ကိုယ်ကျိုးမငဲ့တဲ့ပါမောက္ခလီ!
Vol. 82 Ch. 1226
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်က အင်တာဗျူးစာဖိုင်ကြည့်နေသည်။
လီယွဲ့ချုံဆိုသော အသက် ၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦး၏စာဖိုင်ဖြစ်သည်။ ဟိုင်ကွားလုပ်ငန်းတွင် ၇ နှစ်လုပ်ခဲ့ပြီး မင်မြို့တော်ဟိုင်ကွားမွေးမြူရေးတွင်ကြီးကြပ်သူဖြစ်သည်။
ဟိုင်ကွားမွေးတတ်သူ ချင်လင်ရှာခိုင်းထားသောကြောင့် ရန်သုံ့ရှာပေးထားသူလည်းဖြစ်သည်။
လီယွဲ့ချုံမှာ အံ့ဩပြီးစိတ်လှုပ်ရှားနေသည်။
ရှောင်ချင်က ချင်းလင်ကုမ္ပဏီသူဌေးဖြစ်နေသောကြောင့် အံ့ဩခြင်းဖြစ်ပြီး စိတ်လှုပ်ရှားခြင်းမှာ အင်တာဗျူးမအောင်မှာစိုးသောကြောင့်ပင်။
မွေးမြူရေးဌာနတွင် မန်နေဂျာဖြစ်နေပြီး ချင်းလင်စံအိမ်မှသာမန်မွေးမြူရေးနေရာကိုလာလျှောက်ခြင်းမှာ ရန်သုံ့အသိပေးသောကြောင့်ဖြစ်သည်။
ဟိုင်ကွားမွေးမြူရေးမှာပြဿနာမရှိရင် ရှေ့လျှောက်ချင်းလင်စံအိမ်၏ဟိုင်ကွားမွေးမြူရေးပရောဂျက်တာဝန်ခံက သူမဖြစ်လာမည်။
ချင်းလင်စံအိမ်ဖွံ့ဖြိုးမှုနှင့်အလားအလာကြောင့် ရာထူးချင်းတူရင်တောင် အပြင်ကမယှဉ်နိုင်၍ စိတ်လှုပ်ရှားနေသည်။
ချင်လင်လည်း လီယွဲ့ချုံအချက်အလက်ကိုသေချာဖတ်ကြည့်သည်။
သူမက ဟိုင်ကွားမွေးမြူရေးမှာအတွေ့အကြုံများသည်။
ရန်သုံ့ကထောက်ခံပေးထားမှတော့ သေချာစဉ်းစားပြီးဖြစ်ရမည်။
ရန်သုံ့ကိုလည်း သူယုံသည်။
ပွင့်ပွင့်လင်းလင်းဆိုရရင် ရန်သုံ့နှင့်မန်နေဂျာများအမှားလုပ်မိပါက ရန်သုံ့တို့အပေါ်သာ အရင်ဆုံးသက်ရောက်မည်ဖြစ်သည်။
"အင်း''
ချင်လင်က ကိုယ်ရေးအချက်အလက်ကိုချပြီး_
"ရန်သုံ့.. သူ့ကိုဝန်ထမ်းလုပ်ထုံးလုပ်နည်းအတိုင်းဖြတ်ခိုင်းလိုက်ပါ... ပြီးရင် ကောင်းယောင်ယောင်ဆီလွှဲပေးလိုက်... လိုအပ်တာ သူစီစဉ်ပေးလိမ့်မယ်... စံအိမ်ထဲကဟိုင်ကွားကို သူ့ဆီအရင်ပေးထားလိုက်ပါ''
“ကောင်းပါပြီ သူဌေး''
ရန်သုံ့ကပြောသည်။
"ကျေးဇူးတင်ပါတယ် ဥက္ကဌချင်''
လီယွဲ့ချုံလည်းစိတ်လှုပ်ရှားနေသည်။
ထို့နောက် ရန်သုံ့နှင့်လီယွဲ့ချုံထွက်သွား၏။
ခဏအကြာ လီခိုင်နှင့်ဝန်ကြီးလုရောက်လာသည်။
"ဝန်ကြီးလု အစ်ကိုလီ.. ဘယ်လိုဖြစ်ပြီးအတူတူရောက်လာတာလဲ?''
ချင်လင်အံ့ဩသွားသည်။
"အပြင်မှာပါမောက္ခလီခိုင်နဲ့ဆုံလို့ အတူတူဝင်လာတာလေ''
ဝန်ကြီးလုကရှင်းပြသည်။
"ဝန်ကြီးလုက အစ်ကိုလီပျိုးထောင်ထားတဲ့စပါးမျိုးအသစ်ကြောင့်ရောက်လာတာလား?''
ချင်လင် ခေါင်းညိမ့်လိုက်သည်။
"ဟုတ်ပါ့''
ဝန်ကြီးလုကပြုံးပြုံးနှင့်_
"ပါမောက္ခလီခိုင်ရဲ့သုတေသနက အံ့ဩစရာပဲ''
လီခိုင်ကနားထောင်ရင်း စိတ်ဓာတ်ကျနေသည်။
ဓားစာခံတစ်ယောက်ရဲ့အပူတွေကို ဘယ်သူနားလည်မလဲ?
စိတ်ပျက်လက်ပျက်နှင့်သာ သူ့လက်ထဲမှအစီရင်ခံစာကိုချင်လင်ဆီပေးရင်း_
"ညီလေးချင်.. ဒါစပါးမျိုးအသစ်အတွက်သုတေသနအစီရင်ခံစာပဲ... လက်မှတ်ထိုးပေးဦး''
ချင်လင်က သုတေသနအစီရင်ခံစာယူကြည့်ရာ ပါဝင်စမ်းသပ်သူနာမည်များပြွတ်သိပ်နေသည်။
သူက လီခိုင်ကိုတအံ့တဩကြည့်လိုက်သည်။
စမ်းသပ်ချက်မှာ လူဘယ်လောက်ပါရမယ်ဆိုတာ အစ်ကိုလီမသိလို့မဟုတ်ပါဘူးနော်?
ဒီလောက်အများကြီးပါဖို့မဖြစ်နိုင်။
"သူဌေးချင်''
ဝန်ကြီးလုကပြုံးပြီး_
"စမ်းသပ်ချက်မှာပါတဲ့သူတွေအများကြီးပဲ... မင်းတို့ချင်းလင်ဓာတ်ခွဲခန်းက ဒီဆန်မျိုးအသစ်ပျိုးထောင်ဖို့အင်တိုက်အားတိုက်လုပ်ထားတာပဲ''
ချင်လင်: ''ကျွတ် ကျွတ်''
လီခိုင်က သူ့အကွက်ကိုညီလေးချင်သဘောပေါက်မည်ထင်သောကြောင့် မျက်စိအမြန်မှိတ်ပြလိုက်သည်။
'ညီလေးချင်.. ဒီအိုးဘယ်လောက်ကြီးလဲသိလား'ဟု ပြောနေသလိုပင်။
ချင်လင်က လီခိုင်၏သဘောကိုနားလည်ပြီး အစီရင်ခံစာတွင်လက်မှတ်ထိုးပေးလိုက်သည်။
အစ်ကိုလီက သူ့အတွက်အကောင်းဆုံးအကာအကွယ်၊ အကောင်းဆုံးဓားစာခံ။
ဒီအတွေးလေးက တဖက်ကိုကျေနပ်စေသည်။
ဝန်ကြီးလုကမူ သူ့အတွေးမှန်သည်ဟုပိုသေချာသွားသည်။
စပါးမျိုးအသစ်ပျိုးထောင်ရေးမှာ ချင်းလင်ဓာတ်ခွဲခန်းကလူတွေအများကြီးပါတယ်ဆိုတဲ့အချက်က သူတို့မှာတကယ်အရည်အချင်းရှိကြောင်းပြနေခြင်းပင်။
မဟုတ်ရင် ဒီလိုသုတေသနမျိုးမှာ သာမန်လူတွေပါခွင့်ရှိမည်မဟုတ်။
လီခိုင်ကအစီရင်ခံစာယူပြီးနောက် ဝန်ကြီးလုနှင့်စကားဆက်ပြောချင်စိတ်မရှိသောကြောင့် လုပ်စရာရှိသည်ဟုဆင်ခြေပေးကာ အမြန်ပြန်ထွက်လာသည်။
ဒီအကွက်ကြောင့် အပြစ်ရှိသလိုခံစားနေရပြီး ဝန်ကြီးလုထပ်မေးမှာစိုးသည်။
မကြာမီ ချင်းလင်ဓာတ်ခွဲခန်းက ပါမောက္ခလီခိုင်နှင့်စပါးမျိုးအသစ်သုတေသနစာတမ်းကိုထုတ်ပြန်သည်။
တကယ်တော့ စပါးမျိုးအသစ်ကို ပါမောက္ခလီခိုင်ပျိုးထောင်သည်ဟု ဓာတ်ခွဲခန်းကလူတွေသိထားကြသည်။
သို့သော် စပါးမျိုးအသစ်တွေ့ပြီးနောက် စမ်းသပ်အကွက်ထဲဘယ်သူမှမဝင်ရပေ။
ထို့ကြောင့် အများစုက လယ်ကွက်အသစ်အခြေအနေကိုမသိကြ။
စပါးမျိုးအသစ်သတင်းထွက်လာပြီး စပါးအခြေအနေကိုသိပြီးနောက် ဓာတ်ခွဲခန်းကလူတွေအံ့ဩကုန်သည်။ ထို့ကြောင့် ပါမောက္ခလီခိုင် ၏သုတေသနစာတမ်းကိုစောင့်မျှော်နေကြသည်။
အခုသုတေသနစာတမ်းထွက်လာ၍ ရုံးကလူတိုင်းစိတ်ဝင်စားနေကြ၏။
စိတ်ဝင်စားစရာအကောင်းဆုံးက သုတေသနပါဝင်သူစာရင်းပင်။
သို့သော် နာမည်စာရင်းကြည့်ပြီး လူအများကြီးပါနေသောကြောင့် အားလုံးကြောင်သွားသည်။
စမ်းသပ်ခန်းထဲတွင် သုတေသနသမားတချို့စုပြီး တအံ့တဩပြောနေကြသည်။
"ပါမောက္ခလီခိုင်ရဲ့စပါးမျိုးအသစ်သုတေသနမှာ ဒီလောက်လူတွေအများကြီးပါတာလား?''
"တို့အဖွဲ့ထဲမှာ လင်းဟွာက ဖရဲမျိုးစိတ်စမ်းသပ်မဟုတ်ဘူးလား?''
"တခြားအဖွဲ့ကိုတစ်ပတ်လောက်ပြောင်းလိုက်တယ်ထင်တယ်''
"မဟုတ်သေးဘူး.. ဒီယွင်ဖေးက လုံခြုံရေးခေါင်းဆောင်မလား?''
"ပြီးတော့ လုံခြုံရေးအစောင့်လျိုကျန်းလည်းပါတယ်''
သုတေသနအဖွဲ့မှာကြောင်တောင်တောင်နှင့် မယုံနိုင်အောင်ဖြစ်နေကြသည်။
လုံခြုံရေးအစောင့်က ဘယ်တုန်းက သုတေသနစာတမ်းမှာပါလို့လဲ?
သုတေသနသမားများတွတ်ထိုးနေကြစဉ် လူတစ်ယောက်ဝင်လာပြီး မျက်မှောင်ကြုတ်ကာ_
"ဘာဆွေးနွေးစရာရှိလို့လဲ?''
သူ့အသံကြားပြီး သုတေသနသမားများ ချက်ချင်းလူစုခွဲကာ ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြသည်။
ထိုလူက သူတို့စမ်းသပ်ခန်းတာဝန်ခံပင်။
တစ်ခါက ပါမောက္ခလီခိုင်စာတမ်းကြောင့် နာမည်ရဖူးသည်။
သန့်စင်မြက်အတွက်သူလုပ်ခဲ့သည်က တခြားဓာတ်ခွဲခန်းရဲ့သုတေသနစာတမ်းမှာဆို နာမည်ပါဖို့မဖြစ်နိုင်။
သူသိပ်မလုပ်လိုက်ရသော်လည်း ပါမောက္ခလီခိုင်ကသူ့နာမည်ထည့်ပေးသည်။
"ပါမောက္ခလီခိုင်ရဲ့သုတေသနစာတမ်းကို အံ့ဩမနေနဲ့''
ထိုလူကဆက်ပြောသည်_
"တခြားဓာတ်ခွဲခန်းတွေမှာဆို အဖွဲ့ခေါင်းဆောင်တွေက သူများနာမည်ထည့်ဖို့ဝန်လေးနေကြတာ''