← Chapters

ဟွာဟိုင်း ဖွံ့ဖြိုးရေးဘဏ်

Vol. 42 Ch. 512

ဟွာဟိုင်း ဖွံ့ဖြိုးရေးဘဏ်

Vol. 42 Ch. 512

လျူယောင် ကားပေါ်မှဆင်းလိုက်ကာ အထပ် ၃၀ ကျော်မြင့်သည့် ခန့်ညားထည်ဝါသော အဆောက် အအုံကြီးအား မော့ကြည့်လိုက်သည်။

အဆောက်အအုံမျက်နှာစာရှိ "ဟွာဟိုင်း ဖွံ့ဖြိုးရေး ဘဏ်" ဟူသော စာလုံးကြီးများအား အဝေးကပင် သူ ထင်ရှားစွာ မြင်နေရ၏။

"လာ.ငါတို့..အထဲ ဝင်ကြရအောင်.."

လျူယောင် ရှေ့မှဦးဆောင်၍ လျှောက်လာရာ ချန်း ဟူနှင့် ကျောက်ဟုန်ဖူတို့သည် နောက်မှ ထပ်ကြပ်မ ကွာ လိုက်ပါလာကြသည်။ဧည့်ကြိုကောင်တာသို့ ရောက်သောအခါ လျူယောင် မေးလိုက်၏။

"ခင်ဗျားတို့ရဲ့ ဥက္ကဋ္ဌချင်း နဲ့ တွေ့ချင်လို့ပါ.."

ဧည့်ကြိုအမျိုးသမီးက ယဥ်ကျေးစွာ ပြန်ဖြေလိုက် သည်။

"စိတ်မကောင်းပါဘူးရှင်..ကျွန်မတို့ ဥက္ကဋ္ဌချင်းက အခု လောလောဆယ် ဒီမှာမရှိပါဘူးရှင့်.."

ထိုအခါ လျူယောင် ထပ်မံ မေးမြန်းလိုက်၏။

"ဒါဆိုရင်ရော.. ဥက္ကဋ္ဌဆုန်ကျန်းနဲ့ တွေ့လို့ရမလား.."

"ဆရာရှင့်... ကြိုတင်ချိန်းဆိုထားတာ ရှိပါသလားရှ င်"

ဧည့်ကြိုမလေးက ထိုသို့ မေးလိုက်ရာ လျူယောင် အနည်းငယ် အံ့သြသွားသည်။

"အမ်..တွေ့ဖို့အတွက် ကြိုတင်ချိန်းဆိုထားဖို့ တက ယ်ပဲ လိုတာလားဟ.." လျူယောင် စိတ်ထဲမှ တွေး နေစဉ်မှာပင် ဘေးနားမှ ချန်းဟူက ချက်ချင်းဝင်ပြေ ာလိုက်၏။

"သူက ယူနီဗာဆဲလ်ရဲ့ သူဋေးလျူယောင်ပါ.. ကျေး ဇူးပြုပြီး အကြောင်းကြားပေးလိုက်ပါ.."

"ရှင်.."

ထိုစကားကြောင့် ဧည့်ကြိုအမျိုးသမီးလေးများမှာ အံ့အားသင့်သွားကြပြီး စိတ်လှုပ်ရှားသည့် အသံများ ထွက်ပေါ်လာသည်။လျူယောင်ကို ကြည့်နေသည့် သူတို့၏မျက်လုံးများမှာမူ ကြယ်လေးများပမာ တောက်ပနေကြ၏။

လျူယောင်သည် ငယ်ရွယ်ပြီး ခန့်ညားသူလည်း ဖြ စ်သည်လေ။

သို့ပေမဲ့ ထိုအချက်ထက် ပိုအရေးကြီးသည်မှာ သူ ၏ ဂုဏ်ဒြပ်ပင် ဖြစ်၏။"ယူနီဗာဆဲလ်လုပ်ငန်းစု" ၏ ဥက္ကဋ္ဌအဖြစ် ဤကဲ့သို့ ရိုးရိုးရှင်းရှင်း သွားလာနေ သော်လည်း ဒီလူသည် ဟွာဟိုင်းမြို့၏ အချမ်းသာ ဆုံးပုဂ္ဂိုလ်လည်း ဖြစ်ပေ သည်။ဘဏ်တစ်ခု အတွ က်မူ သူသည် အလွန်အရေးပါသည့် ငွေရှင်ကြေးရှင် VIP ဖြစ်သဖြင့် ဧည့်ကြိုမလေးများမှာ စိတ်အားထ က်သန်စွာဖြင့် ချက်ချင်းပင် အထက်သို့ ဖုန်းဆက်အ စီရင်ခံလိုက်၏။

မိနစ်အနည်းငယ်အတွင်းမှာပင် အဖြူရောင်ရှပ်အ င်္ကျီနှင့်လည်စီးကို သေသပ်စွာ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး အပြေးအ လွှား ရောက်ရှိလာသည်။ထိုလူသည် အဝေးကပင် ညာဘက်လက်အား မြှောက်ကာ ရင်းနှီးဖော်ရွေစွာ နှုတ်ဆက်လိုက်၏။

"အိုး..ဥက္ကဋ္ဌလျူ... ရှားပါးတဲ့ ဧည့်သည်တော်ကြီးပါ လား..ခဗျား ရောက်လာတာက ကျွန်တော်တို့ ဟွာဟို င်းဘဏ်အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲဗျာ.."

ဤလူကား ဆုန်ကျန်းပင်ဖြစ်သည်။သူသည် ဘဏ်ခွဲ တစ်ခု၏ ဒုဥက္ကဋ္ဌ မဟုတ်ဘဲ ရုံးချုပ်၏ ဒုတိယဥက္က ဋ္ဌပင် ဖြစ်၏။ရုံးချုပ်၏ ဒုဥက္ကဋ္ဌကိုယ်တိုင် အောက် ထပ်အထိဆင်းကာ လာရောက်နှုတ်ဆက်ခြင်းမှာ လျူယောင်၏ ဂုဏ်သိက္ခာ မည်မျှကြီးမားကြောင်း ပြသနေပေသည်။ဤကဲ့သို့ မျက်နှာ သာပေးမှုကို ရ ရှိသူများမှာ လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။

လျူယောင်က ဆုန်ကျန်းအား လက်ဆွဲနှုတ်ဆက်ရ င်း ပြန်ပြောလိုက်၏။

"ရုတ်တရက် အလုပ်ကိစ္စလေး ရှိလာလို့ ကျွန်တော် ဒီကိုလာခဲ့တာပါ.. ဘာပဲဖြစ်ဖြစ် ကျွန်တော့်ရုံးနဲ့လ ည်း မဝေးဘူးလေ.."

"ကြိုဆိုပါတယ် ဥက္ကဋ္ဌလျူ... ခင်ဗျားကို အမြဲတမ်း ကြိုဆိုနေပါတယ်ဗျာ.. ကဲ... ကျွန်တော်တို့ အပေါ်ကို သွားပြီး ထိုင်ကြရအောင်..ကျွန်တော့်ဆီမှာ လက်ဖ က်ရည်ကောင်းတွေ ရှိပါတယ်..ကျွန်တော်တို့ အေး အေးဆေးဆေး သောက်ရင်း စကားပြောကြတာပေါ့ .." ဆုန်ကျန်းက ရင်းနှီးစွာ ဖိတ်ခေါ်လိုက်သည်။

လျူယောင်တို့အားလုံးသည် ခမ်းနားထည်ဝါသည့် VIP ဧည့်ခံခန်းသို့ ရောက်လာကြ၏။

ဆုန်ကျန်းက သူ၏ အကောင်းဆုံး လက်ဖက်ရည်အ ား ကိုယ်တိုင်ဖျော်ကာ တည်ခင်းဧည့်ခံလိုက်သည်။ ချန်းဟူနှင့် ကျောက်ဟုန်ဖူတို့က မလှမ်း မကမ်းတွင် အသင့်စောင့်ဆိုင်းနေစဉ် ဥက္ကဋ္ဌနှစ်ဦးမှာ ခင်မင်ရင်း နှီးစွာ စကားလက်ဆုံ ကျနေကြသည်။

ခဏအကြာတွင် ဆုန်ကျန်းက လျူယောင်အား စ တင် မေးမြန်းလိုက်၏။

"ဥက္ကဋ္ဌ လျူ... ခင်ဗျား ကိုယ်တိုင် ရောက်လာတာဆို တော့ အရေးကြီးတဲ့ အလုပ်ကိစ္စတစ်ခုခု ရှိမယ်ထင် တယ်.."

လျူယောင်သည်လည်း တိုက်ရိုက်ပင် ပြောလိုက်သ ည်။

"ကျွန်တော့်မှာ အဖိုးတန်ပစ္စည်းတွေ အများကြီး ရှိ နေလို့ ခင်ဗျားတို့ဘဏ်က လုံခြုံရေးအခန်းကို ငှားပြီ း သိမ်းထားချင်တယ်..ပြဿနာ မရှိဘူးမို့လား..”

ဆုန်ကျန်းသည် ခဏ စဉ်းစားပြီးနောက် ဖြည်းဖြည်း ချင်း ပြန်ပြောလိုက်၏။

"ဥက္ကဋ္ဌလျူ.. ကျွန်တော်တို့ဆီက ပုံမှန် လုံခြုံရေးခန်း တွေက ခင်ဗျားအတွက် နည်းနည်းတော့ အဆင်မ ပြေလောက်ဘူး..တခြားဘဏ်မှာ အခန်း အပို ရှိ၊မရှိ ကျွန်တော် စုံစမ်းပေးရမလား.."

လျူယောင် အလိုရှိနေသည်မှာ သာမန်အခန်းလေး မဟုတ်ဘဲ အနည်းဆုံး စတုရန်းမီတာ ဆယ်ဂဏန်း လောက်ရှိသည့် ဘဏ္ဍာတိုက်တစ်ခု ဖြစ်နေသော ကြောင့်ပင်။

ဆုန်ကျန်း၏ အမူအရာကို ကြည့်ကာ လျူယောင် အကဲခတ်မိလိုက်သည်။ဤဘဏ်တွင် ဘဏ္ဍာတိုက် အပိုရှိနိုင်သော်လည်း ဒုဥက္ကဋ္ဌမှာ ချင့်ချိန်နေပုံရ၏။ ထို့ကြောင့် လျူယောင်က အခြေအနေကို ပြောင်း လဲရန်အတွက် ကမ်းလှမ်းလိုက်သည်။

"ဥက္ကဋ္ဌဆုန်... ခင်ဗျား ကျွန်တော့်ကို ဘဏ္ဍာတိုက်တ စ်ခု ငှားပေးနိုင်မယ်ဆိုရင် ကျွန်တော့်မှာရှိတဲ့ ဒေါ်လာ ၃ ဘီလီယံကျော်ကို ခင်ဗျားတို့ဘဏ်မှာ အပ်ထားပါ့ မယ်..အခု ဒီငွေတွေက ပြည်ပဘဏ်မှာ ရှိနေတာပါ. .."

"ဘာ ဒေါ်လာ ၃ ဘီလီယံ လား.."

ဤပမာဏအား ကြားလိုက်ရချိန်တွင် ဆုန်ကျန်းမှာ အံ့အားသင့်ကာ စိတ်လှုပ်ရှားသွားသော်လည်း သူ၏ အမူအရာအား အလျင်အမြန် ပြန်ထိန်းလိုက်သည်။ ဤမျှကြီးမားသည့် ငွေအပ်နှံမှုမျိုးမှာ ဘဏ်အတွက် မူ အိပ်မက်တစ်ခုပင် ဖြစ်၏။

ဆုန်ကျန်းက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သ ည်။

"ကောင်းပြီလေ..ဥက္ကဋ္ဌလျူက ကျွန်တော်တို့ကို ဒီ လောက် ယုံကြည်ပေးမှတော့ ကျွန်တော်ပဲ တာဝန်ယူ ဆုံးဖြတ်ပေးပါ့မယ်..ခင်ဗျားအတွက် သီးသန့် ဘဏ္ဍ ာတိုက်တစ်ခု အားပေးပါ့မယ်"

လျူယောင် ကျေနပ်စွာ ပြုံးမိလိုက်၏။ဘဏ္ဍာတိုက် ကိစ္စမှာ အဆင်ပြေသွားပြီ ဖြစ်သောကြောင့် ကျိန့်က န်းတို့အဖွဲ့ ပစ္စည်းများ သယ်လာသည့်အခါ စိတ်ချ လက်ချ သိမ်းဆည်းထားနိုင်တော့မည်လေ။

"ဥက္ကဋ္ဌဆုန်.. အဲဒီ ဘဏ္ဍာတိုက်ကို ကျွန်တော့်ကို တ စ်ချက်လောက် လိုက်ပြပေးပါဦး.."

"ရတာပေါ့... အခုပဲ သွားကြည့်ကြမယ်လေ.."

ဆုန်ကျန်း၏ ဦးဆောင်မှုဖြင့် လျူယောင်တို့ အဖွဲ့သ ည် အထူးဓာတ်လှေကားဖြင့် မြေအောက်မှာရှိသော ဘဏ္ဍာတိုက်သို့ ဆင်းလာခဲ့သည်။ဘဏ်ရုံးချုပ်၏ မြေအောက်ထပ်သည် အလွန်ခိုင်ခံ့ပြီး စတုရန်းမီတာ ရာဂဏန်းရှိသော ခန်းမကျယ်ကြီး ပင် ဖြစ်၏။

ထူထဲလှသည့် သံမဏိတံခါးကြီးများကိုမူ လျှို့ဝှက် နံပါတ်နှင့် လက်ဗွေစစ်ဆေးမှုများဖြင့် ကျော်ဖြတ် ပြီးနောက် လမ်းကြောင်းတစ်ခုအတွင်းသို့ လျူယေ ာင်တို့ ဝင်ရောက်လာကြသည်။ထို လမ်း ကြောင်း ၏ ဘေးဘီဝဲယာတွင်မူ အခန်းပေါင်းများစွာ ရှိနေ ၏။ဆုန်ကျန်းသည် "အမှတ် ၆" ဟု ရေးထားသော တံခါးတစ်ခုရှေ့တွင် ရပ်ကာ ကဒ်ပြားအား ပွတ်ဆွဲ ၍ ဖွင့်ပေးလိုက်သည်။

အတွင်းထဲ၌ စတုရန်းမီတာ ၁၀၀ ကျော် ကျယ်ဝန်း သည့် ဘဏ္ဍာခန်းကြီး တစ်ခုအား လျူယောင် တွေ့ လိုက်ရ၏။

"ဥက္ကဋ္ဌ လျူ... ဒီအခန်းကရော အဆင်ပြေပါ့မလား.. ဒီထဲက ပစ္စည်းအနည်းငယ်ကို ကျွန်တော်တို့ ချက်ချ င်း ဖယ်ပေးပါ့မယ်..မနက်ဖြန်ဆိုရင် ခင်ဗျား စတင် အသုံးပြုလို့ ရပါပြီ.."

လျူယောင် ကျေနပ်စွာ ပြန်ပြောလိုက်သည်။

"အင်း... ပြဿနာ မရှိပါဘူး..ဒါက ကျွန်တော် ထင် ထားတာထက်တောင် ပိုကျယ်ပါသေးတယ်.."

ထို့နောက် သူတို့အားလုံး အပေါ်ထပ်သို့ ပြန်တက်လ ာကာ လိုအပ်သည့် လုပ်ငန်းစဉ်များအား ဆက်လုပ် လိုက်ကြ၏။ဒေါ်လာ ၃ ဘီလီယံအား ပြည်ပမှ လွှဲ ပြောင်းရန်အတွက်လည်း လျူယောင် စီစဉ်လိုက်သ ည်။

.....

တစ်ဖက်တွင်လည်း "ရှိီဂူး" သင်္ဘောကြီးသည် ပင်လ ယ်ပြင်အား ဖြတ်ကျော်၍ ခရီးနှင်နေသည်မှာ သုံး လေးရက် ရှိနေပြီ ဖြစ်၏။သူတို့သည် တောင်ပစိဖိ တ်သမုဒ္ဒရာမှ ထွက်ခွာလာပြီးနောက် ယခုအခါ အီ ကွေတာအနီးသို့ ရောက်ရှိနေကာ မြောက်ပစိဖိတ် သမုဒ္ဒရာသို့ ဝင်ရောက်တော့မည် ဖြစ်သည်။

ကျိန့်ကန်းမှာမူ နေကာဦးထုပ်ကာ ဆောင်းကာ သ င်္ဘောကုန်းပတ်ပေါ်တွင် ငါးဖမ်းရင်း အပန်းဖြေနေ ခဲ့သည်။သူသည် ပလတ်စတစ်ငါးအတုကို အသုံး ပြုကာ ငါးမျှားနေခြင်း ဖြစ်သော်လည်း ကံကောင်း သူ ဖြစ်သည့်အလျောက် ၇ ပေါင်မှ ပေါင် ၄၀ ဝန်း ကျင်အထိရှိသော ငါးကြီးများကိုသာ အတော်များမျ ားဖမ်းမိထား၏။

တိုက်ပွဲများနှင့် ကျည်ဆန်မိုးများအောက်တွင် ရှင်သ န်ခဲ့ရသည့် ကျိန့်ကန်း အတွက်မူ ဤကဲ့သို့သော အေ းချမ်းသည့် ဘဝမှာ အလွန် ပျော်ရွှင်စရာ ကောင်း နေပေသည်။သူနှင့် မလှမ်းမကမ်းတွင်လည်း ဝံပု လွေကြေးစားအဖွဲ့ဝင်အချို့မှာ ငါးဖမ်းရင်း ဆူညံက ာ ပျော်ရွှင်နေကြ၏။

သို့ပေမဲ့ ထိုပျော်ရွှင်မှုသည် ကြာရှည်မခံလိုက်ပေ။

ရုတ်တရက် ဝံပုလွေအဖွဲ့ဝင်တစ်ဦးက အလန့်တကြ ား အော်ဟစ်လိုက်သည်။

"ခေါင်းဆောင်ကန်း..ဟိုမှာ ကြည့်ပါဦး... မော်တော် ဘုတ်တွေ အများကြီး ကျွန်တော်တို့ဆီ.. လာနေတ ယ်.."

ကျိန့်ကန်း လှမ်းကြည့်လိုက်သောအခါ မော်တော်ဘု တ် ၅ စီးအားသူ တွေ့လိုက်ရ၏။ပို၍ စိုးရိမ်စရာကေ ာင်းသည်မှာ ထိုမော်တော်ဘုတ်များထဲမှ တစ်စီးမှာ မူ အမြောက်များ တပ်ဆင်ထားသည်အား ကျိန့်ကန်း တွေ့လိုက်ရပေသည်။

All Chapters