ဟယ်ရှားအိပ်မက်! အားလုံးပညာရှင်တွေ! ၃
Vol. 82 Ch. 1225
အတွင်းရေးမှူးကခေါင်းညိမ့်ပြီး_
"အင်း.. ပါမောက္ခလီခိုင်က စပါးမျိုးအသစ်လုပ်လိုက်တာ... အပင်က ၅ မီတာရှည်ပြီး ဆန်တစ်စေ့တစ်စေ့က မြေပဲဆံထက်ကြီးတယ်တဲ့... သာမန်ဆန်ထက်အရသာပိုကောင်းတယ်... ပြီးတော့ ချင်းလင်စံအိမ်ကပြောထားသေးတယ်... ဆန်မျိုးအသစ်ကို အပူချိန်နိမ့်မျိုးစိတ်နည်းပညာနဲ့ ပြည်တွင်းမှာစိုက်နိုင်ရင် တစ်ကမ္ဘာလုံးကိုထောက်ပံ့လို့ရတယ်တဲ့''
ခေါင်းဆောင်: “ဘယ်လို?”
ဝန်ကြီးလု: ''ဟုတ်လား?''
သတင်းကြားပြီး နှစ်ယောက်သားအလန့်တကြားမတ်တပ်ထရပ်လိုက်သည်။
ဒါဘာအဓိပ္ပါယ်လဲ သူတို့သိသည်။
ကမ္ဘာ့ထိပ်တန်းစိုက်ပျိုးရေးနိုင်ငံ ၁၀ နိုင်ငံကိုစဉ်းစားကြည့်ပါ။
(၁) အမေရိက (၂) ကနေဒါ (၃) အိန္ဒိယ (၄) ဂျာမနီ (၅) ပြင်သစ် (၆) အင်္ဂလန် (၇) ကျွန်ုပ်တို့...
ဒီအဆင့်က အရင်အတိုင်းစဉ်ထားခြင်း။
ပါမောက္ခလီခိုင်ရဲ့စပါးမျိုးအသစ်၊အပူချိန်နိမ့်မျိုးစိတ်နည်းပညာနဲ့ဆို တစ်ကမ္ဘာလုံးကိုထောက်ပံ့နိုင်တော့မည်။ ပထမ ၆ နိုင်ငံ အောင့်သက်သက်ဖြစ်သွားမည်။
ဒီကောင်တွေအောင့်သက်သက်ဖြစ်ရင် သူတို့နေလို့ကောင်းပြီ။
ခေါင်းဆောင်ကချက်ချင်းပင်_
"သူဌေးချင်တင်မဟုတ်ဘူး... ပါမောက္ခလီခိုင်ကိုလည်း ကာကွယ်ရမယ်... ပါမောက္ခလီခိုင်က သူ့မိသားစုကြောင့် နာမည်မခံချင်တဲ့ပုံပဲ... အချိန်တွေကုန်လိုက်တာ... သူဌေးချင် ခရီးသွားမေဂျာနဲ့ ၄ နှစ်လောက်အချိန်ကုန်ခဲ့သလိုပဲ''
"ဒီရွက်ပုန်းသီးနှစ်ယောက်မြုပ်နေပြီး အခုမှသိရတာ ဆုံးရှူံးမှုကြီးလိုက်တာ''
ဝန်ကြီးလုကနှစ်သိမ့်လိုက်သည်_
"ခေါင်းဆောင်.. အခုအဆင်ပြေသွားပြီ... သူဌေးချင်နဲ့ပါမောက္ခလီခိုင်က အချင်းချင်းတန်ဖိုးထားကြတာ... ရုံချန်းမှာသူတို့စုနေပြီးတော့ ဆက်ဆံရေးလည်းကောင်းကြတယ်''
"တစ်ယောက်ရလဒ်ထွက်ပြီးမကြာခင် နောက်တစ်ယောက်ကထွက်တာ... အချင်းချင်းအသိစိတ်နဲ့ပြိုင်နေကြသလိုပဲ... သူတို့နှစ်ယောက်လုံးက သိပ္ပံသုတေသနမှာ သူရဲကောင်းနှစ်ယောက်လို့ပြောလို့ရတယ်... ဇာတ်လမ်းကောင်းပဲ''
"ရုံချန်းကိုမင်းကိုယ်တိုင်သွားပြီး ဆန်မျိုးအသစ်ကိုအတည်ပြုသင့်တယ်''
ခေါင်းဆောင်ကခေါင်းညိမ့်သည်။ တကယ်ဇာတ်လမ်းကောင်းပင်။
နောက်ပြီး ရုံချန်းက ကောင်းချီးပေးခံရသောမြေဖြစ်သည်။
လွန်ခဲ့သော ၂ နှစ်အတွင်း ရုံချန်းကအားလုံးလက်ခံရရှိလိုက်သလိုပင်။
"ကောင်းပါပြီ''
ဝန်ကြီးလုလည်းပြန်ဖြေပြီးထွက်လာသည်။သူ့လက်ထောက်ကို လေယာဉ်လက်မှတ်ဖြတ်ခိုင်းပြီး ရုံချန်းကိုအပြေးသွားသည်။ ထို့နောက် ချင်းလင်စံအိမ်သို့အမြန်ဆုံးထွက်လာ၏။
သူအထဲဝင်မည်အပြုတွင် လီခိုင်ကကားပါကင်ထိုးပြီးကားထဲမှထွက်လာသည်ကိုတွေ့ရသည်။ သူ့လက်ထဲတွင် သုတေသနအစီရင်ခံစာကိုင်ထားပြီး နည်းနည်းစိတ်ပျက်ပုံပေါက်နေသည်။
"ပါမောက္ခလီခိုင်''
ဝန်ကြီးလုမျက်လုံးအရောင်တောက်သွားပြီး ချက်ချင်းနှုတ်ဆက်လိုက်သည်။
"ဝန်ကြီးလု''
လီခိုင်က အမြန်ပြန်နှုတ်ဆက်သည်။
ဝန်ကြီးလုက သူ့လက်ထဲမှစာဖိုင်ကိုကြည့်ပြီး စပ်စုသည်_
"ဒါသုတေသနအစီရင်ခံစာလား?''
“အာ.. ဟုတ်တယ်!”
လီခိုင်ကအမှတ်တမဲ့ပြောသည်။
“ကြည့်လို့ရမလား?”
ဝန်ကြီးလုမျက်စိကျယ်သွားသည်။
လီခိုင်ကနားထောင်ရင်း ရှက်ကိုးရှက်ကန်းနှင့် သုတေသနအစီရင်ခံစာကိုဝန်ကြီးလုဆီပေးလိုက်သည်။ ထိုအပေါ်တွင်နာမည်များစွာပါပြီး သူနည်းနည်းအပြစ်ရှိသလိုခံစားနေရသည်။
ဝန်ကြီးလုကအစီရင်ခံစာယူ၍နာမည်များဖတ်ပြီးနောက် မပြောဘဲမနေနိုင်တော့_
"ကြည့်ရတာ ချင်းလင်ဓာတ်ခွဲခန်းမှာ သိပ္ပံသုတေသနပညာရှင်တွေအများကြီးစုပြီး ပါမောက္ခလီခိုင်ဆန်မျိုးအသစ်ပျိုးထောင်တာကိုဝိုင်းကူကြတဲ့ပုံပဲ''
ပါဝင်သူနေရာတွင် နာမည်များကြပ်သိပ်နေပြီး နေရာလွတ်မရှိတော့။
သို့သော် ဒါပုံမှန်ပင်။ ဒီလိုခမ်းနားကြီးကျယ်တဲ့သုတေသနမျိုးအတွက် ပါမောက္ခလီခိုင်ဘယ်လောက်စွမ်းစွမ်း အကူအညီလိုအပ်သည်။
ဝန်ကြီးလုက နာမည်များကိုတစ်လုံးချင်းဖတ်ကြည့်သည်။ အနည်းဆုံးတော့ နာမည်ကျန်ခဲ့စေချင်သည်။ ဘာပဲဖြစ်ဖြစ် အားလုံးက ပါမောက္ခလီခိုင်ရဲ့သုတေသနမှာပါနိုင်သူ၊အရည်အချင်းရှိသူများဖြစ်သည်။