← Chapters

နဂါးနက်၏ နေရာ

Vol. 42 Ch. 520

နဂါးနက်၏ နေရာ

Vol. 42 Ch. 520

ပင်လယ်အောက်ပိုင်း အနက်ရှိုင်းဆုံးနေရာ၌ တက ယ့်ကို ကြီးမားလှသည့် မြောင်းကြီးတစ်ခု ရှိနေ၏။

ထိုမြောင်းကြီးက ဘယ်လောက်တောင် ကျယ်သလဲ ဆိုရင် လိပ်ကြီးရဲ့ အာရုံခံနိုင်စွမ်းဟာ မီတာ ၁၀၀၀ အထိ ရောက်ရှိနေသော်လည်း အလျား၊အနံနဲ့ အန က်ကိုတော့ ခန့်မှန်းလို့ မရနိုင်ခဲ့ပေ။

လိပ်ကြီးက သိချင်စိတ်ဖြင့် မေးလိုက်၏။

"ဟေ့...မင်း ဒီလိုနေရာမျိုးကို ဘာလို့ ငါ့ကို ခေါ်လာ တာလဲ.."

"အာ အကိုကြီးက ကျွန်တော် ဘယ်ကလာလဲလို့ အ မြဲမေးနေခဲ့တာ မဟုတ်လား..ကျွန်တော်က ဒီမြောင်း ကြီးထဲကနေ လာတာပဲဗျ.."

လိပ်ကြီးက တအံ့တသြနဲ့ ထပ်မေးလိုက်၏။

"မင်းက ဒီမြောင်းကြီးက လာတာဆိုရင် ဘာလို့ ဒီကို ပြန်မလာတာလဲ..မင်း ပြန်ချင်တဲ့ပုံစံလည်း ငါ တစ်ခ ါမှ မမြင်ဖူးဘူး"

ဤကဲ့သို့ မေးလိုက်သည့်အခါ နဂါးနက်ကြီးက ခေါ င်းငုံ့သွားပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။ခ ဏအကြာမှာတော့ သူက လိပ်ကြီးအား သေချာ ရှင်း ပြလိုက်သည်။

"ကျွန်တော် ပြန်ချင်တာပေါ့.အကိုကြီးရာ. ဒါပေမဲ့ ကျွန်တော် ပြန်လို့ မရဘူး..ကျွန်တော့်ကို မောင်းထု တ်လိုက်လို့ပါ..ပိုပြီးတိကျအောင် ပြောရရင် ကျွန် တော်က ဒီမြောင်းက မဟုတ်ဘူး..ဒီမြောင်းရဲ့ အော က်ခြေမှာ ကမ္ဘာသစ်တစ်ခု ရှိနေသေးတယ် ..ကျွန် တော်က အဲဒီနေရာက လာတာပါ.."

"ဘာ... မြောင်းထဲမှာ တကယ့်ကို ကမ္ဘာသစ်တစ်ခုရှိ တယ်ပေါ့.."

လိပ်ကြီးက အလွန်အမင်း အံ့အားသင့်သွားပြီး ဒီလို မျိုး ထူးဆန်းသည့် ကိစ္စအား သခင့်ကို ပြောပြဖို့ လို တယ်လို့ ခံစားလိုက်ရ၏။ထို့ကြောင့် သူသည် လျူ ယောင်နဲ့ လှမ်းပြီး အဆက်အသွယ် လုပ်လိုက်သည်။

"သခင်ရ... ကျွန်တော် အခု နဂါးနက်နဲ့အတူ မြောက် အတ္တလန္တိတ်သမုဒ္ဒရာကို ရောက်နေပါတယ်.. ဒီမြော င်းကြီးထဲမှာ ကမ္ဘာသစ်တစ်ခု ရှိတယ်လို့ နဂါးနက်က ပြောတယ်..ကျွန်တော်လည်း သူ့နဲ့အတူ ဝင်ကြည့် မ လို့..အဲဒီကမ္ဘာသစ်က ဘယ်လိုလဲဆိုတာ ကျွန်တော် အရမ်း သိချင်တယ်.."

ထိုစကားကြောင့် လျူယောင်လည်း အရမ်းအံ့သြသွ ားကာ ခွင့်ပြုလိုက်ရ၏။

"အေး... မင်း ဝင်ကြည့်ချင် ကြည့်လေ.. နဂါးနက် ပြောတဲ့ ကမ္ဘာသစ်က ဘယ်လိုလဲဆိုတာ ငါလည်း မြ င်ချင်တယ်.."

လျူယောင်ဟာ စိတ်အားထက်သန်စွာနဲ့ တတိယ အ မြင်ကနေတဆင့် ပတ်ပတ်လည်အား ကြည့်လိုက်သ ည်။လိပ်ကြီးကို ဗဟိုပြုပြီး အချင်း ၂ ကီလိုမီတာအ တွင်းက အရာအားလုံးကို ရှင်းလင်းစွာ မြင်နေရသေ ာ်လည်း ဒီမြောင်းကြီးရဲ့ အလျားအနံနဲ့ အနက်ကို တော့ လျူယောင်လည်း မခန့်မှန်းနိုင်သေးပေ။

အနံကတင် ကီလိုမီတာ အနည်းငယ် သို့မဟုတ် ထို ထက်မကလည်း ပိုကျယ်နိုင်သေးသည်။

"ဟေး နဂါးနက် ရှေ့က လမ်းပြ ငါတို့ ဝင်ကြည့်ရ အောင်.."

ထိုအချိန်မှာတော့ နဂါးနက်က နည်းနည်းလေး တွန့် ဆုတ်သွားပြီး ကြောက်ရွံ့နေတဲ့ ပုံစံမျိုးနဲ့ သတိပေး လိုက်၏။

"အကိုကြီး.. ခင်ဗျား တကယ်ဝင်ချင်တာလား.. အ ထဲမှာ အရမ်းအန္တရာယ်များတယ်နော်. ကျွန်တော့် ထက်တောင် ပိုကြီးတဲ့ အကောင်ကြီးတွေ အများကြီ း ရှိတယ်ဗျ.."

တကယ်တော့ လိပ်ကြီးသည် နဂါးနက်အား ထိပ်တို က် ရင်ဆိုင်တိုက်ခိုက်ရင် လိပ်ကြီးအနေဖြင့် အနိုင် ရဖို့မှာ မသေချာပေ။နဂါးနက်သည် အရမ်းကြီးမား ရုံတင်မကဘဲ တစ်ကိုယ်လုံးကို သံချပ်ဝတ်လို ထူထဲ သည့် အကြေးခွံတွေနှင့် ဖုံးအုပ်ထားသောကြောင့် သူ့ အရေခွံအား ထိုးဖောက်ဖို့မှာ လုံးဝ မဖြစ်နိုင်သ လောက်ပင်။

ဤမြောင်းကြီးထဲတွင် နဂါးထက်တောင် ပိုကြီးသည့် အကောင်တွေ ရှိနေတယ်ဆိုလျှင် ၎င်းတို့က ဘယ် လောက်တောင် ကြောက်စရာကောင်းမလဲဆိုတာ တွေးကြည့်စရာပင် မလိုပေ။လိပ်ကြီးက ခေတ္တတွန့် ဆုတ်လိုက်ပြီးမှ ရှေ့သို့သာ ဆက်တိုးရန် ဆုံးဖြတ် လိုက်၏။

"ပြဿနာမရှိပါဘူး..ငါတို့ သတိထားဖို့ပဲ လိုတာပါ"

နှစ်ကောင်သား မှောင်မိုက်ပြီး နက်ရှိုင်းလှသည့် မြောင်းကြီးထဲသို့ ကူးခတ်၍ ဝင်လာခဲ့သည်။ မီတာ ၂၀၀၀ ထက် ပိုနက်သောကြောင့် ပတ်ဝန်း ကျင်သ ည် လုံးဝ မှောင်နေ၏။အလွန်တိတ်ဆိတ်သည့် ကမ္ဘ ာကြီးထဲ ရောက်သွားသလိုမျိုး လိပ်ကြီး ခံစားလို က်ရသည်။

တစ်ခါတစ်ရံမှာတော့ ကိုယ်တိုင်အလင်းထုတ်နိုင်တဲ့ ပင်လယ်နက်သတ္တဝါလေးတွေရဲ့ အလင်းရောင် တ ချို့ကိုသာ တွေ့လိုက်ရ၏။မီတာ ၃၀၀၀၊ ၄၀၀၀ က နေ ၅၀၀၀ အထိ ရေအနက်မှာ တဖြည်းဖြည်း တိုး လာသော်လည်း နဂါးနက်မှာမူ ရပ်နားမည့် အရိပ်အ ယောင် မပြဘဲ အနက်ပိုင်းဆီသို့သာ ဆက်သွားနေ သည်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသလိုမျိုး အရာ အားလုံးကို လျူယောင် ရှင်းရှင်းလင်းလင်း မြင်နေ ရ၏။အမှောင်ထုက သူ့ အမြင်အာရုံအား အနည်းင ယ်မျှ မဟန့်တားနိုင်ခဲ့ပေ။ရေအနက် မီတာ ၅၀၀၀ ကျော်သွားသော်လည်း မြောင်းကြီး၏ အခြေကို မမြင်ရသေးသောကြောင့် ဒီမြောင်းရဲ့ အနက်သည် အနည်းဆုံး မီတာ ၇၀၀၀ ကျော်လောက် ရှိနိုင်မယ် လို့ လျူယောင် ခန့်မှန်းမိလိုက်၏။

ထိုစဥ်မှာပင် သူတစ်ခါမှ မမြင်ဖူးသည့် ထူးဆန်း သော ပင်လယ်သတ္တဝါများအား လျူယောင် တွေ့ လိုက်ရသည်။

၎င်းတို့က ကြီးမားသည့် ငါးမုတ်တွေနဲ့ တူနေ၏။အ သေးဆုံးအကောင်မှာ မီတာ ၁၀၀ ကျော်လောက် ရှိ ကာ အကြီးဆုံးမှာ မီတာ ၂၀၀ ကျော်အထိ ရှည်လျာ းနေသည်။ထိုမျှသာမက မီ တာ ၂၀ ကနေ ၃၀ အ ထိ ရှည်လျားသည့် အစွယ်တွေအပြည့်ရှိနေကာ ချွန် ထက်သည့် ပါးစပ်တွေလည်း ရှိနေ၏။

နဂါးနက်က သတိလှမ်းပေးလိုက်၏။

"အကိုကြီး ငါတို့ မကြာခင် ငါးမုတ်ကြီးတွေနဲ့ ဆုံရနို င်တယ်..ဒီကောင်တွေက အရမ်းကြမ်းတယ် သတိ ထားအုံး.."

လိပ်ကြီးသည်လည်း ထိုအကောင်တွေအား မြင်လို က်ရသည်။

"အေး... ငါတွေ့ပြီ..စုစုပေါင်း သုံးကောင်တောင်မှ .. အကြီးဆုံးက မီတာ ၂၀၀ ကျော်တောင် ရှိတာပဲ.. ဒါ နဲ့ အဲ့ကောင်တွေရဲ့အရသာက ဘယ်လိုနေမလဲ မသိ ဘူးကွာ.."

နဂါးနက်မှာမူ မျက်လုံးများ ပြူးကျယ်ကာ အံ့အား သင့်သွား၏။

"လခွမ်း ငါ့ အကိုကြီးက တကယ့်ကို အစား အသေ ာက်သမားပဲ.. သူက တိုက်ခိုက်ဖို့ထက် အရသာကို ပိုစိတ်ဝင်စားနေတာပဲဟ.."

နှစ်ကောင်သား အောက်ဘက်သို့ ဆက်ကူးလာသ ည့်အခါ ငါးမုတ်ကြီးတွေရဲ့ အရေအတွက်က ပိုတိုး လာသည်။ရေအနက် မီတာ ၆၀၀၀ ကျော်ကို ရောက် သည့်အခါမှာတော့ အနီးဆုံးမှာ ရှိသော ငါးမုတ်ကြီး သုံးကောင်က သူတို့အား တွေ့သွားပြီး ရန်လိုစွာ ပြေ းလာကြ၏။

"အကြီးဆုံး နှစ်ကောင်ကို ငါကိုင်တွယ်လိုက်မယ်.. အသေးဆုံးကို မင်းတာဝန်ယူလိုက်"

ထိုသို့ ပြောပြီးတာနှင့် ကြီးမားသည့်လှံကို ကိုင်ကာ လိပ်ကြီး အရှိန်အမြန်နူန်းဖြင့် ပြေးဝင်လိုက်သည်။

ထိုငါးမုတ်ကြီးတွေအား လိပ်ကြီး အလေးအနက်မ ထားသည်မှာ အကြောင်းရှိ၏။၎င်းတို့က ရှည်လျား နေသော်လည်း ခန္ဓာကိုယ်က ပြားနေသောကြောင့် သူတို့၏ အလေးချိန်မှာ လိပ်ကြီး၏ တစ်ဝက်လော က်တောင် မရှိပေ။လိပ်ကြီး၏ လက်ရှိ အလေးချိန် သည် တန် ၁၇၂၃ ရှိနေကာ နောက်ထပ် နှစ်လ၊သုံး လအတွင်းဆို တန် ၂၀၀၀ အထိ ရောက်လာနိုင်၏။

"ဇွက်.... "

လိပ်ကြီး အပြေးအလွှား တိုက်ခိုက်မှုအတွင်းမှာပင် အကြီးဆုံးငါးမုတ်ကြီး ဘယ်လိုမှ မတုံ့ပြန်နိုင်သေး ခင်မှာတင် လိပ်ကြီး၏ လှံက သူ့ ခေါင်းအား တိုက် ရိုက် ဖောက်ဝင်သွားသည်။

နဂါးနက်သည်လည်း အတွေ့အကြုံရှိသည့်အတိုင်း ငါးမုတ်တစ်ကောင်အား တစ်ကိုက်တည်းနှင့် အဆုံး သတ်ပစ်လိုက်၏။အရာအားလုံးမှာ မျက်စိတစ်မှိတ် အတွင်း.ဖြစ်ပျက်သွားသောကြောင့် ကျန်နေသည့် ငါးမုတ်ကြီးများက ကြောက်လန့်တကြား ထွက်ပြေး သွားကြသည်။

လိပ်ကြီးက ဆက်မလိုက်တော့ဘဲ သတ်ပြီးသား ငါး မုတ်ကြီးအား ပါးစပ်ထဲထည့်၍ အားရပါးရ စားပစ် လိုက်၏။

လိပ်ကြီးက အရသာခံရင်း ပြောလိုက်သည်။

"ဝိူး.. ဒီအရသာက တော်တော်ကောင်းတာပဲ..ငါတို့ အမြဲစားနေကျ ပြည်ကြီးငါးတွေထက်တောင် မညံ့ ဘူးပဲ.."

နဂါးနက်ကလည်း အကြံပေးလိုက်၏။

"အကိုကြီး..ခင်ဗျား ဒီကောင်တွေကို စားရတာ ကြို က်တယ်ဆိုရင် ဒီမြောင်းထဲမှာ အများကြီး ရှိသေးတ ယ်.."

"ဒါနဲ့... မင်းက ဒီမြောင်းထဲမှာ အကြာကြီး နေခဲ့တာ လား..ဘယ်လိုဖြစ်ပြီး မောင်းထုတ်ခံရတာလဲ.."

လိပ်ကြီးက စားနေရင်း မေးလိုက်သည့်အခါ ငါး မုတ်အသားကို ဝါးနေသည့် နဂါးနက်ကြီးမှာမူ ချက် ချင်းဆိုသလိုပင် ရပ်တန့်သွား၏။

"ကျွန်တော် အစက ဒီအကြောင်းကို မပြောပြချင်ဘူ း အကိုကြီးရ..ဒါပေမဲ့ အကိုကြီးက သိချင်မှတော့ ကျွန်တော် ပုံပြင်တစ်ပုဒ် ပြောပြပါ့မယ်"

All Chapters