← Chapters

အပြုံးမျက်နှာနှင့်မိစ္ဆာကောင်

Vol. 11 Ch. 117

အပြုံးမျက်နှာနှင့်မိစ္ဆာကောင်

Vol. 11 Ch. 117

အခြေအနေ ထူးခြားလာသဖြင့် စုန့်ဝမ်လည်း နောက်ယောင်ခံ လိုက်လာခဲ့သည်။ ပျံသန်းရန်အတွက် နတ်ဆိုးကျင့်ကြံမှုစွမ်းအားကို ထုတ်မသုံးဝံ့သဖြင့် ခန္ဓာကိုယ် ကြံ့ခိုင်မှုအစွမ်းကိုသာ အသုံးပြု၍ ခြေလျင်သာ လိုက်ခဲ့ရာ အလွန်အမင်း မမြန်လှပေ။ သို့သော် လေ့ထျန်းယုသည်လည်း လူတစ်ဦးကို ထမ်းထားရသည့်အပြင် သူ၏အော်ရာနှင့် ခြေရာလက်ရာများကို ဖုံးကွယ်နေရသဖြင့် သိပ်မမြန်လှချေ။ စုန့်ဝမ်လည်း မဟူရာသံချပ်ကာကူနှင့် ဝိညာဉ်အမှတ်အသား၏ လမ်းညွှန်မှုကြောင့် မျက်ခြေပြတ်သွားမည်ကို မစိုးရိမ်ရသဖြင့် လေ့ထျန်းယု မရိပ်မိအောင် မိုင် ၂၀ အကွာမှသာ လိုက်ပါလာခဲ့သည်။

မိုင်သုံးရာခန့် ခရီးနှင်ပြီးနောက် လေ့ထျန်းယုသည် ကျယ်ပြောလှသော ရေကန်ကြီးတစ်ခုသို့ ရောက်ရှိလာသည်။ ပတ်ဝန်းကျင်တွင် လူမရှိသည်ကို သေချာအောင် စစ်ဆေးပြီးနောက် စွန်းရူထည့်ထားသော အိတ်ကို ထမ်းလျက် ကန်ထဲသို့ ခုန်ချလိုက်သည်။ မဟူရာသံချပ်ကာကူလည်း ရေထဲသို့ အသံတိတ် ခုန်ချပြီး ခြေရာခံ လိုက်ပါသွားသည်။

လေ့ထျန်းယု ငုပ်လျှိုးသွားသော ကန်ရေပြင်မှာ နက်ရှိုင်းလှပြီး ပေတစ်ရာခန့်ထိ ငုပ်ဆင်းသွားသော်လည်း ရေအောက်ကြမ်းပြင်သို့ မရောက်သေးပေ။ တစ်နေရာအရောက် ထပ်မံမဆင်းတော့ဘဲ ကန်၏ဘေး ကျောက်တောင်နံရံပေါ်ရှိ ကျောက်ဂူများထဲမှ တစ်ခုထဲသို့ ဝင်လိုက်သည်။ အတွင်း၌ အောက်ဘက်သို့ ဆင်းသွားသော ကျဉ်းမြောင်းသည့် လမ်းကြောင်းတစ်ခုရှိပြီး ရေများဖြင့် ပြည့်နှက်နေသည်။

လေ့ထျန်းယုသည် ထိုလမ်းအတိုင်း ပေထောင်ချီ လိုက်သွားပြီးနောက် ကျောက်နံရံတစ်ခုရှေ့သို့ ရောက်လာသည်။ ထိုကျောက်နံရံမှာ အခြားသော ကျောက်နံရံများကဲ့သို့ပင် ရိုးရိုးရှင်းရှင်းသာ ဖြစ်သည်။ လေ့ထျန်းယုသည် လက်တစ်ဆုပ်စာအရွယ် အနက်ရောင် အဝိုင်းပြားတစ်ခုကို ထုတ်ယူပြီး မန္တန်အချို့ ရွတ်ဆိုလိုက်ရာ ထိုအဝိုင်းပြားမှ ရွှေရောင်ဖျော့ဖျော့ အလင်းများ ထွက်ပေါ်လာသည်။

ထို့နောက် အဝိုင်းပြားကို ကိုင်လျက် ကျောက်နံရံပေါ်ရှိ ချိုင့်ဝင်နေသော နေရာလေးတစ်ခုပေါ်သို့ ဂရုတစိုက် ဖိလိုက်သည်။ ချက်ချင်းပင် ကျောက်နံရံမှ အလင်းလှိုင်းများ ထွက်ပေါ်လာတော့သည်။ ခဏချင်းမှာပင် ထူထဲခိုင်မာလှသော ကျောက်နံရံ၏ အစိတ်အပိုင်းတစ်ခုမှာ မှော်ဆန်စွာ ပျောက်ကွယ်သွားပြီး တံခါးပေါက်တစ်ခု ပေါ်လာသည်။

တံခါးပေါက်အတွင်း၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ကြီးမားသည့် မြေအောက်ဂူကြီးတစ်ခု ရှိနေပြီး ထူးဆန်းသော ကျောက်တုံးများဖြင့် ပြည့်နှက်နေသော်လည်း ရေတစ်စက်မျှ မရှိပေ။ တံခါးဝကို မမြင်နိုင်သော စွမ်းအားတစ်ခုဖြင့် ကာရံထားပုံရပြီး ကန်ရေများကို အထဲမဝင်အောင် တားဆီးထားသည်။

ဂူ၏ ထောင့်တစ်နေရာတွင် ပေငါးဆယ်ပတ်လည်ရှိ မြေကွက်လပ်တစ်ခုကို ညှိထားသည်။ ထိုမြေကွက်တွင် အစီအရင် ပုံရိပ်လွှာများ ခပ်စိပ်စိပ် ဖုံးလွှမ်းနေပြီး အလယ်တည့်တည့်တွင် သုံးပေခန့်မြင့်သော လေးထောင့်ပုံစံ ယဇ်ပလ္လင်တစ်ခု ရှိနေသည်။ ယဇ်ပလ္လင်ပေါ်တွင် မည်းနက်ခြောက်သွေ့နေသော သွေးကွက်များကို မြင်တွေ့နေရသည်။

ယဇ်ပလ္လင်၏ နံရံများနှင့် မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော မိုးကြိုးပုံစံများ ထွင်းထုထားပြီး ခြောက်သွေ့နေသော သွေးကွက်များကြောင့် အနက်ရောင် စွဲနေသည်။ ထိုပုံရိပ်များသည် နတ်ဘုရားနှင့် ဝိညာဉ်များ၏ စွမ်းအားကို ဆောင်ကြဉ်းထားပုံရပြီး ထူးဆန်းကာ ဖော်မပြနိုင်သော ဖိအားများကို အဆက်မပြတ် ထုတ်လွှတ်နေသည်။

ထိုမြေကွက်လပ်၏ ဘေးတွင်မူ အရိုးစုများ ပြန့်ကျဲနေသော သဘာဝတွင်းကြီးတစ်ခု ရှိနေသည်။ အောက်ခြေရှိ အရိုးစုများမှာ ဆွေးမြည့်၍ အမှုန့်ဖြစ်နေပြီ ဖြစ်ရာ ၎င်းတို့မှာ ထိုနေရာတွင် ရှိနေသည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း သိသာစေသည်။ အပေါ်ယံရှိ အရိုးစုများမှာမူ လတ်လတ်ဆတ်ဆတ် ရှိနေသေးပြီး အသားများပင် အလုံးစုံ မပုပ်သိုးသေးဘဲ ရံဖန်ရံခါတွင် အနံ့ဆိုးများကို ထုတ်လွှတ်နေသည်။

ပို၍ပင် ထူးဆန်းသည်မှာ ထိုတွင်းထဲရှိ အရိုးစုများမှာ လူအရိုးများသာ မဟုတ်ပေ။ မြွေနှင့်တူသော အကောင်များ၊ ခွာလေးဖက်ပါသော အကောင်များနှင့် အတောင်ပံပါသော အကောင်များအပါအဝင် အမျိုးမျိုးသော သားရဲတို့၏ အရိုးစုများလည်း ရှိနေလေသည်။

လေ့ထျန်းယုသည် ဂူအတွင်းသို့ လှမ်းဝင်ကာ ယဇ်ပလ္လင်ဆီသို့ သွား၍ စွန်းရူကို အိတ်ထဲမှ မထုတ်ပြီး တင်လိုက်သည်။ ထို့နောက် အဝိုင်းပြားပေါ်တွင် မန္တန်အချို့ကို ထပ်မံရွတ်ဆိုလိုက်ရာ ဂူတံခါးမှာ ကျောက်နံရံအဖြစ် ပြန်လည်ပြောင်းလဲသွားသည်။

တံခါးဝ လုံးဝပိတ်မသွားမီမှာပင် သေးငယ်သော ပိုးကောင်လေးတစ်ကောင် ဂူအတွင်းသို့ တရွေ့ရွေ့ တွားဝင်သွားသည်ကို လေ့ထျန်းယု သတိမထားမိလိုက်ပေ။

ကန်စပ်သို့ ရောက်လာသော စုန့်ဝမ်သည် မှောင်မည်းနေသော ကန်ရေပြင်ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် အပင်များ ထူထပ်ရာ ချုံပုတ်တစ်ခုအတွင်းသို့ ခိုအောင်းကာ သူ့အော်ရာကို ဖုံးကွယ်၍ ပုန်းအောင်းနေလိုက်သည်။ အတွင်းသို့ ဝင်ရောက်နိုင်စွမ်း မရှိသဖြင့် စွန်းရူကို ကယ်တင်ရန် မဖြစ်နိုင်ပေ။

...

လေ့ထျန်းယုသည် သတိလစ်နေသော စွန်းရူ၏ အဝတ်အစားများကို လျင်မြန်စွာ ချွတ်ပစ်လိုက်ပြီး အေးစက်လှသော ယဇ်ပလ္လင်ပေါ်တွင် ဒီအတိုင်း ထားလိုက်သည်။

အေးစက်မာကျောလှသော ယဇ်ပလ္လင်၏ အထိအတွေ့ကြောင့် စွန်းရူ တဖြည်းဖြည်း သတိပြန်ဝင်လာသည်။ ကောင်းစွာ သတိရလာသောအခါ ပိန်းပိတ်အောင် မှောင်နေသော မရင်းနှီးသည့် ပတ်ဝန်းကျင်တွင် အဝတ်အစားမဲ့ဖြင့် ရောက်နေပြီး ဘေးတွင် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် အမျိုးသားတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသဖြင့် ထိတ်လန့်တုန်လှုပ်သွားသည်။

အသက် ၁၇ နှစ်အရွယ်သာ ရှိသေးပြီး ဖခင်ဖြစ်သူ၏ အကာအကွယ်အောက်တွင်သာ အမြဲနေခဲ့ရသော မိန်းကလေးတစ်ဦးအဖို့ ဤကဲ့သို့ အခြေအနေမျိုးမှာ သွေးပျက်စရာပင်။

"အား ..."

စွန်းရူလည်း ထိတ်လန့်တကြား အော်ဟစ်ကာ ထရန် ကြိုးစားသည်။ သို့သော် လေ့ထျန်းယုက မန္တန်တစ်ခု ရွတ်ဆိုလိုက်ရာ အားကောင်းသော စွမ်းအားတစ်ခုက သူမကို ဖိထားလိုက်သည်။ မည်မျှပင် ရုန်းကန်ပါစေ၊ လှုပ်၍ပင် မရတော့ဘဲ ခြောက်သွေ့နေသော သွေးကွက်များ ဖုံးလွှမ်းနေသည့် ယဇ်ပလ္လင်ပေါ်တွင်သာ ခန္ဓာကိုယ်ကို လူးလွန့်နေနိုင်တော့သည်။

ခဏအကြာတွင် စွန်းရူသည် မိမိ၏ အခြေအနေဆိုးကို သိရှိသွားပြီး ထိတ်လန့်တုန်လှုပ်မှုနှင့် အားကိုးရာမဲ့မှုများ လွှမ်းမိုးသွားတော့သည်။

"ဒါ ... ဒါ ဘယ်နေရာလဲ၊ ရှင်က ဘယ်သူလဲ"

"ဘာလို့ ကျွန်မကို ဖမ်းလာတာလဲ … ဘာလုပ်မလို့လဲ"

စွန်းရူအသံမှာ ထိတ်လန့်တုန်ယင်မှုများနှင့် ပြည့်နှက်နေသည်။ လေ့ထျန်းယုမှာမူ စွန်းရူ၏ အော်သံများကို ဂရုမစိုက်ဘဲ ယဇ်ပလ္လင်အစီအရင် ဘေးပတ်ပတ်လည်ရှိ ကျောက်တွင်းငယ် ၉ ခုထဲသို့ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး ၉ တုံးကို ထည့်လိုက်သည်။ ထို့နောက် သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ကို ဓားဖြင့် လှီးလိုက်ရာ သွေးများ အရှိန်အဟုန်နှင့် စီးကျလာပြီး မြေပြင်ပေါ်ရှိ အစီအရင် ပုံရိပ်များပေါ်သို့ အဆက်မပြတ် ကျဆင်းသွားသည်။ လေ့ထျန်းယုသည် ယဇ်ပလ္လင်ကို ဝိုင်းပတ်၍ ဖြည်းညှင်းစွာ လျှောက်လှမ်းနေပြီး သူ၏လက်ကောက်ဝတ်မှ သွေးများကို စီးကျနေစေသည်။

ယဇ်ပလ္လင်ဘေး ပတ်ပတ်လည်ရှိ အစီအရင် ပုံရိပ်အားလုံး သွေးများဖြင့် ရဲရဲနီသွားသောအခါမှ ရပ်လိုက်သည်။ ဤအချိန်တွင် သွေးအလွန်အကျွံ ထွက်သွားသဖြင့် လေ့ထျန်းယု၏ မျက်နှာမှာ အလွန်အမင်း ဖြူဖျော့နေသော်လည်း မျက်ဝန်းများတွင်မူ ပြင်းပြသော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

မြေပြင်ပေါ်ရှိ အစီအရင်ပုံရိပ်များ တောက်ပလာပြီး သွေးရောင်ဖျော့ဖျော့ လင်းလက်လာသည်။ ယဇ်ပလ္လင်ပေါ်ရှိ မိုးကြိုးပုံရိပ်များမှာလည်း အသက်ဝင်လာပြီး သွေးရောင်အလင်းတန်းများကို ဖြည်းဖြည်းချင်း ထုတ်လွှတ်လာသည်။

ခဏချင်းမှာပင် အားကြီးလှသော နတ်ဘုရားစွမ်းအားတစ်ခု နိုးထလာသကဲ့သို့ ခံစားလာရသည်။ လက်ရှိ ကျင့်ကြံခြင်းလောကနှင့် မသက်ဆိုင်သော နက်နဲဆန်းကြယ်သည့် စွမ်းအားတစ်ခု ဂူအတွင်းသို့ သက်ဆင်းလာပြီး စွန်းရူနှင့် လေ့ထျန်းယုတို့အပေါ်တွင် လေးလံသော ဖိအားတစ်ခုအဖြစ် ကျရောက်လာသည်။

လေ့ထျန်းယုသည် ဝိညာဉ်စွမ်းအားကို အသုံးပြု၍ သူ၏ဒဏ်ရာကို ပိတ်လိုက်ပြီး ယဇ်ပလ္လင်ဘက်သို့ မျက်နှာမူကာ တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ၏ လက်နှစ်ဖက်ကို ယဇ်ပလ္လင်နံရံရှိ ချိုင့်ခွက်နှစ်ခုအတွင်းသို့ မြဲမြံစွာ ဖိသွင်းလိုက်သည် မကြာမီ သူ့လက်များမှ ငွေရောင်လျှပ်စီးများ လျှပ်ခနဲ လျှပ်ခနဲ ထွက်ပေါ်လာသည်။ ထိုလျှပ်စီးများမှာ အစပိုင်းတွင် လက်ပေါ်၌သာ ရှိသော်လည်း တဖြည်းဖြည်းနှင့် ပလ္လင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။ တောက်ပသော လျှပ်စီးငယ်လေးများစွာမှာ ပလ္လင်ပေါ်တွင် ဟိုဟိုဒီဒီ ခုန်ပျံလှုပ်ရှားနေကြသည်။

ပလ္လင်ပေါ်တွင် လှုပ်မရဘဲ လဲလျောင်းနေသော စွန်းရူမှာ ထိုလျှပ်စီးများကြောင့် ထိခိုက်မှု မရှိသေးသော်လည်း ဖော်မပြနိုင်သော ထိတ်လန့်မှုကို ခံစားနေရပြီး ငိုယိုတောင်းပန်နေရှာသည် ။

"ကျေးဇူးပြုပြီး ... ကျွန်မကို လွှတ်ပေးပါ ..."

ရုတ်တရက် ကျောအောက်ရှိ ယဇ်ပလ္လင်ဆီမှ ပြင်းထန်သော စုပ်ယူမှုအားတစ်ခု ထွက်ပေါ်လာသည်ကို စွန်းရူ ခံစားလိုက်ရသည်။ ထိုအားမှာ သူမ၏ ကျောပြင်ကို အညှာအတာမဲ့ ဆွဲယူနေခြင်းပင်။ မျက်စိတစ်မှိတ်အတွင်း ယဇ်ပလ္လင်နှင့် ထိတွေ့နေသော အသားများအားလုံး ပြင်းထန်စွာ ဆွဲဖြဲခံလိုက်ရသည်။

"အား .. အဖေ... ဘယ်မှာလဲ။ သမီးကို လာကယ်ပါဦး။ နာတယ် ... အရမ်းနာတယ် ..."

စွန်းရူ၏ ရင်ကွဲမတတ် အော်ဟစ်သံများ လွင့်ပျံ့နေစဉ် သူမ၏ သွေးများမှာ ပလ္လင်တစ်ခုလုံးသို့ ပျံ့နှံ့သွားပြီးနောက် ယဇ်ပလ္လင်ကျောက်နံရံများအတိုင်း စီးကျလာသည်။

စွန်းရူသည် ခန္ဓာကိုယ်သာမက ဝိညာဉ်ပင် အပိုင်းပိုင်း အပြတ်ပြတ် ဆွဲဖြဲခံနေရသကဲ့သို့ ခံစားလာရသည်။ ယဇ်ပလ္လင်က သူမ၏ ဝိညာဉ်ကို ခန္ဓာကိုယ်ထဲမှ အတင်းအဓမ္မ ထုတ်ယူနေခြင်း ဖြစ်သည်။ စွန်းရူမှာ တဖြည်းဖြည်း အသိစိတ် ဝေဝါးလာပြီး သေတော့မည်ဖြစ်ကြောင်း၊ ဝိညာဉ်မှာလည်း လွင့်စင်ပျက်စီးတော့မည် ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် ရင်ထဲတွင်မူ မကျေနပ်မှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသည်။ မည်သည့်အခါမျှ မကောင်းမှု မလုပ်ခဲ့ဖူးသော သူမကဲ့သို့ လူမျိုးက ဘာကြောင့် ဤကဲ့သို့ ကံကြမ္မာဆိုးနှင့် ကြုံတွေ့ရသလဲဆိုတာ နားမလည်နိုင်ပေ။

တွေးကြည့်၍ပင် မရနိုင်သော ဝေဒနာများအကြားတွင် စွန်းရူသည် သူမ၏ ဝိညာဉ် အပိုင်းအစများအဖြစ် ပြိုကွဲသွားသည်ကို ခံစားလိုက်ရပြီး အသက်ပျောက်သွားတော့သည်။ ဝိညာဉ်နှင့်အတူ ဖော်မပြနိုင်သော စွမ်းအားတစ်ခုမှာလည်း ဆွဲထုတ်ခြင်း ခံလိုက်ရသည်။

စွန်းရူဆီမှ သွေးများ စီးကျလာသည်နှင့်အမျှ ယဇ်ပလ္လင်နံရံကို ဖိကပ်ထားသော လေ့ထျန်းယု၏ လက်များပေါ်တွင် လတ်ဆက်သောသွေးများ ဖုံးလွှမ်းသွားသည်။ ပတ်ပတ်လည်တွင် စီးကျနေသော သွေးများမှာ တစ်စုံတစ်ခုသော စွမ်းအား၏ ဆွဲဆောင်မှုကို ခံလိုက်ရသကဲ့သို့ လေ့ထျန်းယု၏ လက်များဆီသို့ ဦးတည်သွားသော အနီရောင် သွေးမြွေငယ်များအဖြစ် စုစည်းသွားကြသည်။

သွေးမြွေများက လက်မောင်းများအတိုင်း တွားတက်သွားကာ သူ့မျက်နှာပေါ်သို့ ရောက်လာကြသည်။ ထို့နောက် မြွေများက သူ၏ ပါးစပ်နှင့် နှာခေါင်းအတွင်းသို့ ရူးသွပ်စွာ တိုးဝင်သွားကြတော့သည်။ သွေးမြွေများ ဝင်သွားသည်နှင့် လေ့ထျန်းယု၏ မျက်နှာမှာ ဝေဒနာကြောင့် ရုတ်တရက် ရှုံ့မဲ့သွားသည်။

"အား... အား... အား..."

လေ့ထျန်းယုသည် ခေါင်းမော့ကာ ရင်ကွဲမတတ် နာကျင်စွာ အော်ဟစ်လိုက်မိသည်။ အော်လိုက်ချိန် ပါးစပ်ကို ဟထားသဖြင့် သွေးမြွေများမှာ ခန္ဓာကိုယ်အတွင်းသို့ ပိုမို လျင်မြန်စွာ စီးဝင်သွားကြသည်။ မကြာမီမှာပင် အော်ဟစ်သံများမှာ ပို၍ပင် ကျယ်လောင် ပြင်းထန်လာသည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ လေ့ထျန်းယုသည် မြေပြင်ပေါ်တွင် ကွေးကွေးလေး လဲလျောင်းကာ အသက်ကို မနည်းအားစိုက် ရှူနေရသည်။ တစ်ကိုယ်လုံးတွင် ချွေးများ ရွှဲနစ်နေပသည်။ ပြင်းထန်သော ဝေဒနာများမှ သက်သာလာသောအခါ ဖြည်းဖြည်းချင်း ထထိုင်ကာ ကျင့်ကြံမှုကို စလိုက်သည်။

နှစ်နာရီခန့် ကြာပြီးနောက် လေ့ထျန်းယု မျက်လုံးကို ဖွင့်လိုက်သည်။ ထို့နောက် အတွေးတစ်ချက်ဖြင့် မိုးကြိုးနည်းစနစ်ကို အသက်သွင်းလိုက်ရာ ဖြန့်ထားသော ညာလက်ဝါးပေါ်တွင် မိုးကြိုးလျှပ်စီးများ ထွက်ပေါ်လာသည်။ ယခင်ကထက် ပိုမိုအားကောင်းလာသော မိုးကြိုးလျှပ်စီးကို ကြည့်ရင်း စိတ်လှုပ်ရှားမှုများ ဖုံးဖိမရအောင် ပေါ်လာသည်။

ခဏတာ အနားယူပြီးမှ ထရပ်လိုက်ပြီး သွေးများ ကုန်ခမ်းကာ ခြောက်ကပ်နေသော စွန်းရူ၏ ရုပ်အလောင်းကို ကျောက်တုံးပုံကြားထဲသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ထည့်လိုက်သည်။ ထို့နောက် ယဇ်ပလ္လင်ပေါ်ရှိ ကျန်ရှိနေသော အသားစများကို ရှင်းလင်းပြီးနောက် ဂူတံခါး ဖွင့်ကာ ထွက်ခွာသွားတော့သည်။

........

All Chapters