ဆုလာဒ်များစွာ
Vol. 42 Ch. 515
ယူနီဗာဆယ်တာဝါတွင်...
လျူယောင်က မေးလိုက်၏။
“ငါမှာထားတဲ့ပစ္စည်းတွေ အကုန် အသင့်ဖြစ်ပြီလား”
ချန်းဟူက ရိုသေစွာ ပြန်ဖြေလိုက်သည်။
“အသင့်ဖြစ်ပါပြီသူဋေး.. သံမဏိသေတ္တာ သုံးမျိုး ရှိ ပြီး အသေးတစ်ရာ၊အကြီးနှင့် အလတ်ကို အမျိုးအ စားတစ်ခုလျှင် နှစ်ရာစီရှိပါတယ်ခဗျ ကားနှစ်စီးကို လည်း အချိန်မရွေး ထွက်ခွာနိုင်ရန် အသင့်ပြင်ထား ပါတယ်သူဋေး..”
လျူယောင် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်ပြီး လ က်ဝေ့ရမ်းကာ ပြောလိုက်၏။
“လာ.ငါတို့.ဆိပ်ကမ်းကို သွားကြစို့..'ရှိီဂူးသင်္ဘော လ ည်း ဆိပ်ကမ်းကို ရောက်လာပြီ”
ပြောပြီးနောက် လျူယောင် က ရှေ့ကနေ လျှောက် လာပြီး ယူနီဗာဆယ်တာဝါ၏ ဝင်ပေါက်မှ ကားထဲ သို့ ဝင်လာခဲ့သည်။ဗင့်ကားနှစ်စီး၊အော့ဖ်ရုတ်ကား နှ စ်စီးနှင့် Rolls-Royce တစ်စီး.စုစုပေါင်း ကားငါးစီး ဖြင့် ယာဉ်တန်းသေးသေးလေးတစ်ခုအား ဖွဲ့လိုက် ကြ၏။
လူတိုင်း ကားပေါ်သို့ အသီးသီးတက်ပြီးနောက် ဆိပ် ကမ်းသို့ ထွက်ခွာလာကြသည်။
အမှတ် (၇) ဆိပ်ခံတံတားအနီးတွင် 'ရှိီဂူး'သင်္ဘော ဆိုက်ကပ်လာပြီ ဖြစ်သည့်အတွက် အပေါ်မှ သတ္တု ရိုင်းများအား စတင်ချနေပေသည်။ယခုအကြိမ်တွင် လည်း ရှီဂူးသင်္ဘောသည် တောင်အမေရိက နိုင်ငံတ စ်ခုမှ သတ္တုရိုင်းတန်ချိန် တစ်သိန်းကျော်အား သယ် လာခဲ့၏။
သို့ပေမဲ့ ၎င်းက အရေးမကြီးပေ။များပြားသည့် ငွေ ကြေးဥစ္စာများကို ပြန်လည်သယ်ယူလာသည်အား လူအနည်းငယ်သာ သိပေသည်။
လျူယောင်က ကိုယ်ရံတော်များစွာနှင့်အတူ သင်္ဘေ ာပေါ်သို့ တက်လာရာ ကပ္ပတိန်တောင်းဝမ်လျန်တို့ အဖွဲ့က အလွန်လေးစားစွာဖြင့် နှုတ်ဆက်လိုက်ကြ ၏။
“သူဋေး မင်္ဂလာပါ..”
"အကြီးအကဲလျူ မင်္ဂလာပါ..”
လူတိုင်းက လျူယောင်အား တစ်ယောက်ပြီးတစ် ယောက် နှုတ်ဆက်ကြပြီး တချို့ကမူ စိတ်လှုပ်ရှား နေကြသည်။သူတို့သည် သင်္ဘောသားအဖြစ် အချိန် အကြာကြီး လုပ်လာခဲ့ကြသည့်အတွက် လျူယောင် လိုသူဋေးကြီးအား ဤကဲ့သို့ နီးကပ်စွာ မြင်ဖူးသည် မှာ ပထမဆုံးအကြိမ်ပင် ဖြစ်၏။
လျူယောင်သည်လည်း လူတိုင်းအား ခေါင်းအသာ အယာညိတ်ပြပြီးနောက် မေးလိုက်သည်။
“ပစ္စည်းတွေက ဘယ်မှာလဲ..”
ကပ္ပတိန်တောင်းဝမ်လျန်က အလျင်အမြန်ပင် သူဋေ းလျူယောင်အား ပစ္စည်းများ ထားရှိသည့် အခန်း ထဲသို့ ခေါ်လာခဲ့၏။ကျိန့်ကန်းတို့ ဝံပုလွေ အဖွဲ့ဝင်အ ချို့မှာမူ အခန်းတံခါးဝတွင် စောင့်ကြပ်နေကြသည်။
သူဋေးအား မြင်သောအခါ ကျိန့်ကန်းမှာ ဝမ်းသာအ ားရ အစီရင်ခံလိုက်၏။
“ကံကောင်းထောက်မလို့ ကျွန်တော်တို့ အသက်အန္တ ရာယ် မဖြစ်ခဲ့ဘူးသူဋေး.. ကျွန်တော်တို့ ပစ္စည်းတွေ အများကြီး ပြန်သယ်လာခဲ့ပြီး အားလုံးကို အခန်းထဲ မှာ ထည့်ထားပါတယ်ခဗျ..”
“အင်း.မင်းတို့ ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ..အခု တစ်ကြိမ် မင်းတို့ကို ငါ ဆုအကြီးကြီးပေးမယ်.. လု ပ်ငန်းတွင် ပါဝင်သည့် အဖွဲ့ဝင်တစ်ယောက်ချင်းစီကို အမေရိကန်ဒေါ်လာ တစ်သန်းစီ ရမယ်..မင်းကတော့ အမေရိကန်ဒေါ်လာ ငါးသန်းပေါ့.. ဒါ့အပြင် ဝံပုလွေ အဖွဲ့သားတွေအတွက် အမေရိကန်ဒေါ်လာ သန်းတစ် ရာကို ရန်ပုံငွေအဖြစ် ငါ.. ပေးမယ်..”
တစ်ယောက်ချင်းစီက အမေရိကန်ဒေါ်လာ တစ်သန် းစီ ရမည်ဟု ဘယ်သူမှ မျှော်လင့်မထားခဲ့ကြပေ။ သူတို့သည် အနည်းဆုံး ဒေါ်လာတစ်သိန်း၊အများဆုံ း နှစ်သိန်းသာ ရမယ်လို့တွေးထားခဲ့သည်။
ကျိန့်ကန်းက စိတ်လှုပ်ရှားစွာ ပြန်ပြောလိုက်၏။
"အားလုံးကိုယ်စား ကျွန်တော် ကျေးဇူးတင်ပါတယ် သူဋေး.. ဒီလောက်များပြားတဲ့ ဆုကို ရတဲ့အတွက် ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေတယ်ဗျာ..”
ကျိန့်ကန်းမှာ တကယ်ကို စိတ်လှုပ်ရှားနေပေသည်။ ထိုဆုမှာ သူ၏ မျှော်လင့်ချက်များထက် အများကြီး ကျော်လွန်နေ၏။
သူဋေးက အသားစားပြီး လူတိုင်းအား ဟင်းရည်န ည်းနည်းလေးပဲ ပေးလိမ့်မယ်လို့သာ ကျိန့်ကန်း တွေ းခဲ့ဖူးသည်။သို့ပေမဲ့ သူဋေးက အရမ်းရက်ရောကာ ကျိန့်ကန်းကပင် အမေရိကန်ဒေါ်လာ ငါးသန်း ဆုချ ခံခဲ့ရ၏။
နောက်ထပ် အမေရိကန်ဒေါ်လာ သန်းတစ်ရာသည် လည်း ဝံပုလွေကြေးစားအဖွဲ့အတွက် ရန်ပုံငွေအဖြစ် အသုံးပြုရန် ဖြစ်သည်။ထိုသို့ဆိုလျှင် ဝံပုလွေကြေး စားအဖွဲ့သည်လည်း ရန်ပုံငွေ ပိုများလာပြီး ပိုက်ဆံ အား လုံးဝ စိတ်ပူစရာ မလိုတော့ပေ။
အထူးသဖြင့် အဆင့်မြင့် နည်းပညာလက်နက်များ အား တစ်ယောက်ချင်းစီ ထပ်ထည့်နိုင်ပေသည်။
လျူယောင်က လက်ဝေ့ရမ်းကာ ပြောလိုက်၏။
“လူအိုကန်းနဲ့ချန်းဟူ..မင်းတို့နှစ်ယောက် ငါ့နောက် ကနေ လိုက်ခဲ့.. ကျန်တဲ့သူတွေကအပြင်မှာပဲ စောင့် နေပေး.."
သုံးယောက်သား ကြီးမားသည့် အခန်းထဲသို့ ဝင်လာ ကြသည်။တံခါးပိတ်လိုက်သောအခါ လျူယောင် လည်း နည်းနည်းလေး စိတ်လှုပ်ရှားနေ၏။ဤသည် မှာ များပြားသည့် ရတနာဥစ္စာများဖြစ်ကာ ၎င်းတို့အ ား ပထမဆုံးအကြိမ် လျူယောင် မြင်ဖူးခြင်း ဖြစ် သည်။
လျူယောင်သည် ဘူးတစ်ဘူးအား ကိုယ်တိုင်ဖွင့်လို က်ရာ အတွင်း၌ ရွှေရောင်တောက်နေသည့် ရွှေတုံး များ ရှိနေ၏။ရွှေတုံးတစ်တုံးစီတွင် ၁၀၀၀ kg ဟု ရေးထားကာ ၎င်းသည် တစ် ဂရမ် ရွှေတုံးများပင် ဖြစ်သည်။
နောက်ထပ် ဘူးတစ်ဘူးအား ဖွင့်လိုက်ရာ ၎င်းတွင် လည်း ရွှေတုံးများ ပါရှိပြီး နောက်တစ်ဘူးတွင်တော့ အစိမ်းရောင်ငွေစက္ကူ အစည်းလိုက်များ ဖြစ်သည့် အမေရိကန်ဒေါ်လာ တစ်ရာတန်များ ရှိနေ၏။
ဤကဲ့သို့ များပြားသည့်ရတနာပစ္စည်းများအား ကြ ည့်ရုံဖြင့် အလွန်ပျော်စရာကောင်းလှသည်။
ပျော်ရွှင်စွာ ကြည့်ပြီးနောက် လျူယောင် ညွှန်ကြား လိုက်၏။
“လူနည်းနည်းလောက် အထဲကိုခေါ်လိုက်.. ဒါတွေကို သေတ္တာတွေထဲ ထည့်လိုက်ကြ..ပြီးရင်အားလုံးကို ဟွာဟိုင်း ဖွံ့ဖြိုးရေးဘဏ်ရဲ့ ဘဏ္ဍာတိုက်ဆီကို ယာ ယီ သိမ်းဆည်းထားဖို့စီစဉ်လိုက်..”
လူတိုင်းက အလုပ်များနေကြကာ ရွှေတုံးများအား သံမဏိသေတ္တာအသေးများထဲသို့ ပြောင်းထည့်လို က်ကြ၏။သေတ္တာတစ်လုံးစီတွင် ရွှေတုံးတစ်ရာစီ ပါရှိသည်။အလတ်စား သံမဏိသေတ္တာများအား အ မေရိကန်ဒေါ်လာများ ထည့်ရန် အသုံးပြုပြီး သေတ္တ ာတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ဆယ်သန်းစီ ထည့်လို့ရ၏။
သေတ္တာအကြီးများကိုမူ ရှေးဟောင်းပစ္စည်းများ သိ မ်းဆည်းရန် အသုံးပြုလိုက်သည်။၎င်းတို့အား မပျ က်စီးစေရန် အတွက်လည်း အတွင်း၌ ပလတ်စတစ် ဖော့အမြှုပ်များစွာအား ထိုးသိပ်ထည့်လိုက်သည်။
သေတ္တာများထဲသို့ တစ်လုံးပြီးတစ်လုံး ထုတ်ပိုး ထ ည့်ကြပြီးနောက် လူနှစ်ယောက်စီက သေတ္တာတစ် လုံးစီသယ်ကာ သင်္ဘောပေါ်မှ ချပြီး ဗင့်ကားနှစ်စီး ပေါ်သို့ တင်လိုက်ကြသည်။ပစ္စည်းများက နည်းနည်း များနေသည့်အတွက် ရှိီဂူးပေါ်ရှိ သင်္ဘောသားများ ကလည်း ကူညီသယ်ပေးခဲ့၏။
“ဝိုး..အရမ်းလေးတယ်..အရမ်းလေးတာပဲဗျာ..အထဲမှာ တကယ် ရွှေတွေလား..”
“ညီလေးလီ..မင်းခေါင်းကို ငုံ့ပြီး အလုပ်လုပ်.အဓိပ္ပါ ယ်မရှိတာတွေ မပြောနဲ့..”
သယ်ယူပို့ဆောင်ရေးတွင် ပါဝင်သည့် သင်္ဘောသား အများစုသည် သေတ္တာအတွင်း၌ ဘာတွေပါလဲ ဆို သည်အား ခန့်မှန်းနေကြ၏။သို့ပေမဲ့ အစပိုင်းတွင် စ ကားအနည်းငယ် ပြောဆိုပြီးနောက် ချက်ချင်းဆိုသ လိုပင် ပါးစပ်ပိတ်သွားကြသည်။
လူတိုင်းတွင် လျှို့ဝှက်ချက်များကို ထိန်းသိမ်းရမည် ဟူသည့် အခြေခံအသိစိတ် ရှိကြ၏။သူတို့သည် အ လုပ်ကိုသာ ကြိုးစားလုပ်နေကြသည်။လူတွေလည်း အလွန်များပြီး ခွန်အားလည်း ကောင်းသည့်အတွက် ထိုပစ္စည်းများအားလုံးကို ကားပေါ်သို့ တင်ရန်အတွ က် အချိန်အကြာကြီး မကုန်ဆုံးလိုက်ရပေ။
နောက်ဆုံး၌ ပစ္စည်းများ တင်ဆောင်ထားသည့် ယာ ဉ်တန်းသည် ဆိပ်ကမ်းမှ ထွက်ခွာလာကာ ဟွာဟိုင်း ဖွံ့ဖြိုးရေးဘဏ်သို့ ဦးတည်ကာ မောင်းလာခဲ့၏။
.........
နဂါးနက်မှာမူ တန်ချိန် ၂၀၀ ကျော်အလေးချိန်ရှိသ ည့် ဧရာမရေဘဝဲကြီးအား ဆွဲလာကာ အလိုက်တသိ ဖြင့် လိပ်ကြီးထံ ချဉ်းကပ်လာသည်။
“အကိုကြီး..ခင်ဗျား ဗိုက်ဆာနေလောက်ပြီ.. ဒီရေဘ ဝဲကို ခင်ဗျားစားဖို့ ကျွန်တော် သယ်လာခဲ့တာ"
လိပ်ကြီးက ကျေနပ်စွာဖြင့် ပြန်ပြောလိုက်၏။
“တော်တယ်..မင်းကြောင့်..ဒီတစ်ခါ ငါတို့သင်္ဘော ဟွာဟိုင်းမြို့ ကို ပြန်လာတဲ့ ခရီးစဉ်က ချောမွေ့ခဲ့တ ယ်..”
နဂါးနက်က အခြေအနေအား ပျော်ရွှင်စွာ ရှင်းပြလို က်၏။အထူးသဖြင့် အမြောက်တင်ထားသော မော် တော်ဘုတ်ကို ပင်လယ်ကြမ်းပြင်အောက်သို့ ဆွဲချ ခဲ့သည့်ကိစ္စအား အဓိကထား၍ သူ ရှင်းပြလိုက်သ ည်။
ကံကောင်းစွာဖြင့် လိပ်ကြီးသည်လည်း နောက်ထပ် အသေးစိတ်အား ထပ်မမေးခဲ့ပေ။နဂါးနက်၏ ရှင်း ပြချက်ကို နားထောင်ပြီးနောက် လိပ်ကြီးလည်း ဗိုက် နည်းနည်းဆာလာသည့်အတွက် ဧရာမရေဘဝဲကြီး အား စတင်စားပစ်လိုက်သည်။
“မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်.. ဒီနေ့ တစ်ရ က် မင်းအနားယူပြီး မနက်ဖြန်မှ အလုပ်ပြန်စပါ..”
နဂါးနက်က စျေးဆစ်လိုက်၏။
“အာ အကိုကြီး ကျွန်တော့်ကို နှစ်ရက်လောက် အနား ယူခွင့်ပေးပါလား..သန်ဘက်ခါမှ အလုပ်ပြန်စမယ် လေနော်..”
“မရဘူး..ပစ္စည်းတွေကို မင်း သယ်ရအုံးမှာ. .မင်းရဲ့ အရှိန်က အရမ်းနှေးလွန်းတယ်..မင်း အမြန်မသွားရ င် သယ်လို့ပြီးတော့မှာ မဟုတ်ဘူး.."
သူ့ရဲ့အရှိန်နဲ့ပတ်သက်၍ ပြောလိုက်သည့်အခါ နဂါး နက်ကြီးသည် ရေခဲရိုက်ထားသော ခရမ်း ချဉ်သီးကဲ့ သို့ ညှိုးကျလာသည်။သူ ခေါင်းငုံ့ကာ သက်ပြင်းချ ၍ ပြန်ပြောလိုက်၏။
“ဟူး ကောင်းပြီလေ .ဒါဆို မနက်ဖြန် ကျွန်တော် အ လုပ်ပြန်စပါ့မယ်..”
နဂါးနက်က ဘာလုပ်ရတော့မည်ဆိုသည်အား သူ သိ နှင့်ပြီးသား ဖြစ်သည်။လိပ်ကြီးသည် မီးခိုးနက်ရော င် သတ္တုအပိုင်းအစ တန်ချိန် တစ်သိန်းကျော်အား ရှင်းလင်းခဲ့၏။ထိုသတ္တုအပိုင်းအစများအား ဟွာဟို င်းမြို့ မှ ရေမိုင် တစ်ထောင်အောက်သာ ဝေးသည့် ရေတိမ်ပိုင်းနေရာသို့ နဂါးနက်က သယ်ယူရမှာပဲ ဖြ စ်သည်။
ထိုရေတိမ်ပိုင်းနေရာအား လိပ်ကြီးကိုယ်တိုင်ရွေး ချ ယ်ခဲ့ခြင်း ဖြစ်၏။၎င်းသည် လူမနေသည့် ကျွန်းနှင့် လည်း နီးကာ ရေအနက်ကလည်း မီတာ ၂၀ မှ ၃၀ သာရှိသည်။ပင်လယ်ရေသည်လည်း ကြည်လင်နေ ကာ နိုင်ငံတကာရေကြောင်းလမ်းများနှင့်လည်း ဝေး နေ၏။
.......
နောက်တစ်နေ့တွင်..
နဂါးနက်သည် ပစ္စည်းသယ်ဆောင်သူ တစ်ယောက် ကဲ့သို့ အလုပ် စလုပ်လိုက်သည်။နေ့တိုင်း နေ့တိုင်း သူသည် သတ္တုအပိုင်းအစ တန်ရာပေါင်းများစွာအား သယ်ယူနေ၏။
ပုရွက်ဆိတ်များ သယ်ယူနေသလိုမျိုး သူ့ အရှိန်က မမြန်သော်လည်း တစ်နာရီလျှင် မိုင်တစ်ရာကျော် ရေကူးနိုင်သည်မို့ ဘာပြဿနာမျှ မရှိပေ။ထိုရေတိ မ်ပိုင်းနေရာတွင်မူ သတ္တုအပိုင်းအစများသည် တ ဖြည်းဖြည်း များများလာ၏။
ရက်အနည်းငယ် သယ်ယူပြီးနောက် လိပ်ကြီးက မေးလိုက်သည်။
“ဟေ့ နဂါးနက်..မင်း ဘယ်ကလာလဲဆိုတာကို အရင် က. ငါ အကြိမ်ကြိမ် မေးခဲ့ဖူးတယ်..မင်းက ပြောဖို့ ငြင်းဆန်ခဲ့တယ်..အခုရော ပြောပြလို့ရပြီလား..”
လိပ်ကြီးသည် နဂါးနက်၏ မူလဇစ်မြစ်အား အလွန် စူးစမ်းချင်ကာ နဂါးနက် ဘယ်ကလာလဲဆိုသည်အာ း သူ တကယ်သိချင်နေ၏။
အရင်က လိပ်ကြီး အကြိမ်များစွာ မေးခဲ့ဖူးသော်လ ည်း နဂါးနက်သည် အမြဲတမ်း ပြောရန် ငြင်းဆန်ခဲ့ သည်။ဤသည်မှာ မကောင်းသည့်အရာတစ်ခု ဖြစ် ပုံရ၏။ယခုတစ်ကြိမ်တွင်လည်း လိပ်ကြီးက ထပ်မံ မေးမြန်းသည်။
နဂါးနက်သည် ပြောပြရန် ခေါင်းခါကာ ငြင်းဆန်နေ ဆဲပင်။
“အကိုကြီး.. ဒီကိစ္စကို မမေးပါနဲ့လား..ကျွန်တော် အ ခု မပြောချင်သေးဘူးဗျာ.."
ယခင်တကြိမ်လည်း အရင်လိုပင် နဂါးနက်က ပြော ရန် ငြင်းဆန်နေသည်အား မြင်သောအခါ လိပ်ကြီး မှာမူ နည်းနည်းလေး စိတ်ပျက်သွား၏။