ထူးဆန်းသောလီခိုင်!
Vol. 82 Ch. 1217
အချိန်က အမှတ်တမဲ့ကုန်လွန်သွား၏။
တစ်ခါတလေ တစ်လကကြာသော်လည်း...
တစ်ခါတလေ မသိလိုက်ဘဲကုန်လွန်သွားသည်။
ဟွားဆေးရုံ_
ဝန်ကြီးလုက ဌာနအချက်အလက်များကြည့်နေစဉ် အတွင်းရေးမှူးရောက်လာပြီး အစီရင်ခံသည်_
"ဝန်ကြီးလု.. ဆေးပင်နောက်ဆုံးအသုတ်ရောက်ပြီ''
"ရောက်ပြီလား?''
ဝန်ကြီးလုဝမ်းသာသွားသည်။
လွန်ခဲ့သောတစ်လက ရုံချန်းဆေးရုံတွင် သက်တမ်းရင့်ဆေးပင်များနှင့်ဖော်သော သူဌေးချင်၏ယွီဖေးဆေးအာနိသင်ကိုအတည်ပြုပြီးနောက် သက်တမ်းရင့်ဆေးပင်များလိုက်ဝယ်ခိုင်းခဲ့သည်။
ထိုဆေးပင်များကို သက်တမ်းနှင့်တွက်ချက်ရန်သာလိုသည်။ ၃ နှစ်၊ ၅ နှစ်လောက်နှင့်မရ။ သက်တမ်းပိုရင့်ရမည်။
နောက်ပြီး သူဌေးချင်ထက်ပိုကောင်းသောယွီဖေးဆေးကို ဟွားဆေးရုံတွင်ရှိစေချင်သောကြောင့် သက်တမ်းအရင့်ဆုံးဆေးပင်များရှာသည်။
ဒီလိုဆေးပင်များကို ကမ္ဘာအနှံ့ရှာခြင်း၊ ပျံကျဆေးဆိုင်များမှဝယ်ယူခြင်း၊ တရုတ်တိုင်းရင်းဆေးမိသားစုများကိုစုံစမ်းခြင်းမှရသည်။
တစ်လအတွင်း စျေးကွက်ထဲရှိသက်တမ်းအရင့်ဆုံးဆေးပင်များကိုရထားသည်။
အခု နောက်ဆုံးပါဝင်ပစ္စည်းရောက်လာပြီ။
သူကချက်ချင်း တော်ဝင်ပညာရှင်သုန့်ကိုဖုန်းဆက်လိုက်သည်။
တော်ဝင်ပညာရှင်သုန့်ကဆေးပင်များတွေ့သောအခါ_
"အားလုံးရောက်ပြီလား? ဒါဆို ယွီဖေးဆေးဖော်လို့ရပြီပေါ့''
"အင်း.. ဒီတစ်ခါ သူဌေးချင်ထက်ပိုကောင်းတဲ့ဆေးဖော်နိုင်မှာပဲ ဟုတ်တယ်မလား?''
ဝန်ကြီးလုကပြုံးပြုံးနှင့်ပြောသည်။
သူဌေးချင်က အရမ်းကောင်းတဲ့တော်ဝင်ဆေးစွပ်ပြုတ်လုပ်နိုင်ပေမဲ့ သူတို့လုပ်တာက အာနိသင်နည်းနည်းသာရခဲ့သည်။
ဒါအရှိုက်ထိသည်။
နောက်ဆုံးတော့ စားပွဲလှန်နိုင်မယ့်အခွင့်အရေးရလာပြီ။
တော်ဝင်ပညာရှင်သုန့်က အချိန်ဖြုန်းမနေ။ ဆေးပင်များကိုဓာတ်ခွဲခန်းသယ်စေပြီး ယွီဖေးဆေးဖော်ရန်ပြင်ဆင်သည်။
အချိန်ယူ၍ယွီဖေးဆေးပြင်ဆင်ပြီးနောက် တော်ဝင်ပညာရှင်သုန့်က ဝန်ကြီးလုကိုအစီရင်ခံသည်။
ဝန်ကြီးလုကချက်ချင်းရောက်လာပြီး ညွှန်ကြားသည်_
"ပြီးသွားပြီလား? မြန်မြန်စမ်းသပ်ကြည့်ရအောင်... ကျုပ်လူနာရှာပေးမယ်''
တော်ဝင်ပညာရှင်သုန့်ကခေါင်းညိမ့်ပြီး လက်ထောက်တချို့ခေါ်လိုက်သည်။ ထို့နောက် ယွီဖေးဆေးကိုစစမ်းသပ်သည်။
သူ့မျက်နှာမှာ စိတ်လှုပ်ရှားနေသည်။ သူဌေးချင်ရဲ့သက်တမ်းရင့်ဆေးပင်တွေနဲ့ယွီဖေးဆေးက အာနိသင်ကောင်းသည်။
စျေးကွက်ထဲကသက်တမ်းအရင့်ဆုံးဆေးပင်တွေနဲ့ဖော်တဲ့ယွီဖေးဆေးမှာ ဘယ်လိုအာနိသင်မျိုးရှိမလဲ?
ထိုမျှော်လင့်ချက်က စမ်းသပ်ရင်း တဖြည်းဖြည်းဝေဝါးလာ၏။
တော်ဝင်ပညာရှင်သုန့်က သူဌေးချင်ရဲ့စမ်းသပ်ချက်ကိုမြင်ဖူးသောကြောင့် စိတ်ထဲမှာမှတ်ထားသည်။ ထို့ကြောင့် အချက်အလက်ကိုမြင်မြင်ချင်း သူစိတ်ထဲတွင်အလိုလိုနှိုင်းယှဉ်မိသည်။
သူအရင်စမ်းသပ်ထားသောအချက်အလက်က သူဌေးချင်သက်တမ်းရင့်ဆေးပင်များနှင့်ဖော်ထားသောယွီဖေးဆေးထက်အများကြီးနိမ့်နေသောကြောင့် အံ့ဩသွားသည်။
"ဘယ်လိုဖြစ်လို့လဲ?''
တော်ဝင်ပညာရှင်သုန့်မျက်နှာမဲသွားပြီး ဘေးမှလက်ထောက်များကိုတန်းမေးသည်_
"စမ်းသပ်ချက်ဘယ်လိုလဲ?''
လက်ထောက်များက ချက်ချင်းပြန်ဖြေ၏_
"တော်ဝင်ပညာရှင်သုန့်.. အချက်အလက်တချို့တွေ့ထားပါတယ်''
"ကျွန်တော်လည်း စမ်းသပ်တွေ့ထားတယ်''
"ကျွန်တော်တာဝန်ခံထားတဲ့အချက်အလက်လည်း အတူတူပဲ!''
"စမ်းသပ်ထားတာတွေအကုန်ပေးပါ''
တော်ဝင်ပညာရှင်သုန့်ကတန်းပြောသည်။
လက်ထောက်များက အချက်အလက်ကိုအကျဉ်းချုပ်ပြီး တော်ဝင်ပညာရှင်သုန့်ကိုပို့ပေးသည်။
တော်ဝင်ပညာရှင်သုန့်က အချက်အလက်ကြည့်ပြီး မျက်နှာပိုပျက်သွားကာ_
"မဖြစ်သင့်ဘူး''
ဒီဂဏန်းတွေက သူဌေးချင်လောက်မကောင်း၊ ပိုတောင်နည်းသေးသည်။
သူအမှားလုပ်မိပြီထင်သည်။
ဒါပေမဲ့ လူတစ်ယောက်အမှားလုပ်မိတယ်ဆိုရင်တောင် ဒီလောက်လူတွေအများကြီးမှားဖို့မဖြစ်နိုင်။
တနည်းပြောရရင် စျေးကွက်ထဲကသက်တမ်းအရင့်ဆုံးဆေးပင်တွေနဲ့ဖော်တဲ့ယွီဖေးဆေးက သူဌေးချင်ဖော်တဲ့ဆေးထက်အာနိသင်နည်းနေသည်။
ဝန်ကြီးလုလည်းသတင်းရပြီး မယုံနိုင်ပုံနှင့်_
"ဘာလို့ဒီလိုဖြစ်ရတာလဲ?''
တော်ဝင်ပညာရှင်သုန့်ကခေါင်းခါပြီး_
"မသိသေးဘူး... ပြဿနာတော့ရှိရမယ်... စီနီယာချူချင်းဖုန်းကိုမေးကြည့်ပါဦး... သူကတရုတ်တိုင်းရင်းဆေးဦးဆောင်သူဆိုတော့ အကြောင်းရင်းသိချင်သိမှာ''
ဝန်ကြီးလုကခေါင်းညိမ့်ပြီး ချူချင်းဖုန်းကိုခေါ်လိုက်သည်။ သူရောက်လာသည်နှင့် အားလုံးရှင်းသွားသည်။
"ဝန်ကြီးလု တော်ဝင်ပညာရှင်သုန့်''
ချူချင်းဖုန်းက ပြုံးပြီးမေးသည်_
"သူဌေးချင်ရဲ့ဆေးပင်တွေက ပိုသက်တမ်းရင့်လို့များလား?''
ဝန်ကြီးလု: ” ဟူး! ”
တော်ဝင်ပညာရှင်သုန့်: ''ကျွတ် ကျွတ်!''
ထိုအမေးကြောင့် နှစ်ယောက်သားကြောင်သွားသည်။
သူတို့ဆေးက သူဌေးချင်ဆေးထက်ဘာကြောင့်ညံ့လဲသာစဉ်းစားနေသည်။ သူဌေးချင်ရဲ့ဆေးပင်တွေလောက်သက်တမ်းမရင့်ဟုမတွေးမိ။
နှစ်ယောက်သား ထိုအတွေးကိုဖျက်ထားကြသည်။
ဒါကိစ္စမရှိနိုင်ဟူ၍။
အကြောင်းမှာ သူတို့အဆက်အသွယ်ကို သူဌေးချင်ယှဉ်နိုင်မည်မဟုတ်ပေ။
စျေးကွက်ထဲကသက်တမ်းအရင့်ဆုံးကို သူတို့ဝယ်ထားမှတော့ သူဌေးချင်ကဒီထက်သက်တမ်းရင့်တာမဝယ်နိုင်။
နောက်ပြီး အချက်အလက်ကကွာလွန်းသည်။
သူဌေးချင်ရဲ့ဆေးပင်တွေ ဒီအဆင့်ထိရောက်တာ သက်တမ်းဘယ်လောက်များရှိမလဲ?
"စီနီယာချူ.. တခြားဖြစ်နိုင်ခြေမရှိဘူးလား?''
ဝန်ကြီးလုကမေးပြန်သည်။
ချူချင်းဖုန်းကခေါင်းညိမ့်ပြီးရှင်းပြသည်_
"တရုတ်တိုင်းရင်းဆေးက အရမ်းတိကျတယ်... ဆေးနည်းချင်းအတူတူ ဖော်တဲ့သူမတူရင် အာနိသင်ကွာနိုင်တယ်''
"ခင်ဗျားတို့ဖော်တဲ့ယွီဖေးဆေးက သူဌေးချင်ကိုမမီဘူးဆိုတော့ သူဌေးချင်ရဲ့ဆေးအာနိသင်ထိန်းနိုင်စွမ်းက ခင်ဗျားတို့ထက်ပိုကောင်းလို့ဖြစ်မယ်''
"တရုတ်တိုင်းရင်းဆေးဖော်တဲ့အခါမှာ တစ်ခါတလေ ဆေးပစ္စည်းသဘာဝကြောင့် နှစ်စက္ကန့်လောက်ကွာရင်တောင် အာနိသင်ကွာနိုင်တယ်... တချို့က သာမန်ဆေးပင်နဲ့ဖော်ပေမဲ့ သက်တမ်းရင့်ဆေးပင်တွေနဲ့ဖော်တဲ့သူထက်ပိုကောင်းနိုင်တယ်''
"ဒီလိုအနုစိတ်ကို လူတိုင်းမလုပ်နိုင်ဘူး.. သူဌေးချင်ရဲ့တရုတ်တိုင်းရင်းဆေးပညာကိုယှဉ်နိုင်တဲ့သူမရှိဘူးဆိုတော့ သူများထက်ပိုကောင်းတဲ့ဆေးဖော်နိုင်တာ မဆန်းပါဘူး''
သူ့စကားက ချင်လင်ကိုချီးကျူးသောစကားဖြစ်သလို တရုတ်တိုင်းရင်းဆေးကိုချီးကျူးခြင်းလည်းဖြစ်သည်။