့ သွားကိုဖယ်ဖို့ ကြိုးစားပေမဲ့ သူတို့က ကိုယ့်လျှာကိုယ်ကိုက်လိုက်ပြီး သူတို့ရဲ့ လည်ချောင်းကိုသာ လှီးဖြတ်လို့ ကြားခံနယ်မြေတွေကိုလည်း ဖျက်ဆီးကြသေးတယ်။ ကျွန်တော်က သူတို့နဲ့ အချိန်အကြာကြီး တိုက်ခိုက်တာတောင်မှ တစ်ခုကိုမျှ မမေးမြန်းနိုင်ခဲ့ဘူး”

အထီးကျန်ဝံပုလွေက ခါးသီးစွာပြောသည်။

“ဒါ့အပြင် သခင်လေးက သိပ်မကြာခင်မှာ အောင်ပွဲခံထားနိုင်ခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ ဒီအနက်ရောင်ဝတ်စုံနဲ့ လူတွေအားလုံးက နောက်ဆုတ်သွားကြတာ။ ဒါကြောင့် သူတို့ကို မဖမ်းမိနိုင်ခဲ့ဘူး”

အန်းနန်အစိုးရစစ်တပ်က အောင်ပွဲရသွားသော သတင်းက နေရာတိုင်းသို့ ပျံ့နှံ့နေပြီဖြစ်လေရာ အထီးကျန်ဝံပုလွေကလည်း သိသည်။ ဝမ်ချောင်ကမူ ထိုအချိန်တွင် တိတ်ဆိတ်သွားရသည်။

All Chapters