← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း ၃၅

" လုံချွမ်ဓား..." ကျောက်ဖုန်းက နောက်ထပ်ရတနာတစ်ခုကို ထုတ်ယူလိုက်သည်။ အေးစက်သော အလင်းနှင့် ဓားတစ်လက် ထွက်ပေါ်လာသည်။

" ဒီခေတ်ရဲ့ နည်းပညာတွေနဲ့ ဘယ်လိုမှမလုပ်နိုင်တဲ့ ဓားတစ်လက်ပဲ။ လုံချွမ်ဓား ဒါကလည်း နာမည်ကျော်ဓားတစ်လက်ပဲ။ " ကျောက်ဖုန်းက ဓားကို ကိုင်ကြည့်ရင်း အလွန်ကျေနပ်နေသည်။

" လက်နက်ကောင်းတစ်ခုက စစ်မြေပြင်မှာ အသက်ရှင်ဖို့အတွက် အကောင်းဆုံးအထောက်အကူပဲ။ နဂါးနိုင်လက်ဝါးက ငါ့ရဲ့ ကျင့်စဉ်ထက်တောင် ပိုအဆင့်မြင့်သေးတယ်။ ဒီနေ့တော့ ငါ့ကံက တော်တော်ကောင်းနေပြီ။ " ကျောက်ဖုန်းက ရတနာများကို ဆက်လက်ထုတ်ယူရင်း တွေးလိုက်သည်။

" ဒါက သိုင်းလောကထဲက နဂါးနိုင်လက်ဝါးဆယ့်ရှစ်ကွက်မဟုတ်ပေမယ့် ပိုသန်မာတဲ့ပုံပဲ။ ဒါကို အသုံးပြုဖို့ အစစ်အမှန်ချီကို လိုအပ်တယ်။ ဒါပေမယ့် ငါက အစစ်အမှန်ချီကို ဘယ်ကမှာလဲ။ " သိုင်းပညာကို လေ့လာပြီးနောက် ကျောက်ဖုန်းက အနည်းငယ် စိတ်ပျက်သွားသည်။ သူက အစစ်အမှန်ချီကို လုံးဝမသိသေးပေ။

" သိုင်းပညာတစ်ခုနဲ့ ကျင့်စဉ်နှစ်ခု။ ဒါကတင် တော်တော်တန်ဖိုးရှိနေပါပြီ။ ပြီးတော့ သွေးတိတ်ဆေးမှုန့်ဖော်စပ်နည်းလည်း ရှိသေးတယ်။ ဒါကိုတော့ စျေးကောင်းရမယ့်အချိန်ထိ စောင့်ပြီးမှ ရောင်းရမယ်။ "

" စာလုံးအရှင်ရိုက်နှိပ်ခြင်းပညာ၊ စက္ကူပြုလုပ်နည်း။ စနစ်က ငါ့ကို အနာဂတ်အခြေခံအုတ်မြစ်တွေ ပေးနေတာပဲ။ အနာဂတ်မှာ ချင်နိုင်ငံပျက်ဆီးသွားပြီး ငါသာ အာဏာလုလိုက်ရင် မှူးမတ်တွေရဲ့ လွှမ်းမိုးမှုကို ဖျက်ဆီးဖို့ ဒါတွေကို သုံးလို့ရတယ်။ "

" ရတနာသေတ္တာကိုးလုံးက ချင်ရှီဟွမ်လက်ဆောင်ပေးတာလို့တောင် ပြောလို့ရတယ်။ ရာထူးနဲ့ ဘွဲ့ထူးတွေရတနာက ကံကြမ္မာကနေတစ်ဆင့် ရတနာသေတ္တာတွေ ရစေတာပဲ။ ငါသာ ပိုသန်မာချင်ရင် တစ်ဆင့်ပြီးတစ်ဆင့် ဆက်တိုက်တက်လှမ်းရမယ်ထင်တယ်။ "

သူရရှိခဲ့သော ရတနာများက သူ၏ အနာဂတ် တိုးတက်မှုအတွက် အလွန်အထောက်အကူဖြစ်စေသည်။ ထိုရတနာတစ်ခုချင်းစီက အလွန်တန်ဖိုးကြီးလှသည်။

" ဒီညတော့ ဒီကျင့်စဉ်ကို ကျင့်ကြံကြည့်ရတယ်။ မနက်ဖြန် ဝမ်ကျန့်က ငါ့ကို စစ်တပ်ကွပ်ကဲဖို့ ဘယ်လိုစီစဉ်ပေးမလဲ ကြည့်ရမှာပေါ့။ ငါ့ကို ဘယ်လိုတပ်ဖွဲ့ထဲ တာဝန်ခွဲပေးမလဲသိချင်မိတယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" တပ်မမှူးကျောက် ရှိလား။ " လူစိမ်းအမျိုးသားတစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။

" ဘာကိစ္စလဲ။ " ကျောက်ဖုန်းက လုံချွမ်ဓားကို သိမ်းဆည်းပြီး ပြန်မေးလိုက်သည်။

ထိုအချိန်တွင် တံခါးပွင့်သွားပြီး ထောက်ပို့စစ်သားနှစ်ယောက်က သေတ္တာတစ်လုံးစီကို သယ်ဆောင်ကာ ဝင်ရောက်လာသည်။ သူတို့က အခန်းထဲမှ စားပွဲဆီသို့ သွား၍ သေတ္တာများကို ဖွင့်ပြီး ဟင်းအချို့နှင့် ဝိုင်အိုးအချို့ကို ထုတ်လိုက်သည်။

" အချိန်တွေကုန်တာ မြန်လိုက်တာ ညနေတောင် ရောက်သွားပြီပဲ။ " ကျောက်ဖုန်းက အပြင်ဘက် ကောင်းကင်ကို ကြည့်ပြီး ရေရွတ်လိုက်သည်။ သို့သော် သူက စားပွဲပေါ်သို့ အကြည့်ရောက်သွားပြီး အံ့ဩစွာ မေးလိုက်သည်။ " ဒီနေ့ ဘာလို့ဝိုင်တွေပါလာတာလဲ။ "

" ဒါက စစ်သူကြီးဝမ် စီစဉ်ပေးလိုက်တာပါ။ " လူတစ်ယောက်က ရှင်းပြလိုက်သည်။

" ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ " ထောက်ပို့စစ်သားနှစ်ယောက်က ထွက်ခွာသွားသည်။

" ပင်မတပ်မှာ အရက်သောက်တာကို တားမြစ်ထားတာပဲ။ ဒီကောင်မလေး ဘာတွေကြံစည်နေတာလဲ။ " ကျောက်ဖုန်းက တွေးလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ဒီနေ့စားစရာတွေက တော်တော်ကောင်းတာပဲ။ အသားရော ဟင်းရွက်တွေရော ပါတယ်။" ကျောက်ဖုန်းက တူကို ကောက်ကိုင်ပြီး စတင်စားသောက်လိုက်သည်။ ထိုအချိန်တွင် အခန်းအပြင်ဘက်မှ ညင်သာသော ခြေသံများကို ကြားလိုက်ရသည်။

" ဘာလို့ဒီလိုဖြည်းဖြည်းလျှောက်နေတာလဲ။ ဒါက မင်းနဲ့မတူဘူးနော်။ " ကျောက်ဖုန်းက နောက်လှည့်မကြည့်ဘဲ စနောက်လိုက်သည်။

အခန်းတံခါး ပွင့်သွားပြီးနောက် ဝမ်ယန်က ဖြည်းညင်းစွာ ဝင်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ ကျောက်ဖုန်းက စစ်စခန်းအတွင်း နေထိုင်ချိန်အတွင်း ဝမ်ယန်နှင့် ရင်းနှီးလာခဲ့သည်။ သူတို့က နေ့ထိုင်းအတူရှိနေကြသဖြင့် သူတို့၏ စကားပြောဆိုမှုများက ယခင်လောက် မစိမ်းတော့ပေ။

ဝမ်ယန်က စကားမပြောဘဲ ဖြည်းညင်းစွာ လျှောက်လာသည်။ ကျောက်ဖုန်းက လှည့်ကြည့်လိုက်ချိန်တွင် ချက်ချင်း မှင်သက်သွားတော့သည်။

" မင်း မင်း..." ကျောက်ဖုန်က သေခြင်းရှင်ခြင်းကို ရင်ဆိုင်ဖူးပြီး ခမ်းနားသော မြင်ကွင်းများကို မြင်တွေ့ခဲ့ဖူးသော်လည်း.ယခုအချိန်တွင် သူက ပါးစပ်အဟောင်းသားဖြင့် ငေးကြည့်နေမိသည်။

ဝမ်ယန်က ချပ်ဝတ်ကို ချွတ်ထားပြီး သူမ၏ ဆံပင်များကလည်း စစ်သည်များကဲ့သို့ စည်းနှောင်ထားခြင်းမရှိဘဲ နက်မှောင်သော ဆံနွယ်များက ပုခုံးပေါ်သို့ ဝဲကျနေကာ ဆံထိုးတစ်ချောင်းဖြင့် ထိန်းထားသည်။ သူမက အနက်နှင့်အနီ ရောယှက်ထားသော စကတ်ရှည်ကို ဝတ်ဆင်ထားပြီး သူရဲကောင်းဆန်သော အသွင်ကို ဆောင်နေသည်။

သူမ၏ ဖုံးကွယ်ထားသော မျက်နှာကလည်း ယခု လုံးဝ ပြောင်းလဲသွားပြီး ပြည့်စုံလုနီးပါး ချောမောလှပသော ရုပ်ရည်က ပေါ်လွင်နေသည်။

သူ၏ ယခုဘဝတွင်သာမက ယခင်ဘဝမှ မှတ်ဉာဏ်များထဲမှာပင် ထိုကဲ့သို့ လှပသော မိန်းကလေးကို မမြင်ဖူးခဲ့ပေ။ သူမက အလွန်ပင် လှပလွန်းလှသည်။

" အရှေ့ဟန်မင်းဆက်ခေတ်က တျောင်ချန်ဆိုတာလည်း ဒီလိုမျိုးပဲဖြစ်မှာပဲ။ " ကျောက်ဖုန်းက ဝမ်ယန်၏ လှပသော မျက်နှာလေးကို ငေးကြည့်ရင်း တွေးလိုက်သည်။

ဝမ်ယန်က ဝင်လာပြီး ကျောက်ဖုန်း၏ မှင်သက်နေသော အမူအရာကို မြင်သောအခါ သူမ၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားပြီး ရင်ထဲတွင်လည်း ကြည်နူးမှုတစ်ခု ပေါ်လာသည်။ သူမက ရှေ့သို့ တိုးလာပြီး ဝိုင်အိုးကို ကိုင်ကာ ခွက်နှစ်ခုထဲသို့ လောင်းထည့်လိုက်သည်။

" မင်း မင်းဘာလုပ်နေတာလဲ။ " ကျောက်ဖုန်းက ထစ်ငေါ့စွာ မေးလိုက်သည်။ ဝမ်ယန်က ရုတ်တရက် မိန်းကလေးဝတ်စုံကို ဝတ်ဆင်လိုက်ခြင်းက သူ့ကို အငိုက်မိသွားစေခဲ့သည်။

" ငါ မနက်ဖြန် ထွက်သွားတော့မယ်။ " ဝမ်ယန်၏ သာယာငြိမ့်ညောင်းသော အသံလေးက ထွက်ပေါ်လာသည်။

" ထွက်သွားတော့မယ် ဘယ်ကိုလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" အိမ်ကို " ဝမ်ယန်က တိုးညှင်းစွာ ပြောလိုက်သည်။

" အိမ်ပြန်တော့မလို့လား။ စစ်တပ်မှာ မနေတော့ဘူးလား။ " ကျောက်ဖုန်းက အံ့ဩစွာမေးလိုက်ပြီး သူ၏ ရင်ထဲတွင်လည်း ဖော်ပြမရနိုင်သော ဟာတာတာ ခံစားချက်တစ်ခု ပေါ်လာသည်။

" စစ်တပ်ထဲမှာ ငါက ဘာလုပ်နိုင်မှာမလို့လဲ။ ဘာပဲလုပ်လုပ် ဘာမှပြောင်းလဲလာမှာမဟုတ်ဘူး။ ငါက တစ်ခုခုပြောင်းလဲဖို့ စစ်တပ်စွမ်းဆောင်မှုတွေကို စုဆောင်းခဲ့ချင်ပေမယ့် အဲ့ဒါတွေက အဓိပ္ပါယ်မရှိဘူး။ " ဝမ်ယန်၏ မျက်နှာပေါ်တွင် ဝမ်းနည်းသော အရိပ်အယောင်များ ပေါ်လာသည်။

ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ငါနဲ့အတူ သောက်ပေးပါ။ ဒါကို နှုတ်ဆက်ပွဲလို့ သဘောထားလိုက်ပေါ့။ " ဝမ်ယန်က သူမ၏ ခွက်ကို မြှောက်ပြီး ပြောလိုက်သည်။ " ပြီးတော့ ဒါက ကျေးဇူးရှင်ကို ကျေးဇူးဆပ်တာပဲ။ "

ကျောက်ဖုန်းက သူ၏ ခွက်ကို ကိုင်လိုက်ပြီး ဝမ်ယန်ကို ကြည့်ကာ မည်သို့နှစ်သိမ့်ရမည်ကို မသိတော့ပေ။

" သောက်ကြစို့။ " ဝမ်ယန်က ပြုံး၍ သူမ၏ ခွက်ထဲမှ ဝိုင်ကို တစ်ခါတည်း မော့သောက်လိုက်သည်။

သူမက ပြုံးနေသော်လည်း ထိုအပြုံး၏ နောက်ကွယ်မှ ခါးသီးမှုများကို ကျောက်ဖုန်းက မြင်နေရသည်။ သူက သူမကို ဘယ်လိုနှစ်သိမ့်ရမှန်းမသိသဖြင့် ဝိုင်ခွက်ကိုသာ မော့သောက်လိုက်သည်။

ဝမ်ယန်က သူမ၏ ကံကြမ္မာကို ပြောင်းလဲချင်သော်လည်း ကျောက်ဖုန်းက သူမကို ကူညီနိုင်မည့်နည်းလမ်းမရှိပေ။ သူကိုယ်တိုင်ပင် သူ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်လောက်သည့် ခွန်အားမျိုး မရှိသေးပေ။

" ငါ့ကို ဘာလို့ကြည့်နေတာလဲ။ စားပါ သောက်ပါ။ ဒါက ငါနင့်ကို နောက်ဆုံးအကြိမ် လာတွေ့တာပဲ။ နင်က ငါ့ကို အထင်သေးနေမယ်ဆိုတာ သိပါတယ်။ မိန်းကလေးတစ်ယောက်က စစ်တပ်မှာ ဘာမှမလုပ်နိုင်ဘူး။ ကိုယ့်ကိုကိုယ် သက်သေမပြနိုင်ဘူး။ ဒါပေမယ့် ဒီနေ့က ငါတို့ နောက်ဆုံးအကြိမ် တွေ့ရတာပဲ။ " သူမ၏ အသံက ဝမ်းနည်းမှုများဖြင့် ငို့တော့မည့်အလား ဖြစ်နေသည်။

" သောက်ပါ။ " ကျောက်ဖုန်းက ဝိုင်တစ်ခွက်ထပ်ငှဲ့ကာ မော့သောက်လိုက်သည်။ " မိန်းကလေး ငါမင်းကို အထင်သေးတယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ။ ငါမင်းကို အထင်မသေးတဲ့အပြင် လေးစားမိပါတယ်။ "

" ဒီခေတ်ကြီးမှာ မိန်းကလေးတစ်ယောက်အတွက် ရွေးချယ်စရာမရှိသလောက်ပဲ။ ဒါပေမယ့် မင်းက ကိုယ်ရဲ့ ကံကြမ္မာကို ပြန်တိုက်ခိုက်ဖို့ သတ္တိရှိခဲ့တယ်။ မင်းက ကိုယ့်ကိုကိုယ် သက်သေပြပြီးသားပါ။ အဆုံးမှာ မင်းရှုံးနိမ့်သွားရင်တောင် မင်း သက်သေပြခဲ့ပြီးပြီပဲ။ "

" တကယ်လား။ " ဝမ်ယန်က ကျောက်ဖုန်းကို စိုက်ကြည့်ပြီး မေးလိုက်သည်။

" တကယ်ပေါ့။ " ကျောက်ဖုန်းက ပြုံး၍ ခေါင်းညိမ့်လိုက်သည်။

" ငါ... နင်ငါ့ကို နှစ်သိမ့်နေတယ်ဆိုတာ ငါသိပါတယ်။ " ဝမ်ယန်က ပြောလိုက်သော်လည်း သူမ၏ မျက်နှာတွင် ပျော်ရွှင်သော အမူအရာ ပေါ်လာသည်။

" ငါက စစ်တပ်ထဲမှာ ဘာမှမလုပ်နိုင်ခဲ့တဲ့အပြင် အမှားတွေတောင် အများကြီး လုပ်ခဲ့မိတယ်။ ဒါပေမယ့် နင့်ဆီက ဒီစကားကြားရတာ တကယ်ဝမ်းသာပါတယ်။ "

ဝမ်ယန်က ခွက်ကိုမြှောက်ပြီး ကျောက်ဖုန်းနှင့်အတူ မော့သောက်လိုက်သည်။ သူတို့ စကားပြောပြီး သောက်နေကြစဉ် နှစ်ယောက်လုံး၏ မျက်နှာက အရက်အရှိန်ကြောင့် နီရဲလာကြသည်။

" နင်သိလား။ ငါရဲ့အဖေက ချင်နိုင်ငံရဲ့ စစ်သေနာပတိချုပ် ဝမ်ကျန့်လေ။ "

" ငါအဲ့ဒါကို သိနေတာကြာပါပြီ။ မဟုတ်ရင် လီထန်က မင်းကို ဘာလို့ ဒီလောက်အလေးထားပြီး ဆက်ဆံနေမှာလဲ။ "

" နင်မသိဘူးလို့ ငါထင်နေတာ။ အဖေပြောတာ နန်းတော်ထဲမှာ ကျွန်မကို မင်းကြီးရဲ့ သားကြီးဖူစုနဲ့ လက်ထပ်ပေးဖို့ တောင်းဆိုနေကြတယ်လို့ သတင်းကြားတယ်တဲ့။ "

" မင်းလက်မထပ်ချင်ဘူးလား။ "

" လက်မထပ်ချင်ဘူး။ ငါတော်ဝင်မိသားစုထဲကို မဝင်ချင်ဘူး။ ငါ တကယ်ချစ်တဲ့သူတစ်ယောက်ကို ရှာပြီး လက်ထပ်ချင်တယ်။ နိုင်ငံရေးအရ လက်ထပ်တာမျိုးလည်း မလိုချင်သလို နယ်ရုပ်တစ်ရုပ်အဖြစ် အသုံးချမခံချင်ဘူး။ "

" အရင်ကတော့ ကျွန်မ ဘယ်သူကိုမှ မတွေ့ခဲ့ဖူးဘူး။ ကံကြမ္မာရဲ့ စီမံမှုတွေကို မခံချင်လို့သာ ပြောင်းလဲချင်ခဲ့တာ။ "

" ဒါပေမယ့် အခုတော့....ငါတွေ့ခဲ့ပြီ။ ကျောက်ဖုန်း ငါနင့်ကို ကြိုက်တယ်။ ငါတို့သိခဲ့တာ မကြာသေးပေမယ့် ဒါက ကံကြမ္မာလည်း ဖြစ်နိုင်တယ်။ နင်ငါ့အသက်ကို ကယ်ခဲ့လို့ ဒါက ကျေးဇူးတင်တာလည်း ဖြစ်နိုင်သလို မြင်မြင်ချင်း ချစ်တာလည်း ဖြစ်နိုင်တယ်။ "

" တကယ်လို့သာ ဖြစ်နိုင်ခဲ့ရင် ငါနင့်ကို တကယ်လက်ထပ်ချင်တယ်။ "

All Chapters