လီခိုင်ရဲ့လှည့်ကွက်!
Vol. 82 Ch. 1219
လီခိုင်ထူးဆန်းနေသည်ကို ချင်လင်လုံးဝသတိမထားမိဘဲ စာဖိုင်များလက်မှတ်ထိုးနေသည်။
စာဖိုင်အများစုမှာ ကုမ္ပဏီစည်းမျဉ်းအရ ကြန့်ကြာနေသောစာဖိုင်များဖြစ်သည်။
သို့ရာတွင် ရုတ်တရက် စာဖိုင်တစ်ခုကပုံမှန်မဟုတ်ကြောင်း ချင်လင်သတိထားမိသည်။
ချင်းလင်ဓာတ်ခွဲခန်းမှစပါးမျိုးအသစ် သုတေသနအနှစ်ချုပ်ဖြစ်သည်။
အစ်ကိုလီရေးရမည့်ဆန်မျိုးအသစ်ပျိုးထောင်ခြင်းသုတေသနစာတမ်းဖြစ်သည်။
အဓိကမှာ စာတမ်းတွင် သုတေသနလုပ်သူများမပါ၊ အစ်ကိုလီနာမည်တောင်မပါချေ။
ဒီလိုစာတမ်းမျိုး သူ့ကိုဘာလို့လက်မှတ်ထိုးခိုင်းတာလဲ?
"အစ်ကိုလီ.. ဒီစာတမ်းကမရှင်းဘူး... လက်မှတ်ထိုးလို့မရဘူး!''
ချင်လင်ကစာတမ်းယူပြီး လီခိုင်ကိုပေးသည်။
လီခိုင်ကစာတမ်းကြည့်ပြီး ရှက်ကိုးရှက်ကန်းနှင့်_
"အဲဒါ.. စာတမ်းယူရင်းမှားထည့်မိတာထင်တယ်''
ထိုသို့ပြောပြီး အောင့်သီးအောင့်သက်ဖြစ်သွားသည်။
ညီလေးချင်က ဘာလို့ဒီလောက်သတိရှိရတာလဲ?
သူလက်မှတ်မထိုးလိုက်ဘူးလား?
TV ဇာတ်လမ်းတွေမှာ ဒီလိုပဲမလား? စာဖိုင်တထပ်ကြီးထဲ မသိမသာစာတမ်းတွေရောထည့်ထား၊ ကုမ္ပဏီဥက္ကဌက စာသိပ်မဖတ်။
အရေးမကြီးသောစာဖိုင်များကိုလက်မှတ်ထိုးပြီး တကယ့်အရေးကြီးကိစ္စများကို အစည်းအဝေးထိုင်ဆုံးဖြတ်သည်။
TV ဇာတ်လမ်းတွဲတွေက အလိမ်အညာတွေ။
သူတကယ်ယုံနေတာ။
ပြီးတော့ သူ့အတွက်လွယ်လို့လား?
ဆန်မျိုးအသစ်အိုးကကြီးလွန်းသောကြောင့် သူထမ်းရင်ခါးနာနိုင်သည်။
အထူးမြေကြီးအစွမ်းကြောင့်မှန်းသိသော်လည်း အခုလူတိုင်းက သူ့ကိုလူစွမ်းကောင်းလိုလိုထင်နေကြပြီ။
ဒါကြောင့် ဒီနည်းသုံးခြင်းပင်။
ညီလေးချင်လက်မှတ်ထိုးလိုက်ရင် စမ်းသပ်သူများစာရင်းထဲ သူ့နာမည်ထည့်နိုင်သည်။
အဲဒီအချိန်ကျရင် ညီလေးချင်လုပ်တာလို့ရေးလို့ရပြီမလား?
ညီလေးချင်က နာမည်ခံထိုက်တယ်မလား?
ဘာပဲဖြစ်ဖြစ် ညီလေးချင်လက်မှတ်ထိုးဖူးပြီး အပင်သုတေသနမှာသူလုပ်နိုင်စွမ်းရှိကြောင်း အပြင်လူတွေသိကြသည်။
အခုဒီအကွက်မအောင်မြင်တော့ သူ့အဖြစ်သော*က်ရမ်းဆိုးပြီ။
"အစ်ကိုလီ.. ဆန်မျိုးအသစ်က ဘယ်လိုလဲ?''
ချင်လင်ကမေးသည်။
လီခိုင်က သက်ပြင်းချပြီး_
"ဆန်က အရမ်းကောင်းတယ်... စပါးမှည့်ပြီ... မျိုးစေ့သိမ်းရုံပဲ... အချိန်တန်ရင် အပူချိန်နိမ့်မျိုးစိတ်နည်းပညာနဲ့ပြုပြင်ပြီးတော့ ဆောင်းတွင်းမှာစိုက်လို့ရတယ်''
"သွားကြည့်ရအောင်!''
ချင်လင် မျက်လုံးအရောင်တောက်သွားသည်။
ဂိမ်းထုတ်ကုန်မျိုးပြောင်းစပါးကို သူစောင့်နေသည်။
မူလမှတ်ချက်အရ ဒီမျိုးပြောင်းဆန်က ဟယ်ရှားအိပ်မက်ကိုဖြည့်ဆည်းပေးနိုင်သည်။
နောက်ပြီး မျိုးပြောင်းဆန်အထွက်နှုန်းတိုးစေရန် နှစ်ဆတိုးမျိုးစေ့ထုတ်ထားသည်။
လီခိုင်က အားမရှိသံနှင့်_
“သွားမယ်!”
ဒီနည်းက အလုပ်မဖြစ်။ အိုးကိုပခုံးပြောင်းပေးဖို့ သူမတွေးတတ်တော့။
ဒီနည်းကို TV မှာမြင်ပြီး နည်းလမ်းရပြီအထင်နှင့် သူအကြာကြီးစိတ်လှုပ်ရှားနေခဲ့သည်။
TV ဇာတ်လမ်းဒါရိုက်တာက ဦးနှောက်မရှိ၊ လုံးဝလက်တွေ့မကျ။
နှစ်ယောက်သား ချင်းလင်အပန်းဖြေစံအိမ်ထွက်ပြီး ချင်းလင်ဓာတ်ခွဲခန်းတန်းသွားကြသည်။ လုံခြုံရေးအဆင့်ဆင့်ဖြတ်ပြီးနောက် အပူချိန်ထိန်းထားသောစိုက်ခင်းတစ်ခင်းထဲရောက်လာ၏။
မျိုးပြောင်းအာကာသနွယ်စိုက်သောနေရာလည်းဖြစ်သည်။
မျိုးပြောင်းစပါးပင်တွေ့ပြီးနောက် ထိုနေရာရှိအပင်အားလုံးရိတ်သိမ်းလိုက်သည်။
ဝတ်မှုန်ကျမည်စိုး၍ တခြားအပင်လည်းမစိုက်ထား။
ထိုနေရာတွင် မျိုးပြောင်းစပါးပင်သာရှိသည်ဟုပြောရမည်။ ထို့အတူ စမ်းသပ်စိုက်ခင်းထဲတွင် မျက်စိကျစရာလည်းဖြစ်သည်။
ချင်လင်က လီခိုင်နောက်လိုက်လာရင်း မျိုးပြောင်းစပါးပင်ကိုအရင်မြင်သည်။
ဟယ်ရှားအိပ်မက်ပထမအချက်မှာ ပြောင်းပင်လောက်ရှည်သောစပါးပင်ဖြစ်သည်။
ချင်လင်စမြင်သောအပင်အရွယ်အစားက ပြောင်းပင်ထက်ရှည်ပြီး သစ်ပင်ငယ်နှင့်တောင်တူသည်။
တစ်ပင်တည်းဆိုရင်တောင် အလွန်ခမ်းနားသည်။
မျိုးပြောင်းစပါးကိုကျယ်ကျယ်ပြန်ပြန့်စိုက်ရင် သစ်တောနှင့်တူသွားမည်။
ချင်လင်ကအမြန်သွားကြည့်ရာ အပင်ထိပ်တွင် မျိုးပြောင်းစပါးအနှံများတွေ့ရပြီး ထိုအလေးချိန်ကြောင့် ကိုင်းများညွတ်နေသည်။
နောက်ပြီး စပါးတစ်စေ့တစ်စေ့ကို မြေပဲလောက်မက၊ ပိုတောင်ကြီးသေးသည်။
အထူးသဖြင့် အထွက်နှုန်းက အံ့ဩစရာကောင်းသည်။
စပါးပင်က သစ်ပင်လောက်ရှည်ပြီး ကိုင်းတွေအများကြီးနဲ့၊ ကိုင်းတိုင်းမှာ စပါးနှံတွေနဲ့၊ ဒီလိုစပါးတစ်ပင်ကို ဘယ်လောက်ကြာကြာစားနိုင်မလဲ?
"အစ်ကိုလီ.. ဒီလိုစပါးပင်မျိုးက မြေဆီလွှာအပေါ်အများကြီးသက်ရောက်မှုရှိနိုင်လား?''
အံ့ဖွယ်ကျောက်စာကြောင့် ချင်လင်လည်း အပင်မျိုးစိတ်ဗဟုသုတအများကြီးရထားသည်။
ပုံမှန်အတိုင်းဆို ဒီလိုကြီးတဲ့အပင်တွေရေရှည်စိုက်ရင် မြေဆီလွှာအပေါ်သက်ရောက်မှုကြီးမားနိုင်သည်။
"ညီလေးချင်.. မင်းကို ဒီစပါးမျိုးအသစ်ရဲ့ထူးခြားချက်တွေပြောပြမလို့ပဲ''
လီခိုင်က စိတ်လှုပ်ရှားသံနှင့်_
"ဒီစပါးမျိုးက သာမန်စပါးမျိုးထက် မြေဆီလွှာအပေါ်သက်ရောက်မှုကြီးနိုင်ပေမဲ့ ဒါကိုမထိန်းနိုင်ဘူး''
"လုံးဝထိန်းနိုင်မယ့်အထူးမြေဩဇာတစ်မျိုးကို သုတေသနလုပ်ခိုင်းထားတယ်... အထူးမြေဩဇာကုန်ကျစရိတ်က သာမန်မြေဩဇာထက်များပေမဲ့ ဒီအထွက်နှုန်းနဲ့ယှဉ်ရင် မြေဩဇာနည်းနည်းလေးက ဘာမှမဟုတ်ပါဘူး''
"အင်း!''
အစ်ကိုစကားမှာကိစ္စမရှိကြောင်း ချင်လင်သဘောပေါက်သည်။
ချင်းလင်ဓာတ်ခွဲခန်းတွင် အတော်ဆုံးသုတေသနသမားများလာရုံသာမက နှစ်တိုင်း နာမည်ကြီးကျောင်းအမျိုးမျိုးမှအလားအလာရှိသောဘွဲ့ရကျောင်းသားများကိုလည်းခေါ်ထားသည်။
မြေဆီလွှာပြဿနာမရှိမှတော့ ဒီမျိုးကိုကျယ်ကျယ်ပြန့်ပြန့်စိုက်ရင် အံ့ဩစရာကောင်းမည်။
ပြည်တွင်းကျေးလက်မြေအများစုကိုပြန်လည်ထိန်းသိမ်းပြီး အပူချိန်နိမ့်နည်းပညာပေါင်းစပ်လိုက်ပါက သူတို့တစ်နိုင်ငံတည်းစိုက်ရင်တောင် တစ်ကမ္ဘာလုံးကိုကျွေးနိုင်သည်။
"အစ်ကိုလီဆင်းပြီး စပါးပင်နည်းနည်းနုတ်ပေးလို့ရမလား? ကျွန်တော် အကွက်ထဲမဆင်းချင်ဘူး.. ရွှံ့တွေနဲ့''
ချင်လင်ကရုတ်တရက် ဟန်ဆောင်ပန်ဆောင်ပြောလိုက်သည်။
လီခိုင်ကသိပ်မတွေးမိဘဲ ချက်ချင်းဖိနပ်ချွတ်ကာ အကွက်ထဲဆင်းလိုက်သည်။ ဆင်းရင်း တရားဟောဖို့လည်းမမေ့_
"ညီလေးချင်.. မင်းဘယ်တုန်းက ဒီလောက်ဖြစ်သွားတာလဲ? ဘာပဲဖြစ်ဖြစ် မျိုးစိတ်သုတေသနလုပ်နေတဲ့သူက ရွှံ့ကြောက်နေလို့မရဘူး''
သူကပြောရင်းဆိုရင်း စပါးပင်နည်းနည်းနှုတ်သည်။ သူပြန်လှည့်လိုက်သောအခါ ချင်လင်ကဖုန်းနှင့်ဓာတ်ပုံရိုက်နေသောကြောင့် အံ့ဩသွားသည်။
ဘာမှန်းမသိ၊ တစ်ခုခုတော့မှားနေပြီ။
ချင်လင်ကချက်ချင်းဖုန်းသိမ်းပြီး တိုက်တွန်း၏_
"အစ်ကိုလီ.. မြန်မြန်.. အဲဒီစပါးပင်ကြည့်ရအောင်''
လီခိုင်ကခေါင်းညိမ့်ပြီး အကွက်ထဲမှထွက်လာသည်။ စပါးအခွံကျွတ်အောက် လက်နှင့်လေးငါးကြိမ်ပွတ်လိုက်ရာ အထဲမှသလင်းကျောက်လိုဖြူသောစပါးထွက်လာသည်။
စပါးစေ့က မြေပဲဆံထက်တောင်ကြီးသည်။
စပါးလို့သာမသိထားရင် ဘယ်ထင်မလဲ?
ချင်လင်ကဖုန်းထုတ်ပြီး စပါးပင်ကိုဓာတ်ပုံရိုက်လိုက်သည်။
"ညီလေးချင် မြည်းကြည့်''
ရုတ်တရက် လီခိုင်ကပြောသည်။
ချင်လင်ကခေါင်းညိမ့်ပြီး ပါးစပ်ထဲထည့်ဝါးကြည့်သည်။
ထို့နောက် မျက်လုံးကျယ်သွား၏။
မျိုးပြောင်းစပါးအရသာက ဂိမ်းထုတ်ကုန်နှင့်အတူတူပင်။ အပြင်ကသာမန်စပါးထက် ပိုချို၊ပိုမွှေးသည်။
အရင်က မျိုးပြောင်းစပါးကိုချက်ပြီးစားမကောင်းမှာစိုးရိမ်ခဲ့သည်။ ဒီလိုဖြစ်ပြီးဘယ်သူမှမစားရင် အဓိပ္ပါယ်မရှိ။
ဘာပဲဖြစ်ဖြစ် ဒီနေ့လူ့အဖွဲ့အစည်းမှာ အစာငတ်သူ၊ဝတ်စရာမရှိသူဟူ၍မရှိတော့။
ဒီအချက်မှာ ပြည်တွင်းကလူတွေအပျော်ဆုံးဖြစ်မည်။ မဟုတ်ရင် စားစရာမရှိသူတွေများနေမည်။
အထွက်နှုန်းကောင်းပေမဲ့ အရသာမကောင်းရင် တစ်မျိုးဖြစ်သွားမည်။
ကိုယ်လုံးကိုယ်ပေါက်ကောင်းပေမဲ့ ရုပ်အတော်ဆိုးတာမျိုး၊ ပလတ်စတစ်ဆာဂျရီလည်း မလုပ်နိုင်တာမျိုးဆို ဘာအသုံးဝင်မလဲ?
ရွေးစရာမရှိသူတွေအတွက်တော့ မျက်စိမှိတ်၊အံကြိတ်ခံရုံသာ။
ဒီတော့ မျိုးပြောင်းစပါးအရသာမကောင်းရင် အစာမဝသူသာစားလိမ့်မည်။ ပြည်တွင်းမှာ ဒီလိုအစာမဝသူမျိုးမရှိ။
ကိုယ်လုံးကိုယ်ပေါက်ကောင်းပြီးရုပ်လည်းလှရင် မတူ။ သူများ ၁၀ နာရီလောက်ပင်ပင်ပန်းပန်းအလုပ်လုပ်တာထက်ပိုက်ဆံပိုရနိုင်သည်။
မျိုးပြောင်းစပါးက ဒီလိုဖြစ်သည်။ အထွက်နှုန်းမြင့်၊အရသာကောင်းပြီး ချောချောလှလှအမျိုးသမီးနှင့်တူသည်။
ချင်လင်ကတွေးကြည့်ပြီး အံ့ဩဟန်ဆောင်လိုက်ကာ_
"အစ်ကိုလီ.. ခင်ဗျားက အံ့ဩစရာပဲ... ခင်ဗျားပျိုးထောင်တဲ့မျိုးပြောင်းစပါးက အရသာအရမ်းကောင်းတယ်... အကြီးအကျယ်စိုက်လိုက်ရင် တစ်ကမ္ဘာလုံးအံ့ဩသွားမှာ''
“ဟင်း ဟင်း”
ရုတ်တရက် လီခိုင်ရင်နာသွားသည်။
သူဒါတွေကြောက်တာ။
သူဒါတွေ မခံယူထိုက်။ ဓားစာခံလုပ်ရင်တောင် အတိုင်းအတာတော့ရှိသင့်တယ်မလား? အတိုင်းအဆမရှိ အိုးထမ်းနေလို့မဖြစ်။
ထို့ကြောင့် သူကလောလောနှင့်_
"ညီလေးချင်.. ဒါအထူးမြေကြီးကြောင့်ဆိုတာ မင်းသိသားပဲ... အလွန်ဆုံး ငါကဂရုစိုက်ပေးရုံပဲ... ဒီတော့ မင်းကူညီနိုင်မလား တစ်ချက်ကြည့်ပါဦး''
လီခိုင်ဘာပြောမည်သိသောကြောင့် ချင်လင်ကဖြတ်ပြောလိုက်သည်_
"အစ်ကိုလီ.. အားနာလိုက်တာ.. လုပ်စရာရှိတာမေ့နေလို့... သွားနှင့်ပြီနော်''
သူက လီခိုင်ကိုပြန်ပြောချိန်မပေးဘဲ လမ်းလျှောက်ထွက်လာကာ လင်းလန်ဇီကိုဖုန်းဆက်လိုက်သည်_
"ဥက္ကဌလင်း.. အစ်မဆီလာမလို့... ပါမောက္ခလီခိုင်က စပါးမျိုးအသစ်အောင်မြင်သွားပြီ... ကျွန်တော်ဗီဒီယိုပို့လိုက်မယ်... ချင်းလင်စံအိမ်တရားဝင်အကောင့်မှာတင်လို့ရတယ်''
တိုးတိုးသွားသောချင်လင်စကားသံကိုနားထောင်ရင်း လီခိုင်မျက်လုံးကျယ်ကျယ်လာသည်။
စောစောကညီလေးချင်ဘာလို့ဓာတ်ပုံရိုက်နေလဲ သူသဘောပေါက်ပြီ။
သော*က်...
ကျောတွေအောင့်လိုက်တာ...
ပြောမပြတတ်အောင် အောင့်...
နောက်ဆုံး လီခိုင်က မျိုးပြောင်းစပါးပင်ကိုသာကြည့်ပြီး ဆဲပစ်လိုက်သည်_
"ဘာလို့ဒီလောက်ကောင်းနေတာလဲ? မြေဩဇာလည်း သေချာမကျွေးဘဲနဲ့... ရေလည်း လောင်းချင်မှလောင်းတာ... အပင်နည်းနည်းလှီလို့မရဘူးလား? မင်းလောက်ကောင်းတာမျိုး မတွေ့ဖူးဘူး''
လီခိုင်ကဆဲပြီး နေသာထိုင်သာရှိသွားသော်လည်း နောက်ပြန်လှည့်လိုက်သောအခါ အောင့်သက်သက်ဖြစ်သွားသည်။ အပြင်မှဝင်လာသောသုတေသနသမားများက သူ့ကိုကြောင်ကြည့်နေကြ၏။
သူပွစိပွစိပြောနေတာ ကြားကုန်ပြီ။
သော*က်!
လီခိုင် သူ့ဘာသာရှက်သွားသည်။
"ပါမောက္ခလီ.. ကျွန်တော်အခုမှရောက်တာနော်... ဘာမှမကြားလိုက်ဘူး''
သုတေသနသမားတစ်ယောက်ကပြောပြီး ခပ်သုတ်သုတ်ထွက်သွားသည်။
"ပါမောက္ခလီ.. အခုမှသတိရတယ်... ကျွန်တော်လုပ်စရာရှိသေးတယ်''
နောက်တစ်ယောက်ကလည်း တန်းထွက်သွားသည်။
"အမ်.. နှောင့်ယှက်မိတာ အားနာပါတယ် ပါမောက္ခလီ''
တတိယမြောက်တစ်ယောက်က ဘာပြောရမှန်းမသိဘဲ မျောချသည်။
ဟာသပဲ။ ပါမောက္ခလီစိတ်လွတ်သွားတာ မသိချင်ယောင်မဆောင်ရင် ကိုယ့်ကိုယ်ကိုယ်နေရခက်အောင်လုပ်သလိုဖြစ်မှာပေါ့။
ဒါပေမဲ့ သူတို့နားလည်ပေးနိုင်သည်။ ဘာပဲဖြစ်ဖြစ် စပါးမျိုးအသစ်က အကြီးမြန်ပြီးအထွက်နှုန်းမြင့်သည်။ သာမန်ဆန်ထက်အရသာပိုကောင်းသည်။
ဒီဆန်ထွက်လာရင် ဘယ်လောက်အုတ်အော်သောင်းတင်းဖြစ်ကြမလဲ တွေးကြည့်နိုင်သည်။
ဒါပေမဲ့ ပါမောက္ခလီက ဘာကြောင့်ဆန်ကိုညံ့စေချင်မှန်း သူတို့မသိ။
ပါမောက္ခလီစိတ်လှုပ်ရှားပြီးလျှောက်ပြောနေတာလား?
ကျောင်းစာမေးပွဲမှာအမှတ်ပြည့်ရသောကျောင်းသားလို 'အမှတ်ပြည့်မရချင်ဘူး' 'အမှတ်ပြည့်ချည်းရတာ ပျင်းလာပြီ'ဟု ပြောနေသလိုပင်။
သုတေသနသမားသုံးယောက်ပြန်ပြေးသွားသည်ကို လီခိုင်ကပါးစပ်အဟောင်းသားနှင့်ကြည့်နေသည်။ သူရှင်းပြချင်သော်လည်း ဘာပြောရမှန်းမသိ။