← Chapters

ပါမောက္ခလီခိုင် သစ်ပင်ပျိုးထောင်တာလား?

Vol. 82 Ch. 1222

ပါမောက္ခလီခိုင် သစ်ပင်ပျိုးထောင်တာလား?

Vol. 82 Ch. 1222

ယွမ်ရှန်ကနှမြောပုံနှင့် ချင်လင်ကိုကြည့်ကာ_

"သူဌေးချင်.. အမှန်အတိုင်းပြောရရင် မင်းအရည်အချင်းနဲ့ ခရီးသွားမေဂျာ ၄ နှစ်လေ့လာခဲ့တာ... ဝန်ကြီးလုတင်မဟုတ်ဘူး.. ငါလည်း နှမြောတယ်''

“ကျွတ် ကျွတ်”

တခဏတော့ ချင်လင်ဘာပြောရမှန်းမသိ။

အဲဒီတုန်းက သူကဘာမှမသိသေးတဲ့သာမန်ကောလိပ်ကျောင်းသားလေး။ ဒီလူတွေ သူ့ကိုအထင်ကြီးလွန်းနေပြီ။

"သူဌေးချင်.. ဟိုင်ကွားသုတေသနရလဒ်ကိုမျှော်နေမယ်ကွာ''

ယွမ်ရှန်က ပြုံးပြီး_

"မင်းမွေးထားတဲ့တရုတ်မိချောင်းလိုပေါ့... လူနဲ့အနေနီးပြီး မြက်စားတယ်... တကယ်အံ့ဩစရာပဲ''

“အစ် အစ် အစ်!”

ရုတ်တရက် အသံတစ်သံထွက်လာသည်။

အမြီးတယမ်းယမ်းနှင့်တွားသွားနေသော မီးခိုးရောင်အကောင်တစ်ကောင်ကိုတွေ့ရသည်။

အသံပေးနေသူက ရှောင်ရန်ပင်။

ဒီတရုတ်မိချောင်းက တရုတ်မိချောင်းမျိုးအားလုံးတွင်အပျော်တတ်ဆုံးဖြစ်မည်။ နေ့တိုင်း အားရပါးရစားပြီး စံအိမ်တဝိုက်အပူအပင်မရှိလျှောက်သွားတတ်သည်။

ဒီအတောအတွင်း ရှောင်ရန်သိသိသာသာထွားလာသည်။

ထွားတာကသက်သက် ကြောက်တတ်တာကသက်သက်။ မွေးနီတို့ကိုပြန်မတိုက်ရဲပေ။

"သူ့အကြောင်းပြောမှ ရောက်လာပြီ''

ယွမ်ရှန်ကပြုံးပြုံးနှင့် ရှောင်ရန်ကိုကြည့်ပြီး သူ့ခေါင်းကိုလှမ်းသပ်ပေးလိုက်သည်။

လူနှင့်အနေနီးသောကြောင့် ရှောင်ရန်က မပြေး။

ယွမ်ရှန်က အပန်းဖြေစံအိမ်တွင်ကြာရှည်နေသူဖြစ်၍ ရှောင်ရန်မှတ်မိနေသည်။ ယွမ်ရှန်လက်အတိုင်း ခေါင်းကိုအလိုက်သင့်နေပေးပြီး ချစ်စရာပုံပေါက်အောင်လုပ်နေသည်။

"ဒီမိချောင်းက တကယ်သဘောကျစရာ''

ယွမ်ရှန်က မနေနိုင်ဘဲချီးကျူးလိုက်သည်။ ထို့နောက် လက်ပြန်ရုတ်ကာ သူ့အခန်းထဲပြန်ပြီး အချက်အလက်များစခွဲသည်။

ကင်ဆာလက်ဖက်ခြောက်လက်တွေ့စမ်းသပ်ထားသောအချက်အလက်များကို ဝန်ကြီးလုကစုခိုင်းနေပြီ။ အထက်လူတွေ ဒီကိစ္စကိုအလေးထားမှန်းသိသာသည်။

ယွမ်ရှန်ထွက်သွားပြီးနောက် ရှောင်ရန်ကသူ့ကိုပတ်လည်လှည့်နေသည်။

ချင်လင်က ငါးကန်ထဲမှဟိုင်ကွားများကိုကြည့်ရင်း တစ်ခုခုတွေးမိသည်။ ဟိုင်ကွားကိုဘာကျွေးရမှန်းမသိသလို ဟိုင်ကွားဘယ်လိုမွေးရလဲ သူမသိသေး။

သူကရန်သုံ့ကိုဖုန်းတန်းဆက်လိုက်သည်။

ရန်သုံ့မှာ ဘဲခြံထဲတွင်အသစ်ပေါက်သောအလှအပဘဲများကိုကြည့်နေသည်။ သူဌေးဆီမှဖုန်းလာသောအခါ ချက်ချင်းကိုင်ပြီး_

"ဥက္ကဌချင်.. ဘာညွှန်ကြားစရာရှိလဲ?''

"ဟိုင်ကွားကျွေးဖို့အစာဝယ်ပေးပါဦး''

ချင်လင်ကမှာလိုက်သည်_

"ပြီးတော့ စံအိမ်မှာဟိုင်ကွားမွေးတတ်တဲ့သူရှိလား ရှာပေးပါ''

"ကောင်းပါပြီ သူဌေး''

ရန်သုံ့က အကြောင်းရင်းမေးမနေ။ ကြားသလို နာခံလိုက်သည်။ တချိန်တည်းမှာ ဟိုင်ကွားအစာရေညှိ၊ရေမှော်များဝယ်ရန် မင်မြို့တော်သို့ချက်ချင်းလူလွှတ်သည်။ အရည်အသွေးကောင်းကောင်းဝယ်ရန်လည်းမှာလိုက်သည်။

သူဌေးကိုယ်တိုင်ညွှန်ကြားမှတော့ သာမန်ဟိုင်ကွားမဖြစ်နိုင်။

သူ့ရုံးခန်းထဲအမြန်ဆုံးပြန်ပြီး လိုင်းပေါ်တွင်ဟိုင်ကွားအကြောင်းလိုက်ရှာဖတ်သည်။ စာဖိုင်တစ်ခုကိုလည်း 'ဟိုင်ကွားအစာကျွေးမည့်အစီအစဉ်နှင့်ဝန်ထမ်းလေ့ကျင့်ရေး'ဟုနာမည်တပ်ပြီး အစီအစဉ်စရေးသည်။

သူဌေးဒီလိုညွှန်ကြားတာ ရှေ့လျှောက်ဟိုင်ကွားမွေးမည့်အစီအစဉ်ရှိသည်ဟုသူထင်သည်။

သူထင်သလို ဟုတ်ဟုတ်မဟုတ်ဟုတ်၊ ကြိုတင်ပြင်ဆင်ထားတာအကောင်းဆုံး။

နေ့လယ်ပိုင်း_

ချင်လင်အပန်းဖြေစံအိမ်ဧည့်ခန်းရောက်သောအခါ ဆရာလင်းက ဟိုင်ကွားအပါအဝင်နေ့လယ်စာပြင်ဆင်ပေးထားသည်။

"ယောက်ျား.. အဲဒါဟိုင်ကွားလား?''

ကျောက်မိုချင်းက စူးစမ်းသည်။

အရင်က ဟိုင်ကွားတစ်ခါမှမစားဖူး။ TV မှာသာမြင်ဖူးသည်။

တနည်းပြောရရင် ပြည်တွင်းလူအများစုက ဟိုင်ကွားကိုမစားဖူးကြ။

ချင်လင်လည်း မစားဖူး။

“အင်း! မြည်းကြည့်မလား?”

ချင်လင်ကခေါင်းညိမ့်ပြီးမေးသည်။

ကျောက်မိုချင်းက တူနှင့်ဟိုင်ကွားညှပ်ယူပြီး ခေါင်းယမ်းကာ_

"နည်းနည်းပျို့ချင်သလိုပဲ''

တကယ်တော့ တချို့ကဟိုင်ကွားကြိုက်သော်လည်း မကြိုက်သူကပျို့တတ်သည်။ ဒီလူတွေမှာ စားရကံမပါ။

ကျောက်မိုချင်းက ဒီလိုလူပင်။

ချင်လင်က မဟုတ်၊ ကြက်သွန်ကြော်နှင့်စားပြီး ပျို့ချင်အန်ချင်စိတ်ပါတခါတည်းပျောက်သွားသည်။

တစ်လုတ်စားပြီး နွား**စားရသလိုတက်တက်ကြွကြွတောင်ဖြစ်လာသည်။

ဆရာလင်းရဲ့ဟိုင်ကွား အရသာကောင်းချက်။

သုံးလေးလုတ်စားပြီး ပူနွေးနွေးခံစားချက်ကခါးပတ်လည်ရောက်ရောက်လာသည်။

အရည်အသွေး ၂ ရုံးပတီသီးစားဖူးသူတိုင်း ဒါဘာအာနိသင်လဲသိကြသည်။

ချင်လင်က ကျောက်မိုချင်းကိုအကြည့်တမျိုးနှင့်ကြည့်လိုက်သည်။

ညစာစားသင့်တယ်မလား? ဘာပဲဖြစ်ဖြစ် သူ့မိန်းမက အရမ်းလှ။

"ယောက်ျား.. ဘာလို့အဲလိုကြည့်နေတာလဲ?''

ကျောက်မိုချင်းပြောပြီးရှက်သွားသည်။

“ပြောကြည့်လေ!”

ချင်လင်ကပြုံးပြုံးနှင့်ပြောသည်။

ရုတ်ချည်းဆိုသလို ဒီအထူးဟိုင်ကွားအရည်အသွေးကို သူခန့်မှန်းမိသည်။

ဒီအရည်အသွေးက အပြင်းအထန်လေ့ကျင့်ခန်းနှင့်ဆက်စပ်ပုံရသည်။

ဒါနဲ့ ဒါလည်းအပြင်းအထန်လေ့ကျင့်ခန်းပဲမလား?

ဟိုင်ကွားစားပြီး ယောက်ျားပိုဆန်လာသလို အပြင်းအထန်လေ့ကျင့်ခန်းလုပ်ပြီးရင်လည်း ကြံ့ခိုင်မှုတိုးလာမှာပဲမလား?

သူတစ်ခုခုသိပြီထင်သည်။

ရှေ့လျှောက် ဒီဟိုင်ကွားကိုအကြီးအကျယ်မွေးပြီးရောင်းရင် ဟိုင်ကွားကြိုက်တဲ့ပလေးဘွိုင်းတွေက ညတိုင်းလေ့ကျင့်ခန်းအပြင်းအထန်လုပ်မှာပဲမလား? သူတို့ခန္ဓာကိုယ်ကြံ့ခိုင်မှုက နိုင်ငံ့ဘောလုံးအသင်းထက်ပိုမကောင်းဘူးလား?

ဒါ...

ညစာစားရင်း အထူးဟိုင်ကွားအကြောင်း ချင်လင်အတွေးနယ်ချဲ့နေသည်။

ညစာစားပြီးနောက် ကောင်းယောင်ယောင်ရောက်လာပြီး အစီရင်ခံသည်_

"သူဌေး အစ်မမိုချင်း.. စံအိမ်မှာရန်ပွဲဖြစ်နေပါတယ်''

"ဘာဖြစ်လို့လဲ?''

ကျောက်မိုချင်းက မျက်မှောင်ကြုတ်ပြီးမေးသည်။

ချင်းလင်စံအိမ်မှာရန်ဖြစ်တာ ဒါပထမဆုံးပင်။

ကောင်းယောင်ယောင်က မျက်နှာပူပူနှင့်ပြောပြသည်_

"သားအဖတွေထင်တယ်... အမျိုးသမီးတစ်ယောက်ကြောင့်ဖြစ်ကြတာ... အမျိုးသမီးက အဖေနဲ့ယူထားပုံရတယ်... သားနဲ့လျှောက်လည်ပြီးဗီဒီယိုရိုက်တာကို အဖေကတွေ့သွားတော့ ချင်းလင်စံအိမ်ကိုရောက်ချလာတာ''

ကျောက်မိုချင်း: “???”

ချင်လင်: “???”

လင်မယားနှစ်ယောက်နည်းနည်းစိတ်ရှုပ်သွားသည်။ ရှုပ်လိုက်တာ။ နားလည်နိုင်စွမ်းအားနည်းရင် တခဏအတွင်းသဘောပေါက်မည်မဟုတ်။

ကောင်းယောင်ယောင်က_

"ဗီဒီယိုကိုကြည့်တဲ့သူတွေများတယ်... ဒါမျိုးက ထူးတယ်.. ပြီးတော့ ချင်းလင်စံအိမ်မှာဖြစ်သွားတာဆိုတော့ မကြာခင်ရေပန်းစားတော့မှာ''

ကောင်းယောင်ယောင်ဝေဖန်ဆန်းစစ်ပြီးသည်နှင့် ချင်လင်ကရုံးခန်းထဲပြန်ပြီး ဖုန်းနှင့်ဗီဒီယိုများလိုက်ကြည့်သည်။ အမှန်ပင်။ အမျိုးသမီးတစ်ယောက်ကြောင့်ရန်ဖြစ်နေသောသားအဖနှစ်ယောက်ဗီဒီယိုက နာမည်ကြီးနေသည်ကိုတွေ့ရသည်။ Like အများကြီးရထားသည်။

ဗီဒီယိုဖွင့်သည်နှင့် ရန်ဖြစ်သံများထွက်လာ၏။

"ခွေးကောင်.. မင်းကိုဘယ်သူကလိုက်ပို့ခိုင်းလို့လဲ? မင်းအခု ငါ့အစာကိုစားသောက်နေတာ သိရဲ့လား?''

"ဘိုးတော်.. သိပ်မလွန်နဲ့နော်... ခင်ဗျားဟာက အနေးနဲ့အမြန် ကျွန်တော့်ဟာဖြစ်တော့မှာ!''

"ငါပြောမယ်.. ရှေ့လျှောက် မင်းအတွက်နေရာမရှိတော့ဘူး... သူကကိုယ်ဝန်နဲ့... အားလုံး သူ့အတွက်ထားခဲ့မှာ''

ချင်လင်က ဗီဒီယိုကြည့်ပြီး သုံးဖက်လုံး လုံးဝပျက်စီးနေပြီဟုထင်သည်။

TV ဇာတ်လမ်းတွဲလူချမ်းသာအသိုင်းအဝိုင်းတွင် သားအဖချင်း၊ ညီအစ်ကိုချင်း၊ ဦးလေးနှင့်တူကြား အချစ်အတွက်ပြဿနာတက်နေကျဟုဆိုနိုင်သည်။

အပြင်မှာ ဒါမျိုးတကယ်ရှိမည်ဟုမထင်မိ။

အခုသတင်းတက်လာပြီး ရှေ့လျှောက် သူတို့မိတ်ဆွေအသိုင်းအဝိုင်းမှာ ဒီသားအဖဘယ်လိုမျက်နှာပြကြမလဲ?

အောက်တွင်မှတ်ချက်များပလူပျံနေသည်။

တချို့က_

"ဒီလိုဖြစ်နေမှတော့ အဲဒီအမျိုးသမီးရဲ့ကလေးက ဘယ်သူ့ကလေးမှန်းသိမှာလဲ... ဘာပဲဖြစ်ဖြစ် DNA တောင် စစ်မရတာ... သားအဖနှစ်ယောက်အာဃာတက နည်းနည်းထူးဆန်းတဲ့ပုံပဲ''

သားအဖအချင်းချင်းအပေးအယူလုပ်တာဖြစ်နိုင်သည်ဟုလည်းပြောကြသည်။ ဘာပဲဖြစ်ဖြစ် အမျိုးသမီးကလည်း ဆန္ဒရှိတာပဲမလား?

ဒါဘာသဘောမှန်း ချင်လင်လုံးဝနားမလည်။

သူအတွေးများနေစဉ် လင်းလန်ဇီဖုန်းဝင်လာသည်။

ဘာကြောင့်မှန်း သူတွေးမိသည်။

ဖုန်းကိုင်လိုက်သောအခါ သူထင်ထားသည့်အတိုင်း လင်းလန်ဇီက_

"သူဌေး.. ပါမောက္ခလီခိုင်နဲ့ဆန်မျိုးအသစ်ဗီဒီယိုရပြီ... ကြည့်လိုက်ပါဦး''

ခဏအကြာ Wechat မှတည်းဖြတ်ထားသောဗီဒီယိုတစ်ပုဒ် ချင်လင်ဆီဝင်လာသည်။

သူရိုက်ထားသောဗီဒီယိုဖြစ်ပြီး လင်းလန်ဇီကိုပို့ထားခြင်းပင်။ မာတီမီဒီယာဌာနမှတည်းဖြတ်ပြီးနောက် တမူထူးခြားသွားသည်။ သူရိုက်ထားသလို အကြမ်းထည်မဆန်တော့။

ချင်လင်ကဗီဒီယိုကြည့်ပြီး အဆင်ပြေသောကြောင့် Wechat မှ လင်းလန်ဇီထံစာပို့လိုက်သည်_

"ဥက္ကလင်း.. မေးစရာမရှိတော့ရင် အခုတင်လို့ရပါပြီ''

“ကောင်းပါပြီ''

လင်းလန်ဇီလည်းပြန်ဖြေသည်။

လိုင်းပေါ်တွင်_

သားအဖနှစ်ယောက်ရန်ဖြစ်သောဗီဒီယိုက ပိုပြီးနာမည်ကြီးလာသည်။ ဒီသတင်းက ဒီနှစ်အပြောအခံရဆုံးသတင်းဖြစ်မည်။ ဆယ်လီတွေချိန်းတွေ့တာ၊ဖောက်ပြန်တာထက်ပိုပြီးစိတ်ဝင်စားစရာကောင်းနေသည်။

သို့ရာတွင် ချင်းလင်စံအိမ်ကဘယ်လိုတုံ့ပြန်မလဲ ပြည်သူများသိချင်နေကြသည်။

တချို့က:

'ချင်းလင်စံအိမ်မှာဖြစ်မှတော့ ချင်းလင်စံအိမ်ကလှုပ်ရှားသင့်တယ်မလား? ဖြစ်ကြောင်းကုန်စင်ပြောပြတဲ့ကြေညာချက်လေးပဲဖြစ်ဖြစ်ပေါ့'

ထို့ကြောင့် ချင်းလင်စံအိမ်တရားဝင်အကောင့်ကိုလူတိုင်းကြည့်မနေရင်တောင် လတ်လျားလတ်လျားလိုက်ကြည့်နေသူများစွာရှိလေသည်။

မြန်မြန်ဆန်ဆန်ပင် ချင်းလင်စံအိမ်တရားဝင်အကောင့်မှထွက်လာသောဗီဒီယိုကို တစ်ယောက်ယောက်မြင်သွားသည်။

ဗီဒီယိုထွက်ထွက်ချင်း သားအဖနှစ်ယောက်ဗီဒီယိုဟု အတော်များများကထင်ကြသည်။

ချင်းလင်စံအိမ်မှဗီဒီယိုတင်သည်နှင့် လိုင်းပေါ်တွင်တန်းတွေ့ကြသည်။

ဘာပဲဖြစ်ဖြစ် ချင်းလင်စံအိမ်မှာ ပရိသတ်သန်း ၁၃၀ ကျော်ရှိ၍ ဗီဒီယိုတက်တက်ချင်း အသိပေးစာရကြသည်။

တွေ့သူများက Tiktok ဖွင့်ပြီး ဗီဒီယိုကြည့်ကြသည်။ သို့ရာတွင် ချင်းလင်စံအိမ်မှတင်သောဗီဒီယိုက သားအဖနှစ်ယောက်အချစ်တိုက်ပွဲနှင့်ဘာမှမဆိုင်သောကြောင့် အံ့ဩသွားကြသည်။

ဗီဒီယိုခေါင်းစဉ်မှာ:

'ပါမောက္ခလီခိုင်၏နောက်ဆုံးထွက်သုတေသနရလဒ်များ!'

သို့သော် ဘာရလဒ်ဟုမပြောထား၍ သိချင်စိတ်ဖြစ်လာကြသည်။

ဗီဒီယိုဖွင့်လိုက်သောအခါ လက်ဝါးအနီးကပ်ပုံတွေ့ရသည်။

အနီးကပ်က လက်ဖဝါးကိုရိုက်ပြခြင်းမဟုတ်၊ လက်ဖဝါးပေါ်မှသလင်းကျောက်လိုဆန်စေ့များကိုပြခြင်းဖြစ်သည်။

ဆန်စေ့က မြေပဲဆံထက်ကြီးသောကြောင့် ဘယ်သူမှမမှတ်မိ။

အများစုက ချင်းလင်ဓာတ်ခွဲခန်းမှပျိုးထောင်သောမြေပဲမျိုးအသစ်ဟုအမှတ်တမဲ့ထင်လိုက်ကြသည်။

အားလုံးသို့လောသို့လောဖြစ်နေစဉ် မြင်ကွင်းပြောင်းသွားသည်။

ထိုမြင်ကွင်းတွင် လူတိုင်းရင်းနှီးနေသောပုံရိပ်တစ်ခုပေါ်လာသည်။

ပါမောက္ခလီခိုင်ပင်။

ပြည်သူများက ပါမောက္ခလီခိုင်ကိုရင်းနှီးကြသည်။ ဘာပဲဖြစ်ဖြစ် သူကအကြိမ်ကြိမ်ရေပန်းစားခဲ့သည်။

သူ့အကြောင်း လူတိုင်းသိသည်။ သိပ္ပံသုတေသနရလဒ်များအကြိမ်ကြိမ်ထွက်ဖူးသည်။

ပါမောက္ခလီခိုင်က သစ်ပင်တစ်ပင်ဆီသွားနေသည်ကိုတွေ့ရသည်။

သစ်ပင်က ၃ မီတာကျော် ၅ မီတာနီးနီးရှိမည်။

နောက်ပြီး ထိုအပင်ကို အရင်ကမမြင်ဖူးကြ။

သစ်ပင်မှာအရွက်များဝေ၊ကိုင်းများဖြာနေပြီး ထိုအပေါ်တွင် အသီးများပြွတ်သိပ်နေသည်။

ပါမောက္ခလီခိုင်က ကိုင်းပေါ်မှတစ်ခုခုကိုခူးလိုက်သည်။

ထို့ကြောင့် ဘာပင်ပါလိမ့်ဟု အားလုံးစူးစမ်းကြည့်သည်။ ထိုအပင်မှခူးလိုက်သောသလင်းကျောက်လိုအရာက မြေပဲဆံထက်ပိုကြီးကြောင်းတွေ့ရသည်။

ပါမောက္ခလီခိုင်က အပင်ပျိုးထောင်ထားတာလား?

All Chapters