ကိုယ်ကျိုးမငဲ့တဲ့ပါမောက္ခလီ! ၂
Vol. 82 Ch. 1227
"ဒါပေမဲ့ ပါမောက္ခလီခိုင်က အဲလိုမဟုတ်ဘူး... သူ့အောင်မြင်မှုအရ ဒါတွေဂရုမစိုက်ဘူး... ပြီးတော့ ပါမောက္ခလီခိုင်က ကိုယ်ကျိုးမငဲ့တဲ့သူပဲ... သူများကိုအခွင့်အရေးပေးချင်တယ်... သူများကိုကူညီချင်တယ်''
"သူ့သုတေသနထဲမှာပါတာနဲ့ ဘယ်သူဖြစ်ဖြစ် နာမည်ထည့်ပေးဖို့ကပ်တွက်မနေဘူး''
"ပါမောက္ခလီခိုင်က ကိုယ်ကျိုးမငဲ့ သဘောကောင်းလို့လည်း ဥက္ကဌချင်က ဓာတ်ခွဲခန်းကိုယုံယုံကြည်ကြည်အပ်ထားတာ... ဒါကြောင့် ချင်းလင်ဓာတ်ခွဲခန်းမှာ ဒီလိုဂုဏ်အင်အားမျိုးရှိတာ''
သူ့နားရှိသုတေသနသမားအားလုံးက ခေါင်းညိမ့်ထောက်ခံကြသည်။ သူတို့မှာ ဘာသံသယမှမရှိတော့၊ လေးစားမှုသာရှိသည်။
သူတို့လိုသုတေသနသမားတွေတောင် ပါမောက္ခလီခိုင်လိုကိုယ်ကျိုးမငဲ့သူနောက်လိုက်ချင်သည်၊ ကူညီပေးချင်သည်။
ပါမောက္ခလီခိုင်ရဲ့နောက်သုတေသနမှာ ဝင်ပါချင်သည်။
ဒီလိုလူမျိုးဦးဆောင်တဲ့ဓာတ်ခွဲခန်းမှာလုပ်ခွင့်ရတာ တကယ်ကံကောင်းသည်။
လီခိုင်ရဲ့နာမည်က ဒီထက်ပိုကြီးဦးမည်။
ဓာတ်ခွဲခန်းကသုတေသနသမားအားလုံး ပါမောက္ခလီခိုင်ကိုချစ်ကြသည်၊ သူ့လုပ်နိုင်စွမ်းကိုလေးစားကြသည်၊ သူနှင့်အတူ သုတေသနလုပ်ချင်ကြသည်။
စပါးမျိုးအသစ်သတင်းကလည်း လန့်စရာကောင်းသည်။ ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံများ အထူးသဖြင့် စိုက်ပျိုးရေးနံပါတ်တစ်နိုင်ငံဖြစ်သော အမေရိကအထိပင်။
"ဒီသတင်းအမှန်ပဲလား?''
Adoxi က သတင်းတွေ့ပြီး မယုံနိုင်အောင်ဖြစ်နေသည်။
ဘယ်လိုလုပ်ဒါမျိုးဖြစ်လာတာလဲ?
သူတို့က စိုက်ပျိုးရေးအဖွံ့ဖြိုးဆုံးနိုင်ငံလေ။
နောက်ပြီး ဒါမျိုးတွေက ဟောလိဝုဒ်သိပ္ပံရုပ်ရှင်တွေထဲမှာပဲရှိတာ။
“မစ္စတာ Adoxi.. သတင်းက အမှန်ပါ”
အစီရင်ခံသူက အသေအချာပြောသည်။
“ဘုရားသခင်က ဘာလို့မမျှတတာလဲ?”
Adoxi သက်ပြင်းမချဘဲမနေနိုင်တော့။
ဘာလို့ဒီလိုပစ္စည်းကောင်းတွေက အဲဒီအရှေ့တိုင်းနိုင်ငံမှာပဲပေါ်နေတာလဲ?
သတင်းဖတ်ပြီး စပါးမျိုးအသစ်သတင်းက အမေရိကန်အပေါ်သက်ရောက်မှုရှိမည်မှန်းသူသိသည်။
အဲဒီအရှေ့တိုင်းမှာ ဟိုကောင်'ချင်'ပဲရှိမယ်ထင်တာ။ နောက်ထပ်'လီ'ဆိုတာ ပေါ်လာမယ်လို့ဘယ်ထင်မလဲ?
နောက်ပြီး အမေရိကန်အတွက် စပါးမျိုးအသစ်နှင့်အပူချိန်နိမ့်နည်းပညာက သန့်စင်မြက်နှင့်သွေးခဲပလိပ်ရောဂါဆေးထက်ပိုပြီးသက်ရောက်မှုကြီးမားသည်။
သန့်စင်မြက်မရှိရင် မသုံးရုံပင်။ ဘာပဲဖြစ်ဖြစ် သူတို့လေအရည်အသွေးက ဒီလိုရှိသည်။
သွေးခဲပလိပ်ဆေးရည်မရှိလည်း မသုံးရုံသာ။ မွေးထားတဲ့တိရစ္ဆာန်တွေသေကုန်ရင် ပလိပ်ရောဂါရပ်သွားလိမ့်မည်။
ဒါပေမဲ့ ဒီဆန်မျိုးအသစ်က သူတို့အပေါ်သက်ရောက်မှုကြီးသည်။
တဖက်နိုင်ငံက တစ်ကမ္ဘာလုံးထောက်ပံ့နိုင်သည်ဆိုသောအချက်နှင့်တင် သူတို့နည်းဗျူဟာတွေအလုပ်မဖြစ်နိုင်တော့။
အမေရိကန်တင်မဟုတ်။ အနောက်နိုင်ငံအတော်များများလည်း ထိုသတင်းတွေ့ပြီးအခြေအနေမကောင်းကြ။
ထို့ကြောင့် နိုင်ငံအတော်များများက 'စပါးမျိုးအသစ်ကို လူသားချင်းစာနာစွာမျှဝေပေးပါရန်' ဟုလျှောက်လွှာများပို့ကြသည်။
'ငွေသုံးသည့်ပြစ်မှု'မျိုး ထပ်ကျူးလွန်ကြပြန်သည်။
သူတို့နိုင်ငံမှာစိုက်နိုင်ရင် ဂရုစိုက်စရာမလိုတော့။ မျိုးအရင်ရအောင်လုပ်ရမည်။
ကံမကောင်းစွာနှင့် အရှေ့နဂါးနိုးထလာတာ သူတို့မေ့နေပုံရသည်။ သူတို့ဖြစ်ချင်သလိုမဖြစ်နိုင်တော့။
အနောက်တိုင်းနိုင်ငံများအံ့ဩနေစဉ် ဝန်ကြီးလုက ချင်လင်၊လီခိုင်တို့နှင့်အတူ ချင်းလင်ဓာတ်ခွဲခန်းတွင်အစစ်ဆေးခံပြီးနောက် မျိုးပြောင်းစပါးစိုက်ထားသောစမ်းသပ်စိုက်ခင်းထဲရောက်နေကြသည်။
မျိုးပြောင်းစပါးကိုမြင်ပြီး ဝန်ကြီးလုအကြည့်မခွာနိုင်တော့။
မြင့်မြင့်မားမား၊အရွက်ဖားဖားစိုက်ခင်းကို ကိုယ်တိုင်မြင်ရမှ ဗီဒီယိုထဲကထက်လန့်စရာကောင်းသည်။
"အံ့ရော အံ့ရော''
ဝန်ကြီးလုက ဆက်ချီးကျူးနေသည်။
သူကအနားကပ်သွားပြီး လီခိုင်လိုထိုင်ချကာ စပါးပင်ပေါ်မှအနှံတချို့ဆွတ်လိုက်သည်။ လက်နှင့်ပွတ်ကြည့်လိုက်ရာ မြေပဲဆံထက်ကြီးပြီး သလင်းကျောက်လိုကြည်လင်သောဆန်စေ့များထွက်လာသည်။
ထို့နောက် ပါးစပ်ထဲတန်းထည့်လိုက်သည်။ ဝါးကြည့်လိုက်သောအခါ သာမန်ဆန်ထက်အရသာပိုရှိပြီးစားကောင်းသည်။
အလိုလိုသိနိုင်သည်။ တခြားဆန်နှင့်နှိုင်းယှဉ်စရာမလို။
ပြွတ်သိပ်နေသောအနှံများကြောင့် ကိုင်းများညွတ်နေသည်ကိုကြည့်ရင်း ဝန်ကြီးလုသက်ပြင်းချပြန်သည်။ အထွက်နှုန်းက ကြောက်ခမန်းလိလိ။
ဝန်ကြီးလုက ရုတ်တရက်ထမေးသည်_
"ပါမောက္ခလီခိုင်.. စပါးမျိုးအသစ်နာမည်ကဘာလဲ? မျိုးရဖို့ဘယ်လောက်ကြာမလဲ?''
လီခိုင်က ရှင်းပြသည်_
"ဒီဆန်ကိုလည်း ချင်းလင်ဆန်လို့ခေါ်ဖို့စဉ်းစားထားတယ်... ဘာပဲဖြစ်ဖြစ် ချင်းလင်လက်ဆောင်ဆန်ရှိထားပြီ... မျိုးကတော့ ရေပါဝင်မှုနဲ့ပြည့်ဝမှုအဆင့်အရ မျိုးစေ့ပေါက်နိုင်တဲ့အခြေအနေရောက်ဖို့ ရက်ပိုင်းပဲလိုတော့တယ်''
"ဒီစမ်းသပ်စိုက်ခင်းက အပူချိန်ထိန်းဖို့ပဲ... မျိုးစေ့ရရင် တစ်ပိုင်းမှာအပူချိန်နိမ့်မျိုးစိတ်နည်းပညာသုံးပြီး နောက်တစ်ပိုင်းမှာ စပါးမျိုးအသစ်ပျိုးပင်ပျိုးထောင်မယ်''
“ကောင်းတယ်”
ဝန်ကြီးလု ခေါင်းညိမ့်လိုက်သည်။
ထို့နောက် အချိန်မဆိုင်းဘဲ ဖုန်းထုတ်ကာခေါင်းဆောင်ဆီဆက်သည်။
မျိုးစေ့ရပြီး ပုံမှန်အတိုင်းစိုက်နိုင်ခြင်းရှိမရှိ သူကိုယ်တိုင်အတည်ပြုရန် ရုံချန်းမှာခဏနေရမည်။
မျက်စိတစ်မှိတ်အတွင်း ရက်ပိုင်းကုန်လွန်သွားသည်။
လီခိုင်လည်း သူ့လူများကိုဦးဆောင်ပြီး မျိုးပြောင်းစပါးစရိတ်သိမ်းသည်။
ချင်လင်နှင့်ဝန်ကြီးလုက ကြည့်နေကြသည်။
ပထမဆုံးမျိုးပြောင်းစပါးရိတ်သိမ်းခြင်းဖြစ်၍ လီခိုင်တို့သုတေသနသမားများက အလွန်သတိထားကြသည်။ မျိုးပြောင်းစပါးကိုတိုက်ရိုက်တောင်မခုတ်ရဲကြ။
စပါးသိမ်းပြီးရင်တောင် အပင်ညိုးခြောက်သည်အထိအခြေအနေကိုဆက်ကြည့်ဦးမည်။
သို့ဖြစ်၍ လီခိုင်တို့က ခုံရှည်ရှည်နှင့်စပါးဆွတ်နေကြ၏။
စပါးမျိုးစေ့အားလုံးသိမ်းဖို့မလွယ်။ အပူချိန်နိမ့်မျိုးစိတ်သုတေသနအတွက်သုံးမည့်အပိုင်းမှလွဲ၍ တန်းပျိုးထောင်မည့်အပိုင်းကြောင့် လီခိုင်အလုပ်ရှုပ်ခံရသည်။