← Chapters

အခန်း (၃၂)

Vol. 4 Ch. 32

အခန်း (၃၂)

Vol. 4 Ch. 32

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း ၃၂

ဟန်နိုင်ငံ၏ အင်အားက ချင်နိုင်ငံကို မယှဉ်နိုင်သော်လည်း လူဦးရေသန်းချီနှင့် စစ်သည်တစ်သိန်းကျော် ရှိနေသည်။ ချင်နိုင်ငံ၏ ပြင်းထန်သော တိုက်ခိုက်ခံမှုကို ခံရသော်လည်း ၎င်း၏ နိုင်ငံအင်အားက ကျန်ရှိနေဆဲ ဖြသ်သည်။

ရာစုနှစ်တစ်ခုကြာ တည်တံ့လာသော နိုင်ငံတစ်ခုကို ငါးလအတွင်း ချေမှုန်းနိုင်ခြင်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ၎င်းက ချင်နိုင်ငံ အရှေ့ဘက်သို့ နယ်မြေချဲ့ထွင်ရန်နှင့် ကမ္ဘာကြီးကို စုစည်းရန်အတွက် မရှိမဖြစ်လိုအပ်သော အဆင့်တစ်ခု ဖြစ်သည်။

" ကျွန်တော်နားလည်ပါတယ်။ " လီထန်က ချက်ချင်း ခေါင်းညိမ့်လိုက်သည်။

လမ်းညွှန်ချက်များပေးပြီးနောက် ဝမ်ကျန့်က ပတ်ဝန်းကျင်ကို ကြည့်ပြီး မေးလိုက်သည်။

" ကျောက်ဖုန်း ဒီမှာရှိလား။ "

" စစ်သေနာပတိချုပ် ကျောက်ဖုန်းက စခန်းထဲမှာတော့ ရှိပါတယ်။ ဒီမှာတော့မရှိပါဘူး။ " လီထန်က ပြန်ဖြေလိုက်သည်။

ဝမ်ကျန့်က ခေါင်းညိမ့်လိုက်ပြီး သူ၏ အကြည့်က ဝမ်ယန်ပေါ်သို့ ရောက်သွားသည်။

" ကျန်တဲ့သူတွေ အပြင်မှာ စောင့်နေ ဝမ်ယန်နေခဲ့။ " ဝမ်ကျန့်က အမိန့်ပေးလိုက်သည်။

" နားလည်ပါပြီ။ " အားလုံးက ထရပ်ပြီး ဝမ်ကျန့်ကို ဦးညွှတ်ကာ အပြင်သို့ ထွက်သွားကြသည်။

ခန်းမထဲတွင် ဝမ်ကျန့်နှင့် ဝမ်ယန်တို့ နှစ်ယောက်သာ ကျန်နေခဲ့သည်။

" ယန်အာ " ဝမ်ကျန့်က ဝမ်ယန်ကို နူးညံ့စွာ ကြည့်လိုက်သည်။ " သမီး သေချာစဉ်းစားပြီးသွားပြီလား။ "

ဝမ်ကျန့်တွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိသည်။ သူက သမီးဖြစ်သူကို အလွန်ချစ်သောကြောင့် သူမကို ယောကျာ်းလေးဟန်ဆောင်ပြီး စစ်တပ်ထဲသို့ ဝင်ရန်ပင် ခွင့်ပြုခဲ့သည်။

" အဖေ " ဝမ်ယန်က သူမ၏ အဖေကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ " သမီးရဲ့ အနာဂတ်ကို သမီးကိုယ်တိုင် ရွေးချယ်ဖို့ အခွင့်အရေးမရှိဘူးလား။ "

၎င်းကို ကြားသောအခါ ဝမ်ကျန့်က ဖြည်းညင်းစွာ ထရပ်ပြီး သူမအနားသို့ လျှောက်လာသည်။

" ယန်အာ..." သူက ခါးသီးစွာ ပြုံး၍ ပြောလိုက်သည်။ " ငါတို့ဝမ်မိသားစုက သာမန်မိသားစုမဟုတ်ဘူး။ ငါတို့က စစ်ဘက်မိသားစုတစ်ခုပဲ။ သမီးအဖေမှာ စစ်အာဏာရှိသလို သမီးရဲ့ အကိုကလည်း စစ်တပ်တွေကို ကွပ်ကဲနေရတယ်။ "

" ငါတို့မိသားစုက ဘုရင်ရဲ့ သံသယဝင်ခြင်းနဲ့ ကြောက်ရွံ့ခြင်းခံရဖို့ ကံပါလာပြီးသားပဲ။ ပြီးတော့ သမီးရဲ့ အိမ်ထောင်ရေးကလည်း အဖေဆုံးဖြတ်လို့ရတဲ့အရာ မဟုတ်ဘူး။ အားလုံးက အရှင်မင်းကြီးအပေါ်မှာပဲ မူတည်တယ်။ "

ဝမ်ကျန့်၏ ရာထူးက မြင့်မားလှပြီး ထပ်တိုးရန် အနည်းငယ်သာ ကျန်တော့သည်။ အိမ်ထောင်ရေးမဟာမိတ်က ကဏ္ဍတစ်ခုသာ ဖြစ်သော်လည်း ၎င်းမှာ အဓိကအားဖြင့် တော်ဝင်မိသားစုက အာဏာကို ထိန်းညှိရန် နည်းလမ်းတစ်ခုသာဖြစ်သည်။

" ဒါပေမယ့် အဲ့ဒါကို ပြောင်းလဲဖို့ တကယ်နည်းလမ်းမရှိဘူးလား။ " ဝမ်ယန်က ညှိုးငယ်စွာ ပြုံးလိုက်သည်။

ဝမ်ကျန့်က ခေါင်းခါလိုက်သည်။ " ငါ သတင်းအချို့ရထားပြီးပြီ။ မင်းကြီးက မင်းရဲ့အကိုကို မင်းသမီးလျိုယန်နဲ့ လက်ဆက်ပေးဖို့ ရည်ရွယ်ထားတယ်။ သမီးကိုကျတော့ နန်းတွင်းကလူတွေက မင်းသားဖူစုနဲ့ လက်ဆက်ပေးဖို့ အကြံပြုကြလိမ့်မယ်။ "

ဝမ်ယန်က တိတ်ဆိတ်နေပြီး သူမ၏ မျက်လုံးများထဲတွင် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေသည်။

" ဒီတစ်ခါ သမီး ချပ်ဝတ်ချွတ်ပြီး အိမ်ကို တန်းပြန်တော့။ " ဝမ်ကျန့်က ပြောလိုက်သည်။ " နန်းတွင်းမှာ သတင်းတွေထွက်နေပေမယ့် အခုချိန်မှာ နိုင်ငံရေးက ပိုအရေးကြီးနေတော့ မင်းကြီးက ဒီကိစ္စကို လောလောဆယ် ကိုင်တွယ်ဦးမှာမဟုတ်ဘူး။ "

အကယ်၍ သူက သာမန်မိသားစုတစ်ခုမှ ဖြစ်လျှင် ဝမ်ယန်ကို စိတ်ကြိုက်ရွေးချယ်ခွင့်ပေးမည်ဖြစ်သော်လည်း ယခုက ထိုသို့မဟုတ်ပေ။

ဝမ်ယန်က တိတ်ဆိတ်စွာပင် ခန်းမ၏ ထွက်ပေါက်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ ဝမ်ကျန့်ကလည်း သက်ပြင်းချလိုက်ပြီး ထွက်ပေါက်ဆီသို့ ဖြည်းညင်းစွာ လိုက်ပါလာသည်။

သို့သော် အပြင်သို့ ရောက်သည်နှင့် ဝမ်ကျန့်၏ မျက်နှာပေါ်မှ ကူကယ်ရာမဲ့သော အမူအရာက ပျောက်ကွယ်သွားပြီး အေးစက်၍ ဩဇာကြီးမားသော အမူအရာက တစ်ဖန် ပြန်ပေါ်လာသည်။

စစ်စခန်းအတွင်း၌ ထောင်ချီသော စစ်သားများက လေ့ကျင့်နေကြသည်။ သို့သော် သူတို့ထဲမှ အများစုက မြားပစ်ကွင်းတွင် စုစည်းနေကြသည်။ မြားပစ်ကွင်း၏ အလယ်တွင် ကျောက်ဖုန်းက လေးပေါ်တွင် မြားသုံးစင်ကို တင်ကိုင်ထားသည်။ သူက လေးကြိုးကို ဆွဲပြီး ချက်ချင်း ပစ်လွှတ်လိုက်သည်။

မြားသုံးစင်လုံးက ခြေလှမ်းငါးဆယ်အကွာမှ ပစ်မှတ်၏ အလယ်သို့ တည့်တည့်ထိမှန်ပြီး ဖောက်ထွက်သွားသည်။

" အံ့ဩစရာပဲ။ "

" ညီအကိုကျောက်က တကယ်အံ့ဩဖို့ ကောင်းတာပဲ။ "

" မင်းတို့ ကိုယ့်ကိုကိုယ် ညီအကိုကျောက်နဲ့ သွားမယှဉ်ကြနဲ့။ စိတ်ပျက်သွားရလိမ့်မယ်။ "

" ညီအကိုကျောက်က လွန်ခဲ့တဲ့ ခြောက်ရက်ကမှ ပထမဆုံး မြားပစ်ဖူးတာလို့ပြောပြီး အခု ခြေလှမ်းငါးဆယ်အကွာက ပစ်မှတ်ကို မြားသုံးစင်းနဲ့ ထိအောင် ပစ်နိုင်နေပြီ။ "

" ညီအကိုကျောက်ရဲ့ ခွန်အားနဲ့ဆို ဒီထက်ပိုဝေးဝေး ပစ်နိုင်မှာ သေချာတယ်။ "

ကျောက်ဖုန်း၏ မြားများက ပစ်မှတ်ကို ထိမှန်သွားသည်နှင့် ပတ်ဝန်းကျင်မှ စစ်သည်များထံမှ အားပေးချီးကျူးသံများ ထွက်ပေါ်လာသည်။ သူ၏ လေးပစ်စွမ်းရည်မှာ အမှန်တကယ် ထူးချွန်လှသည်။

" ညီအကိုကျောက် " ကျန်းဟန်က မျှော်လင့်ချက်အပြည့်နှင့် ပြုံး၍ ပြောလိုက်သည်။ " မြားသုံးစင်းနဲ့ ခြေလှမ်းငါးဆယ်အကွာက ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်တယ်ဆိုတော့ ခြေလှမ်းတစ်ရာကို စိန်မခေါ်ကြည့်ချင်ဘူးလား။ "

" ကျုပ်တို့ လန်ထျန်းစခန်းမှာ အဲ့ဒီအကွာအဝေးက ပစ်မှတ်ကို ထိအောင် ပစ်နိုင်တဲ့သူကို လေးသခင်လို့ ခေါ်ကြတယ်။ "

" မင်းက ပြောမှတော့ ငါ ဘယ်လိုလုပ်ငြင်းရမလဲ။ " ကျောက်ဖုန်းက ရယ်လိုက်သည်။

၎င်းကို ကြားသောအခါ ကျန်းဟန်က စိတ်လှုပ်ရှားသွားပြီး အော်ဟစ်လိုက်သည်။ " ညီအကိုတို့ ခြေလှမ်းတစ်ရာအကွာမှာ ပစ်မှတ်တစ်ခုကို ပြင်လိုက်ကြစမ်း။ "

စစ်သားအချို့က ပစ်မှတ်ကို မယူပြီး ခြေလှမ်းတစ်ရာအဝေးသို့ ပြေးသွားကြသည်။ ထိုအချိန်တွင် တပ်မှူးများဝန်းရံထားသော ဝမ်ကျန့်က စခန်းအတွင်းသို့ ရောက်ရှိလာသည်။ သူ၏ အကြည့်က မြားပစ်ကွင်းတွင် စုဝေးနေကြသော စစ်သားများဆီသို့ ရောက်သွားသည်။

" စစ်သေနာပတိချုပ် ကျွန်တော် စစ်သားတွေကို စုစည်းလိုက်ပါမယ်။ " လီထန်က ချက်ချင်း ပြောလိုက်သည်။

" မလောနဲ့။ " ဝမ်ကျန့်က စူးစမ်းလိုစိတ်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။ " ဘာဖြစ်နေတာလဲ သွားစုံစမ်းကြည့်။ "

" ဟုတ်ကဲ့။ " လီထန်က အမိန့်ရသည်နှင့် တပ်မှူးတစ်ယောက်ကို သွားခေါ်လိုက်သည်။

" စစ်သေနာပတိချုပ်ကို အရိုအသေပေးပါတယ်။ " ဝမ်ကျန့်ကို မြင်သည်နှင့် တပ်မှူးက ချက်ချင်း ဦးညွှတ်လိုက်သည်။

" ဘာတွေဒီလောက်ဆူညံနေတာလဲ။ " ဝမ်ကျန့်က စစ်သားများစုဝေးနေကြသည်ကို ကြည့်ပြီး ပြုံး၍ မေးလိုက်သည်။

" စစ်သေနာပတိချုပ် တပ်စုမှူးကျောက်က မြားပစ်လေ့ကျင့်နေတာပါ။ သူက အခု ခြေလှမ်းတစ်ရာက ပစ်မှတ်ကို စိန်ခေါ်နေတာပါ။ " တပ်မှူးက ချက်ချင်း ပြန်ဖြေလိုက်သည်။

" တပ်စုမှူးကျောက်လား။ " ဝမ်ကျန့်က အနည်းငယ် အံ့ဩသွားသည်။ " ကျောက်ဖုန်းလား။ "

" ဟုတ်ကဲ့ သူက ကျောက်ဖုန်းပါ။ " တပ်မှူးက ချက်ချင်း ပြန်ဖြေလိုက်သည်။

" ခြေလှမ်းတစ်ရာအကွာက ပစ်မှတ်ကို စိန်ခေါ်တယ်။ ကျောက်ဖုန်းမှာ အဲ့လိုမြားပစ်စွမ်းရည်မျိုး ရှိတာလား။ " ဝမ်ကျန်းက အံ့ဩစွာ မေးလိုက်သည်။

" စစ်သေနာပတိချုပ် ကျောက်ဖုန်းက လေးသည်တော်တစ်ယော်အဖြစ် မွေးလာတာပါ။ လွန်ခဲ့တဲ့ခြောက်ရက်က သူက လေးဘယ်လိုပစ်ရမလဲဆိုတာ မသိသေးပါဘူး။ ဒါပေမယ့် အချိန်တိုအတွင်းမှာ သူ့ရဲ့ အရည်အချင်းက အံ့မခန်းတိုးတက်လာပါတယ်။ "

" အခု သူက မြားသုံးစင်းနဲ့ ခြေလှမ်းငါးဆယ်အကွာက ပစ်မှတ်ကို ထိအောင် ပစ်နိုင်ခဲ့ပါတယ်။ သူ့ရဲ့ ပါရမီက ကျွန်တော်တို့အားလုံးကို မှင်သက်စေခဲ့ပါတယ်။ " တပ်မှူးက လေးစားအားကျစွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဝမ်ကျန့်နှင့် အခြားသူများက အံ့အားသင့်သွားကြသည်။

" ခြောက်ရက်အတွင်း လေးမပစ်တတ်တဲ့သူတစ်ယောက်က မြားသုံးစင်းကို ပစ်နိုင်တဲ့အထိ ရောက်သွားတာလား။ အဲ့ဒါတကယ်ရော ဖြစ်နိုင်လို့လား။ " လီထန်က အံ့ဩတကြီး ပြောလိုက်သည်။

ကျောက်ဖုန်းက လတ်တလော စခန်းအတွင်းနေထိုင်သည်ကို သူက သိရှိထားသည်။ ဝမ်ယန်က ကျောက်ဖုန်းကို တပ်ဖွဲ့နှင့် ရင်းနှီးစေရန် စခန်းတွင် ခဏနေထိုင်စေလိုကြောင့် သူ့ထံတွင် အစီရင်ခံထားပြီးသားဖြစ်သည်။ နောက်ပိုင်းတွင် ဝမ်ယန်က ရာထူးမှ နှုတ်ထွက်ပြီး ကျောက်ဖုန်းက ထိုတပ်ဖွဲ့ကို ကွပ်ကဲမည်ဖြစ်သည်။

" စစ်သူကြီးလီနဲ့ အားလုံး ကိုယ်တိုင်ကြည့်ကြည့်ကြပါ။ ပစ်မှတ်ကိုလည်း ပြင်တင်ပြီးပါပြီ။ " တပ်မှူးက ပြုံး၍ ပြောလိုက်သည်။

" သွားကြည့်မယ်။ " ဝမ်ကျန့်က စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။ သူက အခြားသူများနှင့်အတူ မြားပစ်ကွင်းသို့ လျှောက်သွားသည်။

မကြာမီ ကျန်းဟန်က ကျောက်ဖုန်းအနီးသို့ ပြေးလာပြီး ပြုံး၍ ပြောလိုက်သည်။" ညီအကိုကျောက် ပစ်မှတ်က အဆင်သင့်ပါပဲ။ စစ်တပ်ရဲ့ စည်းမျဉ်းအရ မြှားဆယ်ချောင်းမှာ ငါးချောင်းထိရင် မင်းကို လေးသခင်အဖြစ် သတ်မှတ်လိမ့်မယ်။ "

" ဆယ်ချောင်းလုံး ထိရင်ရော။ " ကျောက်ဖုန်းက ပြုံး၍ မေးလိုက်သည်။

" ဒါဆိုရင်တော့ မင်းက လေးသခင်တွေထဲမှာတောင် အဆင့်မြင့် လေးသခင်တစ်ယောက်ဖြစ်သွားမှာပေါ့။ " ကျန်းဟန်က ရယ်မောလိုက်သည်။ " မင်းရဲ့ မြားတွေပေါ်မှာ ကိုယ်ပိုင်အမှတ်အသားတောင် ထွင်းထုခွင့်ရဦးမယ်။ "

မည်သည့်ခေတ်တွင်မဆို ထူးခြားသော ကျွမ်းကျင်မှုတစ်ခုရှိနေခြင်းက အမြဲတမ်း အကျိုးကျေးဇူးများ ရရှိစေသည်။ ရှုပ်ထွေးသော တိုက်ပွဲအတွင်း ရန်သူစစ်သူကြီးများကို လုပ်ကြံနိုင်စွမ်းရှိသော လေးသည်တော်များက အထူးဆက်ဆံခြင်းခံရသည်။

စစ်တပ်အတွင်း သာန်လေးသည်တော်များက မြားများပေါ်တွင် နာမည်များ ရေးထွင်းနိုင်သော်လည်း လေးသခင်များကမူ သူတစ်ယောက်တည်းအတွက် သီးသန့်အမှတ်တံဆိပ်ကို ရရှိနိုင်သည်။ ၎င်းက လေးသခင်များအတွက် သီးသန့်ထားရှိသည့် အထူးဂုဏ်ပြုမှုဖြစ်သည်။

ထိုအမှတ်တံဆိပ်များက ရန်သူသတ်ဖြတ်နိုင်သော အရေအတွက်ကို ရေတွက်ရန်နှင့် စွမဆောင်မှုများကို မှတ်တမ်းတင်ရန် ပိုမိုလွယ်ကူသွားလေသည်။

All Chapters