အခန်း (၃၃)
Vol. 4 Ch. 33
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း ၃၃
" အဲ့ဒါဆိုရင်တော့ အဲ့ဒီကိုယ်ပိုင်မြားတံဆိပ်ကို ငါကိုယ်တိုင် ရအောင် ယူရမှာပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
သူက လေးကို ကောက်ယူပြီး ခြေလှမ်းတစ်ရာအကွာမှ ပစ်မှတ်ကို စိုက်ကြည့်လိုက်သည်။ သူ၏ စွမ်းရည်အားလုံးက သာမန်လူထက် ကျော်လွန်နေပြီး သူ၏ အမြင်အာရုံကလည်း လင်းယုန်မျက်စိကဲ့သို့ ထူးကဲလှသည်။
ကျောက်ဖုန်းက ပထမဆုံး မြားကို ပစ်လွှတ်လိုက်သည်။
ရွှီး....
မျက်တောင်တစ်ခတ်အတွင်း မြားက လေထုကို ထိုးဖောက်သွားသည်။
ဒုတ်...
မြားက အဝေးရှိ ပစ်မှတ်ကို တည့်တည့်စိုက်ဝင်သွားသည်။
" အံ့ဩစရာပဲ။ "
" တော်လိုက်တာ..."
ပတ်ဝန်းကျင်ရှိ စစ်သည်များထံမှ အားပေးသုံများက ဟိန်းထွက်လာပြီး သူတို့က ကျောက်ဖုန်းကို လေးစားစွာဖြင့် ကြည့်လိုက်ကြသည်။ သို့သော် ကျောက်ဖုန်းက လေးကြိုးပေါ်တွင် မြားသုံးစင်းကို တစ်ပြိုင်နက် တင်လိုက်သည်။
ရွှီး ရွှီး ရွှီး....
ပထမမြားများ ပစ်မှတ်ကို မရောက်ခင် ကျောက်ဖုန်းက နောက်ထပ် မြားသုံးစင်ကို ထပ်မံပစ်လွှတ်လိုက်ပြီး ချက်ချင်း ဆိုသလိုပင် နောက်ထပ် မြားသုံးစင်းကိုပါ ပစ်လိုက်သည်။
ဒုတ်ဒုတ်ဒုတ်....
ပစ်မှတ်ဆီမှ ထိမှန်သံများက ဆက်တိုက်ထွက်ပေါ်လာသည်။ မျက်လုံးများအားလုံးက ပစ်မှတ်ကို စိုက်ကြည့်နေကြသည်။ ထိုအကွာအဝေးမှပင် မြားတစ်စင်းမှ မလွဲချော်ခဲ့ပေ။
ထိုအချိန်တွင် ပစ်မှတ်အနီးမှ စစ်သားတစ်ယောက်က ချက်ချင်း ပြေးလာပြီး ကျယ်လောင်စွာပြောလိုက်သည်။
" ညီအကိုကျောက်က မြားဆယ်ချောင်းလုံးကို အလယ်ကို ထိမှန်အောင် ပစ်မှတ်ခဲ့တယ်။ သူက လေးသခင်အဆင့်ကို ရရှိသွားပါပြီ။ "
သူ၏ စကားအဆုံးတွင် နောက်ထပ်အားပေးသံများ ထွက်ပေါ်လာပြန်သည်။ ပတ်ဝန်းကျင်ရှိ စစ်သည်များမှာ အလွန်စိတ်လှုပ်ရှားသွားပြီး လူတိုင်းက ကျောက်ဖုန်းကို ကြည့်နေကြသည်။
" ပစ်မှတ်ကို ဒီကို ယူခဲ့။ " ကျန်းဟန်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
ခဏကြာသောအခါ စစ်သားနှစ်ယောက်က ပစ်မှတ်ကို မယူပြီး သယ်ဆောင်လာကြသည်။
" ခြေလှမ်းတစ်ရာက ပစ်မှတ်ကို ဖောက်ထွက်သွားအောင် ပစ်နိုင်တာလား။ ဘုရားရေ ညီအကိုကျောက် မင်းမှာ ခွန်အားတွေ ဘယ်လောက်တောင် ရှိနေတာလဲ။ " ကျန်းဟန်က မြားဆယ်ချောင်းစိုက်ဝင်နေသော ပစ်မှတ်ကို ကြည့်ပြီး အံ့ဩစွာ ရေရွတ်လိုက်သည်။
" တကယ်ထူးချွန်တဲ့ လေးပစ်ပညာပဲ။ " နောက်ဘက်မှ ဝမ်ကျန့်က ကျောက်ဖုန်းကို အံ့ဩစွာဖြင့် ကြည့်လိုက်ပြီး အော်ဟစ်ချီးကျူးလိုက်သည်။
ကျောက်ဖုန်းက မထင်မှတ်ထားသော အသံကို ကြားလိုက်ရသဖြင့် ကျောက်ဖုန်းက လှည့်ကြည့်လိုက်ပြီး အခြားစစ်သားများကလည်း လှည့်ကြည့်လိုက်သည်။
ဝမ်ကျန့်ကို မြင်သည်နှင့် ကျန်ဟန်နှင့် အခြားတပ်မှူးများက ချက်ချင်း ဦးညွှတ်လိုက်ကြသည်။ " စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ "
ဝမ်ကျန့်လား။ ကျောက်ဖုန်းက ဩဇာအာဏာပြည့်ဝသော အမူအရာနှင့် သက်လတ်ပိုင်းလူကို ကြည့်လိုက်သည်။ သူက ရိုသေမှုမကင်းမဲ့စေရန် လေးကို ချပြီး ဦးညွှတ်လိုက်သည်။
" အားလုံးပဲ သက်သာသလိုနေပါ။ " ဝမ်ကျန့်က ပြုံး၍ လက်ဝှေ့ရမ်းလိုက်ပြီး ကျောက်ဖုန်းထံသို့ လျှောက်သွားသည်။
" ကျောက်ဖုန်း " သူက ကျောက်ဖုန်းအနီးသို့ ရောက်သောအခါ ချီးကျူးစကားပြောလိုက်သည်။ " မင်းက ငါ့ကို တကယ်အံ့အားသင့်စေတာပဲ။ ခြေလှမ်းတစ်ရာက ပစ်မှတ်ရဲ့ အလယ်ကို ထိမှန်အောင် ပစ်နိုင်တာက စစ်တပ်ထဲမှာ မကြားဖူးတာတော့မဟုတ်ဘူး။ "
" ဒါပေမယ့် မြားသုံးစင်းကို တစ်ပြိုင်နက်ပစ်ပြီး ခြေလှမ်းတစ်ရာအကွာက ပစ်မှတ်ကို ထိအောင်လုပ်နိုင်တာက ငါတစ်ခါမှမကြားဖူးဘူး။ မင်းရဲ့ လေးပစ်ပညာက တကယ်ထူးကဲလှပါတယ်။ "
" စစ်သေနာပတိချုပ်က ကျွန်တော်ကို ချီးကျူးလွန်းနေပါပြီ။ ဒါက ကံကောင်းသွားလို့ပါ။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
" မင်းက နှိမ့်ချလွန်းနေတာပဲ။ မင်း လွန်ခဲ့တဲ့ ခြောက်ရက်ကမှ မြားစပစ်ဖူးတာလို့ငါကြားတယ်။ ဒီလိုအရည်အချင်းမျိုးက တကယ်ကို ပါရမီရှင်ပဲ။ " ဝမ်ကျန့်က ပြုံး၍ ပြောလိုက်သည်။
ကျောက်ဖုန်းက လက်သီးလက်ဝါးဆုပ်ပြီး အရိုအသေပေးလိုက်သော်လည်း ဘာမှထပ်မပြောပေ။
" စစ်တပ်စည်းကမ်းအရ လေးသခင်တစ်ယောက်က ကိုယ်ပိုင်မြားတံဆိပ်ကို စိတ်ကြိုက်ပုံဖော်နိုင်တယ်။ မြားလုပ်တဲ့သူတွေ ပြီးရင် သူ့အတွက် သီးသန့်လုပ်ပေးလိုက်ကြ။ " ဝမ်ကျန့်က ပြောလိုက်သည်။
ထိုနောက် စစ်သားတစ်ယောက်က သစ်သားပြားတစ်ခုနှင့် ဓားငယ်နစ်လက်ကို ကိုင်ပြီး ရှေ့တိုးလာသည်။
" ကျေးဇူးပြုပြီး မင်းရဲ့ အမှတ်အသားကို ရေးထွင်းပေးပါ။ " စစ်သားက သစ်သားပြားကို မြှောက်ကာ ပြောလိုက်သည်။
" ကျုပ်ကြိုက်တဲ့ စာလုံး ထွင်းလို့ရလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" လေးသခင်တစ်ယောက်က ကိုယ်ပိုင်တံဆိပ်အဖြစ် ကြိုက်တဲ့ စာလုံးကို ရေထွင်းနိုင်ပါတယ်။ ဒါက စစ်မြေပြင်မှာ မင်းသတ်ခဲ့သူတွေကို ရေတွက်ရာမှာလည်း အထောက်အကူဖြစ်စေတယ်။ " ဝမ်ကျန့်က ရှင်းပြလိုက်သည်။
" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
ထို့နောက် သူက ဓားငယ်ကို ကောက်ယူပြီး သစ်သားပြားပေါ်တွင် စာလုံးတစ်လုံး ရေးထွင်းလိုက်သည်။
" သတ်ဖြတ်ခြင်း " သူရေးထွင်းလိုက်သည်က နောက်ပိုင်ခေတ်မှ ရိုးရှင်းသော စာလုံးများမဟုတ်ဘဲ ရှေးဟောင်းချင်ခေတ်မှ စာလုံးဖြစ်သည်။
" တော်တော်လေး ရိုးရှင်းပြီး ပြတ်သားတဲ့ တံဆိပ်ပဲ။ " ဝမ်ကျန့်က ရယ်ပြီး မှတ်ချက်ပေးလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " မြားတံဆိပ်ကို ရေးထွင်းပြီးသွားပြီ။ ဒီနေ့ကစပြီး ဒါက ကျောက်ဖုန်းရဲ့ သီးသန့်အမှတ်အသား ဖြစ်လိမ့်မယ်။ "
" အမိန့်အတိုင်းပါ။ " စစ်သားက သစ်သားပြားကို ကိုင်ပြီး ထွက်ခွာသွားသည်။
ထိုနေ့မှစ၍ ကျောက်ဖုန်း၏ မြားများကို မြားထုတ်လုပ်သည့်နေရာက သီးသန့်လုပ်ပေးမည်ဖြစ်ပြီး မြားတိုင်းတွင် ထိုစာလုံးပါရှိမည်ဖြစ်သည်။
" ကောင်းပြီ။ " ဝမ်ကျန့်၏ အမူအရာက ချက်ချင်း လေးနက်သွားသည်။
၎င်းကို မြင်သည်နှင့် လီထန်က ရှေ့တိုးလာပြီး လေ့ကျင့်ရေးကွင်းရှိ စစ်သားများကို အမိန့်ပေးလိုက်သည်။ " အားလုံးစုဝေးမယ်။ "
ထိုအမိန့်ကို ကြားသည်နှင့် စစ်သားများအားလုံးက ကွင်းလယ်သို့ စတင်စုဝေးလိုက်ကြသည်။ စခန်းတွင် ရှိနေသော စစ်သားတစ်သောင်းကျော်က မကြာမီ စုဝေးသွားကြသည်။ ထိုထဲတွင် ဝမ်ယန်၏ လက်အောက်ငယ်သားများသာမက ယန်မြို့ကို ကာကွယ်ရန် လီထန်၏ တပ်ဖွဲ့များလည်း ပါဝင်သည်။
" ငါ ရာထူးတိုးတာကို ကြေညာတော့မှာထင်တယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။
" ဒါပေမယ့် ဝမ်ကျန့်ကိုယ်တိုင် ဒီကိုရောက်လာတာဆိုတော့ စစ်ပွဲနဲ့ပက်သက်တာ တစ်ခုခုရှိရမယ်။ ငါတစ်ယောက်တည်းအတွက်နဲ့တော့ ကိုယ်တိုင်လာမှာမဟုတ်ဘူး။ "
" ဒီတစ်ခါ ငါ ရတနာသေတ္တာတော်တော်များများ ရလောက်တယ်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် ရေရွတ်လိုက်သည်။
မကြာမီ စခန်းအတွင်းမှ တိုက်ခိုက်ရေးစစ်သည်အားလုံး စနစ်တကျ စုဝေးပြီးသွားကြသည်။
" ငါဒီကို လာတာ ကိစ္စနှစ်ခုအတွက်ပဲ။ " ဝမ်ကျန့်၏ အသံက ထွက်ပေါ်လာသည်။ " ပထမအချက် ယန်မြို့မှာ အလစ်အငိုက် တိုက်ခိုက်ခံရတာက လီထန်မှာ လုံးဝ တာဝန်ရှိတယ်။ မင်းကြီးရဲ့ အမိန့်တော်နဲ့ စစ်ဥပဒေအရ လီထန်ရဲ့ အမှားတွေကို မှတ်တမ်းတင်ဖို့ ငါဒီကို ရောက်လာတာပဲ။ "
" မင်းကြီးက အမိန့်ထုတ်လိုက်တယ်။ တကယ်လို့ လီထန်က စစ်တပ်ကို ဆက်လက်ဦးဆောင်ချိန်မှာ နောက်ထပ်အမှားတွေ ထပ်လုပ်ဦးမယ်ဆိုရင် သူ့ကို စစ်ခုံရုံးဆီ ချက်ချင်း လွှဲပြောင်းပြီး အပြစ်ပေး ခံရလိမ့်မယ်။ " ဝမ်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။
သူ၏ အေးစက်သော အမူအရာက စစ်သားများအားလုံးကို ဖိအား ခံစားသွားရစေသည်။ လီထန်ကိုယ်တိုင်ကလည်း ဘေးတွင် ရပ်နေပြီး အသက်ပြင်းပြင်း မရှူရဲပေ။
" ဒုတိယအချက်ကတော့..." ဝမ်ကျန့်၏ အကြည့်က ကျောက်ဖုန်းပေါ်သို့ ကျရောက်သွားသည်။ " အရှင်မင်းကြီးရဲ့ အမိန့်အရ ချင်နိုင်ငံရဲ့ ရိက္ခာလမ်းကြောင်းကို ကာကွယ်ပေးခဲ့ပြီး ရန်သူတွေကို ချေမှုန်းပေးခဲ့တဲ့ စစ်သည်ကို ဆုလာဘ်တွေ ချီးမြှင့်မှာ ဖြစ်သည်။
" ကျောက်ဖုန်း " ဝမ်ကျန့်က ဩဇာအပြည့်ဖြင့် ခေါ်လိုက်သည်။
" ရှိပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း ရှေ့တိုးပြီး အရိုအသေပေးလိုက်သည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော် " ဝမ်ကျန့်က အမိန့်စာလိပ်ကို ဖြန့်လိုက်သည်။
" ကျွန်တော်မျိုးတို့ အရှင်မင်းကြီးရဲ့ အမိန်တော်ကို နာခံပါတယ်။ " လေ့ကျင့်ရေးကွင်းရှိ စစ်သည်အားလုံးက ရိုသေစွာ ဦးညွှတ်လိုက်ကြသည်။
" ထောက်ပို့တပ်ဖွဲ့က ကျောက်ဖုန်း မင်းက ထူးချွန်တဲ့ စွမ်းဆောင်မှုတွေကို ပြုလုပ်ခဲ့တယ်။ မင်းက ရန်သူတွေရဲ့ အလစ်ငိုက်တိုက်ခိုက်မှုကို တားဆီးပေးခဲ့တယ်။ ဒါအပြင် ချင်စစ်သည်တွေကို ကယ်တင်နိုင်တဲ့ ကုသရေးနည်းလမ်းတွေကို ဖော်ထုတ်ပေးခဲ့တယ်။ ဒါတွေအားလုံးက ကြီးမားတဲ့ စွမ်းဆောင်မှုတွေ ဖြစ်ပြီး ထိုက်တန်တဲ့ ဆုလာဘ်တွေကို ရရှိသင့်တယ်။ "
" အခု ကျောက်ဖုန်းကို ပင်မတပ်ဖွဲ့ဆီ ပြောင်းရွှေ့ပြီး တိုက်ခိုက်ရေးအရာရှိအဖြစ် စစ်တပ်ကို ကွပ်ကဲစေရမယ်။ ကျောက်ဖုန်းကို ရာထူးလေးဆင့် တိုးမြှင့်ပြီး စစ်သည်ငါးထောင်ကို ကွပ်ကဲရတဲ့ တပ်မမှူးအဖြစ် ခန့်အပ်လိုက်တယ်။
" ကျောက်ဖုန်းကို ဘွဲ့ထူးငါးဆင့် တိုးမြှင့်ပေးလိုက်တယ်။ စစ်ဘက်လစာ၊ နှစ်စဉ်ကြေးနဲ့ ပိုင်ဆိုင်ခွင့်ရတဲ့ မြေယာတွေကို စစ်ပွဲအပြီးမှာ စစ်တပ်စွမ်းဆောင်မှုအလိုက် သတ်မှတ်ချီးမြှင့်မယ်။ "
ထိုဆုလာဘ်အကြောင်း ကြားလိုက်ရသောအခါ ပတ်ဝန်းကျင်ရှိ စစ်သည်အားလုံးက အံ့အားသင့်သွားကြသည်။
" မင်းကြီးက တကယ်သဘောထားကြီးလှပါတယ်။ ကျောက်ဖုန်းကို ရာထူးလေးဆင့်နဲ့ ဘွဲ့ထူးငါးဆင့် တစ်ခါတည်း တိုးပေးလိုက်တာပဲ။ "
" ဟုတ်တယ်။ တကယ်ကြီးမားတဲ့ ချီးမြှင့်မှုပဲ။ "
" ရာထူးလေးဆင့်က တော်သေးတယ်။ ဒါပေမယ့် ဘွဲ့ထူးငါးဆင့်က တကယ်ကို မထင်မှတ်ထားတာပဲ။ "
စစ်သည်များက အံ့ဩစွာဖြင့် ရေရွတ်လိုက်ကြသည်။ ရာထူးလေးဆင့် တိုးခြင်းက မကြားဖူးခြင်းမဟုတ်သော်လည်း ဘွဲ့ထူးငါးဆင့် တိုးမြှင့်ခံရခြင်းက သူတို့မျှော်လင့်ထားသည်ထက် ပိုလေသည်။ သူတို့သာမက ကျောက်ဖုန်းကိုယ်တိုင်လည်း မှင်သက်သွားခဲ့သည်။
" ချင်ရှီဟွမ်က တကယ်သဘောထားကြီးတာပဲ။ ငါ့ကို ရတနာသေတ္တာကိုးလုံးတောင် လက်ဆောင်ပေးလိုက်တယ်။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။
သူက ရာထူးအပေါ် စိတ်လှုပ်ရှားခြင်းမရှိသော်လည်း ရာထိုးတိုးလျှင် ရရှိမည့်ရတနာများက သူ့ကို တုန်လှုပ်စေရန် လုံလောက်သည်။
" ဒီရတနာသေတ္တာတွေထဲမှာ ဘယ်လိုအံ့ဩစရာတွေ ပါဝင်နေမလဲမသိဘူး။ "