← Chapters

ဒီလူရဲ့စိတ်စွမ်းအားက သိပ်ကိုခိုင်မာတာပဲ

Vol. 43 Ch. 592

ဒီလူရဲ့စိတ်စွမ်းအားက သိပ်ကိုခိုင်မာတာပဲ

Vol. 43 Ch. 592

“သွားကြမယ် ”

နဖူးပေါ်ရှိ ချွေးများက မိုးများသဖွယ် ကျဆင်းလာပြီး ကျန်းရီ၏ နောက်ကျောသည် ချွေးများ ရွှဲနစ်နေပြီဖြစ်သည်။ အောက်ရှိအပူလှိုင်းကြောင့် မဟုတ်သော်ငြား များပြားလှသည့် ဖိအားက သူ့ကိုရှေ့ဆက်ရ ခက်ခဲစေ၏။ ထိုမျှပြင်းထန်သည့် ဖိအားက သူတစ်လှမ်းလှမ်းလိုက်တိုင်း ကြွက်သားများအားလုံးကို တုန်ယင်စေသည်။ သူ၏ခန္ဓာကိုယ်က ကွေးညွှတ်နေပြီ ဖြစ်သော်ငြား အံ့ကြိတ်လျက် ရှေ့ဆက်သွားနေသည်။ အလှမ်း၁၅၀ အလှမ်း၂၀၀ အလှမ်း၂၅၀။

ထင်သည့်အတိုင်းပင် သူ၏ကျောပေါ်ရှိဖိအားက နှစ်ဆဖြစ်သွားသည်။ သို့သော် ကျန်းရီက သူ့ကိုယ်သူ တောင့်ခံလျက် တွားမသွားခဲ့ပေ။

အလယ်ရှိ သံမဏိချိန်းကြိုးပေါ်တွင် သူ့ထက်တစ်နှစ်ငယ်သော ပြိုင်စံရှား မိန်းမလှလေး နှစ်ဦးရှိသည်။ သူတို့က သံမဏိချိန်းကြိုး၏ သုံးပုံနှစ်ပုံကို ခပ်မတ်မတ်ရပ်ပြီး လျှောက်နိုင်သေးသည်။ သူက ယောကျာ်းရင့်မာကြီး တစ်ဦးအနေဖြင့် ထိုအားနည်းသော ကြက်လေးများထက် အခြေအနေ မည်ကဲ့သို့ဆိုးနိုင်မည်နည်း။

သို့သော် အလယ်တံတားပေါ်ရှိ မြေဆွဲငင်အားက ညာဘက်ခြမ်းရှိ တံတား၏ နှစ်ဆဖြစ်ကြောင်း ကျန်းရီသိနေခဲ့လျှင် သူရှိနေသော သံမဏိချိန်းကြိုးတံတားက အလယ်ရှိ တံတား၏ မြေဆွဲငင်အား နှစ်ဆဖြစ်ကြောင်း သိနေလျှင် သူ၏မျက်နှာပျက်မှုကို ပူပန်နေမှာမဟုတ်ဘဲ ခက်ခဲမှုကို မြိုသိပ်လိုက်မှာပဲဖြစ်သည်။

ခြေလှမ်းသုံးရာ လှမ်းပြီးနောက် မြေဆွဲငင်အားက နှစ်ဆတိုးလာပြီး ကျန်းရီက ထပ်မံပြိုလဲသွားပြန်၏။

သို့သော်ငြား အသက်အနည်းငယ် ရှုပြီးနောက် ထရပ်ရန် ရုန်းကန်လိုက်သည်က အလယ်ရှိ သံမဏိချိန်းကြိုးတံတားပေါ်ရှိ လူများကို အံ့အားသင့်သွားစေသည်။ ဆိုရလျှင် ကျန်းရီ၏ ခြေလှမ်းသုံးရာက သူတို့၏ ခြေလှမ်းခြောက်ရာနှင့် ညီမျှနေပြီး ကျန်းရီ၏ ခွန်အားက ကျန်သည့်သူများနှင့်ယှဉ်လျှင် အတော်လေး နိမ့်နေပေသည်။

ဟူး ဟူး

ခြေလှမ်း၃၃၀ လှမ်းပြီးနောက် ချောက်ကမ်းပါးထဲ၌ ညင်သာသောလေ ရုတ်တရက် ဝှေ့တိုက်လာပြီး လူတိုင်းကို အမူအရာ ပြောင်းလဲသွားစေ၏။ ချက်ချင်းပင် လူတိုင်းက လှဲလျှင်လှဲ မဟုတ်လျှင် မြေပြင်ပေါ်တွင် ထိုင်လိုက်ကြ၏။ မျိုးနွယ်စုကြီးများမှ သခင်လေး သခင်မလေးများကတောင် သူတို့ပုံရိပ်ကို အမှုမထားဘဲ အေအေးဆေးဆေး ဖြစ်နေကြသည်။

“ခုနတုန်းက ဘာဖြစ်သွားတာလဲ ”

ကျန်းရီက အနည်းငယ် အံ့သြဆွံ့အသွားလေ၏။ သို့သော် မြန်မြန်တုံ့ပြန်လျက် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး အလယ်ရှိ သံမဏိချိန်းကြိုးတံတားကို ကြည့်လိုက်တော့၏။

ဟူး ဟူး

အသံက ပိုမိုကျယ်လောင်လာတော့သည်။ မကြာမီ၌ ကျန်းရီက ဖြူရော်လာပြီး ချောက်ကမ်းပါးတစ်ဖက်မှ လေပြင်းမုန်တိုင်း တိုက်ခတ်လာနေသောကြောင့် ဖြစ်သည်။ လူတိုင်း၏ အဝတ်အစားများက လေထဲတွင် လွင့်နေ၏။ အောက်မှ ချော်ရည်များကလည်း ဆူပွက်လာပြီး မီးညွှန်းကြီးများစွာ ပေါ်ထွက်လာ၏။ အပူလှိုင်းများက ယူဆောင်ခံလိုက်ရကာ အပူချိန်အားလုံး ရုတ်တရက် ကျသွားတော့သည်။

ပြင်းထန်သည့် အပူအောက်၌ သံမဏိချိန်းကြိုးတံတားပေါ်ရှိ လူများက ချွေးများထွက်နေကြသည်။ သခင်မလေးများ၏ အဝတ်အစားများကလည်း ချွေးများစိုရွှဲနေပြီး ခန္ဓာကိုယ်နှင့် ကပ်နေလျက် ကျန်းရီနှင့် ကျန်သည့်သူများအတွက် မျက်စိအပန်းဖြေရာ ဖြစ်နေတော့သည်။

အပူလှိုင်းက ကျန်းရီကို သိပ်ပြီးစိတ်အနှောက်အယှက် မပေးနိုင်ပေ။ သူ့၌ မီးဝိညာဉ်ပုလဲရှိနေရာ အပူဒဏ်ကို လုံးဝမခံစားရပေ။ လေက ပိုမိုကြမ်းတမ်းလာသောကြောင့်သာ သူဖြူရော်နေတာပဲ ဖြစ်သည်။ သံမဏိချိန်းကြိုးတံတားက လေပြင်းနှင့်အတူ ရှေ့နောက် လွှဲယမ်းနေတော့သည်။ ယင်းက အနည်းငယ်တောင် ယိုင်သွား၏။ ကျန်းရီက မတော်တဆ ပြုတ်ကျသွားနိုင်၏။

အောက်၌ ကြောက်မက်ဖွယ်ကောင်းသော မီးတောင်ချော်ရည်များ ရှိသည်။ ကျန်းရီက သူပြုတ်ကျသွားလျှင် ပြာဖြစ်သွားမှာကို စိုးရိမ်နေတာ မဟုတ်ပေ။ ပြဿနာက ချောက်ကမ်းပါးတွင်းရှိ များပြားသော ဖိအားပဲဖြစ်သည်။ ဤနေရာ၌ မြေဆွဲငင်အားက ဖိချထားလျှင် သူမည်ကဲ့သို့ ထရပ်နိုင်မည်နည်း။ ချော်ရည်ထဲမှ ထူးခြားသည့် နတ်ဆိုးသားရဲတစ်ကောင် သို့မဟုတ် သေစေနိုင်လောက်သော သတ္တဝါတစ်ကောင် ပေါ်ထွက်လာလျှင် မည်ကဲ့သို့ ဖြစ်မည်နည်း။

ကံကောင်းသည်မှာ ကျန်းရီထိုင်ချလိုက်ပြီး သူက သံမဏိချိန်းကြိုးနှစ်ခုကို လက်ထဲ၌ မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ လေမည်မျှ ပြင်းထန်စေကာမူ ခန္ဓာကိုယ်ကို တံတားနား ကပ်ထားလေ၏။ သူသည်ရံဖန်ရံခါ၌ ယဉ်ရို့ပင်းနှင့် လင်းရှီယာ့တို့ကို ချောင်းကြည့်သည်။ သူတို့၏ အဝတ်အစားများကြား လေကြောင်းလွင့်သွားပြီး ရံဖန်ရံခါ၌ သူတို့၏ ဖြူဆွတ်သော ခြေထောက်များ ပေါ်လာသည်က သူ့အတွက် မျက်စိအစာကျွေးစရာ ဖြစ်နေတော့သည်။

ကျန်းရီသာမက ကျန်သည့်အမျိုးသားများကလည်း သူတို့ကို ကြည့်ကြလေ၏။ သို့သော် ထိုမိန်းမပျိုလေးများက သူတို့ကို သတိမပြုမိပေ။ ထိုအစား သူတို့က ကျန်းရီ၏ ရှင်းရှင်းလင်းလင်း စိုက်ကြည့်မှုကို ခံစားမိလေရာ အပူလှိုင်းကြောင့် အပူဒဏ်မှ ရှက်သွေးဖြာမှုကြောင့် မျက်နှာပူလာကြတော့သည်။

အချိန်အနည်းငယ် ကြည့်ပြီးနောက် ကျန်းရီက ဆက်မကြည့်ရဲတော့ချေ။ သူက ထိုမိန်းမပျိုလေးနှစ်ဦးကို စိတ်ကွက်စေခဲ့လျှင် နောက်ဆက်တွဲက ပြင်းထန်ပေလိမ့်မည်။ လေပြင်းက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ ရပ်နိုင်သည့်သူကရပ်ပြီး မရပ်နိုင်သည့်သူက မရပ်ကြတော့ပေ။

ကျန်းရီက နောက်ကျောက နာနေပြီး ခြေထောက်များ တုန်ယင်လျက် ရှေ့ဆက်သွားနေတော့သည်။ သူထရပ်လိုက်ပြီးနောက် အလိုလိုပင် သူမရော ထရပ်နိုင်လားဟူ၍ စစ်ဆေးကြည့်ရန် လင်းရှီယာ့ကို တစ်ချက်ကြည့်လိုက်တော့သည်။ ယင်းကအလွန် ဆွဲမက်ဖွယ်ကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်နေပုံပေါ်၏။ လင်းရှီယာ့က အံ့ကြိတ်လျက် ထရပ်ရန် ရုန်းကန်လိုက်တော့သည်။ သူမ၏ သေးသွယ်သော ခန္ဓာကိုယ်က မရပ်မနား တုန်ယင်နေပြီး သူမ၏ဖွံ့ထွားသော ရင်တို့ကလည်း တုန်နေလေရာ ကျန်းရီကို သွေးဆူပွက်စေတော့သည်။

သူမဘေးရှိ လင်းချီကျန့်ကလည်း လက်မောင်းကို ဆုပ်ကိုင်လိုက်ရာ တုန်ယင်နေသည်မှာ ချက်ချင်း ရပ်တန့်သွားတော့သည်။ သူမက အသက်အနည်းငယ် ရှုပြီးနောက် မျက်နှာက သုန်မှုန်နေပြီး သူမ၏ရင်ဘက်ကို ကျန်းရီစိုက်ကြည့်နေတာကို မြင်လိုက်ရတော့၏။ သူမကသူ့ကို သေစေနိုင်လောက်အောင် ကြည့်နေပြီး အသံပို့ပေးလိုက်တော့သည်။

“ဟမ့် ကြည့်နေလိုက် ဆန္ဒရှိသလိုကြည့် ဘယ်လိုပဲဖြစ်ဖြစ် ရှင်ကြာကြာခံမှာမှ မဟုတ်တာ ကူကယ်ရာမဲ့တံတားကို နောက်ပြန်လှည့်လို့မရဘူး၊ ကြာကြာနေလေ မြေဆွဲငင်အားက ပိုကြီးလေပဲ ခရီးတစ်ဝက် အသက်ရှင်နိုင်ခဲ့ရင် ရှင့်ရဲ့မျိုးရိုးနာမည်ကို ကျွန်မယူလိုက်မယ် ”

လင်းရှီယာ့၏ အသံပို့မှုက သူမဒေါသထွက်ပြီး ရှက်နေတာနှင့်တူလေသည်။ သူမကအမြဲတမ်း ကျက်သရေရှိ ကျော့ရှင်းခဲ့သော်ငြား ယခုအချိန်တွင် ထိုကဲ့သို့ အနေခက်သော အခြေအနေမျိုး တွန်းပို့ခံနေရသည်။ ပိုအရေးကြီးသည်က သူမသည် လူပေါင်းများစွာ အကြည့်ခံနေရသည်က သူမ၏ဂုဏ်သိက္ခာကို ထိခိုက်စေသည်။ ကျန်းရီကမူ သူမကို မီးထဲလောင်စာ ထည့်ပေးလိုက်၏။ မဟုတ်လျှင်သူမ အဆင်အခြင်မဲ့စွာ ပြုမူပြီး သူ့ဆီအသံပို့မှာ မဟုတ်ပေ။

ကူကယ်ရာမဲ့တံတားလား။ ပြန်မသွားနိုင်ဘူးလား။

ကျန်းရီက ကြောက်လန့်သွားတော့၏။ သူကမျက်တောင်ခတ်ပြီး ရပ်တန့်သွားတော့သည်။ သူကနောက်သို့ တစ်လှမ်းဆုတ်ရန် ကြိုးစားလိုက်သည့်အချိန်၌ ဖိအားကကျလာပြီး သူ့ကိုဒူးထပ်လောက်လုနီးပါး ဖြစ်သွားစေသည်။ အစောပိုင်းက ကြုံတွေ့ခဲ့ရသော မြေဆွဲငင်အားက သူရှေ့သွားစဉ် ကြုံရသည်ထက် ပိုမိုကြီးမားနေတော့သည်။

ကျန်းရီ၏ မျက်နှာကိုကြည့်ပြီး လင်းရှီယာ့က ခံစားရ ပိုကောင်းသွားတော့သည်။ သို့သော်သူမက ကျန်းရီကို ဆက်မစတော့ပေ။ သူ့ကိုကြည့်မနေနိုင်တော့ပဲ ဖြည်းဖြည်းချင်း ဆက်လျှောက်လေ၏။

“သွားကြမယ် ”

လင်းရှီယာ့က သူ့ကိုလိမ်တာမဟုတ်ပေ။ ကျန်းရီက ရွေးချယ်စရာ မရှိတော့ဘဲ အံ့ကြိတ်လျက် ရှေ့ဆက်သာ သွားရတော့သည်။ နောက်ထပ်အလှမ်း၃၀၀ လှမ်းပြီးနောက် သူဆက်မသွားနိုင်ပေ။ ဒူးထောက်ကျပြီး သူမည်မျှ ကြိုးစားစေကာမူ ထမရပ်နိုင်တော့ချေ။

ကျန်သည့်တံတား နှစ်စင်းပေါ်ရှိ လူများကလည်း သူ့ထက်အခြေအနေ မကောင်းကြပေ။ တစ်ဝက်နီးပါးက ဒူးထောက်လျက် လက်နှစ်ဖက်ဖြင့် သူတို့ကိုယ်သူတို့ ထောက်ကာ ရှေ့ဆက်သွားကြလေသည်။

ကျန်းရီက အလှမ်း ၇၀၀ နီးပါး လှမ်းခဲ့ပြီးဖြစ်ရာ မီတာ၅ဝဝကျော်ပြီး သံမဏိချိန်းကြိုးနှင့် ဆယ်ပုံတစ်ပုံကို သွားခဲ့ပြီးဖြစ်သည်။ သူတွားသွားနိုင်သေးသည်ကပင် လူတိုင်းကို အံ့အားသင့်နေစေ၏။ သူ၏မီတာ၅ဝဝက အလယ်ရှိတံတား တစ်ကီလိုမီတာနှင့် ညီမျှပြီး ညာဘက်ခြမ်းရှိတံတား နှစ်ကီလိုမီတာနှင့် ညီမျှကာ သူတို့ခရီးစဉ်၏ တစ်ဝက်နီးပါးဖြစ်သည်။ အမှန်တကယ်ပင် ကျန်းရီက သူ၏သန်မာသော စွမ်းရည်ကြောင့် သူ၏ခန္ဓာကိုယ်ကို မတ်လျက် သွားနိုင်တာမဟုတ်ဘဲ မီးဝိညာဉ်ပုလဲကြောင့်ဖြစ်သည်။

လူတိုင်းသည် မြင့်မားသော အပူဒဏ်ကြောင့် အပူများ လောင်မြိုက်နေပြီး မသက်မသာ ခံစားနေရ၏။ သူတို့က ရေဓာတ်ခမ်းခြောက်ပြီး မောပန်းနေပြီဖြစ်သည်။ ဤနေရာ၌ နေထိုင်သည့် မိနစ်တိုင်းအတွက် သူတို့ငြိမ်နေလျှင်တောင် ပိုမိုအားနည်းပြီး ပိုမိုနှေးကွေးလာတော့သည်။

“ထ ”

သူကအရှက်မကွဲချင်တာ ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့တည်းမဟုတ် လင်းရှီယာ့ထံမှ ပြက်ရယ်ပြုမှုကို မခံစားနိုင်တာ ဖြစ်နိုင်၏။ ကျန်းရီ၏ ဂုဏ်သိက္ခာတို့က ဆူပွက်လာတော့သည်။ သူကမနားမနေ တုန်ယင်လျက် သူ၏မျက်နှာနှင့် လက်မောင်းပေါ်၌ အပြာရောင် သွေးကြောများ ဖောင်းလာပြီး အင်မတန် ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်သွားတော့၏။ သို့သော် သူက ထရပ်ပြီးနောက် ရှေ့သို့ တုန်တုန်ယင်ယင်ဖြင့် ခရီးဆက်တော့သည်။

“အား ”

ကျန်သည့်သံမဏိ ချိန်းကြိုးတံတား နှစ်စင်းပေါ်မှ တအံ့တသြ သက်ပြင်းချသံများ ပေါ်ထွက်လာသည်။ သို့သော် သူ့ကိုအထင်သေးသည့် သူများလည်းရှိ၏။ သူ၏ပုံရိပ်ကို အလွန်အကျွံ ဂရုစိုက်နေသောကြောင့် ဝေဒနာခံစားနေရတာပဲဖြစ်သည်။ ထရပ်ပြီး သွားခြင်းက တွားသွားခြင်းထက် စွမ်းအင်ကုန်ဆုံးမှု ပိုများပြီး သူ့ကိုသေစေနိုင်ပြီး သူဟန်ချက်ပျက်သွားပြီး ပြုတ်ကျသွားကာ မီးကြောင့်သေသွားနိုင်၏။

ဘန်း

ကျန်းရီက နောက်ထပ် နှစ်လှမ်းလှမ်းပြီးနောက် ဒူးထောက်ကျသွားသည်။ အားလုံးအဖို့ အံ့အားသင့်သွားသည်က သူကအမှန်တကယ် ထရပ်လိုက်ပြန်၏။

လင်းရှီယာ့နှင့် လင်းချီကျန့်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး လင်းရှီယာ့က တစ်ဖက်လူဆီ အသံကူးပြောင်းလိုက်တော့၏။

“အစ်ကိုကြီး အဲဒီလူရဲ့ စိတ်စွမ်းအားက ခိုင်မာလိုက်တာ သူမအစ်မကြီးချမ်းရဲ့ မိတ်ဆွေဖြစ်ပုံပဲ သူဒီမှာသေဖို့ ကံပါလာတာ နှမြောစရာပဲ ”

“ဟမ့် ”

လင်းချီကျန့်က နှာခေါင်းရှုံ့ပြီး အထင်တသေး ပြောလိုက်တော့၏။

“သူ့ကိုယ်သူ ခပ်မြင့်မြင့် တွေးလွန်းနေတဲ့ အရူးတစ်ယောက်ပါကွာ သူကငရဲအဆင့်ကို တကယ်ရွေးတယ်တဲ့လား သူ့သေခြင်းတရားကို သူလိုက်တာပဲ ”

***

All Chapters