← Chapters

စမ်းချောင်းဝါလမ်းကြောင်း

Vol. 43 Ch. 595

စမ်းချောင်းဝါလမ်းကြောင်း

Vol. 43 Ch. 595

ဘီး

ကျန်းရီသည် ကျောက်တံခါးဆီသို့ လျှောက်သွားကာစ၌ အဖြူရောင်အလင်းက ချက်ချင်း ပေါ်လာလေတော့သည်။ မြင်ကွင်းက ရုတ်ခြည်းပြောင်းလဲသွားပြီး ကောင်းကင်က နှင်းဝေသော အလင်းရောင်တို့ဖြင့် မှောင်မှိုင်းမှိုင်း ဖြစ်နေလေသည်။ ခပ်ဝေးဝေးဆီသို့ ဆန့်တန်းနေသော လမ်းကြောင်းလေးတစ်ခုလည်း ရှိနေ၏။ ပတ်ဝန်းကျင်၌ မြင့်မားသော တောင်တန်းများသာ ရှိလွန်းနေကာ ကျောချမ်းဖွယ်ကောင်းလှပြီး ခေါင်းမွှေးများ ထောင်ထစေနိုင်၏။

“စမ်းချောင်းဝါလမ်းကြောင်းလား ”

ကျန်းရီသည် လမ်းကြောင်း၏ ဘယ်ဘက်ခြမ်းရှိ ကျောက်ပြားလေးကို သတိပြုမိလိုက်သည်။ သူ၏ဦးရေပြားများကို ထုံကျင်သွားစေသော ရှေးပုံစံ စကားလုံးသုံးလုံး ရှိနေသည်။ ဒါတမလွန်လောကလား။ မဟုတ်ရင် စမ်းချောင်းဝါ လမ်းကြောင်းဆိုပြီး ဘာကြောင့်ရှိနေမှာလဲ။

ချီ ချီ

ကျန်းရီက အခြေအနေကို လေ့လာနေစဉ် ကောင်းကင်ထဲ၌ အဖြူရောင်အလင်းတန်းက ရုတ်တရက် ဖျတ်ခနဲ ပေါ်လာတော့သည်။ မိုးကြိုးလုံးသဖွယ် ကောင်းကင်ကိုခွင်းလျက် ကောင်းကင်ထဲ၌ အပေါက်ကြီးတစ်ပေါက် ဖြစ်သွားစေတော့သည်။ အပေါက်ထဲမှ မှန်တစ်ချပ် ကျဆင်းလာပြီး သူ့ဆီရောက်လာတော့၏။

“အမ် ”

ကျန်းရီက သိချင်စိတ်ဖြင့် အစိမ်းရောင် ကြေးမုံကို ဆုပ်ကိုင်လိုက်ရာ ကောင်းကင်ထဲရှိ ထိုအပေါက်က လျင်မြန်စွာ ပျောက်ကွယ်သွားပြီဖြစ်သည်။ ကျန်းရီ၏စိတ်ထဲ၌ သတင်းစကားတစ်ခု ပေါ်လာတော့၏။

“ပထမဆုံး သုံးမှတ်စုဆောင်းနိုင်တဲ့အတွက် ဂုဏ်ပြုပါတယ်၊ သင် ထာဝရကြေးမုံကို ဆုရရှိပါပြီ”

“ထာဝရကြေးမုံ ”

ချီလောင်သည် ရတနာဆယ်မျိုးအကြောင်း သူ့ကိုပြောပြသည့်အချိန်၌ ထာဝရကြေးမုံက သူတို့ထဲမှ တစ်ခုဖြစ်ကြောင်း ကျန်းရီခပ်ရေးရေး မှတ်မိသည်။ သူက အလွန် ပျော်ရွှင်ကြည်နူးသည့် အမူအရာ ရှိလာ၏။ သူက အမှန်တကယ် ကံထူးနေတာပဲဖြစ်သည်။ သူအသက်အန္တရာယ်မှ လွတ်မြောက်ရန်အတွက် ဤနေရာသို့ ဝင်ရောက်လာခဲ့ပြီး ရတနာတစ်ခု အမှန်တကယ် ရသွား၏။

လူသားများက ရတနာများကို ကြိုက်နှစ်သက်သာ သဘာဝကျသည်။ အထူးသဖြင့် သိုင်းပညာရှင်များအတွက် ဖြစ်သည်။ ဤနေရာတွင် ရတနာများများစားစား မရှိကြောင်း သိသော်ငြား သူသည် နန်းတော်ထဲမှ ထွက်ပြီးနောက် အလိုက်ခံရမည်ဖြစ်သော်လည်း ထိုရတနာများထဲမှ တစ်ခုကို အမှန်တကယ် ရယူနိုင်ခဲ့ခြင်းကြောင့် သူအလွန် ပျော်ရွှင်နေသေးသည်။

ရတနာများ၌ မှော်ဆန်သော လုပ်ဆောင်ချက်များစွာရှိပြီး သေရေးရှင်ရေး အခြေအနေ၌ အသက်တစ်ချောင်းကို ကယ်တင်နိုင်လောက်သည်။ ဥပမာအနေဖြင့် ယခုအခေါက်တွင် သူသာမီးဝိညာဉ်ပုလဲ ရှိမနေခဲ့လျှင် ယခုလောက်ဆို မီးတောင်ချော်ရည်ကြောင့် ပြောင်းလဲသွားပြီဖြစ်သည်။

မီးတောင်ချော်ရည်ထဲ ပြုတ်ကျပြီးနောက် ယင်းက ရန်လိုသည့်ဖိအား တစ်စွန်းတစ်စမှ ပေါ်မလာဘဲ ရှိနေလိမ့်မည်ဟု သူမထင်ထားပေ။ သိသာခဲ့လျှင် သူက ဝေဒနာခံစားနေမှာမဟုတ်ဘဲ လျိုမြောင်ထဲ ခုန်ချပြီး မျက်တောင်ခတ်စာ အနည်းငယ်အတွင်း ကူကယ်ရာမဲ့တံတားကို ဖြတ်ကျော်လိုက်မှာပဲဖြစ်သည်။

ထိုအကြောင်းကို တွေးမိသည့်အချိန်၌ ယင်းကအင်မတန် ပုံမှန်ဖြစ်နေကြောင်း ခံစားမိလိုက်သည်။ မည်သူကများ မီးဝိညာဉ်ပုလဲလို အခြေခံအကျဆုံးလက်နက် ရှိနေလိမ့်မည်နည်း။ ကောင်းကင်ဧကရာဇ်တစ်ပါး၏ နတ်ဘုရားဒိုင်းကာတောင် သူတို့ကိုချက်ချင်း လောင်မျိုက်စေနိုင်သော မြေကမ္ဘာမီးကို ဟန့်တားနိုင်မှာမဟုတ်ပေ။ သာမာန်လူများအတွက် ကူကယ်ရာမဲ့ တံတားအောက်၌ ကြောက်မက်ဖွယ်ကောင်းသော ဖိအားနှင့် ကန့်သတ်ချက်တို့အောက်တွင် မနေနိုင်တာ သဘာဝကျသည်။

“ဟား ဟား ကူကယ်ရာမဲ့တံတားကို ဖြတ်ကျော်ရကျိုး နပ်တာပဲ အနည်းဆုံးတော့ ငါ့ရဲ့မိုးနဲ့မြေ တစ်သားတည်း ပေါင်းစည်းခြင်းက တစ်ဆင့်တက်သွားပြီ ”

ကျန်းရီကသူသည် ကူကယ်ရာမဲ့တံတားပေါ် လျှောက်လာပြီး မိုးနှင့်မြေ တစ်သားထဲ အခြေအနေသို့ ရုတ်တရက် ဝင်ရောက်သွားသည့် အခြေအနေကို ပြန်တွေးလိုက်သည်။ သူက နောက်ထပ် အထင်ကြီးလောက်ဖွယ် အပြုံးမျိုးကို ပြုံးလိုက်လေ၏။ ထိုထူးဆန်းသော အခြေအနေ၏ နားလည်သဘောပေါက်မှု တိုးလာသည်ဟု ခံစားမိလိုက်သောကြောင့်ဖြစ်သည်။ ထိုအခြေအနေထဲရှိ ကျွမ်းကျင်မှုက သူ့ကိုကောင်းကျိုးများစွာ ဆောင်ယူလာလိမ့်မည်ဟု သူမသိခဲ့ပေ။ သို့သော်ယင်းက ကောင်းမွန်သည့် အရည်အချင်းတစ်ရပ်ဖြစ်တာ သေချာ၏။

“ဒီလောက်ထိ တွေးမနေတော့ဘူး၊ ဒီထာဝရကြေးမုံကို အရင်သန့်စင်လိုက်မယ်၊ ရက်စက်တဲ့ စမ်းချောင်းဝါလမ်းကြောင်းက ပိုအန္တရာယ်များမှာ သေချာတယ်၊ ငါ့ကိုပေးလာတဲ့ ရတနာတိုင်းက ရှင်သန်ဖို့ နောက်ထပ်အခွင့်အရေး ပေးလောက်တယ် ”

ကျန်းရီက အတွေးများကို ရုပ်သိမ်းလိုက်၏။ တင်ပျဉ်ခွေချိတ်ထိုင်ကာ သူ့လက်ထဲ၌ လက်ဝါးအရွယ်အစားခန့်ရှိ ကြေးနီကြေးမုံတစ်ချပ်ကို ထားလိုက်တော့သည်။ ပြီးနောက် အတွင်းအားများကို လှည့်ပတ်ပြီး စတင်သန့်စင်တော့သည်။

ထိုထာဝရကြေးမုံက ပိုင်ရှင်မရှိသည့် လက်နက်ဆိုတာ သိသာနေ၏။ အကြောင်းမှာ သန့်စင်ခြင်းဖြစ်စဉ်က အလွန်ချောမွေ့နေသောကြောင့်ဖြစ်သည်။ ကျန်းရီက ၎င်း၏သုံးပုံတစ်ပုံကို သန့်စင်ရန် တစ်နာရီမျှသာ အချိန်ယူလိုက်ရပြီး ထာဝရကြေးမုံ၏ သုံးပုံတစ်ပုံက အဖြူရောင်အလင်းတန်း ထွက်ပေါ်လာတော့သည်။ ကြေးမုံတစ်ချပ်လုံးက ရောင်ခြည်ဖြာထွက်လာပြီးသည်နှင့် အပြည့်အဝ သန့်စင်ပြီးသွားမှာပဲဖြစ်သည်။

“အမ် ”

ထိုစဉ်ကျန်းရီက အေးစက်သည့် လေထုကို ရုတ်တရက် ခံစားမိလိုက်သည်။ ယင်းက အင်မတန် အေးစက်နေတာ မဟုတ်သည့်တိုင် သူ့ကို တုန်ယင်သွားစေ၏။ သူ၏စိတ်ဝိညာဉ်က သတိအနေအထား ဖြစ်လာသည်။ သေစေနိုင်သော အန္တရာယ်က ချဉ်းကပ်လာသည့်ပမာ သူ၏စိတ်ဝိညာဉ်က သတိအနေအထား ဖြစ်သွား၏။

ကျန်းရီ၏ မျက်လုံးက ရုတ်တရက် ပွင့်သွားချိန်တွင် သူကဓားသွားကဲ့သို့ မျက်ဝန်းများဖြင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့သည်။ သူ၏လက်ထဲ၌ မီးနဂါးဓားပေါ်လာပြီး စုပ်ယူခံထားရသော မြေကမ္ဘာမီးများကလည်း သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့၏။

သို့သော်သူက ကြည့်လိုက်သော်ငြား ဘာကိုမှ မမြင်ရပေ။ ဧရိယာတစ်ဝိုက်ကို ကောင်းကင်စိတ်အာရုံက စစ်ဆေးနေခဲ့သည်။ သို့သော်သူဘာကိုမှ ရှာမတွေ့ပေ။ ရင်ထဲရှိ တင်းမာမှုက ပိုပြင်းထန်လာပြီး ကြက်သီးမွေးညင်းများ ထောင်ထကုန်၏။

ချီ ချီ

သူက အရာအားလုံးကို လွှမ်းခြုံထားသည့် မြေကမ္ဘာမီးကို ထုတ်ဖော်ပြီး အကြိမ်အနည်းငယ် လွှဲယမ်းလိုက်တော့၏။ ဒေါသတကြီးဖြင့် မျက်လုံးပြူးကျယ်စွာ ဖွင့်ထားလျက် ဟိန်းဟောက်လိုက်တော့သည်။

“မင်းဘယ်မှာလဲ နတ်ဆိုးကောင် မြန်မြန်ထွက်လာစမ်း ”

ဖုန်း

မီးနဂါးကောင်ရေ အချို့က ဝှီးခနဲပေါ်ထွက်လာပြီး တစ်ဖက်တစ်ချပ်ရှိ တောအုပ်ဆီသို့ တိုးဝင်သွားတော့သည်။ ဧရာမ တွင်းနက်ကြီးများက မြေပြင်၏ မျက်နှာပြင်ပေါ်တွင် ပေါ်လာရာ ဖုန်မှုန့်များ တစ်ထောင်းထောင်းထစေပြီး ရွှံ့စများ ကျောက်ခဲများကို လွင့်စင်သွားစေတော့သည်။

ဝှစ်

နတ်ဆိုးက နောက်ဆုံး၌ ရုတ်တရက် ပေါ်လာပြီး စူးရှသည့် အသံတစ်သံဖြင့် အော်တော့သည်။ လေထဲရှိ လေဟာနယ်နှင့်မြေက တစ်စစီဖြစ်သွားပြီး အဖြူရောင် ပုံရိပ်တစ်ရိပ်က ပေါ်လာကာ ကျန်းရီဆီသို့ ဖျတ်ခနဲ ဝင်လာတော့သည်။

“ဒီမသတီစရာ ကောင်းတဲ့ဟာကြီးက ဘာကြီးလဲ ”

ထူးဆန်းသော သတ္တဝါကို မြင်တွေ့သည့်အချိန် ကျန်းရီ၏ တစ်ကိုယ်လုံးက တုန်ယင်သွားပြီး ဦးရေပြားများ ထုံကျင်ကုန်၏။ မျက်ဝန်းတို့က ကျုံ့သွားလျက် သူ့ဘဝတွင် ကြောက်မက်ဖွယ်အကောင်းဆုံး သတ္တဝါကို မြင်တွေ့လိုက်ရတာပဲဖြစ်သည်။

ထိုသတ္တဝါသည် ရုပ်ခန္ဓာမရှိဘဲ ဝိညာဉ်တစ်ကောင်ကဲ့သို့ ဖောက်ထွင်းမြင်နေရသည်။ ကိုယ်ထဲက လက်တစ်ချောင်းအထူ အရွယ်အစားဖြင့် အလွန်သေးပေ၏။ မိချောင်း၏ခေါင်းမျိုး ရှိသော်ငြား လောက်ကိုယ်ထည်မျိုးဖြင့် ခြေထောက်မရှိပေ။ တစ်ကိုယ်လုံးက အဖြူရောင်ဖြစ်နေပြီး မျက်လုံးများက နီနေ၏။ ပါးစပ်ထဲရှိ ချွန်ထက်သောသွားများက ကျောစိမ့်သွားစေနိုင်ပြီး အရှိန်ကမူ အမြင့်ဆုံးအဆင့် ဗာဂျရာနယ်ပယ် သိုင်းပညာရှင်တစ်ဦးနှင့် ယှဉ်နိုင်သည်။ မျက်တောင်တစ်ခတ်အတွင်း ကျန်းရီ၏ မျက်ခုံးနှစ်ခုကြားဆီသို့ ရောက်လာတော့သည်။ သူကမြေကမ္ဘာမီး ကာကွယ်မှုကို ထိုးဖောက်လျက် သူ၏ခေါင်းနှင့်ဝင်ရန် ကြိုးစားနေတော့၏။

ဘီး

ထိုစဉ် ကျန်းရီ၏ မီးဝိညာဉ်ပုလဲက တောက်ပလာပြီး ဆန်းကြယ်သောစွမ်းအင်များ ကူးပြောင်းပေးလိုက်ရာ သူ၏ဓားပုံသဏ္ဍန် ဝိညာဉ်စွမ်းအားက ရွှေရောင်အလင်းဖြင့် အားဖြည့်ပေးခြင်း ခံလိုက်ရတော့သည်။ ကျန်းရီသည် အကြောက်တရားမှ သတိဝင်လာပြီး သူ၏ဦးနှောက် ထိုးဖောက်ခံလိုက်ရခြင်း မရှိသည်ကို သတိပြုမိသည့် အချိန်၌ စိတ်သက်သာရာ ရသွား၏။ ထိုသရဲတစ္ဆေဆန်ဆန်အရာက သူ၏စိတ်ဝိညာဉ်ကို ဖြတ်သွားတာဖြစ်သည်။ ကျန်းရီက ကောင်းကင်စိတ်အာရုံဖြင့် သူ၏စိတ်ဝိညာဉ်ကို အမြန်စစ်ဆေးကြည့်လိုက်သည်။

ချီ ချီ

မိချောင်းခေါင်းသတ္တဝါက ကျန်းရီ၏ အသိစိတ်နားတစ်ဝိုက်တွင် ဝိညာဉ်တစ်ကောင်ပမာ လှည့်လည်နေပြီး ချက်ချင်းပင် သူ၏ဓားပုံစံ စိတ်ဝိညာဉ်ကို တိုက်ခိုက်တော့သည်။ မီးဝိညာဉ်ပုလဲမှ စွမ်းအင်သာ သူ့ကိုကာကွယ်မပေးထားလျှင် သူ၏စိတ်ဝိညာဉ်က ဖျက်ဆီးခံရပြီးဖြစ်မှာပင်။

“ဒီတစ္ဆေသရဲဆန်ဆန်ဟာက မြေကမ္ဘာမီးကိုတောင် အမှုမထားဘူးလား ငါ့ရဲ့စိတ်ဝိညာဉ်ထဲ တိုက်ရိုက်ဝင်ရောက်နိုင်တာလား ငါ့ရဲ့စိတ်ဝိညာဉ်ကို စားသုံးဖို့ ကြိုးစားနေတာများလား ”

ကျန်းရီက ကြောက်ရွံ့လာပြီး ထိုမိချောင်းခေါင်း သတ္တဝါက သူ့စိတ်အတွင်းရှိ စိတ်ဝိညာဉ်ကို တိုက်ခိုက်နေတော့သည်။ သူကကူကယ်ရာမဲ့လျက် ကြည့်သာကြည့်နိုင်တော့သည်။

ချီ ချီ

မိချောင်းခေါင်းသတ္တဝါသည် ဓားပုံစံ ဝိညာဉ်စွမ်းအင်ဖြင့် ထပ်မံခုန်အုပ်လာပြန်ရာ ကျန်းရီ၏ စိတ်ဝိညာဉ်ကို ထပ်ခါထပ်ခါ တုန်ယင်စေပြီး သူ၏ခန္ဓာကိုယ်က တစ်ချိန်ထဲတွင် ယိမ်းယိုင်သွားတော့၏။ နာကျင်လွန်းသောကြောင့် ကျန်းရီ၏ နဖူး၌ ချွေးစေးများ ပြန်နေလေသည်။ မိချောင်းခေါင်းသတ္တဝါသည် တိုက်ခိုက်ပြီးတိုင်း ကျုံ့သွားတာကို သတိပြုမိသည့်အချိန်၌ ကျန်းရီပျော်ရွှင်သွားတော့၏။ မူလက လက်မအရွယ်အစားခန့် ရှိနေသော်ငြား ယခုမူ လက်သန်းအရွယ်အစားခန့်ထိ ကျုံ့သွားပြီဖြစ်သည်။ သူကအချက်ရေ အနည်းငယ် တိုက်ခိုက်ပြီးနောက် ပျောက်ကွယ်သွားနိုင်လောက်သည်။

ဖုန်း ဖုန်း ဖုန်း

မိချောင်းခေါင်းသတ္တဝါက ကျန်းရီ၏ စိတ်ဝိညာဉ်ပင်လယ်နားတစ်ဝိုက် ပျံသန်းလာပြီး ဓားပုံစံ စိတ်ဝိညာဉ်ကို ဆက်တိုက် တိုက်ခိုက်လိုက်ရာ နာကျင်မှုကြောင့် ကျန်းရီ၏ပါးစပ်ကို ရှုံ့မဲ့သွားစေတော့သည်။ သုံးကြိမ်သုံးခါတိုင်တိုင် ဆက်တိုက် တိုက်ခိုက်ခံရပြီးနောက် မိချောင်းခေါင်းသတ္တဝါသည် နောက်ဆုံး၌ ပျောက်ကွယ်သွားတော့၏။ ကျန်းရီ၏ စိတ်ဝိညာဉ်အတွင်းရှိ ရွှေရောင်အလင်းလည်း ပျောက်ကွယ်သွားပြီး သူ၏စိတ်ဝိညာဉ်ပင်လယ်က သောကဝေဒနာ ကင်းဝေးသွားတော့သည်။

“ကပ်သီလေးပဲ ”

ကျန်းရီက မျက်လုံးဖွင့်ပြီး သူ့နဖူးပေါ်ရှိ ချွေးစေးများကို သုတ်လိုက်တော့သည်။ ပြီးနောက် မီးဝိညာဉ်ပုလဲကို ညင်သာစွာ ထိလိုက်လေ၏။ မီးဝိညာဉ်ပုလဲကြောင့်သာ မဟုတ်လျှင် သူသေနေလောက်ပြီဖြစ်သည်။ သူ့စိတ်ဝိညာဉ်၏ မာကြောမှုဖြင့် အနည်းဆုံးတော့ ပြင်းထန်သည့်ထိခိုက်မှု ပြိုလဲမှုကို ခံစားရလောက်သည်။

“မီးဝိညာဉ်ပုလဲက ဘယ်အဆင့်မှာ ရှိတာလဲ ဘာကြောင့်ဒီလောက် အစွမ်းထက်နေရတာလဲ မီးတွေအားလုံးကို ဒဏ်ခံနိုင်ရုံတင်မကဘူး စိတ်ဝိညာဉ်ကိုလည်း ကာကွယ်ပေးနိ်ုင်တယ် ကန့်သတ်ချက် တစ်ဝက်ပဲရှိတယ် မီးနဂါးဓားပဲ ကန့်သတ်ချက်တွေသာ အပြည့်အဝ ပြန်ကောင်းသွားမယ်ဆိုရင် ဒီမီးနဂါးက ဘယ်လောက်တောင် အစွမ်းထက်မလဲ မီးနဂါးဓားကရော သာလွန်သူတော်စင် လက်နက်များလား ဒါမှမဟုတ် အတုအယောင် နတ်ဘုရား လက်နက်များလား ”

ကျန်းရီက မီးနဂါးဓားနှင့် မီးဝိညာဉ်ပုလဲကိုကြည့်ပြီး စိတ်ရှုပ်ထွေးသွားလေ၏။ ချီလောင်ကသူ့ကို အပြင်လောက၏ လက်နက်များအကြောင်း မိတ်ဆက်ခဲ့ပြီးဖြစ်ကာ သူတော်စင်လက်နက်များက တွေ့နေကျဖြစ်သည်။ ဗာဂျရာနယ်ပယ် သိုင်းပညာရှင်များအားလုံးက သူတို့ကိုပိုင်ဆိုင်ရန် စိတ်အားထက်သန်နေကြ၏။

သူတော်စင်လက်နက်များထက် ကျော်လွန်သည်က သာလွန်သူတော်စင်လက်နက်ဖြစ်ပြီး ပိုတန်ဖိုးကြီးသည်။ ကျန်းရီ၏ ဧကရီနန်းတော်က သာလွန်သူတော်စင် လက်နက်ဖြစ်ပြီး ကျူးဆွေ့က မြင်ရုံနှင့် လုယူချင်ခဲ့တာပဲဖြစ်သည်။

သာလွန်သူတော်စင် လက်နက်က အတုအယောင် နတ်ဘုရားလက်နက်ဖြစ်ပြီး အင်မတန် ရှားပါးကာ အစွမ်းထက်၏။ မဟာမျိုးနွယ်စု နှစ်စုကြားရှိ အချင်းများမှုကို အပိုင်းအစတိုင်းက ဖိတ်ခေါ်နိုင်စွမ်းရှိသည်။ ထိုကဲ့သို့သော လက်နက်မျိုးကို ကောင်းကင်ဧကရာဇ် ကိုးပါး၏ မျိုးနွယ်စု သို့မဟုတ် ရှေးမင်းဆွေမင်းမျိုး မျိုးနွယ်စုကသာ ပိုင်ဆိုင်နိုင်မှာပဲဖြစ်သည်။

အမှန်ပင်ဖြစ်ပေ၏။ ဒဏ္ဍာရီထဲတွင် အတုအယောင် နတ်ဘုရားလက်နက်ကို ကျော်လွန်သည့် နတ်ဘုရားလက်နက်များ ရှိသည်။ ဥပမာအနေဖြင့် ဆန်းကြယ်နတ်ဘုရား ဓားမှော်နှင့် ဆန်းကြယ်နတ်ဘုရား သံချပ်ကာတို့ဖြစ်သည်။ သို့သော်အားလုံးက ဒဏ္ဍာရီပုံပြင်များသာဖြစ်ရာ သူတို့ကို မည်သူမှ မတွေ့ဖူးပေ။ ကောင်းကင်ဧကရာဇ်နယ်နိမိတ်၌ အုပ်စိုးနေသော ဧကရာဇ်ကိုးပါးတောင် သူတို့ကို မပိုင်ဆိုင်ချေ။

မီးဝိညာဉ်ပုလဲက သူတော်စင်လက်နက်ထက် ပိုသန်မာတာ သိသာပြီး ဖောက်ထွင်းမြင်နေရသော သူတော်စင်လက်နက် ဖြစ်နိုင်၏။ ကျန်းရီက အတုအယောင် နတ်ဘုရားလက်နက် ဖြစ်နေလိမ့်မည်ဟု တွေးတောင်မတွေးမိပေ။ ကောင်းကင်ကြယ်တာရာ နယ်မြေသည် အတုအယောင် နတ်ဘုရားလက်နက်တစ်ခု ရှိရန်မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

***

All Chapters