← Chapters

မင်း ဘယ်နေရာက လာတာလဲ

Vol. 42 Ch. 518

မင်း ဘယ်နေရာက လာတာလဲ

Vol. 42 Ch. 518

ရှင်းဖေးဝမ် ရွေးချယ်ထားသော ကုမ္ပဏီသုံးခုမှ ကို ယ်စားလှယ်များသည် ဧည့်ခန်းကျယ်ကြီးထဲ၌ စုံစုံ လင်လင် ရောက်ရှိနေကြ၏။

အပြင်ပန်းကြည့်လျှင်တော့ သူတို့အားလုံးသည် ဖော် ဖော်ရွေရွေ ပြုံးရယ်ကာ စကားလက်ဆုံ ကျနေကြ သော်လည်း လေထုထဲတွင်မူ ပြင်းထန်သော တင်းမ ာမှုများ ဖုံးလွှမ်းလျက်ရှိ၏။၎င်းတို့အကြားတွင် ရှိ နေသည့် ပြိုင်ဆိုင်မှုမှာ အထင်အရှားပင်။

ယူနီဗာဆဲလ်အနေဖြင့် အထူးသတ္တုသန့်စင်ရေး ကိရိ ယာတစ်စုံကိုသာ လိုအပ်ခြင်းဖြစ်ရာ ကုမ္ပဏီသုံးခု လုံးထံမှ ဝယ်ယူမည်မဟုတ်ဘဲ အကောင်းဆုံးတစ်ခု ကိုသာ ရွေးချယ်သွားမည်ဖြစ်၏။ဤရွေးချယ်ပွဲ၌ အနိုင်ရသူသည် ကမ္ဘာတစ်ဝန်းမှ နိုင်ငံများနှင့်ကုမ္ပ ဏီကြီးများ အိပ်မက်မက်နေရသည့် "မီးခိုးနက်ရော င်သတ္တုနှင့်အမည်းရောင်သတ္တုများကို ဝယ်ယူခွင့် ရ ရှိမည်ပင်ဖြစ်သည်။

မကြာမီ ရုံးခန်းထဲသို့ လျူယောင် ဝင်လာပြီး ဆိုဖာ ပေါ်တွင် ထိုင်လိုက်ကာ လက်ပတ်နာရီအား ကြည့်လို က်၏။

"အာ..မနက် ၁၀ နာရီတောင် မခွဲသေးဘူး."

"ဒေါက်..ဒေါက်..ဒေါက် "

ထိုစဥ်မှာပင် တံခါးခေါက်သံနှင့်အတူ ရှင်းဖေးဝမ် သည် ပျော်ရွှင်စွာ ဝင်လာကာ အစီရင်ခံလိုက်သည်။

"သူဋေး..ကုမ္ပဏီသုံးခုလုံးက ကိုယ်စားလှယ်တွေ ရေ ာက်နေပါပြီ.. သူတို့ကို ဧည့်ခန်း နံပါတ် (၁) မှာ နေ ရာချထားပေးပါတယ်ခဗျ.."

"လာ..သွားကြစို့..ဒီလူတွေနဲ့ စကားပြောရအောင်"

လျူယောင် ထရပ်လိုက်ပြီး ထွက်လာခဲ့ရာ လျူယေ ာင်၏ နောက်တွင်မူ ရှင်းဖေးဝမ်၊စောင်ဟုန်နှင့် အ ဆင့်မြင့်ဝန်ထမ်းအချို့ လိုက်ပါလာကြသည်။

လျူယောင်တို့အဖွဲ့ဝင်လာသည်နှင့် ဧည့်ခန်းထဲ၌ ချ က်ချင်းဆိုသလိုပင် တိတ်ဆိတ်သွားရာ လူတိုင်းက နှုတ်ဆက်ရန် မတ်တပ်ရပ်ကြ၏။လျူယောင်က စိ တ်အားထက်သန်စွာ ပြုံးပြရင်း ယဥ်ကျေးစွာ ပြော လိုက်သည်။

"အားလုံးပဲ အဝေးကနေ လာရတဲ့ ဧည့်သည်တွေဖြစ် လို့ ထိုင်ကြပါဗျာ."

လူအားလုံးက ထိုင်ပြီးသောအခါ လျူယောင်က လ က်ဝှေ့ယမ်းကာ ဆက်ပြောလိုက်သည်။

"ကဲ... လိုရင်းကိုပဲ တန်းပြောကြရအောင် ..မစ္စတာ စောင်.ကျွန်တော်တို့ လိုအပ်ချက်တွေကို မိတ်ဆက် ပေးလိုက်ပါဦး.."

စောင်ဟုန်က ခေါင်းညိတ်ပြပြီးနောက် သေချာ ရှင်း ပြလိုက်၏။

"ကျွန်တော်တို့ရဲ့ စက်ရုံကို ချဲ့ထွင်ဖို့အတွက် တန် ၂ ၀၀၀ အထူးသတ္တုသန့်စင်တဲ့ မီးဖိုအပါအဝင် ကိရိယ ာအစုံ လိုအပ်နေပါတယ်..ဒီချဲ့ထွင်မှုပြီးရင်တော့ ယူနီဗာဆဲလ်ရဲ့ ထုတ်လုပ်မှုစွမ်းအားက နှစ်ဆတိုးလ ာမှာပါ..လက်ရှိမှာ တန် ၅၀၀ သန့်စင်နိုင်တဲ့ မီးဖိုပဲ ရှိပေမယ့် အခုတိုးချဲ့မယ့် စက်ကိရိယာတွေက တန် ၂၀၀၀ အထိ လုပ်ဆောင်နိုင်မှာဖြစ်သလို အရန်ပစ္စ ည်းတွေလည်း ပါဝင်မှာပါ.."

ဤကဲ့သို့သော စက်ကိရိယာအစုံသည် ဒေါ်လာ ၁၂၀ သန်းမှ ၁၅၀ သန်းအထိ တန်ဖိုးရှိကာ ကုမ္ပဏီအလို က် ဈေးနှုန်းကွာခြားမှုလည်း ရှိနေသည်။စောင်ဟုန် ၏ ရှင်းပြချက်အပြီးတွင် လျူယောင်က ဝင်ပြောလို က်သည်။

"အားလုံးက..ကျွန်တော်တို့ရဲ့ လိုအပ်ချက်ကို သိပြီ ဆိုတော့ စ ဆွေးနွေးလို့ ရပါပြီ.."

နစ်ကိုအဖွဲ့အစည်းမှ ဒုဥက္ကဋ္ဌမှ အရင်ဆုံး စပြော လို က်၏။

"ကျွန်တော်တို့က ဒီကိရိယာအစုံကို တစ်ပြားမှ မယူ ဘဲ အခမဲ့ ပို့ဆောင်ပေးနိုင်ပါတယ် ..အပြန်အလှန် အနေနဲ့ကတော့ နိုင်ငံတကာဈေးနှုန်းအတိုင်း မီးခိုးန က်ရောင်သတ္တု တန် ၁၀၀၀ နဲ့ အနက်ရောင်သတ္တု တန် ၁၀၀ ဝယ်ယူခွင့်ပေးဖို့ပါပဲ.."

ဤကမ်းလှမ်းချက်က အတော်လေး ထိရောက်လှသ ည်။

မနေ့က လျူယောင်သည် မိုးရ်ကုမ္ပဏီအား ဤသို့ သော အခြေအနေမျိုး ကမ်းလှမ်းခဲ့သော်လည်း ဝှို က်ဂျရုမ်းက သဘောမတူဘဲ စဉ်းစားဦးမည်ဟု ဆို ခဲ့ဖူးသည်။ ဝှိုက်ဂျရုမ်း၏ မျက်နှာမှာ အနည်းငယ် ပျက်သွားကာ ချက်ချင်းဆိုသလိုပင် လုပြောလိုက် ၏။

"မစ္စတာလျူ နစ်ကိုရဲ့ ကမ်းလှမ်းချက်အတိုင်း ကျွန် တော်တို့လည်း ပေးနိုင်ပါတယ်..ဒါ့အပြင် ကိရိယာ အစုံအတွက် တစ်သက်တာလုံး အခမဲ့အာမခံနဲ့ အ ရောင်းအဝယ်အပြီး ဝန်ဆောင်မှုတွေကိုပါ ပေးပါမ ယ်ဗျာ.."

ထိုအခါ တာအိုတဲကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌကလည်း မနေနိုင်တော့ဘဲ စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။

"မစ္စတာလျူ..ကျွန်တော်တို့လည်း တစ်သက်တာဝန် ဆောင်မှု ပေးပါတယ်..နောက်ပြီး ခင်ဗျားတို့ ကုမ္ပဏီ က ထပ်မံချဲ့ထွင်မယ်ဆိုရင် ဒုတိယမြောက် ကိရိယ ာအစုံကိုလည်း အခမဲ့ ထပ်ပေးပါဦးမယ်.. ခဗျား တို့ရဲ့ လိုအပ်ချက်အားလုံးကို ကျွန်တော်တို့ ဖြည့်ဆ ည်းပေးမှာပါ.."

ထိုနေရာမှစ၍ ပြိုင်ဆိုင်မှုမှာ အရှိန်တက်လာသည်။

"ဒီအခြေအနေတွေအပေါ်မှာ ကျွန်တော်က မီးခိုးနက် ရောင်သတ္တု တန် ၉၀၀ နဲ့ အနက်ရောင်သတ္တု တန် ၅၀ ပဲ ဝယ်ပါမယ်.."

"ကျွန်တော်က တန် ၈၀၀ နဲ့ တန် ၄၀ ပဲ ဝယ်ပါမယ်ဗျ ာ."

"ကျွန်တော်ကတော့ တန် ၆၀၀ နဲ့ တန် ၄၀ ပဲ လိုပါတ ယ်.."

ကုမ္ပဏီသုံးခုမှ ကိုယ်စားလှယ်များသည် ဧည့်ခန်းထဲ ၌ အလုအယက် ဈေးလျှော့ကာ ပြင်းပြင်း ထန်ထန် ယှဉ်ပြိုင်နေကြသည်။လျူယောင်ကတော့ စိတ်ထဲ ကနေ ရယ်နေမိသော်လည်း အပြင်ပန်း၌ မသိသာ အောင် ထိန်းထားခဲ့၏။ရှင်းဖေးဝိန်နှင့် အခြားအရာ ရှိများမှာမူ သူတို့ရှေ့၌ မြင်နေရသည့် မြင်ကွင်းအား အံ့သြမဆုံး ဖြစ်နေကြသည်။

ဤသည်မှာ သူတို့ဘဝတွင် တစ်ခါမျှ မမြင်ဖူးသည့် အခြေအနေမျိုးပင်။

နောက်ဆုံးတွင် မိုးရ်ကုမ္ပဏီမှ ဝှိုက်ဂျရုမ်းက နောက် ဆုံး ကမ်းလှမ်းချက်အား ထုတ်ပြောလာသည်။

"မစ္စတာလျူ... ကျွန်တော်တို့ မီးခိုးနက်ရောင်သတ္တု တန် ၄၅၀ နဲ့ အနက်ရောင်သတ္တုစ ၁၀ တန်ပဲ ဝယ်ပါ မယ်..စက်ကိရိယာအစုံကို အလကားပေးမယ့်အပြင် တစ်သက်တာ ဝန်ဆောင်မှုလည်းပေးမယ် နောက်တ စ်စုံလိုရင်လည်း အခမဲ့ ထပ်ပေးပါမယ်ဗျာ.."

ဤစကားအဆုံးတွင်မူ ကျန်ကုမ္ပဏီနှစ်ခုမှ လူများ ဆွံ့အသွားကြသည်။သူတို့သည် ဆက်ပြိုင်ရန် အဆ င်ပြေမပြေအား အသည်းအသန် စဉ်းစားနေကြ၏။ မိနစ်အနည်းငယ် ကြာသည်အထိ ဈေးထပ်မချတော့ သည်ကို မြင်သောအခါ လျူယောင်က အတည်ပြု လိုက်၏။

"ဒါဆိုရင် မိုးလ်ကုမ္ပဏီရဲ့ စက်ကိရိယာကိုပဲ ကျွန် တော်..ရွေးချယ်လိုက်ပါပြီ စာချုပ်ကို ခုပဲ.. လက် မှတ်ထိုးကြတာပေါ့"

ရှင်းဖေးဝမ် အတိုင်းမသိ ဝမ်းသာသွားသည်။လွန်ခဲ့ သည့် ရက်အနည်းငယ်က အထူးသတ္တုသန့်စင်ရေး စက်ကိရိယာများ တင်သွင်းရန် သူအလွန်ပင် စိတ်ပူ နေခဲ့ရ၏။ယခုမူ အဖိုးတန်ကိရိယာများကို အခမဲ့ ရ ရှိသည့်အပြင် နောက်ထပ်တစ်စုံကိုပါ အခမဲ့ ရဦးမ ည်ဖြစ်ရာ ယူနီဗာဆဲလ်ကဲ့သို့သော ကံထူးသည့် ကု မ္ပဏီမျိုး ကမ္ဘာပေါ်တွင် ရှိမည်မဟုတ်တော့ဟု သူ တွေးနေမိသည်။

ရှင်းဖေးဝိန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

"စာချုပ်ကိစ္စ စိတ်မပူပါနဲ့..သူဋေး ကျန်တာအားလုံး ကို ကျွန်တော်တို့ပဲ တာဝန်ယူလိုက်ပါ့မယ်.."

နစ်ကိုနှင့် တာအိုတဲမှ လူများကတော့ နောင်တရစွာ ဖြင့် ပြန်သွားကြပြီး ဝှိုက်ဂျရုမ်းတို့အဖွဲ့ကမူ စာချုပ် ချုပ်ရန် နေရစ်ခဲ့သည်။

.......

ဟွာဟိုင်းမြို့ ဆိပ်ကမ်း၌.

ဘလူဝေးလ်နှင့်လူသတ်ဝေလငါးတို့ ပြန်ရောက်လာ သည်။ငါးရက်အတွင်း မီးခိုးနက်ရောင်သတ္တု အပိုင်း အစများနှင့် သတ္တုတန်ထောင်ပေါင်းများစွာကို သ ယ်ယူလာနိုင်ခဲ့ခြင်းမှာ အံ့မခန်းဖွယ်ပင်။လူတိုင်း လို ချင်တပ်မက်နေသည့် ထိုသတ္တုများသည် သင်္ဘော ကုန်းပတ်ပေါ်တွင် တောင်ပုံရာပုံ ရှိနေ၏။

ဆိပ်ခံတံတားမှာရှိသော ကရိန်းများကလည်း သ တ္တုများအား ယူနီဗာဆဲလ်အထူးသံမဏိစက်ရုံသို့ ပို့ ဆောင်ရန် အလုပ်ရှုပ်နေကြသည်။ထိုစဉ်မှာပင် လိပ် ကြီးနှင့် နဂါးနက်တို့သည် ရေဘဝဲကြီးနှစ်ကောင်အာ း အားရပါးရစားနေကြ၏။

စားနေရင်းဖြင့် လိပ်ကြီးက စကားစလိုက်သည်။

"ဟေ့ကောင် နဂါးနက် ငါ မင်းကို တစ်ခု မေးချင်တ ယ်.."

နဂါးနက်က စားလက်စကို ရပ်ကာ ပြန်မေးလိုက်၏။

"အာ အကိုကြီးက ဘာမေးမလို့လဲ"

"မင်းရဲ့ ဇစ်မြစ်ကို ပြောပြလေ..မင်း ဘယ်နေရာက လာလဲဆိုတာ.."

ထိုမေးခွန်းကို ကြားသောအခါ နဂါးနက်က လန့်သွာ းပြီး ခေါင်းခါယမ်းကာ ပြန်ပြောလိုက်သည်။

"ဒီမေးခွန်းကို မမေးလို့ မရဘူးလား..အကိုကြီးရာ"

သို့ပေမဲ့ လိပ်ကြီး၏ သဘောထားက ပြတ်သားလွန်း နေ၏။

"မရဘူး..ဒီတစ်ခါတော့ မင်း ဘယ်လိုပဲဖြစ်ဖြစ် ဖြေ ရမယ်.."

လိပ်ကြီးက ဤမေးခွန်းကို အကြိမ်ကြိမ် မေးခဲ့သော် လည်း နဂါးနက်က အမြဲတစေ ရှောင်လွှဲနေခဲ့သည်။ ယခုမူ လိပ်ကြီးက အလျော့မပေးတော့ဘဲ အဖြေရမှ ဖြစ်မည်ဟု ဆုံးဖြတ်ထားပုံရ၏။

All Chapters