အခန်း (၆၄၁-၆၄၅)
Vol. 33 Ch. 641-645
အခန်း(၆၄၁)
“ဒါဆိုရင် ဘုရင်ခံချုပ်ကျန်းက ဘယ်မှာလဲ။ သူ့ကိုတွေ့ဖို့ ငါ့ကိုခေါ်သွားပေးပါ။ သူ့ကို မေးစရာရှိတယ်”
ဝမ်ချောင်ကပြောသည်။
အနောက်တောင်ပိုင်းမှ စစ်ပွဲနှင့်ပတ်သတ်သော အရာအားလုံးက ကျန်းခယ်မတိုက်ပွဲကို ခြေရာကောက်၍ ရနေသည်။ ကျန်းချန်းထုံက ခဲ့လော့ဖုန်း၏ ဇနီးနှင့်သမီးကို အနိုင်ကျင့်ကာ သတ်ဖြတ်ခဲ့သော ရလဒ်က ယခုလိုဖြစ်လာစေခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် မဟာထန်က ယုံကြည်ထားသော ကိစ္စများအရ ကျန်းချန်းထုံဟာ ခဲ့လော့ဖုန်း၏ လုပ်ကြံသတ်ဖြတ်မှုအောက်တွင် သေဆုံးသွားပြီဟု ထင်နေကြသည်။ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်များကြောင့် အရေးကြီးသော ခုံရုံးမှ အရာရှိတစ်ယောက်ကို လျို့ဝှက်စွာ ကာကွယ်ပေးထားသော ကိစ္စက ပြစ်မှုကြီးဖြစ်ပြီး ဝမ်ချောင်ကလည်း အခြားလူများကို ထိုကိစ္စအား မသိစေချင်ပေ။
ဝမ်ချောင်အနေဖြင့် သူ၏ဖခင်ကိုပင် မသိစေချင်ခဲ့ချေ။ ဝမ်ချောင်က သူ၏ဖခင်ကဲ့သို့သော အကျင့်စရိုက်ရှိသော လူ၏ သဘောသဘာဝအရ ဒီကိစ္စကို တော်ဝင်ခုံရုံးသို့ ပြန်လည်အကြောင်းကြားရန် ဖြစ်နိုင်ချေက ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိ ရှိနေလေသည်။
ခဲ့လော့ဖုန်းက လုပ်ခဲ့သော ကိစ္စပေါင်းများစွာက ဒီမတော်တဆမှုမှ စတင်ခဲ့ခြင်းဖြစ်ပြီး ခုံရုံးကသာ ကျန်းချန်းထုံက အသက်ရှင်နေသေးကြောင်း သိသွားလျှင် သူ့ကိုစောင့်ကြိုနေမည့် ကံကြမ္မာက ကွပ်မျက်ခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ ကျန်းချန်းထုံက အသက်ရှင်နေသေးကြောင်း မည်သူကမျှ သိ၍မရချေ။
ရုတ်တရက် အောက်ခြေမှ တိုးလျပြီး ခပ်ရှရှအသံမျိုးက ထွက်လာသည်။
“ကျွန်တော်ရဲ့အသက်ကို ကယ်တင်ပေးတဲ့အတွက် သခင်လေးရဲ့ ကြင်နာမှုကို ကျေးဇူးအများကြီး တင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ကျန်းချန်းထုံ မဟုတ်တော့ပါဘူး။ ဒီအတိုင်း လုံးဝကို မျက်နှာမပြဝံ့တဲ့ လူတစ်ယောက်ပါ”
ကြောက်မက်ဖွယ် အလင်းတန်းထဲသို့ ကြီးမားသော ပုံရိပ်ကြီးတစ်ခုက တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ထို့နောက် ထိုလူ၏မျက်နှာကို မြင်ရသောအခါ ဝမ်ချောင်က ကြောင်သွားသည်။
“ဘုရင်ခံကျန်း ခင်ဗျားဘာလုပ်လိုက်တာလဲ”
ဝမ်ချောင်က တစ်ဖက်သူကို ကြည့်လိုက်သည်။ တစ်ဖက်သူက သူ၏မျက်နှာတွင် ထူးဆန်းသော သတ္တုမျက်နှာဖုံးကြီးကို တပ်ထားသည်။ ထိုမျက်နှာဖုံးတွင် မျက်ခုံးနှင့် ဆံပင်များလည်းမပါဘဲ အသားသီးသန့်သာရှိသလို ထင်ရသည်။
ဝမ်ချောင်အနေဖြင့် ကျန်းချန်းထုံကို မြို့တော်တွင်သာ မြင်ခဲ့ဖူးပြီး အသံကိုသာ မမှတ်မိနေခဲ့လျှင် ယခုသတ္တုမျက်နှာဖုံးကြီး ဝတ်ဆင်ထားသောလူက ရိုးသားကာ ဖြောင့်မတ်မှန်ကန်သော ကျန်းနန်မှ ဘုရင်ခံဟု တွေးမိရန်ခက်ခဲသည်။
“သခင်လေးဝမ် ဒါကကျွန်တော်ရဲ့ ရွေးချယ်မှုပါပဲ။ ကျေးဇူးပြုပြီး ဝင်မစွက်ဖက်ပါနဲ့။ ကျွန်တော်ရဲ့ ဇနီးနဲ့ကလေးကို ဘယ်သူသတ်သွားလဲဆိုတာ မသိရမချင်း အဲ့ဒီအနက်ရောင် ဝတ်စုံနဲ့လူက ဘယ်သူလဲဆိုတာ မသိရမချင်း သစ္စာမရှိ မသိတတ် အကြင်နာမဲ့ပြီး ဖြောင့်မတ်မှန်ကန်မှုမရှိတဲ့ ဒီကျန်းမျိုးရိုးကို စွဲချက်တင်ပြီး အကြံအစည်ချခဲ့တဲ့ အဲ့ဒီမျိုးမစစ်ကောင်ရဲ့ နောက်ခံကို မသိရမချင်း ကျွန်တော်ဒီမျက်နှာဖုံးကို မချွတ်ပါဘူး”
“ကျန်းချန်းထုံက ဒီလောကကို ကြည်စရာ မျက်နှာမရှိတော့ပါဘူး။ နောက်ပြီး ကျန်းချန်းထုံက သေသွားပြီ။ သူ့ရဲ့ဇနီးနဲ့ ကလေးတွေကိုလည်း ပြစရာမျက်နှာ မရှိတော့ပါဘူး။ သခင်လေး ကျေးဇူးပြုပြီး ကျွန်တော်ကို ကျန်းချန်းထုံလို့ မခေါ်ပါနဲ့တော့။ ကျန်းချန်းထုံက ကျန်းခံရဲ့တိုက်ပွဲမှာ သေသွားပါပြီ။ သခင်လေးအခု မြင်သမျှက နှလုံးသားသေဆုံးသွားတဲ့ မျက်နှာမဲ့လူပါပဲ။ ကျွန်တော်မှာ ပန်းတိုင်တစ်ခုပဲရှိတယ်။ အဲ့ဒါက အဲ့ဒီမျိုးမစစ်တွေကို သတ်ဖို့ ကျန်းနန်ရဲ့ အမှန်တရားကို ရှာဖွေဖို့ပဲ။ အဲ့ဒါမတိုင်ခင် ကျွန်တော် ဘယ်တော့မှ မသေစေရဘူး။ ဘယ်တော့မှဘဲ”
ထိုမျက်နှာမဲ့လူက လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ လက်ချောင်းမှ အရိုးအဆစ် ကွဲအက်သံများပင် ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်ကလည်း တသိမ့်သိမ့်တုန်သွားပြီး မျက်လုံးများကလည်း နီရဲလာသည်။ သူ၏ခန္ဓာကိုယ်မှ ဒေါသများက ပေါက်ထွက်နေကာ ဘယ်သောအခါမှ မငြိမ်းသက်နိုင်သလို ထင်ရသည်။ ထိုမြင်ကွင်းက လူတိုင်းကို မှင်သက်စေလောက်သည်။
“အရှင်”
ဝမ်ချောင်နှင့် အထီးကျန်ဝံပုလွေက တချိန်ထဲတွင် အလန့်တကြား ခေါ်လိုက်ကြသည်။ အကြောင်းမူကား ထိုမျက်နှာဖုံးအောက်မှ မျက်ရည်များကို မြင်လိုက်၍ဖြစ်သည်။ ထိုမျက်ရည်များက သွေးနီရောင်ဖြစ်နေသည်။
“ပင်းအာ ထုံးအာ ဇနီး ငါ့ကိုစောင့်နေပါ။ ငါမင်းတို့အတွက် ကလဲ့စားချေပေးမယ်။ သေချာပေါက်ပဲ”
နောက်ဆုံးစကားက ဟိန်းသံပေါက်သည်။
သူတို့က ထိုမျက်နှာမဲ့နှင့်လူကို ကြည့်လိုက်ပြီးနောက် ဝမ်ချောင်နှင့် အထီးကျန်ဝံပုလွေတို့ကလည်း အလွန် ခံစားသွားရသည်။
အမျိုးသားများက တော်ရုံတန်ရုံ မငိုကြချေ။ သူတို့၏ နှလုံးသားများက အလွန်အမင်း နာကျင်မှသာ ငိုကြသည်။ ဝမ်ချောင်အနေဖြင့် ထိုမျှဖြောင့်မတ်မှန်ကန်သော ခုနှစ်ပေ လူသားတစ်ယောက်က ငိုယိုခြင်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ မည်သူကမျှလည်း သူယခင်က မြို့တော်တွင် မြင်ခဲ့ဖူးသော ဖြောင့်မတ်မှန်ကန်သာ သတ္တိကြီး ခိုင်မာလွန်းလှသည့် အန်းနန်မှ ထိုအစိုးရက ယခုလို သစ္စာရှိမျက်နှာမဲ့ လူတစ်ယောက်ဖြစ်လာပြီး ငိုယိုနေမည်ဟု မထင်ထားမိချေ။
နှစ်ပေါင်းများစွာ ကြာသွားပြီးသည့်တိုင်အောင် ဝမ်ချောင်အနေဖြင့် ဒီမြင်ကွင်းကို မှတ်မိနေလောက်သေးသည်။
“လူကြီးမင်း စိတ်အေးအေးထားပါ။ ဒီကိစ္စက လူကြီးမင်းတစ်ယောက်တည်းရဲ့ ကိစ္စမဟုတ်ပါဘူး။ မဟာထန် တစ်ခုလုံးရဲ့ ကိစ္စပါ။ ဒီဝမ်ချောင်က အသက်ရှင်နေသမျှ လူကြီးမင်းကို ကူညီပြီး ဒီကိစ္စရဲ့ အမှန်တရားကို ဖော်ပေးမှာပါ”
ဝမ်ချောင်က ရိုးသားစွာပြောသည်။
ကျန်းချန်းထုံက မဟာထန်မှ အရာရှိကောင်း တစ်ယောက်ဖြစ်ပြီး သစ္စာရှိသူလည်းဖြစ်သည်။ အထီးကျန်ဝံပုလွေကသာ သူ့ကို မကယ်ခဲ့လျှင် သူက ကိုယ်လည်ပင်းကိုဖြတ်ပြီး သက်သေပြီးလောက်လေပြီ။ မဟာထန်မှ အရေးပါသော အရာရှိတစ်ယောက်က ဆယ်စုနှစ်ပေါင်းများစွာ စောင့်ကြပ်ကာ မြို့ရိုးကို ကာကွယ်ခဲ့ပြီးသည့်တိုင်အောင် ယခုလိုမျိုး ရှင်သန်နေရသည့်အပြင် မိသားစုကလည်း အသတ်ခံရသည်။ သူ၏နာမည်ကလည်း အကြံအစည် ချခံရပြီး မျက်နှာကိုပင် မျက်နှာဖုံး တပ်ခံရသည်။ သူက လောကကို မျက်နှာမပြရဲအောင် ဖြစ်နေရသည်။
ကောင်းကင်ဘုံ၏ ဆန္ဒက ရှင်းလင်းသည်။ သူတို့ကသာ သူစိမ်းများဆိုလျှင် ဝမ်ချောင်က ဒီကိစ္စကို ကရုပင်စိုက်လိမ့်မည်မဟုတ်ချေ။ ယခင်ကျန်းနန်မှ ဘုရင်ခံ ကျန်းချန်းထုံက ယခု မျက်နှာမဲ့လူဖြစ်သွားလေသည်။ သူက လက်သီးကို ခပ်တင်းတင်းဆုပ်ကာ ကျုံးဝါးသည်။
“သခင်လေး သခင်လေးရဲ့ သဘောထားကြီးမှုကို ကျွန်တော် ကျေးဇူးတင်ဖို့ စကားလုံးတွေနဲ့တောင် ဖော်ပြလို့ မရတော့ပါဘူး။ ကျွန်တော်ရဲ့ ဇနီးနဲ့ ကလေးတွေအတွက် ကလဲ့စားချေဖို့ ကျွန်တော်ရဲ့နာမည်ကို ရှင်းလင်းဖို့ ဒီမျက်နှာမဲ့လူက သခင်လေးကို တစ်ဘဝလုံး ခစားသွားပါ့မယ်။ သခင်လေးကို နွားလိုမြင်းလို ခစားပေးပါ့မယ်”
ဝမ်ချောင်က လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သော နောက်ခံတစ်ခုကို ပိုင်ဆိုင်ထားပြီး အမတ်များ ဗိုလ်ချုပ်များပေါသော ကလန်တစ်ခုမှ မွေးဖွားလာသည့်အပြင် မူးမတ်ကျို့ဆိုသည့် အမတ်ကြီး၏ မြေးဖြစ်သည်။ လက်ရှိအချိန်တွင်သူက အနောက်တောင်ပိုင်းမှ စစ်ပွဲကို အောင်နိုင်အောင် လုပ်နိုင်ခဲ့သေးသည်။ ဒီတစ်လောကလုံးတွင် သူ၏နာမည်ကို ရှင်းလင်းနိုင်သောလူကို ပြပါဆိုလျှင် ဝမ်ချောင်သာဖြစ်လောက်သည်။
“ခင်ဗျားရဲ့ ခစားတာကို မလိုပါဘူး”
ဝမ်ချောင်က ခေါင်းခါသည်။ ခစားရုံလောက်ဆိုလျှင် ဝမ်ချောင်က အမိန့်ပေးလိုက်ရုံဖြင့် လူပေါင်းများစွာကို ခိုင်း၍ရသည်။ ထပ်ပေါင်းဆိုရသော် ခွန်းဝူလေ့ကျင့်ရေးစခန်းနှင့် လမ်းလွဲဓားစံအိမ်မှ မည်သူကမဆို သူ့ကို ခစားနိုင်သေးသည်။
အနောက်တောင်ပိုင်းက စစ်ပွဲတွင် လမ်းလွဲဓားစံအိမ်မှ လူပေါင်းများစွာက သူ့ကိုများစွာ ထောက်ပံ့ပေးခဲ့ကြပြီး သူတို့၏ အနာဂတ် အလားအလာကလည်း အကန့်အသတ်မဲ့သည်။
“ဝမ်ချောင်ဒီနေရာကိုလာပြီး လူကြီးမင်းကို လာရှာတာက ကျန်းနန်အတွက်ကြောင့်ပါ။ လူကြီးမင်းအနေနဲ့ ဒီလူတွေကို စုံစမ်းစစ်ဆေးဖို့ပဲ လိုအပ်တယ်။ ကျန်းနန်ရဲ့ အမှန်တရားကိုပဲ ရှာဖွေပြီး ဝမ်ချောင်ကိုပဲ ကူညီပေးဖို့ မျှော်လင့်ပါတယ်”
ဝမ်ချောင်ကပြောသည်။
မျက်နှာမဲ့လူက မျက်လုံးအပြူးသားဖြင့် ဝမ်ချောင်ကိုကြည့်သည်။
“ဟမ့် ကျွန်တော် လူကြီးမင်းဆီကနေ ဘာကိုမျှ ဖုံးကွယ်ထားမှာမဟုတ်ပါဘူး။ ဒါကြောင့် ကျွန်တော်ကလည်း ဒီကိစ္စကို စုံစမ်းစစ်ဆေးနေမှာဖြစ်လို့ ဒီကိစ္စက လူကြီးမင်းတို့နှစ်ယောက်နောက်ကို လိုက်တဲ့လူတွေနဲ့ ပတ်သတ်နေတယ်ဆိုတာ သေချာလာတယ်”
ဝမ်ချောင်ကရယ်သည်။ သူက သံသယကို ဆုပ်ကိုင်ထားရုံမဟုတ်ဘဲ ပိန်းပိတ်အောင် မည်းမှောင်သော မြားရိုးကိုပင် ထုတ်ပြလိုက်သေးသည်။
“ဒါက...”
ချက်ချင်းလိုလို အထီးကျန်ဝံပုလွေနှင့် မျက်နှာမဲ့လူက လှည့်ကြည့်လာကြသည်။ ထိုမြားကြိုးက အလွန်လက်ရာမြောက်ပြီး ယခုခေတ်နှင့် မသက်ဆိုင်သော လက်ရာတစ်ခုကဲ့သို့ ဖြစ်နေသည်။ သို့သော် မြားခေါင်းက အကြောင်းပြချက်တစ်ခုကြောင့် ပျောက်ဆုံးနေသည်။ သို့သော် နှစ်ယောက်လုံးကမူ ဝမ်ချောင်တွင် အကြောင်းပြချက်ရှိကြောင်း သိနေကြသည်။
ဝမ်ချောင်က အနောက်တောင်ပိုင်းမှ စစ်ပွဲပြီးနောက် ဖြစ်ခဲ့သော အကြောင်းအရာကို တည့်တိုးရှင်းပြလိုက်သည်။ တစ်စုံတစ်ယောက်က သူ့ကို ထိုလျို့ဝှက်ဆန်းကြယ်သောမြားဖြင့် သတ်ရန် ကြိုးစားခဲ့သည်။ နောက်ဆုံးတွင်သူက သူ၏မသိစိတ်အရ ရှောင်ရှားနိုင်ခဲ့ပြီး မြားကလော့ကျီးကို သတ်သွားသည်။
“သခင်လေး”
အထီးကျန်ဝံပုလွေက အလွန်ဖိအားများသွားသည်။ သိန်းငှက်အိုကြီးက ထိုကိစ္စကို သူ့ကိုထည့်မပြောခဲ့ချေ။ ထို့ကြောင့် သူပထမဦးဆုံးအကြိမ် သိရသောအခါ အလွန်အမင်း အံ့သြသွားရသည်။ မျက်နှာမဲ့လူကလည်း အံ့သြသွားသည်။
“သခင်လေးဆိုလိုတာက ဒီလုပ်ကြံသတ်ဖြတ်တဲ့ ကိစ္စက မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းမဟုတ်ဘဲ ကျွန်တော်တို့နောက်ကို လိုက်ဖမ်းတဲ့လူတွေလား”
မျက်နှာမဲ့လူက အံ့အားတကြီးပြောသည်။
“ကျွန်တော် မသေချာဘူး။ ဒါပေမဲ့ဒါက သံသယဝင်မိတဲ့ အချက်ပဲ”
ဝမ်ချောင်က ဖြေးညှင်းစွာပြောသည်။ သူ၏မျက်လုံးကမူ မျက်စိကြိမ်းမတက် တောက်ပလာသည်။
“ဒါပေမဲ့ ကျွန်တော် သေချာတဲ့ တစ်ချက်တော့ရှိတယ်။ ဒီအခြေအနေမှာ ခဲ့လော့ဖုန်း၊ သွမ့်ခဲ့ချွမ်၊ သာ့လွန်ရော့ကျန်းနဲ့ ဟော်ရှု့ဟွေ့ခမ်းတို့က လုပ်ကြံသတ်ဖြတ်ဖို့ တွေးမှာမဟုတ်ဘူး။ နောက်ပြီး ဒီလိုလည်း လုပ်မှာမဟုတ်ဘူး။ ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင် သူတို့ဒီလိုတွေ မလုပ်နိုင်တာပဲ”
ဝမ်ချောင်က ထိုမြား၏ အခြားတစ်ဖက်ကို ပြလိုက်သောအခါ အထီးကျန်ဝံပုလွေပင်ဖြစ်စေ၊ မျက်နှာမဲ့လူပင်ဖြစ်စေ သတိမထားမိသော အပိုင်းကို မြင်လိုက်ရသည်။
“ဟန်ကာရိုက်တာတွေ”
“မဟုတ်ဘူး ဒါက ချင်-ဟန်ခေတ်က ငှက်ချိတ်စည်း အညွှန်းစာပဲ”
အထီးကျန်ဝံပုလွေနှင့် မျက်နှာမဲ့လူက ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။ မြား၏အဆုံးနားတွင် စကားလုံး အနည်းငယ်ကို ထွင်းထုထားသည်။ ထိုစကားလုံးများက မာန်ရှဲ့ကျောင်းနှင့် ယွီစန်း၏ ဘာသာစကား မဟုတ်ဘဲ ဗဟိုပြင်ကျယ်မှ စကားများ ဖြစ်နေသည်။
မျက်နှာမဲ့လူက ထိုစကားလုံးများက ငှက်စည်းတံဆိပ် အညွှန်းစာများဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။ ထိုစာများကို ချင်-ဟန်ခေတ် အစောပိုင်းတွင် အသုံးပြုကြသည်။ ထိုစကားလုံးများက အလွန်အမင်း ရှေးကျသော ဇစ်မြစ်ရှိပြီး စစ်ပွဲကာလ အတောအတွင်း သို့မဟုတ် နွေဦးနှင့် ဆောင်းတွင်းပိုင်းကာလ အတောအတွင်းတွင် စတင်အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ချင်-ဟန်ခေတ် ကာလတွင် ထိုအညွှန်းစာများ၏ ရှုပ်ထွေးမှု၊ ခက်ခဲမှုကြောင့် တဖြည်းဖြည်းချင်း အသုံးနည်းသွားခြင်းလည်းဖြစ်သည်။
သို့သော် မည်သည့်စည်းအညွှန်းစာကမျှ မဟာထန်တွင် အသုံးမပြုကြတော့ချေ။
ထို့ကြောင့် ဝမ်ချောင်က မည်သည့်အတွက်ကြောင့် ထိုလုပ်ကြံသတ်ဖြတ်သူများက မာန်ရှဲ့ကျောင်းနှင့် ယွီစန်းမှ မဟုတ်ကြောင်း သေချာနားလည်သွားသည်။ ထိုအချိန်တွင် ထိုနေရာ တစ်ခုလုံးက တိတ်ဆိတ်သွားသည်။
အထီးကျန်ဝံပုလွေပင်ဖြစ်စေ မျက်နှာမဲ့လူပင်ဖြစ်စေ မည်သည့်စကားမျှ မဆိုကြတော့ချေ။ ထိုမြားက မြားကြိုးသာလျှင် ဖြစ်နေသေးပြီး ညလိုမည်းမှောင်နေသေးသည့်တိုင်အောင် သူတို့၏ အမြင်တွင်ပင် လျို့ဝှက်ဆန်းကြယ်ကာ ခြိမ်းခြောက်မှုကို ပေးစွမ်းနိုင်သည်။
“ဒါပေမဲ့ ဘာလ်ို့လဲ”
မျက်နှာမဲ့လူက ဝမ်ချောင်ကို မော့ကြည့်သည်။
လျို့ဝှက်ဆန်းကြယ်မှုတွေ များလွန်းမနေဘူးလား။
ဘာလို့ သူ့ကိုအမဲလိုက်တဲ့လူက ဝမ်ချောင်ကိုသတ်ချင်တဲ့လူနဲ့ တူနေတာလဲ။ နောက်ပြီး ဘာလို့ သူတို့က ဝမ်ချောင်ကို သတ်ချင်ရတာလဲ။
သူကဒီအတိုင်း (၁၇)နှစ်ပဲ ရှိသေးတဲ့ကောင်လေးပါ။
ဘာအကြောင်းပြချက်ကြောင့်လဲ။ လူတစ်ယောက်ကို သတ်ဖို့ဆိုရင် အကြောင်းပြချက်က လိုအပ်တယ်။
မျက်နှာမဲ့လူကို ဘေးဖယ်ထားလိုက်သင့်သေးသည်။ မည်သို့ပင်ဆိုစေ သူက ကျန်းနန်၏ အစိုးရဖြစ်သည့်အတွက် အလွန်အမင်း မြင့်မားသော အဆင့်အတန်းရှိသည်။ သို့သော် ဝမ်ချောင်ကမူ ဒီအတိုင်း မြို့တော်မှ လူဘော်ကျော့တစ်ယောက်ထက် မပိုခဲ့ဖူးချေ။ သူက အမတ်များ ဗိုလ်ချုပ်များရှိသော ကလန်ကြီးမှ မွေးဖွားလာသော်လည်း တရားဝင်ရာထူး မရှိသလို အထက်တန်းလွှာ ဂုဏ်ပုဒ်လည်းမရှိချေ။ မြို့တော်တွင်သူ့လို လူဘော်ကျော့ပေါင်း များစွာရှိသည်။ ထပ်ပေါင်းဆိုရသော် ဝမ်ကလန်ကို ပစ်မှတ်ထားလျှင်ပင် သူတို့က ဝမ်ဖူ သို့မဟုတ် ဝမ်ရန်ကို ရွေးချယ်နိုင်သေးသည်။
ထိုနှစ်ယောက်လုံးက ဝမ်ကလန်မှ ဆက်ခံသူများဖြစ်ကြကာ ဝမ်ချောင်ထက် အဆပေါင်းများစွာ အဆင့်မြင့်သည်။ ထို့ကြောင့် ဒီကိစ္စက မမျှော်လင့်ထားသော ကိစ္စဖြစ်နေသည်။
“ကျွန်တော်လည်းမသိဘူး”
ဝမ်ချောင်က ခေါင်းမာသည်။ သူ၏အကြည့်က ပို၍ပင် အရည်လဲ့လာသည်။
“ဒါပေမဲ့ သေချာတဲ့တစ်ခုတော့ ရှိနေသေးတယ်။ ဒီကိစ္စက အနောက်တောင်ပိုင်းက စစ်ပွဲနဲ့ ဆက်စပ်နေလောက်တယ်။ ကျွန်တော်ခံစားမိတဲ့အတိုင်းဆိုရင် ခင်ဗျားတို့ကို လိုက်တဲ့လူတွေက ကျွန်တော်ကို သတ်ဖြတ်ဖို့ ကြိုးစားတဲ့လူတွေနဲ့ တစ်ဖွဲ့တည်းတောင် ဖြစ်လောက်တယ်။ ဒီအချက်ကြောင့်ပဲ ကျွန်တော်တို့ နှစ်ဘက်လုံး ဘာလို့လုပ်ကြံသတ်ဖြတ်ခံရလဲဆိုတာကို ဖြေရှင်းနိုင်တယ်”
“အနောက်တောင်ပိုင်းက စစ်ပွဲက ထင်သလောက် မရိုးရှင်းဘူးလို့ ထင်တယ်။ ကြည့်ရတာ အမှောင်ထဲမှာ ပုန်းအောင်းပြီး ကိစ္စတွေကို ထိန်းချုပ်နေတဲ့ တစ်ခြားအင်အားစုတစ်ခု ရှိနေလောက်သေးတယ်”
ဝမ်ချောင်ကပြောသည်။
ခဲ့လော့ဖုန်းက မဟာထန်ကို ရင်ဆိုင်ရန် ရည်မှန်းချက်ကြီးမားသည်။ သို့သော် ထိုရည်မှန်းချက်များက သူ့ကို မဟာထန်နှင့် ဆက်ဆံရေး ဖောက်ဖျက်လောက်အောင် မတွန်းပို့နိုင်သေးချေ။ ခဲ့လော့ဖုန်းအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ မပြီးမြောက်သေးချေ။ မဟုတ်လျှင်သူက ယွီစန်းထံမှ ငါးစာကို ယူခဲ့မည်မဟုတ်ချေ။
ထို့အပြင် သူက အရင်လက်ဦးမှုယူခဲ့ခြင်း မဟုတ်သလို အန်းနန်အစိုးရစစ်တပ်နှင့် အ့ဟိုင်တွင် တိုက်ခိုက်ခဲ့ခြင်းလည်း မဟုတ်သေးချေ။ သို့သော် ကျန်းချန်းထုံက သူ၏ဇနီးနှင့် သမီးကို အနိုင်ကျင့်သာ သတ်ဖြတ်ခဲ့သော ကိစ္စထက် ခဲ့လော့ဖုန်းက အလွန်အမင်း ဒေါသများဖြင့် ပေါက်ကွဲသွားခဲ့ပြီး အနောက်တောင်ပိုင်းက စစ်ပွဲကို ဦးဆောင်ခဲ့ခြင်းဖြစ်သည်။ ထိုအချက်ကို အထီးကျန်ဝံပုလွေက ပြောသည့်စကားကို အခြေခံထားခြင်းဖြစ်သော်လည်း သူက ကျန်းချန်းထုံ၏ စံအိမ်ထဲသို့ ဝင်ရောက်လိုက်သည့် အချိန်တွင် ခဲ့လော့ဖုန်း၏ ဇနီးနှင့်သမီးဖြစ်သူက အလောင်းများ ဖြစ်နေလေပြီ။
ထိုဘက်ထောင့်မှ ကြည့်မည်ဆိုလျှင် ခဲ့လော့ဖုန်းက ရည်မှန်းချက်ကြီးမားသော်လည်း ကျန်းနန်၏ ကိစ္စအတွက်ကမူ သူကလှည့်ကွက်များ မဆင်ခဲ့လောက်ချေ။
“ဒါပေမဲ့ ဒီလိုဆိုရင် ဘယ်သူလဲ။ ဘယ်သူက အခွင့်ကောင်း လာယူသွားတာလဲ။ ဘယ်သူက ဒီလိုလုပ်နိုင်မှာလဲ”
အထီးကျန်ဝံပုလွေက တည်တင်းစွာပြောသည်။
အခန်း(၆၄၂)
အထီးတန်ဝံပုလွေက သူ့ကိုလိုက်ဖမ်းသူများကို စုံစမ်းသည်။ ထိုအထဲတွင် ထန်များပါသလို မာန်ရှဲ့ကျောင်း ယွီစန်းနှင့် abbasidcaliphateမှ လူများလည်းပါသည်။ ရှင်းလင်းစွာဖြင့်ပင် သာမာန်လူ သို့မဟုတ် အဖွဲ့အစည်းလောက်က ထောက်ပံ့နိုင်သော အရေအတွက် မဟုတ်ချေ။
အနောက်တောင်ပိုင်းက စစ်ပွဲက မဟာထန် ယွီစန်းနှင့် မာန်ရှဲ့ကျောင်းတို့က ပါဝင်ပတ်သတ်နေပြီး ဟော်ရှု့ဟွေ့ခမ်း၊ သာ့လွန်ရော့ကျန်း၊ သွမ့်ခဲ့ချွမ်နှင့် ခဲ့လော့ဖုန်းတို့လို ပုဂ္ဂိုလ်များပါ ပါသည့်အပြင် စစ်သည်တော် ခုနှစ်သိန်းမှ ရှစ်သိန်းအထိကလည်း ပါဝင်ကာ တစ်သန်းကျော်သော ပြည်သူများလည်း ရှိသေးသည်။
ထို့ကြောင့် ဒီအင်အားစုကို တိုက်တွန်းနိုင်မည့် တစ်စုံတစ်ယောက် ရှိနေမည်ဆိုလျှင် ထိုတိုင်းပြည်ဗိုလ်ချုပ် စစ်သည်တော်နှင့် ပြည်သူများကို လက်ဖဝါးပေါ်တွင် ကစားစရာများလို ဆော့ကစားနိုင်သည့် အင်အားကြီးမားလွန်းသော အဖွဲ့ကြီးအချို့သာရှိကြောင်း ပြောရတော့ပေမည်။ ထိုအတွေးကတင် အထီးကျန်ဝံပုလွေကို တုန်ယင်စေသည်။
သူ၏နှလုံးသား အနက်ရှိုင်းဆုံး အပိုင်းတွင် အထီးကျန်ဝံပုလွေက ကိစ္စအားလုံးကို တိုက်ဆိုင်မှုဟု ယုံကြည်လိုနေသည်။ သူ့နောက်ကိုလိုက်သတ်သော လူများက သခင်လေးကို လုပ်ကြံသောလူနှင့် မတူရန် မျှော်လင့်နေမိသည်။
“ကျွန်တော်မသိဘူး”
ဝမ်ချောင်က ခေါင်းခါသည်။
“ဒါက ကျွန်တော်ရဲ့ သံသယသပ်သပ်ပဲလို့ ကျွန်တော်ပြောသားပဲ။ ဖြစ်လည်းဖြစ်နိုင်သလို ဖြစ်လည်း မဖြစ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်အနေနဲ့ သေချာနေတာက ဒီစစ်ပွဲက မဟာထန်၊ မာန်ရှဲ့ကျောင်းနဲ့ ယွီစန်း တိုင်းပြည်သုံးခုအပြင် နောက်ထပ် ဘယ်သူမျှမသိသေးတဲ့ အင်အားစုတစ်ခုလည်း ရှိနေသေးတယ်”
“ဒီလူတွေက တော်ဝင်ခုံရုံးက ဘုရင်ခံတစ်ယောက်ကိုတောင် အကြံအစည်ချပြီး သတ်ဖြတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါ့အပြင် ကျွန်တော်ကိုတောင် လုပ်ကြံသတ်ဖြတ်ဖို့ လူလွှတ်ရဲတယ်။ ဒီတော့ သူတို့က တော်တော်လေးကို ခေါင်းမာတယ်။ ခုံရုံးက စည်းမျဉ်းတွေနဲ့ လူမှု့အသိုင်းအဝိုင်းက စည်းမျဉ်းတွေက သူတို့ကို မကန့်သတ်နိုင်လောက်ဘူး။ သူတို့ကို ဒါတွေနဲ့ ရင်ဆိုင်လို့လည်း အသုံးမဝင်နိုင်လောက်ဘူး”
“အနောက်တောင်ပိုင်းက စစ်ပွဲမှာ လူပေါင်းများစွာ ရှိနေကြတယ်။ အန်းနန်အစိုးရစစ်တပ်က စစ်သည်တော်တွေ ဝမ်ရန်ကာကွယ်ရေးဗိုလ်ချုပ် ရှန်ယွီကျုံ့ထုံးတို့လည်း ရှိနေတာ။ ဒါပေမဲ့ ဒီလူတွေထဲက ဘယ်သူကမှ အဲ့ဒီလူတွေကို နှစ်ခါပြန်တွေးအောင် မလုပ်နိုင်ခဲ့ဘူးဆိုကတည်းက သူတို့က လုပ်ရဲတာ သေချာနေတယ်”
ဝမ်ချောင်က ပြောလေလေ အမူအရာက တည်တင်းလာလေလေ ဖြစ်လာသည်။
နှစ်ဘဝရှင်သန်ခဲ့ဖူးသော လူတစ်ယောက်အနေနှင့် အရာအားလုံးကို သူ၏လက်ခုံလို ကောင်းကောင်း နားလည်နေသည်။ သို့တိုင်အောင် သူ၏မှတ်ဉာဏ်များကို ပေါင်းစပ်ပြီးသည့်တိုင်အောင် သူ့အနေဖြင့် ထိုလူများနှင့် ပတ်သတ်သော သတင်းအချက်အလက်များကို မရှာနိုင်သေးချေ။ အနည်းဆုံးသူက ကျန်းနန်ဘုရင်ခံ ကျန်းချန်းထုံ ပါဝင်ပတ်သတ်သော မတော်တဆမှုအကြောင်းကို မသိခဲ့ချေ။
ဝမ်ချောင်က သူယခင်ဘဝတွင် ထိုကိစ္စကို မထိတွေ့ခဲ့ဖူးသလို ခံစားနေရသည်။
“သခင်လေး သခင်လေးစိုးရိမ်ရင် ဒီကိစ္စကို ကျွန်တော်ကိုပဲ လွှဲထားပေးလိုက်ပါ။ ကျွန်တော်က တစ်ကြိမ် သေပြီးပြီပဲ။ ဘယ်သူကမျှ ကျွန်တော်ရဲ့ တည်ရှိမှုကို မသိနိုင်တော့ဘူး။ သူတို့က ဘယ်သူတွေပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အင်အားကြီးကြီး ကျွန်တော်က မကြောက်ပါဘူး။ ကျွန်တော်က ကိစ္စတစ်ခုတည်းကြောင့်ပဲ ရှင်သန်နေတာ။ သူတို့ရဲ့ နောက်ခံကို မသိရမချင်း ကျွန်တော်ရဲ့ ပင်းအာ၊ ထုံးအာနဲ့ ဇနီးဖြစ်သူအတွက် ကလဲ့စားမချေနိုင်မချင်း ကျွန်တော်ရဲ့နာမည်ကို ရှင်းလင်းနိုင်စွမ်း မရှိမချင်း ကျွန်တော်မသေပါဘူး”
“ကျွန်တော်က ဒီပန်းတိုင်ကို ဆုပ်ကိုင်ထားနိုင်သမျှ ကျွန်တော်ဓားတောင်ကိုလည်း ဖြတ်ရဲတယ်။ မီးပင်လယ်ကိုလည်း ဖြတ်ရဲပါတယ်။ ကျွန်တော်ရဲ့ လျှာတွေ နှာခေါင်းတွေကို ဖြတ်ခံရမယ်ဆိုရင်တောင်မှ ဘယ်အရာကမျှ မကြောက်လန့်စေပါဘူး။ ဒါကြောင့် ကျွန်တော်မှာ ဘာမျှဆုံးရှုံးစရာ မရှိတော့ဘူး”
မျက်နှာမဲ့လူ၏ မျက်လုံးထဲတွင် မုန်းတီးမှုအပြည့်ရှိနေသည်။ သူ၏နောက်ဆုံးစကားများထဲတွင် ခါးသီးသော ရယ်သံကပင်ပါသေးသည်။
သူတို့က ဘယ်လောက်အင်အားကြီးကြီး ဘယ်သူက ကရုစိုက်နေမှာလဲ။ ဘယ်လောက် လျို့ဝှက်ဆန်းကြယ်ကြယ် ဘယ်သူက ကရုစိုက်နေမှာလဲ။ သူတို့ရဲ့ နည်းလမ်းတွေက ဘယ်လောက်ပဲ ရက်စက်ရက်စက် ဘယ်သူက ကရုစိုက်နေမှာလဲ။
သူကမိသားစုလည်းမရှိ ပိုင်ဆိုင်မှုလည်းမရှိတော့တဲ့ အထီးကျန်လူတစ်ယောက် ဖြစ်သွားပြီလေ။ သူဘာကိုမဆို ဆုံးရှုံးပြီးမှတော့ သူဘာကို ဆက်ကြောက်နေတော့မှာလဲ။
ဝမ်ချောင်နှင့် အထီးကျန်ဝံပုလွေက အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဝမ်ချောင်ကလည်း မျက်နှာမဲ့လူ၏ နက်ရှိုင်းလွန်းသော နာကျင်မှု၊ မုန်းတီးမှု၊ တွန့်ဆုတ်မှု၊ အမျက်ဒေါသကို မြင်နိုင်သည်။ သူသည်လည်း အရာအားလုံးက သူမျှော်လင့်ထားသမျှကို ကျော်လွန်ကြောင်း ဝန်ခံရပေမည်။
လူတစ်ယောက်ကသာ ကျန်းနန်ဘုရင်ခံ မျက်နှာမဲ့လူကဲ့သို့ သူ၏မျက်နှာကိုသာ အနက်ရောင် သတ္တုဓားဖြင့် အုပ်ထားပြီး ကလဲ့စားချေရန်အတွက်သာ ရှင်သန်မည်ဆိုလျှင် မည်သူကမျှ မယုံကြည်နိုင်လောက်ကြချေ။ အကြောင်းမူကား ကျန်းချန်းထုံက အတွေ့အကြုံရှိခဲ့သော အရာအားလုံးကို သိသွားကြမည်ဆိုလျှင်မူ သူတို့က မအံ့သြကြလောက်ချေ။
သူထိုကိစ္စကို ကျန်းချန်းထုံကို လွှတ်ထားပေးရလောက်သည်။ ဝမ်ချောင်က တွေးတောပြီးနောက် မျက်နှာမဲ့လူ၏ သွေးနီရောင်မျက်ဝန်းကို ကြည့်လိုက်သည်။
ဝမ်ချောင်နှင့် အထီးကျန်ဝံပုလွေက နေရောင်အောက်တွင် ရှင်သန်နေကြသူများဖြစ်ပြီး သူတို့၏ လုပ်ဆောင်မှုက အတွေးများသွားစေလေရာ ထိုအမည်မသိရသော အဖွဲ့အစည်းကို တွန်းလှန်သလို ဖြစ်သွားနိုင်သေးလေသည်။ အထီးကျန်ဝံပုလွေက ထိုနယ်ပယ်တွင် ဝမ်ချောင်ထက် အနည်းငယ် တော်လောက်သေးသော်လည်း သူအရာအားလုံးကို လုပ်ပြီးနောက်တွင် ပေါ်သွားခဲ့ပါက ဝမ်ချောင်ကလည်း အဆွဲချခံရနိုင်ပြီး ဝမ်ကလန်ကလည်း ပါသွားပေလိမ့်မည်။
သို့သော် မျက်နှာမဲ့လူအတွက်ကမူ သူ၏တည်ရှိမှု သဲလွန်စများအားလုံးကို ဖျောက်ထားပြီးသားဖြစ်ပြီး ဒီနေရာကိုလည်း မည်သူကမျှ မသိသလို မည်သူကမျှလည်း ဒီထက်ပိုပြီး ဒီကိစ္စကို မစုံစမ်းရဲလောက်ချေ။ ထိုအတွေးများကြောင့် ဝမ်ချောင်က ခပ်မြန်မြန်ဆုံးဖြတ်လိုက်သည်။
“လူကြီးမင်း ဒီလိုဆိုရင် ကျွန်တော်ဒီမြားကို လူကြီးမင်းကို ပေးလိုက်မယ်။ လူကြီးမင်းက ဒီကိစ္စကို စုံစမ်းချင်ရင် ဒီမြားကနေစပါ”
သူကပြောပြီးနောက် မြားကိုပေးလိုက်သည်။
“ကျွန်တော်အများကြီးတော့ ကတိမပေးနိုင်ဘူး။ ဒါပေမဲ့ တစ်ခုတော့ ကတိပေးနိုင်တယ်။ ကျန်းနန်မတော်တဆမှုကို စုံစမ်းစစ်ဆေးနေတဲ့အချိန်မှာ သင်တစ်ယောက်တည်း မဖြစ်စေရပါဘူး။ အခုကနေစပြီး လူကြီးမင်းလိုအပ်သမျှ ကျွန်တော်က လူကြီးမင်းကို ထောက်ပံ့ပေးမယ်။ သိုင်းလိုလား၊ ဆေးလိုလား၊ အလုပ်သမားလိုလား၊ စစ်သည်တော်လိုလား၊ ခုံရုံး ဒါမှမဟုတ် စစ်တပ်ထဲက အဆက်အသွယ်တွေလိုလား ကျွန်တော်က ဘာမဆို ထောက်ပံ့ပေးနိုင်တယ်”
“ဒီကိစ္စအတွက် ဝမ်ကလန်နဲ့ကျွန်တော်က ခင်ဗျားရဲ့ အင်အားအကြီးဆုံး နောက်ခံပဲ။ ခင်ဗျားရဲ့ အခိုင်မာဆုံးသော အထောက်အပံ့ပေါ့။ ဒီတော့ ခင်ဗျားဘာကိုပဲလိုလို စိတ်အေးအေးထားပြီး လုပ်ဆောင်ပါ”
ဝမ်ချောင်က ခိုင်မာစွာပြောသည်။
“သခင်လေး”
မျက်နှာမဲ့လူ၏ ခန္ဓာကိုယ်က တုန်ယင်သွားရပြန်သည်။ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုက တောက်ပလာသည်။ ထိုလူများက အလွန်အမင်း အင်အားကြီးမားသော နောက်ခံရှိပြီး ဘာမဆို လုပ်ရဲကာ အကြောက်အလန့် မဲ့နေသည်။ မျက်နှာမဲ့လူက ထိုအရာကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ပြီးသားဖြစ်သည်။
ခုံရုံးမှ အရာရှိတစ်ယောက် ဖြစ်သည့်တိုင်အောင် သူကပင် သူတို့၏အာရုံစိုက်ရန် မထိုက်တန်ခဲ့ချေ။
ဝမ်ချောင်ကမူ ဒီကိစ္စတွင် သူ့ကို ရင်းနှီးမြုပ်နှံရန် ဆန္ဒရှိကတည်းက ဒါကအကြီးမားဆုံး အထောက်အပံ့ကြီး ဖြစ်လာမည်ဖြစ်သည်။ အမှန်တိုင်းဆိုရသော် ဝမ်ချောင်၏နောက်ခံ ဝမ်ကလန်၏ လွှမ်းမိုးနိုင်စွမ်းအားနှင့် ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် ပြသခဲ့သော လုပ်နိုင်စွမ်းအားများကတင် မျက်နှာမဲ့လူက မဟာထန်မှ ရနိုင်သမျှ အမြင့်မားဆုံးသော အထောက်အပံ့ကြီး ဖြစ်နှင့်နေလေပြီ။
ထို့ကြောင့် သူက တစ်ယောက်တည်း စစ်တပ်တစ်ခုကို တိုက်ခိုက်နေရခြင်းထက် ပို၍ကောင်းသည်။ သူ၏မျှော်လင့်ချက်များက ပို၍မြင့်မားသွားသည်။
“ကျေးဇူးတင်ပါတယ် သခင်လေး”
မျက်နှာမဲ့လူ၏မျက်လုံးက နီရဲလာပြီး ဒူးထောက်ချလိုက်ကာ ဝမ်ချောင်ကို ဦးညွှတ်သည်။
“သခင်လေးရဲ့ကတိက ရွှေထောင်ကျော် တန်ကြေးရှိပါတယ်။ ဒီမျက်နှာမဲ့လူက ဘယ်တော့မှ ပြန်ပေးဆပ်နိုင်တော့မှာ မဟုတ်ပါဘူး။ သခင်လေးက ဆန္ဒရှိသမျှ အခုကစပြီး ဒီမျက်နှာမဲ့လူက ဘာကိုမဆို လုပ်ဖို့ဆန္ဒရှိပါတယ်။ ရေပြင်ပေါ်ပဲဖြတ်ရဖြတ်ရ မီးတောင်ကိုပဲ လျှောက်ရလျှောက်ရ သခင်လေးကိုပဲ ဦးညွှတ်ခစားသွားမှာပါ”
လူကြီးလူကောင်း တစ်ယောက်၏ ကတိက ရွှေထောင်ကျော် တန်ကြေးရှိသည်။ ဒါက မျက်နှာမဲ့လူက သစ္စာဆိုလိုက်ခြင်းဖြစ်ပြီး ဝမ်ချောင်အတွက် ကိုယ်တိုင် ကျမ်းသစ္စာကျိန်ဆိုလိုက်ခြင်းလည်းဖြစ်သည်။ ယခုကစတင်ပြီး ဝမ်ချောင်၏ ပတ်ပတ်လည်တွင် မည်သူကမျှ မမြင်နိုင်တော့မည် လျို့ဝှက်ဆန်းကြယ်ကာ တိတ်ဆိတ်လွန်းသော မျက်နှာမဲ့လူတစ်ယောက်က ပေါ်လာသည်။ ဝမ်ချောင်နှင့် အထီးကျန်ဝံပုလွေကသာ သူ၏နောက်ခံ အစစ်အမှန်ကို သိတော့သည်။
ခြိမ်း
စက်လည်ပတ်သံ ထွက်လာပြီးနောက် ကြမ်းပြင်ဘုတ်ပြားက ဘေးဘက်သို့ ရွှေ့သွားသည်။ ဝမ်ချောင်က အထီးကျန်ဝံပုလွေနှင့် မျက်နှာမဲ့လူကို အထဲမှ ခေါ်ထုတ်လိုက်သည်။
“သခင်လေး ဒီလူက”
အပြင်ဘက်တွင် စောင့်နေသော လီစစ်ယဲ့က အနက်ရောင်မျက်နှာဖုံးနှင့် မျက်နှာမဲ့လူကို မြင်သောအခါ အံ့အားတကြီး ဖြစ်သွားသည်။
“မျက်နှာမဲ့လူ”
ဝမ်ချောင်ကပြောသည်။
“အများကြီးမစိုးရိမ်နဲ့ ပြန်ရအောင်”
ဟိုက်ရား
အော်သံနှင့်အတူ ဝမ်ချောင်က လီစစ်ယဲ့၊ အထီးကျန်ဝံပုလွေနှင့် တစ်ဘက်သူများနှင့်အတူ ထွက်ခွာသည်။ သို့သော် ခရီးလမ်းတစ်ဝက်တွင် မျက်နှာမဲ့လူက ရုတ်တရက် ပျောက်ကွယ်သွားသည်။ မည်သူကမျှလည်း သူမည်သည့်နေရာသို့သွားကြောင်း မသိလိုက်ချေ။ သို့သော် မည်သူကမျှလည်း ကရုမစိုက်ချေ။ ဝမ်ချောင်က မမေးခိုင်းကတည်းက အခြားလူများက မမေးတော့ချေ။
လဝက်ခန့်ကြာပြီးနောက် ဘုရင်စုန့်က ဦးဆောင်သော စစ်တပ်က ရောက်လာသည်။ သူ၏စစ်သည် ခုနှစ်သောင်းကျော်သော အရေအတွက်နှင့် များပြားသော ရိက္ခာများ လက်နက်ပေါင်းများစွာက အတူပါလာသည်။
“ဟား ဟား ဟား ဝမ်ချောင်ဘယ်မှာလဲ။ ဘယ်မှာလဲဝမ်ချောင် ဒီဘုရင်က သူ့ကိုတွေ့ချင်လို့ မြန်မြန်ဆင့်ခေါ်လိုက်စမ်းပါ”
အဝေးမှ ဖုန်လုံး အလုံးလိုက်တက်လာပြီးနောက် ဘုရင်စုန့်၏ ကျယ်လောင်သော အော်ရယ်သံကို ကြားလိုက်ရသည်။
စစ်ပွဲပြီးဆုံးသွားသည်မှာ လဝက်ခန့် ကြာသည့်တိုင်အောင် ဘုရင်စုန့်၏ စိတ်အခြေအနေက ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှု အတွင်းတွင် ရှိနေသေးလေသည်။
“ဘုရင်စုန့် အနောက်တောင်ပိုင်းမှာ လူတွေဒီလောက်များတာ ဒီမှာကျွန်တော်နဲ့ အစ်ကိုခမ်းကျစ်တို့လည်း ရှိနေကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ထဲက ဘယ်သူကမျှ အရှင်မင်းသားနဲ့ တွေ့ဆုံဖို့ မထိုက်တန်ဘူးလား”
ရှန်ယွီကျုံ့ထုံးနဲ့ ဝမ်ရန်တို့က တောင်ပေါ်မှခုန်ချလျှက် ဘုရင်စုန့်ကို ကြိုဆိုသည်။
“ဟား ဟား ဟား မင်းတို့နှစ်ကောင်က လူရိုင်းတွေပဲလေ။ မင်းတို့တွေ အသက်တွေ ထည့်ပေါင်းလိုက်မယ်ဆိုရင် နှစ်ရှစ်ဆယ် ကိုးဆယ်လောက် ဖြစ်နေပြီ။ မင်းတို့က ဘယ်လိုများ အနောက်တောင်ပိုင်းက ကြီးမားတဲ့ အောင်မြင်မှုကို ဆောင်ယူပေးထားတဲ့ မဟာထန်ရဲ့ အနာဂတ်သူရဲကောင်း မဟာဗိုလ်ချုပ်လည်းဖြစ်တဲ့ ဝမ်ချောင်ထက်ပိုပြီး ကြည့်ကောင်းနိုင်မှာလဲ ဝမ်ချောင်ဘယ်မှာလဲ”
ဘုရင်စုန့်က သဘောတကျရယ်သည်။ သူက ဝမ်ရန်နှင့် ရှန်ယွီကျုံ့ထုံးတို့ကိုပင် တခမ်းတနား နှုတ်ဆတ်မနေချေ။
“ဝမ်ချောင်က ဘုရင်စုန့်ကို ဂါရဝပြုပါတယ်”
လေထဲမှ အသံထွက်လာပြီးသည်နှင့် ဝမ်ချောင်က မြင်းခွာအရိပ်ကိုစီးလျှက် ရောက်လာသည်။
ဒါက သူတို့ ပထမဦးဆုံးအကြိမ် တွေ့သောအကြိမ်လည်း မဟုတ်ချေ။ ဝမ်ကလန်က ဘုရင်စုန့်နှင့် ဆက်ဆံရေးကောင်း ရှိပြီးသားဖြစ်သည်။ ထို့ကြောင့် မိတ်ဆွေများက မကြာခဏ တွေ့လေ့ရှိသည်။ သို့သော် ဘုရင်စုန့်ကမူ ယခုအခါမှသာ အံ့အားတကြီးဖြင့် သဘောတကျ တွေ့ဆုံခြင်းဖြစ်သည်။
“ဟား ဟား ဟား မင်းတို့တွေ ခုံရုံးကလူတွေ ဒီဘုရင်က အရင်တွေ့ခွင့်ရမယ်ဆိုတာကိုသာ သိသွားကြရင် သူတို့မျက်လုံး ဘယ်လောက်တောင် နီရဲနေမလဲ မင်းတို့မသိလောက်ပါဘူး။ ဟား ဟား ဒီဘုရင်အရင်ဆုံး အနောက်တောင်ပိုင်းက သူရဲကောင်းကြီးကို ကြည့်ပါရစေဦး”
ဘုရင်စုန့်ကပြောရင်း လက်ကိုဆန့်ကာ ဝမ်ချောင်ကို ဖက်သည်။
ဘုရင်စုန့်က အနောက်တောင်ပိုင်းကစစ်ပွဲ အောင်နိုင်သောသတင်း ကြားရသော နေ့ကဆိုလျှင် ဒီနေရာသို့ရောက်ရန် အလွန်စိတ်မရှည် ဖြစ်ခဲ့ရသည်။ သူက စစ်သည်ခုနှစ်သောင်းကို နေ့ရောညပါ အပြေးနှင်ခိုင်းခဲ့ပြီး အနောက်တောင်ပိုင်းက စစ်ပွဲကို အောင်မြင်မှု လုပ်ပေးနိုင်ခဲ့သည့်လူကို မြင်ချင်စိတ် ပြင်းပြနေခဲ့သည်။
“ကန်းကျစ် မင်းမှာသားကောင်းတစ်ယောက် ရှိတာပဲ”
ထို့နောက်သူက တစ်ဖက်သို့ လှည့်လိုက်ပြီးနောက် ဝမ်ရန်ကို တောက်ပစွာကြည့်သည်။
“အရှင့်သားက ချီးကျူးလွန်းနေပါပြီ။ ကျွန်တော်ရဲ့ ဒီခွေးပေါက်လေးက ငယ်လွန်းနေပါသေးတယ်။ အရှင့်သားက သူ့ကိုဒီလို ချီးကျူးတာက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒါ့အပြင် အနောက်တောင်ပိုင်းက စစ်ပွဲကို သောင်းပေါင်းများစွာသော စစ်သားတွေနဲ့ အရာရှိပေါင်းများစွာက အများကြီး ကြိုးစားတိုက်ခိုက် ပေးခဲ့ကြရတာပါ။ လူတစ်ယောက်တည်းက တိုက်ခိုက်ခဲ့တာ မဟုတ်ပါဘူး”
ဝမ်ရန်က ခိုင်မာစွာပြောသည်။
“ဟား ဟား အမြဲတမ်း ခေါင်းမာနေတုန်းပဲ။ သူကသာ အ့ဟိုင်မှာ ခြင်္သေ့မြို့ကို တည်ဆောက်ဖို့ မညွှန်ကြားခဲ့ရင် သူကသာ အနောက်တောင်ပိုင်းက တိုက်ပွဲနယ်မြေကို အမိန့်ပေးရမဲ့ စစ်သေနာပတိချုပ် ဗိုလ်ချုပ်မှူးကြီးနေရာကို ပြောင်းမယူခဲ့ရင် ကန်းကျစ် မင်းနဲ့ရှန်ယွီကျုံ့ထုံးရဲ့ စွမ်းရည်လောက်နဲ့ ဒီတိုက်ပွဲက နိုင်မယ်လို့ထင်လား။ ငါမင်းတို့ကို ကောင်းကောင်းနားလည်ပါတယ်။ သူအရမ်းကြီး ဘဝင်မြင့်သွားမှာကို စိုးရိမ်တာမဟုတ်လား။ ဒီလိုဆိုရင် သူကိုယ်တိုင် ဒုက္ခရောက်သွားမှာကို စိုးရိမ်တယ်ပေါ့။ ဒါပေမဲ့ သူတော်စင်ဧကရာဇ်က ပြောထားပြီးသား။ မင်းတို့ဘာကို ကြောက်ဖို့လိုတော့မှာလဲ”
“မင်းရဲ့ဝမ်ကလန်က ဒီတစ်ခေါက် အနောက်တောင်ပိုင်းမှာ လုပ်ခဲ့တဲ့ လုပ်ဆောင်နိုင်မှု တစ်ခုတည်းနဲ့တင် အတွင်းကလူ ဒါမှမဟုတ် အပြင်က ဘယ်သူမျှ ယောင်ကလန်နဲ့ ဘုရင်ချီအပါအဝင် မင်းတို့ကို မထိရဲတော့ဘူး”
ဘုရင်စုန့်က သဘောတကျ ရယ်ပြန်သည်။ ဘုရင်စုန့်က အလွန်ပျော်နေသည်မှာ သေချာသည်။ သူက ခံစားချက်များကို ပြခဲသည်။ သို့သော် ဝမ်ချောင်၏ အနောက်တောင်ပိုင်းကို နိုင်ခဲ့သော ကိစ္စကမူ မယုံနိုင်စရာ ကောင်းလွန်းသည်။
ဝမ်ချောင်၏ မဟာထန်ကို အဖက်ဖက်မှ တိုက်ခိုက်နေသော စစ်ပွဲတွင် အနိုင်ရအောင် လုပ်နိုင်သော ကိစ္စကြီးက ရုတ်တရက် ပြည်ပအင်အားစုများကို ခြောက်လန့်နိုင်ခဲ့ပြီး မီးခိုးများလို သူတို့ကို ပျောက်ကွယ်သွားစေခဲ့သည်။
တစ်ချက်ကြည့်ရုံဖြင့်ပင် ဘုရင်စုန့်က ဝမ်ချောင်အပေါ် မည်မျှလေးစားကြောင်း သိနိုင်လေသည်။
ဝမ်ရန်က ဘေးနားတွင်ရပ်လျှက် ရှက်ရွံ့သော မျက်နှာထားမျိုး ဖြစ်နေသည်။ ဝမ်ကလန်မှ ထိုသားအတွက် သူကလည်း အလွန်ဂုဏ်ယူမိသလို အလွန်လည်း တန်ဖိုးထားမိသည်။ သူကဒီအတိုင်း သားဖြစ်သူက ဘဝင်မြင့်သွားမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့သော် ထိုသေးငယ်သော စိုးရိမ်မှုကို ဘုရင်စုန့်ထံမှ ဖုံးကွယ်ထား၍မရချေ။
“ဟား ဟား အစ်ကိုကန်းကျစ် မေ့လိုက်ပါ။ အစ်ကိုက လိမ်ညာတာမှ မတော်တာ။ ဘယ်သူကမဆို သခင်လေးရဲ့ ပါရမီကို မြင်နိုင်နေတာပဲ။ အရှင်မင်းကြီးကတောင် သခင်လေးကိုတွေ့ဖို့ စိုးရိမ်စိတ် ပြင်းနေလောက်ပြီ။ ဒီတော့အခု ပြဿနာမရှာရင် အကောင်းဆုံးပါပဲ”
ရှန်ယွီကျုံ့ထုံးကလည်း သဘောတကျ အော်ရယ်ပြန်သည်။
အခန်း(၆၄၃)
ပျော်ရွှင်စွာ ပြန်လည်တွေ့ဆုံရသောပွဲက လူတိုင်း၏စိတ်ကို လန်းဆန်းစေသည်။ ဘုရင်စုန့်ကို ကြိုဆိုပြီးနောက် တစ်ဖက်သူများက တောင်ပေါ်ရှိ တဲထဲသို့ဝင်ရောက်ကြသည်။
“ဝမ်ချောင် မင်းဒီတစ်ကြိမ် မြို့တော်ကိုဝင်ရင် သေချာပေါက် သတိထားဖို့ လိုအပ်တယ်”
တဲထဲတွင် ဘုရင်စုန့်၊ ဝမ်ရန်၊ ဝမ်ချောင်၊ ဝမ်ဖူနှင့် စွန်းလျိုယွဲ့တို့က မြေပြင်တွင် တင်ပြင်ခွေ ထိုင်နေကြပြီး ဘုရင်စုန့်၏ အပြုံးက ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်သွားသည်။
“မင်းဒီတစ်ခေါက် လုပ်ခဲ့တဲ့ အောင်မြင်မှုတွေအရ ဘုရင်ချီက ဒေါသကြောင့် ပေါက်ကွဲနေလောက်ပြီ။ သူက မင်းကို အလွယ်တကူ ထိလို့မရပေမဲ့လည်း သူကလက်လျော့မယ်လို့ မဆိုလိုဘူး။ သူက သတင်းအနည်းငယ်အရဆိုရင် သူက ဘုရင့်အိမ်တော်ဝန် လက်အောက်ခံက လူတွေနဲ့ပေါင်းပြီး မင်းကို သံတမန်တွေရဲ့ ကြိုဆိုမှုကတဆင့် ဒုက္ခပေးဖို့ ကြံစည်ထားတယ်”
“မင်းဒီတစ်ကြိမ် လုပ်ဆောင်နိုင်ခဲ့တဲ့ ကိစ္စအရ သူတော်စင်ဧကရာဇ်ကမင်းကို ကြီးမားတဲ့ ဆုလဒ်ကြီးတစ်ခု ချီးမြင့်မှာပဲ။ ဒါပေမဲ့ မင်းကသာ အခမ်းအနားပွဲအတွင်း အခြားတက်ရောက်တဲ့ လူတွေရဲ့ရှေ့မှာ အမှားအယွင်းတစ်ခုကို လုပ်လိုက်မိရင် တော်ဝင်ဆင်ဆာ အရာရှိလူကြီးမင်းတွေက ဒီအကြောင်းပြချက်ကိုသုံးပြီး မင်းကိုအမှားရှာလောက်တယ်”
“ဒီအရာရှိတွေက အရင်အမတ်ချုပ်ကြီးနဲ့ နန်းတွင်းက ကြင်ယာတော်တွေ ကိုယ်လုပ်တော်တွေကိုတောင် စွပ်စွဲပြောဆိုရဲကြတယ်။ လူအနည်းစုလောက်က မင်းကိုထောက်ပံ့ပေးမယ် ဆိုပေမဲ့လည်း မင်းအကြောင်းကို ထည့်ပြောတဲ့အချိန်မှာ မင်းကိုပြဿနာရှာချင်တဲ့ လူအရေအတွက်က မနည်းပါးလောက်ဘူး”
“မင်းကငယ်သေးတယ်။ မင်းက မရင့်ကျက်တဲ့ လူငယ်တစ်ယောက်ရဲ့ အရှိန်အဝါကိုသာ ထုတ်ပြလိုက်မိရင် မင်းရဲ့အနာဂတ် လမ်းကြောင်းပေါ် ကြီးမားတဲ့ သက်ရောက်မှုကြီး ရှိသွားလိမ့်မယ်။ ဆုလဒ်ကိုတောင် ဖယ်ပြစ်ခံရတာမျိုး ဖြစ်လောက်တယ်။ ဒီတော့ သတိမထားဘဲ လုပ်လို့မရဘူး”
ဘုရင်စုန့်က ရိုးသားစွာဖြင့် ပြောလိုက်သည်။
တော်ဝင်ခုံရုံးက နက်နဲပြီး အတက်အကျများသော နေရာတစ်ခုဖြစ်သည်။ တိုက်ပွဲနယ်မြေနှင့် မတူညီသည်မှာ သေးငယ်သော အမှားကတင် အဆုံးမသတ်နိုင်သော ဒေါသများကို ဖြစ်လာစေနိုင်သည်။ ထိုသို့ဖြင့် နောက်ပိုင်းတွင် မည်မျှသော အကျိုးဆောင်မှုကို လုပ်ပေးကာမူ သက်ရောက်မှုမရှိသည်လည်း ဖြစ်နိုင်သည်။
ယခင်တော်ဝင်အိမ်တော်စုမှ ဆက်ခံသူ ဘုရင်စုန့်၏ဘိုးဘေး မဟာထန်၏ တော်ဝင်မင်းသားဆိုလျှင် ထောင်သွင်းအကျဉ်းချခံရပြီး သာမာန်လူတစ်ယောက် ဖြစ်သွားရသေးသည်။ ဝမ်ချောင်က ငယ်ရွယ်သေးသည်။ သူက ဘုရင်စုန့်နှင့် ဝမ်ကလန်တစ်ခုလုံး၏ မျှော်လင့်ချက်ဖြစ်သည်။
အကြီးအကဲတစ်ယောက်အနေနှင့် ဘုရင်စုန့်က ဝမ်ချောင်က အခြားသူများက အကောက်ကြံသော ကိစ္စများကို မဖြစ်စေချင်ချေ။ ထို့ကြောင့်သူက ဒီနေရာသို့ အပြေးလာပြီး ဝမ်ချောင်ကို သတိပေးခြင်းဖြစ်သည်။
“ပညာသင်သားလုက ဘုရင်ခံအိမ်တော်ရဲ့ လက်အောက်မှာ အလုပ်လုပ်တဲ့ အစေခံအိုကြီးတစ်ယောက်ကို ရှာဖွေဖို့ ငါစေလွှတ်ထားတယ်။ ဒါကြောင့် ကိစ္စပေါင်းများစွာကို သိလာရတယ်။ မင်းမြို့တော်ကို ပြန်သွားတဲ့အချိန်မှာ သူ့ကိုသွားရှာပြီး ပြဿနာတွေကို ရှောင်ရှားဖို့ သူ့ရဲ့လက်အောက်မှာ သွားနေလိုက်ပါ”
“ကျေးဇူးအများကြီးတင်ပါတယ် ဘုရင်စုန့်”
ဝမ်ချောင်က ရိုသေစွာဖြင့် ဂါရဝပြုသည်။
နှစ်ဘဝရှင်သန်ဖူးသော လူတစ်ယောက်အနေဖြင့် ဝမ်ချောင်က ဘုရင်စုန့်ထက် ပို၍နားလည်သည်။ ထိုဘုရင်လက်အောက်ခံ အိမ်ထောင်စုက သူ့ကိုအကောက်ချ ကြံစည်ရာတွင် အောင်မြင်မည်ဟုလည်း မယုံကြည်ချေ။ သို့တိုင်အောင် ဘုရင်စုန့်၏ ရိုးသားစွာဖြင့် စိုးရိမ်ပူပန်မှုက သူ့အပေါ် ခံစားရစေသည်။
“ကျန်တဲ့ကိစ္စတွေက အဆင်ပြေပါတယ်။ ဟုတ်သားပဲ ဝမ်ချောင် မင်းအရှင်မင်းကြီးကို လျှောက်တင်တဲ့အခါ အနောက်တောင်ပိုင်းက စစ်မတ်ကို ငြိမ်းအေးအောင်လုပ်ဖို့ ငါ့ကိုခွင့်ပေးအောင် လျှောက်တင်ပေးစမ်းပါ။ ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းရဲ့ အခြေအနေက ဟော်ရှု့ဟွေ့ခမ်းက ဘာမှမဖြစ်သေးသလို သွမ့်ခဲ့ချွမ်ကလည်း အသက်ရှင်နေသေးတယ်။ သူတို့နှစ်ယောက်ရဲ့ တောင်ပိုင်းကကိစ္စက ထပ်ဖြစ်လာမှာကို စိုးရိမ်ရတယ်”
ဘုရင်စုန့်၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများက ပြည့်နှက်နေပြီး သူ၏အမူအရာက သုန်မှုန်နေသည်။
သွမ့်ခဲ့ချွမ်နှင့် ဟော်ရှု့ဟွေ့ခမ်းတို့က လက်ရှိခေတ်မှာ ကျော်ကြားသော ဗိုလ်ချုပ်ကြီးများဖြစ်ကြသည်။ သိုင်းပညာအရဆိုလျှင် ဘုရင်စုန့်အနေဖြင့် သူတို့ကို ကြောက်စရာမရှိပေ။ သို့သော် ဗျူဟာနှင့် ဝင်္ကပါများက သူ၏ကျွမ်းကျင်မှုမဟုတ်ချေ။ ထို့ကြောင့် သူကဝမ်ချောင်ကို တောင်းဆိုလာခြင်းဖြစ်သည်။
“ဟား ဟား အရှင်မင်းကြီး စိတ်အေးအေးထားပါ။ သူတို့ဆက်ပြီး ပြန်ပူးပေါင်းနိုင်တော့မှာ မဟုတ်သလို အောင်မြင်မှာလည်း မဟုတ်ပါဘူး။ သူတို့က အဲ့ဒီလို ပူးပေါင်းချင်စိတ် ရှိတယ်ဆိုရင်တောင်မှ ကျွန်တော်က အခွင့်အရေး မပေးပါဘူး”
ဝမ်ချောင်က ဘုရင်စုန့်ကို ရယ်ပြသည်။
“အာ”
ဘုရင်စုန့်၏ မျက်ဝန်းက တောက်ပသွားပြီး ဝမ်ချောင်ကိုသာကြည့်သည်။
တဲထဲမှလူများကလည်း ဝမ်ချောင်ကို ကြည့်လာကြသည်။ အနောက်တောင်ပိုင်းက နယ်စပ်တွင် လုပ်စရာ ကျန်နေသေးသော ကိစ္စများစွာ ရှိနေသေးသည်။ ယွီစန်းနှင့် မာန်ရှဲ့ကျောင်းက ခြိမ်းခြောက်မှုကြီး တစ်ခုအဖြစ်သို့ ရှိနေသေးသည်။ သို့သော် ဝမ်ချောင်ကသာ ထိုပြဿနာကို ကိုင်တွယ်နိုင်လျှင် လူတိုင်း၏ စိုးရိမ်မှုများကို ဖြေရှင်းနိုင်ပေလိမ့်မည်။ ဒါကနောက်ထပ် အကျိုးပြုမှု တစ်ခုဖြစ်သည်။
“ချောင်အာ တကယ်ပြောနေတာလား”
ဝမ်ရန်က တည်တင်းစွာ ဝင်မေးသည်။
“ဟမ့် အတိတ်က ဒီလိုအခြေအနေမျိုး မလုပ်နိုင်လောက်ပေမဲ့ အခုဘုရင်စုန့်ရဲ့ စစ်သည်ခုနှစ်သောင်းလောက်နဲ့ဆိုရင် အားလုံးက ပြောင်းလဲသွားလိမ့်မယ်”
ဝမ်ချောင်က ပြုံးပြီးခေါင်းညိမ့်လိုက်သည်။ သူ၏မျက်နှာတွင် ယုံကြည်မှုက အပြည့်ရှိနေသည်။
“ယွီစန်းနဲ့ မာန်ရှဲ့ကျောင်းရဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုက သူတို့ရဲ့ စစ်သည်တော်တွေမဟုတ်ဘဲ သူတို့ရဲ့ မဟာမိတ်ပဲ။ အတိတ်က ကျွန်တော်က သူတို့ကို ရင်မဆိုင်နိုင်ခဲ့ဘူး။ အခုတော့ ဘာပဲဖြစ်ဖြစ် ခဲ့လော့ဖုန်းက ဒဏ်ရာတွေကြောင့် သတိမေ့နေသေးတယ်။ ဒီတော့ မာန်ရှဲ့ကျောင်းက ခေါင်းဆောင်မဲ့နေတယ်။ သူတို့ရဲ့ အသိုင်းအဝိုင်းတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်နေခြင်းအားဖြင့် ကျွန်တော်တို့ရဲ့ စစ်သားတွေနဲ့ သူတို့ကို ဆွဲချဖို့ အခွင့်ကောင်းရသွားပြီ”
“ဘုရင်စုန့်ရဲ့ စစ်သည်ခုနှစ်သောင်းနဲ့ အန်းနန်အစိုးရရဲ့ စစ်သည်လေးသောင်းက တစ်သိန်းတစ်သောင်းကျော်အထိ ရရှိလာလိမ့်မယ်။ မာန်ရှဲ့ယွီစန်းစစ်တပ်ရဲ့ အင်အားကသာ ငါးသိန်းအတိ ထပ်ရှိနေမယ်ဆိုရင် ကျွန်တော်တို့ကသူတို့ကို ရင်မဆိုင်နိုင်လောက်ပေမဲ့ အခုသူတို့ရဲ့အင်အားက အများကြီး လျော့ကျသွားပြီ။ ယခင်လေးပုံတစ်ပုံတောင် မရှိတော့ဘူး။ ဒီတော့ ကျွန်တော်တို့ကို မယှဉ်နိုင်ဘူး”
“အ့ဟိုင်နယ်စပ်မှာ စစ်သည်တော် တစ်သိန်းတစ်သောင်းကို ချထားသမျှ မဟာထန်နဲ့ မာန်ရှဲ့ကျောင်းရဲ့ နယ်စပ်ကို စောင့်ကြည့်နေသမျှ အရှင့်သားအနေနဲ့ မာန်ရှဲ့ကျောင်းက အတွင်းရေးနဲ့ အပြင်ရေး ဘယ်ကိစ္စကို အရင်ဖြေရှင်းမယ်လို့ထင်လဲ။ ပိုင်နက်နယ်မြေကို ပေးအပ်အညံ့ခံပြီး မဟာထန်ရဲ့ လက်ပါးစေဖြစ်လာတာက သူတို့ရဲ့ တစ်ခုတည်းသော ရွေးချယ်မှုပဲ”
ဝမ်ချောင်က ကျုံးဝါးလိုက်သည်။
“ပိုင်နက်နယ်မြေကိုအပ်ပြီး အညံ့ခံရမယ်ဟုတ်လား”
တဲထဲရှိလူတိုင်းက ဝမ်ချောင်ကို အံ့အားတကြီး ကြည့်ကြသည်။ သူ၏ကမ်းလှမ်းမှု့က သူတို့ကို အလွန်အံ့သြစေသည်။ ပိုင်နက်နယ်မြေကို ပေးအပ်ပြီး လျော်ကြေးပေးသော ကိစ္စကို သူတို့က မတွေးတောခဲ့ဖူးချေ။
ဝမ်ချောင်ကရယ်သည်။ သူကထိုတုန့်ပြန်မှုကို မအံ့သြချေ။ မဟာထန်က အုပ်ချုပ်နိုင်စွမ်းရည် အပြည့်အဝကို ပိုင်ဆိုင်ထားပြီး ဗျူဟာနှင့် စစ်ကျမ်းများတွင် အလွန်ထူးချွန်ကာ ဖမ်းဆုပ်နိုင်စွမ်းအား ရှိနေသေးသော်လည်း အလွန်အမင်း ရှေးကျနေသေးသည်။
စစ်ပွဲတစ်ခုကတင် တန်ကြေးပေါင်းများစွာ ကုန်ဆုံးသည်။ ထို့ပြင် ဆုံးရှုံးမှုပေါင်းများစွာ ရိက္ခာ၊ လက်နက်၊ ပစ္စည်း၊ စစ်မြင်းပေါင်းများစွာကို ထုတ်သုံးထားရသေးသည်။ အဆုံးတွင် အနိုင်ရသူက ကျော်ကြားပြီး ရှုံးနိမ့်သူက နောက်ဆုတ်ရုံဖြင့် ကျေနပ်၍မရချေ။
အချိန်တစ်ခုကြာပြီးလျှင် ရှုံးနိမ့်သွားသူကလည်း အင်အားပြန်လည် ရရှိလာမည်ဖြစ်ပြီး နောက်ထပ်စစ်ပွဲ ထပ်စဦးပေလိမ့်မည်။ ထိုသို့ဖြင့် ဒီကိစ္စက အဆုံးသတ်တော့မည် မဟုတ်ချေ။ ဝမ်ချောင်၏အမြင်တွင် ဒါက စစ်၏သဘောသဘာဝမှ ကွဲထွက်နေသည်။ အနိုင်ရသောလူက သင့်တော်သောလျော်ကြေး မရရှိသေးချေ။
အခြားစကားဖြင့် ဆိုရသော် စစ်ကလည်း မူဝါဒတစ်ခုဖြစ်သည်။ ဒါက တိုင်းပြည်အတွက် အကျိုးအမြတ် ထုတ်ပေးသော အရာလည်းဖြစ်ရပေမည်။ စစ်ပွဲတစ်ခုက အရင်းပေါင်းများစွာကို ထုတ်သုံးထားရသော်လည်း အကျိုးအမြတ်အလွန်နည်းနေလျှင် ဒီစစ်က ရှုံးသည်နှင့် မခြားတော့ချေ။
ခဲ့လော့ဖုန်းက ယွီစန်းနှင့် မဟာမိတ်ဖွဲ့ရဲပြီး မဟာထန်ကို စိန်ခေါ်ရဲကတည်းက သူက ရှုံးသွားပြီးသည့်အခါ ရှုံးနိမ့်သည့်အလျောက် တန်ကြေးပေးဆပ်ရန် လိုအပ်သည်။ နယ်မြေကို ပေးအပ်ခြင်းနှင့် လျော်ကြေးကို ပေးဆောင်ခြင်းက သူ့အတွက် မကောင်းသောရလဒ်ဖြစ်သည်။
ပထမဦးဆုံး တစ်ချက်အနေနှင့် မာန်ရှဲ့ကျောင်းက ဒီသင်ခန်းစာကို ထာဝရမှတ်မိနေပေလိမ့်မည်။ ဒုတိယတစ်ချက်အနေနှင့် မဟာထန်ကလည်း အကျိုးအမြတ်ပေါင်းများစွာ ပိုရမည်ဖြစ်သည်။ သူတို့၏ဆုံးရှုံးမှုကို ပြန်ဖာထေးနိုင်ပေလိမ့်မည်။
တစ်ချိန်လုံး ငြိမ်သက်နေသည့် စွန်းလျိုယွဲ့က နောက်ဆုံးတွင် ဝင်ပြောလာသည်။
“ဒါပေမဲ့ သာ့လွန်ရော့ကျန်းက သူ့ရဲ့မြင်းတပ်နဲ့ ပေါ်လာခဲ့ရင် ဘယ်လိုလုပ်မလဲ။ ငါတို့ကုန်းမြေမှာ သူ့ကို မယှဉ်နိုင်ဘူး”
“ဦးလေးစွန်း ဦးလေးအတွေးလွန်ပြန်ပြီ။ ဟော်ရှု့ဟွေ့ခမ်းနဲ့ သာ့လွန်ရော့ကျန်းက မြင်းတပ်တစ်သောင်းကျော်နဲ့ ပေါ်လာပြီး တောင်ပေါ်ဒေသပေါ်ကနေ ဒုန်းစိုင်းဆင်းလာမယ်ဆိုရင်တောင်မှ ကျွန်တော်က သူတို့ကို တားနိုင်တယ်လို့ ယုံကြည်မှုရှိတယ်။ အဲ့ဒါအပြင် တိဗက်မြင်းတပ်က အခု အရင်ကနဲ့ မတူတော့ဘူး။ သာ့လွန်ရော့ကျန်း ပေါ်လာမယ်ဆိုရင်တောင်မှ သူက ကိုယ့်သေတွင်းကိုယ် တူးတာပဲဖြစ်လိမ့်မယ်”
ဝမ်ချောင်က တဖြည်းဖြည်း ရယ်ပြန်သည်။
တောင်ပေါ်တွင် ကပ်ဘေးက ပျံ့နှံ့နေပြီဖြစ်ပြီး စား၍ရသော ကျွဲ၊နွားများက မရှိသလောက်သာ ကျန်ရစ်တော့သည်။ ထပ်ပေါင်းဆိုရသော် တိဗက်များက မာန်ရှဲ့ကျောင်း၏ ထမင်းများကိုစားပြီး ဝမ်းပျက်ဝမ်းလျော ဖြစ်နေခဲ့သေးသဖြင့် သူတို့၏ ခန္ဓာကိုယ်က အားနည်းကာ ခွန်အားကုန်ဆုံးနေသည်။ သာ့လွန်ရော့ကျန်းကသာ ဒီလိုအခြေအနေမျိုးနှင့် တိုက်ခိုက်ရဲလျှင် သူကအရူးသာ ဖြစ်တော့ပေမည်။
ဝမ်ချောင်က မဟာထန်ကို သူက တိုက်ခိုက်လာရန်ပင် မျှော်လင့်မိသေးသည်။
“ဟား ဟား ဟား”
စခန်းတစ်ခုလုံး ရယ်သံများဖြင့် ပြည့်နှက်သွားသည်။ ဒီတိုက်ပွဲအတောအတွင်း ဝမ်ချောင်က လျိုစစ်ယွဲ့ကို စေလွှတ်ကာ ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့၏ အိမ်အခြေစိုက်စခန်းကို ဖျက်ဆီးခိုင်းခဲ့ခြင်းအားဖြင့် မာန်ရှဲ့ကျောင်း၏ ရိက္ခာကို ပျောက်ဆုံးသွားစေခဲ့သည်။ ရလဒ်အနေဖြင့် သူတို့၏ စစ်သည်၏ ပမာဏပေါင်း များစွာက အဆာမကြေသော ကိစ္စကြောင့် အားနည်းနေကြသည်။ လူတိုင်းက ဒီအချက်ကို သိထားပြီးသားဖြစ်သည်။
ထိုစခန်းထဲတွင် စစ်မတ်ရေးရာနယ်ပယ်တွင် ဗျူဟာသီးသန့်အရဆိုရင် သာ့လွန်ရော့ကျန်းက ဝမ်ချောင်ထံတွင် ရှုံးသွားပြီးလေပြီ။
“ဟား ဟား သာ့လွန်ရော့ကျန်းက သခင်လေးချောင်ရှေ့မှာ ပေါ်လာဖို့ သတ္တိမရှိလောက်တော့ဘူး”
ရှန်ယွီကျုံ့ထုံးက သူ၏မှုတ်ဆိတ်ကိုသပ်လျှက် ရယ်သည်။
တဲထဲမှ လူတိုင်းကလည်း ရယ်ကြသည်။ သာ့လွန်ရော့ကျန်းက အနောက်တောင်ပိုင်းမှ ကျော်ကြားသော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး နည်းလမ်းပေါင်းများစွာကို အသုံးပြုခဲ့သည့်တိုင်အောင် အဆုံးတွင် ဝမ်ချောင်ထံတွင် ရှုံးသွားသည်။ ဒါကဝမ်ချောင်၏ ကျော်ကြားမှုကို မြင့်တက်သွားစေသည်။ ပြောရလျှင် ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် နံပါတ်တစ် ဗိုလ်ချုပ်ကြီးဟုဆိုလျှင်ပင် မှားစရာမရှိတော့ချေ။
“ထပ်ပြောရရင် တိဗက်တွေက အရှေ့ဘက်က ဆင်းလာရဲပြီး မဟာထန်ရဲ့ ရှေ့တန်းကို ထိုးဖောက်ရဲတာက မာန်ရှဲ့ကျောင်းစစ်တပ်ရဲ့ ထောက်ပံ့ပေးမှုကြောင့်ပဲ။ မာန်ရှဲ့ကျောင်းစစ်တပ်ကသာ သူတို့ကို မကြိုဆိုဘဲ လမ်းမပြပေးရင် သူတို့က တောင်ပေါ်ကနေ မဆင်းလာရဲဘူး”
“ဒီတော့ ကျွန်တော်တို့က မာန်ရှဲ့ကျောင်းကို ဖိနှိပ်ထားပြီး သူတို့ကို အညံ့ခံအောင် လုပ်နိုင်သမျှ မာန်ရှဲ့နဲ့ယွီစန်းရဲ့ မဟာမိတ်ကို ဖျက်နိုင်တယ်။ မဟာမိတ်က ပျက်သွားတာနဲ့ သာ့လွန်ရော့ကျန်းက အနောက်တောင်ပိုင်းကို ချေမချရဲတော့ဘူးပဲ”
ဝမ်ချောင်၏ မျက်ဝန်းထဲတွင် တောက်ပသော အလင်းတန်းများက လင်းလက်နေသည်။
တဲထဲရှိလူတိုင်း၏ မျက်ဝန်းကလည်း တောက်ပသွားသည်။ ဝမ်ချောင်၏ နောက်ဆုံးစကားကို ကြားချိန်တွင် ဝမ်ရန်ကပင် ခေါင်းညိမ့်လိုက်မိသည်။
ဘုရင်စုန့်က ရယ်ပြန်သည်။ သူကချက်ချင်း ဆုံးဖြတ်ချက်ချသည်။
“ဟား ဟား ကောင်းတယ် ဝမ်ရန် မင်းမှာတကယ်ကို သားကောင်းတစ်ယောက် ရှိတာပဲ။ ငါတို့မင်းပြောတဲ့အတိုင်း လုပ်မယ်။ အရှိန်နှုန်းဆိုတာက စစ်မှာအရေးအကြီးဆုံးပဲ။ ဒီတော့ ဒီနေ့ ငါအမိန့်ထုတ်လိုက်မယ်။ ငါ့ရဲ့စစ်သည် ခုနှစ်သောင်းကို အ့ဟိုင်ကို ချီတက်ခိုင်းလိုက်မယ်။ မာန်ရှဲ့ကျောင်းက အညံ့ခံမခံ ကြည့်ရအောင်”
လမ်းတွင်အနောက်တောင်ပိုင်းကို ငြိမ်းချမ်းအောင်လုပ်ရန် သူကအလွန် စိုးရိမ်ခဲ့ရသည်။ သို့သော် ဝမ်ချောင်၏ စကားများကို ကြားပြီးနောက် ဘုရင်စုန့်၏ ခန္ဓာကိုယ်က အေးဆေးသွားလေပြီ။ သူ၏အခက်ခဲဆုံးသော ကိစ္စကြီးကို ဝမ်ချောင်က ဖြေရှင်းပြီးလိုက်ပြီဖြစ်သည်။
ဝုန်း
ဘုရင်စုန့်၏ အမိန့်နှင့်အတူ စစ်သည်ခုနှစ်သောင်းက အန်းနန်အစိုးရစစ်တပ်မှ စစ်သည်လေးသောင်းနှင့်အတူ စတင်ကာ အလုံးအရင်းဖြင့် ရွေ့လျားသည်မှာ ကြီးမားသော စစ်ဘက်ရေးရာသုံးစက်ကြီးကို မောင်းနှင်သွားသည်နှင့်ပင် တူနေသည်။ ထိုသို့ဖြင့် အရှိန်အဟုန်အပြည့်ဖြင့် တောင်ပိုင်းရှိ အ့ဟိုင်ထံ ဦးတည်သည်။ မာန်ရှဲ့ကျောင်း၏ တုန့်ပြန်မှုက မျှော်လင့်ထားသည်ထက် ပို၍မြန်လွန်းသည်။ ခဲ့လော့ဖုန်းက ကိုမာဝင်နေသေးသည့်အတွက် ထန်စစ်သည်တစ်သိန်းတစ်သောင်းက အ့ဟိုင်နယ်စပ်တွင် ပေါ်လာသောအခါ မာန်ရှဲ့ကျောင်းက ချက်ချင်းလိုလို အညံ့ခံသည်။
အနောက်တောင်ပိုင်းက စစ်ပွဲက မာန်ရှဲ့ကျောင်း၏ နှစ်ပေါင်းများစွာကြာအောင် သိမ်းဆည်းထားရသော အရင်းအမြစ်ပေါင်းများစွာကို ကုန်ဆုံးသွားစေခဲ့သည်။ မာန်ရှဲ့ကျောင်းက တစ်ပွဲပြီးတစ်ပွဲ မတိုက်ခိုက်နိုင်ခဲ့ချေ။ ထို့ကြောင့် သွမ့်ခဲ့ချွမ်ကပင် ထိုအချက်ကို မပြောင်းနိုင်တော့ချေ။
နယ်မြေကို သိမ်းယူခြင်းနှင့် လျော်ကြေးပေးဆောင်သော ကိစ္စအတွက်ကမူ အခြားတစ်ခုဖြစ်သွားသည်။ ထိုအချိန်တွင် ဝမ်ချောင်က အိမ်အပြန်လမ်းကို စနေပြီဖြစ်သည်။
“ဝမ်ချောင် မြို့တော်က အရှေ့မှာပဲ”
လမ်းတွင် အဖြူရောင်တောင်ပေါ်မြင်းကို စီးနင်းနေသော ပိုင်စစ်လင်က ဝမ်ချောင်၏ ဘယ်ဘက်ခြမ်းတွင် ရှိပြီး ဝမ်ချောင်၏ ညာဘက်ခြမ်းတွင်မူ ကျောင်းရထုံကရှိသည်။ သူတို့၏ဘေးတွင် စုဟန်ရှန်၊ ဖန်းရွှယ်လင်နှင့် အခြားသော ခွန်းဝူလေ့ကျင့်ရေးစခန်းမှ ကျောင်းသားများပါသည်။
လဝက်ကျော်ခန့် ကြာပြီးနောက် အနောက်တောင်ပိုင်းမှ ထွက်လာနိုင်လေပြီ။
“ဟား ဟား ဟား အဲ့ဒီကိုကြည့်လိုက်ဦး။ တစ်မြို့တော်လုံးက ငါတို့ပြန်လာမယ်ဆိုတာကို သိနေကြတယ်။ သူတို့က မီးအိမ်တွေတောင်ထွန်းပြီး အောင်ပွဲခံ ကြိုဆိုနေကြတယ်”
အနီးအနားတွင် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော စွန်းကျစ်မင်က လက်ညိုးထိုးလျှက် စိတ်လှုပ်ရှားစွာဖြင့် အော်သည်။ သူလက်ညိုးထိုးပြသည်က အဝေးရှိ မြို့ဂိတ်ဖြစ်သည်။
လူတိုင်းကလည်း စွန်းကျစ်မင်၏ လက်ချောင်းမှတစ်ဆင့် မြို့ဂိတ်တွင် နီရဲသောမီးအိမ်များ ချိတ်ဆွဲထားပြီး များပြားကာ နေ့အချိန်ကဲ့သို့ တောက်ပနေသော အလင်းကို မြင်လိုက်ကြရသည်။
မြို့ဂိတ်ကို ကျော်ကြည့်လိုက်မည်ဆိုလျှင် လမ်းတောက်လျှောက် မီးအိမ်များပြည့်ကာ တောက်ပနေကြောင်း မြင်နိုင်ဦးမည်ဖြစ်သည်။ ထိုအလင်း၏ခွန်အားက တစ်မြို့လုံးကို ဖြာထွက်စေနိုင်သည်။
“ဟမ့် သခင်လေးက အနောက်တောင်ပိုင်းမှာ ဒီလောက်ကြီးတဲ့ကိစ္စကို လုပ်ထားပေးတာ။ ဒီလောက်တော့ ကြိုဆိုသင့်တာပေါ့။ မြို့တော်ရဲ့ တစ်ဝက်လုံးနီးပါးက ဒီအကြောင်းကို သိနေလောက်ပြီ။ ဒါကြောင့် သူတို့က မီးအိမ်တွေနဲ့ အောင်ပွဲခံကြတာပဲ”
ရွှီကန်းက ဖျော့တော့စွာပြုံးလျှက်ပြောသည်။
အခန်း(၆၄၄)
“သခင်လေးဝမ်ချောင် ပြန်လာပြီ”
ရွှီကန်း၏စကား ဆုံးသွားသည့်အချိန်တွင်ပင် အဝေးမှ ကျယ်လောင်စူးရှသော အသံက ထွက်လာသည်။ မြို့ဂိတ်ပေါ်မှ အမြင်စူးရှသော လူတစ်ယောက်က ဝမ်ချောင်တို့၏အဖွဲ့ကို သတိထားမိပြီး အော်တော့သည်။
ဘုန်း
တိတ်ဆိတ်သောမြို့က ချက်ချင်းလိုလို အော်ဟစ်သံများဖြင့် ပြည့်နှက်သွားသည်။
“သခင်လေးချောင်ပြန်လာပြီ”
“မြန်မြန် မီးပန်းတွေဖောက်ကြ”
“အားလုံးပဲ မြို့ဂိတ်ကိုထွက်ပြီး သခင်လေးကို ကြိုဆိုရအောင်”
“တောင်ပိုင်းရဲ့ လူငယ်သူရဲကောင်းလေး ပြန်လာပြီ”
“မောင်လေးချောင်က ငါ့အပိုင်ပဲ ငါနဲ့လာပြီး မတိုက်ခိုက်ကြနဲ့”
တစ်မြို့တော်လုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။ မီးပန်းဖောက်သံများကလည်း ကျယ်လောင်လာသည်။ ထိုသို့ အချက်ပြမှုနှင့်အတူ မရေမတွက်နိုင်သော လူပေါင်းများစွာက မြို့ဂိတ်သို့ ထွက်လာကြသည်။ အားလုံး၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုကြောင့် နီရဲနေကြသည်။
“ဝမ်ချောင်”
“ဝမ်ချောင်”
“ဝမ်ချောင်”
ဝမ်ချောင်၏နာမည်ကို ကြွေးကြော်သံများက ကောင်းကင်ထိတောင် ပဲ့တင်ထပ်နေသေးသည်။ ထိုအသံများထဲတွင် အမျိုးသမီးများ၏ အသံများက အကျယ်လောင်ဆုံးဖြစ်သည်။ ပိုင်စစ်လင်နှင့် ကျောင်းရထုံကို မဆိုထားဘိ ဝမ်ချောင်ကိုယ်တိုင်ကပင် မျက်လုံးပြူးသွားသည်။
“ကော နင်မြင်လား ကောင်မလေးတွေအများကြီးပဲ နင့်ကိုသဘောကျနေကြပြီ”
ဝမ်ချောင်၏ အနောက်ဘက်မှ အေးစက်ပြီး ခါးသီးသောရယ်သံက ထွက်လာသည်။ ဟွမ်ချမ်းအာက သူမ၏ ကြီးမားသောဓားကြီးကို ကျောတွင်လွယ်လျှက် သူ့ကို အေးစက်စက် စိုက်ကြည့်သည်။
“ဟမ့် ငါလည်းဒီလို ကြိုဆိုခံရမယ်လို့ မထင်ဘူး”
ဝမ်ချောင်က ပြောသည်။
ထိုစကားက သူ့ဘေးမှ မိန်းကလေး သုံးယောက်လုံးထံမှ နှာခေါင်းရှုံ့သံကို ထွက်ပေါ်လာစေသည်။
သူတို့က အမြဲတစေ ဝမ်ချောင်နှင့် မနီးလွန်း မဝေးလွန်းသော အကွာအဝေးတစ်ခုထားကာ နေနေကြပြီး သူတို့က မိတ်ဆွေအဖြစ် သတ်မှတ်၍ ရမရ မသေချာသော အနေအထားမျိုး ရှိနေကြသော်လည်း ထိုသုံးယောက်လုံးအတွက် သေချာနေသော ကိစ္စတစ်ခုရှိသည်။ ဝမ်ချောင်တွင်လည်း ကိုယ်ပိုင်သီးသန့် ပိုင်ဆိုင်မှုရှိသည်။
ထိုသုံးယောက်အနေဖြင့် သူတို့အဖွဲ့ထဲက မည်သူ့ကိုမျှ ဝမ်ချောင်နား ကပ်ခွင့်မပြုထားသလို အခြားသော အမျိုးသမီးများက ကပ်ခြင်းကိုလည်း တားမြစ်သည်။
ဝမ်ချောင်ကမူ ကို့ယို့ကားယား ရယ်လိုက်ပြီးနောက် တိတ်ဆိတ်သွားသည်။
“သခင်လေး ဒီမှာပါ”
ရင်းနှီးကျွမ်းဝင်သောအသံက ဝမ်ချောင်၏အာရုံကို ဆွဲဆောင်သွားသည်။ သူက လှည့်ကြည့်လိုက်သောအခါ မြင်းစီးကာလာနေသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရသည်။
“ကော့ကော၊ ချိုင်ကော ဘယ်လိုဖြစ်ပြီး ရောက်လာကြတာလဲ”
ဝမ်ချောင်၏မျက်ဝန်းက ထိုနှစ်ယောက်ကို မြင်လိုက်ချိန်တွင် ချက်ချင်းလိုလို တောက်ပသွားသည်။ ထိုလူများထံ မြင်းကိုလှည့်လိုက်သည်။ ထိုနှစ်ယောက်က ခွန်းဝူလေ့ကျင့်ရေးစခန်းက သူ၏မိတ်ဆွေများဖြစ်သည့် ကော့ကောနှင့် ချိုင်ကျစ်ရီတို့ဖြစ်သည်။
ကော့ကလန်နှင့် ချိုင်ကလန်တို့က မဟာထန်ကို တည်ထောင်ကတည်းက တည်ရှိခဲ့သော မိသားစုများဖြစ်ပြီး အလွန်အမင်း အာဏာမြင့်သည်။ ကော့ဖုန်းနှင့် ချိုင်ကျစ်ရီတို့က သူတို့၏ကလန်မှ ဆက်ခံသူများဖြစ်သလို သာမာန်လူများက သူတို့နှင့်တွေ့ရန် မျှော်လင့်လျှင်ပင် တစ်ဘဝလုံး မဖြစ်နိုင်သော အဆင့်မျိုးဖြစ်သည်။ သို့တိုင်အောင် သူ့ကိုလာ၍ ကြိုဆိုသည်။
ဝမ်ချောင်ကမူ ထိုလူများကသူ့ကို မြို့ဂိတ်တွင် လာစောင့်နေမည်ဟု မထင်ထားမိချေ။
“ဟား ဟား ငါတို့လည်း သခင်လေးချောင်က မြို့တော်ကို ပြန်လာတယ်ဆိုတာကို ကြားလိုက်ရတယ်လေ။ ညီငယ်ချိုင်နဲ့ငါက မင်းကိုဒီမှာ လာစောင့်နေတာပေါ့”
ကော့ဖုန်းက ဂါရဝပြုရင်း ရယ်ကာပြောသည်။
“သခင်လေး အနောက်တောင်ပိုင်းမှာ အနိုင်ပိုင်းနိုင်ခဲ့တဲ့ကိစ္စက မရေမတွက်နိုင်တဲ့ လူပေါင်းများစွာကို သခင်လေးကို သိချင်စိတ်ပြင်းပြအောင် လုပ်နိုင်စွမ်းအားရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က သခင်လေးကို အရင်လာတွေ့တာပေါ့။ ဒါကြောင့် မြို့ဂိတ်မှာ စောင့်နေခဲ့တာ”
ချိုင်ကျစ်ရီကပြုံးလျှက် ဝင်ပြောသည်။
“ညီအစ်ကိုအချင်းချင်းတွေ ယဉ်ကျေးနေဖို့ လိုလို့လား”
ဝမ်ချောင်ကလည်း ပြန်လည်နှုတ်ဆက်လိုက်သည်။ မူလက ထိုနှစ်ယောက်ကသူ့ကို အလွန်အမင်း ယဉ်ကျေးလွန်းသည်ဟု ယုံကြည်ခဲ့သော်လည်း တစ်ဖက်သူများက တမင်အပို ချဲ့ကားပြောနေတာ မဟုတ်ကြောင်း သိလိုက်သည်။
“သခင်လေးဝမ် သခင်လေးဝမ် ဒီမှာ ဒီမှာ”
မြို့ဂိတ်နားရှိလူအုပ်၏ အော်သံများက ပို၍ကျယ်လောင်ကာ ပွက်လောရိုက်လာသည်။ ဝမ်ချောင်က ခေါင်းလှည့်ကြည့်လိုက်သောအခါ လူအုပ်ထဲမှ လူပေါင်းများစွာက ထိုးထွက်လာကြောင်း မြင်လိုက်ရသည်။ ထိုအထဲတွင် ကျန်းကလန်၊ လုကလန်၊ ဟွမ်ကလန်၊ ချန်းကလန်တို့ပါသည်။
ဝမ်ချောင်က အသိမဝင်ခင် နောက်ထပ် အော်ဟစ်သံများ ထွက်လာပြန်သည်။
“သခင်လေးချောင်ပြန်လာပြီ သခင်လေးချောင်ပြန်လာပြီ”
အသံနှင့်အတူ ဓားပန်းပဲ ကလန်လေးခုမှ လူများနှင့် မြို့တော်၏ အထက်တန်းလွှာ မဟာကလန်များ မရေမတွက်နိုင်သော လူပေါင်းများစွာက ရောက်လာသည်။ ဝမ်ချောင်ကမူ လူအများစုနှင့် မသိချေ။ သို့သော် သူတို့၏ရင်ဘက်မှ တံဆိပ်များကို ရင်းနှီးသည်။ ထို့ကြောင့်သူတို့ကို သိလိုက်သည်။ ထိုလူများက ဝု့စ်သံမဏိဓားများနှင့် သူတို့၏ကလန်မှ ကျွမ်းကျင်ပညာရှင်များကို လဲထားသော ကလန်များဖြစ်သည်။
အနောက်တောင်ပိုင်းက စစ်ပွဲက နိုင်သွားသောအခါ သူတို့က ဒီနေရာသို့ လာရောက်ကာ အောင်ပွဲခံခြင်းဖြစ်သည်။
“သခင်လေးချောင် ကျွန်တော်တို့ရဲ့ ကလန်ခေါင်းဆောင်က သခင်လေးချောင်ကို ဖိတ်ခေါ်လိုက်ပါတယ်။ သခင်လေးချောင်က ကျွန်တော်တို့ရဲ့ စံအိမ်တော်ကိုလိုက်ပါပြီး လည်ပတ်ဖို့ မျှော်လင့်ပါတယ်”
“သခင်လေးချောင် ဒီကျွန်တော်တို့ရဲ့ကလန်က ယဉ်ကျေးစွာဖြင့် သခင်လေးချောင်ကို ဖိတ်ခေါ်ပါရစေ။ သခင်လေးချောင် လက်ခံမယ်လို့ မျှော်လင့်ပါတယ်။ ဒါက သခင်လေးချောင်အတွက် ကျွန်တော်တို့ရဲ့ စိတ်ရင်းပါ”
“သခင်လေးချောင်က ခရီးလမ်းမှာ ပင်ပန်းလာတော့ အနားယူဖို့ လိုအပ်မှာပဲ။ ဒါက ကျွန်တော်တို့ကလန်ရဲ့ ဖိတ်ကြားလွှာပါ။ သခင်လေးချောင် အချိန်ရတာနဲ့ လာခဲ့ပါ။ ကျွန်တော်တို့ရဲ့ ပိုင်စံအိမ်တော်ကို သခင်လေးချောင် လာရောက်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ရဲ့ ကလန်ခေါင်းဆောင်ကလည်း စောင့်ကြိုနေပါတယ်”
“သခင်လေးချောင် ကျွန်တော်တို့က ဝေ့ကလန်ကပါ။ သခင်လေးချောင်က အစောင့်တွေများ လိုအပ်တာရှိလား။ ကျွန်တော် ဒီတစ်ကြိမ် ဆယ်ယောက် ခေါ်လာခဲ့ပါတယ်။ သခင်လေးချောင်ကသာ သူတို့ကို သဘောကျတယ်ဆိုရင် ကျေးဇူးပြုပြီး ခေါ်သွားလိုက်ပါ။ သခင်လေးချောင်က မဟာထန်အတွက် ဒီလောက် လုပ်ပေးထားတာ။ ဒါကကျွန်တော်တို့ ကလန်ခေါင်းဆောင်ဆီက သေးငယ်တဲ့ လက်ဆောင်လေးပါပဲ”
“ကျွန်တော်တို့ကလည်း သခင်လေးကို ပြန်ပြီးပေးဆပ်ချင်ပါတယ်”
ထိုသို့ဖြင့် မရေမတွက်နိုင်သော ကလန်ခေါင်းဆောင်များ၊ ဆက်ခံသူများ၊ သူတို့၏ အိမ်တော်ထိန်းပေါင်း များစွာက ဝမ်ချောင်၏အနားတွင် ဝိုင်းလျှက် လက်ဆောင်များ၊ အင်အားကြီးအစောင့်များ ပေးလာကြသည်။ အချို့သော ကလန်များဆိုလျှင် သူတို့၏ သမီးများကိုပင် ဝမ်ချောင်နှင့် လက်ဆက်ပေးရန် အသားကုန် တွန်းပို့နေကြသေးသည်။
ဝမ်ချောင်ကမူ အနောက်တောင်ပိုင်း၏ စစ်ပွဲကို အတွေ့အကြုံရှိခဲ့ပြီး အလွန်ရင့်ကျက်ခဲ့သူ ဖြစ်သည့်အပြင် သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းတို့ကဲ့သို့သော ရန်သူများကို ရင်ဆိုင်ခဲ့ကာ အလွန်အမင်း ရေကဲ့သို့ တည်ငြိမ်သည့် နှလုံးသားကို ပိုင်ဆိုင်ထားပြီ ဖြစ်သည့်တိုင်အောင် ရထားလုံးအသီးသီးမှ ဆင်းလာကြသူများ၊ ရထားလုံးအသီးသီးမှ လိုက်ကာများကိုဖယ်ကာ ထွက်ကြည့်နေကြသော အဖိုးတန် သမီးပျိုများစွာကို မြင်သောအခါ ရှက်သွားရသည်။
ဝမ်ချောင်၏အနောက်မှ ပိုင်စစ်လင်၊ ဟွမ်ချမ်းအာနှင့် ကျောက်ရထုံတို့ကမူ မျက်နှာပျက်သွားသည်။ သူတို့၏ မျက်ဝန်းထဲမှ မီးတောက်များက တောက်ပလာလျှက် သမီးများကို ခေါ်လာကြသော ကလန်ခေါင်းဆောင်များကို စိုက်ကြည့်သည်။
ဝုန်း
လူအုပ်က စိတ်အလှုပ်ရှားဆုံးအချိန်တွင် မြေကမာ္ဘတုန်ဟီးသံနှင့်အတူ မြို့ဂိတ်ထဲမှ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော မြင်းတပ်ဖွဲ့နှစ်ဖွဲ့က ထွက်လာသည်။ သူတို့၏အနောက်မှ မြောက်များလှစွာသော သက်တော်စောင့်များပါသည့် မြင်းတပ်ရှိပြီး နောက်ဆုံးမှသာ ခမ်းနားစွာ ပြင်ဆင်ထားသည့် ရထားလုံးအချို့ကို မြင်ရသည်။
မည်သူကမျှ အထဲကို ဖောက်မမြင်နိုင်သော်လည်း နောက်ဆုံးမှ ပါလာသော ကြေးနီရောင် ရထားလုံးထဲတွင် ခမ်းနားလွန်းသော အရှိန်အဝါ ထုတ်လွှတ်နေကြောင်း နားလည်နိုင်လေသည်။ ထိုအရှိန်အဝါက အရပ်မျက်နှာအနှံ့ ပျံ့နှံ့နေသည်။
ထိုအရှိန်အဝါကို ခံစားမိသော လူတိုင်းက တုန်ယင်သွားကြသည်။ ကြောင်ကိုတွေ့သော ကြွက်များလို ချက်ချင်းလိုလို ပုန်းအောင်းချင်ကြသည်။ သူတို့က သတိလက်လွတ် လမ်းဖယ်ပေးကြသည်။
“အာ စစ်အမှုထမ်းရုံးတော်ကပဲ”
ထိုကြေးနီရောင် ရထားလုံးကို မြင်သောအခါ အပေါ်တွင်ရှိသော သင်္ကေတကို လူတိုင်းက သတိထားမိလိုက်ကြသည်။ အထူးသဖြင့် လေတွင်လွင့်နေသော အလံဖြစ်သည်။ ထို့ကြောင့် ကလန်ခေါင်းဆောင်များကပင် မျက်နှာဖြူဖျော့သွားကာ လမ်းဖယ်ပေးကြရသည်။
တစ်မြို့တော်လုံးတွင် သို့မဟုတ် မဟာထန် တစ်ခုလုံးတွင် ထိုသို့သော အလံကိုသုံးကာ တံဆိပ်ကို ကိုင်ဆောင်ရဲသောလူက တစ်ယောက်တည်းသာလျှင်ရှိသည်။ ထိုလူ၏ အဆင့်အတန်းက မည်သည့် ကလန်ခေါင်းဆောင်ကမျှ မယှဉ်ရဲသော အဆင့်ဖြစ်သည်။
ဘုန်း
နောက်ထပ် ကျယ်လောင်သော အသံနှင့်အတူ မြင်းတပ်နှစ်ဖွဲ့က လူစုခွဲသွားပြီးနောက် ဝမ်ချောင်တို့၏ အဖွဲ့ကို ဝိုင်းလိုက်သည်။
“ဘယ်သူလဲ”
ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့က ထိုမြင်ကွင်းကြောင့် ဖြူဖျော့သွားပြီး ချက်ချင်းလိုလို မြင်းများပေါ်မှ ဆင်းလိုက်ကြသည်။
“နေပါဦး”
ဝမ်ချောင်က သူတို့ကို လက်ဖြန့်လျှက်တားသည်။ ရထားလုံးပေါ်မှတံဆိပ်က မြို့တော်တွင် မရှိတော့တာ ကြာပြီဖြစ်သဖြင့် လူအများစုက မမှတ်မိလောက်ကြချေ။ သို့သော် ဝမ်ချောင်ကမူ အနောက်တောင်ပိုင်းသို့ မသွားခင်ကတည်းက မြင်ဖူးသည်။
ဘန်း
သူကတွေးနေချိန်တွင် တံခါးက ဝုန်းကနဲပွင့်သွားပြီးနောက် ခမ်းနားသော အပြာရောင် ဘိုးဖိနပ်က အာဏာအပြည့်ဖြင့် အပြင်သို့ ဆန့်ထွက်လာသည်။ ပထမအဆင့် အမတ်တံဆိပ်နှင့် အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ကျောက်စိမ်းမြွေခါးပတ်ကို ဆင်မြန်းထားသော ကျန်းချုံကျန့်ချုံးက ထွက်ပေါ်လာသည်။ သူ၏စွမ်းအင်က တောင်တန်းတမျှ မြင့်မားကာ ပင်လယ်တမျှ ကျယ်ပြောကာ လူတိုင်းကို ဦးညွှတ်စေသည်။
အင်ပါယာရဲ့ကျားပဲ။
စစ်အမတ်ဘွဲ့ရထားသော လေးစားရသည့် အဆင့်အတန်းကို ဘေးဖယ်ထားလိုက်လျှင် ဝမ်ချောင်၏အရှေ့တွင် ရှိသော ထိုလူက အလွန်အမင်း အဆင့်အတန်းမြင့်မားလွန်းသည့် တော်ဝင်မဟာ ဗိုလ်ချုပ်ဖြစ်နေသေးသည်။ အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ကျန်းချုံကျန့်ချုံး၏ အန်းနန်အစိုးရစစ်တပ်က စစ်သည်တစ်သိန်းကျော် ဆုံးရှုံးခဲ့သည်။ ထိုနည်းအားဖြင့် အနောက်တောင်ပိုင်းတွင် ဒုက္ခများခဲ့ခြင်းဖြစ်သည်။
မြို့တော်တွင်လည်း လူတိုင်းက အနောက်တောင်ပိုင်းက ရှုံးသွားသောကိစ္စက စစ်အမတ်အသစ်က ရာထူးမှ နှုတ်ထွက်ရန် တွန်းအားပေးခံခဲ့ရသော ကာလဖြစ်သည်။ သူကသာ အာဏာကို ဆုံးရှုံးရမည့်အရေးကို စိုးရိမ်တကြီးဖြစ်ပြီး အနောက်တောင်ပိုင်းက ခွင့်ပြုချက်မရှိဘဲ မထွက်သွားခဲ့လျှင် မာန်ရှဲ့ယွီစန်း မဟာမိတ်က တိုက်ခိုက်ရန် အခွင့်အရေး ရရှိခဲ့မည်မဟုတ်သလို အနောက်တောင်ပိုင်းက ယခုလိုအခြေအနေမျိုးထိ ရောက်ခဲ့လိမ့်မည် မဟုတ်ချေ။ ပို၍ဆိုးသည်မှာ အန်းနန်အစိုးရစစ်တပ်မှ ကာကွယ်ရေးဗိုလ်ချုပ် ရှန်ယွီကျုံ့ထုံးက သူက ထောက်ခံပေးခြင်းကို ခံရခြင်းလည်းဖြစ်သည်။
သို့သော် မည်သူကမျှ မသိသည်မှာ ဝမ်ချောင်က အနောက်တောင်ပိုင်းက စစ်ပွဲတွင် ထိုသို့လုပ်နိုင်ခဲ့ပြီး ကပ်ဘေးကို ပြောင်းပြန်လှန်ခြင်းအားဖြင့် အနိုင်ပိုင်းနိုင်ခဲ့သည်။ မာန်ရှဲ့ယွီစန်း၏ စစ်သည်လေးသိန်းကျော် ရှုံးအောင်လုပ်နိုင်ခဲ့ပြီး အောင်မြင်မှု ကြီးမားစွာဖြင့် ဖြစ်လာနိုင်ခဲ့သည်။
ရှန်ယွီကျုံ့ထုံးနှင့် အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် တစ်သိန်းရှစ်သောင်းက အမှားအယွင်း ရှိခဲ့ဖူးသော်လည်း ယခုအခါ အကျိုးအမြတ်ကြီးပေါင်းများစွာ လက်ခံနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် ကျန်းချုံကျန့်ချုံးက စစ်တပ်ကို ကောင်းမွန်စွာ ကွပ်ကဲနိုင်သည်ဆိုပြီး သတ်မှတ်ခံရကာ လူအများက သဘောတကျ ဖြစ်သွားကြသည်။ သူတော်စင်ဧကရာဇ်ကပင် သူ့ကို အမိန့်ပေးထားသဖြင့် သူ၏လက်ရှိ ရာထူးသစ် စစ်အမတ်ဆိုသော ရာထူးက ခိုင်မာသွားပြီဖြစ်သည်။ မည်သူကမျှ ဒီလိုအခြေအနေကို ကြိုမြင်ထားမည် မဟုတ်ချေ။
ကျန်းချုံကျန့်ချုံး၏ သွေးရောင်လွှမ်းသော အသားအရည်က ရထားလုံးထဲမှ ထွက်လိုက်သည်နှင့် အောင်မြင်မှုများဖြင့် လွှမ်းခြုံနေသော လူဖြစ်ကြောင်း သိနိုင်မည်ဖြစ်သည်။ သူက အိမ်မက်များ ပြည့်ဝသွားသဖြင့် အောင်ပွဲခံထားခြင်းဖြစ်သည်။
“သခင်လေးချောင်”
ကျန်းချုံကျန့်ချုံးက ရထားလုံးထဲမှ ထွက်လာသည်နှင့် ချက်ချင်းလိုလို အကြည့်ကစားလိုက်သည်။ ဝမ်ချောင်က ရှေ့မတက်ခင်ကတည်းက သူက အရင်ဦးစွာခေါ်ပြီး အနားသို့ လျှောက်လိုက်သည်။ တည်ငြိမ်သော မျက်နှာထားနှင့်အတူ သူက ဝမ်ချောင်ကို လေးနက်စွာဖြင့် ဂါရဝပြုသည်။
“ကျန်းချုံက အရှင့်ရဲ့မြင့်မြတ်တဲ့ တည်ရှိမှု ထွက်ပေါ်လာဖို့ စောင့်ဆိုင်းနေခဲ့ရတာ ကြာလှပါပြီ။ ကျေးဇူးပြုပြီး ဒီလိုဂါရဝပြုတာကို လက်ခံပေးပါ”
ဝါး
လူအုပ်က ကျန်းချုံကျန့်ချုံးက ဝမ်ချောင်ကို ဂါရဝပြုတာကို မြင်သောအခါ ချက်ချင်းလိုလို ပွက်လောရိုက်သွားတော့သည်။ မည်သူကမျှလည်း ကျန်းချုံကျန့်ချုံးလို စစ်အမတ်တစ်ယောက်က ဝမ်ချောင်ကို လူအများရှေ့တွင် ဂါရဝပြုမည်ဟု မထင်ထားကြချေ။
ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့ကပင် အံ့သြသွားကြရသည်။ သူတို့က အလျင်စလိုဖြင့် သူတို့၏ မြင်းများပေါ်မှ ဆင်းလိုက်ကြကာ ဘေးဘက်သို့ သွားရပ်သည်။
ကျန်းချုံကျန့်ချုံးက စစ်အမတ်ဖြစ်ပြီး အင်ပါယာ၏ ကျားဖြစ်သလို မဟာထန်၏ နည်းပါးသော မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည့်အပြင် တော်ဝင်ခုံရုံး၏ အဆင့်တစ်အရာရှိ ဖြစ်နေသေးပြန်သည်။ အနောက်တောင်ပိုင်းက ပုန်ကန်မှုနှင့် သူ၏အဆက်အသွယ်များဖြင့်ပင် သူက ဒီလ်ိုမြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်နေသေးသည်။
ခွန်အားသီးသန့်ဆိုလျှင် ကျန်းချုံကျန့်ချုံးက သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်တို့ထက် မနိမ့်ချေ။ ပို၍ဆိုးသည်မှာ သူ၏စစ်အမတ်ဆိုသော အဆင့်အတန်းကတင် မဟာထန် အင်ပါယာ တစ်ခုလုံးကို ကိုယ်စားပြုနိုင်စွမ်း ရှိနေပြီဖြစ်သည်။ သူက မည်သည့်ကလန်ကမျှ ရန်မစရဲသော အဆင့်ဖြစ်သည်။
ပိုင်စစ်လင်နှင့် ကျောင်းရထုံတို့ကလည်း သက်တမ်းကြာရှည်သော ကလန်ကြီးများမှ ဖြစ်သည့်တိုင်အောင် ကျန်းချုံကျန့်ချုံး၏ အရှေ့တွင် အလျင်စလို မပြုမူရဲကြချေ။
ဒီလိုပြန်တွေ့ဆုံမှုတွင် ကျန်းချုံကျန့်ချုံးက ဝမ်ချောင်ကို တိုက်ခိုက်လာတွေ့မည်မှာ သေချာသည်။ ဝမ်ချောင်ကလွဲပြီး မည်သူကမျှ ထိုဂါရဝပြုမှုကို လက်သင့်ခံ၍မဖြစ်ချေ။
“အရှင်အမတ်ကြီးက ယဉ်ကျေးလွန်းနေပြန်ပါပြီ။ ဒီဝမ်ချောင်က ဒါကိုဘယ်လို လက်သင့်ခံနိုင်ပါ့မလဲ”
ဝမ်ချောင်ကလည်း ကြောင်သွားသည်။ ကျန်းချုံကျန့်ချုံးကသူ့ကို လူအများရှေ့တွင် ဂါရဝပြုမည်ဟု မထင်ထားမိချေ။ သူကအလျင်စလို ရှေ့ထွက်လိုက်ပြီးနောက် ကျန်းချုံကျန့်ချုံးကို အမြန်ထရပ်ရန် ကူညီပေးလိုက်သည်။
“အနောက်တောင်ပိုင်းက စစ်ပွဲမှာ သခင်လေးက မဟာထန်ကို ကောင်းမွန်စွာ ခစားပေးနိုင်ခဲ့ပြီး ပြည်နယ်ရဲ့ အကျိုးအမြတ်အတွက်၊ ပြည်သူတွေအတွက် လုပ်ဆောင်ပေးနိုင်ခဲ့တယ်။ အန်းနန်အစိုးရစစ်တပ်ရဲ့ ကယ်တင်ရှင်လည်း ဟုတ်ပါတယ်။ ဒါကြောင့် ဒီကျန်းချုံကျန့်ချုံးရဲ့ ဂါရဝပြုမှုကို လက်ခံဖို့ ထိုက်တန်တယ်”
ကျန်းချုံကျန့်ချုံးက ခိုင်မာစွာဖြင့် ကျုံးဝါးလိုက်သည်။ သူက သူ၏နှလုံးသားထဲမှ စကားလုံးများကို ထုတ်ပြောလိုက်ခြင်းလည်းဖြစ်သည်။
အခန်း(၆၄၅)
ဝမ်ချောင်ကြောင့်သာ မဟုတ်လျှင် အန်းနန်အစိုးရစစ်တပ်က အနောက်တောင်ပိုင်းတွင် အမြစ်ဖြတ် သုတ်သင်ခံရမည်ဖြစ်ပြီး အန်းနန်အစိုးရစစ်တပ် တစ်ခုလုံးက ပျောက်ကွယ်သွားမည်ဖြစ်ကာ ကျန်းချုံကျန့်ချုံး၏ ခုံရုံးမှ အုတ်မြစ်က သဲလွန်စပင်မရှိဘဲ ပျောက်ကွယ်သွားလေမည်။
ထိုအချက်တွင်မကဘဲ မာန်ရှဲ့ယွီစန်းမှ မဟာမိတ်က အနောက်တောင်ပိုင်းကို သိမ်းယူသွားခဲ့လျှင် အနောက်တောင်ပိုင်း တစ်ခုလုံးအတွက် တာဝန်ရှိသော သူကသာ အပြစ်အတင်အခံရဆုံး ဖြစ်လာပေလိမ့်မည်။ သူက ခုံရုံးသို့ ဝင်ရောက်ခဲ့ပြီဖြစ်ပြီး အန်းနန်အစိုးရစစ်တပ်ကို စွန့်ခွာလျှက် စစ်မတ်တစ်ယောက် ဖြစ်လာခဲ့သည့်တိုင်အောင် သူ၏အဆင့် ဖယ်ရှားခံရသည့် ကံကြမ္မာက မလွတ်မြောက်နိုင်လောက်ချေ။
သူ့အနေဖြင့် အကျဉ်းထောင်သို့ အပို့ခံရနိုင်သော ကိစ္စမျိုးပင် ဖြစ်လာနိုင်သေးသည်။
အနောက်တောင်ပိုင်းမှ ကိစ္စက ကြီးမားလွန်းလှလေရာ မည်သည့်နိမ့်ကျသော အရာရှိပင်ဖြစ်စေ အဆင့်အတန်း မြင့်မားလွန်းသော ပုဂ္ဂိုလ်ကြီးပင်ဖြစ်စေ တာဝန်မယူရဲကြချေ။
ထို့ကြောင့် ဝမ်ချောင်က ယခုလို အောင်နိုင်လာသော ကိစ္စကမူ ကျန်းချုံကျန့်ချုံးနှင့် အန်းနန်အစိုးရ စစ်တပ်တစ်ခုလုံးကို ဘဝသစ်တစ်ခုသို့ ပေးလိုက်သလို ဖြစ်သွားသည်။
“သခင်လေး ဒီကျန့်ချုံက စံအိမ်မှာ ကြိုဆိုပွဲ ပြင်ဆင်ထားပါတယ်။ သခင်လေးအနေနဲ့ ဒီနိမ့်ကျတဲ့ အမတ်ကို အဖော်ပြုပြီး ကျန့်ချုံနဲ့အတူ ခရီးအပြန် ကြိုဆိုပွဲကို ဆင်နွဲချင်ပါသလား”
ကျန်းချုံကျန့်ချုံးက ဖော်ပြရန် ခက်ခဲလောက်အောင် ကျို့နွံမှုအပြည့် ယဉ်ကျေးမှုအပြည့်ဖြင့် သုံးနှုုံးကာ ပြောလိုက်ခြင်းဖြစ်သည်။
အခြားသူများကသာ ကိုယ်တိုင်မြင်တွေ့ရခြင်း ကိုယ်တိုင်ကြားရသောကြောင့်သာ မဟုတ်လျှင် ကျော်ကြားလှသော မြင့်မြတ်သည့် စစ်အမတ်၊ တော်ဝင်ခုံရုံးမှ အဆင့်တစ် အရာရှိက သာမာန်ဆယ်ကျော်သက် တစ်ယောက်ကို ဦးညွှတ်ဂါရဝပြုကြောင်း လက်ခံနိုင်ကြမည်မဟုတ်ချေ။ သို့သော် ဝမ်ချောင်က အနောက်တောင်ပိုင်းကို အနိုင်ပိုင်းခဲ့ကြောင်း သိထားကြလျှင်မူ ဒီအခြေအနေကို လွန်ကဲသည်ဟု မထင်ကြလောက်ချေ။
“အရမ်းအဆင်ပြေပါတယ် ကျွန်တော် အရှင့်ကိုပဲ လမ်းကိုဦးဆောင်ပေးဖို့ ဒုက္ခပေးရတော့မယ်”
ဝမ်ချောင်က ပြုံးလျှက် ချက်ချင်းလိုလို သဘောတူလိုက်သည်။ ကျန်းချုံကျန့်ချုံးက စစ်အမတ်ဖြစ်သလို သူ့ကို ကိုယ်တိုင်ကိုယ်ကျ မြို့ဂိတ်သို့ပင် လာရောက်ထွက်တွေ့ခဲ့ခြင်းဖြစ်သည်။ တစ်ဖက်သူ၏ ကောင်းမွန်သော ဆန္ဒနှင့် ရိုကျိုးမှုများ အားလုံးကိုလည်း ထုတ်ပြထားပြီးသားဖြစ်လေရာ သူက ငြင်းဆန်စရာ အကြောင်းမရှိချေ။
“စစ်လင်း ရထုံ ဟွမ်ချမ်းအာနဲ့ ကျွန်တော်ရဲ့ မိတ်ဆွေကောင်းတွေက အရင်ဆုံး ပြန်နှင့်ကြပါ။ ကျွန်တော် အရှင့်ကျန့်ချုံကိုပဲ အမတ်စံအိမ်တော်ကို အဖော်ပြုပြီး လိုက်ပါသွားလိုက်ပါ့မယ်”
“ဟုတ်ကဲ့သခင်လေး”
ပိုင်စစ်လင် ကျောင်းရထုံ ဟွမ်ချမ်းအာနှင့် အခြားသောလူများ အားလုံးက သဘောတူခေါင်းညိမ့်ကြသည်။
“သခင်လေးက ကျေနပ်သလို လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ပြန်ပြီး နောက်မှ သခင်လေးနဲ့ တွေ့ဆုံဖို့ ပြင်ဆင်လိုက်ပါ့မယ်”
ထိုအချိန်တွင် ကော့ဖုန်းနှင့် ချိုင်ကျစ်ရီတို့ကလည်း ဘေးထွက်ရပ်နေကြသည်။ မဟာထန် အင်ပါယာ၏ ကျော်ကြားသော စစ်အမတ် ကိုယ်တိုင်ကိုယ်ကျကပင် ရောက်လာခဲ့လေရာ သူတို့က ဘေးထွက်ရပ်မှ ဖြစ်တော့ပေမည်။ စစ်အမတ်က အင်ပါယာတစ်ခုလုံးမှ စစ်တပ်ကို အုပ်ချုပ်နိုင်သည်ဟု ဆို၍မရသော်လည်း သူက ပိုင်ဆိုင်ထားသော အင်အားက အနည်းနှင့်အများ စစ်မှန်သည်။
ကော့ကလန်နှင့် ချိုင်ကလန်တို့မှ ခေါင်းဆောင်များကပင် ထိုအဆင့် ပုဂ္ဂိုလ်ကြီးများနှင့် စကားဖလှယ်ရန် အခွင့်အရေး အနည်းငယ်လောက်ပင် ရှိလောက်လေရာ ကော့ဖုန်းနှင့် ချိုင်ကျစ်ရီတို့ဆိုလျှင် ပို၍ဆိုးသည်။
“သခင်လေးချောင် ကျေးဇူးပြုလို့”
ကျန်းချုံကျန့်ချုံးက ရထားလုံးနားတွင်ရပ်လျှက် တံခါးဖွင့်ပေးကာ ဝမ်ချောင်ကို အထဲသို့ဝင်ခိုင်းသည်။ ပတ်ဝန်းကျင်ရှိ လူအုပ်က မနာလိုတကြီးဖြင့် ကြည့်နေကြသည်။ ကော့ဖုန်းနှင့် ချိုင်ကျစ်ရီကပင် ချို့ယွင်းချက်မရှိပေ။
အင်ပါယာ၏ကျား စစ်အမတ်လည်းဖြစ်သလို အဆင့်တစ်ရာထူး ရထားသော အရာရှိတစ်ယောက်က ရထားလုံးဘေးတွင် ကိုယ်တိုင်ကိုယ်ကျရပ်ကာ တံခါးဖွင့်ပေးသော ကိစ္စက တစ်မြို့တော်လုံးတွင် သို့မဟုတ် လူငယ်မျိုးဆက် တစ်ခုလုံးတွင်ဆိုလျှင် ဝမ်ချောင်ကသာ ထိုသို့ ခံစားခွင့်ရှိလောက်သည်။
မည်သည့် မဟာကလန်ကြီးမှ လူများပင်ဖြစ်စေ အထက်တန်းလွှာများပင်ဖြစ်စေ ထိုသို့သော ဆက်ဆံခံရမှုမျိုးကို မရရှိကြချေ။
ဝုန်း
ရထားလုံးက လျှင်မြန်စွာဖြင့် ရွေ့လျားကာ မြို့ဂိတ်ကိုကျော်ဖြတ်ပြီးနောက် စစ်အမတ်စံအိမ်ထံသို့ ဦးတည်သည်။ မြို့တော်မှ သတင်းကြားသော လူတိုင်းကမူ ဖြတ်သန်းသွားသော ရထားလုံးကိုသာ ကြည့်ကြပြီး အောင်ပွဲခံ ချီးကျူးဂုဏ်ပြုသံများကို အော်ဟစ်ကြွေးကြော်ကြသည်။
“ဝမ်ချောင် ဝမ်ချောင် ဝမ်ချောင်”
“ဝမ်ချောင် ဝမ်ချောင် ဝမ်ချောင်”
“ဝမ်ချောင် ဝမ်ချောင် ဝမ်ချောင်”
တည်ထောင်သော နှစ်ကစပြီး ယခုအခြေအနေအထိ မြို့တော်က ထိုမျှမစည်းကားဖူးသေးချေ။ လူတိုင်းက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်ဟစ်ကြသည်။ သူတို့၏ မျက်နှာများက အော်ဟစ်လွန်းသောကြောင့် နီရဲကုန်သည်။ သူတို့၏ အော်ကြွေးသံက ကောင်းကင်ကိုပင် တုန်ခါစေလောက်သည်။ ထိုအချိန်တွင် မီးပန်းဖောက်သံများကလည်း စည်ကားနေပြန်သည်။
မဟာထန်၏ သမိုင်းတောက်လျှောက်တွင် မဟာထန်၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်က လုံရှီ၏ တိဗက်ခုခံရေး အားလှိုင်းကို ကျော်ဖြတ်ပြီး တောင်ပေါ်ဒေသကို သူတော်စင်ဧကရာဇ်က အုပ်ချုပ်သည့် သက်တမ်း (၂၃)နှစ်မြောက်တွင် ဝင်ရောက်သတ်ဖြတ်နိုင်သော ကာလကလွဲပြီး မည့်သည့်အချိန်ကမျှ ယခုလို တခမ်းတနား ကြွေးကြော်မခံရဖူးသေးချေ။ ဒါက သူရဲကောင်းတစ်ယောက်ကို ကြိုဆိုသည်ထက် မနိမ့်ကျတော့ချေ။
“သခင်လေးချောင် ဒီစစ်ပွဲပြီးသွားရင် ဝမ်ကလန်က အဆုံးအစမဲ့တဲ့ အောင်မြင်တိုးတက်မှုနဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ရမှာပါ”
ကျန်းချုံကျန့်ချုံးက ပြတင်းပေါက်ကို ဖြေးညှင်းစွာဖြင့် တွန်းဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ရှိ အော်ဟစ် ကြွေးကြော်သံများကို နားထောင်သည်။
“ဘာသာရေးဌာနက ရထားတဲ့ သတင်းအရ သူတို့က သခင်လေးချောင်ရဲ့ဆုကို ဆွေးနွေးမေးခွန်း ထုတ်နေကြတယ်။ နောက်ပြီး တော်ဝင်ခုံရုံးကလည်း ဒီကိစ္စကို အမြဲတစေ ထည့်ပြောနေကြတယ်ဆိုပဲ။ ဒါကြောင့် ဆုံးဖြတ်ပြီးတာနဲ့ အရှင်မင်းကြီးက သခင်လေးကို နန်းတွင်းကို ဆင့်ခေါ်ပြီး တရားဝင် ဆုလဒ်ချီးမြှင့်မှာပါ။ သခင်လေးချောင်ရဲ့ အနောက်တောင်ပိုင်းက လုပ်ခဲ့တဲ့ကိစ္စက ကောင်းကင်တမျှ ခမ်းနားကြီးကျယ်လွန်းပါတယ်။ အခုကစပြီး သခင်လေးချောင်က ရှေ့ဆက်တက်ဖို့ပဲ ရှိပါတော့တယ်။ သခင်လေးရဲ့ အလားအလာကတော့ အကန့်အသတ်မဲ့ပါတယ်”
ထိုသို့ပြောနေရင်းမှ ကျန်းချုံကျန့်ချုံးက အလွန်အမင်း နိမ့်ကျသော လေသံကို ထုတ်သုံးထားသေးသည်။ သူက အနည်းငယ်သော မနာလိုမှုကိုပင် မထုတ်ပြချေ။
ဝမ်ချောင်က လက်ရှိတွင် မည်သည့် တရားဝင်အရာရှိရာထူးမျှ မရှိချေ။ နိမ့်ကျသော ရာထူးတစ်ခုမျှပင် မရှိထားသေးချေ။ သို့သော် မြို့တော်တစ်ခုကလည်း သူက သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်၊ ခဲ့လော့ဖုန်းတို့ကို သူ၏ကြွယ်ဝမှုကိုသုံးကာ လက်အောက်ငယ်သားများ ငှားရမ်းခြင်းဖြင့် အနိုင်ပိုင်းခဲ့ကြောင်း သိထားသည်။ ထိုသို့လုပ်နိုင်သော စွမ်းရည်က သူ၏အနာဂတ် လုပ်နိုင်စွမ်းအားကို ဖော်ပြနေသည်။
ဒီမြို့တော်တွင် မဟာထန်မှ ရှစ်ယောက်မြောက် မဟာဗိုလ်ချုပ်တစ်ယောက် ရှိပြီဟုပင် ဆို၍ရလောက်သည်။
စစ်အနုပညာအရ သီးသန့်ဆိုလျှင်ပင် ကျန်းချုံကျန့်ချုံးက ဝမ်ချောင်ဟာ လောကမှ အခြားသော မဟာဗိုလ်ချုပ်များနှင့် ဘေးချင်းယှဉ်ရပ်နေနိုင်သော အဆင့်တွင် ရောက်နေပြီဖြစ်ကြောင်း ပြောရဲသည်။ သို့မဟုတ် ထိုထက်ပင် ကျော်နေလောက်သည်။
အသက်(၁၇)နှစ်သာ ရှိသေးပြီး ထိုသို့လုပ်နိုင်စွမ်းအား ရှိလာသည့်အခါ ကျန်းချုံကျန့်ချုံးကိုယ်တိုင်ပင် သူက မည်မျှဝေးဝေး သွားနိုင်မည်ဖြစ်ကြောင်း မခန့်မှန်းနိုင်တော့ချေ။ ထိုအချက်ကြောင့် ကျန်းချုံကျန့်ချုံးက ဂိတ်တွင် သူ့ကို တကူးတကလာကြိုပြီး နိမ့်ချနေခြင်းဖြစ်သည်။ သို့ရာတွင် ထိုအချိန်တွင် ဝမ်ချောင်ကမူ ကျန်းချုံကျန့်ချုံး အတွင်းပိုင်းအတွေးများကို မသိချေ။
“အရှင်က ယဉ်ကျေးလွန်းနေပြန်ပါပြီ”
ဝမ်ချောင်က ယဉ်ကျေးစွာ ပြန်ပြောသည်။ သူက နိုင်လာသောကြောင့် မောက်မာခြင်းလည်း မရှိသလို ရှုံးနိမ့်လျှင်လည်း စိတ်ဓာတ်ကျမည့်လူမျိုး မဟုတ်ချေ။
ရထားလုံးသံက မြည်ဟီးနေသည်။ ထို့သို့ လျှင်မြန်စွာဖြင့် ကျန်းချုံကျန့်ချုံး၏ အမတ်စံအိမ်ထံသို့ ရောက်သွားသည်။
ကျန်းချုံကျန့်ချုံးက ဝမ်ချောင်အတွက် ကြိုဆိုပွဲကို ပြင်ဆင်ထားပြီးသားဖြစ်ပြီး အလွန်အမင်း ခမ်းနားကာ ကျယ်ပြောသည်။ အနောက်တောင်ပိုင်းမှ တင်ပို့သော စပျစ်သီးများ၊ မာလကာသီးများ၊ ကျောင်းကျစ်မှ တင်ပို့သော ငှက်ပျောသီး၊ နံနတ်သီးနှင့် အုန်းသီးများ၊ goguryeo မှရသော ပင်လယ်သခွားသီး၊ ပင်လယ်သတ္တဝါများ၊ ငါးမန်းတောင်ပံများနှင့် ဝေလငါးအသားများလည်း ပါဝင်သလို အမျိုးမျိုးသော အဖိုးတန် ပြင်ဆင်မှုပေါင်းများစွာဖြင့် မွန်းမံထားသေးလေသည်။
အတွင်းပိုင်းတွင်လည်း အနောက်ဘက် abbasidcaliphade နှင့် charahspasinu တို့မှ ဖျော်ဖြေရန် ထောက်ပံ့ပေးထားသော ခမ်းနားစွာ ကပြနေသည့် အကမယ်များလည်း ရှိနေသည်။ ထိုသို့ဖြင့် ခန်းမတစ်ခုလုံးက စိတ်ကူးယဉ်ဆန်ကာ ပျော်မွေ့ဖွယ်ကောင်းနေတော့သည်။
ဒီကြိုဆိုပွဲက တစ်ညလုံးဆက်နေမည်ဖြစ်သည်။ ကျန်းချုံကျန့်ချုံးက ဝမ်ချောင်ကို ဆက်တိုက် ခွက်ချင်းတိုက်နေခဲ့ပြီး ဒီအမတ်စံအိမ်တွင်လည်း တစ်ညလုံး နေရမည်ဟု ပြောထားသေးသည်။
ရစ်မူးမှုက အထွတ်အထိပ်ထိ ရောက်ရှိသွားသောအခါ ကျန်းချုံကျန့်ချုံး ရုတ်တရက် သူ၏ကြေးနီရောင်ခွက်ကို မြောက်ပြီးနောက် ခပ်မတ်မတ်ထထိုင်ကာ ခိုင်မာစွာ ကျုံးဝါးသည်။
“သခင်လေးချောင်က အနောက်တောင်ပိုင်းက ကိစ္စမှာ လုပ်ဆောင်ပေးမှုအပေါ် ငါ့ရဲ့ကျေးဇူးတင်စိတ်က စကားနဲ့တောင် ဖော်ပြလို့ မရတော့ပါဘူး။ ဒါကြောင့် သခင်လေးချောင် ဒီမြို့တော်မှာ လိုအပ်တာရှိရင် ဘာမဆို မေးသာမေးလိုက်ပါ။ ဒီကျန့်ချုံက ပင်လယ်ကိုပဲ ကျော်ဖြတ်ရကျော်ဖြတ်ရ မီးတောင်ကိုပဲ လှမ်းရလှမ်းရ အမိန့်ကိုသေချာပေါက် လုပ်ပေးမှာပါ”
ဝမ်ချောင်အနေဖြင့် ကျန်းချုံကျန့်ချုံးနှင့် ဆုံပြီးကတည်းက ယခုကဲ့သို့ တည်ကြည်လေးနက်သော မျက်နှာထားမျိုးဖြင့် ပြောဆိုခြင်းကို ပထမဦးဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။
ဝမ်ချောင်က ကျန်းချုံကျန့်ချုံးကို ကြည့်နေရင်းမှ ရုတ်တရက် တစ်စုံတစ်ရာကို နားလည်သွားသည်။
“ဟား ဟား ဒီလိုဆိုရင်တော့ အရှင့်ကို အများကြီး ကျေးဇူးတင်ရတော့မယ်။ ကျွန်တော်တို့ ခွက်ချင်းတိုက်ရအောင်”
သူက သူ၏ခွက်ကိုမြှောက်လျှက် ကျန်းချုံကျန့်ချုံးနှင့် ခွက်တိုက်လိုက်သည်။
သူ၏စိတ်ထဲတွင် အသံတစ်သံ ထွက်လာသည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူက မဟာဗိုလ်ချုပ်ရဲ့ အသိအမှတ်ပြုမှုကို ရရှိလိုက်ပါပြီ (တစ်) အသုံးပြုသူကို ကံကြမ္မာစွမ်းအင် အမှတ်ငါးဆယ် ချီးမြှင့်လိုက်ပါတယ်။ အသုံးပြုသူရဲ့ အလားအလာကတစ်ဆင့် တိုးမြှင့်သွားပါပြီ”
“အာ”
ဝမ်ချောင်၏ မျက်လုံးထဲတွင် အံ့အားသင့်မှုက အထင်းသားပေါ်လာသည်။ သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် ထိုသို့သော အရာမျိုးရှိကြောင်း သိရခြင်းဖြစ်သည်။
ထို့ပြင် ဒီလောကတွင် မဟာဗိုလ်ချုပ် အရေအတွက်က လက်တစ်ဖက်တည်းဖြင့် ရေတွက်၍ရပြီး ထိုလူများ၏ အသိအမှတ်ပြုခံရရန် မလွယ်ကူချေ။
ယခင်အပြည်ပြည်ဆိုင်ရာ ဗိုလ်ချုပ်များ၏ မတော်တဆမှုတွင် ကျန်းချုံကျန့်ချုံးကလည်း သူ့ကို ထောက်ပံ့ပေးရန် မှတ်တမ်းလွှာ တင်ပို့ခဲ့သော်လည်း ဝမ်ချောင်အနေဖြင့် မဟာဗိုလ်ချုပ်များ၏ အသိအမှတ်ပြုမှုကို မခံခဲ့ရချေ။
သို့သော် လက်ရှိအချိန်တွင် ကျန်းချုံကျန့်ချုံးက စီစဉ်ပေးသော ဒီပွဲတွင် သူကအသိအမှတ်ပြုမှုကို လက်ခံရရှိလိုက်သည်။
စိတ်ဝင်စားစရာပဲ။
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ ကံကြမ္မာကျောက်တုံးတွင် သူရှိနေသော အမှတ်ငါးဆယ်ကျော် ပမာဏက များပြားသည့်တိုင်အောင် အလားအလာတိုးမြှင့်သည်ဆိုသော ကိစ္စက ကြီးမားသည်။
အလားအလာတစ်ဆင့် တိုးမြှင့်သွားတာ ဘယ်လိုဖြစ်နိုင်မလဲ။
ဝမ်ချောင်က ကံကြမ္မာကျောက်တုံးကို ပိုင်ဆိုင်ထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ သို့သော် သူ့အနေဖြင့် ထိုသို့ထူးဆန်းသော အဆင့်မျိုးကို မမြင်ဖူးသေးချေ။ ထို့အပြင် ရည်ရွယ်ချက်ကိုလည်း မကြားဖူးသေးချေ။
သို့ရာတွင် အင်အားကြီးမားလာသော အခြေအနေကိုလည်း အာရုံမခံမိလေရန် ဝမ်ချောင်အနေဖြင့် ထိုဆုက ဘာကိုရည်ညွှန်းကြောင်း မသိနိုင်ချေ။
သူကထိုစံအိမ်မှ ထွက်လာသောအချိန်တွင် အချိန်ကအလွန် နောက်ကျနေပြီဖြစ်သည်။ လီစစ်ယဲ့က မြို့ဂိတ်ွင် သူ့ကိုစောင့်နေသည်။
“သခင်လေး အဆင်ပြေပါရဲ့လား”
ဝမ်ချောင်က ထွက်လာကြောင်း မြင်သောအခါ လီစစ်ယဲ့က စိုးရိမ်တကြီး အနားသို့ လျှောက်လာပြီးနောက် သူ့ကို မြေခွေးသားမွှေး အပေါ်ဝတ်ရုံကို ခြုံပေးသည်။
“မလိုပါဘူး”
ဝမ်ချောင်ကပြုံးလျှက် ထိုဝတ်ရုံကို ပြန်တွန်းပေးလိုက်သည်။
သူက မြို့ဂိတ်မှ ထွက်လာသောအခါ မူးနေသေးသဖြင့် ခြေလှမ်းများက မတည်ငြိမ်သေးချေ။ မျက်တောင်တစ်ခတ် အချိန်တွင် တစ်ကိုယ်လုံးက ပြောင်းလဲသွားသလိုမျိုး ထိုမူးယစ်နေသော အရာများက အဖြူရောင်အခိုးအငွေ့များက ပြောင်းလဲကာ ခေါင်းထိပ်ထဲမှထွက်သွားသည်။ လက်ရှိဝမ်ချောင်က မူးယစ်နေသော ပုံစံမျိုးဖြင့် မမြင်ရတော့ချေ။
သူ၏သိုင်းက တိုးတက်လာသည်နှင့်အမျှ ဝမ်ချောင်က သုံးနိုင်သော အစွမ်းက ပိုများလာသည်။ အရက်စွမ်းအားများကို သူ၏ကိုယ်ထဲမှ လွှတ်ထုတ်သောကိစ္စက အလွန်လွယ်ကူသည်။
“အိမ်တော်ကို အရင်ပြန်ရအောင် ခင်ဗျားအနေနဲ့ ကျွန်တော်ကိုစောင့်ဖို့ မလိုအပ်ပါဘူး။ ကျွန်တော် နည်းနည်းကြာရင် ကိုယ့်ဘာသာပြန်လာနိုင်ပါသေးတယ်”
ဝမ်ချောင်ကပြောသည်။
“ဒါပေမဲ့ သခင်လေး”
“ကိစ္စမရှိဘူး။ ဒါ့အပြင် စစ်ယဲ့ ခင်ဗျား ကျွန်တော်အနောက်တောင်ပိုင်းမှာ ဘာလုပ်ခဲ့လဲဆိုတာကို ခင်ဗျားမြင်ခဲ့တာပဲ။ ဒီတော့ ကျွန်တော်ကို တစ်စုံတစ်ယောက်ကများ ဒုက္ခပေးနိုင်တယ်လို့ ထင်နေသေးတာလား”
ဝမ်ချောင်က လီစစ်ယဲ့ကိုကြည့်လျှက် ဖျော့တော့စွာပြောလိုက်သည်။
လီစစ်ယဲ့က တုန့်ဆိုင်းနေပြီးနောက်တွင် စိုးရိမ်နေသေးသည့်တိုင်အောင် ဝမ်ချောင်၏ကိုယ်ထဲမှ ပေါက်ထွက်ခဲ့သော ပြင်းထန်သည့် စွမ်းအားများကိုလည်း သတိရသွားပြီး တိတ်ဆိတ်သွားတော့သည်။
“ဟုတ်ကဲ့သခင်လေး”
လီစစ်ယဲ့က လှည့်ထွက်သွားသည်။ သူ၏ကြီးမားသော ပုံရိပ်ကြီးက အမှောင်ထုထဲတွင် ဝင်ရောက်ပျောက်ကွယ်သွားသည်။
ဝမ်ချောင်က သူ၏မိသားစုက ပို့ပေးလိုက်သော ကြေးနီရထားလုံးကို စီးလိုက်သည်။
“မြို့ရဲ့အနောက်ဘက်ပိုင်းကိုသွားပါ”
ရထားလုံးထဲတွင်ထိုင်ပြီးနောက် သူက အင်္ကျီလက်ထဲတွင် ဝတ်ထားသော ချက်စ်အပိုင်းအစတစ်ခုကို ကြည့်သည်။
ထိုအရာက သာမာန်ဆန်လွန်းသော ချက်စ်အပိုင်းအစဖြစ်သည်။ သို့သော် ယခင်ကလေးတင် အထဲမှ ပြင်းထန်သည့်စွမ်းအားများ ထွက်လာကြောင်း ခံစားခဲ့ရသည်။ တစ်မြို့တော်လုံးတွင် တစ်ယောက်တည်းကသာ ချက်စ်အပိုင်းအစလိုမျိုး စွမ်းအားကို ထုတ်လွှတ်နိုင်လောက်သည်။
“အကြီးအကဲ”
ဝမ်ချောင်က ခေါင်းမော့ကာ ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းအတွင်း ရှုပ်ထွေးသောအလင်းများ လက်လာသည်။
“ဒီမှာရပ်ဦး မင်းအနေနဲ့ ငါ့ကိုစိုးရိမ်စရာမလိုဘူး”
တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က ရထားလုံးကို သစ်ပင်လမ်းနားတွင် ရပ်ခိုင်းလိုက်သည်။ သူက ယာဉ်မောင်းသူနှင့် စကားတခဏခန့် ဖလှယ်ပြီးသည်နှင့် ရထားလုံးထဲမှထွက်သည်။
“ငါဒီနေရာကို မရောက်တာကြာပြီ”
ဝမ်ချောင်က သက်ပြင်းကို မှုတ်ထုတ်လိုက်သည်။ မောပန်းနွမ်းနယ်နေသော ခံစားချက်များ အားလုံးက ပျောက်ကွယ်သွားသည်။ သူက ထိုနံရံများ၊ ခေါင်မိုးများ၊ သစ်ပင်များ ထူထပ်သိပ်သည်းသော အမှောင်ထုကို ကြည့်နေပြီးနောက် အတွေးများက အတိတ်သို့ပြန်ရောက်သွားသည်။
ကရုတစိုက် တွေးတောကြည့်ပြီးနောက် သူဒီနေရာသို့ မလာသည်မှာ တစ်နှစ်ကျော်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ ဝမ်ချောင်၏စိတ်ထဲတွင်မူ ဒီနေရာက လူတစ်ယောက်တည်းကိုသာ ကိုယ်စားပြုသည့် မဟာထန်အတွက် အလွန်ကြီးမားသော တည်ရှိမှုကြီးဖြစ်သည်။
ဝှစ်
အင်္ကျီလက်ကို ဖြတ်ကနဲယမ်းပြီးနောက် ဝမ်ချောင်က ချက်ချင်းလိုလို ထိုတစ္ဆေသစ်ပင်လမ်းကျဉ်းမှ ဈေးရုံကြီးထံ ဦးတည်လိုက်သည်။ ထိုဈေးရုံက ယခုအခါ အလွန်အမင်း တိတ်ဆိတ်နေပြီး လူသူကင်းမဲ့ကာ ကြောက်စရာကောင်းလွန်းလောက်အောင် ငြိမ်းချမ်းနေသည်။
ဝမ်ချောင်က ရင်းနှီးကျွမ်းဝင်စွာဖြင့် ထိုနေရာသို့ ချဉ်းကပ်လိုက်သည်။ ဘေးသို့တစ်ချက် ကွေ့ပြီးနောက် အဝေးရှိ ကြီးမားလှသော သစ်ပင်ကြီးက အမှောင်ထုအတွင်း သားရဲကောင်ကြီးလို လက်သည်းများကိုအုပ်လျှက် ချောင်းနေသောပုံစံမျိုးဖြင့် ရှိနေကြောင်း မြင်လိုက်ရသည်။
ထိုသစ်ပင်၏ အောက်ဘက်တွင် အစိမ်းရောင်မီးအိမ်က လင်းလက်နေသည်။ လူနှစ်ယောက်ရှိနေပြီး လူအိုကြီးတစ်ယောက်နှင့် လူငယ်လေးတစ်ယောက်ဖြစ်ကာ သူတို့က အရိပ်အောက်တွင်ထိုင်ကာ ချက်စ်ကစားနေကြသည်။
ဘုတ်ပေါ်တွင် မည်သည့်အပိုင်းအစမျှ မရှိဘဲ အပိုင်းအစများ ထည့်ထားသော ကရားနှစ်ခုကို ဘေးဘက်တွင် ထားထားသေးသည်။ ထိုလူအိုကြီးနှင့် ကလေးလေးက တစ်စုံတစ်ရာကို စောင့်နေခဲ့သည်မှာ ကြာလောက်ချေပြီ။