တကယ့်ဉာဏ်ကြီးရှင်! ၂
Vol. 82 Ch. 1221
စိုက်ပျိုးရေးခြံအိမ်ထဲ သူဝင်လိုက်သည်။
ပစ္စည်းပို့သူကိုတွေ့ရ၏။
ပုံမှန်ပစ္စည်းပို့သူဖြစ်ပြီး ပစ္စည်းက အပြင်မှပစ္စည်းအများစုထက်လှပသေသပ်သည်။
ချင်လင်က ပါဆယ်ဖွင့်လိုက်ရာ အထဲတွင်ဟိုင်ကွားများကိုတွေ့ရသည်။
ဟိုင်ကွားများမှာ လိမ္မော်နီရောင်၊ကွန်ရက်ပုံနှင့်စေးကပ်ကပ်ရှိသည်။
သူကတချို့ကိုင်ကြည့်ရာ မှတ်ချက်ကိုတွေ့ရသည်:
(အထူးဟိုင်ကွား: အရည်အသွေး ၂)
(အထူးဟိုင်ကွားဖြစ်နိုင်သော ဟိုင်ကွားမျိုးဖြစ်သည်!)
ချင်လင်က မှတ်ချက်ဖတ်ပြီး အလဟဿဖြစ်မှန်းသိသွားသည်။ တခြားဘာမှမပါ။
သူကချက်ချင်းဂိမ်းထဲမှထွက်ပြီး ဂိမ်းဇာတ်ကောင်အား ဟိုင်ကွားတချို့ကို အဆင့် ၂ လယ်ကွက်ထဲယူသွားစေသည်။ လယ်ကွက်မှာ ဒီအထူးဟိုင်ကွားမျိုးဖြစ်နိုင်မဖြစ်နိုင် သူကြည့်ချင်သည်။
အပြင်မှာတော့ အလုပ်မဖြစ်။ လယ်ကွက်ထဲဟိုင်ကွားမွေးတာ ဘယ်သူမြင်ဖူးလဲ?
သို့သော် ဂိမ်းထဲမှာ မတူ။
ဘာပဲဖြစ်ဖြစ် ပင်လယ်ထဲကဖမ်းမိတဲ့ငါးကို ရေကန်ထဲထားလည်း အကြာကြီးအသက်ရှင်နိုင်သည်။
သူကဂိမ်းဇာတ်ကောင်အား အဆင့် ၂ လယ်ကွက်ရှေ့သွားစေရာ အသိပေးစာရသည်။
(လက်ရှိဟိုင်ကွားမျိုးမွေးချင်ပါသလား?)
ဒါပေါ့။ ဖြစ်နိုင်တာပဲ။
ချင်လင်ကချက်ချင်း 'အတည်ပြုမည်'ကိုနှိပ်လိုက်ရာ အဆင့် ၂ လယ်ကွက်တွင် ဟိုင်ကွားမွေးပြီးသွားသည်။
အားလုံးလုပ်ပြီးနောက် ချင်လင်ကဂိမ်းထဲမှထွက်ပြီး ချင်းလင်ကုမ္ပဏီသတင်းများကြည့်သည်။
နောက်နေ့နေ့လယ်တွင် ချင်လင် ဂိမ်းအသိပေးစာထပ်ရသည်။
(သင်မွေးထားသောဟိုင်ကွားရပါပြီ!)
သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်ရာ လူပုလေးက အဆင့် ၂ လယ်ကွက်သွားပြီး ဟိုင်ကွားဖမ်းနေသည်ကိုတွေ့ရသည်။
ချင်လင်လည်း အသိပေးစာတပြိုင်တည်းရသည်။
(လူပုလေးက ဟိုင်ကွားဖမ်းပြီးပါပြီ။ ဟိုင်ကွားမျိုးချန်ချင်ပါသလား?)
"ဒီလိုလုပ်လို့ရလား?''
ချင်လင် အံ့ဩသွားသည်။
ဒါ ဟိုင်ကွားကို မနက်၊နေ့၊ညစားလို့ရတဲ့သဘောလား?
ရှေ့လျှောက် ဟိုင်ကွားမပြတ်တော့ဘူးပေါ့?
ချင်ဖုန်းလေးကြီးလာရင် ဘောလုံးကစားမလား ဒါမှမဟုတ် ဘောလုံးအသင်းများဝယ်လေမလား?
ချင်လင်ကစဉ်းစားကြည့်ပြီး မျိုးချန်မည်ကိုရွေးလိုက်သည်။ ထို့နောက် တံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
ထိုအချိန်တွင် လူပုလေးကဟိုင်ကွားဖမ်းပြီး သိုလှောင်ခန်းထဲထည့်ထားပြီ။
နောက်ဆုံး ဟိုင်ကွား၏အရည်အသွေးများကို ချင်လင်ဖတ်ရသည်။
(အထူးဟိုင်ကွား: အရည်အသွေး ၂)
(အထူးအာနိသင်ရှိသော အထူးဟိုင်ကွားမျိုးဖြစ်သည်:
ပရိုတင်း +၂၊ စေးကပ်သောသကြားဓာတ် +၂၊ ကျောက်ကပ်နှင့်ဩဇာဓာတ်ကောင်းခြင်း +၂၊ ယန်ဓာတ် +၂)
(အထူးအာနိသင်: အပြင်းအထန်အားကစားလေ့ကျင့်ရေးတွင် ရေရှည်သုံးပါက ကြံ့ခိုင်မှုတိုးလာမည်!)
ချင်လင်က မှတ်ချက်ကိုဖတ်လိုက်သည်။ ပရိုတင်း +၂ ကို သူနားလည်သည်။
ကျောက်ကပ်နှင့်ဩဇာဓာတ်ကောင်းခြင်း +၂၊ ယန်ဓာတ် +၂ ကိုတောင် သူနားလည်သည်။
အရည်အသွေး ၂ ရုံးပတီသီးထက်တောင် အံ့ဩဖို့ကောင်းသည်။
ရုံးပတီက ကျောက်ကပ်နှင့်ဩဇာဓာတ်အတွက်သာကောင်းသည်။
ဒီဟိုင်ကွားမှာ ယန်ဓာတ် +၂ လည်းပါသည်။
ရုံးပတီသီးက ဖြည့်စွက်စာသာဖြစ်နိုင်သည်။ ပြဿနာရှိရင် ဖြည့်စွက်စာစားပြီးအဆင်ပြေနိုင်သည်။ ဟိုင်ကွားကိုမူ ဆေးအဖြစ်တန်းသုံးနိုင်သည်။
ဟိုင်ကွားက အမျိုးသားများအတွက်ကောင်းချီးတစ်ခုပင်။
သို့သော် စေးကပ်သောသကြားဓာတ် +၂ ကို သူတော်တော်နားမလည်နိုင်။
ဂိမ်းထဲမှထွက်ပြီး လိုင်းပေါ်လိုက်စူးစမ်းကြည့်ရာ ကိုယ်ခံအားတက်စေသောအရာဖြစ်ကြောင်းသိရသည်။
ဥပမာ ထိခိုက်ဒဏ်ရာရစဉ် သို့မဟုတ် ခွဲစိတ်ရင်းကူးစက်ခံရသောအခါ ထိုစေးကပ်သောသကြားဓာတ်က ကိုယ်ခံအားတက်စေပြီး ကူးစက်မှုကိုကာကွယ်ပေးသည်တဲ့။
အလွန်ကောင်းသောအရည်အသွေးဖြစ်သော်လည်း အရင်နှစ်ခုထက်ညံ့သည်။
နောက်ဆုံးအထူးအရည်အသွေးကို သူပထမဆုံးမြင်ဖူးခြင်းပင်။
ဒီအရည်အသွေးမျိုး အရင်ကမပေါ်ဖူး။
အပြင်းအထန်အားကစားလေ့ကျင့်ရေးတွင် ရေရှည်သုံးပါက ကြံ့ခိုင်မှုတိုးစေသည်ဟုဆိုထားပြီး + မပါ။
ဒီတော့ အာနိသင်က အသုံးပြုသူအပေါ်မူတည်တဲ့သဘော။
နောက်ဆုံးတော့ ဟိုင်ကွားကို ဘာကြောင့် မနက်တစ်ကောင်၊ နေ့တစ်ကောင်၊ ညတစ်ကောင်စားလဲ သိပြီ။ ဘာကြောင့် နိုင်ငံ့ဘောလုံးအသင်းကအားနည်းပြီး ဂိမ်းထဲမှာနိုင်ငံတကာစူပါစတားဖြစ်လဲ သိလိုက်ပြီ။
ဂိမ်းထဲမှဟိုင်ကွားအရည်အသွေးကွာသည့်အပြင် နိုင်ငံ့ဘောလုံးအသင်းလေ့ကျင့်ရေးနှင့်လည်းသက်ဆိုင်မည်။
နိုင်ငံ့ဘောလုံးအသင်းလေ့ကျင့်ရေးနှင့်ပတ်သက်လျှင် လေ့ကျင့်ရေးက မူလကျောင်းသားများထက်ပိုပြင်းထန်ကြောင်းသိကြသည်။
ပင်တိုင်လေ့ကျင့်ရေးနည်းဟုတောင်ခေါ်ကြသည်။
(ပြည်သူ: လေ့ကျင့်ရေး)
နိုင်ငံ့ဘောလုံးအသင်းကို ချင်းလင်အားဖြည့်လက်ဖက်ရည်က မကယ်နိုင်၊ ခန္ဓာအားဖြည့်ဆေးရည်က မကယ်နိုင်ပေ။
အားဖြည့်ဆေးရည်နှင့်စမ်းသပ်သောအားကစားသမားများတွင် နိုင်ငံ့ဘောလုံးအသင်းသာသိပ်မတိုးတက်ကြောင်း ဝန်ကြီးလုထံမှသိရသည်။
ဒီအထူးဟိုင်ကွားက နိုင်ငံ့ဘောလုံးအသင်းကိုကယ်နိုင်မလား သူမသိ။
ဒါမှအလုပ်မဖြစ်ရင် အဖွဲ့ပျက်တော့မည်။
ဘာပဲဖြစ်ဖြစ် အဖွဲ့ကမလုပ်နိုင်ရင် နည်းပြပြောင်းလည်းမတတ်နိုင်။
ချင်လင်က ဂိမ်းထဲပြန်ဝင်ပြီး သိုလှောင်ခန်းထဲမှဟိုင်ကွားတစ်အိတ်ထုတ်လာကာ ဆရာလင်းကိုပေးလိုက်သည်။
"သူဌေး.. ဒါဟိုင်ကွားလား? ပစ္စည်းကောင်းပဲ... စျေးပေါတာက တစ်ကတ်တီ ယွမ် ၂၀၀ ၄၀၀... သဘာဝက တစ်ကတ်တီ ယွမ် ၅၀၀၀ ၁၀၀၀၀ ပေးရတယ်''
ဆရာလင်းကအိတ်ဖွင့်ကြည့်ပြီး တအံ့တဩပြောသည်။
ဟိုင်ကွားကို သူသိသလို ဘယ်လိုချက်ရမလဲသိသည်။ သူဌေးယူလာတာမြင်ဖူးတာ ဒါပထမဆုံးပင်။
ဟိုင်ကွားတန်ဖိုးကို ချင်လင်သိသည်။ ဂိမ်းထုတ်ကုန်အရည်အသွေး ၂ ဖြစ်၍ ထိုသဘာဝအကောင်တွေထက် သေချာပေါက်ပိုကောင်းမည်။
"ဆရာလင်း.. နေ့လယ်ကျ ဟိုင်ကွားနည်းနည်းချက်ပေးပါ''
သူကညွှန်ကြားသည်။
ဟိုင်ကွားက ငါးမဟုတ်သောကြောင့် သူမချက်တတ်။ ဟိုင်ကွားဆို ဆရာလင်းချက်တာပိုကောင်းမည်။
"ကောင်းပါပြီ သူဌေး!''
ဆရာလင်းခေါင်းညိမ့်သည်။ ချင်လင်စားဖိုဆောင်မှထွက်သွားပြီးနောက် သူကဟိုင်ကွားကိုစကိုင်သည်။
ဟိုင်ကွားချက်နည်းအမျိုးမျိုးရှိသော်လည်း ကြက်သွန်နှင့်နှပ်တာ သူကျွမ်းသည်။
ဒီချက်နည်းက ချင်း၊ကြက်သွန်၊ငံပြာရည်နှပ်ခြင်းနှင့်ဆင်တူသည်။
တဖက်တွင် ချင်လင်က အပန်းဖြေစံအိမ်မှထွက်လာသည်။ ငါးပြတိုက်မှငါးကန်အသေးနှစ်ခုယူပြီး ဆင်ခြေဖုံးဂိုဒေါင်ဆီသွားကာ ဂိမ်းထဲဝင်လိုက်သည်။
အဆင့် ၂ လယ်ကွက်ထဲတန်းသွား၏။
အဆင့် ၂ လယ်ကွက်ထဲတွင် ဥဥနိုင်သောဟိုင်ကွားများရှိသေးသည်။ ဒီအကောင်တွေက အရင်သူထုတ်ထားသောအကောင်များထက်ပိုဖောင်းနေသည်။ မကြာမီ ဥဥတော့မည်။
သူကဟိုင်ကွားတချို့က်ိုခပ်ပြီးငါးကန်ထဲထည့်ကာ ဂိမ်းထဲမှထွက်လာသည်။
နေ့လယ်ပိုင်း_
ယွမ်ရှန်က စီရင်စုဆေးရုံတွင်အလုပ်ပြီးသောအခါ အပန်းဖြေစံအိမ်ပြန်လာသည်။ လက်ဖက်ခြောက်နှင့်ကင်ဆာကုပြီးနောက် အချက်အလက်များစုစည်းရသည်။ ပိုအလုပ်ရှုပ်လာသည်။
ဧည့်ခန်းထဲရောက်သောအခါ သူဌေးချင်အလုပ်ရှုပ်နေသည်ကိုတွေ့ရသည်။ အနားသွားကြည့်လိုက်မှ သူဌေးချင်က ဟိုင်ကွားကိုမူလငါးကန်ထဲထည့်နေသည်။
"သူဌေးချင်.. ဒီဟိုင်ကွားတွေက ဇီးနဲ့လား?''
ယွမ်ရှန်က အံ့ဩသံနှင့်မေးသည်။
"တော်ဝင်ပညာရှင်ယွမ်သိလား?''
ချင်လင်ကပြုံးပြီးပြောသည်။
ယွမ်ရှန်ကရှင်းပြ၏_
"တကယ်တော့ ဟိုင်ကွားတွေက ဖြည့်စွက်စာပဲ... ငါသိတာပေါ့... ငါတို့ဆေးရုံမှာ တစ်ခါတလေ ဟိုင်ကွားဖြည့်စွက်စာကျွေးတယ်... ငါတို့လည်း စားတယ်... လွန်ခဲ့တဲ့ ၂ နှစ်က ဟိုင်ကွားမွေးမြူရေးအစီအစဉ်မှာပါဖို့တောင် အဖိတ်ခံရသေးတယ်''
ချင်လင် မအံ့ဩမိ။ ဘာပဲဖြစ်ဖြစ် နိုင်ငံ့ဘောလုံးအသင်းကိုနေ့တိုင်းဖြည့်ဆည်းပေးထားတာ၊ တော်ဝင်ပညာရှင်တွေ တစ်ခါတလေစားတာ ဘာဖြစ်လဲ?
ဖြည့်စွက်စာဆိုမှတော့ တော်ဝင်ပညာရှင်ယွမ်လိုဆေးပညာရှင်သိတာ မထူးဆန်း။
"အာ!''
ယွမ်ရှန်ကအနားကပ်လာပြီး ဟိုင်ကွားကိုသေချာကြည့်သည်။ ရုတ်တရက် သူကအံ့ဩသံနှင့်_
"သူဌေးချင်.. ဒီဟိုင်ကွားတွေက ငါသိတဲ့အကောင်တွေနဲ့ နည်းနည်းကွာသလိုပဲ''
"နည်းနည်းကွာတယ်'''
ချင်လင်ကပြောသည်_
"ပုံမှန်မျိုးနဲ့မတူဘူး''
ဒါဂိမ်းထုတ်ကုန်ဖြစ်သည်။ ရှေ့လျှောက် ဥဥ၊အကောင်ပေါက်ရင် မတူမှန်းလူတွေသေချာသိသွားမည်။ ဒီတော့ အခုကတည်းကပြောထားတာကောင်းသည်။
ဒီလိုဆို တော်ဝင်ပညာရှင်ယွမ် မျက်မြင်သက်သေဖြစ်ပြီ။
"သူဌေးချင်.. ဒီဟိုင်ကွားမျိုးအသစ်ကို မင်းပျိုးထောင်ထားတာလား?''
ယွမ်ရှန် ချက်ချင်းသဘောပေါက်သည်_
"တရုတ်မိချောင်းလိုပေါ့... မင်းကတိရစ္ဆာန်မျိုးစိတ်အကြောင်းနားလည်တယ်လို့ ဝန်ကြီးလုဆီကကြားဖူးတယ်... ကြည့်ရတာ မင်းအောင်မြင်တဲ့ပုံပဲ''
“ကျွတ် ကျွတ်''
ချင်လင်ကနားထောင်ရင်း ကြောင်သွားသည်။
ယွမ်ရှန်မပြောရင် ဝန်ကြီးလုဆီက တိရစ္ဆာန်မျိုးစိတ်အချက်အလက်တွေတောင်းဖူးတာ သူမေ့တော့မည်။
အစက ဒိုင်နိုဆောအရိုးအတွက်ပြင်ဆင်ထားခြင်းဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ဒိုင်နိုဆောအရိုးမှမျိုးစိတ်ထုတ်ပြီး အသီးအရွက်စားဒိုင်နိုဆောမွေးနိုင်ခြေရှိသည်။
တိရစ္ဆာန်မျိုးအကြောင်းလေ့လာဖို့ အံ့ဖွယ်ကျောက်စာထပ်မရတာ နှမြောစရာ။
သူတို့အမြင်မှာ တိရစ္ဆာန်မျိုးစိတ်ကျွမ်းကျင်ဖြစ်နေမည်ဟုမထင်မိ။
ယွမ်ရှန်က ဟိုင်ကွားကိုကြည့်ရင်း_
"သူဌေးချင်.. မင်းကဉာဏ်ကြီးရှင်ပဲ... အပင်မျိုးစိတ်ရော တိရစ္ဆာန်မျိုးစိတ်အကြောင်းပါသိတယ်... မင်းခရီးသွားမေဂျာလေ့လာတာ အချိန်တွေပုပ်တယ်လို့ ဝန်ကြီးလုပြောပြောနေတာ ငါအခုသဘောပေါက်ပြီ''