← Chapters

မင်းတို့အားလုံး မလုပ်နိုင်ဘူး

Vol. 43 Ch. 594

မင်းတို့အားလုံး မလုပ်နိုင်ဘူး

Vol. 43 Ch. 594

လျိုမြောင်၏ ချောက်အတွင်း၌ ချော်ရည်ပူများ တလိမ့်လိမ့် ကျနေပြီး တောက်လောင်နေသော မြေကမ္ဘာမီးများက အောက်ခြေမှ အဆက်မပြတ် ပေါ်ထွက်နေ၏။ အဖြူရောင် မီးခိုးနှင့် ဆာလဖြူရိတ်အနံ့သည် မျက်နှာပြင်ဆီသို့ တောက်လောင်လာပြီး လောင်ကျွမ်းနေသော အပူဒဏ်ကြောင့် အသက်ရှု ကြပ်လာတော့သည်။

ယခုအချိန်တွင် ပုံရိပ်တစ်ခုက ပုံရိပ်တစ်ခုက ချော်ရည်အတွင်းမှ ဖြည်းဖြည်းချင်း စီးဆင်းလာတော့၏။ သူက မျက်လုံးမှိတ်လျက်သားဖြင့် ချော်ရည်ပူများ စီးဆင်းမှုအတိုင်း လိုက်ပါနေတော့သည်။ လျိုမြောင်၏ချောက်က ကွေ့ပတ်နေရာ သူကပင်လယ်ထဲတွင် လက်ပစ်ကူးနေသည့်ပမာ အေးအေးလူလူ လွတ်လွတ်လပ်လပ် ရှိကြပေ၏။ သူကဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်ပြီး စိတ်ရှုပ်ထွေးမှုဖြင့် ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်တော့သည်။ သူ၏လက်များက ချော်ရည်ကိုတောင် ဖြတ်သန်းသွားပြီး မြေကမ္ဘာမီးများကို အနီးကပ် ကြည့်လိုက်တော့၏။ တစ်ချက်ကြည့်မိသည်နှင့် သူကသက်ပြင်းချကာ ချော်ရည်ထဲ၌ အေးအေးလူလူ နားနေလျက် ဆက်လက်အနားယူရန် မျက်လုံးမှိတ်လိုက်တော့သည်။

ပိုတောင်ထူးဆန်းသည့် မြင်ကွင်းက ဖြစ်သွားတော့၏။ အနားပတ်ဝန်းကျင် ချော်ရည်ထဲရှိ မြေကမ္ဘာမီးများက သူ့ဆီ တစ်ဟုန်ထိုး ဝင်ရောက်လာပြီး ခန္ဓာကိုယ်အတွင်း ပျောက်ကွယ်သွားတော့၏။ အစောတုန်းက သူလှဲနေသော ချော်ရည်များက မြန်မြန်ဆန်ဆန်ဖြင့် အစိုင်အခဲဖြစ်သွားပြီး အနီရောင် မြေခဲများအဖြစ် ပြောင်းလဲသွားတော့သည်။

ရွှီ ရွှီ

မရေမတွက်နိုင်သည့် လူများက ပင့်သက်ရှိုက်မိသွားကြတော့သည်။ အပူရှိန်ကသာ သူတို့ကို ချွေးမထွက်စေလျှင် တပွက်ပွက်ဆူနေသော ချော်ရည်များက အနီရောင် မြစ်တစ်စင်းမျှသာဟု တွေးမိလောက်သည်။

ဘီး

ဝူနီ၊ ထူလုံ၊ လင်းချီကျန့်၊ ယဉ်ရို့ပင်းနှင့် ကျန်သည့်သူများက ကျန်းရီ၏ အနီရောင်ပုလဲလုံးကို စိုက်ကြည့်ပြီး မျက်လုံးများ လက်လာတော့သည်။ သူတို့က ဗဟုသုတ ကြွယ်ဝသည့်သူများဖြစ်ကာ ထိုအရာအားလုံးက ကျန်းရီ၏ ပုလဲကြောင့်ဖြစ်မှန်း ခန့်မှန်းမိသည်။

မီးကိုတွန်းလှန်နိုင်သော လက်နက်များစွာရှိသော်ငြား မြေကမ္ဘာမီးကို အကြောက်တရား ကင်းမဲ့မှု ဖြစ်စေသည့် ပစ္စည်းမျိုးက အင်မတန်ရှားပါးသည်။ အနည်းဆုံးတော့ သခင်လေးများနှင့် သခင်မလေးများက ထိုအရာမျိုးရှိရန် အရည်အချင်း မပြည့်မှီကြပေ။ ထို့ကြောင့် သူတို့အားလုံးက တောက်လောင်နေသော မျက်ဝန်းများဖြင့် မီးဝိညာဉ်ပုလဲကို စိုက်ကြည့်နေကြသည်။ ရှီဖေး၏ မျက်ဝန်းကမူ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်နေပြီး သူကသတ်ဖြတ်ခြင်း အတင်းအဓ္ဓမ လုယူချင်နေ၏။

ဘီး

ကျန်းရီက မျက်လုံးဖွင့်လိုက်ပြီး သူ၏လက်က မျက်နှာ၊ နှာခေါင်း၊ ပါးစပ်ပေါ်ရှိ သွေးများဆီ ရောက်သွားသည်။ သူသည်သွေးများကိုသုတ်ပြီး ပြုံးလိုက်တော့၏။

သူ့မျက်နှာပေါ်ရှိ သွေးများကြောင့် သူ၏မျက်နှာထားသည် အလိုလိုပင် တည်ငြိမ်နေရာမှ ကောက်ကျစ်သည့်အပြုံးမျိုး ဖြစ်သွားစေပြီး အားလုံးကို ထိတ်လန့်သွားစေ၏။ ထိုသို့ပြုလုပ်ပြီးနောက် အားလုံးကို အံ့သြမှင်တက် သွားစေတော့သည်။

ဘန်း

သူ၏လက်က ချော်ရည်ကို ရိုက်ချလိုက်ပြီးနောက် လေထဲသို့ ပြန်တက်သွားကာ လေထဲ၌ လှည့်ပတ်လိုက်တော့၏။ ပြီးနောက် ချော်ရည်၏ မျက်နှာပြင်ပေါ် ဖြတ်ကျော်လျက် လျိုမြောင်၏ ကျန်တစ်ဖက်ကမ်းဆီသို့ ဓားထက်ထက်တစ်စင်းနှယ် တိုးဝင်သွားတော့သည်။

“သူတကယ် လုပ်လိုက်နိုင်တာပဲ ”

ကျောက်ထရံနှင့် မျက်တောင်တစ်ခတ်စာ အကွာသာ ကွာဝေးတော့သည်ကို မြင်လိုက်ရသည့်အချိန်၌ အားလုံး၏ အမြင်အာရုံက ပြောင်းလဲသွားတော့သည်။

အနှစ်တစ်သိန်းကျော် ကြာသည်အထိ ကူကယ်ရာမဲ့တံတား၏ ထိုဆယ်မိုင်သည် မရေမတွက်နိုင်သော သိုင်းပါရမီရှင်များကို ဟန့်တားနိုင်တော့သည်။ အများစုက အဆုံးထိတောင် မရောက်နိုင်ဘဲ ထိုတံတားကို ဖြတ်ကျော်ရန်အတွက် အနည်းဆုံး လပေါင်းများစွာ လိုအပ်သည်။ ကျန်းရီက တစ်ဝက်ကို ဖြတ်ကျော်ရန်အတွက် မျက်တောင်တစ်ခတ်သာ လိုအပ်ခဲ့သည်။ ကျန်းရီက သူ့ကိုလူထူးလူဆန်းပမာ ကြည့်နေသော မျက်ဝန်းများကို လျစ်လျူရှု့ထားလျက် မီးတောင်ချော်ရည် အထက်ဆက်လက် သွားနေပြီး ကျောက်ထရံကို နင်းလိုက်တော့၏။ ထိုကျောက်ထရံက ကြေးမှုန်တစ်ချပ်ကဲ့သို့ ချောမွေ့မနေခဲ့ပေ။ ကျန်းရီက သူခွန်အား သုံးယူနိုင်သော ဧရိယာကို ရှာတွေ့ပြီး ပြန်တက်လိုက်တော့သည်။ မျက်တောင်ခတ်စာ အနည်းငယ်အတွင်း သူကတံတား၏ တစ်ဖတ်ခြမ်းကို ကျော်ဖြတ်ပြီး ကျောက်တံတားဆီ ရောက်သွားပြီဖြစ်သည်။ ပြီးနောက် သူကလှည့်ကြည့်ပြီး အားလုံးကို ပြုံးပြလိုက်တော့၏။

တိတ်ဆိတ်ခြင်း... အပြည့်အဝ တိတ်ဆိတ်ခြင်း

ကျန်းရီ၏ ရက်စက်သော အပြုံးကို မြင်တွေ့သည့်အချိန်တွင် လူတိုင်းက မျက်နှာထက်တွင် နာကျင်မှုကို ခံစားလိုက်ရသည်။ ယင်းက သူတို့မျက်နှာကို တိတ်တဆိတ်ဖြတ်ရိုက်ကာ သူတို့ကို ပြောနေခြင်းဖြစ်သည်။ မင်းတို့အားလုံး ဒါကိုမဖြတ်ကျော်နိုင်ဘူး။ ဒါပေမဲ့ ငါဖြတ်ကျော်နိုင်တယ်။

လင်းရှီယာ့၏ နုနယ်သော ခန္ဓာကိုယ်က တုန်ယင်နေပြီး ကျန်းရီကို ကြည့်တောင်မကြည့်ရဲတော့ချေ။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာထက်တွင် အနီရောင် တိမ်စိုင်နှစ်ခုပေါ်လာပြီး အင်မတန် ပူလောင်နေ၏။ သူမသည် ကျန်းရီကို အသံပို့ပြီး ကျန်းရီသာ ကူကယ်ရာမဲ့တံတား၏ တစ်ဝက်ကို ဖြတ်ကျော်နိုင်ခဲ့လျှင်တောင် ကျန်းရီ၏ မျိုးရိုးအမည်ကို ယူမည်ဟု ဆိုခဲ့သေးသည်။

ကျန်းရီက တစ်ချက်ကြည့်ပြီး ဆက်သွားလိုက်တော့သည်။ ရှေ့ရှိကျောက်တံခါးက အလိုလိုပွင့်သွားပြီး ကျန်းရီက ခြေလှမ်းကျဲကြီးများဖြင့် ဝင်သွားကာ ကျောမတ်သည့် ပုံရိပ်ကိုသာ ချန်ထားရစ်ခဲ့၏။

ဘီး

ထိုစဉ် ရတနာကိုယူရန် ဤနေရာသို့ ရောက်လာကြသည့် လူများအားလုံးနီးပါးက တစ်ချိန်တည်းတွင် ဆန်းကြယ်နတ်ဘုရား နန်းတော်အပြင်ဘက်ရှိ ရင်ပြင်၌ ဘယ်ဘက်ခြမ်းရှိ ပို့ဆောင်ရေး အစီအစဉ်က ရုတ်တရက် လင်းထိန်လာလေရာ လူတစ်ရာနီးပါးကို ထိတ်လန့်တုန်ယင်သွားစေ၏။

ဤနေရာတွင် ရတနာယူရန် ရောက်လာကြသည့် လူများက ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲသို့ ဝင်ပြီးသား ဖြစ်နေသည်။ ထို့ကြောင့် ယခုနေရာတွင် ရှိနေသည့် ပွဲကြည့်ပရိသတ်များက ပွဲကြည့်ရန်သာဖြစ်သည်။ ဖေးချီ၊ ဖေးထျန်းတို့ကဲ့သို့ လူငယ်များက ဗာဂျရာနယ်ပယ်တွင်သာ ရှိသေးသည်။ သူတို့အားလုံးက ရင်ပြင်အပြင်ဘက်၌ထိုင်ပြီး စိတ်လှုပ်ရှားဖွယ်ကို စောင့်ကြည့်နေကြ၏။

ထျန်း

ပထမဆုံး အစီအရင်အထက် ကောင်းကင်ထဲ၌ ရောင်ခြည်ဖြာကျလာပြီး ကျောက်စိမ်းဖြူ ရင်ပြင်ပေါ်ရှိ လူတိုင်းက ရုတ်ရုတ်သဲသဲ ဖြစ်ကုန်၏။ ဖေးချီနှင့် ဖေးထျန်းတို့ကလည်း ထရပ်လိုက်ကြပြီး ကောင်းကင်ကို မယုံနိုင်စွာ ကြည့်လိုက်တော့သည်။

ကျန်းရီက ငရဲအဆင့် ပို့ဆောင်ရေး အစီအရင်ထဲ ဝင်ရောက်သွားတာဖြစ်ကြောင်း ဖေးထူသည် သူတို့ကိုပြောခဲ့သည်။ ဤနေရာတွင် ရတနာများရယူရန် လာကြသည့် လူများအားလုံးထဲတွင် ကျန်းရီက ထိုခက်ခဲမှုအဆင့်ကို ရွေးချယ်ခဲ့တာဖြစ်သည်။

ဘီး

ပို့ဆောင်ရေး အစီအရင် အလင်းတန်း ပေါ်ထွက်လာသည်နှင့် ကျောက်တံခါးကြီးက ပွင့်လာကာ သံချပ်ကာဝတ် လူတစ်ဦးက ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာပြီး ကျောက်တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားတော့၏။

“အဲဒါသူပဲ တကယ်သူပဲ ”

ဖေးထျန်း၏ မျက်ဝန်းများက ကျုံ့သွားပြီး ထုတ်ဖော်ပြောလိုက်တော့သည်။ ဖေးချီ၊ ဖေးထူနှင့် ကျန်သည့်သူများက အကြည့်ချင်း ဖလှယ်ကာ သတ်ဖြတ်လိုခြင်း အရှိန်အဝါတို့ ပေါ်ထွက်လာတော့၏။

“တကယ် ဒါက ”

“ဒီကောင်က တကယ်ပထမအဆင့်ကို ကျော်ဖြတ်နိုင်တဲ့ ဒုတိယမြောက်လူလား၊ ပြီးတော့ ကြောက်မက်ဖွယ်အကောင်းဆုံး ငရဲအဆင့်တဲ့လား ”

“အဲ့ဒါက ငရဲအဆင့်ပဲ အဆင့်တိုင်းမှာ စုဆောင်းလို့ရတဲ့ အမှတ်တွေရှိတယ် ဒီကောင်က သုံးမှတ်ကို ပထမဆုံး ရသွားတဲ့လူပဲ နဝမအဆင့် လက်နက် ထာဝရကြေးမုံက သူ့ဟာဖြစ်ပြီ ”

“ငါတို့တွေ အတွေးလွန်နေတာ ငါတို့တွေအားလုံး ကျော်ကြည့်ခဲ့မိတာပဲ ဒီကောင်ဒီလောက်ထိ မယုံနိုင်စရာ ကောင်းလိမ့်မယ်လို့ ဘယ်သူကသိမှာလဲ ငရဲအဆင့် ခက်ခဲမှု ”

“ဟာ ဒီကောင်က ကံကောင်းသွားတဲ့ကောင် ဖြစ်ရုံပဲ ပထမအဆင့်ကို ကျော်ဖြတ်နိုင်တော့ရော ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်မှာတဲ့လား ဒုတိယအဆင့်က အဝါရောင် စမ်းရေလမ်းကြောင်းလေ ဒီကောင်သေချာပေါက် သေမယ်ဆိုတာ ကောင်းကင်ဘုံကျောက်တုံးတစ်ရာနဲ့ လောင်းကြေးထပ်ရဲတယ် ဘယ်သူလောင်းမလဲ ဘယ်သူဒိုင်ကိုင်မလဲ ”

ရင်ပြင်တစ်ခုလုံးက ဆူညံနေကြပြီး ကျန်းရီသေမည်ဟု သူတို့က ဆုံးဖြတ်နေကြသည်။ သို့သော်သူက မသေပေ။ ထို့အပြင် ပထမအဆင့်ကို ကျော်ဖြတ်နိုင်သည့် ဒုတိယမြောက်လူဖြစ်ပြီး သုံးမှတ်ကို စုဆောင်းနိုင်ခဲ့သော ပထမဆုံးလူဖြစ်ကာ ထာဝရကြေးမုံကို ရရှိခဲ့သည်။ လူတိုင်းက မည်ကဲ့သို့ မထိတ်လန့်ဘဲ နေမည်နည်း။

ဖေးထျန်း၏ မျက်လုံးက အမုန်းတရားများဖြင့် တောက်ပလာပြီး အံ့ကြိတ်ကာ ပြောလိုက်တော့၏။

“အစ်ကိုကြီး ဘာလုပ်သင့်လဲ ”

“ငါတို့ဘာများ လုပ်နိုင်အုံးမှာလဲ ”

ဖေးချီက သတိအမြန်ဝင်လာပြီး သမံကာလျံကာ ပြောလိုက်တော့၏။

“ကျွန်တော်တို့တွေ ငရဲအဆင့် ခက်ခဲမှုကိုကျော်ဖြတ်ဖို့ တစ်စုံတစ်ယောက် ခေါ်လိုက်ရမလား ဘယ်သူက သူ့နောက်ကို ကျော်ဖြတ်ပြီး လိုက်နိုင်မှာလဲ မင်းလား ငါလား ဒါမှမဟုတ် ဖေးထူနဲ့ တစ်ခြားလူတွေလား ”

“ဒါဆိုကျွန်တော်တို့တွေ လက်စားမချေတော့ဘူးလား ”

ဖေးထျန်းက မရမနေ ပြောလိုက်တော့၏။

ဖေးချီက ဖေးထျန်းကို စိမ်းစိမ်းဝါးဝါးကြည့်ပြီး စိတ်ပျက်လက်ပျက် ပြောလိုက်တော့၏။

“ဖေးထျန်း မင်းဒီလောက်ထိ မငယ်တော့ဘူး၊ ဘာကြောင့်ဒီလောက်ထိ ကလေးဆန်နေတာလဲ သူငရဲအဆင့် ခက်ခဲမှုကို ကျော်ဖြတ်နိုင်မယ်လို့ ထင်နေလား၊ တတိယအဆင့်ကို မကျော်ဖြတ်နိုင်ရင် ထွက်လာနိုင်မှာမဟုတ်ဘူး သူက တတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တော့ရော ဘာအရေးလဲ သူအပြင်ထွက်လာပြီးရင် သေရမှာပဲမလား ဘာတွေစိတ်မရှည် ဖြစ်နေတာလဲ ”

“အင်း အင်း ”

ဖေးထျန်းက အစာကောက်နေသည့် ကြက်ပေါက်လေးပမာ ခေါင်းညိတ်လိုက်တော့သည်။ ပြီးတော့သူက ကျောချမ်းဖွယ်အပြုံးဖြင့် ပြောလိုက်တော့၏။

“အစ်ကိုကြီးက တကယ်မှန်တာပဲ ချူလောင်နဲ့ တခြားသူတွေက အပြင်မှာ၊ ဒီကောင်က ငရဲ(၁၈)ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တောင် သေရအုံးမှာပဲ ”

“ဟမ် ”

ဆန်းကြယ်နတ်ဘုရားနန်းတော်၏ ထူးဆန်းသော လေဟာနယ် နယ်မြေထဲတွင် ခရမ်းရောင်ဆံနွယ်ဖြင့် မိန်းမပျိုလေးက ကြောက်မက်ဖွယ်လမ်းကြောင်းကို ဖြတ်ကျော်နေရသည့် သူမ၏ နုနယ်သော ခန္ဓာကိုယ်က ခဏတာ ရပ်တန့်သွားပြီးနောက် တစ်ချက်ကြည့်လိုက်၏။ နတ်ဆိုးမျက်နှာဖုံးအောက်၌ မျက်ဝန်းလှလှလေးများက အံ့သြမှုများ ပြည့်နေတော့သည်။

“တစ်ယောက်ယောက်က နမဝမြောက် ရတနာကို ရသွားတာလား ”

သူမက ရေရွတ်ပြောလိုက်သည်။ ဆန်းကြယ်နတ်ဘုရား နန်းတော်အတွင်းရှိ ရတနာများ ရယူခံလိုက်ရသည့် အချိန်တိုင်းတွင် အထဲရှိလူများ အားလုံးက အာရုံခံမိသည်။ သူမက ပထမအဆင့်ကို ကျော်ဖြတ်ပြီး ဒုတိယအဆင့်ကို ကျော်ဖြတ်နေသည့်သူဖြစ်သည်။ သူမက နဝမမြောက် ရတနာကို ရတော့မည့်အချိန် ရောက်သော်ငြား တစ်စုံတစ်ယောက်က သူမထက် ပိုမြန်သွားသည်။

“သူက ငရဲအဆင့် ခက်ခဲမှုကို ရွေးချယ်ခဲ့တာပဲဖြစ်မယ် မဟုတ်ရင် သုံးမှတ်ကို ဒီလောက် မြန်မြန်ဆန်ဆန် ရမှာမဟုတ်ဘူး ကောင်းကင်ကို ဖီဆန်နိုင်တဲ့ တိုက်ပွဲဝင် ခွန်အားရှိနေတာ ဘယ်သူများလဲ ”

ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးက ရေရွတ်ပြောပြီး မလှမ်းမကမ်းကို လှည့်ကြည့်ပြီး စတင်ပြေးလွှားတော့၏။ သူမမျက်ဝန်းထဲ၌ တည်ကြည်မှုများပြည့်နေကာ နှာခေါင်းရှုံ့လိုက်တော့သည်။

“ဟမ့် ကောင်းကင် ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းနဲ့ နဂါးညှိုးရော်မြက်က ငါ့အပိုင်ပဲ ဘယ်သူမှ ငါ့ဆီကနေလုဖို့ စဉ်းတောင်မစဉ်းစားနဲ့ ”

***

All Chapters