ဟယ်ရှားအိပ်မက်! အားလုံးပညာရှင်တွေ! ၂
Vol. 82 Ch. 1224
“ဒါ … ဒါ … ဒါ … ဒါ … ဒါ …”
ပညာရှင်တချို့ ငြိမ်ငြိမ်မထိုင်နိုင်တော့။
ဘာပဲဖြစ်ဖြစ် သူတို့က ဒီသုတေသနပရောဂျက်ရဲ့အမွေခံ၊ စီနီယာကြီးရဲ့နောက်ဆုံးဆန္ဒအမွေခံတွေဖြစ်သည်။
ဒီခမ်းနားကြီးကျယ်တဲ့အိပ်မက်က ဆယ်နှစ်လောက်အတွင်းမဖြစ်နိုင်ဟုတောင်ထင်ထားကြသည်။
မျက်စိတစ်မှိတ်အတွင်း ဒီသုတေသနကပြီးသွားပြီး ထုတ်ကုန်တောင်ထွက်နေပြီတဲ့လား?
သတင်းဗီဒီယိုထဲတွင်_
ဒီစပါးပင်က ပြောင်းပင်ထက်ရှည်ပြီး သစ်ပင်နှင့်တူနေသည်။ ဆန်က မြေပဲဆံထက်ပိုကြီးသည်။ စီနီယာကြီးရဲ့ဆန္ဒထက်တောင်လွန်နေပြီ။
အထူးသဖြင့် အထွက်နှုန်းပင်။
ပြည်တွင်းကနေ တစ်ကမ္ဘာလုံးကိုရိက္ခာထောက်ပံ့နိုင်တယ်ဆိုတဲ့အဓိပ္ပါယ်က?
ဆန်အရသာကလည်း သာမန်ဆန်ထက်ပိုကောင်းသည်။ အထွက်နှုန်းပြဿနာတင်မဟုတ်၊ တစ်ကမ္ဘာလုံးစားသောက်မှုပုံစံကိုပါ လုံးဝပြောင်းလဲပစ်နိုင်သည်။
စျေးချင်းယှဉ်တိုက်ရင် မရှုံးနိုင်သောအဆင့်မှာရှိ၍ တချို့နိုင်ငံများအောင့်သက်သက်ဖြစ်နိုင်သည်။
ဒီပါမောက္ခလီခိုင်က အံ့ဩစရာ။
သို့သော် မနာလိုခြင်းမဟုတ်။
ပါမောက္ခလီခိုင်ကိုလေးစားခြင်းသာ။
ထို့နောက် ဗီဒီယိုကိုအသည်းအသန်ကြည့်ကြသည်။ သူတို့နည်းနည်းစိတ်အားငယ်မိသည်။ ဘာပဲဖြစ်ဖြစ် သူတို့အိပ်မက်ကိုတစ်ယောက်ယောက်ကဖြည့်ဆည်းပေးလိုက်ပြီ။
လိုင်းပေါ်တွင် ပါမောက္ခလီခိုင်နှင့်ဆန်မျိုးအသစ်က လုံးဝရေပန်းစားနေသည်။
ဒီစိတ်ကူးယဉ်သိပ္ပံထုတ်ကုန်ကို အမြန်ဆုံးသိသွားကြသည်။
ချင်းလင်ဓာတ်ခွဲခန်း_
တဖက်တွင်လီခိုင်မှာ ရုံးခန်းထဲပိတ်ပြီး ဖုန်းနှင့်ဗီဒီယိုများကြည့်နေ၏။
သူမျက်နှာနည်းနည်းပျက်နေသည်။
"ဘာလို့လဲ? စောစောကသိရင် ညီလေးချင်ကိုဆင်းခိုင်းပြီး ငါအရင်ဓာတ်ပုံရိုက်မှာပေါ့''
လီခိုင်ကပြောရင်းဆိုရင်း ရင်ဘတ်ကိုထု၊ခြေထောက်ကိုဆောင့်ကာ စိတ်ပျက်လက်ပျက်နှင့်_
"အရင်ဆန္ဒပြပြီး အသာစီးယူတဲ့နည်းကို ငါဘာလို့မသိတာလဲ?''
ရေပန်းစားနှုန်းအလွန်မြင့်နေပြီဖြစ်၍ လီခိုင်ငြင်းမရတော့ကြောင်း လက်ခံလိုက်ရသည်။
အထူးမြေကြီးက သူနဲ့ညီလေးချင်ကြားလျှို့ဝှက်ချက်တစ်ခုဖြစ်နေသည်။ သူဘယ်သူ့ကိုမှပြောမရ။ ဓာတ်ခွဲခန်းကလူတွေတောင် သူသုတေသနလုပ်ထားတဲ့အထူးမြေဩဇာဟုထင်နေကြသည်။
လီခိုင်က ကွန်ပျူတာအမြန်ဖွင့်ပြီး သုတေသနအစီရင်ခံစာထုတ်သည်။
စပါးမျိုးအသစ်အကြောင်းလေ့လာပြီး သူ့ဦးနှောက်ခြောက်မတတ်ရေးထားသောအစီရင်ခံစာဖြစ်သည်။
သုတေသနအစီရင်ခံစာတွင် သူ့နာမည်ကိုထိပ်ဆုံးမှာတွေ့နိုင်သည်။ အရင်က ညီလေးချင်ကိုလက်မှတ်ခိုးထိုးခိုင်းပြီး ညီလေးချင်နာမည်ထည့်ဖို့ကြိုးစားခဲ့သည်။ ဒါမှ ညီလေးချင်က နာမည်အကြီးကြီးခံရမည်။
TV မှာတွေ့တဲ့အစီအစဉ်ကမအောင်မြင်ဘဲ သူတစ်ယောက်တည်းဖြစ်သွားမယ်လို့ ဘယ်ထင်မလဲ။
အခုညီလေးချင်နာမည်ထည့်မရတော့။ ထည့်ရင်တောင် သူဌေးကလက်မှတ်မထိုး၍ သုတေသနအစီရင်ခံချက်ကိုထည့်တွက်မည်မဟုတ်ပေ။
"ဟင်း.. ဒီနည်းပဲရှိတာပေါ့''
လီခိုင်ကပြောရင်းဆိုရင်း ကီးဘုတ်ပေါ်တွင်နာမည်များတန်းစီစရိုက်သည်။
အားလုံးက သုတေသနတွင်ပါဝင်ခဲ့သောသူ့လက်ထောက်များဖြစ်သည်။
ဒါနဲ့ မရသေး။
"ချူရှင်းလည်း စပါးပင်ကိုရေလောင်းဖူးတယ်... သူလည်းပါတယ်''
လီခိုင်ကပွစိပွစိပြောရင်း နာမည်ထပ်ထည့်သည်။
"ဝမ်ဟယ်က စပါးမျိုးအသစ်ဘေးနားပေါက်တဲ့မြက်ကိုဆွဲနုတ်ခဲ့တာ... သူ့ကိုလည်းထည့်ရမယ်''
ထပ်ထည့်ပြန်သည်။
"လင်းရှားက ဓာတ်ပုံရိုက်တယ် ဗီဒီယိုရိုက်တယ်ဆိုတော့ သူလည်းပါတာပဲ''
နောက်နာမည်တစ်ခုတိုးပြန်သည်။
နာမည်တစ်ခု: '...'
နာမည်တစ်ခု: '...'
"ဒါနဲ့ လုံခြုံရေးတွေကစောင့်ကြည့်ရတာ သူတို့လည်းပင်ပန်းတယ်... သူတို့ကိုပါ ထည့်တွက်သင့်တာပေါ့''
နာမည်သုံးလေးခုထပ်ထည့်ပြန်သည်။
အချိန််ဘယ်လောက်ကြာသွားသည်မသိ။ သုတေသနထဲပါဝင်သူနာမည်တသီတတန်းကြီး လီခိုင်ထည့်ပြီးသွားသည်။
သူထည့်ချင်ရင် ဓာတ်ခွဲခန်းအပြင်သန့်ရှင်းရေးနာမည်များတောင်ထည့်ချင်ထည့်မည်။
ပြီးတော့မှ လီခိုင်ကခေါင်းတညိမ့်ညိမ့်နှင့် ကျေနပ်ပြီးဝန်ပေါ့သွားသလိုခံစားရသည်။
ဟွားဆေးရုံ_
ဝန်ကြီးလု စိတ်ကြည်နေသည်။
ယွီဖေးဆေးကိစ္စကို ခေါင်းဆောင်ကအတည်ပြုလိုက်သောကြောင့်ပင်။
သူဌေးချင်လိုဆေးမဖော်နိုင်သော်လည်း သက်တမ်းရင့်ဆေးပင်များနှင့်ဖော်သောဆေးက အရင်ထက်ပိုကောင်းသည်။
"ဝန်ကြီးလု.. အခုယွီဖေးဆေးကိုဓာတ်မခွဲနိုင်ဘူးဆိုပေမဲ့ ဓာတ်ခွဲတာမရပ်ပစ်နိုင်ဘူး... သူဌေးချင်ဆေးမှာ ဒီလိုအာနိသင်ရှိမှတော့ ဓာတ်ခွဲနိုင်ရင် မင်းခန့်မှန်းထားသလို လက်ကျိုးပြန်ကောင်းနိုင်မှာ''
ခေါင်းဆောင်က လေးလေးပင်ပင်ပြောသည်။
"မပူပါနဲ့ ခေါင်းဆောင်''
ဝန်ကြီးလုက တန်းပြောသည်_
"အထူးဓာတ်ခွဲအဖွဲ့စီစဉ်ထားပါပြီ... ၁၀ နှစ်ဖြစ်ဖြစ် အနှစ် ၂၀ ဖြစ်ဖြစ် ဘယ်လောက်ကြာကြာ ယွီဖေးဆေးကိုဓာတ်ခွဲနိုင်တဲ့အထိဆက်လုပ်ပါလိမ့်မယ်''
တကယ်တော့ အနာဂတ်သုတေသနအကြောင်း ခေါင်းဆောင်ထက်သူပိုသိသည်။
သိပ္ပံသုတေသနအများစုက ရလဒ်တန်းမထွက်။ ၁၀ နှစ်မှ အနှစ် ၂၀ လောက်ကြာတတ်သည်။
သို့သော် ရလဒ်သိပ်မထွက်တိုင်း ရပ်မပစ်နိုင်။
ခေါင်းဆောင်ကသက်ပြင်းချပြီး_
"အဲဒီသူဌေးချင်က တကယ်ထူးခြားတဲ့ဉာဏ်ကြီးရှင်ပဲ... ငါတို့ပြည်တွင်းမှာ ဒီလိုလူငယ်မျိုးမရှိဖူးဘူးထင်တယ်... ဒီတော့ ဒါငါတို့ခေတ်ပဲ... သူဌေးချင်ကိုသေချာကာကွယ်ရမယ်''
“ဟုတ်ကဲ့ နားလည်ပါတယ်!”
ဝန်ကြီးလုကပြောသည်။
သူတို့နှစ်ဦးစကားပြောနေစဉ် အတွင်းရေးမှူးဝတ်စုံနှင့်တစ်ယောက်အမြန်ဝင်လာပြီးအစီရင်ခံသည်_
"ခေါင်းဆောင်.. လိုင်းပေါ်မှာအကြီးအကျယ်ဖြစ်နေပြီ.. ချင်းလင်ဓာတ်ခွဲခန်းလေ''
"ဘာဖြစ်လို့လဲ? သူဌေးချင် ဘာလုပ်ပြန်ပြီလဲ?''
ခေါင်းဆောင်ကဇဝေဇဝါနှင့်မေးသည်။
"သူဌေးချင်မဟုတ်ဘူး... ပါမောက္ခလီခိုင်ပါ''
အတွင်းရေးမှူးက လောလောနှင့်ပြောသည်။
ဝန်ကြီးလုကတစ်ခုခုသတိရပြီး အမြန်မေးလိုက်သည်_
"ဆန်မျိုးအသစ်လား?''