အခန်း (၃၆၄)
Vol. 37 Ch. 364
ကုန်းကုန်းဧကရာဇ်။ အပိုင်း ၃၆၄
မူရင်းစာရေးဆရာ - Silent Cake And Pastries
ဘာသာပြန် - Author Chang’e 🌕
အနောက်တောင်ပိုင်း လီမိသားစု၏ ပုန်ကန်မှုမှာ မကြာမီ ဖြစ်ပွားတော့မည် ဖြစ်ပြီး အရှေ့မြောက်ဘက်ရှိ မန်ချူးများသည်လည်း သူတို့၏ တပ်များကို စတင် ပြင်ဆင်နေကြပြီ ဖြစ်သည်။ စစ်ပွဲကြီးတစ်ခု ဖြစ်ပွားရန် အလွန် နီးကပ်နေပြီ ဖြစ်သည်။
ကျန်းနန်နယ်စားမင်း၏ အင်အား တစ်သိန်းရှိသော တပ်မတော်နှင့် အန်နမ်နိုင်ငံတို့၏ အဆုံးအဖြတ် တိုက်ပွဲသည်လည်း တရားဝင် စတင်နေပြီ ဖြစ်သည်။
တာ့နင်အင်ပါယာ၏ ဧကရာဇ်သည် အာဏာမရှိသလိုဖြစ်နေသော်လည်း သူသည် အင်ပါယာတစ်ခုလုံးကို ထောက်ပံ့ထားသော မဏ္ဍိုင်ကြီး ဖြစ်နေဆဲပင်။
အကယ်၍ သူသာ လဲပြိုသွားပါက နောက်ဆက်တွဲ အကျိုးဆက်များသည် တွေးကြည့်၍ပင် မရနိုင်အောင် ဆိုးရွားပျက်စီးသွားမည် ဖြစ်သည်။ ထို့ကြောင့် နန်းတော်သည် သတင်းများကို အစွမ်းကုန် ပိတ်ဆို့ထားပြီး ဧကရာဇ်ကို ကယ်တင်ရန် တတ်နိုင်သမျှ လုပ်ဆောင်နေသော်လည်း အရာအားလုံး အချည်းနှီး ဖြစ်နေသည်။
လူများစွာသည် မိုးပြိုတော့မည့် သတင်းကို စောင့်မျှော်ရင်း စိတ်ပျက်အားငယ်နေကြသည်။
**--**--**--**--**--**--**--**
နောက်ထပ် အလုပ်ရှုပ်စရာကောင်းသော နေ့တစ်နေ့ ဖြစ်သည်။ ကျီပြောင်ပြောင်သည် တုပိုင်ထက်ပင် ပို၍ အလုပ်ရှုပ်နေသေးသည်။ သူမနှင့် လီဝေတို့သည် နေ့စဉ် ရူးသွပ်မတတ် လေ့ကျင့်နေကြသည်။
ရိက္ခာနှင့် သံထည်ပစ္စည်းများကိုလည်း ကွမ်ရှီးပြည်နယ်မှ ဆက်တိုက် သယ်ယူပို့ဆောင်လျက် ရှိသည်။ ကျီချင်းကျူ၏ တပ်သား တစ်သောင်း တပ်မတော်သည်လည်း နေ့စဉ်နှင့်အမျှ ပုံဖော်လာနိုင်ပြီ ဖြစ်သည်။
တုပိုင်၏ အရှေ့ဘက်ကွပ်ကဲရေးရုံးမှ စစ်သည် နှစ်ထောင်မှာ ကောင်းကင်မိစ္ဆာ သွေးစစ်တပ်ကဲ့သို့ အထက်တန်းစား မဖြစ်နိုင်သေးသော်လည်း ကျီယိနှင့် ကျီအော့တို့၏ လက်ထဲတွင် သေလုမျောပါး လေ့ကျင့်ပေးခြင်း ခံနေကြရသည်။
သို့သော် ထိုအချက်ကြောင့်ပင် တုပိုင်၏ အရှေ့ဘက်ကွပ်ကဲရေးရုံး စစ်သည်အသစ် ၁,၀၀၀ ကျော်သည် နေ့စဉ်နှင့်အမျှ ပိုမို ထူးချွန်ထက်မြက်လာပြီး ကြောက်မက်ဖွယ် ကောင်းလာကြသည်။ တုပိုင်သည် အားလပ်ချိန် အများဆုံးလူ ဖြစ်လာသည်။ လီမိသားစုက သူ့ကို မေ့နေပုံရပြီး ထျန်တောက်အဖွဲ့ နှင့် ဟုန်ဟယ်အဖွဲ့ တို့သည်လည်း သူတို့ကိစ္စနှင့် သူတို့ ရှုပ်နေပုံရသည်။
ထို့အတွက်ကြောင့် အားယားနေသော တုပိုင်သည် ကျိုယန်ကျမ်းရင်းကျင့်စဉ်အတိုင်း နေ့စဉ် သိုင်းလေ့ကျင့်သည်။
ကံဆိုးစွာဖြင့် သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု သည် ၄၀ သာ ရှိသေးသဖြင့် သိုင်းပညာရှင် အဆင့် ၆ အနိမ့်ပိုင်း သည် သူ၏ ကန့်သတ်ချက် ဖြစ်နေသည်။ သူ၏ သိုင်းအဆင့်ကို ဆက်လက် တိုးတက်လိုပါက သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု စွမ်းရည်ကို ဦးစွာ မြှင့်တင်ရမည် ဖြစ်သည်။
ထို့ကြောင့် သူသည် ကျန်ရှိသော အချိန်များကို ကျီယင်ယင်နှင့် ကစားရင်း ကုန်ဆုံးစေသည်။ အဘယ်ကြောင့်ဆိုသော် ဤနှစ်သည် သူမ၏ နောက်ဆုံးနှစ် ဖြစ်နေသောကြောင့်ပင်။
ညနေခင်းတစ်ခုတွင် ကျီယင်ယင် နိုးလာသောအခါ ယခင်ကထက် တစ်နှစ် ပိုငယ်သွားသည်။ ထိုနေ့က တုပိုင်ရှေ့တွင် သူမ ပြုံးလျက် ပေါ်လာသောအခါ တုပိုင် မျက်ရည်ကျမတတ် ဖြစ်ခဲ့ရသည်။
ထိုညတွင် သူမသည် တုပိုင်နှင့် အတူအိပ်ရန် ဇွတ်တောင်းဆိုခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် သူမသည် ကလေးပြန်ဖြစ်သွားခြင်း ဖြစ်ပြီး တကယ့် ကလေးမလေး မဟုတ်ကြောင်း တုပိုင် သတိရလိုက်သည်။ သူသည် နည်းလမ်းပေါင်းစုံဖြင့် သူမကို ချော့မော့ကာ ပြန်လွှတ်လိုက်ရသည်။
ကုတင်ပေါ်တွင် တစ်ယောက်တည်း လှဲလျောင်းရင်း တုပိုင်သည် သွေးကွမ်ရင်ကို အလွန် လွမ်းဆွတ်နေမိသည်။ သူမသည် အများဆုံး လဝက်အတွင်း ပြန်လာမည်ဟု ပြောခဲ့သော်လည်း ယခု ထိုအချိန်ကျော်လွန်သွားပြီ ဖြစ်ရာ ဟိုဘက်တွင် တိုက်ပွဲများ အလွန် ပြင်းထန်နေပြီး သူမ ထွက်ခွာ၍ မရနိုင်သေးကြောင်း ထင်ရှားနေပေသည်။
“ကွမ်ရင် ဘေးကင်းပြီး ပျော်ရွှင်ပါစေ” တုပိုင် စိတ်ထဲမှ ဆုတောင်းရင်း မျက်လုံးများကို မှိတ်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။
**--**--**--**--**--**--**--**
သို့သော် အချိန်မည်မျှ ကြာသွားသည်မသိ ရုတ်တရက် ချောမွေ့အိစက်ပြီး အလွန်တရာ ကောက်ကြောင်းလှပကာ ဆွဲဆောင်မှုရှိသော ၊ မှော်ဆန်သော ကျက်သရေများနှင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ်တစ်ခုသည် သူ့စောင်အောက်မှတဆင့် သူ့ရင်ခွင်ထဲသို့ တိုးဝင်လာသည်။
သူမ လီဝမ်ဝမ် သည် ကမ္ဘာပေါ်တွင် အလှဆုံး ၊ ဆွဲဆောင်မှု အရှိဆုံးနှင့် အစွမ်းအထက်ဆုံး အမျိုးသမီး ဖြစ်လောက်ပေသည်။
“တုပိုင်.. မင်းက တကယ်ပဲ တခြားလူတွေ ထင်ထားတာထက် ပိုတော်တာပဲ။”
“ငါ မင်းကို ဇနီးမယားအဖြစ် လက်ထပ်လိုက်ရင်ရော… ဘယ်လိုလဲ။”
ထိုအမျိုးသမီးသည် တုပိုင်၏ ရင်ဘတ်ပေါ်သို့ လှိမ့်တက်လာပြီး တုပိုင်၏ နှုတ်ခမ်းများကို နမ်းလိုက်သည်။ သူမ၏ မျက်လုံးများသည် ကျောက်မျက်ရတနာများကဲ့သို့ တောက်ပနေပြီး ပြောလိုက်၏။ “ငါ အတည်ပြောနေတာ။ ဒီလောကထဲကို မင်းရောက်လာတဲ့ မစ်ရှင်က ဘာလဲဆိုတာ ငါသိတယ်။ ငါနဲ့ လက်ထပ်လိုက်.. ပြီးရင် မင်းအတွက် စစ်သည်အင်အား တစ်သိန်း ပေးမယ်။”
“မင်းက ကုန်းကုန်းတစ်ယောက်ဆိုတာ ငါသိတယ်။ ငါ့မှာ မင်းရဲ့ ယောက်ျားပီသမှုကို တစ်ညတည်းနဲ့ ပြန်လည်ရရှိစေမယ့် နည်းလမ်းရှိတယ်။”
“ငါ့ကို လက်ထပ်လိုက်ပါ။” လီဝမ်ဝမ်သည် တုပိုင်ကို နမ်းလိုက်ပြီး သူ့အဝတ်အစားများကို ဆွဲချွတ်လိုက်သည်။
“ချက်ချင်း ပြန်ရနိုင်တယ် ဟုတ်လား။” တုပိုင် လန့်သွားသည်။
“ဘာလို့လဲ.. တို့ကိုမယုံဘူးလား။” လီဝမ်ဝမ်က ပြောလိုက်သည်။ “ငါတို့ မီးနတ်ဘုရားဘာသာရဲ့ နည်းလမ်းတွေက အရမ်း မှော်ဆန်တယ်လေ။ ငါ မင်းကို ပြလို့ရပါတယ်။”
ထိုသို့ ပြောပြီးနောက် လီဝမ်ဝမ်၏ လက်များသည် တုပိုင်၏ ဝမ်းဗိုက်ပိုင်းရှိ သွေးကြောဆုံမှတ်များကို ဖိနှိပ်လိုက်ပြီး ထူးဆန်းသော စွမ်းအားတစ်ခုကို ထည့်သွင်းလိုက်သည်။
ထို့နောက် ထူးဆန်းသောကိစ္စ အမှန်တကယ် ဖြစ်ပျက်လာလေသည်။
ထို့နောက် သူသည် တကယ်ပင် သူ၏ ဘုန်းအသရေကို ပြန်လည်ရရှိနိုင်ခဲ့လေသည်။ ငှက်ပျောသီးလေး ထောင်မတ်လာ၏။
တုပိုင် အသက်ရှင်လျက်နှင့် သေတော့မတတ် ထိတ်လန့်သွားသည်။ ဤသည်က မည်သို့သော မှော်ပညာမျိုးနည်း။
“ဒါက အပေါ်ယံ အဆင့်ပဲ ရှိသေးတယ်။ ပိုပြီး အစွမ်းထက်တဲ့အရာတွေ ရှိသေးတယ်” လီဝမ်ဝမ်က မနာလိုသော အသံဖြင့် ပြောလိုက်သည်။ “ငါတို့ မီးနတ်ဘုရားဘာသာက မင်းကို သာမန်ယောက်ျားတစ်ယောက်လို စွမ်းဆောင်နိုင်အောင် လုပ်ပေးနိုင်တယ်။”
တုပိုင် အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြောသည်။ “ဒါပေါ့.. ပေးဆပ်ရမယ့် တန်ဖိုးက မင်းကို လက်ထပ်ပြီး တာ့နင်အင်ပါယာကို သစ္စာဖောက်ရမယ် ဆိုတာမလား။”
လီဝမ်ဝမ် တိတ်တဆိတ် ငိုချင်သွားပြီး ပြောသည်။ “မင်းမှာ နှလုံးသား မရှိဘူးလား။ ငါ့ကို ဒီလိုပဲ အထင်သေးနေတော့မှာလား။”
တုပိုင်က ပြောလိုက်သည်။ “မင်းနဲ့ ငါက အကျွမ်းတဝင် မရှိဘူးလေ။”
လီဝမ်ဝမ်သည် တုပိုင်ကို လှပသော မျက်လုံးများဖြင့် စိုက်ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။ “မင်း ဒီလောကထဲကို ရောက်လာတာ တာ့နင်အင်ပါယာကို ကယ်တင်ဖို့ မဟုတ်ဘူး။ အထူးမစ်ရှင်တစ်ခု အတွက်ဆိုတာ ငါသိတယ်။ ငါနဲ့ လက်ထပ်လိုက်ရင် မင်းက မြင့်မားတဲ့ စမှတ်တစ်ခုကနေ စတင်နိုင်မယ်။ အဲ့ဒါ မကောင်းဘူးလား။”
“ဟုတ်တယ်.. ငါ ဒီလောကထဲကို ရောက်လာတာ တာ့နင်အင်ပါယာကို ကယ်တင်ဖို့ မဟုတ်ဘူး။ ဒါပေမဲ့ ငါက ဒီအတွက် သံယောဇဉ်တွေ အများကြီး ပေးဆပ်ထားပြီးပြီ။ ပြီးတော့ လက်လွှတ်မခံနိုင်တော့ဘူး” တုပိုင်က ပြောလိုက်သည်။ “မင်းပြောတဲ့ စစ်သည်အင်အား တစ်သိန်းဆိုတာက ဆွဲဆောင်မှု ရှိပါတယ်။ ဒါပေမဲ့ ငါသာ အဲ့ဒီ စစ်သည်တစ်သိန်းကို ယူလိုက်ရင် ပထမဆုံး တိုက်ခိုက်ချင်တဲ့လူက မင်းရဲ့ လီမိသားစုပဲ ဖြစ်နေလိမ့်မယ်။ ဒါ့အပြင် ငါလိုချင်တဲ့ စစ်တပ်ကို ငါ့ဘာသာပဲ ယူမယ်။”
လီဝမ်ဝမ်သည် တုပိုင်ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေသည်။ သူမ၏ အသံသည် ယခင်ကလို ဆွဲဆောင်မှု မရှိတော့ဘဲ နူးညံ့သွားကာ ပြောလိုက်သည်။ “မှတ်ထားနော်.. ငါ အကောင်းဆုံး ကြိုးစားခဲ့တယ်။”
တုပိုင်က အေးစက်စွာ ရယ်မောလိုက်ပြီး ပြောသည်။ “ဘာလဲ.. မင်း ငါ့ကို ဂူထဲ ထပ်ပြီး ပစ်ချချင်ပြန်ပြီလား။”
လီဝမ်ဝမ် ခေါင်းခါလိုက်ပြီး ပြောသည်။ “မလုပ်တော့ပါဘူး.. ဒီတစ်ခါတော့ မလုပ်တော့ပါဘူး။ မျက်လုံးကို မှိတ်လိုက်ပါ။”
တုပိုင် မျက်လုံး မှိတ်လိုက်သောအခါ နူးညံ့သော ရနံ့တစ်ခု ရလိုက်သည်။ မျက်လုံး ပြန်ဖွင့်ကြည့်လိုက်သောအခါ သူမသည် အစအနမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လေထဲတွင် သူမ၏ ဆွဲဆောင်မှုရှိသော ရနံ့များသာ ကျန်ရစ်ခဲ့သည်။ သူမ ရောက်လာသည်မှာ ရုတ်တရက် ဆန်လွန်းသကဲ့သို့ ၊ ထွက်ခွာသွားသည်မှာလည်း ရုတ်တရက် ဆန်လွန်းလှသောကြောင့် တုပိုင်မှာ အကြောင်းရင်းကို လုံးဝ နားမလည်နိုင် ဖြစ်ရသည်။
တုပိုင် မျက်လုံးများကို မှိတ်လိုက်ပြီး တရားကျင့်ကြံခြင်း ကမ္ဘာထဲသို့ ဝင်ရောက်လိုက်သည်။ “သူမ ဘာလာလုပ်တာလဲ။”
ဆန်းကြယ်သော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “အဲ့ဒါက အရေးမကြီးပါဘူး။”
တုပိုင်က ပြောလိုက်သည်။ “ဒါပေမဲ့ သူ့သိုင်းပညာက အရမ်းမြင့်မားလွန်းတယ်။ ငါ့ရဲ့ တပ်ရင်းမှူးရုံးထဲကို လူမရှိသလို ဝင်ထွက်သွားလာလို့ ရနေတာက အဆင်မပြေဘူးလေ။”
ဆန်းကြယ်သော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “ဒါကြောင့် မင်းအနေနဲ့ သိုင်းပညာ လေ့ကျင့်ဖို့အတွက် အချိန်တစ်ခုလောက် အာရုံစိုက်ဖို့ လိုအပ်နေပြီ။ မင်း သိုင်းပညာ လေ့ကျင့်ဖို့အတွက် မင်း လုံးဝ မျှော်လင့်မထားတဲ့ နေရာတစ်ခုဆီ ငါ ပို့ပေးမယ်။”
တုပိုင် လန့်သွားပြီး မေးလိုက်သည်။ “ဘယ်နေရာလဲ။”
ဆန်းကြယ်သော အလင်းရောင်အရိပ်က ပြောလိုက်သည်။ “ဒါပေါ့.. မင်း လုံးဝ တွေးမထားတဲ့ နေရာတစ်ခုပေါ့။”
**--**--**--**--**--**--**--**
နောက်တစ်နေ့တွင် ကွမ်ရှီး အရှေ့ဘက်ကွပ်ကဲရေးရုံး ငြိမ်းချမ်းရေးမင်းကြီး လီယွီထန်သည် မြင်းစီးလျက် ပိုင်ဆယ် တပ်ရင်းမှူးရုံးထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။ တုပိုင် ကြောင်အသွားလေသည်။ သူသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ရောက်လာသည် မဟုတ်ပါလော။ အဘယ်ကြောင့် ထပ်မံရောက်လာသနည်း။ ထို့အပြင် ပုံစံက အဘယ်ကြောင့် ဤမျှလောက် ထိတ်လန့်နေရသနည်း။
တုပိုင်၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်နေသည်။ တစ်ခုခု မှားယွင်းနေပြီဆိုတာ သေချာသည်။ ကောင်ကင်ကြီးပြိုကျလာလောက်မည့် ကိစ္စမျိုး ဖြစ်လောက်သည်။
လီယွီထန်ကား မိုးနတ်မင်းကိုတောင် မကြောက်ရွံ့တတ်သူ ဖြစ်သည်။ လီမိသားစု ချက်ချင်း ပုန်ကန်လျှင်ပင် သူက ထိတ်လန့်တကြား ဖြစ်မည့်သူ မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူ ထိတ်လန့်နေသည်။
လီယွီထန်သည် မြင်းပေါ်မှ လိမ့်ဆင်းလာပြီး တုန်ယင်နေသော အသံဖြင့် တုပိုင်ကို မေးလိုက်သည်။ “တုပိုင်.. မဟာဆရာသခင်ကြီး နင်ဇောင်ဝူ ဘယ်မှာလဲ။”
တုပိုင်က ပြောလိုက်သည်။ “မဟာဆရာသခင်ကြီး ဒီမှာ မရှိပါဘူး။ အလုပ်ကိစ္စနဲ့ ထွက်သွားပါတယ်။”
လီယွီထန် တုန်ယင်နေသည်။ “ဘယ်တော့ ပြန်လာမှာလဲ။ သူ ဘယ်တော့ ပြန်လာမှာလဲ။”
တုပိုင်က ပြောလိုက်သည်။ “ကျွန်တော် မသိပါဘူး။”
လီယွီထန်က ပြောလိုက်သည်။ “ဒီအချိန်မှာ မဟာဆရာသခင်ကြီး ဘယ်ရောက်နေတာလဲ။”
တုပိုင် ခေါင်းခါလိုက်ပြီး ပြောသည်။ “ကျွန်တော် မသိပါဘူး။”
လီယွီထန် တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး တုန်ယင်နေသော အသံဖြင့် ပြောလိုက်သည်။ “ပြီးသွားပြီ.. အားလုံး ပြီးသွားပြီ.. ပြီးသွားပြီ…”
တုပိုင် တိုးတိုးလေး မေးလိုက်သည်။ “ဦးလေးလီ.. ဘာဖြစ်လို့လဲ။”
လီယွီထန်သည် တုပိုင်ကို လူပြတ်သော နေရာတစ်ခုသို့ ခေါ်သွားပြီး အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ် ရောဂါသည်းနေပြီ။ သေလုမျောပါး ဖြစ်နေတယ်။ မကြာခင်… နတ်ရွာစံတော့မယ်။ မဟာဆရာသခင်ကြီး နင်ဇောင်ဝူက ဗဟုသုတ ကြွယ်ဝတော့ သူ့ကို မြို့တော်ဆီ အမြန်ဆုံး သွားစေချင်တာ။ မျှော်လင့်ချက် ရှိမလားလို့ပေါ့။ ဒါပေမဲ့ အခု ဆရာကြီးနင်ဇောင်ဝူက မရှိဘူးဆိုတော့… အားလုံး ပြီးဆုံးသွားပြီ။”
တုပိုင် ကြားလိုက်ရသည့်အခါ ဝိညာဉ်လွင့်ပါသွားမတတ် ဖြစ်သွားသည်။.ဧကရာဇ်မင်းမြတ် ရောဂါသည်းနေပြီ ဟုတ်လား။ သေလုမျောပါး ဖြစ်နေပြီလား။ သောက်ကျိုးတွေ ပက်ပက်စက်စက်နည်းကုန်ပြီဖြစ်၏။ ဧကရာဇ်မင်းမြတ်သာ နတ်ရွာစံသွားပါက ပိုင်ဆယ်စီရင်စုတွင် ရရှိထားသော အားသာချက်များ အားလုံးသည် လုံးဝ ပျက်စီးသွားလိမ့်မည်။
ယခုအခါ တာ့နင်အင်ပါယာ တစ်ခုလုံးသည် ပြိုကျလုနီးပါး အိမ်တစ်လုံးနှင့် တူနေပြီး ဧကရာဇ်ထျန်ယွင်သည် ထိုအိမ်ကို ထောက်ကန်ထားသော မဏ္ဍိုင်ကြီး ဖြစ်၏။
ဧကရာဇ်မင်းမြတ်သာ ယခု သေဆုံးသွားပါက တုပိုင်အတွက် မိုးနှင့်မြေကြီး စုတ်ပြဲပြိုကျသွားသကဲ့သို့ အခြေအနေမျိုး ဖြစ်သွားလိမ့်မည်။
“နန်းတွင်း သမားတော်တွေ အကုန်လုံး ၊ မဟာဆရာသခင်ကြီး နှစ်ယောက် နဲ့ အဂ္ဂိရတ်ပညာရှင်တွေ အကုန်လုံး ကြည့်ပြီးပြီ။ ဘာမှ လုပ်လို့ မရတော့ဘူးတဲ့။” လီယွီထန်က ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်က ဒီအခက်အခဲကို ကျော်ဖြတ်နိုင်တော့မှာ မဟုတ်ဘူးလို့ စိုးရိမ်ရတယ်။ အဲ့ဒီအချိန်ကျရင် တကယ်ကို ကမ္ဘာပျက်မယ့် ကပ်ဘေးကြီး ဖြစ်လာလိမ့်မယ်။”
တုပိုင် ရုတ်တရက် အံကြိတ်လိုက်ပြီး ပြောလိုက်သည်။ “ဦးလေးလီ.. ကျွန်တော် ကြိုးစားကြည့်ပါရစေ။”
ထိုစကားကို ကြားလိုက်သောအခါ လီယွီထန် ထိတ်လန့်သွားသည်။ သူသည် မဟာဆရာသခင်ကြီး နင်ဇောင်ဝူကို လာရှာတာ ဖြစ်ပြီး တခြားနည်းလမ်း မရှိတော့လို့သာ ဖြစ်သည်။ လီလျန်တင်းက သူ့ဆီသို့ ပျံလွှားကျီးကန်း လျှို့ဝှက်စာ ပေးပို့လိုက်စဉ်ကလည်း ရှင်းရှင်းလင်းလင်း ပြောထားသည်။ သိပ်ပြီး မျှော်လင့်ချက် မထားပါနှင့်ဟု ဆိုသည်။
ယခု တုပိုင်က သူစမ်းကြည့်လိုသည်ဟု ပြောလာသောအခါ လီယွီထန် မည်သို့ မထိတ်လန့်ဘဲ နေမည်နည်း။
“မဟာဆရာသခင်ကြီး နင်ဇောင်ဝူတောင် ကုနိုင်မယ် မသေချာတာ.. မင်းက ကုနိုင်ပါ့မလား။” လီယွီထန်က ပြောလိုက်သည်။ “မင်း မဟာဆရာသခင်ကြီး နင်ဇောင်ဝူဆီမှာ ဆေးပညာ သင်ခဲ့တာ ဘယ်လောက်ကြာသေးလို့လဲ။ မင်းက ကလေးပဲ ရှိသေးတာလေ။”
တုပိုင် ရှင်းပြမနေတော့ဘဲ လီယွီထန်ကို စိုက်ကြည့်ကာ ပြောလိုက်သည်။ “ဦးလေးလီ.. ကျွန်တော့်ကို တစ်ကြိမ်လောက် ယုံပေးပါ။ ကျွန်တော့်ကို စမ်းကြည့်ခွင့် ပေးပါ။”
လီယွီထန်သည် တုပိုင် ဖန်တီးခဲ့သော အံ့ဖွယ်ရာများကို ပြန်တွေးမိလိုက်ပြီး လေးနက်စွာ မေးလိုက်သည်။ “တုပိုင်.. ဒီကိစ္စက သာမန်ကိစ္စ မဟုတ်ဘူးနော်။ မင်း အတည်ပြောနေတာလား။”
တုပိုင် ခေါင်းညိတ်ပြီး ပြောလိုက်သည်။ “ဟုတ်ကဲ့.. ကျွန်တော် အတည်ပြောတာပါ။”
လီယွီထန်က ပြောလိုက်သည်။ “ကောင်းပြီ.. မင်း ချက်ချင်း ပြင်ဆင်ပြီး မြို့တော်ဆီ မအိပ်ပဲ ခရီးနှင်တော့။ ငါ့ရဲ့ အမှတ်အသား တံဆိပ်ပြားကို ယူသွား။ နန်းတော်ကို ရောက်တာနဲ့ မင်းရဲ့ ဘိုးဘေးကို သွားရှာလိုက်။ ငါ ပိုင်ဆယ်စီရင်စုမှာ ကျန်ခဲ့ပြီး မင်းအတွက် စောင့်ကြည့်ပေးမယ်။”
အခြေအနေက အလွန် အရေးကြီးနေ၏။ အလွန် အရေးကြီးနေပြီဖြစ်၏။ တိုတောင်းသော နှုတ်ဆက်ခြင်း ပြုလုပ်ပြီးနောက် တုပိုင်သည် မြောက်ဘက်သို့ ဦးတည်ထွက်ခွာကာ မြို့တော်သို့ ဝင်ရောက်ခဲ့သည်။
တုပိုင်သည် တောရိုင်းမြင်းဘုရင်ကို စီးပြီး ကျီပြောင်ပြောင်သည် မိုင်တစ်ထောင်မြင်းကို စီးကာ သူတို့နှစ်ဦးတည်းသာ အိပ်ချိန်မရှိ မြောက်ဘက်သို့ ခရီးနှင်လိုက်ကြသည်။
အပိုင်း ၃၆၄ ပြီး။