ဘာ..ဒီလိုကိစ္စမျိုး ရှိတယ် ဟုတ်လား
Vol. 42 Ch. 516
လိပ်ကြီးသည် နဂါးနက်ကို ကြည့်ရင်း သိချင်စိတ်ပြ င်းပြနေဆဲပင်။
နဂါးနက်၏လုပ်ဆောင်ချက်များမှာ အလွန်ပင် လျှို့ ဝှက်ဆန်းကြယ်လွန်းနေသည်ဟု သူ ခံစားနေရ၏။ နဂါးနက်၏ ဇာစ်မြစ်မှာလည်း ပဟေဠိတစ်ခုလို လိ ပ်ကြီးခံစားနေသောကြောင့် နဂါးနက်ကြီး ဘယ်က လာသလဲဆိုသည်အား သူ အသည်းအသန် သိချင် နေမိသည်။
လိပ်ကြီးက တိုက်ရိုက်ပင် မေးမြန်းလိုက်၏။
"ဟျောင်..ငါက အကြီးပဲ.. ငါ မင်းကို မေးရင် မင်းက ပြန်ဖြေသင့်တယ် မဟုတ်လား.."
နဂါးနက်ကြီးသည် အလွန်ပင် စိတ်မသက်မသာ ဖြစ် သွားပုံရကာ ငြင်းဆန်နေဆဲပင်။
"ဒါပေမဲ့... ဒါပေမဲ့ ကျွန်တော် ဒီကိစ္စကို တကယ် မ ပြောချင်သေးဘူးလေဗျာ.."
လိပ်ကြီး ခဏမျှ စဉ်းစားပြီးနောက် လက်လျော့လို က်ရသည်။
"ကောင်းပြီလေ..ဒါဆိုရင် ငါ မင်းကို ရက်နည်းနည်း လောက် အချိန် ထပ်ပေးမယ်. .ရက်အနည်းငယ် ကြာရင် ငါ မင်းကို ပြန်မေးမှာနော်.."
နဂါးနက်က သဘောတူသည်ဟုလည်း မပြု ငြင်းဆ န်ခြင်းလည်း မပြုဘဲ စကားလမ်းကြောင်း ပြောင်း လိုက်၏။
"ကျွန်တော် ချောက်နက်ထဲကရေဘဝဲကြီးတစ်ကော င် သွားဖမ်းလိုက်ဦးမယ်"
ဤကဲ့သို့ ပြောပြီးနောက် နဂါးနက်ကြီး ထွက်သွား ပေသည်။ထွက်ခွာသွားသော နဂါးနက်၏ ကျောပြင် ကို ကြည့်ရင်း ဤအကောင် ဘယ်ကလာသလဲဆို သည်အား တစ်နေ့တွင် သေချာပေါက် မေးရမည်ဟု လိပ်ကြီး စိတ်ထဲတွင် တေးထားလိုက်၏။
နောက်ရက်အနည်းငယ် ကြာသောအခါ လိပ်ကြီးက ကတိအတိုင်း ဆက်မမေးတော့ဘဲ အချိန်ပေးထား လိုက်သည်။တစ်ရက်ခန့် အနားယူပြီးနောက် မီးခိုးန က်ရောင်နှင့် အနက်ရောင် သတ္တုအပိုင်းအစများအ ား နဂါးနက်ကြီး စတင်သယ်ယူလိုက်၏။သူသည် တစ်ကြိမ်သယ်လျှင် တန်ချိန်ရာပေါင်းများစွာအထိ ပါအောင် သယ်ယူနေပေသည်။
.......
ယူနီဗာဆဲလ်အထူးသတ္တုပစ္စည်းများ လုပ်ငန်းစု၌ ရှ င်းဖေးဝမ်သည် သူဋေး လျူယောင်အား အစီရင် ခံ နေ၏။
"သူဋေး..ကျွန်တော်တို့ရဲ့ အော်ဒါတွေက တစ်နှစ်စာ လောက် နောက်ကျနေပါပြီ..ကျွန်တော်တို့ရဲ့ ထုတ် လုပ်မှုစွမ်းရည်ကို တိုးချဲ့ရပါလိမ့်မယ်ခဗျ.."
လျူယောင်သည်လည်း သဘောတူလိုက်ကာ ညွှန် ကြားလိုက်သည်။
"ဟုတ်ပြီ..ပြဿနာမရှိဘူး..ထုတ်လုပ်မှုစွမ်းရည်ကို ငါတို့ တိုးချဲ့ကြစို့..အထူးသဖြင့် မီးခိုးနက်ရောင်နဲ့ အမည်းရောင် သတ္တုတွေကို အရည်ကျိုတဲ့အပိုင်းကို အနည်းဆုံး နှစ်ဆလောက်အထိ တိုးချဲ့ရမယ်"
သူဋေး၏ ခွင့်ပြုချက်ရပြီးနောက် ရှင်းဖေးဝမ်မှာ အ လွန်ပျော်ရွှင်သွားကာ သူ့ တစ်ကိုယ်လုံး အားအင်မျ ား ပြည့်ဝနေသကဲ့သို့ ခံစားနေရ၏။
စက်ရုံဧရိယာလည်း လုံလောက်မှုရှိနေသည်။
နောက်ထပ် စက်ရုံအဆောက်အအုံတစ်ခု ဆောက် လုပ်ရန်နှင့် သတ္တုအရည်ကျိုမီးဖိုများ ထပ်မံဖြည့် တင်းရန်အတွက်လည်း နေရာအလုံအလောက် ရှိ နေ၏။
တစ်နာရီအကြာတွင်မူ ရှင်းဖေးဝမ်သည် အလယ်အ လတ်နှင့် အဆင့်မြင့် အမှုဆောင်အရာရှိများအား အ ရေးပေါ် အစည်းအဝေးခေါ်ယူကာ ထုတ်လုပ်မှုစွမ်းရ ည် တိုးချဲ့မည့်ကိစ္စအား အသိပေးလိုက်သည်။ချက် ချင်းဆိုသလိုပင် လူတိုင်း၏ တုံ့ပြန်မှုမှာ စိတ်အား ထက်သန်မှု ရှိလှ၏။
"အရမ်းကောင်းတာပဲ..ကျွန်တော် အဲ့ဒီနေ့ကို စောင့် နေတာ ကြာပါပြီ.. ထုတ်လုပ်မှုစွမ်းရည် တိုးချဲ့ဖို့က တကယ်ကို နောက်ကျနေတာပါဗျာ..အခုဆို ကျွန် တော်တို့ရဲ့ ထုတ်လုပ်မှုဌာနမှာ ဖိအားတွေ အများကြီ းရှိနေပြီး အော်ဒါတွေကလည်း တန်းစီနေကြတာဗျ ”
"ကျွန်တော်တို့ စက်ရုံမှာ ဧက ၂၀ ကျော်လောက် လွ တ်နေတဲ့နေရာ ရှိသေးတယ်..အခုတော့ အဲဒါကို အ သုံးချနိုင်ပြီ.. စက်ရုံအသစ်တစ်ခု ဆောက်ဖို့က ဘာ ပြဿနာမှ မရှိဘူးတော့ဘူး.."
လူတိုင်းက အလွန်စိတ်အားထက်သန်နေကြသဖြင့် အစည်းအဝေးခန်းမထဲတွင်မူ ရုတ်တရက် သက်ဝင် လှုပ်ရှားလာ၏။လူတိုင်း၏ တုံ့ပြန်မှုကို မြင်ရသော အခါ ရှင်းဖေးဝမ်သည် မိမိ၏ ဆုံးဖြတ်ချက် မှန်ကန် ကြောင်း သိလိုက်ရသည်။လူတိုင်းမှာလည်း ဤကဲ့ သို့ ထုတ်လုပ်မှုစွမ်းရည် တိုးမြှင့်မှုအား အရင်ကတ ည်းက လိုလားနေကြောင်း ရှင်းဖေးဝမ် နားလည်သွ ား၏။
မည်သူမျှ မကန့်ကွက်ဘဲ အားလုံးက ထောက်ခံကြ သဖြင့် ရှင်းဖေးဝမ်က အလုပ်များအား ခွဲဝေပေးလို က်သည်။ထိုအချိန်တွင် အင်ဂျင်နီယာချုပ် စောင်ဟု န်သည်လည်း ဝင်ရောက် အကြံပေးလိုက်၏။
"ထုတ်လုပ်မှုစွမ်းရည် တိုးချဲ့တာကို လက်နှစ်ဖက် မြှောက်ပြီး ကျွန်တော် ထောက်ခံပါတယ်.. ဒါပေမဲ့ တင်သွင်းရမယ့် ကိရိယာတွေနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ လိုအပ်တာက သတ္တုအရည်ကျိုတဲ့ မီးဖိုအကြီးစားမျိုး ဖြစ်ရပါမယ်ဗျ.."
ဤကဲ့သို့သော ပစ္စည်းမျိုးမှာ ဈေးနှုန်းမပေါလှပေ။
သို့ပေမဲ့ ၎င်းသည် အရေးကြီးဆုံးအချက် မဟုတ် သေးပေ။ယူနီဗာဆဲလ်အထူးသတ္တုလုပ်ငန်းစု၌ ငွေ လိုအပ်ချက် မရှိဘဲ လုပ်ငန်းစု၏ ဘဏ်စာရင်းထဲ တွင်ပင် ဒေါ်လာဘီလီယံ ဆယ်ဂဏန်းကျော် ရှိနေသ ည်။အဓိက အခက်အခဲမှာ အနောက်နိုင်ငံများက ယ င်းကဲ့သို့သော အဆင့်မြင့် သတ္တုအရည်ကျိုမီးဖိုကြီး အားရောင်းချရန် ငြင်းဆန်နေကြခြင်းပင်။
အင်ဂျင်နီယာချုပ်စောင်ဟုန်က ထိုကိစ္စကို ပြောလို က်သောအခါ လူတိုင်းက တိတ်ဆိတ်သွားကြပြီး ပြ ဿနာ၏ အတိမ်အနက်အား သဘောပေါက်လာကြ ၏။လက်ရှိ အသုံးပြုနေသော အထူးသတ္တုအရည် ကျိုမီးဖိုကိုပင် အနောက်နိုင်ငံများထံမှ အကြိမ်ကြိမ် ကြိုးစားအားထုတ်ပြီးမှ ခက်ခက်ခဲခဲ ဝယ်ယူနိုင်ခဲ့ ခြင်းဖြစ်သည်။
အထူးပစ္စည်းများလုပ်ငန်းစု တစ်ခုလုံးတွင် ဤလိုမျို း အရည်ကျိုစက်တစ်လုံးတည်းသာ ရှိနေခြင်းမှာ ထုတ်လုပ်မှုစွမ်းရည်အား ကန့်သတ်ထားသကဲ့သို့ ဖြ စ်နေ၏။ထို့ကြောင့်ပင် မီးခိုးနက်ရောင်နှင့်အမည်း ရောင် သတ္တုများအတွက် အော်ဒါများမှာ တစ်နှစ်စာ ခန့် နောက်ကျနေရခြင်း ဖြစ်သည်။
အဆင့်မြင့် အမှုဆောင်တစ်ဦးက စိတ်မကောင်းစွာ ထပြောလိုက်၏။
"ကျွန်တော်တို့ရဲ့ လက်ရှိစက်တောင် အဖွဲ့အစည်း တ စ်ခုကနေတစ်ဆင့် ပိုက်ဆံတွေ အများကြီး အကုန် အကျခံပြီးမှ ရခဲ့တာပါ..ဒီတစ်ခါမှာလည်း နောက်ထ ပ် စက်တစ်လုံး ဝယ်ဖို့ဆိုတာက အရမ်းကို ခက်ခဲပါ လိမ့်မယ်ဗျာ.."
အခြားအမူဆောင် တစ်ဦးကလည်း အကြံပြုလိုက် ပြန်သည်။
"ကျွန်တော့်အမြင်အရတော့ တပ်သားတွေနဲ့ မြင်း တွေ မရွေ့ခင် အစာနဲ့ မြက်ကို အရင်ပြင်ဆင်တာက ပိုကောင်းပါလိမ့်မယ်..ဒါကြောင့် ပထမဆုံး အထူး သတ္တုအရည်ကျိုမီးဖိုကို အရင်ဝယ်နိုင်အောင် ကြိုး စားရမယ်.. ဒီကိစ္စ အဆင်ပြေမှသာ စက်ရုံအသစ် တိုးချဲ့တာက ပိုသင့်တော်မယ်လို့ ထင်ပါတယ်.."
"ဟုတ်ပါတယ်.စက်ရုံကြီး ဆောက်ပြီးမှ အရည်ကျို မီးဖို မရှိဘူးဆိုရင်တော့ ရှက်စရာကြီး ဖြစ်နေပါလိ မ့်မယ်ဗျာ.."
လူတိုင်းက ဤကဲ့သို့ တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေကြသည်။ရှင်းဖေးဝမ်က သူ့ လက်ကို မြှောက်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။
"အင်ဂျင်နီယာချုပ်စောင်ရဲ့ သတိပေးချက်က မှန်ပါ တယ်..ဒါဆိုရင် ကျွန်တော်တို့ရဲ့ ပထမဆုံးခြေလှမ်း က ကြီးမားတဲ့ အထူးသတ္တုအရည်ကျိုမီးဖိုကို ဝယ် ယူဖို့ပဲ ဖြစ်ရမယ်..ဒီကိစ္စကို အင်ဂျင်နီ ယာချုပ်စော င်က တာဝန်ယူပေးပါ..ဝယ်ယူရေးဌာနကလည်း အ ပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးပါ..ဒါ့အပြင် စက် ရုံအဆောက်အအုံ ဒီဇိုင်းလိုမျိုး ဆက်စပ်အလုပ်တွေ ကိုလည်း ကျွန်တော်တို့ တစ်ပြိုင်တည်း လုပ်ဆောင် ရမယ်.."
အစည်းအဝေး ပြီးဆုံးသွားသော်လည်း စောင်ဟုန် သည် သူ့ရုံးခန်းသို့ ပြန်လာစဉ် ဖိအားများစွာ ခံစား နေရ၏။ကြီးမားသော အထူးသတ္တုအရည်ကျို စက် ကိရိယာအစုံအလင်ကို ဝယ်ယူရန်မှာ တကယ့်ကို ခ က်ခဲလှသည်။သို့ပေမဲ့ အင်ဂျင် နီယာချုပ် တစ်ယော က်အနေဖြင့် မည်သည့်နိုင်ငံခြား ကုမ္ပဏီများက အ ကောင်းဆုံး အရည်ကျိုစက်များကို ထုတ်လုပ်နိုင် သလဲဆိုသည်အား သူ ကောင်း ကောင်း သိထား၏။
ဤနယ်ပယ်တွင် အကောင်းဆုံးမှာ ဂျာမနီနိုင်ငံမှ မိုး ရ်ကုမ္ပဏီပင် ဖြစ်သည်။သူတို့သည် အလွန် ကျွမ်း ကျင်သည့် ကုမ္ပဏီဖြစ်ပြီး သူတို့ တီထွင်ထားသော စက်မှာ စက်မှုလုပ်ငန်း၏ အမြင့်ဆုံးအဆင့်အား ကို ယ်စားပြုနေ၏။ထို့ကြောင့် သူသည် ဝယ်ယူရေးဌာ န၏ တာဝန်ခံကို ခေါ်ယူကာ ယင်းကုမ္ပဏီအား ဆ က်သွယ်ရန် ညွှန်ကြားလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဝယ်ယူရေးဌာနကလည်း စ က်ကိရိယာ ဝယ်ယူရေးကိုယ်စားလှယ်အား ဆက်သွ ယ်ကာ လိုအပ်ချက်များကို တင်ပြလိုက်၏။ပုံမှန်အာ းဖြင့် ပြည်တွင်းသို့ တင်သွင်းသော စက်ပစ္စည်းများ အတွက်မူ ကြားခံကိုယ်စားလှယ်များကအား အသုံး ပြုလေ့ရှိကြသည်။
ဝယ်ယူရေး ကိုယ်စားလှယ်ကုမ္ပဏီသည်လည်း ယူနီ ဗာဆဲလ်မှ ဒေါ်လာဘီလီယံ ရာပေါင်းများစွာ တန်ဖိုး ရှိသော စက်ပစ္စည်းများ ဝယ်ယူမည်ဟု ကြားလိုက် ရသည်နှင့် အမြန်ဆုံး အကောင်အထည် ဖော်လိုက် ၏။သို့ပေမဲ့ မကြာခင်မှာပင် အံ့အား သင့်စရာ အ ခြေအနေတစ်ခု ပေါ်ပေါက်လာသည်။
ဝယ်ယူရေး ကိုယ်စားလှယ်မှာ စိတ်ပိုင်းဆိုင်ရာ ပြင် ဆင်မှုများစွာ လုပ်ထားခဲ့သော်လည်း အထူးသတ္တု အရည်ကျိုစက် ထုတ်လုပ်သူများစွာဆီသို့ ဆက်သွ ယ်ပြီးနောက်တွင် အားလုံးက "ပြဿနာမရှိပါဘူး" ဟု ပြန်ဖြေကြသည့်အပြင် ဈေးနှုန်းမှာလည်း သူတို့ ထင်ထားသည်ထက် များစွာ သက်သာနေ၏။
"ဘာလဲဟ..ဒီမှာ ဘာတွေ ဖြစ်နေတာလဲ.."
"ဒါတွေက အမြဲတမ်း ပိတ်ပင်ကန့်သတ်ထားတာ မ ဟုတ်ဘူးလား.."
"ဘာလို့ အားလုံးက ဒီလောက် လွယ်လွယ်ကူကူ ပြေ ာင်းလဲသွားရတာလဲ..အနောက်နိုင်ငံတွေက သူတို့ ရဲ့ ရောင်းချမှု ပိတ်ပင်ချက်တွေကို ဖယ်ရှားလိုက်ပြီ လား.."
ဝယ်ယူရေး ကိုယ်စားလှယ်ဌာနမှ တာဝန်ခံမှာမူ အ လွန်အံ့သြသွားကာ တစ်ခုခု ပုံမှန်မဟုတ်ဟု ခံစားလို က်ရသဖြင့် ချက်ချင်းပင် ယူနီဗာဆဲလ်ထံသို့ အခြေ အနေအား အစီရင်ခံလိုက်သည်။
"ဘာ..ဒီလိုကိစ္စမျိုး ရှိတယ် ဟုတ်လား.."
ရှင်းဖေးဝမ်နှင့်အင်ဂျင်နီယာချုပ်စောင်ဟုန်သည်လည်း ဤအခြေအနေကို ကြားလိုက်ရသောအခါ ခဏ မျှ အံ့အားသင့်သွားကြပြီး အကြောင်းရင်းကို တဖြ ည်းဖြည်း နားလည်လာကြသည်။
"လူအိုကြီးစောင်..ကျွန်တော် နားလည်သွားပြီ ..အဲ့ဒါ က ကျွန်တော်တို့ လက်ထဲမှာ မီးခိုးနက်ရောင်နဲ့ အမ ည်းရောင် သတ္တုတွေ ရှိနေလို့ ဖြစ်လိမ့်မယ်.."
"ဥက္ကဋ္ဌရှင်း..ကျွန်တော်လည်း ဒါက အဓိက အကြော င်းရင်းပဲလို့ ထင်ပါတယ်..မဟုတ်ရင် သူတို့က ကျွန် တော်တို့ကို ဒီလိုစက်တွေ ရောင်းချဖို့ ဘယ်လိုမှ ဆ န္ဒရှိမှာ မဟုတ်ဘူး.."
နှစ်ဦးသား ဤကိစ္စအား ဆွေးနွေးနေစဉ်မှာပင် ရှင်း ဖေးဝမ်၏ လက်ထောက်သည် ဝမ်းသာအားရဝင် လာကာ သတင်းပို့လိုက်၏။
"ဥက္ကဋ္ဌ ပြင်သစ်နိုင်ငံမှာရှိတဲ့ ဒေါ့တီကုမ္ပဏီက ကျွန် တော်တို့ကို ဆက်သွယ်လာပါတယ်..သူတို့မှာ ကျွန် တော်တို့နဲ့ သင့်လျော်တဲ့ အထူးသတ္တု အရည်ကျို စ က်တွေ ရှိပါတယ်တဲ့..ဒါကြောင့် သူတို့နဲ့ ဝယ်ယူရေး ကိစ္စ ဆွေးနွေးဖို့ ကျွန်တော်တို့ဘက်က လူတစ်ယော က်လောက် လွှတ်ပေးချင်ပါတယ်လို့ ပြောပါတယ် ခ ဗျ.."
"အိုး..ကောင်းလိုက်တာ.."
ဒေါ့တီ ကုမ္ပဏီသည်လည်း ကမ္ဘာကျော် အထူးသ တ္တု အရည်ကျိုစက်ပစ္စည်းများ ထုတ်လုပ်သူပင် ဖြ စ်သည်။သူတို့ဘက်က ယခုကဲ့သို့ တက်ကြွစွာ ကိုယ် တိုင် လာရောက်တွေ့ဆုံလိုသည့် ဆန္ဒရှိနေခြင်းမှာ အ မှန်တကယ်ပင် အံ့သြစရာ ကောင်းလှ၏။
ရှင်းဖေးဝမ်နှင့် စောင်ဟုန်တို့မှာမူ တစ်ယောက် ကို တစ်ယောက် ကြည့်ကာ ပြုံးမိလိုက်ကြသည်။သူတို့ စိတ်ထဲတွင်လည်း ပျော်ရွှင်နေမိ၏။
အင်ဂျင်နီယာချုပ်စောင်ဟုန်က ခဏ စဥ်းစားကာ အကြံပေးလိုက်သည်။
"ကျွန်တော်တို့.. ခဏလောက် ထပ်စောင့်ကြည့်ရအေ ာင် တခြား အထူးသတ္တုအရည်ကျိုစက် ထုတ်လုပ် သူတွေကလည်း ကျွန်တော်တို့ကို ဆက်သွယ်နိုင်ပါ သေးတယ်.."
အရာအားလုံးမှာ မယုံနိုင်စရာကောင်းလောက်အော င် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။အတိတ်ကဆိုလျှင် ယခုကဲ့သို့ဖြစ်ရန်မှာ လုံးဝ မဖြစ်နိုင်ဟု ထင်ခဲ့ရသေ ာ်လည်း လွန်ခဲ့သည့် ရက်အနည်းငယ်က ရှင်းဖေး ဝမ် အစည်းအဝေးခေါ်စဉ်ကပင် လူတိုင်းက စက်ကိ ရိယာ ရရှိရန်ခက်ခဲသည်ဟု အကြံ ပေးနေကြသည်။
ယခုမှာမူ ထိုကုမ္ပဏီကြီးများက သူတို့ဆီသို့ လာရော က် တွေ့ ဆုံရန်အတွက် ကိုယ်တိုင်ပင် တောင်းဆိုနေ ကြ၏။