ဟယ်ရှားအိပ်မက်! အားလုံးပညာရှင်တွေ!
Vol. 82 Ch. 1223
လီခိုင်ရှေ့ကဘာပင်လဲ အားလုံးသိချင်နေသည်။
ထိုအခိုက် ဗီဒီယိုထဲမှအသံထွက်လာသည်_
"ဒါကြည့်ပြီး ပါမောက္ခလီခိုင်လုပ်နေတဲ့သုတေသနကို အားလုံးစိတ်ဝင်စားနေကြမယ်ထင်ပါတယ်... အသီးက သလင်းကျောက်လိုကြည်နေတာပဲမလား?''
အမှန်ပင်၊ အားလုံး သိချင်နေပြီ။
သူ့စကားကြားသူတိုင်းပြောချင်နေသည်မှာ_
'သော*က်အပိုတွေပြောနေတာလား?'
ဗီဒီယိုထဲမှဆက်ပြီး_
"ဒါပါမောက္ခလီခိုင်ပျိုးထောင်ထားတဲ့စပါးမျိုးအသစ်ပါ... စပါးပင်ကပြောင်းပင်ထက်ရှည်ရုံမကဘူး... စပါးစေ့ကလည်း မြေပဲဆံထက်ကြီးတယ်''
"အဓိကက ဒီဆန်က သာမန်ဆန်တွေထက်ပိုမွှေးပြီးချိုတယ်... အထွက်နှုန်းလည်းအရမ်းမြင့်တယ်... ပါမောက္ခလီခိုင်ရဲ့အပူချိန်နိမ့်မျိုးစိတ်နည်းပညာနဲ့ပေါင်းလိုက်ရင် သိပ္ပံနည်းကျခန့်မှန်းချက်အရ ပြည်တွင်းမှာဒီစပါးမျိုးအသစ်စိုက်နိုင်တာနဲ့ တစ်ကမ္ဘာလုံးရိက္ခာကိုဖြည့်ဆည်းပေးနိုင်လိမ့်မယ်''
"အခုဒီစပါးမျိုးက အပင်ထိန်းသိမ်းရေးအဆင့်မှာ နောက်ပိုင်းရတဲ့မျိုးစေ့က အပင်စိုက်ဖို့အသုံးချနိုင်မယ်''
"နောက်နှစ်လောက်ဆို နယ်ဘက်မှာစိုက်ဖို့မျိုးစေ့အလုံအလောက်ရလိမ့်မယ်''
ဗီဒီယိုအဆုံးထိကြည့်ပြီး အားလုံးအံ့ဩသွားကြသည်။
ဒီသစ်ပင်က စပါးပင်ဖြစ်နေမည်ဟုမယုံရဲကြ။
ဒီလောက်ကြီးတဲ့လယ်ကွက်မျိုး ဘယ်သူမြင်ဖူးလို့လဲ?
နောက်ပြီး စပါးက မြေပဲဆံထက်ကြီးနေတာ။ စပါးလို့မပြောရင် ဘယ်သူထင်မလဲ?
ကြောက်စရာအကောင်းဆုံးက ဗီဒီယိုထဲမှာပြောထားတဲ့အထွက်နှုန်း။
ပါမောက္ခလီခိုင်ရဲ့စပါးမျိုးအသစ်နဲ့ အပူချိန်နိမ့်နည်းပညာပေါင်းလိုက်ရင် ပြည်တွင်းမှာစပါးမျိုးအသစ်စိုက်ပြီး တစ်ကမ္ဘာလုံးကိုရိက္ခာထောက်ပံ့နိုင်မည်။
ဦးနှောက်လေးသူတောင် ဒီသဘောကိုနားလည်နိုင်လိမ့်မည်။
တခဏချင်း ဗီဒီယိုကို Like ပေးသူ၊ပြန်တင်သူအရေအတွက်က ကြောက်စရာကောင်းအောင်တက်လာသည်။
နောက်ပြီး မှတ်ချက်နေရာမှာ ပလူပျံနေ၏။
"ဗီဒီယိုကြည့်ပြီး အိပ်မက်မက်နေသလိုပဲ... ဒီလိုဆန်မျိုး ရုပ်ရှင်ထဲမှာပဲမြင်ဖူးတာ''
"ပြောင်းပင်ထက်ရှည်ပြီး မြေပဲဆံထက်ကြီးတဲ့စပါးစေ့... တစ်ခုခုမတွေးမိဘူးလား?''
"ဟယ်ရှားအိပ်မက်.. ဟယ်ရှားအိပ်မက်ပဲ... ရုတ်တရက်ငိုချင်လာသလိုလိုဖြစ်လာပြီ... ပါမောက္ခလီခိုင်က အံ့ဩစရာကောင်းလိုက်တာ... ဒါမျိုးဖန်တီးနိုင်တယ်... ဒါနိုင်ငံ့အိပ်မက်တစ်ခုပဲ''
"ပါမောက္ခလီခိုင် အပူချိန်နိမ့်မျိုးစိတ်သုတေသနလုပ်တာ ဒီအတွက်လားလို့တောင်ထင်မိတယ်''
"ပါမောက္ခလီခိုင်ဆိုတဲ့အတိုင်းပဲ... ဒါနိုဘယ်ဆုရသင့်တယ်မလား?''
"အပေါ်ကလူ.. ပါမောက္ခလီခိုင်ကို နိုဘယ်ဆုပေးရဲမယ်ထင်လို့လား? ပါမောက္ခလီခိုင်ကရော သွားယူမယ်ထင်လား? သူက ရှောင်ချင်နဲ့တချိုးတည်း''
တချို့က ရှောင်ချင်ကိုထည့်ပြောကြသည်။ သည်လိုနှင့် ပါမောက္ခလီခိုင်နှင့်ရှောင်ချင်ဘာကြောင့်ဒီလောက်ရင်းနှီးနေလဲသဘောပေါက်သွားကြသည်ထင်သည်။
ဉာဏ်ကြီးရှင်နှင့်ဉာဏ်ကြီးရှင် မိတ်ဆွေဖြစ်ခြင်းသာဖြစ်မည်။
နှစ်ယောက်လုံးက သိပ္ပံသုတေသနမှာထူးချွန်ကြသည်။
အရင်တစ်ခါရှောင်ချင်က သွေးခဲပလိပ်ရောဂါဆေးဖော်ခဲ့ပြီး ဒီတစ်ခါပါမောက္ခလီခိုင်က ဒီလိုကြောက်စရာကောင်းသောစပါးမျိုးဖန်တီးလိုက်ပြီ။
အချိန်တိုအတွင်း ပါမောက္ခလီခိုင်၏စပါးမျိုးအသစ်ဗီဒီယိုမှာ အင်တာနက်တစ်ခုလုံးပြန့်ပြီး အံ့ဩသူတွေများလာသည်။
အရင်ကဟယ်ရှားအိပ်မက်ကို စိတ်ကူးမယဉ်ဖူးကြတာမဟုတ်။
စပါးပင်အကြောင်း ဟောလိဝုဒ်စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တချို့တောင်ရှိသည်။
သစ်ပင်ပေါ် စပါးဖြစ်နေသလိုပင်။
သို့သော် ဟောလိဝုဒ်က ကွန်ပျူတာပြင်ဆင်ချက်များသာဖြစ်ပြီး အမေရိကမှာဒီလိုနည်းပညာမျိုးလုံးဝမရှိ။
အခုမြင်နေရတာက စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းမဟုတ်။ လူတစ်ယောက်ပျိုးထောင်ထားသောစပါးမျိုးဖြစ်သည်။
နန်ကျင်း_
စပါးသုတေသနရုံး_
ထိုအချိန် ပညာရှင်များမှာ စပါးပင်များကိုလေ့လာသုံးသပ်ပြီး မှတ်တမ်းတင်နေကြသည်။
ထိုသုတေသနရုံးမှာ စီနီယာယွမ်အလုပ်လုပ်ခဲ့သောနေရာလည်းဖြစ်သည်။
စီနီယာယွမ်ကွယ်လွန်ပြီးနောက် သူ့နောက်ဆုံးဆန္ဒကိုဆက်ခံခဲ့ကြသည်။
ဟယ်ရှားအိပ်မက်အတိုင်း ပြောင်းပင်ထက်ရှည်ပြီးမြေပဲဆံထက်ကြီးသောစပါးစေ့မျိုး ပျိုးထောင်ချင်ကြသည်။
သူတို့ရှေ့မှလယ်ကွက်က နောက်ဆုံးသုတေသနဖြစ်သည်။
သို့သော် ထိုလယ်ကွက်များမအောင်မြင်။
အခုလယ်ကွက်များအပြင် မအောင်မြင်ရသည့်အကြောင်းရင်းများကိုပါလေ့လာနေကြသည်။
အကြိမ်ကြိမ်ကျရှုံးရင်တောင် စိတ်မပျက်။
ဘာပဲဖြစ်ဖြစ် အချိန်တိုအတွင်းအောင်မြင်မည့်ပန်းတိုင်မျိုးမဟုတ်ပေ။
ခမ်းနားကြီးကျယ်သောပန်းတိုင်ဖြစ်သည်။
အားလုံး ဒီနယ်ပယ်မှာထိပ်တန်းပညာရှင်များဖြစ်သည်။
သူတို့အားလုံးပေါင်းရင်တောင် အကြိမ်ကြိမ်ကျရှုံးသေးသည်။
သူတို့ခန့်မှန်းထားချက်အရ နောက်ဆယ်နှစ်လောက်အထိ ဒီခမ်းနားကြီးကျယ်တဲ့ပန်းတိုင်ကိုရောက်ဦးမည်မဟုတ်သေး။
ဒီအတောအတွင်းပြီးနိုင်ရင် ကြီးကြီးမားမားအောင်မြင်မှုဖြစ်မည်။
ထိုအတွေးနှင့် တချို့က လယ်ကွက်များကိုအနှစ်ချုပ်၊အပြီးသတ်ကြသည်။
"ဟင်း.. ဒီအိပ်မက်က ဝေးနေသေးတယ်!''
"စပါးတစ်မျိုးတည်းဟုတ်ပုံမရဘူး... သုတေသနအစီအစဉ်အသစ်လုပ်ရမယ်''
"ဒါမှမဟုတ် ပြောင်းပင်နဲ့မျိုးစပ်ပြီး အဲလိုစပါးမျိုးအသစ်ထုတ်မလား?''
"အဲလောက်မလွယ်ဘူးထင်တယ်... ဆန်မျိုးစိတ်အပေါ်သက်ရောက်မှုရှိနိုင်တယ်''
ပညာရှင်များဆွေးနွေးနေကြစဉ် လက်ထောက်တစ်ယောက်ရောက်လာပြီး ပညာရှင်များကိုဖုန်းပြကာ_
"ပညာရှင်တို့.. လိုင်းပေါ်မှာသတင်းတက်နေတယ်... ကြည့်ပါဦး!''
ပညာရှင်များကဇဝေဇဝါနှင့်ယူကြည့်လိုက်ကြသည်။
သတင်းဗီဒီယိုကြည့်လိုက်ရာ ၅ မီတာနီးပါးရှိသောစပါးပင်နှင့်မြေပဲဆံထက်ကြီးသောဆန်ကိုမြင်ပြီး အားလုံးမှင်တက်သွားသည်။
"သုတေသနလုပ်ပြီးသွားပြီလား? ပါမောက္ခလီခိုင်လား?''
"မယုံနိုင်စရာပဲ.. ပါမောက္ခလီခိုင် ဘယ်လိုလုပ်လိုက်တာလဲ?''