ကိုယ်ကျိုးမငဲ့တဲ့ပါမောက္ခလီ! ၃
Vol. 82 Ch. 1228
ဘာပဲဖြစ်ဖြစ် အမှတ်မထင်တွေ့ရှိပြီးနောက် သူကိုယ်တိုင်ပထမဆုံးအကြိမ်ပျိုးထောင်ခြင်းဖြစ်သည်။
စပါးမျိုးအသစ်က ပုံမှန်စပါးစိုက်နည်းနှင့်အလုပ်ဖြစ်မဖြစ် သူမသိ။
သို့ရာတွင် လက်ရှိအခြေအနေအရ နည်းဟောင်းနှင့်သာစိုက်ပျိုးရမည်။
ထို့ကြောင့် နောက်ပိုင်းတွင် လီခိုင်တို့က မျိုးပြောင်းစပါးမျိုးစေ့များကိုအခြောက်လှမ်းပြီးရွေးချယ်ကာ ရေနွေးစိမ်ကြသည်။
ရက်ပိုင်းကုန်လွန်သွားသည်။
ချင်းလင်အပန်းဖြေစံအိမ်ဧည့်ခန်း_
ချင်လင်က အခန်းထောင့်မှငါးကန်ဘက်ကြည့်နေသည်။
ထိုနေရာတွင် လီယွဲ့ချုံအလုပ်ရှုပ်နေ၏။
လီယွဲ့ချုံက ကုမ္ပဏီတွင်တရားဝင်စဝင်ပြီဖြစ်သည်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဟိုင်ကွားကိုသေချာကိုင်တွယ်ပုံကြောင့် ရန်သုံ့လူရွေးမမှားကြောင်းသိနိုင်သည်။
ဘေးတွင်_
ဝန်ကြီးလုလည်း စိတ်ဝင်တစားကြည့်ပြီး_
"သူဌေးချင်.. မင်းဟိုင်ကွားအကြောင်းလေ့လာမယ်လို့မထင်မိဘူး''
ဒီရက်ပိုင်း ချင်းလင်အပန်းဖြေစံအိမ်မှာနေပြီး စပါးမျိုးအသစ်ပျိုးထောင်ရေးကိုသူစောင့်ကြည့်သည်။
ဝန်ကြီးလုကပြောရင်း ကျေနပ်အားရမိသည်။
သူဌေးချင်ရဲ့အရည်အချင်းကိုအသိဆုံးက သူဖြစ်မည်။
သိပ္ပံသုတေသနတာဝန်ခံဖြစ်၍ သူဌေးချင်ရဲ့အရည်အချင်းကိုအလကားမဖြစ်စေချင်။
ဖြစ်နိုင်ရင် သူဌေးချင်ကိုအပင်သုတေသနလမ်းကြောင်းဆက်လျှောက်စေချင်သည်။ အဲဒီကျ သူဌေးချင်ရဲ့အပင်မျိုးစိတ်သုတေသနအောင်မြင်မှုက လူတိုင်းထက်သာလိမ့်မည်။
ဖြစ်ချင်တော့ သူဌေးချင်က သူ့လက်အောက်ကမဟုတ်။ သူ့လက်ရှိစီးပွားအခြေအနေအရ သူ့ကိုစီမံလို့မရပေ။
နောက်ပြီး သူဌေးချင်က အပင်သုတေသနကိုအာရုံစိုက်မည်မဟုတ်မှန်း သူလည်းသိသည်။ ဒီတော့ တိရစ္ဆာန်မျိုးစိတ်အချက်အလက်လိုချင်ရင် သူချက်ချင်းလုပ်ပေးသည်။
သူ့အမြင်တွင် သူဌေးချင်က တိရစ္ဆာန်မျိုးစိတ်ဘက်အာရုံရောက်သွားရင်တောင် ဟင်းချက်တာထက်စာရင်တော်သေးသည်။
ထို့ကြောင့် သူဌေးချင်ကိုအချက်အလက်များပေးထားသည်။
သူဌေးချင်က အချိန်တိုအတွင်း အထူးမိချောင်းတစ်မျိုးလေ့ကျင့်ပေးထားသောကြောင့် အတော်အံ့ဩရသည်။
ချင်းလင်အပန်းဖြေစံအိမ်ရောက်လာမှ သူဌေးချင်ကဟိုင်ကွားလေ့လာနေမည်ဟုမထင်မိပေ။
လီယွဲ့ချုံက အံ့ဩဝမ်းသာသောအသံနှင့်_
"ဥက္ကဌချင်.. ထွက်ပြီ! ပထမဆုံးဟိုင်ကွား ဥဥပြီ... ပြီးတော့ ဥတွေက သာမန်ဟိုင်ကွားဥနဲ့မတူဘူး''
အမှန်ပင်။ လီယွဲ့ချုံက ဟိုင်ကွားမွေးပေးနေသည်။
သို့ရာတွင် ဂိမ်းထုတ်ကုန်ဟိုင်ကွားက သာမန်နှင့်မတူမှန်း သူမသိ။ ဘာပဲဖြစ်ဖြစ် သာမန်ဟိုင်ကွားဥဥတာလည်းမမြင်ဖူးပေ။
ထိုအချိန် အပြင်မှလီခိုင်ဝင်လာပြီး_
"ညီလေးချင် ဝန်ကြီးလု.. စပါးမျိုးစေ့ထုတ်ပြီး ပြန်ပေးလိုက်ပြီ.. အခုပျိုးကြဲပြီး ပျိုးပင်စိုက်လို့ရပြီ''
ဝန်ကြီးလုမှာ ဒီသတင်းစောင့်နေသူဖြစ်၍ လီခိုင်ကမျိုးစေ့ရရချင်းလာရောက်အသိပေးသည်။
"ဟုတ်လား? ပါမောက္ခလီခိုင်.. လိုက်ပြပါဦး''
ဝန်ကြီးလုက မတ်တပ်တန်းရပ်ပြီး လီခိုင်ကိုနှုတ်ဆက်သည်။
ချင်လင်လည်းထရပ်ပြီး လိုက်လာသည်။
သုံးယောက်သား အပန်းဖြေစံအိမ်မှထွက်ပြီး ချင်းလင်ဓာတ်ခွဲခန်းဘက်ထွက်လာကြသည်။ အကြိမ်ကြိမ်အစစ်ဆေးခံရပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းနှင့်စမ်းသပ်စိုက်ခင်းထဲရောက်လာကြပြန်သည်။
လီခိုင်က လာစီစဉ်စေချင်နေပြီဖြစ်သောကြောင့် ထုတ်ထားသောစပါးမျိုးစေ့အသစ်တောင်ယူလာသည်။
ဓာတ်ခွဲခန်းရောက်သောအခါ လီခိုင်ကမိတ်ဆက်ပေးသည်_
"လက်ရှိနာမည်ကြီးတဲ့စပါးပျိုးထောင်နည်းတွေနဲ့ စပါးမျိုးစေ့တွေကိုလုပ်ထားပါတယ်''
"ဒီနည်းတွေက အဆင့်အမြင့်ဆုံးပဲ... ဒီနည်းတွေနဲ့မှပျိုးမထောင်နိုင်ရင် ခေါင်းကိုက်ရတော့မယ်... စပါးပျိုးထောင်နည်းအသစ်သုတေသနလုပ်ရမယ်''
သုံးယောက်သား စမ်းသပ်စိုက်ခင်းထဲရောက်ရုံရှိသေး သုတေသနသမားတစ်ယောက်ခပ်သုတ်သုတ်ရောက်လာပြီး_
"ပါမောက္ခလီခိုင်.. ရောက်လာပြီပေါ့... စပါးမျိုးအသစ်အပင်ကိုတစ်ချက်လိုက်ကြည့်ပေးပါဦး... တစ်ခုခုတော့မှားနေပြီ''
"ဘာဖြစ်လို့လဲ?''
လီခိုင်ကမေးလိုက်သော်လည်း လူကစပါးပင်ဆီရောက်သွားပြီ။
အနားရောက်သောအခါ လယ်ကွက်ကိုကြည့်ပြီး အံ့ဩသွားကာ_
"ထပ်ထွက်နေတာလား?''
လွန်ခဲ့တဲ့ရက်ပိုင်းကရိတ်သိမ်းထားသောစပါးပင်မှာ အနှံများထပ်ထွက်နေသောကြောင့်ပင်။
“ဒါပထမအသုတ်မလား?”
ဝန်ကြီးလုက တအံ့တဩမေးသည်။
လီခိုင် ဘယ်လိုပြန်ဖြေရမှန်းမသိ။ သူလည်းမသိချေ။
"ပါမောက္ခလီ.. လယ်ကွက်ပတ်လည်ကိုကြည့်လိုက်ပါဦး''
သုတေသနသမားက သတိပေးသည်။
လီခိုင်ကလှမ်းကြည့်ပြီး ပိုအံ့ဩသွားကြသည်။ ပတ်ပတ်လည်တွင် ပေါက်ခါကအပင်စိမ်းစိမ်းများရှိနေသည်။
ရိတ်သိမ်းစဉ်ကကျသောမျိုးစေ့များဖြစ်ပြီး ဒီရက်ပိုင်းပေါက်လာတာဖြစ်မည်။
လီခိုင်ကအပင်ပေါက်များကိုကြည့်ရင်း ပါးစပ်အဟောင်းသားနှင့်_
"ဘာအထူးစိုက်ပျိုးနည်းမှမလိုဘူးလား? တန်းစိုက်ရုံပဲလား?''
ဒါဆို ဒီရက်ပိုင်းသူတို့ဘာတွေအလုပ်ရှုပ်နေတာလဲ?
ဝန်ကြီးလုတောင် အနားရောက်လာပြီး သူမြင်နေရသောမြင်ကွင်းကိုတအံ့တဩကြည့်နေသည်။
စပါးအထွက်နှုန်းကတင် လန့်လောက်စရာဖြစ်နေပြီ။ သိမ်းပြီးခါစ စပါးပင်က ဆက်ထွက်မယ်လို့ဘယ်ထင်မလဲ?
အထူးသဖြင့် အကွက်ထဲကျပြီးသူ့ဘာသာပေါက်နေသောစပါးမျိုးစေ့များပင်။
အထွက်နှုန်းက သူထင်ထားသည်ထက်ကြောက်စရာကောင်းရုံသာမက ရှင်လွယ်၊စိုက်လွယ်သည့်သဘောလည်းဖြစ်သည်။
စပါးမျိုးအသစ်က စိတ်ကူးနိုင်သည်ထက်ပိုကြောက်စရာကောင်းသည်ဟုသာဆိုရတော့မည်။