← Chapters

စေ့စပ်သေချာ ပြတ်သားသော သူမ

Vol. 18 Ch. 180

စေ့စပ်သေချာ ပြတ်သားသော သူမ

Vol. 18 Ch. 180

လုအန်းကျီသည် စုန့်ရှောင်ချင်း၏ အိမ်သို့ တောက်လျှောက် မောင်းနှင်လာခဲ့ပြီး စုန့်ရှောင်ချင်းသည် လုအန်းကျီကို မြင်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် ဆွဲခေါ်သွားပြီး “မြန်မြန်လာပါဦး ငါ ‘ဇနီးသည်’ သီချင်းကို လေ့ကျင့်ပြီးပြီ အတော်လေးလည်း အဆင်ပြေတယ်လို့ ထင်တယ် ရှင် နားထောင်ပြီး တစ်ချက်လောက် ဝေဖန်ပေးပါဦး” ဟု ဆိုလေသည်။

လုအန်းကျီသည် ယောင်တုန်းရှ မကြာခင် ရောက်လာတော့မည့် အကြောင်းကို ချက်ချင်း ပြောရန် ရည်ရွယ်ထားသော်လည်း စုန့်ရှောင်ချင်း၏ စိတ်အားထက်သန်မှုကို မြင်သောအခါ အစီအစဉ်ကို ခေတ္တ ရွှေ့ဆိုင်းလိုက်၏။

ယခင်က ယောင်တုန်းရှအမည်ကို ကြားရုံနှင့် စုန့်ရှောင်ချင်း၏ တုံ့ပြန်ပုံကို တွေးမိသောကြောင့် ယခုအချိန်တွင် သူမ၏ စိတ်ကို မထိခိုက်စေလိုပါပေ။ ထို့ကြောင့် သီချင်းလေ့ကျင့်မှု ပြီးဆုံးသည်အထိ စောင့်ဆိုင်းရန် ဆုံးဖြတ်လိုက်သည်။

မဟုတ်ပါက စုန့်ရှောင်ချင်းသည် စိုးရိမ်စိတ်ကြောင့် သီချင်းလေ့ကျင့်ရန် စိတ်ပါတော့မည် မဟုတ်ပေ။

သူတို့နှစ်ဦးသည် အသံသွင်းခန်းသို့ သွားခဲ့ကြပြီး ဆုရှောင်ချင်းသည် မနေ့က ပြင်ဆင်ထားသော ရိုးရှင်းသည့် တေးသွားဖြင့် ‘ဇနီးသည်’ သီချင်းကို ဆိုပြပြီး လုအန်းကျီ နားထောင်ကြည့်ရာ အမှန်တကယ်ပင် အများကြီး တိုးတက်လာသည်ကို တွေ့ရ၏။

တစ်နေ့တာ လေ့ကျင့်မှုအတွင်း စုန့်ရှောင်ချင်းသည် ကျိုးစတိုင် ရပ်ပ်ဆိုဟန်၏ အနှစ်သာရကို ကောင်းစွာ သဘောပေါက်သွားခဲ့ကာ သူမသည် ကျန်းဆူရှင်း ပြောခဲ့သည့်အတိုင်း အမှန်တကယ်ပင် ပါရမီရှိသူ ဖြစ်သည်။

ဤအခြေအနေအရဆိုလျှင် နောင်တွင် သူမအား သင့်တော်သော ရပ်ပ် သီချင်းများစွာ ပေး၍ ဆိုခိုင်းရန် ပြဿနာ ရှိမည်မဟုတ်တော့ပေ။

စုန့်ရှောင်ချင်းက သီချင်းဆိုပြီးနောက်

“ဘယ်လိုလဲ”

လုအန်းကျီက “ကောင်းတယ်၊ စင်ပေါ်မှာ တင်ဆက်ဖို့အတွက် လုံလောက်နေပါပြီ ဒါပေမဲ့ မင်း နောက်ထပ် လေ့ကျင့်မယ်ဆိုရင်တော့ ဒီထက်ပိုပြီး ကောင်းလာမှာပါ” ဟု ချီးကျူးလိုက်ကာ

စုန့်ရှောင်ချင်းက “တကယ်လား ငါလည်း အဲဒီလိုပဲ ထင်တယ် နင် ငါ့ကို အသံသွင်းပေးပါလား ငါ့ရဲ့ အသံထွက်ကို ငါကိုယ်တိုင် ပြန်နားထောင်ကြည့်ချင်လို့” ဟု ဆိုသည်။

လုအန်းကျီကလည်း “ဒါ အကြံကောင်းပဲ” ဟု ထောက်ခံလိုက်သည်။

မိမိကိုယ်တိုင် ဆိုထားသော အသံကို ပြန်လည် နားထောင်ခြင်းဖြင့် အားနည်းချက်များကို ပိုမို သိရှိနိုင်ပြီး ပြုပြင်ရန် ပိုမို လွယ်ကူစေ‌သော ကြောင့် လုအန်းကျီသည် စုန့်ရှောင်ချင်း၏ ညွှန်ကြားချက်အရ အသံသွင်းစက် ကိုင်တွယ်ပုံ အခြေခံများကို သင်ယူကာ သူမအား အသံသွင်းခန်းထဲသို့ ပြန်ဝင်၍ သီဆိုခိုင်းလိုက်သည်။

စုန့်ရှောင်ချင်း သီဆိုပြီး ပြန်ထွက်လာသောအခါ လုအန်းကျီသည် သူမအား အသံပြန်နားထောင်ခိုင်းရင်း

“ယောင်တုန်းရှက ခုနက စာပို့လာတယ် သူ ဒီနေ့ နေ့လယ် ၂ နာရီခွဲမှာ ရောက်မယ်တဲ့ ငါတို့ကို စောင့်နေမယ့်နေရာ တစ်ခု ရွေးထားပေးဖို့ ပြောတယ်” ဟု လုအန်းကျီက စကားစလိုက်သည်။

ထိုစကားကို ကြားသည်နှင့် စုန့်ရှောင်ချင်း၏ သီချင်းနားထောင်လိုသော စိတ်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး

“ဘာလို့ အစောကြီး မပြောတာလဲ အနည်းဆုံးတော့ ဒီမနက် သီချင်းကောင်းကောင်း လေ့ကျင့်ပါရစေဦးပေါ့” ဟု စုန့်ရှောင်ချင်းက စိတ်ပျက်လက်ပျက် ဆိုလေသည်။

လုအန်းကျီက “ငါတို့ ကြိုတင် ပြင်ဆင်ထားနိုင်အောင်လို့ပါ ဘာပဲဖြစ်ဖြစ် ဒါက ယောင်တုန်းရှနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံတာဆိုတော့ ငါတို့ဘက်က အလေးအနက်ထားဖို့ လိုတယ် မဟုတ်လား” ဟု ရှင်းပြ၏။

စုန့်ရှောင်ချင်းက စိတ်တိုတိုဖြင့် “မဟုတ်ဘူး ယောင်တုန်းရှက အဲဒီလို အပေါ်ယံ အခမ်းအနားတွေကို စိတ်မဝင်စားဘူး အကယ်၍ နင်ကသာ အခမ်းအနားကြီးကြီးကျယ်ကျယ်တွေ လုပ်မယ်ဆိုရင် သူက ပိုပြီး စိတ်မရှည် ဖြစ်လိမ့်မယ် ငါတို့က ပုံမှန်အတိုင်းပဲ နေတာက ပိုကောင်းတယ် သူ့ကို ငါ့အိမ်ကိုပဲ လာခိုင်းလိုက်ပါ” ဟု ဆိုသောကြောင့်

လုအန်းကျီကလည်း “အဲဒီလိုလား” ဟု ပြန်မေးမိသည်။

စုန့်ရှောင်ချင်းက သက်ပြင်းချကာ “ထားလိုက်ပါတော့ ယောင်တုန်းရှကို ငါ့အိမ်ကိုပဲ လာခဲ့ဖို့ ပြောလိုက်ပါ ငါ စိတ်ကို ပြင်ဆင်ပြီး သီချင်းဆက်လေ့ကျင့်လိုက်မယ် သူက နောင်ဆို ငါတို့အဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာမှာဆိုတော့ ငါက သူ့ကို အမြဲတမ်း ကြောက်နေလို့ မဖြစ်ဘူးလေ” ဟု ဆိုလေသည်။

လုအန်းကျီက “ကောင်းပါပြီ” ဟု ဆိုကာ ယောင်တုန်းရှထံသို့ စုန့်ရှောင်ချင်း၏ အိမ်လိပ်စာကို ပေးပို့လိုက်သည်။

ခေတ္တအကြာတွင် ယောင်တုန်းရှထံမှ “ကောင်းပြီ” ဟူသော တိုတောင်းသည့် တုံ့ပြန်မှု ရရှိခဲ့ပြီး စုန့်ရှောင်ချင်းသည်လည်း သူမ၏ စိတ်ကို ပြန်လည် ထိန်းချုပ်၍ သူမကိုယ်တိုင် ဆိုထားသော ‘ဇနီးသည်’ သီချင်းကို ပြန်လည် နားထောင်ကြည့်ရာ အတော်လေး ကျေနပ်သွားသည်။

သို့သော်လည်း သူမရော လုအန်းကျီပါ ဤထက် ပို၍ ကောင်းအောင် ဆိုနိုင်သေးကြောင်း ခံစားမိသဖြင့် သူမသည် ဆက်လက် လေ့ကျင့်နေခဲ့ပြီး သူမ လေ့ကျင့်နေစဉ်အတွင်း လုအန်းကျီသည် ဘေးတွင် ထိုင်ကာ နောက်ထပ် မည်သည့် သီချင်းမျိုး ဖန်တီးရမည်ကို စဉ်းစားနေခဲ့သည်။

“စုန့်ရှောင်ချင်း၊ မင်း အင်္ဂလိပ်စာ တတ်လား” ဟု လုအန်းကျီက မေးလိုက်ရာ

စုန့်ရှောင်ချင်းက “တတ်တာပေါ့ ဘာဖြစ်လို့လဲ” ဟု မေးရာ လုအန်းကျီက “တတ်ရင် ပိုကောင်းတာပေါ့ ငါ အင်္ဂလိပ်သီချင်း တစ်ပုဒ် နှစ်ပုဒ်လောက် ရေးဖို့ စဉ်းစားနေတာ” ဟု ဆိုသည်။

ဆုရှောင်ချင်းမှာ အံ့အားသင့်သွားပြီး

“ပြည်တွင်းက အစီအစဉ်မှာ အင်္ဂလိပ်သီချင်း ဆိုဖို့ လိုလို့လား”

လုအန်းကျီက ခေါင်းညိတ်ပြကာ “ငါ ဟိုကောင် ဂုရုရဲ့ ကိုယ်ရေးရာဇဝင်ကို ကြည့်ပြီးပြီ သူက အမေရိကန်က ဂီတတက္ကသိုလ်တစ်ခုမှာ ပညာသင်ခဲ့တာလေ သူ ပြန်ရောက်လာပြီး ထုတ်တဲ့ သီချင်းတွေထဲမှာလည်း နိုင်ငံခြားဘာသာစကား သီချင်းတွေ ပါသေးတယ် အဲဒါကြောင့် သူလည်း အင်္ဂလိပ်သီချင်း ဆိုကောင်း ဆိုလိမ့်မယ်”

စုန့်ရှောင်ချင်းက “အော် ဒါဆို နင်က ဂုရုကျားဝမ်နဲ့ တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်နေတာပေါ့ ဟုတ်လား”

လုအန်းကျီက ပြုံးလျက် “ဘာလဲ ငါ့ကို မယုံဘူးလား” ဟု မေးရာ ဆုရှောင်ချင်းက “ယုံတာပေါ့ နင့်ကို မယုံစရာ အကြောင်းမှ မရှိတာ” ဟု ဆိုလေသည်။

သူမသည် လုအန်းကျီ၏ အရည်အချင်းအပေါ် အပြည့်အဝ ယုံကြည်ထားပြီးဖြစ်ကာ လုအန်းကျီက နိုင်ငံခြားသီချင်း ရေးနိုင်သည်ဆိုလျှင်လည်း ၎င်းမှာ သေချာပေါက် ကောင်းမွန်လိမ့်မည်ဟု သူမ ယုံကြည်ပါသည်။

နေ့လယ်စာ စားချိန်တွင် စုန့်ရှောင်ချင်းက အိမ်အကူအား ဟင်းလျာများ ပို၍ ချက်ခိုင်းလိုက်ပြီး လုအန်းကျီသည် စုန့်ရှောင်ချင်း၏ အိမ်၌ပင် နေ့လယ်စာ စားခဲ့ပြီး ယောင်တုန်းရှ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့ကြသည်။

၎င်းတို့၏ မှတ်ပုံတင် မိတ္တူများကိုမူ လုအန်းကျီက ကြိုတင် ပြင်ဆင်ထားပြီး အိမ်အကူက နေ့လယ်စာ ချက်နေစဉ်အတွင်း လုအန်းကျီသည် သူနှင့် စုန့်ရှောင်ချင်း၏ မှတ်ပုံတင်များကို ရပ်ကွက်ထိပ်ရှိ မိတ္တူဆိုင်တွင် သွားရောက် ကူးယူခဲ့သည်။

“တီး တီး”

ညနေ ၃ နာရီ ၁၅ မိနစ်တွင် စုန့်ရှောင်ချင်း၏ အိမ်ရှေ့ လူခေါ်ဘဲလ်သံ မြည်လာခဲ့သည်။

အချိန်ကို တွက်ချက်ကြည့်လျှင် ယောင်တုန်းရှသည် ၂ နာရီခွဲတွင် လေယာဉ်ဆင်းခဲ့ပြီး လေဆိပ်မှ ဤနေရာသို့ လာရန် ထိုမျှသော အချိန်မှာ အတိအကျပင် ဖြစ်ကာ သူမသည် လေယာဉ်ပေါ်မှ ဆင်းသည်နှင့် ချက်ချင်း ရောက်လာခဲ့ခြင်း ဖြစ်လေသည်။

လုအန်းကျီနှင့် စုန့်ရှောင်ချင်းတို့သည် အိမ်ထဲမှ ထွက်လာကာ ခြံတံခါးဝသို့ သွားကြရာ အရပ်ပုပုနှင့် အမျိုးသမီး တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရပြီး ထိုအမျိုးသမီးသည် အရပ် ငါးပေ နှစ်လက်မခန့်သာ ရှိပြီး သေးသွယ်သော်လည်း သူမ၏ အရှိန်အဝါမှာ အလွန်ပင် တောက်ပ၍ မြင့်မားစွာ စည်းထားသော ဆံပင်မြီးရှည်၊ အနက်ရောင် ဝတ်စုံနှင့် ဒေါက်ဖိနပ် မပါသော ဖိနပ်အပြားကို စီးထားသော်လည်း သူမကို ကြည့်ရသည်မှာ အခြားသူများက မော့ကြည့်ရမည့် ပုံစံမျိုးဖြစ်နေသည်။

“အမယောင်” ဟု စုန့်ရှောင်ချင်းက ခေါ်လိုက်ရာ သူမ၏ လေသံမှာ ပုံမှန်ထက် ပို၍ အိန္ဒြေကြီးနေပြီး သူမသည် သူမ၏ မိဘများနှင့်ပင် စကားပြောလျှင်ပင် ဤကဲ့သို့ လေသံမျိုး မဟုတ်ပေ။

လုအန်းကျီကလည်း ခေါင်းညိတ်ပြကာ “မင်္ဂလာပါ” ဟု နှုတ်ဆက်လိုက်ပြီး ယောင်တုန်းရှကလည်း သူတို့နှစ်ဦးကို ပြန်နှုတ်ဆက်၏။ သူမ၏ မျက်လုံးများမှာ စူးရှသော်လည်း ထိန်းချုပ်ထားပုံ ရကာ အခြားသူများကို ကြောက်ရွံ့စေသည်မှာ သူမ၏ မျက်လုံးများထက် သူမ ထုတ်လွှင့်နေသော အရှိန်အဝါကြောင့်သာ ဖြစ်လိမ့်မည်။

စုန့်ရှောင်ချင်းက တံခါးဖွင့်ပေးကာ ယောင်တုန်းရှအား အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး အိမ်ထဲသို့ ရောက်၍ ထိုင်သည်နှင့် ယောင်တုန်းရှသည် အချိန်ဆွဲခြင်း မရှိဘဲ “ကျွန်မ မြို့တော်က ဗဟိုရုပ်သံဌာနကို စုံစမ်းပြီးပါပြီ ‘အဆိုတော်၏ ခရီးစဉ်’ အစီအစဉ်က နောက်ဆုံး ပြင်ဆင်မှု အဆင့်ကို ရောက်နေပါပြီ နောက်ထပ် တစ်လဆိုရင် ပထမဆုံး တိုက်ရိုက် ထုတ်လွှင့်မှု စတော့မှာ ဖြစ်တဲ့အတွက် ရှင်တို့အတွက် အချိန်က အရမ်း နီးနေပါတယ်” ဟု ဆိုသည်ကာ သူမသည် ကိုယ်စားလှယ် လွှဲအပ်စာ နှစ်စောင်ကို ထုတ်ယူကာ

“ဒါက ကိုယ်စားလှယ် လွှဲအပ်စာတွေပါ ရှင်တို့ လက်မှတ်ထိုးပေးမယ်ဆိုရင် ဒီအစီအစဉ်နဲ့ ပတ်သက်တဲ့ ကိစ္စအားလုံး အပါအဝင် စာချုပ်ချုပ်ဆိုတဲ့ ကိစ္စတွေကိုပါ ကျွန်မက အပြည့်အဝ တာဝန်ယူ ဖြေရှင်းပေးပါ့မယ်”

“ဒါပေမဲ့ စာချုပ်ပါ အချက်အလက်တွေလိုမျိုး အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကျွန်မ ရှင်တို့ကို ဖုန်းဆက်ပြီး သဘောထား တောင်းခံပါ့မယ် ဒါက ရှင်တို့အတွက် အချိန်ကုန် သက်သာစေပြီး ပြင်ဆင်မှုတွေကိုပဲ အာရုံစိုက်နိုင်အောင်လို့ပါ ဒီအချက်အလက်တွေကို ဖတ်ကြည့်ပါ ကျွန်မကို ယုံကြည်တယ်ဆိုရင် လက်မှတ်ထိုးပေးပါ” ဟု ရှင်းပြ၏။

လုအန်းကျီနှင့် စုန့်ရှောင်ချင်းတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် လွှဲအပ်စာများကို ဖတ်ရှုခဲ့ကြပြီးနောက်

ထိုလွှဲအပ်စာမှာ ‘အဆိုတော်၏ ခရီးစဉ်’ အစီအစဉ်အတွက်သာ သက်ရောက်မှု ရှိသည်ကို တွေ့ရသဖြင့် လုအန်းကျီနှင့် စုန့်ရှောင်ချင်းတို့သည် ချက်ချင်းပင် လက်မှတ် ရေးထိုးပေးလိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် မစ္စယောင်” ဟု လုအန်းကျီက လက်မှတ်ထိုးပြီးသော စာရွက်ကို ပေးရင်း ပြောလိုက်ပြီး ဆုရှောင်ချင်းကလည်း သူမ၏ စာရွက်ကို ပေးလိုက်သည်။

ယောင်တုန်းရှက “ကိစ္စမရှိပါဘူး ဒါက ကျွန်မအတွက်တော့ သာမန် အလုပ်တွေပါပဲ ကဲ အခုတော့ ရှင်တို့ရဲ့ အစီအစဉ်ကို ပြောပြပါ ဒီပြိုင်ပွဲမှာ ဂုရုကျားဝမ်ကို ဘယ်လိုမျိုး တန်ပြန် တိုက်ခိုက်ဖို့ စဉ်းစားထားလဲ ဆိုတာ ကျွန်မ နားထောင်ချင်ပါတယ်” ဟု ဆိုလေသည်။

All Chapters