ထိတ်လန့်ဖွယ်ရာ မြင်ကွင်း
Vol. 42 Ch. 514
ပင်လယ်ဓားပြ ၃၀ ခန့်သည် အထင်သေးစိတ်ဖြင့် ရှိီ ဂူးသင်္ဘောပေါ်သို့ ဆူညံစွာ တက်လာခဲ့၏။သူတို့ သ ည် ရန်သူအား အလွယ်တကူ စီးနင်းနိုင်မည်ဟု ယူ ဆထားကြသဖြင့် တိုက်ပွဲဝင်ပုံစံပင် မပြင်ဆင်ထား ခဲ့ချေ။
"ခေါင်းဆောင်...ကျွန်တော်တို့ ပစ်ရတော့မလား.."
ထိုအချိန်တွင် ကျိန့်ကန်း၏ ဆက်သွယ်ရေးနားကြ ပ်မှတစ်ဆင့် ဝံပုလွေအဖွဲ့ဝင်များမှ မေးမြန်းသံအား ကြားလိုက်ရသည်။သူ၏နှုတ်ခမ်းထောင့်တွင် သတ် ဖြတ်လိုသော အမူအရာတစ်ခု ပေါ်လွင်လာကာ လ က်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်၏။
"ပစ်ကွာ..မင်းတို့.. လွတ်လွတ်လပ်လပ် ပစ်ခတ်နိုင် တယ်.."
"ဒက်..ဒက်..ဒက်..ဒက် "
မကြာမီမှာပင် တရစပ်ထွက်ပေါ်လာသော သေနတ် သံများနှင့်အတူ ပင်လယ်ဓားပြများ အငိုက်မိသွား ကြသည်။သူတို့သည် ပြန်လည်တုံ့ပြန်ရန်ပင် အချိန် မရလိုက်ဘဲ ထက်ဝက်ကျော်မှာ မြေပြင်ပေါ်သို့ အ သက်ကင်းမဲ့စွာ လဲကျကုန်၏။ဝံပုလွေအဖွဲ့ဝင်များ ၏ လက်ဖြောင့်လှပုံမှာ ကျည်ဆံတိုင်းက ပစ်မှတ်အ ား တစ်ချက်မလွဲဘဲ အသားထဲသို့ စိုက်ဝင်ကုန်ကြ သည်။
"အား..မကောင်းတော့ဘူး.."
ကျန်နေသေးသော ပင်လယ်ဓားပြများက ထိတ်လန့် တကြား ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည် း ကျည်ဆံအနည်းငယ်သာ ပစ်ခတ်နိုင်ခဲ့သည်။နှစ် မိနစ်၊ သုံးမိနစ်အတွင်းမှာပင် ပင်လယ်ဓားပြ ၃၀ လုံး အမြစ်ပြတ်သုတ်သင်ခံလိုက်ရကာ တစ်ယောက်မျှ အသက်မရှင်ကျန်ရစ်ခဲ့ပေ။
"ဝိုး..အရမ်းမိုက်လိုက်တာဗျာ.."
ကျိန့်ကန်းက အားရကျေနပ်စွာ ကြည့်နေစဉ် ကပ္ပတိ န်တောင်းဝမ်လျန်ကမူ စိတ်ထဲမှ လက်ခုပ်တီး၍ အာ းပေးနေမိသည်။ ဤမြင်ကွင်းမှာ စိတ်လှုပ်ရှားဖွယ် ရုပ်ရှင်ကားတစ်ကားကို ကြည့်နေရသည်ထက်ပင် ပို မို ရင်ခုန်စရာကောင်းနေ၏။
ရှိီဂူးပေါ်ရှိ သင်္ဘောသားများမှာမူ အံ့အားသင့်လျက် ရှိနေကြသည်။သေနတ်သံများ ရပ်တန့်သွားချိန်တွင် သတ္တိရှိသူအချို့က ပြတင်းပေါက်မှန်မှတစ်ဆင့် အ ပြင်သို့ ချောင်းကြည့်လိုက်ကြ၏။ကုန်းပတ်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းများကို မြင်လိုက်ရသော အခါ သူတို့ ထိတ်လန့်သွားကြသော်လည်း မကြာမီ မှာပင် ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။
"ဘုရားရေ... ပင်လယ်ဓားပြတွေ အကုန်သေကုန်ပြီ လား..ကျွန်တော်တို့သင်္ဘောပေါ်မှာ ဘယ်သူတွေရှိ နေတာလဲဟ..အထူးတပ်ဖွဲ့တွေထက်တောင် ပိုစွမ်း တာပဲ"
"ဟူး ကျွန်တော်လည်း.. အခုမှပဲ စိတ်အေးရတော့ တယ်ဗျာ.."
အုံမိူင်းနေသော လေထုပတ်ဝန်းကျင်သည် ချက်ချင် းဆိုသလိုပင် ပေါ့ပါးသွားကာ သင်္ဘောသားများမှာ လည်း စိတ်ဓာတ်များ ပြန်လည်တက်ကြွလာကြသ ည်။
ကျိန့်ကန်းမှာမူ အဝေးမှ အမြောက်တင်ထားသော မော်တော်ဘုတ်ကို စိုက်ကြည့်ရင်း မည်သို့ကိုင်တွယ် ရမလဲဆိုသည်အား သူ တွေးနေမိ၏။
အမြောက်တင်ထားသောမော်တော်ဘုတ်ပေါ်မှ ဓား ပြခေါင်းဆောင် မီကာကမူ သေနတ်သံများ ကြားနေ ရသော်လည်း သူ၏လူများကသာ သင်္ဘောသားများ အား သတ်ဖြတ်နေသည်ဟု ထင်မှတ်နေဆဲ ဖြစ်သ ည်။
ပင်လယ်ဓားပြခေါင်းဆောင်မီကာက ဒေါသထွက်စွ ာ အော်ဟစ်လိုက်၏။
"ဘာလို့ သေနတ်တွေ ဒီလောက်လျှောက်ပစ်နေတာ လဲ.. လူအနည်းငယ်တော့ ချန်ထားဦး."
ဘေးနားမှ ပင်လယ်ဓားပြခေါင်းဆောင်ငယ် တစ်ဦး က ဝင်ပြောလိုက်သည်။
"ခေါင်းဆောင် တစ်ခုခုတော့ မှားနေပြီနဲ့ တူတယ်နေ ာ်"
ရှိီဂူးသင်္ဘောမှာ အလွန်ကြီးမားသောကြောင့် ကုန်းပ တ်အမြင့်မှာ ၁၀ မီတာကျော်ရှိသဖြင့် မော်တော်ဘု တ်ပေါ်မှ ကြည့်လျှင် အပေါ်ထပ်ရှိမြင်ကွင်းများအား မမြင်နိုင်ချေ။
ခေါင်းဆောင်မီကာသည် မိမိလူများအား ယုံကြည်မှု အပြည့်ဖြင့် မှတ်ချက်ပေးလိုက်၏။
"ငါတို့လူ ၃၀ ကျော် တက်သွားတာ..သင်္ဘောသား တွေ သေကုန်လို့ သေနတ်သံတွေ ရပ်သွားတာပေါ့ ကွ.."
သို့ပေမဲ့ မိနစ်အနည်းငယ်ကြာသည်အထိ သူ၏ ဆ က်သွယ်ရေး နားကြပ်ဆီသို့ မည်သည့်သတင်းမျှ ရောက်မလာသောအခါ သူ စတင်စိုးရိမ်လာသည်။
ထိုအချိန်မှာပင် ပင်လယ်ရေအောက် မီတာဆယ်ဂ ဏန်းခန့်တွင်မူ နဂါးနက်ကြီး ရောက်လာခဲ့၏။သူသ ည် အစာရှာရန် ခဏ ထွက်သွားခဲ့ရာ ရက်အနည်းင ယ်ကြာတည်းက ရှိီဂူးသင်္ဘောအားတိတ်တိတ်လေး စောင့်ရှောက်နေသူလည်း ဖြစ်သည်။ကျိန့်ကန်းတော င်မှ နဂါးနက် ရှိနေသည်အား သတိမထားမိခဲ့ပေ။
လိပ်ကြီးမှာမူ အစောင့်အရှောက်လုပ်ပေးရန် ပျင်းရိ သဖြင့် သင်္ဘောနောက်မှ အမြဲတစေ လိုက်ပါရန် ညီ လေးနဂါးနက်အား တာဝန်လွှဲပေးထားခြင်း ဖြစ်၏။
နဂါးနက် ပြန်ရောက်လာချိန်တွင် ရှိီဂူးသင်္ဘောအား အမြောက်ကြီးဖြင့် ပစ်ခတ်ရန် ပြင်နေသည်ကို သူမြ င်လိုက်ရသည်။၎င်းသည် ကောင်းသောအရာ မဟု တ်သဖြင့် အမြောက်တင်ထားသော မော်တော်ဘု တ်ဆီသို့ နဂါးနက်သည် လျင်မြန်စွာ ကူးခတ်လိုက် ၏။
အမြောက်တင်ထားသော မော်တော်ဘုတ်ပေါ်တွင်မူ ခေါင်းဆောင်မီကာသည် တစ်ဖက်မှ အဖွဲ့ခေါင်း ဆောင်အား ခေါ်သော်လည်း အကြောင်းမပြန်သဖြင့် "ပြီးပြီ.. ငါ ပေါ့ဆသွားပြီ" ဟု ရေရွတ်ရင်း အမြော က်ဖြင့် ပစ်ရန် ဒေါသတကြီး အမိန့်ပေးလိုက်သည်။
အမြောက်သမားများက ပစ်ခတ်ရန် အသင့်ပြင်နေ စဉ်မှာပင် ရုတ်တရက် တစ်စုံတစ်ယောက်က ထိတ် လန့်တကြား အော်ဟစ်လိုက်၏။
"ဟေး.အားလုံးကြည့်လိုက်စမ်း.. အဲဒါ ဘာကောင် ကြီးလဲ.."
ကြည်လင်နေသော ရေအောက် မီတာဆယ်ဂဏန်း ခန့်တွင် အရှည်မီတာ ၂၀၀ ခန့်ရှိသည့် မည်းနက်နေ သော သတ္တဝါကြီး၏ ပုံရိပ်အား လူတိုင်း မြင်လိုက် ရသည်။
"လခွမ်း..ဒါ ဘာကောင်ကြီးလဲဟ.."
ပင်လယ်ဓားပြခေါင်းဆောင်မီကာသည် ချက်ချင်း ပင် ထိန်လန့် တုန်လှုပ်သွား၏။ရေငုပ်သင်္ဘောထက် က်ပင် ပိုမိုရှည်လျားသော ထိုသတ္တဝါသည် အရင် တုန်းက သတင်းကြီးခဲ့သည့် "ရေသားရဲကြီး" ဖြစ် ကြောင်း သူ သတိရလိုက်သည်။
"ဘုရားသခင် ကယ်ပါ... ငါတို့မော်တော်ဘုတ်ကို ဒီကောင်ကြီး မဖျက်စီးပါနဲ့..”
မီကာတစ်ယောက် ချွေးစေးများပြန်ကာ ဆုတောင်း နေစဥ်တွင် တခြားပင်လယ်ဓားပြများမှာမူ ပင်လယ် ထဲသို့ အလုအယက် ခုန်ချလိုက်ကြ၏။နဂါးနက်သ ည် အနည်းငယ်နောက်ကျခဲ့သော်လည်း အမြောက် မပစ်ခတ်မီ၌ အချိန်မီ ရောက်လာခဲ့သည်။
မော်တော်ဘုတ်အောက်ခြေသို့ နဂါးနက် ရောက်လာ သည်နှင့် ဧရာမလက်သည်းကြီးဖြင့် ဝှေ့ယမ်းလိုက် ရာ အမြောက်တင်ထားသော မော်တော်ဘုတ်၏ ကို ယ်ထည်မှာမူ စက္ကူတစ်ရွက်ကဲ့သို့ လွယ်ကူစွာပေါက် ပြဲသွား၏။
တန် ၂,၅၀၀ ရှိသော နဂါးကြီးအတွက်တော့ တန် ၁၀ ၀ အောက်သာ ရှိနေသော ထိုမော်တော်ဘုတ်မှာ က စားစရာကဲ့သို့ ဖြစ်နေသည်။သူသည် အမြောက်တင် ထားသော မော်တော်ဘုတ်၏ အောက်ခြေအား ဆုပ် ကိုင်ကာ မီတာ ၂,၀၀၀ ခန့် နက်သော ပင်လယ်ကြမ်း ပြင်အောက်သို့ လျင်မြန်စွာ ဆွဲချလိုက်၏။
ထိုအမြောက်တင်ထားသော မော်တော်ဘုတ်အား မ ည်သို့နှိမ်နင်းရမည်နည်းဟု ကျိန့်ကန်း တွေးတော နေ စဉ်မှာပင် ဝံပုလွေအဖွဲ့ဝင်တစ်ဦး၏ တအံ့တသြ အသံအား သူ ကြားလိုက်ရသည်။
"ခေါင်းဆောင်... ကြည့်ပါဦး.. အဲဒီအမြောက်တင်ထ ားတဲ့ မော်တော်ဘုတ်က ရုတ်တရက် ပျောက်သွား ပြီဗျ.."
ကျိန့်ကန်းသည်လည်း မိမိမျက်စိရှေ့၌ပင် ထိုမော် တော်ဘုတ်ကြီး ရေအောက်သို့ ငုပ်လျှိုး ပျောက်ကွ ယ်သွားသည်အား အံ့အားသင့်စွာ သူမြင်လိုက်ရ၏။ ဤကဲ့သို့သော မြင်ကွင်းမျိုးအား အရင်က သူ တစ် ခါမျှ မမြင်ဖူးခဲ့ပေ။
"အမ်..ဘယ်ရောက်သွားတာလဲ..ဟ"
ဤသည်မှာ ကောင်းသည့်အရာသာ ဖြစ်ပေသည်။ နောက်ဆုံးတော့ အန္တရာယ်ကင်းရှင်းသွားသဖြင့် ကျိ န့်ကန်းလည်း လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်၏။
"ကပ္ပတိန်တောင်း..သင်္ဘောကို ရွက်လွှင့်တော့..ငါတို့ ဒီကနေ အမြန်ဆုံး ထွက်ကြရအောင်.."
ရှိီဂူးသင်္ဘောကြီးသည်လည်း တဖြည်းဖြည်းချင်း အ ရှိန်မြှင့်တင်ကာ ပင်လယ်ပြင်ထက်၌ လျင်မြန်စွာ ခရီ းဆက်နေပေသည်။