← Chapters

ပစ်မှတ်ကို သတ်မှတ်ခြင်း

Vol. 18 Ch. 173

ပစ်မှတ်ကို သတ်မှတ်ခြင်း

Vol. 18 Ch. 173

လုအန်းကျီ၏ စကားကို ကြားပြီးနောက် ကျန်းဆူရှင်းသည် အလိုအလျောက်ပင် သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့၏။

လုအန်းကျီသည် ကျန်းဆူရှင်း၏ နူးညံ့ချောမွေ့သော လက်မောင်းလေးကို ပွတ်သပ်ပေးနေစဉ် သူမက တိုးညှင်းစွာဖြင့် “တကယ်တော့ ရှင်လည်း ခန့်မှန်းမိပြီးသား မဟုတ်လား”

လုအန်းကျီက ခေါင်းညိတ်ပြပြီး “အကြမ်းဖျင်းတော့ ခန့်မှန်းမိပါတယ် အဲဒီတုန်းက တစ်ယောက်ယောက်က မင်းကို ဆေးခတ်ခဲ့တာ မဟုတ်လား” ဟု မေးလိုက်သည်။

“အင်း”

ကျန်းဆူရှင်းက ခေါင်းညိတ်ကာ ဝန်ခံလေသည်။

“အဲဒါက ကုမ္ပဏီဥက္ကဋ္ဌရဲ့ သားပဲ၊ သူက ကျွန်မကို အကြာကြီး လိုက်နှောင့်ယှက်နေခဲ့တာ ကျွန်မကလည်း သူ့ကို အမြဲတမ်း ပြတ်ပြတ်သားသား ငြင်းခဲ့တယ် လွန်ခဲ့တဲ့ သုံးနှစ်ကျော်က သူက ကျွန်မရဲ့ မန်နေဂျာနဲ့ လက်ထောက်တို့နဲ့ ပေါင်းပြီး ကျုံ့အမ်းဟိုတယ်မှာ လုပ်တဲ့ ပွဲတစ်ခုအတွင်းမှာ ကျွန်မကို ဆေးခတ်ခဲ့ကြတာ၊ ကျွန်မ တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ အခွင့်အရေးရှာပြီး အပြင်ကို ပြေးထွက်လာခဲ့တယ် အဲဒီမှာပဲ ရှင်နဲ့ ဆုံခဲ့တာပေါ့”

လုအန်းကျီက သက်ပြင်းချလျက် “ဒါဆိုရင် ငါက အခြေအနေကို အခွင့်ကောင်းယူမိသလို ဖြစ်သွားတာပေါ့” ဟု ဆို၏။

ကျန်းဆူရှင်းက အနည်းငယ် အံ့အားသင့်သွားပြီး “ရှင့်ကို ကျွန်မအဖေ ပြောပြလိုက်တာလား” ဟု မေးလိုက်၏။

လုအန်းကျီက ပြုံးပြလိုက်သည်။

ကျန်းဆူရှင်းက “ကျွန်မအဖေက ကျွန်မအတွက် စိုးရိမ်လွန်းလို့ ပြောမိတာပါ သူ့ကို အပြစ်မတင်ပါနဲ့ နောက်ပိုင်းမှာ သူလည်း ရှင့်ကို လက်ခံသွားတာပဲလေ ဒါ့အပြင် အဲဒီတုန်းက အဖြစ်အပျက်သာ မရှိခဲ့ရင် ကျွန်မနဲ့ ရှင့် ဆုံရမှာ မဟုတ်ဘူး ချန်းချန်းလေးလည်း ရှိလာမှာ မဟုတ်ဘူး အဆိုးထဲက အကောင်းလို့ပဲ ပြောရမှာပေါ့ ကျွန်မက တော်တော်လေး ကံကောင်းတယ်လို့ ထင်တယ်” ဟု ရှင်းပြလေသည်။

လုအန်းကျီက ကျန်းဆူရှင်း၏ ဆံပင်လေးများကို ပွတ်သပ်ပေးရင်း “ကိုယ်က ဘာလို့ မင်းအဖေကို အပြစ်တင်ရမှာလဲ၊ သူ့ရဲ့ ခံစားချက်ကို ကိုယ် နားလည်ပါတယ် စိတ်မပူပါနဲ့” ဟု ချော့မော့လိုက်ပြီးနောက်

ကျန်းဆူရှင်းက ဆက်လက်၍ “အဲဒီအဖြစ်အပျက်ပြီးတော့ ကုမ္ပဏီနဲ့ စာချုပ်ဖျက်ဖို့ ကြိုးစားခဲ့တာ ခြောက်လကျော်လောက် အချိန်ကုန်သွားတယ် တစ်ယောက်တည်း ရင်ဆိုင်ရတာဆိုတော့ အစပိုင်းမှာ ဘာမှ ခရီးမတွင်ခဲ့ဘူး အပြင်လူတွေအတွက်တော့ ကျွန်မက ကြယ်ပွင့်တစ်ယောက် ဖြစ်ပေမဲ့ ကုမ္ပဏီအတွက်တော့ ကျွန်မက သူတို့ရဲ့ အမြတ်ထုတ်စက်ကြီးထဲက အသုံးချခံ ပစ္စည်းလေးတစ်ခုပဲလေ”

“ကုမ္ပဏီကို ယှဉ်ဖို့က ကျွန်မမှာ အင်အားမရှိခဲ့ဘူး နောက်ပိုင်းမှာ ကျွန်မသူငယ်ချင်းက ဝင်ရောက်ကူညီပေးပြီး နည်းမျိုးစုံနဲ့ ညှိနှိုင်းပေးခဲ့လို့သာ အဆင်ပြေပြေ ထွက်လာနိုင်ခဲ့တာ အဲဒီအချိန်ကစပြီး ကျွန်မရဲ့ အရင်က ဖန်တီးခဲ့တဲ့ အနုပညာလက်ရာတွေနဲ့ ကျွန်မကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး အဲဒါကြောင့်လည်း ပြီးခဲ့တဲ့ နှစ်နှစ်လုံးလုံး ကျွန်မက ချွေချွေတာတာ နေထိုင်တတ်တဲ့ အကျင့် ရသွားတာ”

လုအန်းကျီသည် ကျန်းဆူရှင်း၏ ဆံပင်လေးများကို သပ်ပေးရင်း “မင်း တော်တော်လေး ပင်ပန်းခဲ့မှာပဲ” ဟု စာနာစိတ်များဖြင့် မေးလေသည်။

ကျန်းဆူရှင်းက ခေါင်းခါပြကာ “ဒါတွေက အရေးမကြီးပါဘူး အဲဒီတုန်းက ကျွန်မ အကြောက်ဆုံးက ဘာလဲဆိုတာ ရှင်သိလား” ဟု မေး၏။

လုအန်းကျီက “ဘာလဲ” ဟု ပြန်မေးရာ ကျန်းဆူရှင်းက “အဲဒီတုန်းက ကျွန်မ အကြောက်ဆုံးက ချန်းချန်းလေး တစ်ခုခု ဖြစ်သွားမှာကိုပဲ ဆေးခတ်ခံထားရတာဆိုတော့ ကလေးကို ထိခိုက်မှာ စိုးရိမ်ခဲ့တာ ကိုယ်ဝန်အပ်ပြီး စစ်ဆေးမှု ခံယူတိုင်းမှာ ချန်းချန်းလေးအတွက် ရင်တထိတ်ထိတ်နဲ့ သေမင်းနဲ့ ရင်ဆိုင်နေရသလို ခံစားခဲ့ရတာ ဘယ်စစ်ဆေးမှုကိုမှ မပျက်ကွက်စေဘဲ အမြဲတမ်း စိုးရိမ်ပူပန်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ် ပြန်စဉ်းစားကြည့်ရင် အဲဒီအချိန်တွေက တကယ်ကို ခက်ခဲခဲ့တာပါ ဒါပေမဲ့ ကျွန်မမှာ ရွေးချယ်စရာ မရှိခဲ့ဘူး တစ်ယောက်တည်း တောင့်ခံခဲ့ရတာပဲ”

“ကံကောင်းထောက်မစွာနဲ့ စစ်ဆေးမှုတိုင်းမှာ အဆင်ပြေခဲ့ပြီး ချန်းချန်းလေးက ကျန်းကျန်းမာမာနဲ့ ရှိနေခဲ့တာပါ”

လုအန်းကျီသည် ကျန်းဆူရှင်း၏ အေးဆေးတည်ငြိမ်သော ပြောပြချက်များကို နားထောင်နေရင်း ရင်ထဲတွင် တင်းကျပ်လာကာ သူမ ခံစားခဲ့ရမည့် ဖိနှိပ်မှုနှင့် အခက်အခဲများကို စာနာမိကာ ငါလျှင်ရှိခဲ့လျှင် ထိုမျှလောက် ပင်ပန်းမှာ မဟုတ်ဘူး ဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိ၏။

သူသည် သက်ပြင်းတစ်ချက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ပြီး ကျန်းဆူရှင်းကို တင်းကျပ်စွာ ဖက်လိုက်ပြီး သူမ၏ နဖူးကို အသာအယာ နမ်းရှိုက်ကာ “အဲဒီအချိန်တုန်းက မင်းအနားမှာ ငါ ရှိနေခဲ့သင့်တာ” ဟု ဆိုသည်။

ကျန်းဆူရှင်းသည် လုအန်းကျီ၏ စကားကြောင့် “အဲဒီတုန်းက ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် မသိကြသေးဘူးလေ ရှင်က ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ ရပါတယ်၊ အားလုံးက အတိတ်မှာ ကျန်ခဲ့ပါပြီ အခုတော့ အားလုံး အဆင်ပြေနေပြီ မဟုတ်လား ရှင့်ကိုကော ချန်းချန်းကိုကော ပိုင်ဆိုင်ထားရတဲ့အတွက် ကျွန်မ အခု တကယ်ကို ပျော်ရွှင်နေရပါပြီရှင် ” ဟု သူ့ကို ပြန်လည် ဖက်ထားရင်း ပြုံးပြုံးလေး ဆိုလေသည်။

လုအန်းကျီက “ကိုယ်ကသာ ပိုပြီး ပျော်ရွှင်ရတာပါ မင်းလို နတ်သမီးလေးတစ်ပါးနဲ့ ချန်းချန်းလေးလို နတ်သမီးငယ်လေးကို ပိုင်ဆိုင်ထားရတဲ့ ငါက ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံး လူသားပါပဲ” ဟု ဆိုလိုက်သဖြင့်

ကျန်းဆူရှင်းက လုအန်းကျီ၏ မျက်လုံးများကို ကြည့်ကာ “တကယ်လား” ဟု တိုးညှင်းစွာ မေးမြန်း၏။

လုအန်းကျီကလည်း သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ “တကယ်ပေါ့၊ ဘာလို့ မဟုတ်ရမှာလဲ” ဟု ပြန်ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ဦးသည် ချစ်ကြည်နူးစွာဖြင့် နမ်းရှိုက်မိကြပြန်သည်။

ခေတ္တအကြာတွင် လုအန်းကျီက “မင်းရဲ့ ကုမ္ပဏီနာမည်က ဘာလဲ ပြီးတော့ အဲဒီ မန်နေဂျာ၊ လက်ထောက်နဲ့ ဥက္ကဋ္ဌရဲ့ သားက ဘယ်သူတွေလဲ” ဟု မေးမြန်းလိုက်‌ကာ

ကျန်းဆူရှင်းက တစ်စုံတစ်ခုကို စဉ်းစားမိဟန်ဖြင့် “ရှင် စိတ်လိုက်မာန်ပါ ဘာမှ မလုပ်ပါနဲ့ အခုလို အေးအေးချမ်းချမ်း ရှိနေတာက တကယ်ကို ကောင်းပါတယ် လွန်ခဲ့တဲ့ သုံးနှစ်ကျော်က ကိစ္စတွေကို ကျွန်မ မစဉ်းစားချင်တော့ဘူး၊ ကျွန်မတို့ မိသားစုလေး အေးအေးဆေးဆေးနဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားရရင် ကျေနပ်ပါပြီ” ဟု ကာဆီးတားမြစ်လေသည်။

လုအန်းကျီက ခေါင်းညိတ်ပြလိုက်သော်လည်း ဘာမှ ထပ်မပြောတော့ပေ။

ကျန်းဆူရှင်းက သူ့အတွက် စိုးရိမ်နေသည်ကို သူ သိ၏။ သို့သော်လည်း မိမိ၏ ဇနီးသည်အပေါ် ဤကဲ့သို့ ယုတ်မာခဲ့သူများကို သူ မည်သို့ လျစ်လျူရှုထားနိုင်ပါမည်နည်း။

ကျန်းဆူရှင်း အိပ်ပျော်သွားပြီးနောက် လုအန်းကျီသည် ချန်းချန်းလေး၏ အခြားတစ်ဖက်တွင် လဲလျောင်းရင်း ဖုန်းကို ထုတ်ကာ ကျန်းဆူရှင်းသည် အနုပညာလောကမှ အနားယူသွားသော်လည်း သူမ၏ အချက်အလက်များမှာ အင်တာနက်ပေါ်တွင် ရှိနေဆဲ ဖြစ်သောကြောင့် ကျန်းဆူရှင်း၏ အချက်အလက်များကို ရှာဖွေကြည့်ခဲ့သည်။

ကျန်းဆူရှင်းသည် လွန်ခဲ့သော ငါးနှစ်ခန့်က စတင် ပွဲထွက်ခဲ့ပြီး အယ်လ်ဘမ် နှစ်ခု ထွက်ရှိခဲ့ကြောင်း၊ သူမ၏ ကုမ္ပဏီဟောင်းမှာ ‘ အပြည်ပြည်ဆိုင်ရာ ဂီတ ကုမ္ပဏီ’ ဖြစ်ပြီး လုပ်ငန်းနယ်ပယ်တွင် ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်ကြောင်း နှင့် ဥက္ကဋ္ဌမှာ ဂုရုယုံလုံ ဖြစ်ပြီး သူ၏ တစ်ဦးတည်းသောသားမှာ ဂုရုကျားဝမ် ဖြစ်ပြီး

ဤလူသည် ရုပ်ရည်သန့်ပြန့်သော်လည်း လွန်ခဲ့သော သုံးနှစ်ကျော်ကမှ ပွဲထွက်ခဲ့သည့် အဆိုတော် တစ်ဦး ဖြစ်ကာ ကျုံ့အမ်းဟိုတယ် မှာ သူ၏ ပွဲဦးထွက် သီချင်းမိတ်ဆက်ပွဲ လုပ်ပြီး ကျန်းဆူရှင်းမှာ သူ့ကို ဝန်းရံပေးရန် ဖိတ်ကြားခံခဲ့ရခြင်း ဖြစ်သည်။

လုအန်းကျီသည် ထိုအချက်အလက်များကို ကြည့်ရင်း ဂုရုကျားဝမ်၏ နောက်ဆုံးရသတင်းများကို ရှာဖွေကြည့်ရာ သူသည် ကုမ္ပဏီ၏ အကြီးအကျယ် မြှင့်တင်ပေးမှုများ ရှိသော်လည်း ပရိသတ်အားပေးမှုမှာမူ အလွန်အမင်း မရရှိခဲ့ကြောင်း တွေ့ရသည်။

သို့သော်လည်း မကြာသေးမီက သူသည် နိုင်ငံခြားမှ ပညာသင်ပြန်လာပြီး အင်္ဂလိပ် သီချင်းအချို့ကို သီဆိုကာ ပရိသတ် အချို့ကို ပြန်လည် ဆွဲဆောင်နိုင်ခဲ့ကာ ယခုအချိန်တွင် သူ၏ အယ်လ်ဘမ်အသစ် ထွက်ရှိရန် ပြင်ဆင်နေပြီး အဆိုပြိုင်ပွဲ တစ်ခုတွင်လည်း ပါဝင်ရန် အစီအစဉ်ရှိကြောင်း သိရသည်။

လုအန်းကျီသည် ကျန်းဆူရှင်း၏ မန်နေဂျာနှင့် လက်ထောက်တို့အကြောင်းကို ရှာမတွေ့ခဲ့သော်လည်း သူ၏ အဓိက ပစ်မှတ်မှာ ဂုရုကျားဝမ် ဖြစ်သည်ဟု သတ်မှတ်လိုက်ပြီး သူသည် အစပိုင်းတွင် မည်သို့ စတင်ရမည်ကို သေချာမသိသေးသော်လည်း ဂုရုကျားဝမ်၏ လှုပ်ရှားမှုများကို မြင်တွေ့ရပြီးနောက်တွင်မူ လုအန်းကျီ၏ စိတ်ထဲ၌ အစီအစဉ်တစ်ခုသည် ပေါ်ပေါက်လာခဲ့လေတော့၏။

All Chapters