ချန်းချန်း၏ ဆန္ဒ
Vol. 18 Ch. 179
နောက်တစ်နေ့တွင် လုအန်းကျီသည် ရီဖိန်နေအိမ်သို့ ထွက်လာခဲ့၏။
စုန့်ရှောင်ချင်းသည် ‘အဆိုတော်၏ ခရီးစဉ်’ ပြိုင်ပွဲအတွက် အလွန်ပင် အလေးအနက်ထားနေပြီး သီးသန့် အသံနည်းပြဆရာတစ်ဦးကိုပင် ငှားရမ်း၍ လေ့ကျင့်နေပြီး လုအန်းကျီ လာမည်ကို သိသောကြောင့် သူမသည် လုအန်းကျီနှင့် အချိန်မထပ်စေရန် အသံနည်းပြဆရာအား အခြားအချိန်တွင်မှ လာရန် ပြောထားခဲ့သည်။
လုအန်းကျီသည် သူမအား ရပ်ပ် သီချင်းဆိုဟန်၏ အဓိက အချက်များကို သေချာစွာ သင်ကြားပြသပေးခဲ့ကာ သူသည် ‘ဇနီးသည်’ ဟု အမည်ရသော သီချင်းတစ်ပုဒ်ကိုပင် ထုတ်ပေး၍ စုန့်ရှောင်ချင်းအား လေ့ကျင့်ခိုင်းရာ သူမမှာ အတော်လေး ဇဝေဇဝါ ဖြစ်သွားရတောသည်။
သို့သော် စုန့်ရှောင်ချင်းသည် ဤသီချင်းကို အလွန်နှစ်သက်သွားပြီး သီချင်းစာသားများမှာ အလွန်စိပ်ပြီး ဆိုရသည်မှာ ‘ခရစ်တော်မပေါ်မီက အချစ်’ ထက် နှစ်ဆခန့် ပိုမို ခက်ခဲနေသော်လည်း သူမသည် စိတ်ရှည်လက်ရှည်ဖြင့်ပင် ကြိုးစားလေ့ကျင့်နေသော်လည်း သူမ အနည်းငယ် နောင်တရမိသည်မှာ ဤသီချင်းသည် အမျိုးသမီး အသံနှင့် သိပ်မလိုက်ဖက်သကဲ့သို့ ခံစားရသဖြင့် လေ့ကျင့်ရန်အတွက်သာ အသုံးပြုနိုင်မည် ဖြစ်သည်။
အမှန်တကယ်တော့ ဤသီချင်းကို အမျိုးသမီးများ ဆို၍ မရခြင်း မဟုတ်သော်လည်း အမျိုးသား အသံနှင့် ဆိုပါက ပို၍ ထိရောက်မှု ရှိနိုင်သည်ပြီး စုန့်ရှောင်ချင်းသည်လည်း ဤသီချင်းမှာ သူမအနေဖြင့် ပြိုင်ပွဲစင်မြင့်ပေါ်သို့ ယူဆောင်သွားရန် မသင့်တော်ကြောင်း နားလည်ထားပါသည်။
သို့သော် လုအန်းကျီအနေဖြင့် ဤကဲ့သို့သော သီချင်းမျိုးကို ဖန်တီးနိုင်သည်ဆိုလျှင် အခြားသော ကောင်းမွန်သည့် ရပ်ပ်သီချင်းများစွာ ရှိနေဦးမည်မှာ သေချာလှသည်။
“အရက်ကောင်းတစ်အိုး၊ ပူပူနွေးနွေး ဆန်ပြုတ်တစ်ပန်းကန်နဲ့ အမဲသား.... အနည်းငယ် ဟေ့ စားပွဲထိုး၊ ငွေဒင်္ဂါး သုံးပြားဆိုရင် လောက်ရဲ့လား.... ဆောင်းဦးရာသီ ရောက်လာပြီး မြောက်ဘက် နယ်စပ်မှာ သဲနီတွေ လွင့်ပျံနေပြီ... တည်းခိုခန်းမှာ လူတွေ ပြည့်နေတာပဲ၊ မြက်ခင်းပြင်ကော ရှိသေးရဲ့လား... ငါ့မြင်းကတော့ နည်းနည်း ပိန်နေပြီ”
စုန့်ရှောင်ချင်းသည် ဤသီချင်းဖြင့်ပင် လေ့ကျင့်နေပြီး လုအန်းကျီ၏ အရည်အချင်းအပေါ် အပြည့်အဝ ယုံကြည်မှု ရှိနေသကဲ့သို့ မျှော်လင့်ချက်များလည်း ကြီးမားနေဆဲဖြစ်ကာ စုန့်ရှောင်ချင်းက အကြိမ်အတော်ကြာ လေ့ကျင့်ပြီးနောက် အတော်လေး ဆိုနိုင်လာပြီဟု ခံစားရသော အချိန်တွင် လုအန်းကျီက ထိုနေ့အတွက် သင်ခန်းစာကို အဆုံးသတ်လိုက်သည်။
“ယောင်တုန်းရှက မနက်ဖြန် ရောက်လာလိမ့်မယ်။ မနက်ဖြန်ကျရင် အားလုံး ဆုံကြပြီး အကြိုအစီအစဉ်တစ်ခု ဆွဲကြတာပေါ့ အဲဒီနောက်ကျမှ မင်း ကြိုတင်လေ့ကျင့်ထားဖို့ သီချင်းတစ်ပုဒ် ငါ ထုတ်ပေးမယ် အစီအစဉ်မှာ အပြောင်းအလဲ တစ်ခုခု ရှိရင်လည်း အဲဒီကျမှပဲ ဆက်ပြီး တိုင်ပင်ကြတာပေါ့” ဟု လုအန်းကျီက ဆိုသည်။
ဆုရှောင်ချင်းကလည်း “ကောင်းပါပြီ” ဟုသာ ပြန်လည် ဖြေခဲ့သော်လည်း ပို၍ပင် မျှော်လင့်ချက် ကြီးမားလာ၏။ သူမ၏ အမြင်တွင် လုအန်းကျီမှာ လမ်းလျှောက်နေသော တေးဂီတ စာကြည့်တိုက်ကြီးတစ်ခု ကဲ့သို့ပင် ဖြစ်နေပြီး ထိုစာကြည့်တိုက်ထဲမှ သီချင်းများမှာလည်း ‘ကြောင်လေးလိုကတာ သင်ယူမယ်’ သီချင်းမှလွဲ၍ အားလုံးက အရည်အသွေး အလွန်မြင့်မားလှသည်။
နေ့လယ်စာကိုမူ စန်းဝေ့ စာအုပ်ဆိုင်တွင်သာ စားဖြစ်ခဲ့ပြီး ဝမ်ဖျင်က သူ့အတွက် အလွန်ကောင်းမွန်သော ဟင်းလျာများကို ပြင်ဆင်ပေးထားခဲ့သည်။ နေ့လယ်စာ စားပြီးနောက် ခေတ္တ အနားယူကာ လုအန်းကျီသည် ‘စွန်ရဲသူရဲကောင်းဒဏ္ဍာရီ’ ၏ စာမူများကို ဆက်လက် ရေးသားနေခဲ့ပြီး ညနေစောင်းတွင်မှ ကျူယွမ် ရပ်ကွက်သို့ ကားမောင်း၍ ပြန်လာခဲ့၏။
အမှန်အတိုင်း ပြောရလျှင် သူသည် ယခုကဲ့သို့ အချိန်ဇယား ကျပ်တည်းလွန်းသော ဘဝမျိုးကို အသားမကျသေး၍ သုံးနှစ်တာ ခရီးလှည့်လည်နေစဉ် အချိန်များတွင်ပင် သူသည် မိမိကိုယ်ကို ဤမျှအထိ အပင်ပန်း မခံခဲ့ဖူးပေ။ သွားချင်သည့် နေရာသွား၊ စားချင်တာစား၊ အိပ်ချင်တဲ့အချိန် အိပ်ပြီး မပင်ပန်းတော့မှသာ လည်ပတ်လေ့ ရှိပြီး ဝတ္ထုရေးခြင်းကိုပင် တစ်နေ့လျှင် အချိန်အနည်းငယ်သာ ပေးလေ့ရှိသည်။
သူသည် အချိန်ဇယားများဖြင့် ချုပ်ကိုင်ထားသည်ကို မနှစ်သက်သဖြင့် ခရီးသွားအဖွဲ့များဖြင့်ပင် ခရီးမထွက်ခဲ့သူ ဖြစ်သည်။
မထင်မှတ်ဘဲ ယခုအခါ ဇနီးနှင့် သမီး ရှိလာပြီး ငွေကြေးများစွာ ချမ်းသာလာသော အချိန်တွင်မှ သူ၏ အချိန်များမှာ ကျပ်တည်းလာခဲ့ရသည်။
ဒါက အရေးကြီးတဲ့ ကိစ္စမို့လို့သာ အခုလို လုပ်နေရခြင်းဖြစ်ပြီး ဒီကိစ္စ ပြီးသွားတာနဲ့ ငါ့ရဲ့ အေးအေးဆေးဆေး ဘဝလေးဆီကို သေချာပေါက် ပြန်သွားရမယ် ဟု လုအန်းကျီက စိတ်ထဲမှ ကြံစည်နေသည်။
အိမ်သို့ ရောက်သောအခါ လုအန်းကျီသည် တံခါးကို အလောတကြီး မဖွင့်တော့ဘဲ တံခါးကို ခေါက်လိုက်သည်၏။ ထိုအခါ ချန်းချန်းလေးက “ဒုန်း ဒုန်း ဒုန်း” ဟု ပြေးလာကာ တံခါးဖွင့်ပေးပြီး မျက်နှာလေး မော့ကာ “ဖေဖေ” ဟု ချစ်စဖွယ် ခေါ်လေသည်။
လုအန်းကျီကလည်း ထူးလိုက်ပြီး ကလေးငယ်လေးကို ချီမကာ ပါးလေးကို နမ်းလိုက်ကာ တစ်နေ့တာ ခွဲခွာနေရခြင်းမှာပင် သူ့အတွက် အလွန် လွမ်းဆွတ်ဖွယ် ကောင်းလှ၏။
ထို့နောက် ကျန်းဆူရှင်း၏ နှုတ်ခမ်းကိုလည်း သာသာလေး နမ်းလိုက်ရာ သူမက သူ့ကို စနောက်ကာ လက်သီးဆုပ်လေးဖြင့် ထိုးလေသည်။ ကျန်းဆူရှင်းက မျက်စောင်းလေး ထိုးကာ
“ဘာတွေ လုပ်နေတာလဲ၊ ချန်းချန်းလေး ရှိနေတာကို” ဟု ဆို၏။ သူမသည် ချန်းချန်းလေး အိပ်ပျော်သွားမှသာ လွတ်လပ်ခွင့် ပေးလေ့ရှိသည်။
ထိုညတွင် ချန်းချန်းလေး အိပ်ပျော်သွားပြီးနောက် ၎င်းတို့ ဇနီးမောင်နှံသည် ရင်းနှီးစွာ စကားပြောဖြစ်ကြသည်။ လုအန်းကျီ၏ ရင်ခွင်ထဲတွင် မှီနေရင်း ကျန်းဆူရှင်းက
“နောက် နှစ်ရက်လောက်နေရင် အဲ့ဒီပစ္စည်းလေးတွေ သွားဝယ်ရမလား” ဟု မေးသည်။
“ဘယ်ပစ္စည်းလဲ” ဟု လုအန်းကျီက ဘာမှ မစဉ်းစားဘဲ မေးလိုက်၏။
“အဲဒါလေးလေ” ဟု ကျန်းဆူရှင်းက ရှက်ကိုးရှက်ကန်းနှင့် ပြောပြီး လုအန်းကျီက နားမလည်သေးသဖြင့် သူမက လေသံတိုးတိုးဖြင့် “ငါ့ရဲ့ ရာသီလာတာ ပြီးတော့မှာလေ” ဟု ပြောမှသာ လုအန်းကျီ သဘောပေါက်သွားတော့သည်။
လုအန်းကျီက ပြုံးလိုက်ပြီး သူမ၏ နဖူးလေးကို နမ်းကာ “ဘာလဲ ချန်းချန်းလေးအတွက် မောင်လေး ဒါမှမဟုတ် ညီမလေး တစ်ယောက် ယူပေးမယ် ဆိုတာ မဟုတ်ဘူးလား၊ အခု ဘာလို့ အဲဒါ ဝယ်ခိုင်းနေတာလဲ” ဟု စနောက်လိုက်ကာ
ကျန်းဆူရှင်းက စိတ်ဆိုးသလိုဖြင့် လုအန်းကျီ၏ ရင်ဘတ်ကို ထိုးကာ “ရှင်ကတော့ တကယ်ပဲ ဒါဆိုလည်း မဝယ်နဲ့တော့” ဟု ရှက်ကိုးရှက်ကန်းလေးနှင့်ပြောရှာသည်။
လုအန်းကျီကမူ ပြုံးနေမိပြီး အမှန်တကယ်တော့ သူ ဝယ်ရန် စဉ်းစားထားသော်လည်း ယခုအချိန်တွင် သူသည် ကျန်းဆူရှင်းအတွက် လက်စားချေပေးရန် အလုပ်များနေသဖြင့် အာရုံမလွင့်ချင်သေးပါပေ။ ထို့ကြောင့် ကလေးယူမည့် ကိစ္စကို နောက်မှသာ ဆောင်ရွက်ရမည်ဟု စိတ်သွင်းထားလေသည်။
သူသည် ကျန်းဆူရှင်း၏ ဆံပင်လေးများကို ပွတ်သပ်ပေးကာ “အကယ်၍ ငါတို့ နောက်ထပ် ကလေးတစ်ယောက် ယူမယ်ဆိုရင် ချန်းချန်းလေးက ဘယ်လို ထင်မလဲ မသိဘူးနော်”
ကျန်းဆူရှင်းက သက်ပြင်းချကာ “ကျွန်မလည်း မသိဘူး သူက တစ်မိန စ် တစ်မျိုး ပြောင်းနေတာ အရင်က စုန့်ရှောင်ချင်း မေးတုန်းကတော့ သူက သဘောမတူသလိုပဲ ဒါပေမဲ့ ပြီးခဲ့တဲ့ တစ်ခါ မေးတုန်းကကျတော့ ပြန်ပြီး ပျော်နေပြန်ရော”
“ဒါဆိုရင် နောက်မှပဲ သူ့ကို သေချာ ပြန်မေးကြည့်ကြတာပေါ့” ဟု လုအန်းကျီက ပြောလိုက်သည်။
၎င်းတို့နှစ်ဦးစလုံး ချန်းချန်းလေးကို ကြည့်လိုက်ကြပြီး ကလေးငယ်လေးမှာ ဘေးစောင်းလေး အိပ်နေပြီး သူမ၏ တင်ပါးလေးမှာ ၎င်းတို့ဘက်သို့ လှည့်နေလေသည်။
၎င်းတို့၏ အကြည့်ကို သိနေသကဲ့သို့ ကလေးငယ်လေးမှာ ရုတ်တရက် လှုပ်ရှားလာပြီး ကုတင်ခေါင်းရင်းသို့ တိုးကပ်ကာ ပြန်လည် အိပ်ပျော်သွားပြန်ပြီး ထိုအခြင်းအရာကို ကြည့်ကာ လုအန်းကျီနှင့် ကျန်းဆူရှင်းတို့မှာ ပြုံးမိကြကာ ကလေးငယ်များမှာ အိပ်လျှင် အမြဲတမ်း ငြိမ်ငြိမ်မနေတတ်ပါပေ။
လုအန်းကျီသည် ကုတင် တစ်ဖက်သို့ သွားကာ ချန်းချန်းလေးကို မကာ ၎င်းတို့ နှစ်ဦး၏ အလယ်တွင် ထားလိုက်ပြီးနောက် အတူတကွ အိပ်စက်ခဲ့ကြသည်။
နောက်တစ်နေ့ နံနက်တွင် နံနက်စာ စားပြီးနောက် လုအန်းကျီ ထွက်လာခဲ့ကာ စုန့်ရှောင်ချင်း၏ အိမ်သို့ သွားရာလမ်းတွင် ယောင်တုန်းရှထံမှ စာတိုတစ်စောင် ရရှိခဲ့သည်။
စာထဲတွင် “ကျွန်မရဲ့ လေယာဉ်က နေ့လယ် ၂ နာရီခွဲမှာ ရောက်ပါမယ်၊ ရှင်နဲ့ စုန့်ရှောင်ချင်းတို့ ပြင်ဆင်ထားကြပါ လေယာဉ်ပေါ်က ဆင်းတာနဲ့ ကျွန်မကို လာကြိုမယ့်သူ ရှိတယ် အလုပ်ကိစ္စတွေကို ချက်ချင်း ဆွေးနွေးပြီးတာနဲ့ ကျွန်မ ချက်ချင်း ပြန်ထွက်ရမှာပါ” ဟု ရေးသားထား၏။
လုအန်းကျီက “ကောင်းပါပြီ။ ကျွန်တော် လာကြိုဖို့ လိုမလား” ဟု ပြန်မေးလိုက်သည်။
ယောင်တုန်းရှက “မလိုပါဘူး ရှင်တို့ နှစ်ယောက် တွေ့မယ့်နေရာကိုသာ တိုင်ပင်ထားလိုက်ပါ ကားသမားက ကျွန်မကို အဲဒီကို ပို့ပေးပါလိမ့်မယ် ရှင်တို့ရဲ့ မှတ်ပုံတင် မိတ္တူ တစ်စုံစီ ပြင်ထားပေးပါ ကျွန်မ လွှဲအပ်စာ ပြင်ထားပြီးပြီမို့လို့ ရောက်ရင် လက်မှတ်ထိုးပေးရုံပါပဲ မြို့တော်က ဗဟိုရုပ်သံဌာနမှာ လုပ်စရာရှိတာတွေကို ကျွန်မပဲ အကုန် ကိုင်တွယ်ပေးပါ့မယ်” ဟု ပြန်လည် စာပို့လာသည်။
လုအန်းကျီသည် ယောင်တုန်းရှ၏ စေ့စပ်သေချာမှုကို အလွန်ပင် အံ့အားသင့်မိကာ သူမသည် ကျန်းဆူရှင်း၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သည်နှင့်အညီ ကိစ္စရပ်တိုင်းကို အသေးစိတ် ကြိုတင် ပြင်ဆင်ထားသူ ဖြစ်သည်။
သူသည် သူ၏ အိတ်ထဲကို စစ်ဆေးကြည့်ရာ မှတ်ပုံတင် ပါလာသည်ကို တွေ့ရသဖြင့် စိတ်သက်သာရာ ရသွားကာ မှတ်ပုံတင် ပြန်ယူရန်အတွက် အကြောင်းပြချက် ရှာနေစရာ မလိုတော့ပေ။