← Chapters

အခန်း (၃၄)

Vol. 4 Ch. 34

အခန်း (၃၄)

Vol. 4 Ch. 34

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း ၃၄

" ကျောက်ဖုန်း အမိန့်ကို လက်မခံတော့ဘူးလား။ " ဝမ်ကျန့်က မှင်သက်နေသော ကျောက်ဖုန်းကို ကြည့်ပြီး မေးလိုက်သည်။

" ကျွန်တော်မျိုး ကျောက်ဖုန်း အမိန့်ကို လက်ခံပါတယ်။ " ကျောက်ဖုန်းက ရှေ့သို့ တိုးပြီး အမိန့်ကို လက်ခံယူလိုက်သည်။ " အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ "

" တပ်မမှူးရဲ့ ဓားနဲ့ ချပ်ဝတ် ယူခဲ့ကြစမ်း။ " ဝမ်ကျန့်က အမိန့်ပေးလိုက်သည်။

စစ်သားတစ်ယောက်က သေတ္တာတစ်လုံးကို ချက်ချင်း သယ်ဆောင်လာပြီး ၎င်းပေါ်တွင် ခန့်ညားသော အနက်ရောင်ချပ်ဝတ်နှင့် ဓားတစ်လက် တင်ထားသည်။ ကျောက်ဖုန်းက ၎င်းတို့ကို လက်ခံယူလိုက်သည်။

" ဒီနေ့ကစပြီး " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " မင်းက ထောက်ပို့စစ်သားတစ်ယောက် မဟုတ်တော့ဘဲ ချင်းစစ်တပ် ပင်မတပ်ဖွဲ့ရဲ့ တပ်မမှူးတစ်ယောက်ဖြစ်သွားပြီ။ မင်းရဲ့ တာဝန်က သာမန်စစ်သည်တစ်ယောက်လို ရန်သူကို တိုက်ခိုက်ရုံတင်မဟုတ်ဘူး။ မင်းရဲ့ လက်အောက်မှာရှိတဲ့ စစ်သည်ငါးထောင်ကိုလည်း အမိန့်ပေးနိုင်ရမယ်။ "

" ရာထူးတွေပြောင်းလဲသွားရင် တာဝန်တွေလည်း ပိုကြီးလာလိမ့်မယ်။ ဒါကို မင်း ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။ "

" ကျွန်တော် နားလည်ပါပြီ။ " ကျောက်ဖုန်းက ပြန်ပြောလိုက်သည်။

" မင်းကြီးက မင်းကို တန်ဖိုးထားတယ်။ ချင်နိုင်ငံအတွက် အောင်မြင်မှုတွေ ထပ်ယူပေးနိုင်လိမ့်မယ်လို့လည်း မျှော်လင့်နေတယ်။ မင်းကြီးရဲ့ မျှော်လင့်ချက်တွေကို မပျက်ဆီးစေနဲ့။ " ဝမ်ကျန့်က ကျောက်ဖုန်း၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။ ထို့နောက် သူက စစ်သားများဘက်သို့ လှည့်ကြည့်လိုက်သည်။

" ထောက်ပို့တပ်သားတစ်ယောက်ဖြစ်တဲ့ ကျောက်ဖုန်းက နိုင်ငံတော်အတွက် ကြီးမားတဲ့ စွမ်းဆောင်မှုတွေကို လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ နာမည်က မင်းကြီးရဲ့ နားထဲထိ ရောက်သွားခဲ့ပြီ။ "

" ကျောက်ဖုန်းရဲ့ ရာထူးနဲ့ ဘွဲ့ထူးတိုးတာဟာ ချင်စစ်တပ်တစ်ခုလုံးက အရည်အချင်းရှိတဲ့သူတွေကို ဘယ်လိုအကျိုးခံစားခွင့်တွေ ပေးတယ်ဆိုတာ ပြလိုက်တာပဲ။ ချင်စစ်တပ်မှာ ငါတို့က မင်းဘယ်သူလဲဆိုတာ မကြည့်ဘူး။ မင်းရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်မှုကိုပဲ ကြည့်တယ်။ "

" ဒီနေ့ ကျောက်ဖုန်းရာထူးတိုးသွားသလို ချင်စစ်တပ်က စစ်သားတိုင်းက ဒီလိုအခွင့်အရေးမျိုးရှိတယ်။ အနာဂတ်မှာ ငါတို့ လန်ထျန်းစခန်းက စစ်သည်တွေက ထူးချွန်တဲ့ စွမ်းဆောင်မှုတွေ လုပ်ပြီး မင်းကြီးရှေကို ကိုယ်တိုင်ရောက်သွားနိုင်ဖို့ မျှော်လင့်တယ်။ သူတို့ကိုလည်း ငါကိုယ်တိုင် ရာထူးနဲ့ ဘွဲ့ထူးတွေ အပ်နှင်းခွင့်ရဖို့ မျှော်လင့်ပါတယ်။ "

ထိုစကားများနှင့်အတူ ကျောက်ဖုန်းကို ကြည့်ပြီး စစ်သည်များအားလုံး၏ မျက်နှာတွင် မျှော်လင့်ချက်များနှင့် ရ်မှန်းချက်များ ပေါ်လာသည်။ သူတို့၏ စိတ်ထဲတွင် စွမ်းဆောင်မှုများ ပြုလုပ်ပြီး ရာထူးတက်လှမ်းလိုသော ဆန္ဒများ အမှန်တကယ် တောက်လောင်လာခဲ့သည်။

" ငါ့ကို ဥပမာပေးချင်တာကိုး။ " ကျောက်ဖုန်းက ဝမ်ကျန့်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။

စစ်တပ်တစ်ခုလုံး၏ စိတ်ဓာတ်ကို လှုံ့ဆော်ပေးရန် ပိုပြီး ရဲရဲဝံ့ဝံ့တိုက်ခိုက်စေရန် သူ့ကို အသုံးချလိုက်ခြင်းပင် ဖြစ်သည်။

" ငါက အေးအေးဆေးဆေး နေချင်ပေမယ့် အခုတော့ လူသိမခံဘဲ နေလို့မရတော့ဘူးထင်တယ်။ " ကျောက်ဖုန်းက သက်ပြင်းချလိုက်သည်။

သူလှုပ်ရှားခဲ့သည့် နှစ်ကြိမ်စလုံးမှာ မလွှဲသာ မရှောင်သာ အခြေအနေများကြောင့် ဖြစ်သည်။ ပထမတစ်ကြိမ်တွင် ပေါင်ချိုးကို သတ်လိုက်ခြင်းမှာ ထိုလူက ဝေချွမ်ကို သတ်တော့မည်ဖြစ်သောကြောင့် ဖြစ်သည်။

ဒုတိယအကြိမ် သူတို့ ဟန်စစ်တပ်၏ လိုက်လံသတ်ဖြတ်ခြင်း ခံရချိန်တွင် သူတစ်ယောက်တည်းဆိုလျှင် လွတ်မြောက်နိုင်သော်လည်း ဝေချွမ်နှင့် သူ၏ ဘေးမှ ညီအကိုများ လွတ်မြောက်နိုင်မည်မဟုတ်ပေ။

ယခု အားလုံးသိသွားသောကြောင့် ကျောက်ဖုန်းက သိုဝှက်နေထိုင်ရန် ခက်ခဲသွားပြီဖြစ်သည်။

" ကောင်းပြီလေ။ စစ်မြေပြင်ကို အသုံးချပြီး ငါ့ကိုငါ ပိုသန်မာလာအောင် လုပ်ရမယ်။ ချင်နိုင်ငံရဲ့ ကံကြမ္မာက အကန့်အသတ်ရှိတယ်။ အခု စွမ်းရည်တွေ အများကြီး စုဆောင်းနိုင်မှ ချင်နိုင်ငံပျက်ဆီးချိန်မှာ ပိုလွယ်ကူလိမ့်မယ်။ ပြီးတော့ နန်းတော်ထဲက သွေးဂျင်ဆင်းကိုလည်း ငါရအောင် ယူရမယ်။ " ကျောက်ဖုန်း ယက တွေးလိုက်သည်။

ခဏကြာသောအခါ စစ်သားများက လူစုခွဲသွားကြသည်။

" စစ်သေနာပတိချုပ် ကျွန်တော်က ပင်မတပ်ဖွဲ့ရဲ့ ဘယ်အပိုင်းမှာ တာဝန်ထမ်းဆောင်ရမှာလဲ။ " ကျောက်ဖုန်းက သိလိုစိတ်နှင့် မေးလိုက်သည်။ စစ်သည်ငါးထောင်ကို အမိန့်ပေးရမည့် တပ်မမှူးဖြစ်လာသော်လည်း သူက ဘယ်ကိုသွားရမှန်းမသိသေးပေ။

" လီထန် အားလုံး စီစဉ်ပြီးသွားပြီလား။ " ဝမ်ကျန့်က လီထန်ကို ကြည့်လိုက်သည်။

" စိတ်ချပါ စစ်သေနာပတိချုပ်။ တစ်ရက်က လုံလောက်တာထက် ပိုပါတယ်။ " လီထန်က ရိုသေစွာ ပြန်ပြောလိုက်သည်။

" မနက်ဖြန်ကျရင် ဒီလေ့ကျင့်ရေးကွင်းကို လာပြီး တပ်ဖွဲ့ကို လွှဲပြောင်းယူလို့ရပြီ။ " ဝမ်ကျန့်က ကျောက်ဖုန်းကို ပြောလိုက်သည်။ " စစ်သည်ငါးထောင် တစ်ယောက်မှ မလျော့စေရဘူး။ "

ဝမ်ကျန့်နှင့် တပ်မှူးများ ထွက်ခွာသွားသောအခါ ကျန်းဟန်နှင့် အခြားတပ်မှူးများက စုဝေးလာကြသည်။

" ဂုဏ်ပြုပါတယ် တပ်မမှူး။ "

" ဂုဏ်ပြုပါတယ် တပ်မမှူး။ " လူတိုင်းက ကျောက်ဖုန်းကို ဂုဏ်ပြုစကားပြောလိုက်ကြသည်။

ကျောက်ဖုန်းက ပြုံး၍ လက်သီးလက်ဝါးဆုပ်ပြီး ပြန်ပြောလိုက်သည်။

" နှမြောစရာပဲ။ " ကျန်းဟန်က စိတ်ပျက်စွာ ပြောလိုက်သည်။ " တပ်မမှူးသာ ကျုပ်တို့တပ်ဖွဲ့တွေကို ဦးဆောင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ။ "

" တပ်မမှူးရဲ့ ခွန်အားနဲ့ဆို ကျုပ်တို့တပ်က ရန်သူတွေကို အပြည့်အဝ တိုက်ခိုက်နိုင်မှာ သေချာတယ်။ "

" ဘာလဲ။ မင်းတို့ရဲ့ စစ်သူကြီးဝမ်ကို အဲ့လောက်တောင် သဘောမကျဘူးလား။ " ကျောက်ဖုန်းက ရယ်ပြီး စနောက်လိုက်သည်။

" သဘောမကျတာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကျုပ်တို့စစ်သူကြီးက တစ်ခုခုလိုနေသလိုပဲ။ စစ်တပ်ကို ဦးဆောင်ဖို့ လိုအပ်တဲ့ ပြတ်သားမှုမျိုး မရှိဘူး။ " ကျန်းဟန်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

" ပြီးတော့ သူတာဝန်ယူကတည်းက ကျုပ်တို့တပ်ဖွဲ့က အမြဲတမ်း နောက်တန်းမှာပဲ နေနေရတယ်။ ကျုပ်တို့ ရှေ့တန်းထွက်ပြီး တိုက်ခိုက်ဖို့ အခွင့်အရေးသိပ်မရဘူး။ တခြားတပ်ဖွဲ့တွေက ရန်သူတွေကို သတ်ပြီး စွမ်းဆောင်မှုတွေ ယူနေတာကို ထိုင်ကြည့်နေရတယ်။ "

ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်းက ချက်ချင်း နားလည်သွားသည်။ သူတို့ အမြဲတမ်း နောက်တန်းတွင် နေရသည့် အကြောင်းရင်းမှာ ဝမ်ယန်ကြောင့်သာ ဖြစ်သည်။

သူမက စစ်သေနာပတိချုပ်၏ သမီးဖြစ်သောကြောင့် လီထန်က သူမကို ရှေ့တန်းသို့ စေလွှတ်ရဲမည်မဟုတ်ပေ။ ဝမ်ယန်ကို ယန်မြို့အား စောင့်ရှောက်ရန် တာဝန်ပေးခြင်းကလည်း ဘေးကင်းသော တာဝန်တစ်ခုသာ ဖြစ်သည်။

သို့သော် ပေါင်ယွမ်က ထိုနေရာတွင် ပုန်းအောင်းနေလိမ့်မည်ဟု ဘယ်သူမှမမျှော်လင့်ထားပေ။ လီထန်က ထိုသတင်းကို ကြားလိုက်ရချိန်တွင် သူက ရိက္ခာလမ်းကြောင်းပြတ်တောက်မည်ကို စိုးရိမ်ခြင်းထက် ဝမ်ယန်တစ်ခုခုဖြစ်သွားမည်ကို ပို၍ စိုးရိမ်ခဲ့ရသည်။

" တစ်ယောက်ယောက်ကတော့ နောက်တန်းကို ထိန်းထားရမှာပဲလေ။ ယန်မြို့က တိုက်ပွဲက ဥပမာမဟုတ်လား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" တပ်မမှူးပြောတာလည်း မှန်ပါတယ်။ ဒါပေမယ့် ကျုပ်တို့ကတော့ ရှေ့တန်းမှာ တိုက်ပွဲဝင်ချင်ကြတုန်းပဲ။ " ကျန်းဟန်က ပြောလိုက်သည်။

ကျောက်ဖုန်းက ကျန်းဟန်နှင့် အခြားသူများကို နှုတ်ဆက်ပြီး သူ၏ အခန်းသို့ ပြန်လာသည်။ သူက တံခါးပိတ်လိုက်ပြီးနောက် ချပ်ဝတ်နှင့် ဓားတို့ကို ဘေးတွင် ချထားလိုက်သည်။

" ရာထူးလေးဆင့်နဲ့ ဘွဲ့ထူးငါးဆင့် တိုးမြှင့်သွားသောကြောင့် အဆင့်တစ်ရတနာသေတ္တာ ကိုးလုံးရရှိပါတယ်။ "

" အဆင့်တစ်ရတနာသေတ္တာ ကိုးလုံးတောင်။ ကောင်းတာတွေ ရဖို့ မျှော်လင့်ရမှာပဲ။ " ထို့နောက် ကျောက်ဖုန်းက ပြုံးပြီး ရတနာသေတ္တာအားလုံးကို ဖွင့်ရန် အမိန့်ပေးလိုက်သည်။

" အဆင့်တစ်ရတနာသေတ္တာများကို ဖွင့်နေပါပြီ။ "

" အဆင့်နှစ် အဆင့်နိမ့် လုံချွမ်ဓားကို ရရှိပါတယ်။ "

" အဆင့်တစ် အလယ်အလတ်အဆင့် သွေးတိတ်ဆေးမှုန့်ဖော်စပ်နည်းကို ရရှိပါတယ်။ "

" စာလုံးအရှင်ရိုက်နှိပ်ခြင်းပညာကို ရရှိပါတယ်။ "

" စက္ကူပြုလုပ်ခြင်းပညာကို ရရှိပါတယ်။ "

" အဝါရောင်အဆင့် အဆင့်မြင့် နဂါးနိုင်လက်ဝါးကို ရရှိပါတယ်။ "

" အဆင့်နှစ် အဆင့်မြင့် အထူးအားဆေးရည်ကို ရရှိပါတယ်။ "

" ရွှေစတစ်ထောင်ကို ရရှိပါတယ်။ "

" အဝါရောင်အဆင့် အလယ်အလတ်အဆင့် ကျုံးကျိအတွင်းအားပညာကို ရရှိပါတယ်။ "

" အနက်ရောင်အဆင့် အဆင့်နိမ့် နဂါးဆင်ကျမ်းကို ရရှိပါတယ်။ "

ရတနာသေတ္တာအားလုံးပွင့်သွားသောအခါ သူ၏ရှေ့တွင် ဆုလာဘ်များ ထွက်ပေါ်လာပြီး သူ၏ အကြည့်က နောက်ဆုံးနှစ်ခုပေါ်သို့ ကျရောက်သွားသည်။

" ဘုရားရေ ငါ တော်တော်ကံကောင်းတာပဲ။ ကျင့်စဉ်နှစ်ခုတောင် ရလိမ့်မယ်လို့ မထင်ထားဘူး။ ဒဏ္ဍာရီလာကျင့်စဉ်တွေ ငါတကယ်ရလိုက်ပြီ။ "

" နဂါးဆင်ကျမ်း။ ဒါက နဂါးဆင်ကျမ်းလား။ ဒါပေမယ့် တစ်ခုခုတော့ လွဲနေသလိုပဲ။ " ကျောက်ဖုန်းက စိတ်လှုပ်ရှားသွားပြီး ကျန်သောအရာများကို ခဏဘေးဖယ်ကာ ကျင့်စဉ်နှစ်ခုကို ထုတ်ယူလိုက်သည်။

ကျုံးကျိအတွင်းအားပညာနှင့် နဂါးဆင်ကျမ်း၏ အချက်အလက်များက သူ၏ စိတ်ထဲသို့ စီးဝင်လာသည်။ မကြာမီ သူ၏ စိတ်အသိထဲတွင် ထိုအချက်အလက်များက စွဲထင်သွားသည်။

" နဂါးဆင်ကျမ်းက ပိုအဆင့်မြင့်တယ်။ အဲ့ဒါကိုပဲ ငါကျင့်တော့မယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

သူက အလွန်စိတ်လှုပ်ရှားနေသည်။ သူက စွမ်းရည်များကိုသာ ကောက်ယူနိုင်ရုံသာမက ယခု ကိုယ်ပိုင်ကျင့်စဉ်တစ်ခုကိုလည်း ရရှိလိုက်သည်။ ယခင် စိတ်ကူးယဉ်မှုတစ်ခုကဲ့သို့ ဖြစ်နေသော ကျင့်ကြံခြင်းက ယခု သူ၏ လက်ထဲသို့ ရောက်လာပြီဖြစ်သည်။

" နဂါးဆင်ကျမ်းက အဆင့်ကိုးဆင့်ရှိတယ်။ အဆင့်တစ်ခုစီကို အောင်မြင်တိုင်း ခွန်အားက ပေါင်တစ်ထောင် တိုးလာမှာပဲ။ အဆင့်ကိုးကိုရောက်ရင် နဂါးဆင်ခွန်အားကို ပိုင်ဆိုင်နိုင်လိမ့်မယ်။ ဒီကျင့်စဉ်က အတွင်းအားထက် ပိုသန်မာပုံရပေမယ့် အခြေခံကျင့်စဉ်တစ်ခုလို့လည်း ခံစားရတယ်။ "

" ဘာပဲဖြစ်ဖြစ် ကျင့်စဉ်တစ်ခုရတာကိုက ကြီးမားတဲ့ ကံကောင်းမှုပဲ။ အခု ဒါက သိုင်းပညာတစ်ခုဆိုပေမယ့် အနာဂတ်မှာ အင်မော်တယ်ကျင့်စဉ်တွေ ရလာနိုင်တယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

All Chapters