သံမဏိချိန်းကြိုးတံတား
Vol. 43 Ch. 591
ဘီး
ကျန်းရီရှေ့၌ အဖြူရောင် အလင်းတစ်ခု တောက်ပလာတော့သည်။ သူ့မျက်ဝန်းထဲရှိ လောကက ထပ်မံပြောင်းလဲသွားချေပြီ။ မြင်ကွင်းက အလွန်ကျယ်ဝန်းသွားပြီး နယ်မြေကလည်း အလွန်ထူးခြားနေ၏။ တစ်ချက်ကြည့်ရုံဖြင့် လူတိုင်းတုန်လှုပ်လောက်သည်။
ယခုအချိန်တွင်သူက နယ်စပ်တစ်ခု၌ ရပ်နေတာဖြစ်ပြီး အနည်းဆုံး ငါးမီတာကျော်ခန့် ကျယ်ဝန်းသည့် ကြီးမားသော အသူရာ ချောက်ကြီးတစ်ခုရှေ့တွင်ဖြစ်သည်။ အောက်၌ အနီရောင်အလင်းများက ကောင်းကင်ကို လင်းထိန်နေစေတော့သည်။ ထိုနေရာ၌ တလိမ့်လိမ့်စီးနေသော မီးတောင်ချော်ရည်များ ရှိနေ၏။ တစ်စုံတစ်ယောက် ကျသွားသည်နှင့် ဘာမှကျန်ရစ်ခဲ့မှာ မဟုတ်ပေ။ မီးတောင်က မြေပြင်နှင့် ကီလိုမီတာသုံးဆယ် ကွာဝေးသော်ငြား ခြစ်ခြစ်တောက် ပူနေသည့် အပူလှိုင်းများက တက်လာသည်မှာ အသက်ရှုရ ခက်ခဲစေတော့သည်။
ချောက်ကို သံမဏိချိန်းကြိုးတံတားသုံးခု သွယ်တန်းလျက်ရှိသည်။ တံတားက တစ်မီတာသာ ကျယ်ဝန်းပြီး အလယ်တွင် အနက်ရောင် ကျောက်များဖြင့် လွှမ်းနေ၏။ သံမဏိချိန်းကြိုး နှစ်ကြိုးကမူ အနက်ရောင်သံမဏိဖြင့် ပြုလုပ်ထားပြီး တလက်လက် တောက်ပနေ၏။ အပူလှိုင်းများက အောက်မှတက်လာသော်ငြား ထိုသံမဏိချိန်းကြိုးနှင့် ကျောက်များက ကျောချမ်းဖွယ်ကောင်းနေပြီး တောက်ပနေတော့၏။
“အမ် အဲဒီမှာလူတွေအများကြီး ရှိနေတာပဲ မဟုတ်ဘူး ဝူနီက အဲဒီဘက်မှာ ရှိနေတယ်ဆိုတော့ ထူလုံလည်းရှိလောက်တယ် ”
ကျန်းရီသည် သံမဏိချိန်းကြိုး တံတား၏အဆုံးကို အာရုံသိပ်မစိုက်ခဲ့ပေ။ သူက ညာဘက်ခြမ်းရှိ သံမဏိချိန်းကြိုး တံတားနှစ်ခုဆီ အာရုံရောက်သွားပြီး သုန်မှုန်သွားတော့၏။ ထိုတံတားပေါ်၌ လူရာချီရှိနေပြီး အလယ်ရှိ သံမဏိချိန်းကြိုးပေါ်၌ ကျန်းရီက ယဉ်ရို့ပင်း၊ လင်းရှီယာ့၊ လင်းချီကျန့်၊ ရှီဖေးနှင့် ဓားဧကရာဇ်၏မြေးကို တွေ့လိုက်ရသည်။ သူထူလုံကို ယခင်က တစ်ခါမှ မတွေ့ဖူးသော်ငြား ဝူနီကို မြင်ခဲ့ဖူးသည်။ သူ၏ကောင်းကင် ဧကရာဇ်အဆင့် ရံရွှေတော်လေးဦးက ဘေးတွင်ရှိနေရာ သတိပြုမိလောက်စရာ ဖြစ်နေသည်။ သို့သော် အခြေအနေ အနည်းငယ်ကြည့်ပြီးနောက် သူ၏ရင်ထဲရှိ အကြောက်တရားများအစား သံသယတို့က ဝင်ရောက်လာလေ၏။
ထိုသံမဏိချိန်းကြိုးတံတားပေါ်ရှိ လူများပြုမူပုံက အလွန်ထူးဆန်းနေလေသည်။ ပျံသန်းမည့်အစား အများစုက ဖြည်းဖြည်းချင်း သွားနေကြပြီး ခြေလှမ်းတိုင်းက အင်မတန် ခက်ခဲသည့်ပမာ ဖြစ်နေတော့သည်။ လူများစွာက မတ်မတ်မရပ်နိုင်ဘဲ သူတို့၏ခန္ဓာကိုယ်ကို ထိန်းနိုင်အောင် ရုန်းကန်နေရလေ၏။ ထို့အပြင် လူအချို့ကဆို သူတို့လက်နှစ်ဖက်ကိုတောင် သုံးလျက် ကြမ်းပြင်ပေါ်သွားရန် သူတို့လက်နှင့်ခြေထောက်ကို သုံးထားရသည်။
“ဘာဖြစ်နေတာပါလိမ့် ”
ကျန်းရီက ဇဝေဇဝါ ဖြစ်သွားသည်။ သူသည်လင်းချီကျန့်၊ ရှီဖေးနှင့်အဖွဲ့၏ ခွန်အား အကြောင်း အတိအကျ မသိသော်ငြား ဤနေရာရှိ မျိုးနွယ်စုကြီးများ၏ မျိုးဆက်အများစုက ကောင်းကင်ဧကရာဇ်အဆင့်သို့ ရောက်ရှိပြီးဆိုတာ သူသိနေသည်။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးတောင် ဆန္ဒရှိသလို ပျံသန်းနိုင်လေရာ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်သည် ငါးကီလိုမီတာ အကွာအဝေးကို ပျံသန်းခဲ့ပါက မျက်တောင်တစ်ခတ်အတွင်း တံတားကို ကျော်ဖြတ်နိုင်မှာပဲဖြစ်သည်။ သူတို့သည် အဘယ့်ကြောင့် ထိုမျှနှေးကွေးစွာ လျှောက်နေရသနည်း။
သို့သော် ကျန်းရီက အနည်းငယ် စိတ်သက်သာရာ ရသွားလေ၏။ သံမဏိချိန်းကြိုးတံတားက တံတားတစ်ခုနှင့်တစ်ခု သုံးကီလိုမီတာ ကွာဝေး၏။ သူတို့အဖို့ လမ်းလျှောက်ရုံအတွက်တောင် ခက်ခဲနေပြီဖြစ်ရာ သူတို့ဤနေရာသို့ ပျံသန်းမလာလောက်ပေ။ ထို့ကြောင့် ကျန်းရီက လုံခြုံနေသေး၏။
ကျန်းရီက တစ်ဖက်ခြမ်းရှိလူများကို လေ့လာနေစဉ် ကျန်သည့်သံမဏိချိန်းကြိုး နှစ်ခုပေါ်ရှိ လူများကလည်း သူ့ကိုသတိပြုမိကြသည်။ သုံးကီလိုမီတာက သိပ်မကွာဝေးပေ။ အဲ့ထဲသို့ ရောက်လာသည့်လူများက အနည်းဆုံး ဗာဂျရာနယ်ပယ်တွင် ရှိကြပြီး အမြင်အာရုံ ကောင်းကြ၏။ သူတို့ကကျန်းရီကို အလွယ်တကူမြင်သည်။
ထျန်း
ကျန်းရီ၏ သွင်ပြင်က အနည်းငယ် နှောင့်ယှက်မှုတောင် ဖြစ်စေခဲ့သည်။ သို့သော် ငြိမ်းချမ်းမှုက ဖြည်းဖြည်းချင်း ရလာ၏။ လူတိုင်းက ကျန်းရီကို လှောင်ပြောင်ပြီး ကရုဏာသက်သည့် အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
“ဒါဘယ်လို အခြေအနေမျိုးလဲ ”
ကျန်းရီက ယဉ်ရို့ပင်းနှင့် လင်းရှီယာ့တို့ကလည်း သူ့ကို ကရုဏာသက်စွာ ကြည့်နေသည်ကိုမြင်ပြီး စိတ်ရှုပ်ထွေးသွားတော့၏။ တစ်ချက်ကြည့်ပြီးနောက် သူတို့က သူ့ကို အာရုံမစိုက်တော့ပေ။ ယဉ်ရို့ပင်းကလည်း ခြေဗလာဖြင့် ရှိနေသေးဆဲဖြစ်ကာ တစ်လှမ်းချင်း ဖြည်းဖြည်းချင်း ရှေ့ဆက်နေ၏။ သူမက နှေးနေသော်ငြား နောက်ကျောက ဓားတစ်စင်းသဖွယ် မတ်နေပြီး အမူအရာက အလွန်အေးအေးလူလူ ရှိလှသည်။
လင်းရှီယာ့ကမူ ချောမောခံ့ညားသော လူငယ်တစ်ဦးနှင့် ရပ်နေလေ၏။ ထိုလူကို ကျန်းရီယခင်က မြင်ခဲ့ဖူးသည်။ သူက ဓားတစ်စင်းဖြင့် ပျံသန်းလာသော လင်းချီကျန့်ပင်ဖြစ်သည်။ လင်းရှီယာ့က အတော်မောပန်းနေပုံရပြီး လင်းချီကျန့်သာ သူမကို လက်တစ်ဖက်ဖြင့် ထိန်းထားပေးတာကြောင့် မဟုတ်လျှင် သူမက ခက်ခက်ခဲခဲ ရပ်ရမှာပဲဖြစ်သည်။
ကျန်းရီအဖို့ အံ့သြသွားရသည်က ဓားဧကရာဇ်၏ ခုနှစ်နှစ် ရှစ်နှစ်အရွယ်ခန့်ရှိ မြေးက အလွန်တည်ငြိမ်စွာ ရပ်နေတာပဲဖြစ်သည်။ သူ၏သွားလာနှုန်းက အလွန်နှေးကွေးသော်ငြား အားစိုက်ထုတ်စရာမလိုဘဲ သွားနေပုံပေါ်သည်။ သူကရံဖန်ရံခါ၌ ကျန်းရီကိုကြည့်လေ၏။
ကလေးရှေ့တွင် အလွန်လွယ်ကူစွာ လျှောက်နေသော ဝူနီလည်းရှိသည်။ ထိုအစား သူ၏အစေခံလေးဦးက ခရုများကဲ့သို့ နှေးကွေးနေသည်။ ဝူနီကယခုအချိန်တွင် ကျန်းရီကို ကြည့်လိုက်တော့၏။ သူ၏မျက်လုံးထဲ၌ လှောင်ပြောင်မှုများ ပြည့်နေသည်။ ထိုလူကသူ့ကို ဂရုမစိုက်လာသည်က ကျန်းရီကို အလွန်စိတ်သက်သာရာ ရသွားစေသည်။
သိုင်းခန်းမဆောင်၏ ခန်းမသခင်လေးက သူ၏သတင်းကို မရသေးတာ၊ သို့မဟုတ် သိုင်းခန်းမဆောင်၏ သခင်လေးထံမှ အာရုံစိုက်မှုကို ရလောက်သည့် အနေအထားထိ သူမရောက်တာ ဖြစ်နိုင်သည်။
ကျန်းရီကိုအလွန် အံ့သြသွားစေပြီး စိတ်ပျက်အားလျော့သွားစေသည်က ရီချန်းကို မတွေ့ရတာပဲဖြစ်သည်။ သူမ၏ ခရမ်းရောင်ဆံနွယ်က အလွန်သိသာလွန်းသည်။ သူမက ကျန်းရီအပေါ်လည်း အထင်ကြီးမှု အချို့ရှိသည်။ သို့သော် အားလုံးကို သိမ်းကြုံးကြည့်ပြီးနောက် သူဘာကိုမှ ရှာမတွေ့ရပေ။ မည်သို့ပင် ဆိုစေကာမူ သူဤနေရာသို့ ရောက်နေပြီဖြစ်သောကြောင့် နောက်ပြန်လှည့်ရန် လမ်းမရှိပေ။ ကျန်းရီက ရှေ့သို့သွားရန်သာ ကြိုးစားလိုက်၏။ ဖေးမျိုးနွယ်စုဝင်များက သူ့နောက်သို့လိုက်လာပြီး ဓားဧကရာဇ်မြေး ဝူနီနှင့်အဖွဲ့အား သူ့ကို သတ်ရန် အကူအညီ တောင်းလိုက်လျှင် သူတကယ် ကံဆိုးမိုးမှောင် ကျမှာပဲဖြစ်သည်။
ကျန်းရီက ခြေထောက်ချပြီး သူ့ရှေ့ရှိချိန်းကြိုးတံတားကို နင်းလိုက်တော့သည်။ ကျောက်ထရံပေါ်ရှိ အစပ်၌ နှစ်လမ်းခန့် လှမ်းလိုက်ပြီးနောက် သူဘာပြဿနာကိုမှ အာရုံမခံမိပေ။ သူက သံမဏိချိန်းကြိုးတံတားပေါ် ဇဝေဇဝါ နင်းလိုက်လေ၏။
ဖုန်း
တောင်ကဲ့သို့ ကြီးမားသောဖိအားက ကျလာပြီး ကျန်းရီကို သတိလစ်ဟင်းသွားစေသည်။ သူ၏ခြေထောက်များ ပျော့ခွေသွားပြီး တစ်ကိုယ်လုံးက ကြီးမားသည့်ဖိအားကြောင့် သံမဏိချိန်းကြိုးနှင့် ဖိကပ်ခံလိုက်ရပြီး သူ၏ခေါင်းကတောင် မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မိသွား၏။
“ဟား ဟား ဟား ”
အလယ်သံမဏိ ချိန်းကြိုးတံတားပေါ်ရှိ လူများစွာက ကျန်းရီ၏ ကြောက်မက်ဖွယ်မျက်နှာကို မြင်သောအခါ ရယ်မောလိုက်ကြသည်။ သို့သော် ရယ်မောပြီးနောက် သူတို့၏ခန္ဓာကိုယ်က ချက်ချင်းတည်ငြိမ်သွားကာ ချက်ချင်းပင် နစ်ဝင်သွားလေသည်။ ပြီးနောက် နာကျင်မှုကြောင့် သူတို့ကို ဇောဒကတက်စေတော့၏။ သို့သော် လူများစွာကမူ ပျက်ရယ်ပြုနေသေး၏။
အနေခက်လိုက်တာ။
ကျန်းရီက ယဉ်ရို့ပင်းနှင့် လင်းရှီယာ့တို့မျက်နှာထက်တွင် အပြုံးတစ်ပွင့် ဖျတ်ခနဲ ပေါ်လာတာကိုမြင်ပြီး မရယ်ဘဲ မနေနိုင်တော့ကာ သူက အတော် ရှက်သွားလေသည်။ လူတိုင်း ဤကဲ့သို့ ပြုမူရသည့် အကြောင်းအရင်းကိုလည်း နားလည်သွား၏။ ထင်သည့်အတိုင်းပင် ဤအသူရာ ချောက်ကမ်းပါးထဲ၌ ဖမ်းဆုပ်ထားမှု တစ်ခုရှိနေသည်။ မြေဆွဲငင်အားက ပြင်းထန်းလွန်းလေရာ လူအများက ပျံသန်းမသွားနိုင်။ မြန်မြန်ဆန်ဆန်လည်း မသွားနိုင်ချေ။ အမှားတစ်ချက်ဖြင့် သူတို့က တံတားအောက်ပြုတ်ကျပြီး ပြာဖြစ်သွားနိုင်၏။
ကြောက်ဖို့ကောင်းလောက်တဲ့ မြေစွမ်းအားပဲ။
ကျန်းရီက သက်ပြင်းကြိတ်ချလိုက်သော်ငြား သူ့ရင်ထဲတွင် သံသယအချို့ ရှိနေသေးသည်။ မြေဆွဲငင်အားက များနေသည့်တိုင် သူကခံနိုင်ရည်ရှိသေးသည်။ သံမဏိချိန်းကြိုးပေါ်တွင် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များကိုလည်း တွေ့နိုင်၏။ သူကမတ်တပ်ရပ်ရန် ရုန်းကန်နေရသည်။ အရိုးများက ဧရာမတောင်ကြီး သူ့ပေါ်ရောက်နေသည့်အလား တစ်ကျွတ်ကျွတ် မြည်နေတော့သည်။ ယဉ်ရို့ပင်းနှင့် လင်းရှီယာ့တို့ ရယ်မောမှုကို အမှတ်ရလျက် သူ၏ရင်ထဲတွင် သူ့ကိုယ်သူ အထင်ကြီးစိတ်တို့က နိုးဆွခံလိုက်ရတော့သည်။ အံ့ကြိတ်လျက် မတ်မတ်ရပ်ကာ ခြေထောက်မြှောက်ပြီး ရှေ့သို့ဆက်သွားလိုက်၏။
တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း
ကျန်းရီကပိုတောင် ထူးဆန်းလာတော့သည်။ သူကမြေဆွဲငင်အားကို ခံနိုင်ရည်ရှိစဉ်၌ ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များက လမ်းလျှောက်သည်မှာ အဘယ့်ကြောင့် နှေးကွေးနေရသနည်း။ ဤအရှိန်ဖြင့်သူသည် မကြာမီ၌ လူတိုင်းကို ကျော်တက်သွားလောက်၏။
လေးလှမ်း၊ ငါးလှမ်း
ဖုန်း
ကျန်းရီ၏ ခြေထောက်က ထပ်မံပျော့ခွေသွားပြန်သည်။ သူကပြုတ်ကျသွားပြန်၏။ သူ၏တစ်ကိုယ်လုံး မြေကြီးပေါ် ကျသွားပြီး မျက်နှာက အနက်ရောင် ကျောက်ပြားများနှင့် တိုက်မိပြီး ဖိအားကြောင့် အတော်ပုံပျက်သွားတော့သည်။
“ဟား ဟား ဟား ”
“အရူး ”
“ဟား ဟား သူကငါတို့ရယ်အောင်လုပ်ဖို့ ကြိုးစားနေတာများလား ”
ကျန်သည့်သံမဏိ ချိန်းကြိုးတံတား နှစ်ခုပေါ်တွင် လူများက ခက်ခက်ခဲခဲ လျှောက်နေသည့်တိုင် အချို့က မရယ်မောဘဲ မနေနိုင်တော့ချေ။ ယဉ်ရို့ပင်းနှင့် လင်းရှီယာ့လည်း ပါဝင်ပေ၏။ လင်းရှီယာ့သည် သေးသွယ်သော ခန္ဓာကိုယ်လေးက တုန်ယင်သွားသည်။ လင်းချီကျန့်သာ သူမကို မဆွဲထားလျှင် မြေကြီးပေါ် ပြုတ်ကျသွားလောက်၏။
“ဟား ဟား အား ”
တတိယမြောက် ချိန်းကြိုးတံတားပေါ်ရှိ လူတစ်ယောက်က ရယ်မောလိုက်သော်ငြား သူကတစ်ချက် ချော်သွားသည်။ ဟန်ချက်ပျက်သွားပြီးနောက် သံမဏိချိန်းကြိုးတံတားပေါ်မှ လိမ့်ကျသွား၏။ မကြာမီ၌ သူက အောက်ရှိချော်ရည်များထဲ ပြုတ်ကျသွားပြီး ဘာမှမရှိတော့သည်အထိ လောင်ကျွမ်းခံလိုက်ရသည်။
“အို ”
လူအုပ်ကြီးက ဆက်မရယ်ရဲတော့ဘဲ လမ်းလျှောက်ခြင်းကိုသာ အာရုံစိုက်လိုက်သည်။ တတိယမြောက် သံမဏိချိန်းကြိုးပေါ်၌ လူများစွာက ကျန်းရီကို အမုန်းတရားများဖြင့် ကြည့်နေလေ၏။ ထိုလူသေဆုံးခြင်းအတွက် သူတို့က ကျန်းရီကို အပြစ်တင်တာ သိသာနေ၏။
“သေစမ်း မြေဆွဲငင်အားက ရုတ်တရက် တိုးလာပြန်ပြီ ”
ကျန်းရီက နောက်ကျောနာလွန်းသောကြောင့် မျက်နှာမဲ့သွားလေသည်။ မြေဆွဲငင်အားက များများစားစား မတိုးသွားသော်ငြား ရုတ်တရက်ဆန်လွန်းပြီး မမှန်းဆထားသည့် အရာဖြစ်သည်။ သူကသတိလက်လွတ် မစွန့်စားရဲဘဲ ရှေ့သို့ဖြည်းဖြည်းချင်း လှမ်းသွားတော့၏။ ထင်သည့်အတိုင်း ငါးလှမ်းလှမ်းပြီးနောက် မြေဆွဲငင်အား ထပ်တိုးလာပြန်သည်။ ယခုအခေါက်တွင် သူကပြင်ဆင်ပြီးသားဖြစ်သည်။ ခြေထောက်က အနည်းငယ်သာ ကွေးသွားသော်ငြား ပြုတ်မကျသွားပေ။
ပြီးနောက် ထိုကောင်းကင်ဧကရာဇ် သိုင်းပညာရှင်များ မြန်မြန်ဆန်ဆန် မရွေ့ရသည့် အကြောင်းအရင်းကို သဘောပေါက်သွားပြီဖြစ်သည်။ သူတို့အလျင်လိုခဲ့လျှင် ခန္ဓာကိုယ်က ရုတ်တရက် မြေဆွဲငင်အား ပြောင်းလဲမှုကို အလိုက်သင့် ညှိနှိုင်းမှာမဟုတ်ဘဲ သူတို့က သံမဏိ ချိန်းကြိုးတံတားပေါ်မှ ပြုတ်ကျသွားမှာ သေချာသည်။
“သေစမ်း ဒီသံမဏိ ချိန်းကြိုးတံတားက လူဖြတ်ဖို့ ဆောက်ထားတာရော ဟုတ်ရဲ့လား ”
ခြေလှမ်းတစ်ရာ လှမ်းပြီးနောက် ကျန်းရီသည် သူ၏ပုခုံးပေါ်ရှိ ဖိအားက နှစ်ဆတိုးလာပြီဖြစ်ကြောင်း ခံစားမိလိုက်သည်။ အံ့ကြိတ်ထားပြီး အကောင်းဆုံး ကြိုးစားနေသော်ငြား ကျောကိုခပ်မတ်မတ် မထားနိုင်တော့ပေ။
သံမဏိချိန်းကြိုးတံတားက အလွန်ရှည်သည်ဟု သတ်မှတ်၍မရ။ ငါးကီလိုမီတာရှည်သည်။ ပြဿနာက မြေဆွဲငင်အားက ဤနှုန်းဖြင့် ဆက်တိုးနေလျှင် သူက ကြမ်းပြင်ပေါ် တွားသွားနေလျှင်တောင် တံတားအလယ်သို့ ဘယ်တော့မှ ရောက်မှာမဟုတ်။ အဆုံးသို့ရောက်ပြီး ကျောက်တုံးဂိတ်ထဲ ဝင်ရောက်နိုင်ဖို့ဆိုလျှင် ပိုတောင်ဆိုးချေသေး၏။
***