အခန်း (၃၁)
Vol. 4 Ch. 31
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း ၃၁
" ငြိမ်းချမ်းတဲ့အချိန်မှာ ချွေးပိူထွက်လေ စစ်ပွဲအတွင်းမှာ သွေးထွက်နည်းလေပဲ။ "
ထိုစကားကိုကြားသောအခါ ဝမ်ယန်နှင့် သူမ၏ လက်ထောက်တပ်မှူးတို့က အတွေးနက်သွားကြသည်။ သို့သော် ခဏအတွင်း သူတို့က တစ်စုံတစ်ခုကို နားလည်သွားကြသည်။
" ကောင်းလိူက်တဲ့စကား။ " ဝမ်ယန်က လေးစားစွာ ပြောလိုက်သည်။
" တပ်စုမှူးကျောက်က ရဲရင့်ရုံတင်မကဘူး စစ်သည်တွေကိုလည်း လေ့ကျင့်ပေးနိုင်မယ့်လို့ မထင်ထားဘူး။ " ကျန်းဟန်က ချီးကျူးလိုက်သည်။
ပတ်ဝန်းကျင်မှ စစ်သားများက ကျောက်ဖုန်းကို လေးစားစွာ ကြည့်လိုက်ကြသည်။
" ကျုပ်က လာကြည့်ရုံ သက်သက်ပါပဲ။ နှောက်ယှက်ဖို့မဟုတ်ပါဘူး။ အားလုံး ပြန်လေ့ကျင့်ကြပါတော့။ " ကျောက်ဖုန်းက လျင်မြန်စွာ ပြောလိုက်သည်။ " ကျုပ်ကို ခွင့်ပြုပါဦး။ "
ထိုသို့ ပြောပြီးနောက် သူက လှည့်ထွက်ပြီး စခန်းထဲမှ ထွက်လာခဲ့သည်။
" လူစုခွဲကြတော့။ " ဝမ်ယန်က အမိန့်ပေးလိုက်ပြီး ကျောက်ဖုန်းနောက်သို့ အပြေးလိုက်လာသည်။
သူမ လိုက်လာသည်ကို မြင်သောအခါ ကျောက်ဖုန်းက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။ " ဘာလို့ကျုပ်နောက်ကို လိုက်လာတာလဲ။ "
" နင်ဘယ်သွားမလို့လဲ။ " ဝမ်ယန်က မေးလိုက်သည်။
" မှောင်တော့မယ်လေ။ ကျုပ်နားမယ့်နေရာကို ပြန်မလို့ပေါ့။ " ကျောက်ဖုန်းက ပြန်ဖြေလိုက်သည်။
" နင့်အတွက် ငါနေရာပြင်ထားပြီးပြီ။ ငါနဲ့လိုက်ခဲ့။ " ဝမ်ယန်က ပြောလိုက်သည်။
" ကျုပ် ကုသရေးစခန်းကိုပဲ ပြန်ချင်ပါတယ်။ အဲ့ဒီမှာ အိပ်ရာတွေရှိတယ်လေ။ " ကျောက်ဖုန်းက ငြင်းလိုက်သည်။
" ကုသရေးစခန်းမှာ လူနာတွေအပြည့်ပဲ။ ပြီးတော့ နင်သူတို့ကို မနှောက်ယှက်သင့်ဘူး။ ဒါ့အပြင် နောက်ဆုံး ဒဏ်ရာရထားတဲ့သူတွေလည်း ပြန်ကောင်းသွားကြပြီဆိုတော့ နင်ကုရမယ့်လူလည်း မရှိတော့ဘူး။ " ဝမ်ယန်က ဆက်ပြောလိုက်သည်။ သူမက ကျောက်ဖုန်းနှင့် နှစ်ယောက်တည်းရှိနေချိန်တွင် မိန်းကလေးပုံစံနှင့် စကားပြောခြင်းဖြစ်သည်။
" ဆရာချန်ကိုလည်း ငါပြောပြီးသွားပြီ။ အခု နင် ပင်မတပ်ဖွဲ့မှာနေပြီး အမိန့်ကို စောင့်ရမယ်။ "
" မင်း ကျုပ်အပေါ် မကောင်းတဲ့ ရည်ရွယ်ချက်တော့ မရှိဘူးမဟုတ်လား။ " ကျောက်ဖုန်းက ဝမ်ယန်ကို အထက်အောက် ကြည့်ပြီး ပြောလိုက်သည်။
ဝမ်ယန်၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်လေးများ ပေါ်လာသည်။ " ငါက ဘာလို့ နင့်အပေါ် မကောင်းတဲ့ရည်ရွယ်ချက်ရှိရမှာလဲ။ "
ထိုသို့ပြောပြီး သူမက ကျောက်ဖုန်း၏ လက်ကို ဆွဲပြီး စခန်း၏ အခြားတစ်ဖက်သို့ ခေါ်ဆောင်သွားသည်။ ကျောက်ဖုန်းက အရင်ဘဝကို ထည့်မတွက်လျှင် ဤဘဝတွင် မိန်းကလေးတစ်ယောက်က သူ၏ လက်ကို ပထမဆုံး ကိုင်ဖူးခြင်း ဖြစ်သည်။
ဝမ်ယန်၏ ဦးဆောင်မှုဖြင့် စခန်း၏ အတွင်းပိုင်းရှိ ကြီးမားသော အခန်းတစ်ခုသို့ ရောက်လာကြသည်။
" အမိန့်တော် ကျလာတဲ့အထိ နင် ဒီမှာနေရမယ်။ " ဝမ်ယန်က ပြောလိုက်သည်။
" ကျုပ်အတွက် ပြဿနာမရှိပါဘူး။ အခု ကျုပ်လက်ကို လွှတ်လို့ရပြီထင်တယ်။ " ကျောက်ဖုန်းက စနောက်လိုက်သည်။
ဝမ်ယန်က အောက်ငုံ့ကြည့်လိုက်ပြီး သူမက ကျေက်ဖုန်း၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်သည်။ သူမ၏ ပါးနှစ်ဖက်က နီရဲသွားပြီး လက်ကို ချက်ချင်း လွှတ်လိုက်ရသည်။
" လာမယ့်ရက်အနည်းငယ်အတွင်း ဒီမှာပဲနေပါ။ စခန်းကနေအပြင်မထွက်နဲ့။ ငါမင်းအတွက် နေတိုင်း အစားအသောက်တွေ လာပို့ပေးမယ်။ " ဝမ်ယန်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။ " ပြီးတော့ ငါ့နာမည်က ဝမ်ယန်ပါ။ ယန်ဆိုတာ လှပတဲ့ အပြုံးလို့ အဓိပ္ပါယ်ရတယ်။ "
သူမက ကျောက်ဖုန်းကို ရှက်ရွံ့စွာ တစ်ချက်ကြည့်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားသည်။ ယခုအချိန်တွင် သူမက အမျိုးသမီး စစ်သူကြီးတစ်ယောက်၏ ရဲရင့်ပြတ်သားမှုများ ပျောက်ဆုံးနေပြီး အချစ်ကို စတင်ခံစားနေရသည့် မိန်းမငယ်လေးတစ်ယောက်နှင့်သာ တူနေသည်။
သူမထွက်သွားသည်ကို ကြည့်ပြီး ကျောက်ဖုန်းက ထူးဆန်းသော အမူအရာနှင့် တွေးလိုက်သည်။ " ဒီကောင်မလေး တကယ်ပဲ ငါ့ကို သဘောကျနေတာလား။ "
ကျောက်ဖုန်းက ဤဘဝတွင် လူပျိုတစ်ယောက်သာ ဖြစ်သော်လည်း အရင်ဘဝတွင် မိန်းကလေးအတော်များများနှင့် တွဲခဲ့ဖူးသည်။ သူမ၏ ရှက်သွေးဖြာနေမှုက သူ့ကို စိတ်ဝင်စားနေသည်ကို ပြနေသည်။
" သူမက စစ်သေနာပတိချုပ်ရဲ့ သမီးပဲ။ သူမက ငါ့ကို သဘောကျရင်တော့ သူမအဖေက သဘောတူမှာမဟုတ်ဘူး။ ငါတို့ရဲ့ မိသားစုနောက်ခံက အများကြီး ကွာခြားတယ်။ " ကျောက်ဖုန်းက ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ အခန်းထဲတွင် အိပ်ရာတစ်ခုအပြင် အသုံးအဆောင်ပစ္စည်းများစွာကိုလည်း ပြင်ဆင်ထားသည်။
" ငါ ဒီလိုအခန်းထဲမှာ ပထမဆုံး နေဖူးတာပဲ။ အိမ်ပြန်ရောက်ရင် အမေအတွက် ဒီထက်ကြီးတဲ့ အိမ်တစ်လုံး ဆောက်ပေးရမယ်။ "
တစ်ဖက်တွင်မူ ဝမ်ယန်က သူမ၏ အခန်းထဲသို့ ပြန်ရောက်လာပြီး သူမ၏ မျက်နှာပေါ်မှ နီရဲမှုက ပျောက်ကွယ်မသွားသေးပေ။
" အဲ့ဒီလူရှုပ်ကတော့... ဘာလို့စကားကို ပေါ့ပျက်ပျက် ပြောရတာလဲ။ " သူမက ရေရွတ်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် သိချင်စိတ်များ ပြည့်နှက်သွားသည်။ " ဒါပေမယ့် သူက တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ သူက တကယ် ဘယ်လိုလူစားမျိုးလဲ။ "
ခုနှစ်ရက်ကြာပြီးနောက် ယန်မြို့၏ အပြင်ဘက်တွင် လီထန်က ဝန်ယန်အပါအဝင် သူ၏ တပ်မှူးများနှင့်အတူ မြို့တံခါးဝတွင် ရောက်လာမည့်သူများကို စောင့်ဆိုင်းနေကြသည်။
အချိန်အတော်ကြာပြီးနောက် ချပ်ဝတ်မဝတ်ဆင်ထားသော သက်လတ်ပိုင်းလူတစ်ယောက်ကို ခြံရံထားသော ချပ်ဝတ်နက်များနှင့် မြင်းတပ်ဖွဲ့ တစ်ဖွဲ့ပေါ်လာသည်။ ထိုလူကို မြင်လိုက်ရသည်နှင့် လီထန်နှင့် အခြားသူများ၏ မျက်နှာတွင် လေးစားသည့် အမူအရာများ ပေါ်လာကြသည်။ သူက ချင်နိုင်ငံ၏ စစ်သေနာပတိချုပ် ဝမ်ကျန့်ပင်ဖြစ်သည်။
" စစ်သေနာပတိချုပ်ကို ကြိုဆိုပါတယ်။ " လီထန်က အော်ဟစ်လိုက်ပြီး အားလုံးက ဦးညွှတ်လိုက်ကြသည်။
ဝမ်ကျန့်က အားလုံးကို လက်ဝှေ့ရမ်းပြပြီးနောက် လီထန်ကို စိတ်ပျက်စွာ ကြည့်လိုက်သည်။
" ကျွန်တော်မှာ အပြစ်ရှိပါတယ်။ စစ်သေနာပတိချုပ်ရဲ့ အပြစ်ပေးမှုကို ခံယူဖို့ စောင့်ဆိုင်းနေပါတယ်။ " လီထန်က ပြန်မရပ်ဘဲ ပြောလ်ုက်သည်။
" ဟမ့် " ဝမ်ကျန့်က နှာခေါင်းရှုံ့လိုက်သည်။ သူက လူအုပ်ကြီးကို ကြည့်လိုက်ပြီး ပြဿနာမရှာရန် ဆုံးဖြတ်လိုက်သည်။ " မြို့ထဲဝင်ကြမယ်။ "
" ဟုတ်ကဲ့။ " လီထန်က ဘေးသို့ အမြန်ဖယ်လိုက်သည်။.
ဝမ်ကျန့်တို့က မြို့ထဲသို့ ဝင်ရောက်သွားပြီး မကြာမီ စခန်းထဲရှိ ခန်းမစကြီးတစ်ခုသို့ ရောက်လာသည်။
" လီထန် " ဝမ်ကျန့်၏ အသံက အေးစက်နေသည်။ " မင်းရဲ့အပြစ်ကို မင်းသိလား။ "
" ကျွန်တော်ရဲ့ အပြစ်ကို ဝန်ခံပါတယ်။ " လီထန်က ချက်ချင်း ပြန်ဖြေလိုက်သည်။
" မင်းရဲ့ အောင်မြင်မှုကို လောဘကြီးတဲ့စိတ်ကြောင့် ထောက်ပို့တပ်ဖွဲ့က စစ်သည်တစ်သောင်းနီးပါး စတေးခဲ့ရတယ်။ မင်းရဲ့ ပေါ့လျော့မှုကြောင့် ငါတို့ရဲ့ ရိက္ခာလမ်းကြောင်းကို ဖြတ်တောက်ခံရလုနီးပါး ဖြစ်ခဲ့ပြီး ဟန်နိုင်ငံကို သိမ်းပိုက်မယ့် ချင်နိုင်ငံရဲ့ စစ်ဆင်ရေးကို ထိခိုက်စေခဲ့တယ်။ "
ဝမ်ကျန့်က သူ့ကို စိုက်ကြည့်ပြီး ငေါက်ငမ်းလိုက်သည်။ " ဒီအပြစ်တွေအားလုံးက မင်းပေါ်မှာပဲရှိတယ်။ "
" စစ်သေနာပတိချုပ် ကျွန်တော်ကို အပြစ်ပေးပါ။ " လီထန်က ရှက်ရွံ့စွာဖြင့် ဦးညွှတ်လိုက်သည်။
" မင်းကြီးက အမိန့်ထုတ်ပြန်ပြီးပြီ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ဒီအပြစ်ကို အခု မှတ်တမ်းတင်ထားမယ်။ မင်းကို စောင့ကြည့်ကာလအဖြစ် တာဝန်ဆက်ထမ်းဆောင်ဖို့ အမိန့်ပေးတယ်။ တကယ်လို့ ဒီလိုပေါ့လျော့မှုမျိုး ထပ်ဖြစ်ခဲ့ရင် အပြစ်ဟောင်းရော အပြစ်သစ်ရော ပေါင်းပြီး အပြစ်ပေးခံရမယ်။ "
" အရှင်မင်းကြီးရဲ့ သဘောထူးကြီးမှုအတွက် ကျွန်တော်မျိုး ကျေးဇူးတင်ပါတယ်။ " လီထန်က ဦညွှတ်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။
" ထတော့။ " ဝမ်ကျန့်က လီထန်ကို ကြည့်ပြီး မေးလိုက်သည်။ " တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ။ "
" စစ်သေနာပတိချုပ် ဟန်စစ်တပ်ို လိုက်လံတိုက်ခိုက်ဖို့ စစ်သည်ရှစ်သောင်းကို လမ်းကြောင်းလေးခုကနေ စေလွှတ်ထားပါတယ်။ ကျွန်တော်တို့ ဟန်နိုင်ငံကို သွားမယ့်လမ်းကြောင်းကို ဖြည်းဖြည်းချင်း ရှင်းသွားနေပါတယ်။ "
" တစ်လအတွင်း လမ်းကြောင်း ပွင့်ပြီး မြို့တံခါးဝအထိ တပ်ဖွဲ့တွေကို ပို့ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။"
" အလျင်လိုရင် အမှားများတယ်။ ငါမင်းကို အချိန်ပေးမယ်။ မင်းပုံမှန်အတိုင်း ချီတက်ပြီး နောက်ထပ်အမှားမျိုး မဖြစ်စေနဲ့။နှစ်လအတွင်း ဟန်နိုင်ငံ ပျက်သုဉ်းသွားတာကို ငါမြင်ချင်တယ်။ " ဝမ်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။
" ကျွန်တော် အစွမ်းကုန် ကြိုးစားပါမယ်။ " လီထန်က ဖိအားကို ခံစားလိုက်ရသော်လည်း ချက်ချင်း ပြန်ပြောလိုက်သည်။
" ချင်နိုင်ငံက ဟန်နိုင်ငံကို စစ်ချီတာ သုံးလရှိပြီ။ ဟန်နိုင်ငံက နယ်မြေလည်း မကျယ်သလို စစ်အင်အားကလည်း မတောင့်တင်းဘူး။ ဒါပေမယ့် သူတို့မှာ ကျောက်နဲ့ဝေ မဟာမိတ်တွေရှိတယ်။ ဟန်ဘုရင်က ကျောက်နဲ့ ဝေနိုင်ငံကို သံတမန်တွေ စေလွှတ်ထားပြီ။ "
" တကယ်လို့ ကျောက်နိုင်ငံကသာ လှုပ်ရှားလာရင် ဝေနိုင်ငံကလည်း နောက်ကလိုက်လာမှာ သေချာတယ်။ နှစ်လအတွင်း ဟန်နိုင်ငံကို ဖျက်ဆီးနိုင်ရင် အားလုံး အဆင်ပြေသွားလိမ့်မယ်။ ဒီစစ်ပွဲက ကြာနေရင် ကျောက်နဲ့ ဝေဆီက စစ်ကူတွေ ရောက်လာလိမ့်မယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။