← Chapters

ငရဲအဆင့် ခက်ခဲမှု

Vol. 43 Ch. 590

ငရဲအဆင့် ခက်ခဲမှု

Vol. 43 Ch. 590

ဟမ် ဒီဆန်းကြယ်နတ်ဘုရား နန်းတော်က တကယ်ထူးခြားတာပဲ ”

ကျန်းရီက အခြားသော ကမ္ဘာထဲသို့ မဝင်သွားခင် အဖြူရောင်အလင်းတန်း ဖျတ်ခနဲ ပေါ်လာတာကို ခံစားမိလိုက်၏။ ယင်းက ခန်းမကျယ်ကြီးမဟုတ်ဘဲ ဧရာမ ချောက်ကမ်းပါးတစ်ခု ဖြစ်သည်။ ချောက်ကမ်းပါး၏ နောက်ဘက်က မည်းမှောင်နေပြီး ရှေ့၌ လမ်းကျယ်ကြီးတစ်ခု ရှိနေလေသည်။ ချွန်မြသော ကျောက်ထရံများက တစ်ဖက်တစ်ချက်စီတွင် ရှိနေပြီး မိုးထိအောင် မြင့်တက်နေ၏။ အလင်းဖျော့ဖျော့များက ထိုကျောက်ထရံများအပေါ် ကျရောက်နေသည်။ ထိုအပေါ်၌ အစီအရင်များ ရှိနေတာ ပြောရန်မလိုပေ။ တစ်ခုတည်းသောလမ်းက ရှေ့သို့ဆက်သွားခြင်းသာဖြစ်၏။

ဘီး

ကျန်းရီ၏ ခန္ဓာကိုယ်က အဖြူရောင်အလင်းဖြင့် တောက်ပလာတော့သည်။ တုံ့ဆိုင်းမနေဘဲသူက နေရာဆက်တိုက် ရွေ့ပြောင်းလျက် ရှေ့သို့ပြေးသွား၏။ ဖေးထျန်းနှင့် သူ့အဖွဲ့က သူ့ကိုဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ပေ။ ထု့ိကြောင့် လိုက်နေသော တပ်သားများက အချိန်မရွေး ရောက်လာလောက်သည်။

သေစမ်း

သို့သော် ကျန်းရီ၏ခန္ဓာကိုယ် ဖျတ်ခနဲလှုပ်ရှားပြီးနောက် တူညီသည့်နေရာတွင် ထပ်မံပေါ်လာပြန်၏။ ဤနေရာရှိ လေဟာနယ်က ကန့်သတ်ထားခြင်း ဖြစ်နိုင်သည်။ သူကဤနေရာတွင် နေရာရွေ့ပြောင်းမှု သုံး၍မရပေ။

ဝှစ်

ကျန်းရီက ဤနေရာတွင် ကြာကြာမနေရဲတော့ချေ။ သူက ရှေ့သို့ ရူးသွပ်စွာ ပြေးရတော့၏။ တစ်ချိန်တည်းတွင် လက်ထဲ၌ မီးဝိညာဉ်ပုလဲလုံးက လင်းလာပြီး လက်ထဲမှ ပေါ်လာတော့သည်။ ကျန်းရီက ဖုန်းလန်ကို ထုတ်ချင်သည့်အချိန်တွင် ပိုတောင်စိတ်ဓာတ် ကျသွားတော့၏။ ဧကရီနန်းတော်ထဲရှိ လူများကို ထုတ်၍မရနိုင်။ သူလည်းမဝင်နိုင်ပေ။ ဤနေရာရှိ လေဟာနယ်က ထူးဆန်းလွန်းသည်။

ချီ ချီ

ကံကောင်းသည့် တစ်ခုတည်းသော အရာက မီးဝိညာဉ်ပုလဲသည် မြေကမ္ဘာမီးနှင့် မီးနဂါးဓားတို့ကို ထုတ်လွှင့်နိုင်သေးတာပဲဖြစ်သည်။ မဟုတ်လျှင် သူက စိတ်အနှောင့်အယှက်ဖြစ်ခံပြီး ပြေးစရာတောင် မလိုပေ။ ဤနေရာတွင်ရပ်ပြီး သေဖို့သာ စောင့်နေရမှာပဲဖြစ်သည်။

“ငါရှေ့ဆက်သွားရမယ် ထူလုံ၊ ဝူနီတို့အဖွဲ့နဲ့ မတွေ့ဖို့မျှော်လင့်ရတာပဲ ပုန်းဖို့အတွက် လုံခြုံတဲ့နေရာတစ်ခု ရှာသင့်တယ် တစ်နှစ်ကြာပြီးရင် အလိုအလျောက် အပို့ခံရမှာပဲ အင်း ရီသခင်မလေးကို ရှာတွေ့ရင်တော့ အကောင်းဆုံးပဲ ”

ကျန်းရီက အံ့ကြိတ်လျက် ရူးသွပ်စွာ ပြေးတော့သည်။ သူသည် ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲတွင် ရှိနေသော်ငြား မည်သည့်ရတနာကိုမှ ရှာရန်ရည်ရွယ်ချက် မရှိပေ။ ဤနေရာ၌ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင် တစ်ဒါဇင်ကျော်ရှိကြောင်း သတိပြုမိ၏။ ထင်ရှားကျော်ကြားသော မျိုးနွယ်စုများ၏ မျိုးဆက်များကလည်း ရှိနေသေးသည်။ ထို့အပြင် သူ၏အနည်းအကျဉ်းမျှသော ခွန်အားလေးဖြင့် ရတနာတစ်ခု ရှာတွေ့ခဲ့လျှင်တောင် ရှားထူမြို့မှ သူအသက်ရှင်လျက် ထွက်ခွာနိုင်မည်လော။

ချောက်ကမ်းပါးက အလွန်ရှည်ပေ၏။ ကျန်းရီက တက်နိုင်သမျှ မြန်မြန်ပြေးပြီး ငါးမိနစ်ကြာ ပြေးပြီးသည့်တိုင် အဆုံးကို မရောက်သေးပေ။ သူ့အဖို့ အနည်းငယ် စိတ်သက်သာရာ ရသွားသည်က သူ့ရှေ့တွင် သူ့နောက်တွင် မည်သူ့ကိုမှ မတွေ့တာပဲဖြစ်သည်။

ကျန်းရီက ဆန်းကြယ်နတ်ဘုရား နန်းတော်အကြောင်း အနည်းအကျဉ်းမျှသာ သိသည်။ ကျူးဆွေ့က အချက်အလက်များ အပြည့်အဝရရန် အရည်အချင်းက နိမ့်လွန်းနေ၏။ ရွေးချယ်စရာမရှိဘဲ အားသွန်ခွန်စိုက်ပြေးပြီး အခြေအနေကိုသာ စစ်ဆေးနေရ၏။

နောက်ထပ် ငါးမိနစ်ခန့် ကြာပြီးနောက် ရှေ့ရှိတောင်ကြားက ပိုမိုကျယ်ဝန်းလာပြီး ဦးချိုတစ်ချောင်း၏ ပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားတော့သည်။ ကျန်းရီက သူ၏ကောင်းကင် စိတ်အာရုံကို အစောကတည်းက ထုတ်ဖော်ခဲ့ပြီးဖြစ်ရာ ချက်ချင်းပင်သူက တည်ကြည်သွားတော့သည်။

အရှေ့တွင် ဧရာမလေးထောင့်ကွက်တစ်ခု ရှိနေ၏။ လူအချို့က ထိုနေရာတွင် ရှိနေပြီး စုစုပေါင်း တစ်ဒါဇင်ခန့်ရှိကာ အဖွဲ့နှစ်ဖွဲ့သုံးဖွဲ့ ရှိနေသည်။ သူတို့က ကြီးမားသည့် ပို့ဆောင်ရေး အစီအရင် နှစ်ခုနား၌ စီတန်းနေကြသည်။

ဝှစ်

ထိုစဉ်နောက်မှ နားစူးစေသော အသံတစ်သံက ပေါ်ထွက်လာ၏။ ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် သိမ်းရုံးကြည့်လိုက်ပြီး စောဒကတက်မိသွားတော့သည်။ နတ်မြင်းပျံ အင်ပါယာ၏ သံချပ်ကာဝတ် လူသုံးဦးက ပြေးလာနေသည်။ တစ်နည်းဆိုရလျှင် သူ့ကိုလိုက်သည့်သူများ ဤနေရာသို့ ရောက်လာပြီဖြစ်သည်။

သူ့နောက်ရှိလူများက အလွန်အစွမ်း မထက်သည့်တိုင် အရှေ့ရှိ ရင်ပြင်၌ ဖေးမျိုးနွယ်စုများ ရှိနေသလား မသိရပေ။ သို့တည်းမဟုတ် ဖေးမျိုးနွယ်စုနှင့် အဆက်အသွယ်ရှိသည့် လူရှိမရှိ မသိရပေ။

သွား သွား သွား

ကျန်းရီက ထပ်ဂရုမစိုက်နိုင်တော့ချေ။ ရင်ပြင်ဆီသို့ အရှိန်အပြည့်ဖြင့် သွားလိုက်တော့သည်။ သူက မည်သူမှမရှိသည့် ပို့ဆောင်ရေး အစီအရင်တစ်ခုကို ရှာတွေ့ပြီး အထဲသို့ ဝင်လိုက်တော့၏။

“အမ် ”

ဧရာမ ကျောက်စိမ်းရင်ပြင်ပေါ်၌ လူအုပ်ကြီးက ဘယ်ဘက်ခြမ်းရှိ ပထမဆုံး ပို့ဆောင်ရေး အစီအရင်ဆီသို့ လူတစ်ယောက် ရူးသွပ်စွာ ပြေးဝင်လာတာကို မြင်လိုက်ရသည်။ အားလုံးက အံ့အားသင့်နေကြ၏။ ကျန်းရီ၏ အရှိန်အဝါသည် ဗာဂျရာနယ်ပယ်၌သာ ရှိသေးမှန်း လူတိုင်းသိရှိသွားပြီးနောက် အားလုံးက သူ့ကို မိုက်မဲသူတစ်ဦးပမာ စိုက်ကြည့်နေကြတော့၏။

“အမ် ဒီပို့ဆောင်ရေး အစီအရင်က တစ်ခုခု မှားနေတာများလား ”

အတွေးတစ်ချက်က ကျန်းရီ၏စိတ်ထဲ ပေါ်လာသော်ငြား သူ၏ခန္ဓာကိုယ်က ပို့ဆောင်ရေး အစီအရင်ထဲ ရောက်နေပြီဖြစ်သည်။ အဖြူရောင်အလင်းတန်း ဖြာထွက်လာပြီး သူချက်ချင်း ပျောက်ကွယ်သွားတော့၏။

“အရူးကောင် ”

“သူက ဗာဂျရာနယ်ပယ် ပထမအဆင့်ပဲ ရှိသေးတယ်၊ ဒါပေမဲ့ အခက်ခဲဆုံးငရဲကို ရွေးချယ်ခဲ့တာပဲ သူနားရော နားလည်ရဲ့လား ”

“ဟား ဟား ဟား သူတို့ကိုယ်သူတို့ ခပ်မြင့်မြင့်တွေးပြီး သူတို့စိတ်ကူးယဉ် ကမ္ဘာထဲမှာ နေနေကြတဲ့ လူတချို့က အမြဲတမ်း ရှိနေတာပဲ၊ ခက်ခဲပြီး အမှတ်ပိုရတယ် ဆိုပေမဲ့ သူသေတာ ပိုမြန်တာပေါ့၊ ဒီကောင် ပထမအဆင့်တောင် မဖြတ်ကျော်နိုင်ဘူးဆိုတာ လောင်းရဲတယ် ”

“အသိသာကြီးပဲ သူပထမအဆင့်ကို ကျော်ဖြတ်နိုင်ရင်ငါ မစင်တွေ သုံးကီလိုလောက် စားပစ်လိုက်မယ်”

ကျန်းရီက ပို့ဆောင်ရေး အစီအရင်ထဲ ပျောက်ကွယ်သွားသည်နှင့် အပြင်ဘက်ရှိ လူတစ်ဒါဇင်ကျော်က ချက်ချင်းပင် ဆူညံသွားတော့သည်။ လူတိုင်းက အထင်တသေး ကြည့်လိုက်ကြပြီး ကျန်းရီအကြောင်း မည်သူမျှ အကောင်းမမြင်ကြပေ။

အမှန်တကယ်တွင် ကျန်းရီက ဘာဖြစ်ပျက်သွားမှန်း မသိ။ ကျန်းရီသာ အဖြစ်အပျက်ကို သိရှိခဲ့လျှင် သူ့ကိုယ်သူ ယုံကြည်မှာမဟုတ်ပေ။

ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲရှိ ရတနာရှာဖွေခြင်းကို အလှည့်များ ခွဲခြားထားပေ၏။ စုစုပေါင်း (၁၈)လှည့်ရှိပြီး ငရဲ(၁၈)မျိုးဟု သိကြသည်။ တစ်လှည့်စီတိုင်း၌ ခက်ခဲသည့်အဆင့် သုံးဆင့်ပါရှိပြီး ပို့ဆောင်ရေး အစီအရင်သုံးခုဖြစ်သည်။

အတိတ်တုန်းက ရတနာရှာဖွေမှုတွင် ပါဝင်ခဲ့ကြသည့်လူများသည် ပျမ်းမျှ၊ ကြောက်မက်ဖွယ် ကောင်းခြင်းနှင့် ငရဲအဆင့်ဟူ၍ အဆင့်သုံးဆင့် ပိုင်းခြားထားသည်။ ကျန်းရီက ငရဲအဆင့် ပို့ဆောင်ခြင်း အစီအရင်ထဲ ပြေးဝင်သွားသော်ငြား သူဘာမှ မသိခဲ့ပေ။ သူကထိုပို့ဆောင်ရေး အစီအရင်နား၌ မည်သူမှမရှိတာဘဲ မြင်ပြီး သူ့နောက်ရှိလူများ သူ့ကိုလိုက်မှီလာတော့မှာ ဖြစ်သောကြောင့် တန်းတန်းမတ်မတ် ခုန်ဝင်သွားတာပဲဖြစ်သည်။

ပျမ်းမျှ၊ အလှည့်၊ ကြောက်မက်ဖွယ်ကောင်းခြင်း အလှည့်နှင့် ငရဲ အလှည့်ကို ဖြတ်သန်းပြီးလျှင် တစ်မှတ်၊ နှစ်မှတ်၊ သုံးမှတ် အသီးသီးရရှိမှာပဲဖြစ်သည်။ သို့သော် ယခုအခေါက် လာသည့်လူအားလုံးက ပျမ်းမျှအဆင့် သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းခြင်း အဆင့်ကိုသာ ရွေးချယ်ကြမှာပဲဖြစ်သည်။ မျိုးနွယ်စုကိုးခုမှ ပါရမီရှင်များကတောင် ငရဲအဆင့်ကို ရွေးချယ်ရန် သတ္တိမရှိကြပေ။ သမိုင်းကြောင်းထဲတွင် ငရဲအဆင့်ကို ရွေးချယ်ခဲ့သည့်သူ အားလုံးနီးပါးက အရုပ်ဆိုးသည့် သေခြင်းတရားဖြင့် အဆုံးသတ်ကုန်၏။

ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲတွင် ရတနာရှာဖွေမှုက အလွန် တည့်တိုးကြသည်။ အလွန်ရိုးရှင်းသည့် အချိန်တိုင်းတွင် ရတနာစုစုပေါင်း ဆယ်မျိုးရှိသည်။ ပထမဆုံးအဆင့်ကို ကျော်ဖြတ်နိုင်သည့် ပထမဆုံးလူက နံပါတ်တစ်ဆယ် ရတနာကို ရရှိမည်။ ပထမဆုံးလူက နံပါတ်ကိုး ရတနာကို ရရန်အတွက် သုံးမှတ်စုဆောင်းနိုင်မည်ဖြစ်သည်။ ပထမဆုံးလူသည် လေးမှတ်ရလာချိန်၌ နံပါတ်ရှစ် ရတနာကို ရယူနိုင်မည်။ သဘောတရားက ထိုအတိုင်းဖြစ်၏။ ငါးမှတ် နံပါတ်ခုနှစ်ရတနာ။ ခြောက်မှတ် နံပါတ်ခြောက်ရတနာ။ ခုနှစ်မှတ် နံပါတ်ငါးရတနာ။ ရှစ်မှတ် နံပါတ်လေးရတနာ။ ကိုးမှတ် နံပါတ်သုံးရတနာ။ နံပါတ်တစ်နှင့် နံပါတ်နှစ်ရတနာကို ရယူရန်က ပိုခက်ခဲသည်။ နံပါတ်နှစ်ရတနာကို ရရန်အတွက် လူတစ်ယောက်သည် ဆယ့်နှစ်မှတ် ရထားရမှာပဲဖြစ်သည်။ ပထမဆုံးရတနာကို ရရန်အတွက်မူ လူတစ်ယောက်က ဆယ့်ငါးမှတ် ရရပေမည်။

ဆယ့်ငါးမှတ် စုဆောင်းနိုင်ရန်အတွက် လူတစ်ယောက်က ပျမ်းမျှအဆင့် ဆယ့်ငါးဆင့်၊ သို့မဟုတ် ကြောက်မက်ဖွယ်ကောင်းခြင်းအဆင့် ရှစ်ကြိမ် သို့မဟုတ် ငရဲအဆင့်ကို ငါးကြိမ်မျှသာ ကျော်ဖြတ်ရန် လိုအပ်သည်။

ပြဿနာက နှစ်တစ်သောင်း သမိုင်းကြောင်းထဲတွင် လူသုံးဦးသာလျှင် ငရဲအဆင့်ငါးလှည့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တာဖြစ်သည်။ သို့သော် မည်သူကမှ ရတနာ မရခဲ့ပေ။ ကျန်သည့်သူများက သူတို့ထက်စောပြီး အမှတ်များ ရသွားသောကြောင့်ဖြစ်၏။

ငရဲအဆင့်၌ ရတနာများ ရရှိရန် လွယ်ကူသော်ငြား သေဆုံးနှုန်းကလည်း အလွန်မြင့်မားသည်။ ပုံမှန်ဆို အံ့သြဖွယ်ကောင်းသည့် အရည်အသွေး ပိုင်ဆိုင်ထားခြင်း မရှိလျှင် ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှု မရှိလျှင် မည်သူမှ စိန်ခေါ်ကြမှာမဟုတ်ပေ။ ကျန်းရီ၏ အရှိန်အဝါ ပေါ်ပေါက်လာသည်နှင့်သူက ဗာဂျရာနယ်ပယ် ပထမအဆင့်တွင်သာရှိမှန်း သိလိုက်ရသည်။ သူ့ကဲ့သို့သောလူက ငရဲအလှည့်ကို စိန်ခေါ်နေခြင်းကြောင့် သူ့ကိုအရူးဟူ၍ ကျန်သည့်သူများတွေးကြတာ အံ့သြစရာမရှိပေ။

ဝှစ်

ဖေးမျိုးနွယ်စုမှ လူများက မကြာမီ၌ ရောက်လာတော့၏။ ကျန်းရီသည် ငရဲ အလှည့်ထဲ ဝင်သွားခြင်း သိရှိပြီးနောက် သူတို့က စောင့်ကြည့်ရန်အတွက် ရင်ပြင်ရှေ့၌ တင်ပျဉ်ခွေချိတ် ထိုင်လိုက်တော့သည်။ သူတို့က ကျန်းရီအသက်ရှင်မည်ဟု မတွေးထားတာ သိသာနေ၏။

ဘီး

ရုတ်တရက် ဒုတိယမြောက် ပို့ဆောင်ရေး အစီအရင်အထက်၌ အလင်းတစ်ခု တောက်ပလာပြီး လူတိုင်းကို တုန်ယင်သွားစေတော့သည်။ မကြာမီ၌ အလင်းက ပုံတစ်ခုအဖြစ် ပြောင်းလဲသွား၏။ တံခါးနောက်တွင် ရပ်နေသည့် မျက်နှာဖုံးတပ်ထားသော ခရမ်းရောင်ဆံနွယ်ဖြင့် မိန်းမပျိုလေး ရပ်နေသော တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားတော့၏။ သူမက ဤတံခါးကို ချန်ထားရစ်လိုက်ပြီး ကောင်းကင်ဘုံရှိ ပုံရိပ်က ဖြည်းဖြည်းချင်း မှေးမှိန်သွားတော့သည်။

“ဟိုက်ရှားပါး ရီသခင်မလေးက အချိန်တိုအတွင်း ပထမဆုံးအလှည့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီ နံပါတ်တစ်ဆယ်ရတနာ ရသွားပြီ ”

“ရီသခင်မလေးက တကယ် အရည်အချင်း ရှိတာပဲ သူ့ရဲ့မိုးကြိုးသိုင်းက အထီးကျန် အရှေ့ပိုင်း ပင်လယ်ထဲမှ သုံးနှစ်ကျင့်ကြံပြီးတဲ့နောက် ထူးခြားခြင်းအဆင့်ကို ရောက်နေပြီ သူ့ရဲ့တိုက်ပွဲဝင်ခွန်အားက တကယ်ထူးကဲမှာပဲ ”

“ငါ့ရဲ့နတ်သမီးက အလှည့်ကို ပထမဆုံး ကျော်ဖြတ်နိုင်တဲ့လူပဲ နတ်သမီးရေ ထွက်လာလိုက်တော့ ဆက်သွားလိုက် ဆုတောင်းပေးနေပါတယ်၊ နဂါးညှိုးရော်မြက်ကို ရဖို့မျှော်လင့်တယ် ဒါမှခွန်အားအဆင့် ခုန်တက်နိုင်မှာ အဲ့ဒီအချိန်ကျ သက်တူရွယ်တူတွေကို အထင်တသေး ဆက်ဆံလို့ရတာ သေချာပြီ ”

“... ”

ရင်ပြင်ပေါ်တွင် လူတိုင်းက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ လူငယ်များစွာ၏ မျက်လုံးထဲ၌ စိတ်ကူးယဉ်သော အကြည့်များ ပေါ်လာတော့၏။ သူတို့က ရီချန်း၏ မြန်ဆန်သော အောင်မြင်မှုအတွက် ရွှင်မြူးနေကြသည်။ လူများစွာက ရတနာ ရှာဖွေမှုထဲတွင် ဝင်မပါကြပေ။ သူတို့က ကျန်သည့်သူများကို ကြည့်ရန်အတွက် ဤနေရာသို့ ရောက်လာခြင်းသာဖြစ်သည်။ ထိုရတနာဆယ်မျိုးကို သူတို့မရမှာလည်း သိသာနေ၏။ ထို့ကြောင့်သူတို့က ဤနေရာတွင် လာစောင့်နေကြပြီး ပထမဆုံး သတင်းပါးနိုင်သည့် အနေအထားကို ရချင်၏။

***

All Chapters