ကောင်းကင်အံ့ဖွယ် အမျိုးသမီး
Vol. 43 Ch. 596
“ငါတွေးနေရာရပ်ပြီး အရင်ဦးဆုံး ထာဝရကြေးမုံကို သန့်စင်သင့်တယ်၊ ဒီဟာက သိပ်ကြောက်ဖို့ ကောင်းလွန်းတာ နောက်ထပ် ရှစ်ကောင် ဆယ်ကောင်လောက် ထပ်ထွက်လာရင် ငါ့ရဲ့စိတ်ဝိညာဉ်က ထိန်းထားနိုင်ပါ့မလား မသိဘူး မိချောင်းခေါင်းသတ္တဝါ တစ်ဒါဇင်လောက်တောင် ရှိနေမလား ”
ကျန်းရီသည် သူ့ကိုမိချောင်းခေါင်းသတ္တဝါ ဆယ့်နှစ်ကောင် သူ့ကိုတစ်ပြိုင်နက်ထဲ တိုက်ခိုက်မည့် အခြေအနေကို ရင်ဆိုင်ရမည့်အကြောင်း တွေးမိသည့်အချိန်တွင် အလိုလို တုန်ယင်သွားမိသည်။ သူကအာရုံစူးစိုက်လျက် ထာဝရကြေးမုံကို ဆက်လက် သန့်စင်တော့သည်။
“ဒီကြေးမုံက ခုခံခြင်း လက်နက်တစ်မျိုး ဖြစ်လောက်တယ် ဘယ်အဆင့်လဲဆိုတာ သိချင်လိုက်တာ ဒါပေမဲ့ သွင်ပြင်အရတော့ အနည်းဆုံး သူတော်စင်လက်နက်တစ်ခု ဖြစ်လောက်တယ်မလား စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိ်ုင်မယ်ဆိုရင် ကောင်းမှာပဲ ”
ကျန်းရီက ဆက်လက်သန့်စင်နေစဉ် သူ၏အတွင်းအားများ ရောစပ်သည့်အရှိန်ကို မြင့်တင်လိုက်တော့၏။ တစ်နာရီကျော်ခန့် ကြာပြီးနောက် ထာဝရကြေးမုံ၏ တစ်ဝက်ကျော်က တောက်ပသည့် အလင်းများ တလက်လက် ပေါ်လာတော့သည်။ ခဏအကြာတွင် အပြည့်အဝ သန့်စင်နိုင်ခဲ့ပြီးဖြစ်သည်။
“ပြန်ရောက်လာပြီ ”
ယခုအချိန်တွင် ကျန်းရီက ချောက်ခြားဖွယ် လေအငွေ့တို့ကြောင့် ရွေးချယ်စရာမရှိဘဲ ရပ်တန့်လိုက်ရသည်။ ယင်းကသူ့ကို ကြက်သီးထစေပြီး သူ၏စိတ်ဝိညာဉ်ထိ ကျူးကျော်လာသော ပုံစံမျိုးဖြစ်သည်။ ထိုနေရာတွင် ရပ်နေစဉ် မီးဝိညာဉ်ပုလဲက ရောင်ခြည်ဖြင့် တောက်ပလာပြီး ကောင်းကင်စိတ်အာရုံကို အပြင်သို့ ဖြန့်ထုတ်လိုက်တော့၏။ သို့သော်သူ ဘာကိုမှ ရှာမတွေ့ရပေ။
“ထွက်သွားပြီ ”
သူ့ခေါင်းအထက်ရှိ လေဟာနယ် နယ်မြေက အနည်းငယ် လှုပ်ရှားသွားပြီး မီးဝိညာဉ်ပုလဲက တစ္ဆေမီးလျှံများစွာကို ချက်ချင်း ထုတ်လွင့်လိုက်တော့၏။ ရုတ်တရက် ကျန်းရီက တိုက်ကွက်အနည်းငယ် ထုတ်ဖော်လိုက်ရာ တစ္ဆေမီးလျှံများက အပြင်သို့ ပြန့်ကားသွားတော့သည်။ ကျန်းရီဆီသို့ ပျံသန်းလာနေသော မိချောင်းခေါင်း သတ္တဝါဆီသို့ ဝှီးကနဲ တိုးဝင်သွားတော့၏။
“ကျွီ ကျွီ ”
တစ္ဆေမီးလျှံက မိချောင်းခေါင်းသတ္တဝါကို လွှမ်းခြုံနေလေရာ ၎င်းကပြင်းပျသော နာကျင်မှုကြောင့် နားစူးဖွယ် အော်ဟစ်နေလေ၏။ ခန္ဓာကိုယ်က ပကတိမျက်လုံးဖြင့် မြင်ရသည့် အရှိန်ဖြင့် ကျံူ့သွားလေတော့သည်။ သို့သော်ယင်းက မြန်ဆန်လွန်းနေသည်။ မျက်တောင်တစ်ခတ်အတွင်း ယင်းသည် တစ္ဆေမီးလျှံများကို ဖြတ်သွားပြီးနောက် ကျန်းရီ၏ မျက်ခုံးနှစ်ဖက်ကြား၌ မြုပ်နှံလိုက်တော့သည်။
ရွှီ ရွှီ
မိချောင်းခေါင်းသတ္တဝါက ကျန်းရီ၏ စိတ်ဝိညာဉ်ထဲ တိုးဝင်လာသည့် အချိန်တွင် ယင်းကသူ့ကို အေးစက်သော လေထုများ ရှုရှိုက်မိစေပြီး သူကနာကျင်လာတော့၏။ သို့သော်သူ၏ အသားအရောင်က မိချောင်းခေါင်းသတ္တဝါသည် တစ္ဆေမီးလျှံကို ဖြတ်ပြီသည့်နောက် ခန္ဓာကိုယ်က သုံးပုံနှစ်ပုံ ပိုသေးသွားသောကြောင့် အနည်းတော့ ဖြေသာသေးသည်။ ယင်းက လက်သန်းအရွယ်အစားခန့်တောင် မရှိဘဲ စိတ်ဝိညာဉ်ကို တိုက်ခိုက်နေလေရာ အကြိမ်ရေအနည်းငယ် ကြာပြီးနောက် ပျောက်ကွယ်သွားတော့သည်။
ကျန်းရီက သူ၏စိတ်ဝိညာဉ်ကို အာရုံစိုက်ခြင်း မရှိပေ။ သူ့ကိုစိတ်အနှောင့်အယှက် ဖြစ်စေသည်က တစ္ဆေမီးလျှံသည် မိချောင်းခေါင်းသတ္တဝါကို အမှန်တကယ် ဒဏ်ရာရစေခဲ့သောကြောင့်ဖြစ်သည်။ ယင်းကသူ့ကို ယုံကြည်ချက်အချို့ ရစေ၏။ သူသာယင်းကို ဒဏ်ရာရအောင် လုပ်နိုင်သ၍ မိချောင်းခေါင်းသတ္တဝါကို ပြင်းပြင်းထန်ထန် ထိခိုက်စေရန်အတွက် ဦးနှောက်မုန်တိုင်းအတွင်း ဦးနှောက်ကို ပျက်သွားစေရန်အတွက် လှုပ်ခါရန်သာ လိုအပ်သည်။ ဤနည်းဖြင့် သူ၏စိတ်ဝိညာဉ်က ပြင်းထန်သည့် တိုက်ခိုက်မှုများကို ခံစားရန် မလိုတော့ဘဲ လဲပြိုသွားမှာလဲမဟုတ်ပေ။ ထို့အပြင် သူ့အသက်ရှင်ရန် မျှော်လင့်ချက်လည်း ရှိလာပေမည်။
မျှော်လင့်ချက်ဟူသည် လူတစ်ယောက်အတွက် ယုံကြည်ချက်ကို အမြဲတမ်း ဆောင်ယူပေးသည်။ လူတစ်ယောက်အဖို့ ရှင်သန်နိုင်သည့်လမ်းကြောင်းကို ရှာဖွေလိုစိတ် ပေးစွမ်းပြီး သူ၏အလားအလာကိုလည်း ဖော်ဆောင်ပေး၏။
မိချောင်းခေါင်းသတ္တဝါသည် သုံးကြိမ်လေးကြိမ် တိုက်ခိုက်ပြီး ပျောက်ကွယ်သွားသောအခါ ကျန်းရီက ဆက်လက် စဉ်းစားမနေတော့ဘဲ ပြန်ထိုင်ချကာ ထာဝရကြေးမုံကို လျင်မြန်စွာ သန့်စင်လိုက်တော့သည်။
တစ်နာရီမပြည့်မီ၌ ထာဝရကြေးမုံသည် ရောင်ခြည်ဖျော့ဖျော့ဖြင့် တောက်ပလာပြီး ဖြုံလောက်သည့် အရှိန်အဝါတစ်ခု ပေးစွမ်းနေသည်။ ယခုအချိန်၌ ကျန်းရီနှင့် ထာဝရကြေးမုံတို့က တစ်ခုနှင့်တစ်ခု ဆက်နွယ်မှုအမျှင် ရှိနေပြီဖြစ်ကာ ထာဝရကြေးမုံ၏ အချက်အလက် အချို့က သူ့စိတ်ထဲရောက်လာတော့သည်။
“လုံလောက်သွားပြီပဲ ဒါကခုခံခြင်း ရတနာဖြစ်ပြီး ထိပ်တန်းအဆင့် သူတော်စင်လက်နက်ပဲ ကံဆိုးတာက စိတ်ဝိညာဉ်ကို မကာကွယ်နိုင်ဘူး ”
ကျန်းရီသည် ထိုအချက်အလက်ကို လေ့လာပြီးနောက် မျက်ဝန်းများ တောက်ပလာတော့သည်။ သို့သော် ခပ်မြန်မြန်ပင် ငြိမ်ကျသွား၏။ ထာဝရကြေးမုံသည် အလိုအလျှောက် စုဝေးလာတာပဲဖြစ်သည်။ သေရေးရှင်ရေး အခိုက်အတန့်၌ ပဥ္စမအဆင့် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်တစ်ဦးထံမှ သေစေနိုင်သော တိုက်ကွက်ကို ခံနိုင်ရည်ရှိမှာပဲဖြစ်သည်။ ယင်းက အင်မတန် ဖြုံလောက်ဖွယ် ခုခံခြင်း ရတနာတစ်ပါး ဖြစ်သော်ငြား ယခုအချိန်တွင် ကျန်းရီအတွက် သိပ်အသုံးမဝင်ချေ။
“သွားကြမယ် ”
သူက အတန်ကြာ ရပ်နေပြီးနောက် မတ်တပ်ထရပ်ကာ ကွေးကောက်နေသော လမ်းကြောင်းတစ်လျှောက် မနှေးမမြန် သွားလိုက်တော့သည်။ ထိုစမ်းချောင်းဝါလမ်းကြောင်းက သိပ်ကိုကြောက်ဖို့ကောင်းလွန်း၏။ သူကြာကြာမနေမှ ဖြစ်ပေမည်။ ဤနေရာက ကူကယ်ရာမဲ့ တံတားနှင့် ဆင်တူသော ခံစားချက်တစ်ခု ရရှိနေသည်။ သူကြာကြာနေသ၍ မကြာမီ၌ ပျောက်ကွယ်သွားနိုင်လောက်သည်။
ဘီး
ထိုစဉ် အဖြူရောင် ကျောက်စိမ်းရင်ပြင်အလယ်တွင် အဖြူရောင်အလင်းက တောက်ပလာတော့သည်။ မြန်မြန်ဆန်ဆန်ပင် ပုံရိပ်တစ်ခုအဖြစ် စုစည်းသွားပြီး ကျောက်တုံးတံခါး ဖြည်းဖြည်းချင်း ပွင့်သွားတော့၏။ ခြိန်းခြောက်နိုင်စွမ်းရှိသော အရှိန်အဝါဖြင့် လူငယ်တစ်ဦးက အနီရောင်ဝတ်ရုံကို ဝတ်ထားလျက် ခြိန်းခြောက်နိုင်စွမ်း အရှိန်အဝါရှိသည့် လူငယ်တစ်ဦး ရှိနေသည်။ သူကကျစ်ဆံမြှီး သေးလေးများ ကျစ်ထားပြီး သားရဲအရိုး လည်ဆွဲကို ဝတ်ဆင်ထားလေသည်။ သူကဖျတ်ခနဲ လှုပ်ရှားပြီးနောက် တံခါးကြီးထဲ ဝင်သွားတော့၏။
“ရှီးမျိုးနွယ်စုရဲ့ သခင်လေးရှီဖေးက ပထမဆုံးအဆင့်ကို ကျော်ဖြတ်သွားပြီ ”
အဖြူရောင် ကျောက်စိမ်းရင်ပြင်ထဲ၌ လူများစွာက နောင်တရပြီး သက်ပြင်းချလိုက်ကြ၏။ သို့သော် နှစ်နာရီ ကျော်နေပြီဖြစ်ရာ သူတို့အားလုံး အမှန်တကယ် မအံ့သြကြပေ။ ဆန့်ကျင်ဘက်အနေဖြင့် သာမာန်ရလဒ်တစ်ခုသာ ပေါ်ထွက်လာသည့်ပမာ အမူအရာမျိုး ပြနေလေတော့သည်။ ဆိုရလျှင် ရှီဖေးက ကောင်းကင်ဧကရာဇ် နယ်ပယ်တွင်ရှိသည်။
ဘီး
ပို့ဆောင်ရေး အစီအရင်က အဖြူရောင်အလင်း ထပ်မံတောက်ပလာသည့် အချိန်တွင် မြင်ကွင်းက ပြောင်းလဲသွားတော့သည်။ ထို့အပြင် လူရိပ်ငါးရိပ်က ဆက်တိုက်ပေါ်လာ၏။ ဝူနီ၊ ထူလုံ၊ ဓားဧကရာဇ်၏မြေး လင်းချီကျန့်၊ လင်းရှီယာ့၊ ယဉ်ရို့ပင်းတို့ကလည်း ပထမအဆင့်ကို ကျော်ဖြတ်ခဲ့ကြသည်။
သူတို့အမူအရာက သုန်မှုန်နေကာ လင်းရှီယာ့တစ်ယောက်သာလျှင် အတော်သနားစဖွယ် ဖြစ်နေလေ၏။ လင်းချီကျန့်သာ သူမကို မကူညီခဲ့လျှင် သူမအဖို့ ဤအဆင့်ကို မြန်မြန်ဆန်ဆန် အောင်မြင်ဖို့က မဖြစ်နိုင်ပေ။
“ဟား ဟား ကိစ္စတွေကတော့ စိတ်ဝင်စားစရာ ကောင်းလာနေပြီ ”
“ရှဲ့သခင်လေးနဲ့ တစ်ခြားသူတွေက ကောင်းကင်ဘုံက ချီးမြှောက်ထားတဲ့ ပါရမီရှင်တွေပဲ သူတို့အားလုံးက ဖြုံလောက်တဲ့ ခွန်အားတွေ ပိုင်ဆိုင်ထားတယ်။ ဧကရာဇ်ကိုးပါး မျိုးနွယ်စုရဲ့ အထူးချွန် အထက်မြတ်ဆုံး မျိုးဆက်တွေဆိုတာ အမှန်ပဲ။ ”
“ဟုတ်တယ် ဘယ်မျိုးနွယ်စုကများ အဋ္ဌမမြောက်ရတနာ ရမလဲဆိုတာ သိချင်မိတယ် ”
“အဲ့ဒီကောင်မဟုတ်သ၍ ဘယ်သူမဆို ရပါပြီ ”
“ငရဲအဆင့် ခက်ခဲမှုကို စိန်ခေါ်ခဲ့တဲ့ကောင်ကို မင်းပြောနေတာလား၊ အိမ်မက်မက်နေတာ ရပ်လိုက်တော့ သူအခုလောက်ဆို သေနေလောက်ပြီ စမ်းချောင်းဝါလမ်းချောင်းထဲက ဝိညာဉ်ဝါးမျို မိချောင်းတွေက လူတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို ဝါးမျိုတာပဲ သူ့မှာ လက်နက်နဲ့သက်ဆိုင်တဲ့ စိတ်ဝိညာဉ် ရှိမနေခဲ့လျှင် သူဘယ်လောက်ကြာကြာ ခံနိုင်မှာလဲ ”
ယခုအခေါက်တွင် အဖြူရောင် ကျောက်စိမ်းရင်ပြင်က စည်ကားလျက်ရှိသည်။ လူတစ်ရာကျော်က အပြင်ဘက်တွင် စုဝေးနေပြီး နှစ်ယောက်သုံးယောက် တစ်ဖွဲ့စီဖွဲ့လျက် ရတနာကို ရယူနိုင်ရန် အဆင့်များကို သူတို့က စိန်ခေါ်နေသည့်ပမာ သူတို့က စိတ်အားထက်သန်စွာ ဆွေးနွေးနေကြတော့သည်။
အားလုံးအဖို့ အံ့သြသွားစေသည်က ဓားဧကရာဇ်၏ မြေးဖြစ်သည်။ သူက အသက်ရှစ်နှစ်သာ ရှိသေးပြီး ကောင်းကင်ဧကရာဇ် အဆင့်တောင် မရောက်သေးပေ။ မထင်ထားဘဲ သူသည် ကျန်သည့်မျိုးဆက်များနှင့်အတူ အဆင့်ကို ကျော်ဖြတ်လာနိုင်သည်။ ယင်းက အပြင်ဘက်ရှိ လွှမ်းမိုးနိုင်စွမ်းရှိသော သခင်လေးများကို အရှက်ကွဲစေ၏။ သို့သော် ထိုလူသည် ဓားဧကရာဇ်၏ မြေးဖြစ်နေကြောင်း သူတို့အမှတ်ရသွားသည့် အချိန်၌ စိတ်သက်သာရာ ရသွားတော့သည်။
ဧကရာဇ်ကိုးပါး မျိုးနွယ်စုမှ လူထူးလူဆန်းများစွာ ပေါ်ထွက်လာနေကြဖြစ်သည်။ ဗုဒ္ဓဧကရာဇ် မျိုးနွယ်စုမှ ရီချန်းသည်လည်း သူတို့ထဲမှ တစ်ယောက်မဟုတ်ပေလော။ သူမသည် လူတိုင်းထက်စောပြီး ပထမအဆင့်ကို ရှင်းလင်းနိုင်ခဲ့တာပဲဖြစ်သည်။
ဘီး
ထိုစဉ် အလယ်ရှိ ပို့ဆောင်ရေး အစီအရင်က အဖြူရောင်အလင်းတို့ဖြင့် ထပ်မံလင်းထိန်လာပြန်သည်။ ပုံရိပ်တစ်ခုက စုစည်းလာပြီး ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်သွားလေ၏။ ခရမ်းရောင်ဆံနွယ်ဖြင့် မိန်းမပျိုလေးက ထွက်သွားသည်။ သူမနားရှိ လေဟာနယ် နယ်မြေကလည်း အတက်အကျ ဖြစ်နေပြီး မိချောင်းခေါင်းသတ္တဝါကဲ့သို့ သရဲတစ္ဆေများစွာက သူမဆီသို့ ရောက်လာကြတော့သည်။
“ကျား ”
လူတိုင်းက ခရမ်းရောင်ဆံနွယ် မိန်းမပျိုလေးအော်သံကို ကြားလိုက်ရပြီး သူမ၏ခန္ဓာကိုယ်က အဖြူရောင် ရောင်ခြည်များ ပေါ်ထွက်လာတော့သည်။ ထိုရောင်ခြည်က ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများဖြစ်ပြီး လျှပ်စီးမြွေဟောက်များသဖွယ် ပြောင်းလဲသွားကာ သူမ၏ခန္ဓာကိုယ်တစ်ဝိုက်၌ ရစ်ပတ်လာတော့သည်။ မိချောင်းခေါင်းသတ္တဝါများက လျှပ်စီးကို ထိမိသည့်အချိန်တွင် သူတို့က အော်ဟစ်လိုက်ကြပြီး အဖြူရောင် မီးခိုးအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ်သွားတော့သည်။ ခရမ်းရောင် ဆံနွယ်ဖြင့် မိန်းမပျိုလေးကလည်း တံခါးထဲ ဝင်သွားပြီး တံခါးက မနှေးမမြန် ပိတ်သွားလေ၏။
ထျန်း
ကျောက်စိမ်းဖြူ ရင်ပြင်ကလည်း စိတ်ခံစားချက်များဖြင့် ဆူပွက်နေလေ၏။ ရီချန်းသည် ဒုတိယအဆင့် စိန်ခေါ်မှုကို အမှန်တကယ် အောင်မြင်ခဲ့ပြီး လေးမှတ်ရလာခဲ့ပြီဖြစ်ရာ အဋ္ဌမမြောက်ရတနာကို ရသွားတော့သည်။ အချိန်တိုအတွင်း၌ ရတနာဆယ်မျိုးထဲမှ သုံးမျိုးက အယူခံလိုက်ရပြီဖြစ်သည်။ ယင်းက လူတိုင်းထင်ထားတာကို ကျော်လွန်နေ၏။
ရီချန်းသာ ထိုကြောက်မက်ဖွယ်ကောင်းသော ပုံစံဖြင့် အဆင့်များကို ဆက်လက် စိန်ခေါ်နေခဲ့လျှင် ကျန်သည့်ရတနာများ အားလုံးကို သူမတစ်ယောက်ထဲ ရသွားပေလိမ့်မည်။ ကျန်ရှိသည့် ရတနာများက ထိပ်တန်းအဆင့် သူတော်စင်လက်နက်များသာ ဖြစ်နေရာ ထူးခြားခြင်း မရှိပေ။ တတိယနှင့် စတုတ္ထက အတုအယောင် နတ်ဘုရား လက်နက်များဖြစ်သည်။ ထို့အပြင် ယင်းက တစ်စုံဖြစ်၏။ ရီချန်းက သူတို့ကိုသာ ရသွားခဲ့လျှင် သူမ၏ခွန်အားက မြင့်မားသွားမှာ မလွှဲမသွေပင်ဖြစ်သည်။
သူမက ဒုတိယရတနာဖြစ်သည့် ကောင်းကင်ရှောင်တိမ်းခြင်း နတ်ဘုရားသိုင်းကို ရလာပြီး နံပါတ်တစ်ရတနာဖြစ်သည့် နဂါးညိုးရော်မြက်ကို ရခဲ့လျှင် သူမ၏အုတ်မြစ်က ပိုတောင်အခြေခိုင်သွားမှာပဲဖြစ်သည်။ ထိုအချိန်ရောက်လျှင် ရီချန်း၏ အလားအလာကို တိုင်းတာ၍မရတော့ပေ။ သူမက နောက်တက်မည့် ရီမျိုးနွယ်စု၏ခေါင်းဆောင် ဖြစ်လာလောက်သည်။
မရေမတွက်နိုင်သည့် အကြည့်များစွာက စိတ်အားထက်သန်မှုအဖြစ် ပြောင်းလဲသွားသည်။ ရီချန်းက အမြဲတမ်း သိုသိုသိပ်သိပ် နေခဲ့၏။ သူမ၏မျက်နှာကို ယခင်ကမြင်ဖူးသူမရှိ။ သူမဝတ်ထားသည့် မျက်နှာဖုံးက အလယ်အဆင့် ကောင်းကင်ဧကရာဇ် သိုင်းပညာရှင်၏ ကောင်းကင်စိတ်အာရုံဖြင့်တောင် ထိုးဖောက်၍မရနိုင်ပေ။ သို့သော် ရီချန်း၏အမေသည် ထိုခေတ်ထိုကာလက အလှပဂေး တစ်ဦးအဖြစ် ကျော်ကြားပေသည်။ သူမ၏အဖေကလည်း ချောမောခန့်ညားသည့်သူဖြစ်သည်။ ထို့ကြောင့် ရီချန်းသည် ယဉ်ရို့ပင်း သို့မဟုတ် လင်းရှီယာ့တို့ထက် နိမ့်ကျမှာမဟုတ်တာ သေချာနေပေ၏။ သူမက ရုပ်ရည်အရာတွင် သူတို့ထက်တောင် သာလွန်နေလောက်သည်။
လောကကြီးထဲတွင် သဘာဝလောကကို ကျော်လွန်၍ တည်ရှိသော အလှပဂေးတစ်ဦးက ဧကရာဇ်ကိုးပါး မျိုးနွယ်စုထဲရှိ ဗုဒ္ဓမျိုးနွယ်စု၏ အထူးချွန်ဆုံး တတိယမြောက်မျိုးဆက် အဖြစ်လည်း လူသိများသည်။ သူမက ဗုဒ္ဓဧကရာဇ်၏ အနှစ်သက်ရဆုံးမြေး ကောင်းကင်ကို ဖီဆန်နိုင်သော တိုက်ပွဲဝင်ခွန်အား ပိုင်ဆိုင်ထားသည့်သူလည်း ဖြစ်သည်။
ရီချန်းက အမျိုးသမီးတစ်ယောက် ရှိသင့်သည့် အရေးကြီး အမှတ်များအားလုံးကို စုစည်းထားပြီးဖြစ်ရာ မရေမတွက်နိုင်သော လူငယ်များစွာ၏ နတ်ဘုရားမ ဖြစ်လာတော့သည်။ လူများစွာက သူတို့သာ ထိုဂုဏ်ယူဝံ့ကြွားဖွယ် အမျိုးသမီး၏ ချစ်ခင်မှုကို ရခဲ့လျှင်ဟူ၍ သူတို့အနာဂတ်အကြောင်း စတင်စိတ်ကူးယဉ်နေကြပြီဖြစ်သည်။
***