← Chapters

အခန်း (၃၇)

Vol. 4 Ch. 37

အခန်း (၃၇)

Vol. 4 Ch. 37

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း ၃၇

" ဂါရဝပြုပါတယ် တပ်မှူး။ " လေးကျင့်ရေးကွင်းမှ စစ်သည်ငါးထောင်ပ ဦးညွှတ်လိုက်ကြသည်။

" ထပါ " ချန်တောက်က ပြောလိုက်သည်။

" ဒီနေ့ ငါဒီကို လာတာ စစ်သူကြီးလီရဲ့ ခန့်အပ်လွှာကို ကြေညာဖို့ပဲ။ စစ်ရေးအရ တာဝန်အပြောင်းအလဲကြောင့် တပ်မှူးဝမ်ယန်က အခြားတပ်စခန်းဆီ ပြောင်းရွှေ့သွားပြီ။ ဒီနေ့ကစပြီး သူ ကွပ်ကဲခဲ့တဲ့ တပ်စခန်းကို ကျော်ဖုန်းက တာဝန်ယူလိမ့်မယ်။ " ချန်တောက်က ကျယ်လောင်စွာ ကြေညာလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းနှင့် သိကျွမ်းခဲ့သော ကျန်းဟန်နှင့် အခြားသူများက စိတ်လှုပ်ရှားသွားကြသည်။

" ငါတို့ကို ဦးဆောင်မှာက တပ်မမှူးကျောက်ဖြစ်နေတာပဲ။ တကယ်ကောင်းတယ်။ တပ်မမှူးကျောက်သာ တာဝန်ယူမယ်ဆိုရင် ငါတို့တပ်ဖွဲ့က ဒီထက်ပိုသန်မာလာမှ သေချာတယ်။ "

ထိုနေရာတွင် အခြားတပ်ရင်းမှူးတစ်ယောက်လည်း ရှိနေသည်။ ကျောက်ဖုန်း၏ အကြည့်က တစ်နေရာတွင် ရပ်တန့်သွားသည်။

" အကိုဝေ...ပြီးတော့ ထောက်ပို့တပ်ဖွဲ့က ညီအကိုတွေလား။ သူတို့အားလုံးက ပင်မတိုက်ခိုက်ရေးတပ်ကို ဘယ်လိုလုပ် ရောက်လာကြတာလဲ။ "

လူအုပ်ထဲကို ကြည့်လိုက်သောအခါ ကျောက်ဖုန်းက ဝေချွမ်နှင့် ရင်းနှီးသော မျက်နှာများကို တွေ့လိုက်ရသည်။ သူတို့အားလုံးက ထောက်ပို့တပ်ဖွဲ့မှ စစ်သားဟောင်းတွေဖြစ်ပြီး သေတူရှင်မကွာ ညီအကိုများ ဖြစ်ကြသည်။ ကျောက်ဖုန်း၏ အကြည့်ကို သိသောအခါ ဝေချွမ်က ပြုံးပြလိုက်သည်။

" မင်းတို့ တပ်မမှူးကျောက်ကို မနှုတ်ဆက်ကြသေးဘူးလား။ " ချန်တောက်က အော်ဟစ်လိုက်သည်။

" ဂါရဝပြုပါတယ် တပ်မမှူးကျောက်။ " စစ်သည်ငါးထောင်လုံးက တစ်ညီတစ်ညွှတ်တည်း ဦးညွှတ်လိုက်ကြသည်။ သူတို့၏ အသံများက ချန်တောက်ကို နှုတ်ဆက်စဉ်ကထက်ပင် ပိုမိုကျယ်လောင်နေပြီး ၎င်းက ကျောက်ဖုန်းအပေါ် သူတို့ထားရှိသော လေးစားမှုကို ထင်ရှားစေသည်။

" တပ်မမှူးကျောက် ကျန်တာ မင်းပဲတာဝန်ယူလိုက်တော့။ " ချန်တောက်က ကျောက်ဖုန်းဘက်သို့ လှည့်ပြီး ပြောလိုက်သည်။ " မင်း ဒီစခန်းမှာ နေခဲ့တာ ကြာပြီဆိုတော့ လုပ်ထုံးလုပ်နည်းတွေကို သိပြီးသားဖြစ်မှာပါ။ "

" နားလည်ပါပြီ။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။

" ဒါဆို ငါသွားပြီ။ " ချန်တောက်က လှည့်ထွက်သွားသည်။

" ညီအကိုတို့ သက်သောင့်သက်သာ နေကြပါ။ " ကျောက်ဖုန်းက စစ်သည်ငါးထောင်ရှေ့တွင် ရပ်ပြီး ပြုံး၍ ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် တပ်မမှူးကျောက်။ " စစ်သည်အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။

" ဒီနေ့ကစပြီး ဒီတပ်ဖွဲ့ကို ငါကွပ်ကဲမယ်။ ငါ ကျောက်ဖုန်းက မင်းတို့ရဲ့ အချိန်တွေကို မလိုအပ်တဲ့ စကားတွေနဲ့ ဖြုန်းတီးမှာမဟုတ်ဘူး။ ဒါပေမယ့် တစ်ခုပဲမှတ်ထား။ စစ်မြေပြင်မှာ ငါတို့ညီအကိုတွေကို တစ်ယောက်မှ ပစ်မထားခဲ့ဘူး။ လူစုခွဲနိုင်ပြီ။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" ဟေ့ ဟေ့ ဟေ့...." စစ်သည်ငါးထောင်က ဟိန်းဟောက်တုန့်ပြန်လိုက်ကြသည်။

ထို့နောက် စစ်သားများ လူစုခွဲသွားကြပြီး ကျန်းဟန်နှင့် အခြားသူများက ကျောက်ဖုန်းအနီးသို့ စုဝေးလာကြသည်။

" ညီလေးကျောက် " ဝေချွမ်က ပြုံး၍ ပြောလိုက်သည်။ " ငါဒီကို ရောက်နေပြီ။ ရာထူးတောင်တိုးလာသေးတယ်။ မင်းမပျော်ဘူးလား။ "

" တပ်မမှူး ကျွန်တော်တို့ ညီအကိုအားလုံး ဒီကိုရောက်လာကြပြီ။ "

" ကျွန်တော်တို့ ညီအကိုခြောက်ရာလုံးပဲ။ ဒဏ်ရာပြင်းလို့ တပ်က ထွက်သွားတဲ့ လူတွေကလွဲရင် ကျန်တဲ့သူအားလုံးက ဒီမှာပဲ။ " ထောက်ပို့တပ်ဖွဲ့မှာ အခြားသူများက ပျော်ရွှင်စွာ ပြောလိုက်သည်။

ရက်ပေါင်းများစွာ ကြာပြီးနောက် သူတို့က ကျောက်ဖုန်းကို ပြန်တွေ့ရသဖြင့် သူတို့အားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။ ညီအကိုဟောင်းများကို ကြည့်ပြီး ကျောက်ဖုန်းက အလွန်ဝမ်းသာနေသည်။

" အကိုဝေ ခင်ဗျားတို့အားလုံး ဒီကို ဘယ်လိုရောက်လာကြတာလဲ။ " ကျောက်ဖုန်းက လေးနက်စွာ မေးလိုက်သည်။ " ပင်မတပ်ဖွဲ့က ထောက်ပို့တပ်ဖွဲ့နဲ့ မတူဘူးနော်။ "

" ဟက် " ဝေချွမ်က ရယ်လိုက်သည်။ " ငါတို့က သေမင်းကို ရင်ဆိုင်ပြီးသားသူတွေပဲ။ ဘာကိုကြောက်နေရမှာလဲ။ "

" မင်း ပင်မတိုက်ခိုက်ရေးတပ်ကို ပြောင်းသွားပြီလို့ ကြားတော့ ငါတို့လည်း မင်နောက်ကို လိုက်ဖို့ တောင်းဆိုခဲ့ကြတယ်။ ငါတို့အားလုံးက တစ်ခါသေပြီးသားသူတွေပဲ။ နောက်တစ်ခါသေလို့ ဘာများထူးဆန်းလို့လဲ။ "

" ထောက်ပို့တပ်မှာတုန်းက အခွင့်အရေးမရခဲ့ပေမယ့် အခု တိုက်ခိုက်ရေးတပ်ထဲ ရောက်နေပြီဆိုတော့ မင်းနောက်ကို လိုက်တာက စစ်တပ်စွမ်းဆောင်မှုတွေ သေချာပေါက် ရနိုင်မယ်လို့ ငါခံစားရတယ်။ " ဝေချွမ်က သူ၏ ရည်ရွယ်ချက်ကို ပြောလိုက်သည်။

" ကျွန်တော်တို့ ထောက်ပို့တပ်ဖွဲ့က ညီအကိုတွေက တပ်မမှူးနောက်လိုက်ပြီး နာမည်ကောင်းရချင်တယ်။ ရာထူးတွေတိုးချင်တယ်။ " ထောက်ပို့တပ်မှ စစ်သားများကလည်း ပြတ်သားစွာဖြင့် ပြောလိုက်ကြသည်။

ကျောက်ဖုန်းက အားလုံး၏ ပြတ်သားသော အမူအရာများကို ကြည့်ပြီး ပြုံးလိုက်သည်။ " ကောင်းတယ်။ ညီအကိုတွေအားလုံး ရောက်လာပြီဆိုတော့ ငါအများကြီး မပြောတော့ဘူး။ ထောက်ပို့တပ်ဖွဲ့က အထွေထွေကိစ္စတွေ လုပ်ရပေမယ့် ပင်မတပ်ဖွဲ့က ရှေ့တန်းမှာ ရန်သူတွေကို တိုက်ခိုက်တာပဲ။ ငါတို့ တာဝန်တွေ ပြောင်းလဲသွားပြီ။ "

" ငါတို့က တိုက်ခိုက်ရေးစစ်သည်တွေ ဖြစ်လာပြီဆိုတော့ နိုင်ငံရဲ့ နယ်နိမိတ်ကို ချဲ့ထွင်ပြီး ကိုယ့်အတွက် ရာထူးနဲ့ ဘွဲ့ထူးတွေ အရယူရမယ်။ အရာအားလုံးကို စစ်မြေပြင်မှာပဲ ဆုံးဖြတ်ကြမယ်။ "

" ငါ ကျောက်ဖုန်းကလည်း မင်းတို့ရဲ့ ညီအကိုတစ်ယောက်ပဲ။ စစ်တပ်စွမ်းဆောင်မှုတွေ ရဖို့ ရာထူးတက်ဖို့ အစွမ်းကုန် ကြိုးစားသွားမယ်။ " ကျောက်ဖုန်းက သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်းမရှိဘဲ ရယ်မောလိုက်သည်။

ယခု သူက အနာဂတ်အတွက် ကြီးမားသော အာဏာကို ရယူပြီး ချင်မင်းဆက် နှောင်းပိုင်းတွင် ဖြစ်ပေါ်လာမည့် တိုက်ပွဲများအတွက် အခြေခံအုတ်မြစ်ကို တည်ဆောက်ရန်၊ သူ၏ အမေအတွက် ဝမ်ယန်အတွက် သူ့ကိုသူအတွက် ကျောက်ဖုန်းက လောင်းကြေးထပ်တော့မည်ဖြစ်သည်။

ဝေချွမ်က ကျောက်ဖုန်း၏ မျက်လုံးများထဲမှ ပြတ်သားသော ယုံကြည်မှုများကို မြင်လိုက်ရသည်။

" သူ တကယ်ပြောနေတာပဲ။ ကျောက်ဖုန်းရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားပြီ။ အခု သူက တကယ်တိုက်ပွဲဝင်ပြီး အာဏာကို လိုချင်တာပဲ။ ဟူး... ဘယ်သူက သူ့ကို တားနိုင်မှာလဲ။ ဒါပေမယ့် သူအရင်က အဲ့လိုမဟုတ်ပါဘူး။ ဘာလို့ရုတ်တရက် ပြောင်းလဲသွားတာလဲ။ သူတစ်ခုခုဖြစ်ခဲ့လို့လား။ "

ဝေချွမ်က ကျောက်ဖုန်းကို သင်တန်းသားဘဝကတည်းက သိခဲ့ခြင်းဖြစ်ပြီး သူ့ကို ကောင်းကောင်းနားလည်သည်။ နှစ်ပတ်ပင် မပြည့်သေးဘဲ ကျောက်ဖုန်း၏ စိတ်နေစိတ်ထားက ထိုမျှပြောင်းလဲသွားသောကြောင့် ဝေချွမ်က အကြောင်းရင်းမရှိလဲ ဖြစ်လာသည်ဟု မယုံကြည်ပေ။

ထိုအချိန်တွင် ကျောက်ဖုန်းက စနစ်၏ အသိပေးချက်တစ်ခုကို ရရှိလိုက်သည်။

" သင်က စစ်သည်ငါးထောင်ကို ကွပ်ကဲပြီး အရာရှိကံကြမ္မာတံဆိပ်ကို ရရှိပါတယ်။ "

" အရာရှိကံကြမ္မာတံဆိပ်..." ကျောက်ဖုန်းက အံ့ဩသွားသော်လည်း သူ၏ စိတ်ကို ပြန်လည်ထိန်းချုပ်လိုက်သည်။

" ကျန်းဟန် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" တပ်မမှူး " ကျန်းဟန်က ပြန်ပြောလိုက်သည်။

" ဒါက ဝေချွမ် ထောက်ပို့တပ်က ငါ့ရဲ့ စီနီယာတစ်ယောက်ပဲ။ သူနဲ့ ရင်းနှီးအောင်လုပ်ပြီး စစ်ရေးကိစ္စတွေ ရှင်းပြပေးလိုက်ပါ။ ပြီးတော့ မင်းတို့အားလုံး သွားပြင်ဆင်ကြတော့။ လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်ပိုးထားလိုက်။ ငါတို့မကြာခင်စစ်ချီတော့မယ်။ " ကျောက်ဖုန်းက တပ်ရင်းမှူးများကို ပြောလိုက်သည်။

မကြာခင် စစ်ချီတော့မည်ဟု ကြားလိုက်ရသောကြောင့် ကျန်းဟန်နှင့် တပ်ရင်းမှူးများက တက်ကြွသွားကြသည်။ ဟန်နိုင်ငံကို တိုက်ခိုက်သော စစ်ဆင်ရေးတွင် လေးလနီးပါး ကြာပြီဖြစ်သော်လည်း သူတို့က နောက်တန်းတွင်သာ ရှိနေပြီး တိုက်ခိုက်ရန် အခွင့်အရေးမရခဲ့ကြပေ။

" ဟုတ်ကဲ့။ " သူတို့က ပြောပြီး ထွက်ခွာသွားကြသည်။

ထို့နောက် ကျောက်ဖုန်းက ထိုင်စရာနေရာတစ်ခု ရှာလိုက်သည်။ သူ၏ စနစ်မှ အသိပေးချက်ကို ကြည့်ပြီး ထိုတံဆိပ်က အလွန်အသုံးဝင်မည်ကို သူနားလည်လိုက်သည်။

" အရာရှိကံကြမ္မာတံဆိပ်...ဒါက ကံကြမ္မာနဲ့ တိုက်ရိုက် ဆက်နွယ်နေတာပဲ။ ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရှိမှာ သေချာတယ်။ " ကျောက်ဖုန်းက တွေးလိုက်သည်။ " အရာရှိကံကြမ္မာတံဆိပ်ကို ပေါင်းစည်းမယ်။ "

" အရာရှိကံကြမ္မာတံဆိပ်ကို ပေါင်းစည်းပြီးပါပြီ။ "

ရွှေရောင်အလင်းတန်းများနှင့် တံဆိပ်တစ်ခုက ကျောက်ဖုန်း၏ ရှေ့တွင် လွင့်မျော်နေသည်။ ၎င်းက ရုပ်ဝတ္ထုတစ်ခုမဟုတ်ဘဲ စိတ်ဝိညာဉ်ပစ္စည်းတစ်ခုဖြစ်သည်။ ထိုတံဆိပ်ပေါ်တွင် တပ်မမှူးဟူသော စာလုံးများ ရေးထွင်းထားသည်။

" တပ်မမှူးတံဆိပ်ကို ရရှိပါတယ်။ အသုံးပြုလိုပါသလား။ "

ကံကြမ္မာတံဆိပ်ပေါ်လာသည်နှင့် အသိပေးချက်တစ်ခုလည်း ထွက်ပေါ်လာသည်။

" အသုံးပြုမယ်။ " ကျောက်ဖုန်းက ချက်ချင်း ပြောလိုက်သည်။

ထို့နောက် သူ၏ ရှေ့မှ အရာရှိကံကြမ္မာတံဆိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်လဲသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

" အရာရှိကံကြမ္မာတံဆိပ်ကို အသုံးပြုပြီးပါပြီ။ တပ်မမှူးတံဆိပ် စစ်သည်ငါးထောင်ကို အုပ်ချုပ်ခွင့်။ ပိုင်ရှင်ကိုယ်တိုင် တိုက်ပွဲကို ဦးဆောင်ချိန်မှာ လက်အောက်ငယ်သားများ၏ စိတ်ဓာတ်နဲ့ တိုက်ခိုက်ရေးစွမ်းအားက ၁၀ ရာခိုင်နှုန်း တိုးမြှင့်လာမည်။ "

" ပိုင်ရှင်က လက်အောက်ငယ်သားတွေကို ဦးဆောင်ပြီး အလောင်းတွေကို သယ်ဆောင်ပြီး မြှုပ်နှံပေးရင် စစ်သည်များထံမှ ရရှိသော စုစုပေါင်းစွမ်းရည်အမှတ်များ၏ ဆယ်ပုံတစ်ပုံကို ရရှိပါမယ်။ "

စစ်နစ်မျက်နှာပြင်ပေါ်မှ အချက်အလက်များကို မြင်လိုက်ရသောအခါ ကျောက်ဖုန်းက အံ့ဩသွားသည်။

" ဒီတံဆိပ်ရဲ့ စွမ်းရည်တွေက ကောင်ကင်ကိုတောင် ဆန့်ကျင်နိုင်လောက်တယ်။ တကယ်ကို မယုံနိုင်စရာပဲ။ ငါ့ရဲ့ စစ်သားငါးထောင်က အလောင်းတွေကို သယ်ပြီး မြှုပ်နှံပေးရင် ငါက စွမ်းရည်တွေရဲ့ ဆယ်ပုံတစ်ပုံကို ရရှိမယ်ဆိုရင်တောင် ဒါက ငါတစ်ယောက်တည်း လိုက်ကောက်တာထက် အများကြီးပိုသာတယ်။ "

" ပြီးတော့ ဒီတံဆိပ်က စစ်သားတွေရဲ့ စိတ်ဓာတ်နဲ့ တိုက်ခိုက်ရေးစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တယ်။ ၁၀ ရာခိုင်နှုန်းဆိုပေမယ့် တကယ်အရေးပါတယ်။ ဒီတပ်မမှူးတံဆိပ်က တကယ်ကို အံ့ဩစရာပဲ။ " ကျောက်ဖုန်းက စနစ်၏ စွမ်းရည်များကို ကြည့်ပြီး ပြုံးလိုက်သည်။

" အချက်အလက်တွေကြည့်မယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

နာမည် - ကျောက်ဖုန်း

အသက် - ၁၆နှစ်

ခွန်အား - ၉၉၉

အမြန်နှုန်း - ၆၅၆

ရုပ်ခန္ဓာ - ၆၅၈

စိတ်ဝိညာဉ် - ၆၅၅

သက်တမ်း - ၈၆နှစ် ၃၀၅ရက်

သိုလှောင်နေရာ - ၆ ကုဗမီတာ

ကျင့်စဉ် - နဂါးဆင်ကျမ်း

သိုင်းပညာ - နဂါးနိုင်လက်ဝါး၊ ပေါက်ကွဲလက်သီး။

" စွမ်းရည်တွေအားလုံး ၇၀၀ ကျော်ဖို့ သိပ်မလိုတော့ဘူးပဲ။ " ကျောက်ဖုန်းက မျှော်လင့်ချက်များနှင့် တွေးလိုက်သည်။

All Chapters