နဂါးနက်၏ ဇစ်မြစ်
Vol. 42 Ch. 519
"မရဘူး..ဒီတစ်ခါတော့ မင်းပြောကိုပြောပြရမယ်.. "
"ကျွန်တော် တကယ်မပြောချင်လို့ပါ အကိုကြီးရာ”
"မရဘူး... ပြောကိုပြောရမယ်ကွာ.."
လိပ်ကြီး၏ ဖိအားပေးမှုအောက်တွင် အခြေအတင် ဖြစ်ပြီးနောက် နောက်ဆုံး၌ နဂါးနက်ကြီးက အလျှေ ာ့ပေးလိုက်ရ၏။သူက သက်ပြင်းတစ်ချက်ချရင်း ပြောပြလိုက်သည်။
"ဟူး အကိုကြီးက အဲ့လောက်တောင် သိချင်နေမှ တော့ ကျွန်တော် နေရာတစ်နေရာကို ခေါ်သွားပါ့မယ် ..ဒါပေမဲ့ နည်းနည်းတော့ ဝေးတယ်နော်"
အကွာအဝေးဝေးမှာ အရမ်းဝေးလည်း ကိစ္စမရှိပေ။
သူ့စိတ်ထဲမှ သိချင်စိတ်ကို ဖြည့်ဆည်းနိုင်ဖို့နှင့် နဂါး နက်၏ မူလဇာစ်မြစ်ကို နောက်ဆုံး၌ သိခွင့်ရမည် ဆိုလျှင် တကယ် ကျေနပ်စရာပင်။ လိပ်ကြီးက စိတ် လှုပ်ရှားစွာ အမိန့်ပေးလိုက်၏။
"မင်းလမ်းသာပြပါ...လာ အခုချက်ချင်း သွားကြမ ယ်.."
နဂါးနက်က ရှေ့မှ ဦးဆောင်ကာ တောင်ဘက်သို့ မ နားတမ်း ကူးခတ်လာခဲ့သည်။ရေမိုင်ပေါင်း ရာနှင့်ချီ ခရီးနှင်ပြီးနောက်တွင် နဂါးနက်၏ နှေးကွေးလွန်း သည့် အရှိန်ကို ကြည့်ကာ လိပ်ကြီးက စိတ်မရှည်ပဲ ပြောလိုက်၏။
"မင်းအရှိန်ကလည်း နှေးလိုက်တာကွာ..ဒီ့ထက် မြန် မြန်သွားလို့ မရဘူးလား "
နဂါးနက်က ဝမ်းနည်းစွာ ပြန်ပြောလိုက်သည်။
"အကိုကြီး ဒါက ကျွန်တော့်ရဲ့ အမြန်ဆုံး အရှိန်ပဲဗျ.. ခင်ဗျားရဲ့ အရှိန်နဲ့တော့ ဘယ်ယှဥ်လို့ ရမှာလဲ"
"အေးပါကွာ..ငါတို့ ဘယ်လောက် ထပ်သွားရဦးမှာ လဲ.."
"အခုထိတော့ အဝေးကြီး လိုပါသေးတယ် အတ္တလ န္တိတ် သမုဒ္ဒရာကို ကျွန်တော်တို့ ဖြတ်ရဦးမှာ.."
"ဘာ ..အဲ့လောက်တောင် ဝေးတာလား.."
အတ္တလန္တိတ် သမုဒ္ဒရာအထိ သွားရဦးမည်ဟု ဆို သော်လည်း လိပ်ကြီးက လက်မလျှော့ပေ။
"လာလာ.ငါတို့..ရှေ့ကို... ဆက်ကူးကြတာပေါ့"
.......
တစ်ချိန်တည်းမှာပင် ကျင်းပန်းခရိုင်၌ ယူနီဗာဆဲလ် သိပ္ပံသုတေသနစင်တာကြီးအား အောင်မြင်စွာ တ ည်ဆောက်ပြီးစီးသွားပြီ ဖြစ်ကာ ယနေ့တွင် စတင် အသုံးပြုနေပြီပဲ ဖြစ်၏။သုတေသနစင်တာ တစ်ခု လုံးတွင် ပျော်ရွှင်ကြည်နူးမှုများ လွှမ်းမိုးနေသည်။
ဤကဲ့သို့ အရေးကြီးသည့် အခမ်းအနားသို့ လျူ ယောင်ကိုယ်တိုင် ရောက်လာခဲ့၏။
မော်တော်ယာဉ်တန်း အရှည်ကြီးမှာ သုတေသနစင် တာ၏ အဝင်ဂိတ်သို့ ဆိုက်ရောက်လာသည်။လျူ ယောင် ကားပေါ်မှဆင်းကာ ခန့်ညားလှပသော ဂိတ် တံခါးကြီးကို ကြည့်ရင်း ကျေနပ်အားရစွာ ပြောလို က်၏။
"ဒီတစ်ခါတော့ ဒီဇိုင်းပုံထဲမှာ မြင်ရတာထက် အများ ကြီး ပိုလှနေပါလား"
ဘေးမှအဆင့်မြင့်ဝန်ထမ်းများကလည်း ထောက်ခံ လိုက်ကြသည်။
"ဟုတ်ပါတယ်သူဋေး... ဒီလိုမျိုး ကျယ်ဝန်းတဲ့ ဂိတ် ဝနဲ့ အတွင်းက အဆောက်အအုံတွေ၊ဖြောင့်တန်းကျ ယ်ဝန်းတဲ့ လမ်းတွေက တကယ်ကို မျက်စိပသာဒ ဖြ စ်စေပါတယ်.."
"တစ်နှစ်ကျော်ကြာ အားထုတ်ခဲ့ပြီးနောက်မှာ ကျွန် တော်တို့ရဲ့ ယူနီဗာဆဲလ်သိပ္ပံသုတေသနစင်တာကြီး နောက်ဆုံးတော့ ပြီးမြောက်သွားပြီပေါ့.."
"ဟားဟား..အရမ်းကောင်းတာပဲဗျာ.."
လူတိုင်းက ဝမ်းသာအားရ စကားပြောဆိုကာ ရယ် မောနေကြသည်။လျူယောင်က လူအားလုံးကို တစ် ချက်ကြည့်ပြီး လက်ဝှေ့ယမ်းကာ ပြောလိုက်၏။
"သွားကြစို့... ငါတို့ ဝင်ကြမယ်.."
လျူယောင် ကားမစီးတော့ဘဲ အတွင်းဘက်သို့ လမ် းလျှောက်ဝင်လာခဲ့သည်။ပထမဆုံး သစ်ပင်ပန်းမန် များ လှပစွာ စိုက်ပျိုးထားသည်အား လျူယောင် တွေ့လိုက်ရ၏။ပန်းအမျိုးမျိုး၊အပင်အမျိုးမျိုးနှင့် သစ်ပင်ကြီးများကို စနစ်တကျ စိုက်ပျိုးထားပြီး စိမ် းလန်းသော မြက်ခင်းပြင်များကလည်း နေရာအနှံ့ ရှိနေသည်။
လျူယောင်သည် ပထမဆုံး စွမ်းအင် သုတေသန စ င်တာသို့ သွားရောက်ကာ ဟူနမ်၏ အစီရင်ခံစာအား နားထောင်လိုက်၏။ဂရက်ဖင်း-အလူမီနီယမ် ဘက် ထရီက အစပျိုးရုံသာရှိသေးရာ ဟူနမ်တို့အဖွဲ့သည် စွမ်းအင်သိပ်သည်းဆ ပိုမိုမြင့်မားသည့် ဘက်ထရီ များအား ဆက်လက် ကြိုးစားကာ တီထွင်နေကြ ခြင်း ဖြစ်သည်။
ဟူနန်က သေချာစွာ ရှင်းပြလိုက်၏။
"သူဋေး ကျွန်တော်တို့ကို ပေးထားတဲ့ နမူနာဘက်ထ ရီတွေရဲ့ စွမ်းအင်သိပ်သည်းဆက တကယ့်ကို အံ့ သြဖို့ကောင်းပါတယ်ခဗျ..ကျွန်တော်ခန့်မှန်းရသလောက်ဆိုရင် အဲ့ဒီဘက်ထရီတွေရဲ့ စွမ်းအင်သိပ် သည်းဆက တစ်ကီလိုဂရမ်မှာ ဒီဂရီ ၁၀၀၀ ကျော်နို င်တယ် ဒါမှမဟုတ် ဒီထက်တောင် ပိုများနိုင်သေး တယ်ခဗျ.."
ဒါက အမှန်တကယ်ပင် ကြောက်စရာကောင်းသည့် အဆင့်ဖြစ်သည်။ ဂရက်ဖင်း-အလူမီနီယမ်ဘက်ထ ရီ၏ စွမ်းအင်သိပ်သည်းဆမှာ အလွန်မြင့်မားလှ သော်လည်း ၎င်းက တစ်ကီလိုဂရမ်တွင် ဒီဂရီအနည် းငယ်သာ ရှိသေးသည် မဟုတ်ပေလော။
လျူယောင် ခေါင်းညိတ်ပြကာ တိုက်တွန်းလိုက်၏။
"ဒီထက်ပိုကောင်းတဲ့ ဘက်ထရီတွေ ရနိုင်အောင် ခ ဗျားတို့ ဆက်ပြီး ကြိုးစားကြဖို့ ကျွန်တော် မျှော်လင့် မိပါတယ်"
"ကျွန်တော်တို့ အမြဲတမ်း ကြိုးစားနေမှာပါသူဋေး.. အခုဆိုရင် ကျွန်တော်တို့က လုံးဝအသစ်စက်စက် ကမ္ဘာတစ်ခုထဲကို ဝင်ရောက်လာသလို ခံစားနေရတ ယ်..ကျွန်တော်တို့ ထိတွေ့နေရတာတွေက လုံးဝအသ စ်ဖြစ်တဲ့ သီအိုရီတွေပဲ..ကျွန်တော်တို့ကို အချိန်နည်း နည်းလောက်ပဲ ပေးပါ... တိုးတက်မှုတွေ ရအောင် လုပ်နိုင်မှာပါခဗျ.."
နည်းပညာရှင်ဟူနမ်နှင့် အခြားသူများအပေါ်တွင် လျူယောင် အလွန်ယုံကြည်မှု ရှိပေသည်။နောက်ထ ပ် သုံးနှစ်၊ ငါးနှစ်အတွင်း သို့မဟုတ် တစ်နှစ်၊နှစ်နှစ် အတွင်း ဘက်ထရီအသစ်များ ထွက်လာမည်မှာ သေချာနေပြီပဲ ဖြစ်၏။
ထို့နောက် လျူယောင်သည် ကွန်ပျူတာနည်းပညာ သုတေသနစင်တာသို့ ဆက်လက်သွားရောက်ကာ မြောင်ကျန်းဖိန်နှင့် ယူလီရန်တို့နှင့် တွေ့ဆုံလိုက်သ ည်။
"သူဌေး... မင်္ဂလာပါ!"
"မစ္စတာလျူ... မင်္ဂလာပါဗျ.."
လူတိုင်းက လျူယောင်အား ဝိုင်းဝန်းနှုတ်ဆက်လို က်ကြ၏။သူတို့အားလုံးမှာ ကွန်ပျူတာနည်းပညာ စင်တာ၏ အဓိက အင်အားစုများ ဖြစ်ကြသည်။ထို အထဲမှ တစ်ဝက်ခန့်မှာ မျိုးဗီဇပြောင်းဆေးဝါးကို သောက်သုံးထားကြသူများ ဖြစ်သဖြင့် လျူယောင် အပေါ် အလွန်သစ္စာရှိကြ၏။
လျူယောင်က ခေါင်းပြန်ညိတ်ပြကာ မေးမြန်းလိုက် သည်။
"ခင်ဗျားတို့ရဲ့ သုတေသနက အခု ဘယ်လောက် အ ထိ တိုးတက်နေပြီလဲ"
ယူလီရန်က အားလုံးကို ကိုယ်စားပြု၍ ပြန်ဖြေလိုက် ၏။
"တိုးတက်မှုကတော့ အရမ်းချောမွေ့ပါတယ် သူဋေး .. ခင်ဗျားပေးထားတဲ့ ကွန်ပျူတာတွေက ကျွန်တော် တို့အတွက် အများကြီး အထောက်အကူ ဖြစ်ပါတ ယ်ဗျ.."
အဆိုပါ ဂြိုလ်သားကွန်ပျူတာများကို အခြေခံ၍ သူ တို့သည် အတွေးသစ်၊အမြင်သစ်များစွာ ရရှိခဲ့ကြ သည်။နေ့စဉ်နှင့်အမျှ သီအိုရီအသစ်များအား လေ့ လာသင်ယူနေကြရပြီး အချက်အလက်တစ်ခုခုကို အမြဲတမ်း ရှာဖွေတွေ့ရှိနေကြ၏။
မြောင်ကျန်းဖိန်ကလည်း ဝင်ပြောလိုက်၏။
"ကျွန်တော်တို့ နေ့တိုင်း အသစ်အဆန်းတစ်ခုခု ရပါ တယ်ခဗျ..ဒါပေမဲ့ တစ်ခုတည်းသော နှမြောစရာက ဒီကွန်ပျူတာရဲ့ တချို့နေရာတွေက ပျက်စီးမူတွေ ရှိ နေတာပဲဗျ.."
"အိုး..ပြန်ပြင်လို့ ရမလား... ပြန်အသုံးပြုလို့ရော ရမ လား"
လျူယောင်က စိတ်ဝင်တစား မေးလိုက်သည်။၎င်းမှ ာ သူအလိုချင်ဆုံး အရာပင် ဖြစ်၏။အဆိုပါ ကွန် ပျူတာများထဲမှ တစ်လုံးလောက်သာ ပြန်စ၍ရခဲ့ လျှင် အလွန် အံ့သြစရာ ကောင်းလှပေလိမ့်မည်။
ယူလီရန်က ခေါင်းခါကာ ပြန်ဖြေလိုက်၏။
"ကျွန်တော်တို့လည်း အဲ့ဒီလို စိတ်ကူးမျိုး ရှိပါတယ် သူဋေး..ဒါပေမဲ့ ကွန်ပျူတာတွေက အခြေအနေအ မျိုးမျိုးနဲ့ ပျက်စီးနေတာဆိုတော့ သူတို့ကို ပြန်စဖို့က တကယ်ကို ခက်ခဲပါတယ်.."
"လုံးဝ မျှော်လင့်ချက် မရှိတော့ဘူးလား"
"ဒီလိုလည်း မဟုတ်ပါဘူး.. အကောင်းဆုံး တစ်လုံး ကို ရွေးထုတ်ပြီး ကျွန်တော်တို့ ပြန်ပြင်နေပါတယ် .. အဲ့ဒါကို ပြန်လည် အသုံးပြုနိုင်ဖို့တော့ မျှော်လင့်ချ က် ရှိပါတယ်.. ဒါပေမဲ့ အချိန်တော့ ယူရပါလိမ့်မယ် သူဋေး."
ထိုစကားကို ကြားရသောအခါ လျူယောင် အလွန် ဝမ်းသာသွားသည်။မျှော်လင့်ချက် ရှိနေလျှင်ပင် လုံ လောက်၏။ထိုကွန်ပျူတာများထဲမှ တစ်လုံးကို ပြန် လည် အသုံးပြုနိုင်ခဲ့လျှင် အတွင်း၌ မည်သည့်အရာ များ ရှိနေမည်ကို သိနိုင်မည်ဖြစ်ရာ ၎င်းက တွေးကြ ည့်ရုံနှင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။
........
တောင်အတ္တလန္တိတ်သမုဒ္ဒရာတွင်မူ..
ရက်အတော်ကြာ ကူးခတ်ပြီးနောက်တွင် လိပ်ကြီးနှ င့် နဂါးနက်တို့သည် တောင်အမေရိကတိုက်၏ တော င်ဘက်အစွန်ဆုံးကို ဖြတ်ကျော်ကာ အတ္တလန္တိတ် သ မုဒ္ဒရာထဲသို့ ရောက်လာကြ၏။
လိပ်ကြီးက ဒေါသထွက်ကာ ညည်းတွားလိုက်သည် ။
"မင်းက အရမ်းနှေးတာပဲကွာ..ငါတစ်ကောင်တည်း သာဆိုရင် ရောက်နေတာ ကြာလှပြီ.."
"နောက်ထပ် ရေမိုင်တစ်ထောင်လောက် ကူးပြီးရင် ရောက်ပါပြီ အကိုကြီးရ.."
ရေမိုင်တစ်ထောင်ကျော် ခရီးမှာ လိပ်ကြီးအတွက် သုံးနာရီခန့်သာ ကြာမည် ဖြစ်သော်လည်း နဂါးနက် ၏ အရှိန်ဖြင့်သာဆိုလျှင် တစ်ရက်နီးပါး ကြာပေဦး မည်။
"ငါ ဗိုက်ဆာပြီကွာ... ဗိုက်ဝမှပဲ ဆက်သွားကြတာပေ ါ့.." ပင်ပန်းသည်ဟု လိပ်ကြီး မခံစားရသော်လည်း ဗိုက်ဆာလာသဖြင့် တစ်ခုခုအား သူ စားချင်နေသ ည်။
နဂါးနက်က အလိုက်သိစွာ အကြံပေးလိုက်၏။
"ကျွန်တော် ရေဖျံတွေ အများကြီးရှိတဲ့ နေရာတစ်ခု ကို သိတယ် အကိုကြီးရ အဲ့ဒီကို သွားရအောင်လေ”
ရေဖျံများ၏ အသားက အရမ်း အရသာရှိလှ၏။ တစ်ကောင်လျှင် ပေါင်ထောင်ချီ အလေးချိန်ရှိသော် လည်း သူတို့အတွက်မူ တစ်ကိုက်စာမျှသာ ရှိပေသ ည်။
"ကဲ.ဒါဆိုလည်းမင်းလမ်းပြပေတော့..ငါ စားချင်နေ ပီ.."
နဂါးနက်သည် ရှေ့မှဦးဆောင်ကာ တစ်နာရီကျော် ကြာအောင် ကူးခတ်ပြီးနောက်တွင် ရေဖျံများရှိရာ န ယ်မြေသို့ ရောက်လာခဲ့သည်။ ကျွန်းငယ်လေးတစ် ကျွန်း၏ ပတ်ဝန်းကျင်တွင် ရေဖျံပေါင်း ထောင်နှင့် ချီ ရှိနေ၏။လိပ်ကြီးမှာ အလွန်ပျော်သွား၍ စားသေ ာက်ပွဲကြီး ကျင်းပလိုက်သည်။
"အိုး အရသာက အတော်ကောင်းတာပဲကွာ.. ဗိုက်ဝ မှပဲ ဆက်ပြောကြတာပေါ့.."
ထိုဖျံများအား နှစ်ကောင်သား ခွဲ၍ စားလိုက်ကြ၏။ လိပ်ကြီးက အဆီပြည့်နေသည့် ရေဖျံကြီးရာနှင့်ချီ အား တစ်ထိုင်တည်း စားပစ်လိုက်ရာ ဗိုက်ပြည့်သွား ပေသည်။နဂါးနက်မှာလည်း အလားတူပင် အကော င်ရာကျော် စားပစ်လိုက်၏။
ဗိုက်ပြည့်သွားသောအခါ လိပ်ကြီးက လှည့်ပြောလို က်သည်။
"ကဲ..ငါတို့ သွားကြစို့.. မင်းပြောတဲ့နေရာကို စောစေ ာရောက်ဖို့ ငါ မျှော်လင့်တယ်.."
နဂါးနက်က ဆက်လက် လမ်းပြလာကာ နှစ်ကောင် သား မြောက်ဘက်သို့ ကူးခတ်လာခဲ့ကြသည်။လမ်း ခရီးတွင် သူတို့ တစ်ကြိမ်နားခဲ့ရသေးသည်။အဓိက အားဖြင့် နဂါးနက်ကြီးမှာ လိပ်ကြီးကဲ့သို့ ခန္ဓာကိုယ် ကြံ့ခိုင်မှုမျိုး မရှိသောကြောင့် နားဖို့လိုအပ်ခြင်း ဖြစ် ၏။
နောက်ဆုံး၌ နဂါးနက်ပြောသည့် နေရာသို့ ရောက် လာခဲ့ကြသည်။
"ကျွန်တော့်နောက်ကို လိုက်ခဲ့ပါအကိုကြီး.."
မူလက ရေအနက်သည် မီတာဆယ်ဂဏန်းခန့်တွင် ရှိနေသော်လည်း နဂါးနက်က ပင်လယ်ကြမ်းပြင် အောက်သို့ စတင်ငုပ်ဆင်းလာသဖြင့် ရေအနက်မှာ တဖြည်းဖြည်း တိုးတိုးလာ၏။အောက်သို့ ဆင်းလာ လေလေ အလင်းရောင်မှာ မှိန်ဖျော့လာရာ နောက်ဆုံ းတွင်မူ လုံးဝ အမှောင်အတိ ကျသွားပေသည်။
ရေအနက် မီတာ ၂၀၀၀ ကျော်သို့ ရောက်လာချိန်တွ င်မူ ပင်လယ်ကြမ်းပြင်အောက်ခြေသို့ ရောက်လာခဲ့ ၏။သူတို့ရှေ့တွင်မူ အဆုံးမရှိပဲ ကျယ်ဝန်းလှသည့် မြောင်းကြီးတစ်ခုသာ ရှိနေပေသည်။