← Chapters

အိမ်ပြန်ခရီး

Vol. 42 Ch. 511

အိမ်ပြန်ခရီး

Vol. 42 Ch. 511

ဥက္ကဋ္ဌဟာကျူလိီသည် မယုံကြည်နိုင်စရာ ကောင်း လှသော အမူအရာဖြင့် ဒေါသတကြီး ရေရွတ်လိုက် ၏။

"မဖြစ်နိုင်ဘူး.ဒါ..ဘယ်လိုမှ မဖြစ်နိုင်ဘူး.."

အစီရင်ခံနေသည့် လက်အောက်ငယ်သား ဖြစ်သူမှာ လည်း ဘာလုပ်ရမှန်းမသိဘဲ ခေါင်းငုံ့ကာ တုန်တုန် ယင်ယင်ဖြင့် ပြန်ပြောလိုက်သည်။

"ဥက္ကဌ..ဒီ သတင်းက အမှန်ပါပဲ.. အခြေစိုက်စခန်း တိုက်ခိုက်ခံရကြောင်း သတင်းရပြီးကတည်းက နော က်ထပ် ဆက်သွယ်လို့ မရတော့တာမို့ စိုးရိမ်ရပါတ ယ်ခဗျ.."

ဟာကျူလိီက ဒေါသတကြီး အမိန့်ပေးလိုက်သည်။

"ခုချက်ချင်း စစ်ဆေးစမ်း..အသေးစိတ် အချက်အ လက်တွေ အကုန်လုံးကို ငါ သိချင်တယ်"

ထိုအခြေစိုက်စခန်းသည် သူ၏ ငွေကြေးများစွာအာ း ရင်းနှီးမြှုပ်နှံထားရသည့် နေရာဖြစ်ရုံသာမက နေ ာက်ကွယ်တွင် ဖုံးကွယ်ထားသော သူ၏ အဖိုးတန် ဆုံး လျှို့ဝှက်အင်အားစုလည်း ဖြစ်သည်။ပို၍ စိုးရိမ် စရာကောင်းသည်မှာ ထိုနေရာတွင် ဒေါ်လာဘီလီယံ နှင့်ချီသော ကြွယ်ဝချမ်းသာမှုများနှင့် တန်ဖိုးမဖြတ် နိုင်သော ရှေးဟောင်းပစ္စည်းများ ရှိနေခြင်းပင်။

ထိုပစ္စည်းများအား ပြဿနာတစ်စုံတစ်ရာ မဖြစ်စေ ချင် သလို သူတစ်ပါးလက်ထဲသို့လည်း သူ အရော က်မခံနိုင်ပေ။

ဟာကျူလိီ၏ စီစဉ်မှုဖြင့် တောင်အမေရိက နိုင်ငံ တစ်ခုမှ လေယာဉ်တစ်စင်းသည် လက်နက်အပြည့် အစုံတပ်ဆင်ထားသည့် လူ ၂၀ ကျော်နှင့်အတူ ချက် ချင်းထွက်ခွာလာခဲ့သည်။နာရီအနည်းငယ်ကြာ ပျံသ န်းပြီးနောက် ထိုကျွန်းပေါ်သို့ ရောက်လာပြီး အနိမ့်ပျံ ၍ ကင်းထောက်ကာ လေထီးဖြင့် ခုန်ဆင်းလိုက်ကြ ၏။

ယင်းကျွန်းတွင် လေဆိပ်မရှိသဖြင့် သင်္ဘောဖြင့်လာ သည်က တစ်ခုတည်းသော နည်းလမ်းဖြစ်သော်လ ည်း အနီးဆုံးကုန်းမြေနှင့်ဆိုလျှင် မိုင် ၁,၀၀၀ ကျော် ဝေးကွာသောကြောင့် ရက်ပေါင်းများစွာ ကြာမြင့်နိုင် ပေသည်။

ဟာကျူလိီမှာမူ ထိုမျှကြာအောင် မစောင့်နိုင်တော့ ဘဲ ပူနေသော အိုးပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်ကဲ့ သို့ တုန်လှုပ်ခြောက်ခြားလျက်ရှိနေ၏။ကျွန်းပေါ်သို့ ဆင်းသက်လာသည့် လက်နက်ကိုင်အဖွဲ့သည် ဗီလာ ဆီသို့ လမ်းကြောင်းအသွယ်သွယ်မှ ချဉ်းကပ်လာ ကြသည်။

ဗီလာနားသို့ ရောက်သောအခါ လေထဲ၌ လွင့်ပျံ့နေ သော အလောင်းများ၏ ပုပ်နေသော အနံ့ကို ရရှိလို က်ကြပြီး မကြာမီမှာပင် ပထမဆုံးအလောင်းကို သူ တို့ တွေ့လိုက်ရ၏။

သတိကြီးစွာဖြင့် ဗီလာအတွင်းသို့ ဝင်ရောက်လာရာ မြေအောက်ခန်းတွင် သေဆုံးနေသည့် လူ ၂၀၀ ကျေ ာ်၏ ကြေကွဲဖွယ်ရာ မြင်ကွင်းအား မြင်တွေ့လိုက် ရသည်။အလောင်းအချို့မှာမူ စတင်ပုပ်ပွနေသည်။ ဘဏ္ဍာတိုက်တံခါးသို့ သူတို့ ရောက်သွားချိန်တွင် လူအားလုံးမှာ ဝမ်းနည်းပူဆွေးသွားကြရ၏။

ဘဏ္ဍာတိုက်တံခါးမှာ ပွင့်နေလျက် အထဲတွင်မူ ဘာ တစ်ခုမျှမကျန်ဘဲ ဗလာကျင်းနေပေသည်။

……

တစ်ချိန်တည်းမှာပင် တောင်ပစိဖိတ်သမုဒ္ဒရာမှာမူ "ရှိီဂူး" သင်္ဘောသည် ကျွန်းနှင့် မိုင်ပေါင်းရာချီ ဝေး ကွာသော နေရာသို့ ရောက်လာခဲ့၏။ကျိန့်ကန်းသည် အေးဆေးတည်ငြိမ်စွာဖြင့် လက်ဖက်ရည်ပူပူ တစ်ခွ က်အား ကိုင်ကာ ရှိဂူသင်္ဘော၏ ကပ္ပတိန် တောင်းဝ မ်လျန်နှင့် စကားပြောနေသည် ။

"အဖိုးတောင်း... ဒီအရှိန်နဲ့ဆိုရင် ဟွာဟိုင်းမြို့ကို ရောက်ဖို့ ဘယ်လောက်ကြာမလဲ"

ကပ္ပတိန်တောင်းဝမ်လျန်က ချက်ခြင်းပင် ပြန်ဖြေ လိုက်၏။

"အရာအားလုံး အဆင်ပြေရင်..နောက် ၁၁ ရက်၊ ၁၂ ရက်လောက်အတွင်း ရောက်လာပါလိမ့်မယ်. .မစ္စတ ာကန်း ရာသီဥတုဆိုးရင်တော့ နည်းနည်း နောက် ကျနိုင်ပါတယ်ဗျ.."

ထိုကာလအား အားလပ်ရက်အဖြစ် သတ်မှတ်၍ အ နားယူရန် ကျိန့်ကန်း ဆုံးဖြတ်လိုက်၏။ကျည်ဆန် မို းများအောက်တွင် ဖြတ်သန်းခဲ့ရပြီးနောက် ယခုကဲ့ သို့ စိတ်အေးလက်အေး နေရခြင်းမှာ အလွန်ကောင်း မွန်သော ခံစားချက်ပင် ဖြစ်သည်။

သူသည် ရတနာပစ္စည်းများ ထားရှိသည့် အခန်းသို့ သွား၍ အရာအားလုံး စနစ်တကျ ရှိမရှိ စစ်ဆေးလို က်သည်။ဝံပုလွေကြေးစားအဖွဲ့ဝင်များကလည်း အ ချိန်ပြည့် စောင့်ကြပ်နေသဖြင့် ကျိန့်ကန်းလည်း စိတ် အေး သွားရ၏။

ထို့နောက် သူသည် ကုန်းပတ်ပေါ်တွင် ပင်လယ်ငါးမျ ားဖမ်းရင်း အချိန်အား ကုန်ဆုံးလိုက်သည်။

....

သို့ပေမဲ့ ဘာတာကော်ပိုရေးရှင်းတွင်မူ ဟာကျူလိီ သည် အခြေအနေအစီရင်ခံစာကို ကြားပြီးနောက် သွေးအန်မတတ် ခံစားနေရ၏။လူ ၂၀၀ ကျော်လုံး သေဆုံးကာ ဘဏ္ဍာတိုက်တစ်ခုလုံး ပြောင်သလင်းခ ါသွားသည်ဟူသော သတင်းက သူ့အား များစွာ တု န်လှုပ်စေခဲ့သည်။

"ဥက္ကဌ ... မြေအောက်ထဲမှာ ပျက်စီးမှု ကြီးကြီးမား မားရှိနေပါတယ်..ဒါက..လူလုပ်တာနဲ့ မတူဘဲ ဧရာမ သတ္တဝါကြီးတစ်ကောင်ရဲ့ တိုက်ခိုက်မှုမျိုးနဲ့ တူနေပ ါတယ်ခဗျ.."

လက်အောက်ငယ်သားက ဤကဲ့သို့ တင်ပြသော်လ ည်း ဟာကျူလိီက ထိုအချက်အား ဂရုမစိုက်ဘဲ ဘ ယ်သူလုပ်သလဲဆိုသည်ကိုသာ သူ အရမ်း သိချင်နေ သည်။

"ကျွန်တော်တို့ စုံစမ်းရသလောက် ယူနီဗာဆဲလ်က လုပ်တာလို့ ယူဆရပါတယ်ခဗျ..သူတို့မှာ ဝံပုလွေ ကြေးစားအဖွဲ့လို့ခေါ်တဲ့ လျှို့ဝှက်အဖွဲ့ ရှိပါတယ်.. အခု ရတနာတွေအားလုံးက 'ရှိီဂူး' လို့ခေါ်တဲ့ ကုန်တ င်သင်္ဘောပေါ်မှာ ရှိနေပြီး..အခု.. သူတို့က..ယန်နိုင်ငံ ကို ပြန်ရောက်ဖို့ ဆယ်ရက်လောက် လိုပါသေးတယ် ခဗျ.."

သေချာသည့် သတင်းအား ရရှိသောအခါ ဟာကျူ လီ၏ မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပလာကာ အမိန့်ပေးလိုက်သည်။

"အဲဒီသင်္ဘော အခုရောက်နေတဲ့ နေရာအတိအကျကို ငါ သိချင်တယ်..အဲဒါတွေကို ငါ ပြန်လုယူရမယ်.."

.....

တစ်ဖက်တွင်လည်း ယူနီဗာဆယ်တာဝါမှာ ရှိနေသေ ာ လျူယောင်သည် ကျိန့်ကန်းနှင့် ဖုန်းပြောပြီးနော က် စိတ်အေးသွားရသည်။

သို့ပေမဲ့ ဒေါ်လာတစ်ဘီလီယံကျော်၊ရွှေခုနစ်တန်နှင့် အဖိုးတန် ရှေးဟောင်းပစ္စည်းများအား ဘယ်နေရာ တွင် လုံခြုံအောင် သိမ်းဆည်းရမည်နည်းဟူသော ပြဿနာက ပေါ်လာ၏။ရုံးခန်းထဲရှိ သေတ္တာထဲ၌ ထိုပစ္စည်းများစွာအား ဆံ့နိုင်စွမ်းမရှိပေ။

သိုလှောင်ခန်းရှာရန် လျူယောင် စဉ်းစားလိုက်သော် လည်း လုံခြုံရေးအတွက်မူ စိုးရိမ်နေရ၏။

နောက်ဆုံးတွင် လျူယောင်သည် ဘဏ်မှာ ရှိသော ဘဏ္ဍာတိုက် တစ်ခုလုံးအား ငှားရန် ဆုံးဖြတ်လိုက် သည်။၎င်းသည် ပစ္စည်းများအားလုံး ဆံ့ရုံသာမက နောင်တွင် ရရှိလာမည့် တန်ဖိုးကြီး ပစ္စည်းများ အ တွက်ပါ သိမ်းထားဖို့ အဆင်ပြေပေလိမ့်မည်။

လျူယောင် ချက်ချင်းပင် ချန်းဟူနှင့် ကျောက်ဟုန်ဖူ တို့အား ခေါ်လာကာ ဟွာဟိုင်းမြို့၏ ဖွံ့ဖြိုးရေးဘ ဏ်" ရုံးချုပ်သို့ ထွက်လာခဲ့၏။ထိုဘဏ်သည် တစ် နိုင်ငံလုံးမှာရှိသော ထိပ်တန်းဘဏ် ဆယ်ခုစာရင်း ဝင် ဖြစ်ကာ ယူနီဗာဆယ်တာဝါနှင့်ဆိုလျှင် မိနစ် ၃၀ ခန့်သာ မောင်းရသဖြင့် သိပ်မဝေးလှပေ။

"သူဋေး... ကျွန်တော်တို့ ရောက်ပါပြီခဗျ.."

နောက်ဆုံးတော့ ဟွာဟိုင်းမြို့၏ ဖွံ့ဖြိုးရေးဘဏ် ရှေ့သို့ လျူယောင်တို့ ရောက်လာခဲ့ပေသည်။

All Chapters