← Chapters

ပင်လယ်ဓားပြများ

Vol. 42 Ch. 513

ပင်လယ်ဓားပြများ

Vol. 42 Ch. 513

ဝံပုလွေအဖွဲ့ဝင်တစ်ဦးက လှမ်းပြောလိုက်၏။

"ခေါင်းဆောင်..ကျွန်တော်တို့ ပင်လယ်ဓားပြတွေနဲ့ တွေ့ပြီထင်တယ်.."

ကျိန့်ကန်းလည်း ကိုင်ထားသော ငါးမျှားတံကို ချလို က်ပြီး အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။

"မှန်ဘီလူး ဒီကို ယူလာခဲ့.."

အကွာအဝေးမှာ နည်းနည်း ဝေးနေသေးသဖြင့် သာ မန်မျက်စိဖြင့် သိပ်မမြင်ရသော်လည်း မှန်ဘီလူးဖြင့် ကြည့်လိုက်သောအခါ အခြေအနေမှာ ပိုမိုရှင်းလင်း လာ၏။သူတို့၏ ရှေ့တွင် မော်တော်ဘုတ်ငါးစီး ရှိနေ ပြီး တစ်စီးမှာ ကြီးနေကာ ကျန်လေးစီးမှာ သေးနေ ပေသည်။

ထိုအထဲမှ အကြီးဆုံးမော်တော်ဘုတ်မှာ တန်ချိန် ၈၀ မှ ၁၀၀ ခန့်ရှိသော အမြောက်အား တင်ဆောင်ထား ကာ အဓိကလက်နက်အဖြစ် ၅၇ မီလီမီတာ အမြော က်တစ်လက်နှင့် အရန်လက်နက်အဖြစ် ၃၀ မီလီမီ တာ အမြန်ပစ်အမြောက် နှစ်လက်ကိုလည်း တပ်ဆ င်ထားသေးသည်။

တခြား မော်တော်ဘုတ်လေးစီးမှာမူ တစ်စီးချင်းစီ တွင် လက်နက်ကိုင်ဆောင်ထားသူ အနည်းငယ်စီ လိုက်ပါလာကြ၏။

မှန်ဘီလူးကို ပြန်ချလိုက်ပြီးနောက် ကျိန့်ကန်းက အော်ပြောလိုက်သည်။

"ကိုယ့်လူတို့..တိုက်ပွဲအတွက် ပြင်ဆင်ထားကြ.."

လာနေသောသူများသည် မိတ်ဆွေမဟုတ်သည်မှာ သေချာလှ၏။ဝေးလံသောနေရာမှာပင် သူတို့ထံမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုသော အငွေ့အသ က်အား ကျိန့်ကန်း အာရုံခံမိနေသည်။

ဝံပုလွေအဖွဲ့ဝင်များသည်လည်း တိုက်ပွဲ အတွေ့အ ကြုံ ရင့်ကျက်သူများပီပီ ချက်ချင်းဆိုသလိုပင် အ သင့်ပြင်လိုက်ကြ၏။သို့ပေမဲ့ ရှိီဂူးသင်္ဘောပေါ်မှ သ င်္ဘောသားများမှာမူ တိုက်ခိုက်ရေးသမားများ မဟု တ်ဘဲ သာမန်လူများသာ ဖြစ်သဖြင့် ယခုကဲ့သို့ အ ခြေအနေမျိုးတွင် ကြောက်ရွံ့တုန်လှုပ်ကာ စိတ်ပျက် အားငယ်နေကြသည်။

"ဒါ ဘာတွေလဲ.. ဘုရားရေ ပင်လယ်ဓားပြတွေလား ငါတို့ အရမ်းကံဆိုးတာပဲ..ဒီနေရာက အေဒင်ပင်လ ယ်ကွေ့လည်း မဟုတ်ဘဲနဲ့ ဘယ်လိုလုပ် ပင်လယ်ဓာ းပြတွေနဲ့ တွေ့ရတာလဲကွာ.."

သင်္ဘောသာအချို့မှာ ဤကဲ့သို့ ဝမ်းနည်းစွာ ညည်း တွားနေကြ၏။

သတ္တိရှိသော သင်္ဘောသားများမှာမူ ကြောက်စိတ်ကို အောင့်၍ အဝေးကို လှမ်းကြည့်လိုက်သည့်အခါမော် တော်ဘုတ်များ လျင်မြန်စွာ ချဉ်းကပ်လာသည်အား တွေ့လိုက်ရသည်။

ကပ္ပတိန် တောင်းဝမ်လျန်က အေးဆေးတည်ငြိမ်စွာ ဖြင့် နှစ်သိမ့်လိုက်၏။

"အားလုံး မကြောက်ကြပါနဲ့.. မစ္စတာကန်းတို့အဖွဲ့က အားလုံးကို တာဝန်ယူပေးမှာပါ..မင်းတို့ အထဲမှာ နေ ပြီး တံခါးတွေကို သေချာပိတ်ထားကြ.."

ထိုအခါမှ လူတိုင်းသည် အန္တရာယ်ဖြစ်မည်စိုးသဖြင့် သင်္ဘောထဲတွင်သာ ပုန်းအောင်းနေကြပြီး ဘယ်သူမှ အပြင်မထွက်ရဲကြတော့ပေ။

ဝံပုလွေ အဖွဲ့ဝင်များကမူ မိမိတို့နေရာများကို လျင် မြန်စွာ ယူလိုက်ကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှ န် ကူညီနိုင်ရန် နှစ်ယောက်တစ်တွဲ သုံးယောက်တစ် တွဲ ခွဲ၍ ဖုံးကွယ်နေရာယူလိုက်ကြသည်။ကျိန့်ကန်း သည်လည်း နီးကပ်လာသော ပင်လယ်ဓားပြများအ ား မှန်ဘီလူးဖြင့် ထပ်မံကြည့်ရှုရင်း ၎င်းတို့သည် ရှိီဂူးသင်္ဘောပေါ်မှ ရတနာများအတွက် လာခြင်းဖြစ် ကြောင်း သူ သေချာသွား၏။

ကျိန့်ကန်းက သေချာအောင်မေးမြန်းလိုက်သည်။

"ကပ္ပတိန်တောင်း..ခင်ဗျား အရင်က.. ဒီလမ်ကြောင် းကို မကြာခဏ သွားဖူးသလား.. ပင်လယ်ဓားပြ တွေနဲ့ရော တွေ့ဖူးလား.."

ထိုအခါ ကပ္ပတိန်က ခေါင်းခါပြကာ ပြန်ဖြေလိုက်၏ ။

"အရင်က ကျွန်တော်..ဒီလမ်းကြောင်းကို အနည်းဆုံး တစ်ဒါဇင်ကျော်လောက် သွားဖူးတယ် ပင်လယ်ဓား ပြတွေနဲ့တော့..တစ်ခါမှ မတွေ့ဖူးဘူး..အမြဲတမ်း အ ဆင်ပြေခဲ့တာပါ"

ဤစကားကို ကြားရသောအခါ ကျိန့်ကန်းသည် ထိုပ င်လယ်ဓားပြများသည် သင်္ဘောပေါ်မှ ပစ္စည်းများ အကြောင်းကို ကြိုတင်သိရှိထား၍ သတင်းအချက် အလက် တိကျစွာဖြင့် ရည်ရွယ်ချက်ရှိရှိ ရောက်လာ ခြင်းဖြစ်ကြောင်း ပိုမိုသေချာသွားပေသည်။

အမြောက်တင်ထားသော မော်တော်ဘုတ်မှာ သူတို့ အနီးသို့ ချဉ်းကပ်လာပြီး ၅၇ မီလီမီတာ အဓိကအ မြောက်နှင့် ၃၀ မီလီမီတာ အရန်အမြောက်များဖြင့် ရှိီဂူးသင်္ဘောအား ဦးတည်ချိန်ရွယ်ထား၏။တခြား မော်တော်ဘုတ်လေးစီးမှာလည်း ရှိီဂူးသင်္ဘောအား ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

ထိုစဉ်မှာပင် အမြောက်တင်ထားသောမော်တော်ဘု တ်ပေါ်မှနေ၍ မကျွမ်းကျင်သော ယန်ဘာသာ စကား ဖြင့် စတင်အော်ဟစ်သတိပေးနေ၏။

"သင်္ဘောပေါ်ကလူတွေ နားထောင်ကြပါ..သင်္ဘောကို ချက်ချင်းရပ်ပေးပါ..ခု ချက်ချင်းရပ်ပေးပါ.မဟုတ် ရင် ငါတို့ အင်အားသုံးရပါလိမ့်မယ်.."

ကပ္ပတိန်တောင်းဝမ်လျန်မှာ အတော်လေး စိုးရိမ်နေ ကာ ကျိန့်ကန်းအား မေးလိုက်သည်။

"ခေါင်းဆောင်ကန်း..ကျွန်တော်တို့ ဘာလုပ်ကြမလဲ.. သင်္ဘောကို တကယ်ပဲ ရပ်ပေးရမှာလား.."

ကျိန့်ကန်းမှာမူ အေးဆေးတည်ငြိမ်နေဆဲပင်။သူသ ည် အမြောက်တင်ထားသောမော်တော်ဘုတ်အား ကြည့်ကာ စိတ်ထဲကနေ ဒေါသထွက်စွာ တွေးမိလို က်၏။

"ငါ့တို့မှာသာ လက်နက်ကြီးတွေ ပါလာရင် မင်းတို့ ကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်မှာကွ.."

ထို့သို့ တွေးပြီးနောက် ကပ္ပတိန်တောင်းဝမ်လျန်အား လှည့်ပြောလိုက်သည်။

"အင်း..သင်္ဘောကို ရပ်လိုက်တာ ပိုကောင်းမယ် ..ဒီ လူတွေကို သင်္ဘောပေါ်တက်ခွင့် ပေးလိုက်ပါ.."

ကျိန့်ကန်း အစိုးရိမ်ဆုံးမှာ သင်္ဘောကို ချိန်ထားသ ည့် အမြောက်ကြီးပင် ဖြစ်၏။ထို အမြောက်တင်ထ ားသော မော်တော်ဘုတ်သာ မပါလျှင် ကျိန့်ကန်း သည် လွန်ခဲ့သည့်အချိန်ကတည်းကပင် ၎င်းတို့အား ပစ်ခတ်နှိမ်နင်းလိုက်ပေသည်။

ကပ္ပတိန်တောင်းဝမ်လျန်က ထိတ်လန့်တုန်လှုပ်စွာ ဖြင့် သတိပေးရန် ထပ်မံ ပြင်လိုက်၏။

"ဗျာ..တကယ်ပဲ သင်္ဘောကို ရပ်ပေးရမှာလား.."

သို့ပေမဲ့ ကျိန့်ကန်းက လက်မြှောက်ကာ စကားဖြတ် ၍ ယုံကြည်မူ ရှိရှိဖြင့် ပြောလိုက်သည်။

"ငါတို့ကို ယုံကြည်ပါ..ဒီပင်လယ်ဓားပြတွေကို သ င်္ဘောပေါ်တက်ခွင့်ပေးတာက အရေးမကြီးပါဘူး.. ဒီလူတွေက ငါတို့ရဲ့ ပြိုင်ဘက်တွေ မဟုတ်ပါဘူး.."

ကပ္ပတိန်တောင်းဝမ်လျန်သည် သံသယဝင်နေသော် လည်း သူဋေးလျူယောင်ထံမှ ဖုန်းဖြင့် ညွှန်ကြားထ ားပြီး ဖြစ်သောကြောင့် သင်္ဘောအား ရပ်တန့်ရန် အမိန့်ပေးလိုက်ရ၏။

သူဋေး၏ စကားမှာ အလွန် ရှင်းလင်းလှသည်။

"အချိန်မရွေး နေရာမရွေး ကျိန့်ကန်း၏ အမိန့်ကို နာ ခံရန်နှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရန်" ပင်ဖြစ်၏။

သင်္ဘောရပ်သွားသည်ကို မြင်လိုက်ရသောအခါ သ င်္ဘောသားအချို့မှာမူ မျက်နှာများ ဖြူဖတ်ဖြူလျော် ဖြစ်ကုန်ကာ ကြောက်လန့်နေကြသည်။

လူငယ်သင်္ဘောသားတစ်ယောက်မှာမူ တုန်ယင်ကာ ငိုယိုနေ၏။

"ဒီပင်လယ်ဓားပြတွေ သင်္ဘောပေါ် တက်လာလို့ မဖြ စ်ဘူး..သူတို့မှာ သေနတ်တွေရှိတယ်..ကျွန်တော်တို့ ကို သတ်ကြလိမ့်မယ်..ကျွန်တော်..အိမ်ပြန်ချင်တယ် အမေရေ.."

ထိုစဉ် သန်မာသော.လက်တစ်စုံက သူ့ပခုံးအား ညင် သာစွာ ပုတ်လိုက်သည်။ထိုလူမှာ ယန်နိုင်ငံ၏ အထူး တပ်ဖွဲ့ဝင်ဟောင်း ဝံပုလွေကြေးစား အဖွဲ့ဝင်တစ်ဦး ပင်ဖြစ်၏။

"ခင်ဗျားတို့ တကယ်လုပ်နိုင်မှာလားဗျာ.. ပင်လယ် ဓားပြတွေက ခင်ဗျားတို့ထက် ပိုများတယ်နော်.. အ မြောက်လည်း ပါသေးတယ်.."

သင်္ဘောသားက ထိုသို့မေးလိုက်ရာ ဝံပုလွေအဖွဲ့ဝင် က ခေါင်းညိတ်ပြ၍ ပြတ်သားစွာ ပြန်ပြောလိုက်သ ည်။

"ဒီပင်လယ်ဓားပြက ဘာမို့လို့လဲကွာ..ဒီကောင်တွေ ကို ငါတို့လက်ထဲသာ အပ်ထားလိုက်စမ်းပါ..မင်းတို့ ဘာမှ မဖြစ်စေရဘူး.."

ထိုအခါမှ လူငယ်သင်္ဘောသားသည်လည်း အနည်း ငယ် စိတ်သက်သာရာရသွားကာ ငိုသည်မှာ ရပ်တန့် သွားသော်လည်း ရင်ထဲမှ ကြောက်စိတ်ကြောင့် သူ ၏ တစ်ကိုယ်လုံးမှာမူ တုန်ယင်နေ၏။

ရှိီဂူးသင်္ဘော ရပ်တန့်သွားသည်ကို မြင်သောအခါ ပ င်လယ်ဓားပြများက အားပါးတရ အော်ဟစ်ကာ အောင်ပွဲခံနေကြသည်။ပင်လယ်ဓားပြခေါင်းဆော င်မီကာသည် အမြောက်တင်ထားသော မော်တော်ဘု တ်ပေါ်မှနေ၍ သင်္ဘောကြီး ရပ်တန့်သွားသည်အား ကျေနပ်စွာ ကြည့်ရင်း အမိန့်ပေးလိုက်၏။

"ငါ့ကောင်တို့..သင်္ဘောပေါ် တက်ကြ.."

"ခေါင်းဆောင်.. ဒီလိုမျိုး.. လွယ်လွယ်ကူကူ ဖြစ်လာ လိမ့်မယ်လို့ မထင်ထားဘူး..သင်္ဘောပေါ်မှာ ဒေါ်လာ တစ်ဘီလီယံကျော်..ရွှေ ၇,၂၀၀ ကီလိုဂရမ်နဲ့ တန်ဖိုး မဖြတ်နိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေ ရှိတယ်လို့ ကျွ န်တော် ကြားတယ်.."

ခေါင်းဆောင်ငယ်တစ်ဦးက ပျော်ရွှင်စွာ ပြောလိုက် ရာ ခေါင်းဆောင်မီကာက ဝမ်းသာအားရ ပြန်ပြော လိုက်၏။

"ဒါတွေအားလုံးကို မကြာခင် ငါတို့ ပိုင်ရတော့မှာပါ ကွာ..ဘယ်သူမှ လာယူလို့ မရစေရဘူး..ငါတို့ တက ယ် ချမ်းသာပြီဟေ့..ဟားဟားဟား.."

ခေါင်းဆောင်ငယ်က ထပ်မံ မေးမြန်းလိုက်သည်။

"ဒါပေမဲ့ ခေါင်းဆောင် သဘောတူညီချက်အရ ဒီပစ္စ ည်းတွေကို ဘာတာကုမ္ပဏီကို ပေးရမှာလေ ကျွန် တော်တို့ အကုန်ယူသွားမှာလား.."

မီကာက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။

"ဒီဘာတာကုမ္ပဏီက သိပ်ရိုးသားတာပဲ.. ငါက ဒီပစ္စ ည်းတွေကို တကယ်ပြန်ပေးမယ်လို့ မင်းထင်နေတာ လား..မဖြစ်နိုင်တာကွာ.."

"ဒါပေမဲ့ ဘာတာကုမ္ပဏီက ရန်စလို့လွယ်တဲ့အဖွဲ့ မ ဟုတ်ဘူးနော် ခေါင်းဆောင် တကယ်လို့ သူတို့သာ.. ."

ခေါင်းဆောင်ငယ်က ထိုသို့ စိုးရိမ်တကြီး ပြောလိုက် သော်လည်း မီကာက စကားစဖြတ်ကာ လက်ဝှေ့ယ မ်း၍ ပြောလိုက်သည်။

"ငါတို့ကလည်း ရန်စလို့လွယ်တဲ့သူတွေ မဟုတ်ဘူး လေ. ဒီလောက်များတဲ့ ပစ္စည်းတွေနဲ့ နေရာရွှေ့နေ လိုက်ရင် ဒီလူတွေ ငါတို့ကို ရှာတွေ့မှာ မဟုတ်ပါဘူး ကွာ မင်း ဘာမှ စိတ်မပူနဲ့.. ဘာပြဿနာမှ မရှိဘူး.."

မီကာ၏ လောဘဇောမှာ သူ၏ အသက်ကိုပင် ပဓာ နမထားနိုင်တော့သည်အထိ ထင်ရှားနေ၏။

ပင်လယ်ဓားပြများ သင်္ဘောပေါ်သို့ စတင်တက်ရော က်ချိန်တွင် ခုခံမှုအချို့နှင့် ရင်ဆိုင်လိုက်ရသည်။သ င်္ဘောသားအချို့က ပစ္စည်းများဖြင့် ပစ်ပေါက်ခြင်း၊ ရေပိုက်ဖြင့် ပက်ခြင်းတို့ ပြုလုပ်နေကြ၏။ထိုမြင် ကွင်းကို ကြည့်ပြီး မီကာက စိတ်ထဲမှ လောင်ရယ်လို က်သည်။

"ဟားဟား..မင်းတို့လုပ်တာတွေက အလကားပါပဲ ကွာ.ငါတို့ကို မတားနိုင်ပါဘူး.."

ခေတ္တမျှ ခုခံပြီးနောက် ပင်လယ်ဓားပြ ၃၀ ခန့် သည် ရှိီဂူးသင်္ဘော၏ ကုန်းပတ်ပေါ်သို့ ရောက်လာကြ၏။ မီကာမှာ မိမိကိုယ်ကို ပိုမိုဂုဏ်ယူနေကာ ရှေ့မှာရှိ သော ရွှေနှင့်ငွေများက သူ့အား လှမ်းခေါ်နေသကဲ့သို့ ခံစားနေရသည်။

အမြောက်တင်ထားသော မော်တော်ဘုတ်ပေါ်တွင် ကျန်နေသော ပင်လယ်ဓားပြများသည်လည်း သ င်္ဘောပေါ်သို့ တက်ချင်နေကြသော်လည်း မီကာက တားမြစ်လိုက်၏။

"မလိုတော့ဘူး..ရပြီ..သင်္ဘောပေါ်မှာ လူ ၃၀ ကျော် ရောက်နေပြီ..ဒီလူတွေနဲ့ဆို လုံလောက်တယ်.."

အမှန်စင်စစ် မီကာတို့ ယခုမြင်တွေ့နေရသော ခုခံမှု များသည် ကျိန့်ကန်းနှင့် ဝံပုလွေအဖွဲ့ဝင်များက ရန် သူမှာ မိမိတို့အား ပေါ့ဆသွားစေရန်နှင့် အထင်သေး စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော ဗျူဟာတစ်ခုသာ ဖြစ်၏။

ကျိန့်ကန်း၏ အစီအစဉ်သည် ထိုပင်လယ်ဓားပြမျ ား အား သင်္ဘောပေါ်သို့ အကုန်တက်ခိုင်းပြီးမှ တစ်ခါတည်း အပြတ်ရှင်းပစ်ရန်ပင် ဖြစ်သည်။

All Chapters