← Chapters

အသုံးတော်ခံ၏ ပွဲဦးထွက်

Vol. 18 Ch. 175

အသုံးတော်ခံ၏ ပွဲဦးထွက်

Vol. 18 Ch. 175

စုန့်ရှောင်ချင်းသည် လုအန်းကျီထံမှ ဤကဲ့သို့သော မေးခွန်းမျိုး ကြားရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ပေ။

သူမသည် အလွန်အမင်း အံ့အားသင့်သွားပြီး

“နင်က ဘာဖြစ်လို့ ရုတ်တရက်ကြီး ငါ့ကို အနုပညာလောကထဲ ပွဲထွက်ခိုင်းနေရတာလဲ”

လုအန်းကျီက “ငါ မင်းကို အမှန်အတိုင်းပဲ ပြောပါ့မယ်၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ငါက ဒါရိုက်တာ ဟန်ရဲ့ အဆိုတော် ခရီးစဉ် အစီအစဉ်မှာ ပါဝင်ဖို့အတွက် လူ တစ်ယောက် ရှာနေတာ မင်းက သီချင်းဆိုတာလည်း အတော်အတန် ကောင်းသလို ငါနဲ့လည်း ပူးပေါင်းဆောင်ရွက်လို့ ရတယ်လေ အဓိကကတော့ ငါက မင်းကလွဲရင် တခြားသူ သိပ်မသိလို့ပါ” ဟု ပွင့်လင်းစွာ ဆိုပြီးနောက်

စုန့်ရှောင်ချင်း စိတ်ပျက်သော မျက်နှာပေး မျိုးနှင့် “သီချင်းဆိုတာ အတော်အတန် ကောင်းတယ် ဟုတ်လား ငါက တကယ်ကို ကောင်းကောင်း ဆိုနိုင်တာပါ ကျန်းဆူရှင်းဆီမှာတောင် သင်ယူထားတာ သူက ငါ့ကို ပညာရှင်တွေနဲ့တောင် ယှဉ်နိုင်တယ်လို့ ပြောထားတာနော်” ဟု ပြန်လည် ချေပလေသည်။

လုအန်းကျီက ခေါင်းညိတ်ပြပြီး

“ဒါဆိုရင် ပိုကောင်းတာပေါ့ အဲဒီတော့ မင်း ပွဲထွက်ချင်လား”

စုန့်ရှောင်ချင်းက စိတ်မကြည်မလင် ဖြစ်နေဆဲ ပုံစံဖြင့် “ဘာလို့ ပွဲထွက်ရမှာလဲ ၊ နင့်ရဲ့ အသုံးတော်ခံ လုပ်ပေးဖို့လား” ဟု ဆို‌သောကြောင့် လုအန်းကျီမှာ ခေတ္တမျှ ဆွံ့အသွား၏။ သူ စကားပြောမှားသွားသည်ကို သတိထားမိလိုက်ပြီး

“မင်း မသွားချင်ရင်လည်း တခြား အကြံပေးချင်တဲ့သူ ရှိလား။ ငါက မင်းကလွဲရင် တခြားသူတွေကို မသိလို့ပါ”

“နောက်ပြီး မင်းက ကျန်းဆူရှင်းရဲ့ စတူဒီယိုက အဖွဲ့ဝင်တစ်ယောက်ပဲလေ မင်းသာ ပွဲထွက်မယ်ဆိုရင် စတူဒီယို နာမည်နဲ့ သွားလို့ရတော့ အများကြီး အဆင်ပြေသွားမှာ ငါ ကျုံ့ပေါ် နဲ့လည်း စကားပြောထားပြီးပြီ သူက ငါ့ကို ဒါရိုက်တာ ဟန်နဲ့ မိတ်ဆက်ပေးနိုင်တယ် ဒါပေမဲ့ ကိုယ့်လူနဲ့ကိုယ် သွားတာက ပိုပြီးတော့ ယုံကြည်မှု ရှိတာပေါ့” ဟု ရှင်းပြ၏။

“ကျန်းဆူရှင်း မရဘူးလား” ဟု စုန့်ရှောင်ချင်းက မေးပြီးမှ သူမဘာသာ ခေါင်းခါယမ်းကာ “ကျန်းဆူရှင်းကတော့ မဖြစ်နိုင်ဘူး သူသာ ဖြစ်နိုင်ရင် နင် ငါ့ဆီ လာမှာ မဟုတ်ဘူး” ဟု ဆိုကာ

သူမသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီး လုအန်းကျီ၏ မျက်လုံးများကို စိုက်ကြည့်ကာ “နင် ဘာလို့ ဒီအစီအစဉ်မှာ ပါဝင်ချင်နေရတာလဲ ငါ သိသလောက်တော့ နင်က ဒီလိုမျိုး ကိစ္စတွေထဲ ဝင်ပါမယ့်သူ မဟုတ်ပါဘူး” ဟု မေးခွန်းထုတ်လေ၏။

လုအန်းကျီက “ငါက ဘယ်လိုလူမို့လို့လဲ” ဟု ပြန်မေးရာ စုန့်ရှောင်ချင်းက “နင်က ဒီလို ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ နယ်ပယ်ထဲ ဝင်မယ့်သူ မဟုတ်ဘူးလေ နင်က ဝတ္ထုရေးတာရော သီချင်းရေးတာရော ပါရမီရှိတယ် ကျန်းဆူရှင်းနဲ့ ချန်းချန်းလေးကို စောင့်ရှောက်ရင်း အေးအေးဆေးဆေး နေရတာကို နင်က ပိုကြိုက်တာ မဟုတ်လား ဘာလို့ ပြိုင်ပွဲတွေထဲ ဝင်ပြီး အပင်ပန်းခံမှာလဲ” ဟု ဆိုသည်။

လုအန်းကျီသည် ကျန်းဆူရှင်း၏ သူငယ်ချင်းဖြစ်သူက သူ့အကြောင်းကို ဤမျှ နားလည်နေသည်ကို အံ့အားသင့်သွားရ၏။

သို့သော် စုန့်ရှောင်ချင်း၏ လေသံမှာ အနည်းငယ် ဝမ်းနည်းနေသကဲ့သို့ ဖြစ်န ပြီး လုအန်းကျီက သက်ပြင်းချကာ “ငါ အသေးစိတ်တော့ ရှင်းမပြနိုင်ဘူး၊ ဒါပေမဲ့ ငါ့ရဲ့ ပစ်မှတ်က ဂုရုကျားဝမ် ဆိုတာပဲ မှတ်ထားပါ ငါ သူ့ကို အခက်တွေ့အောင် လုပ်ချင်တာ” ဟု ပြောပြလိုက်သည်။

စုန့်ရှောင်ချင်းက အကြောင်းရင်းကို အနည်းငယ် ရိပ်မိသွားပြီး “ဂုရုကျားဝမ် ဟုတ်လား အပြည်ပြည်ဆိုင်ရာက သခင်လေးလား” ဟု မေးလိုက်၏။

သူမသည် မျက်တောင်လေးများ ခတ်ကာ “ဒါက ကျန်းဆူရှင်းနဲ့ ပတ်သက်နေတာလား၊ ဒါဆိုရင် ငါ နားလည်ပြီ ကျန်းဆူရှင်းက အဲဒီတုန်းက ကုမ္ပဏီနဲ့ ပြဿနာတက်ပြီး ထွက်လာခဲ့တာလေ ဘာပြဿနာလဲဆိုတာ ငါ အတိအကျ မသိပေမဲ့ အဲဒီ ဂုရုကျားဝမ်နဲ့ ပတ်သက်နေမယ်ဆိုတာ ငါ ရိပ်မိပါတယ် ကျန်းဆူရှင်းက သူ့အကြောင်းကြားရင် အမြဲတမ်း မျက်နှာမကောင်း ဖြစ်သွားတတ်တာနင်က ကျန်းဆူရှင်းအတွက် လက်စားချေပေးမလို့လား” ဟု မေးလိုက်၏။

လုအန်းကျီက “အဲဒီလိုပါပဲ” ဟု ဝန်ခံလိုက်သည်။

ဆုရှောင်ချင်းက မယုံကြည်သကဲ့သို့ “တခြားသူတွေက ကုမ္ပဏီကြီးတွေရဲ့ အထောက်အပံ့နဲ့ ပြိုင်ပွဲဝင်ကြတာ နင်က ယှဉ်နိုင်ပါ့မလား” ဟု မေးရာ လုအန်းကျီက “ဒါရိုက်တာ ဟန်ရဲ့ အစီအစဉ်ဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ လက်ရာပိုင်းမှာဆိုရင်တော့ ငါ တစ်ယောက်တည်းနဲ့ သူတို့ ကုမ္ပဏီတစ်ခုလုံးကို ယှဉ်နိုင်တယ် မရိုးသားတဲ့ နည်းလမ်းတွေ သုံးလာရင်တော့ တစ်မျိုးပေါ့ ဒါပေမဲ့ ငါတို့ ကြိုးစားကြည့်သင့်တာပဲ မဟုတ်လား” ဟု ဆိုလိုက်၏။

“အမယ်လေး စကားကြီးစကားကျယ်တွေ ပြောနေလိုက်တာ”ဟု စုန့်ရှောင်ချင်းက ပြောသောကြောင့်လုအန်းကျီက

“ငါက သီချင်း ဒေါင်းလုဒ် ဇယားတွေမှာ ထိပ်ဆုံးက ရောက်နေတဲ့သူပဲ၊ ဘာလို့ စကားကြီးစကားကျယ် မပြောနိုင်ရမှာလဲ” ဟု ပြန်ပြောကာ စုန့်ရှောင်ချင်းမှာမူ လုအန်းကျီ ပြောသည်မှာ မှန်ကန်ကြောင်း ဝန်ခံရတော့သည်၏။

သူမသည် လုအန်းကျီ၏ လက်ရာများကို အခြားသူများထက် ပိုမို သိရှိထားသူ ဖြစ်ရာ သူ၏ ယုံကြည်မှုကို နားလည်နိုင်သည်။

“နင်ကတော့ တကယ်ပဲ” ဟု သူမက ဆိုပြီးနောက် “အကယ်၍ ငါသာ ပွဲမထွက်ဘူးဆိုရင် နင် ဘာလုပ်မှာလဲ” ဟု မေး၏။

လုအန်းကျီက “တကယ်လို့ တခြားနည်းလမ်း မရှိတော့ရင် ငါကိုယ်တိုင်ပဲ ပွဲထွက်လိုက်တော့မယ် အဆိုးဆုံးကတော့ ပြိုင်ပွဲပြီးတာနဲ့ ပြန်ပြီး အနားယူလိုက်ရုံပေါ့” ဟု ဖြေသည်။

ဆုရှောင်ချင်းက ရယ်မောကာ “အဲဒါလည်း မဆိုးပါဘူး ဒါဆိုရင် နင်နဲ့ ကျန်းဆူရှင်းက တကယ့်ကို အေးအေးဆေးဆေး နေထိုင်တဲ့ လင်မယားတွေ ဖြစ်သွားမှာပေါ့” ဟု ဆို၏။

လုအန်းကျီက “အဲဒါကြောင့် ငါကတော့ ဒီကိစ္စထဲကို သေချာပေါက် ဝင်ပါတော့မယ်” ဟု အတည်ပြုလိုက်ပြီး

စုန့်ရှောင်ချင်းက တစ်စုံတစ်ခုကို စဉ်းစားမိပြီး “ကျန်းဆူရှင်း ဒီမှာ မရှိတာက နင် သွားမှာကို သူက မသိစေချင်လို့လား” ဟု မေးရာ လုအန်းကျီက “သူက သူ့ရဲ့ အတိတ်က ကိစ္စတွေကြောင့် ငါ့ကို အခက်တွေ့မှာ စိုးရိမ်နေတာ အဲဒါကြောင့် ငါက ကွယ်ရာမှာ အရင် လုပ်ထားလိုက်တာ သူ သိသွားတဲ့ အချိန်ကျရင် အားလုံးက ပြီးနေပြီဆိုတော့ သူ ဘာမှ လုပ်လို့ ရမှာ မဟုတ်တော့ဘူး” ဟု ဆို၏။

စုန့်ရှောင်ချင်းသည် လုအန်းကျီကို အတန်ကြာအောင် စိုက်ကြည့်နေပြီးမှ

“နင်က ကျန်းဆူရှင်းအပေါ် တကယ်ကို ကောင်းတာပဲ”

လုအန်းကျီက ပြုံးကာ “ဘာလဲ ငါ့မိန်းမအပေါ် ငါက မကောင်းရဘူးလား” ဟု မေးလိုက်သည်။

“ကောင်းရမှာပေါ့ ဘာလို့ မကောင်းရမှာလဲ” ဟု ဆိုကာ စုန့်ရှောင်ချင်းက ရုတ်တရက် ရယ်မောလိုက်ပြီး “ဒါဆိုရင် ငါ သွားမယ် နင်က ကျန်းဆူရှင်းရဲ့ ခင်ပွန်းဖြစ်သလို ငါကလည်း သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းပဲ နင်တောင် သူတို့အတွက် လုပ်ပေးနိုင်ရင် ငါက ဘာလို့ မလုပ်ပေးနိုင်ရမှာလဲ” ဟု ဆိုလေ၏။

လုအန်းကျီမှာ စုန့်ရှောင်ချင်း၏ ရုတ်တရက် ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်သွားရသည်။

သူက “မင်း ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်ပါနဲ့ ငါကိုယ်တိုင် သွားလို့လည်း ရပါတယ်” ဟု ပြောသော်လည်း စုန့်ရှောင်ချင်းက “ဘာကို အတင်းအကျပ်လဲ ငါက အတင်းအကျပ် လုပ်နေတာ မဟုတ်ဘူး ဒါက ကျန်းဆူရှင်းအတွက် လက်စားချေပေးတာပဲလေ နောက်ပြီး အဲ့ဒီလူကို တိုက်ခိုက်ဖို့ နင် ရေးပေးမယ့် သီချင်းတွေက သေချာပေါက် ကောင်းမှာပဲ အဲဒီလို သီချင်းကောင်းတွေကို ဆိုခွင့်ရမှာကို ငါက ပျော်တာပေါ့” ဟု ပွင့်ပွင့်လင်းလင်း ပြောလိုက်ပြီး

“ငါ အရင်ကလည်း မင်းကို သီချင်းကောင်းတွေ ပေးခဲ့ဖူးတာပဲ မင်းကမှ မဆိုခဲ့တာ” ဟု လုအန်းကျီက ဆိုရာ စုန့်ရှောင်ချင်းက

“အဲဒါနဲ့ ဒါနဲ့ တူလို့လား”

“ဘာပဲဖြစ်ဖြစ် ကျန်းဆူရှင်းအတွက် လက်စားချေဖို့ အောင်မြင်ပါစေ” ဟု ဆိုကာ စုန့်ရှောင်ချင်းက သူမ၏ ဖန်ခွက်ကို မြှောက်ကာ လုအန်းကျီအား ဂုဏ်ပြုလိုက်ပြီး

“အောင်မြင်ပါစေ” ဟု လုအန်းကျီကလည်း ပြန်လည် ဂုဏ်ပြုလိုက်သည်။

စုန့်ရှောင်ချင်းသည် သူမ၏ ဖျော်ရည်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်ပြီးနောက် “နင် ငါ့အတွက် သီချင်းတွေ အများကြီး ထပ်ရေးပေးဦး နင့်ရဲ့ သီချင်းဆိုဟန်တွေကို ငါ နည်းနည်းတော့ နားလည်နေပါပြီ ဒါပေမဲ့ နင်ကိုယ်တိုင် သင်ပေးမယ်ဆိုရင်တော့ ပိုပြီး ကောင်းလာမှာပါ” ဟု စိတ်အားထက်သန်စွာ ပြောဆိုလေ၏။

All Chapters