← Chapters

ထူးဆန်းသောလီခိုင်! ၂

Vol. 82 Ch. 1218

ထူးဆန်းသောလီခိုင်! ၂

Vol. 82 Ch. 1218

လက်ရှိအခြေအနေအရ ချင်လင်အဆင့်မြင့်လေလေ တရုတ်တိုင်းရင်းဆေးအဆင့်မြင့်လေလေဖြစ်နေသည်။ ဒီတော့မှ တရုတ်တိုင်းရင်းဆေးကိုပိုအာရုံစိုက်ခံရသည်။

အထူးသဖြင့် ဝန်ကြီးလုနှင့်တော်ဝင်ပညာသုန့်က ဖြစ်နိုင်သည်ဟုတွေးပြီးခေါင်းညိမ့်သည်။

နောက်ပြီး သူတို့အရှိုက်ထိရသည်။ ဘာပဲဖြစ်ဖြစ် အရင်က ယုံကြည်ချက်အပြည့်ရှိခဲ့ကြသည်။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား မြစ်ထဲငါးမျှားခိုင်းထားသည်။ မကြာမီ ငါးတစ်ကောင်ငါးစာလာဟပ်သည်။

(အန္တလန္တိတ်ငါးဖမ်းမိသည့်အတွက်ဂုဏ်ယူပါတယ်!)

အန္တလန္တိတ်ငါးထပ်မိသည်။

ဒီအတောအတွင်း အန္တလန္တိတ်ငါးများ သူမိထားသည်။ မိထားသောငါးများကိုရေကန်ထဲလှောင်ထား၏။

ဒီငါးတွေကိုအပြင်ထုတ်ရင် ခမ်းခမ်းနားနားငါးပင်လယ်ကြီးဖြစ်နိုင်သည်။

ဂိမ်းထဲတွင် အန္တလန္တိတ်ငါးတောင် ခိုးစားကြည့်ထားသည်။

မွေးမြူရေးခြံစားဖိုဆောင်မှာ ငါးအားလုံးပဲချက်စားမလား ဒါမှမဟုတ် အရင်ခုတ်ထားတဲ့တရုတ်ထင်ရှူးပင်တွေကိုပဲ မီးမွှေးမလား?

အရသာအရမ်းကောင်းသည်ဟုပြောရမည်။

စကားတစ်လုံးတည်းပြောရရင် မွှေးသည်။

နှစ်လုံးပြောရရင် အရမ်းမွှေးသည်။

ဒါကြောင့် 'အန္တလန္တိတ်ငါးက အရသာရှိလွန်းလို့မျိုးတုံးတဲ့အထိအစားခံရတယ်'လို့ ပြောကြခြင်းဖြစ်မည်။

ကိုယ်တိုင်စားကြည့်မှလျှောက်ပြောနေတာမဟုတ်မှန်းသိသည်။

ချင်လင်က ဂိမ်းဇာတ်ကောင်အား အန္တလန္တိတ်ငါးကိုရေကန်ထဲချစေသည်။ ဂိမ်းဇာတ်ကောင်အား ကမ်းခြေသွားပြီးငါးမျှားခိုင်းမည်အပြုတွင် ကျောက်မိုချင်းက ချင်ဖုန်းလေးပွေ့ပြီး ရုံးခန်းထဲရောက်လာသည်။

"ဖေဖေ ချီ.. ချီ.. ချီ!''

ချင်ဖုန်းလေးက ချင်လင်ကိုမြင်ပြီး လက်လှမ်းပေးသည်။

သန္ဓေအားဆေးကြောင့် ချင်ဖုန်းလေးက တခြားကလေးများထက်အတတ်မြန်သည်။

ချင်လင်လည်း ချင်ဖုန်းလေးကိုပွေ့လိုက်သည်။

ဒီကောင်လေးနှောင့်ယှက်လို့ သူတို့လင်မယားသိပ်မပျော်ရပေမဲ့ သူ့သားပဲဟုတ်။

ချင်ဖုန်းကို ချင်လင်ဆီပေးပြီးနောက် ကျောက်မိုချင်းက_

"နတ်သမီးပုံပြင်တောင်တစ်ချက်သွားကြည့်ရအောင်.. ကေဘယ်ကားဆောက်ပြီးပြီတဲ့''

"အင်း!''

ချင်လင်ကခေါင်းညိမ့်ပြီး ချင်ဖုန်းလေးကိုပွေ့၍ ကျောက်မိုချင်းနှင့်အတူ ရုံးခန်းအပြင်ထွက်လာသည်။

ပြည်တွင်းမှာ အခြေခံအဆောက်အဦတွေဘယ်လောက်အင်အားကောင်းလဲ? တကယ်တော့ အင်မတန်မှမရေရာသောကိစ္စဖြစ်သည်။

တောင်ပေါ်ဆေးရုံတချို့မှာ ရက်ပိုင်းနှင့်ပြီးသွားပြီး တချို့အဆောက်အဦများကိုလည်း အချိန်တိုအတွင်းပြီးနိုင်သည်။

သေချာပြောရမည်ဆိုလျှင် တစ်ခါတလေ အဖွဲ့အစည်းတစ်ခုဆောက်ရန် သုံးလေးနှစ်ကြာတတ်ပြီး အိမ်ခြံမြေဖွံ့ဖြိုးရေးဇုံဆောက်လျှင် ဆယ်နှစ်တောင်မပြီးနိုင်သေး။ ထို့ကြောင့် အိမ်ရာကြိုတင်ဝယ်ယူထားသူများ အထိနာတတ်သည်။

ချင်းလင်အပန်းဖြေစံအိမ်ဆောက်လုပ်ရေးနှုန်းကမူ အမြန်ဆုံးဖြစ်သည်။ ပထမအချက်၊ ရုံချန်းစီရင်စုအစိုးရက ကြီးကြပ်သည်။ ဒုတိယအချက်၊ ချင်းလင်စံအိမ်မှာ ငွေနှင့်လူအင်အားရှိသည်။ ငွေကုန်ကြေးကျခံနိုင်၍ မြန်ဆန်သည်။

ထို့ကြောင့် နတ်သမီးပုံပြင်တောင်ဆောက်လုပ်ရေးက အလွန်မြန်သည်။

ကေဘယ်ကားကိုအသုံးပြုနိုင်ပြီ။

ရုံချန်းဆောက်လုပ်ရေးနှင့်ချင်းလင်စံအိမ်အင်ဂျင်နီယာဌာနက လုပ်ငန်းပြဿနာမရှိကြောင်း၊အန္တရာယ်ကင်းကြောင်း အကြိမ်ကြိမ်အတည်ပြုထားသည်။

ရှေ့လျှောက် ချင်းလင်စံအိမ်အင်ဂျင်နီယာဌာနက ကေဘယ်ကားထိန်းသိမ်းရေးအတွက်တာဝန်ခံမည်။

ချင်လင်နှင့်ကျောက်မိုချင်းက နတ်သမီးပုံပြင်တောင်ခြေမောင်းသွားရာ ခပ်လှမ်းလှမ်းမှကေဘယ်ကားဧည့်ကြိုခန်းမကိုတွေ့ရသည်။

ဧည့်ကြိုခန်းမမှာ မိုးလုံလေလုံသစ်မာသားနှင့်ဝါးအဓိကသုံးထားသောကြောင့် ရှေးဆန်သည်။

အထူးဖြည့်စွက်ချက်ကြောင့် ကေဘယ်ကားအပြင်အဆင်အားလုံးမှာ ရိုးရှင်းသောပုံစံ၊အရောင်နှင့်ရှေးဆန်သည်။

ချင်လင်ရောက်သောအခါ ဧည့်ကြိုခန်းမထဲတွင် လင်းလန်ဇီက လူတချို့ခေါ်ထားပြီး သင်ကြားပေးနေသည်။

နတ်သမီးပုံပြင်တောင်မပြီးသေးသော်လည်း သက်ဆိုင်ရာဝန်ထမ်းများ၊ဝန်ဆောင်မှုပေးသူများကိုစုပြီးလေ့ကျင့်ပေးထားသည်။

အခုကေဘယ်ကားဆောက်ပြီးဖြစ်၍ အလုပ်သမားတချို့ကြိုဝင်နိုင်ပြီ။ ခန်းမကိုထိန်းသိမ်းရန်လည်းလိုသည်။

ချင်လင်နှင့်ကျောက်မိုချင်းကြည့်နေသောကြောင့် လင်းလန်ဇီကချက်ချင်းရောက်လာပြီးနှုတ်ဆက်သည်_

"သူဌေး.. မိုချင်း''

"အစ်မလန်ဇီ.. ချင်လင်နဲ့ကျွန်မ ကေဘယ်ကားတစ်ချက်သွားကြည့်မလို့''

ကျောက်မိုချင်းကပြောသည်။

လင်းလန်ဇီကခေါင်းညိမ့်ပြီး လူစီစဉ်ပေးသည်။

မကြာမီ ကေဘယ်ကားစစီးကြ၏။ လင်းလန်ဇီက ချင်လင်နှင့်ကျောက်မိုချင်းကိုအဖော်ပြုပြီး ကေဘယ်ကားထဲဝင်ကြသည်။ ကေဘယ်ကားစထွက်သည်နှင့် ဖြည်းဖြည်းချင်းတောင်ပေါ်ရွေ့လာသည်။

လင်းလန်ဇီက ကျောက်မိုချင်းပွေ့ထားသောချင်ဖုန်းလေးကိုကြည့်ပြီး လှမ်းမြှူသောကြောင့် ကလေးကတခစ်ခစ်ရယ်သည်။

တစ်နေရာရောက်သောအခါ သူမကမိတ်ဆက်ပေးသည်_

"သူဌေး.. နတ်သမီးပုံပြင်တောင်ပြီးလုနီးနီးဖြစ်တာ ရွက်ဖျင်တဲနဲ့အဆောင်အစီအစဉ်ကြောင့်ပဲ... လိုနေတာက နတ်သမီးပုံပြင်နွယ်တွေ''

"နတ်သမီးပုံပြင်နွယ်စိုက်ရင် ပတ်ဝန်းကျင်မှာတခြားစိမ်းစိမ်းစိုစိုအလှပင်တွေစိုက်မယ်... ညပိုင်း နတ်သမီးပုံပြင်နွယ်ကအလင်းပြန်တဲ့အခါ အဲဒီအပင်တွေကလည်းအရမ်းလှမှာ''

"ပြီးတော့ ညဘုရင်မစိုက်ဖို့နေရာလည်းချန်ထားတယ်... ရှင်ပျိုးထောင်ထားတဲ့ညဘုရင်မမျိုးစေ့ရရင် စိုက်လို့ရပြီ''

ချင်လင်ကခေါင်းညိမ့်ပြီး တောင်ကြားကိုကြည့်လိုက်သည်။

တောင်ကြားက အရင်နှင့်လုံးဝမတူတော့။ ဘေးနားမှမြစ်ကို စည်းရိုးကာထားသည်။

လုပ်ငန်းနေရာအသီးသီးကိုလည်း သူ့အပိုင်းနှင့်သူခွဲပြီး လိုအပ်သည်များကိုဒီဇိုင်းဖော်တည်ဆောက်ထားသည်။

ထိုနေရာတွင်ဆောက်ထားသောရွက်ဖျင်တဲများလည်းရှိသည်။ အားလုံးသေချာပြင်ဆင်ထားပြီး အလွန်လှသည်။

သေချာတည်ဆောက်ထားသောနတ်သမီးပုံပြင်တောင်ကိုအပေါ်စီးမှကြည့်ရတာ အလွန်ကြည့်ကောင်းသည်။ ဒီလိုနှင့် မျိုးပြောင်းအာကာသနွယ်နှင့်ညဘုရင်မက နေရာကျမည်။ အလင်းဖျော့ဖျော့ထွက်နေသောနတ်သမီးပုံပြင်တောင်က အလွန်ဆွဲဆောင်မှုရှိမည်။

ကေဘယ်ကားတောင်ပေါ်တက်လာစဉ် အောက်ကိုငုံ့ကြည့်ရာ တစ်တောင်လုံးကိုမြင်ရသည်။ တောင်ပေါ်နေရာအတော်များများကို တောလမ်းနှင့်ဆက်ထားသည်။

မကြာမီ ကေဘယ်ကားက တောင်ထိပ်ရောက်လာသည်။

တောင်ထိပ်ကိုလည်းဖွင့်ထားပြီး မူလမြေအနေအထားကြောင့် ကျယ်ကျယ်ပြန့်ပြန့်ရှိသည်။

ကျယ်ပြန့်သောမြေအဆုံးတွင် ကေဘယ်ကားရုံးရှိသည်။ ထိုကျယ်ပြန့်သောမြေပေါ် အမိုးတစ်ခုအောက်တွင် လင်းဟန်မှာ သူ့စီနီယာအစ်ကိုအစ်မများနှင့် ဒီဇိုင်းဆွဲရင်းအလုပ်ရှုပ်နေ၏။

နတ်သမီးပုံပြင်တောင်တခြားနေရာများတွင်ဒီဇိုင်းဆွဲပြီးအဆင်ပြေသလိုဆောက်နိုင်သော်လည်း တောင်ထိပ်နေထွက်ရှုခင်းကြည့်သောပန်းအိမ်နှင့်သစ်ပင်ဆောက်အဖွဲ့အစည်းက လုံးဝနာမည်ကြီးနိုင်သည်။

ထို့ကြောင့် အလွန်အလေးအနက်ထားပြီး စီနီယာအစ်ကိုအစ်မများနှင့်အားတက်သရောလုပ်သည်။

ချင်လင်၊ကျောက်မိုချင်းနှင့်လင်းလန်ဇီတို့ကိုတွေ့သောအခါ လင်းဟန်ကချက်ချင်းလာနှုတ်ဆက်သည်_

"ဥက္ကဌချင် ဥက္ကဌကျောက် ဥက္ကဌလင်း!''

ချင်လင်က ခေါင်းညိမ့်ပြသည်။ လင်းလန်ဇီ၊ကျောက်မိုချင်းနှင့်လင်းဟန်တို့က စကားပြောနေကြစဉ် ချင်လင်လည်းလျှောက်ပတ်ကြည့်သည်။

လင်းဟန်တို့အစီအစဉ်ကို သူမသိ။ တစ်နေရာတွင် စိုက်ပျိုးရေးဌာနဝန်ထမ်းများမှာ ပန်းအိမ်မျိုးစေ့စိုက်နေကြသည်။

ထိုနေရာအလွန်တွင် နေထွက်ရှုခင်းကြည့်ရန်တည်းခိုနေရာရှိသည်။

တောင်ထိပ်ပေါ်တွင် မလိုလားအပ်သောပြဿနာများမဖြစ်စေရန် ပန်းအိမ်တံခါးများကိုသေချာအာရုံစိုက်ရသည်။

ဘာပဲဖြစ်ဖြစ် ခရီးသည်အများစုကလှပြီး ကိုယ်လုံးကိုယ်ပေါက်ကောင်းသည်။

ဒီနေ့ခေတ်ယောက်ျားများက သူတို့နှင့်နှစ်ခါလောက်သောက်လျှင်ပင် သူတို့ကိုဆွဲဆောင်နေသည်ဟုထင်တတ်ကြသည်။ နည်းနည်းဆွဲဆောင်မှုရှိရှိဝတ်စားထားလျှင် ထိုအမျိုးသမီးကညှို့နေသည်ထင်ပြီး သူတို့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကကြွလာတတ်သည်။

ဒီလိုထူးဆန်းတဲ့ခရီးသည်တွေပါလာရင် ဘာပဲဖြစ်ဖြစ် ဒုက္ခရောက်တတ်သည်။

ဒီလိုရူးကြောင်ကြောင်ထင်တတ်တာ အမျိုးသားများတင်မဟုတ်။ အမျိုးသမီးလည်းရှိတတ်ပြီး ပြဿနာတက်နိုင်သည်။

ချင်လင်က တောင်စောင်းကိုကာပြီးစည်းရိုးအခိုင်အခံ့ဆောက်ထားသောနေရာဆီလျှောက်သွားသည်။

ထိုနေရာတွင်လည်း ပလက်ဖောင်းကြီးကြီးရှိပြီး စိုက်ပျိုးရေးဌာနဝန်ထမ်းများက ပန်းအိမ်စိုက်နေကြသည်။ ချိတ်ဆွဲထားသောခြင်းများ၊ ဒန်းများ၊ မျှော်စင်နှင့်တခြားအပြင်အဆင်များလည်းတွေ့ရသည်။

ထိုနေရာက နေထွက်ရာနှင့်နီးမှန်းတွေးကြည့်စရာမလို။ ခပ်လှမ်းလှမ်းတောင်ပေါ်မှနေထွက်သည်ကိုမြင်နိုင်သည်။

ထို့ကြောင့် ဂိမ်းထဲမှနတ်ဘုရားမတောင်ထိပ်ကို ချင်လင်သတိရသွားသည်။ ထိုနေရာတွင် နေထွက်သည်ကိုစောင့်ကြည့်နိုင်သည်။

ချင်လင်နှင့်ကျောက်မိုချင်းက ဆောက်လုပ်ရေးတိုးတက်မှုအခြေအနေကိုအကြမ်းဖျင်းကြည့်ပြီး တောင်ခြေကေဘယ်ကားစခန်းပြန်ကာ ချင်းလင်အပန်းဖြေစံအိမ်ပြန်လာသည်။

ချင်လင် ရုံးခန်းထဲပြန်ရောက်သောအခါ သူ့စိတ်ထဲမှဖန်သားပြင်ကြည့်ပြီး ဂိမ်းဆော့သည်။ ထိုစဉ် လီခိုင်ရောက်လာ၏။

"အစ်ကိုလီ.. ဒီနေ့အားလို့ရောက်လာတာလား?''

ချင်လင် နည်းနည်းအံ့ဩသွားသည်။ အခုတလော အစ်ကိုလီက ချင်းလင်ဓာတ်ခွဲခန်းမှာပဲတချိန်လုံးနေသည်။ သူ့ဆီလာခဲသည်။

လီခိုင်က ချင်လင်အား စာဖိုင်တထပ်ကြီးပေးရင်း_

"ညီလေးချင်.. ဒီစာဖိုင်တွေမှာ မင်းလက်မှတ်လိုတယ်... တန့်ကွမ်းက မင်းလက်မှတ်ထိုးဖို့ယူလာမလို့... ငါကြုံလို့ယူလာတာ''

ချင်လင်ကစာဖိုင်များယူပြီး တစ်ချက်ကြည့်လိုက်သည်။ အားလုံး ချင်းလင်ဓာတ်ခွဲခန်းနှင့်ဆက်စပ်နေသည်။ ကိစ္စကြီးကြီးမားမားမဟုတ်၊ စည်းမျဉ်းအရ သူဌေးဖြစ်သူ၏လက်မှတ်လိုခြင်းသာဖြစ်သည်။

ဒီလိုစည်းမျဉ်းမျိုးကို ကုမ္ပဏီတိုင်းမှာလိုအပ်သည်။

ချင်လင်ကဖတ်ကြည့်ပြီး ဘောပင်ယူကာ စာဖိုင်တစ်ခုချင်းလက်မှတ်စထိုးသည်။

လီခိုင်ကကြည့်ရင်း ထူးထူးဆန်းဆန်းမျက်နှာထားဖြစ်သွားသည်။ သူလည်း မျှော်လင့်စောင့်စားမိသည်။

All Chapters